FNDG 27th batch

FNDG 27th batch Education is life long learning

အားလုံး 👉comfort zone👈 ကနေထွက်နိုင်အောင်ကြိုးစားရအောင် 💪💪💪🌸Comfort Zone🌸🐢“Comfort Zone ထဲကထွက်ကြစမ်းပါ၊ Comfort Zone ထဲမ...
02/07/2020

အားလုံး 👉comfort zone👈 ကနေထွက်နိုင်အောင်ကြိုးစားရအောင် 💪💪💪
🌸Comfort Zone🌸

🐢“Comfort Zone ထဲကထွက်ကြစမ်းပါ၊ Comfort Zone ထဲမှာမနေကြပါနဲ့” ကျွန်တော်တို့ အမြဲကြားနေရတဲ့ အရမ်းကို ဟောလို့ ပြောလို့ကောင်းတဲ့ စကားတွေပါ။ 🐢အဲ့တော့ထွက်တာတော့ဟုတ်ပါပြီ ဘယ်ထွက်ရမလဲ? ထက်ယံရဲ့သီချင်းလို Gravity အပြင်ဘက်လားပေါ့?
🐢အဲ့တော့ ဒီ Comfort Zone ထဲကထွက်ပါဆိုတာကို ခွဲခြမ်းစိတ်ဖြာ (break down) လုပ်ကြည့်ရင် Comfort Zone ဆိုတာဘာလဲ နဲ့ Comfort Zone ထဲကဘယ်ကို ထွက်ရမလဲ ဆိုတာထွက်လာပါတယ်။ 🐢အဲ့ဒါကြောင့် အခုဖော်ပြပေးမှာက Comfort Zone ထဲကထွက်ပါ မထွက်ပါနဲ့ဆိုတာထက် အပေါ်က ၂ ချက်ကို အဓိကထားပြီး ရေးပေးမှာဖြစ်ပါတယ်။

Comfort Zone ဆိုတာဘာလဲ?

Professor Alasdair White ရေးသားထားတဲ့ From Comfort Zone to Performance Management ဆိုတဲ့ Article ထဲမှာ Comfort Zone ရဲ့ အဓိပ္ပါယ်ကို အခုလိုဖော်ပြထားပေးပါတယ်။

“The Comfort zone is a behavioural state within which a person operates in an anxiety-neutral condition, using a limited set of behaviours to deliver a steady level of performance, usually without a sense of risk.”

🐢“Comfort zone- သက်တောင့်သက်သာရှိတဲ့နေရာ အနေအထား ဆိုတာ အဲဒီဇုံထဲမှာရောက်ရှိနေတဲ့သူဟာ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ဖိစီးမှုကင်းမဲ့ပီး အဲ့ဒီနေရာအနေအထားနဲ့ ကျွမ်းဝင်နေမှုကိုဆိုလိုပါတယ်။”

Comfort zone ဆိုကို လွယ်လွယ်ကူကူ ဥပမာပေးရရင် ကိုယ်အိပ်နေတဲ့ကုတင်တစ်ခုနဲ့တူပါတယ်။ 🛏🛏🛏 အပြင်ကပြန်လာလို့ ကိုယ့်ကုတင်လေးတွေ့လိုက်ရင် လုံခြုံတဲ့ခံစားမှု၊ ရင်းနှီးတဲ့ခံစားမှု၊ စိုးရိမ်ကြောင့်ကြမှုတွေ နည်းသွားပါတယ်။ အဲ့လိုပါပဲ Comfort zone ဆိုတာလဲ ကိုယ်ရှိနေတဲ့ နေရာကကိုယ့်အတွက် သက်တောင့်သက်သာရှိတယ်၊ လုံခြုံတယ်၊ စိုးရိမ်ကြောင့်ကြကင်းတယ်ဆိုတဲ့ ခံစားမှုတွေရှိနေတဲ့နေရာပါ။

🐇Comfort Zone အပြင်ဘက်ခုန်ထွက်

Comfort Zone ထဲကထွက်ပြီးရင် တွေ့ရမှာကတော့ နောက်ထက် ဇုံ ၃ ဇုံဖြစ်ပါတယ်။ ပုံမှာပါတဲ့အတိုင်း

1. Fear Zone (ကြောက်ရွံ့မှုဇုံ)
2. Learning Zone (သင်ကြားမှုဇုံ)
3. Growth Zone​ (တိုးတက်မှုဇုံ) စတဲ့ ၃ ဇုံပဲဖြစ်ပါတယ်။

🐈Comfort Zone to Fear Zone

လုံခြုံစိတ်ချရတဲ့နေရာတစ်ခုကနေ နောက်တစ်ခုကိုပြောင်းလဲတဲ့အခါ ပထမဦးဆုံး ခံစားရမှာကြောက်ရွံ့မှုပါ။ အဲ့လို Comfort zone ကနေထွက်လာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကြောက်ရွံ့မှု ၃ခုရှိပါတယ်။ အဲ့ဒါတွေက

🌸1. Afraid of people’s opinions တခြားလူတွေရဲ့ ထင်မြင်ယူဆချက်တွေကိုကြောက်တာပါ၊ ဒီကောင်တော့ အပိုတွေလုပ်နေပြီ၊ ဖြစ်မှာမဟုတ်ပါဘူးကွာ ဆိုတာတွေကို နားယောင်မိရင်း ကြောက်နေရင်းနဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ ပျောက်ကုန်မှာဖြစ်ပါတယ်။

🌸2. Afraid of Not Being Good Enough အကောင်းဆုံးဖြစ်အောင်မလုပ်နိုင်ဘူးဆိုတဲ့ ကြောက်ရွံ့မှုတွေက ကိုယ့်ကိုကို မယုံကြည်တာရဲ့ အကျိုးဆက်တွေဖြစ်ပါတယ်။

🌸3. Afraid of Failing ကျရှုံးမှာကိုကြောက်ရွံ့တာ။ ကျရှုံးမှုကိုပဲ ယုံကြည်နေရင် ဘာမှဖြစ်လာတော့မှာမဟုတ်ပါဘူး။

အခုလိုကြောက်ရွံ့မှုတွေက ပြောင်းလဲမှုကိုလိုလားသူတိုင်းတွေ့ကြုံရမည့် အရာတွေပဲဖြစ်ပါတယ်။ ဒါတွေကိုကျော်ဖြတ်ဖို့အကောင်းဆုံးနည်းလမ်းက ကိုယ့်ကိုကို စိန်ခေါ်ပြီး ကြောက်ရွံ့မှုတွေကို အကောင်းဆုံးရင်ဆိုင်ဖို့ပဲဖြစ်ပါတယ်။ “Face Everything and Rise or Face Everything and run” ဆိုတဲ့အတိုင်း ကိုယ့်ကိုကို ဘာပဲလာလာရင်ဆိုင်မယ်ဆိုတဲ့ စိတ်ကိုပထမဦးစွာမွေးမြူထားရမှာ ဖြစ်ပါတယ်။

📖Fear Zone to Learning Zone

ကြောက်ရွံ့မှုတွေကို အောင်မြင်စွာဖြတ်ကျော်ပြီးရင် နောက်တွေ့ရမည့်အဆင့် တစ်ဆင့်က သင်ကြားမှုဇုံပဲ ဖြစ်ပါတယ်။ Comfort Zone ထဲကထွက်ကျော်ပြီးတာနဲ့ ကျွန်တော်တို့တွေ့ရမှာ အသစ်သစ်တွေပဲဖြစ်ပါတယ်။ ပညာအသစ်တွေ၊ ဗဟုသုတအသစ်တွေ၊ အတွေ့အကြုံအသစ်တွေနဲ့တွေ့ကြုံရမှာပါ။ အဲ့လိုအချိန်မှာ ကိုယ့်စိတ်က “ငါဘာမှမသိသေးဘူး၊ တက်နိုင်သလောက်လေ့လာရမယ် သင်ယူရမယ်” ဆိုပြီးဆုံးဖြတ်ထားပြီး ပြင်ဆင်ထားရင် သင်ကြားမှုဇုံကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

💪Learning Zone to Growth Zone

အပေါ်ကဇုံတွေကို အောင်မြင်စွာကျော်ဖြတ်ပြီးရင် နောက်ဆုံးတွေ့ရမည့် ဇုံကတော့ တိုးတက်မှုဇုံပဲဖြစ်ပါတယ်။ အသစ်သစ်တွေတွေ့လာတာနှင့်အမျှ ကျွန်တော်တို့ အိမ်မက်တွေ၊ တိုးတက်မှုအသစ်သစ်တွေ ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ အဲ့လိုဖြစ်ပေါ်လာတာတွေကို အောင်မြင်မှုတွေအဖြစ်ပြောင်းလဲဖို့အတွက် ရည်ရွယ်ချက်တွေ ပန်းတိုင်တွေချမှတ်ပေးဖို့အရေးကြီးပါတယ်။ အဲ့ဒါမှလည်း ကိုယ်ရုန်းထွက်လာတဲ့ Comfort Zone ကနေအောင်မြင်မှု အသီးအပွင့်တွေရရှိမှာဖြစ်ပါတယ်။

🐢👉💪Comfort zone ထဲကထွက်ပါမထွက်ပါဆိုတာထက် ကျွန်တော်ကတော့ ကိုယ်ရောက်နေတဲ့ နေရာ ကိုယ်လုပ်နေတဲ့ အလုပ်ကို အောင်မြင်အောင် ကြိုးစားလုပ်ဆောင်လုပ်နေဖို့က ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ နေရာတိုင်းမှာ အောင်မြင်မှု ကျရှုံးမှုဆိုတာရှိပါတယ်။ Comfort zone ကထွက်ခဲ့သည့်တိုင်အောင် စင်ပေါ်က ထွက်လာနိုင်အောင်အရင်ကြိုးစားပြလိုက်ပါ။ ကိုယ့်ကိုကိုလည်းယုံကြည်မှုရှိလာမှာဖြစ်သလို ရှေ့ဆက်ရမည့်လမ်းခရီးမှာလဲ အောင်မြင်မှုတွေကိုပဲ ရရှိမှာဖြစ်ပါတယ်။

စစ်နိုင် (Brain Landing)

Sources
Alasdair White, From Comfort Zone to Performance Management.
Fay Blakey, Magic Happens Outside of our Comfort Zone! Why we should move through the fear.
Kishen Patel, The Comfort Zone.

Photo Credit, The Comfort Zone (pinterest)

https://medium.com/live-your-life-on-purpose/the-comfort-zone-55e49af64aa5

Me: လယ်တောထဲမှာ အုန်းမွှေးလုံးရောင်းပြီးဒွန့်နေမယ် 💃💃💃You :ဘယ်နေရာမှာ ဘာရောင်းကြမှာလဲ 🗯🗯🗯
23/06/2020

Me: လယ်တောထဲမှာ အုန်းမွှေးလုံးရောင်းပြီးဒွန့်နေမယ် 💃💃💃
You :ဘယ်နေရာမှာ ဘာရောင်းကြမှာလဲ 🗯🗯🗯

ချစ်တဲ့စကားဖြူ ကိုယ်တို့ ကျောင်းဝန်းထဲမှာပွင့်တဲ့ စကားဖြူ လေးတွေရနံ့လေးကလည်းမွှေးလိုက်တာ အရမ်း White champak လို့ခေါ်တယ်...
19/06/2020

ချစ်တဲ့စကားဖြူ
ကိုယ်တို့ ကျောင်းဝန်းထဲမှာပွင့်တဲ့ စကားဖြူ လေးတွေ
ရနံ့လေးကလည်းမွှေးလိုက်တာ အရမ်း
White champak လို့ခေါ်တယ်တဲ့ (နောက်တစ်မျိုးအနေနဲ့ Magnolias flowers လို့လည်းခေါ်ကြတယ်)
ဖြူစင်ခြင်း (Purity)
Dignity & Nobility ဆိုတဲ့ meaning လေးတွေလည်းဆောင်ပါတယ်
ကျောင်း ဝန်းထဲက စကားဖြူလေးတွေကလည်း လွမ်းနေကြပြီတဲ့ အချောလေးတို့ကို 💚💚💚

Today zoom application testing activity 📹📹📹Group (A) 👯‍♂️👭👫Group (B) 👭👯👫Group (C) 👬👯‍♂️👭အားလုံးနဲ့ လူချင်းဝေးနေပေမယ့် နှ...
28/05/2020

Today zoom application testing activity 📹📹📹
Group (A) 👯‍♂️👭👫
Group (B) 👭👯👫
Group (C) 👬👯‍♂️👭
အားလုံးနဲ့ လူချင်းဝေးနေပေမယ့် နှလုံးသားချင်းနီးနေကြတဲ့ တီချယ်နဲ့ အချောလေးများ ❤💛💚💙💜
ps: ကိုယ့်ပုံပါမပါ လိုက်ရှာကြနော်

Revision Revision  အတွက် spoon application ရှိရမယ်နော် 😁 (zoom) 📹Group 3 ဖွဲ့ဘဲ ဖွဲ့မှာပါMessenger မှာ Roll no 1-50 Gp (...
26/05/2020

Revision Revision
အတွက် spoon application ရှိရမယ်နော် 😁 (zoom) 📹
Group 3 ဖွဲ့ဘဲ ဖွဲ့မှာပါ
Messenger မှာ Roll no 1-50 Gp (A)
51-100 Gp (B)
101-148 Gp (C)
Thursday မှာ Zoom နဲ ့ Testing လုပ်မှာဖြစ်ပါတယ်

stay home ကာလမှာ stay active ဖြစ်ဖို့လိုပါတယ်နော်သင်ယူခြင်းဆိုတဲ့ learning 📖📖 ကတော့ အမြဲတမ်း on going ပါနော် 📚📚📚ဒါကြောင်...
26/05/2020

stay home ကာလမှာ
stay active ဖြစ်ဖို့လိုပါတယ်နော်
သင်ယူခြင်းဆိုတဲ့ learning 📖📖 ကတော့ အမြဲတမ်း on going ပါနော် 📚📚📚
ဒါကြောင့် (27th batch)ကအချောလေးတို့ကို လုပ်ဖို့တိုက်တွန်းလိုက်ပါတယ် 😍
Ps: 2.6.2020 မှာ Teaching learning sub အတွက် revision ရှိပါတယ်
အသေးစိတ်ကို page မှာ ထပ်ကြေငြာပေးပါ့မယ်နော်😍

Address

Bogyoke Aung San Road
Yangon

Website

Alerts

Be the first to know and let us send you an email when FNDG 27th batch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category