Kanji တူတူလုပ်ကြရအောင်
N5ကနေ စလုပ်မှာပါ kanji challenge စာအုပ်ရှိရင်ရပါတယ် တစ်နေ့ kanji 10လုံးနဲ့အတူ တွဲလုံးတွေပါ
နေ့တိုင်းကျက်ရပါမယ် စာလည်း ပြန်မေးပါမယ်နော်
GPလေးဖွဲ့ပြီး လုပ်မှာ ဖြစ်တဲ့အတွက် အဆုံးထိ စာတူတူလုပ်နိုင်တဲ့သူတွေပဲ လာပြောပေးကြပါ
Engyin Languages Land
Welcome from online class & book store
🇯🇵 【Tokutei Food Service】 အလုပ်ခေါ်စာ 🇯🇵
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ဂျပန်နိုင်ငံရှိ Food Service အနေဖြင့် အလုပ်လုပ်ကိုင်ချင်လိုသူများကို အလုပ်အကိုင်အခွင့်အရေးရှိသဖြင့် လျှောက်ထားဖို့ ဖိတ်ခေါ်ကြိုဆိုပါတယ်ရှင့် ✨
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
🟧အလုပ်ခေါ်စာသတ်မှတ်ချက်
➡️ဂျပန်စာ JLPT N3 အောင်လက်မှတ်နှင့်အထက်ရှိသူများ
➡️Tokutei Food Service အောင်လက်မှတ်ရှိသူများ
🟢လစာများ - ¥201,607 ~ ¥260,000
🟢အလုပ်နေရာများ - Tokyo, Kyoto, Saitama, Okinawa, Aichi, Kobe, Fukuoka, Kanagawa
✨ 30.11.2024 ရက်နေ့ နောက်ဆုံးထားပြီး ဖောင်တင်လျှောက်ထားပေးကြပါရန် ✨
#ဂျပန်အလုပ်အကိုင်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
⑴消火
❶いんか
❷しょうか
⑵引火
①いんか
②しょうか
အဖြေမှန်လေးတွေရွေးပြီး အဓိပ္ပာယ်လေးပါ
ပြောသွားနော်✌🏻
26/10/2024
စာမေးပွဲနီးနေပြီမို့ တစ်စုထဲ ပြန်စုပေးလိုက်ပါတယ်
N5 Minna’s meanings (1~25)
https://t.me/engyinlanguagesland/3
N4Minna’s meanings (26~50)
https://t.me/engyinlanguagesland/182
N5 Minna’s answer (1~25)
https://t.me/engyinlanguagesland/28
N4 Minna’s answer (26~50)
https://t.me/engyinlanguagesland/92
N5&N4 Minnaရဲ့ answers key, meanings, grammar 👇
📖N5 Minna's answers key
https://www.facebook.com/112673183790043/posts/461081958949162/
📖N4 Minna's answers key
https://m.facebook.com/story.php?story_fbid=465868565137168&id=112673183790043
N5/4 notes
https://www.facebook.com/share/p/6yKYgxyQkPrXBLdJ/?mibextid=WC7FNe
super moshi old question တွေ လေ့ကျင့်လို့ ရအောင်🫶🏻
N1 super moshi
https://t.me/engyinlanguagesland/272
N2 super moshi
https://t.me/engyinlanguagesland/274
N3 super moshi
https://t.me/engyinlanguagesland/276
N4+5 super moshi
https://t.me/engyinlanguagesland/278
06/07/2024
Tomorrow exam
Me: 🙇♀️
Crd
04/07/2024
ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်😂
Photo crd 🙇♀️
⛩️ JLPT ဖြေမယ့်ကလေးတွေအတွက် ဂျပန်သံရုံး စာမေးပွဲအမှတ်တွက်နည်း⛩️
❤️🔥 N5、N4、N3、 N2 ❤️🔥
❤️🔥 JLPT N5 အမှတ်တွက်နည်း
ပထမပိုင်း ( 文字語彙 )
၃၅ပုဒ် ၁ပုဒ် ၁မှတ်
35×1=35
ဒုတိယပိုင်း(文法−読解)
၂၆ပုဒ် ထိ ၁မှတ်
၂၇ ကနေ ၃၂ထိ ၄မှတ်
26×1=26
6×4=24
ပထမပိုင်း + ဒုတိယပိုင်း
= 35+26+24
= 85
မိမိရမှတ်ကို 85 နဲ့စား 120 နဲ့ မြှောက်လိုက်ရင်
ရှေ့ပိုင်း ရဲ့ 120 မှာ မိမိရမှတ်ကို ရပါမယ်
တတိယပိုင်း (聴解)
問題 1 ( ၃မှတ် တန် ၇ပုဒ် )
問題 2 ( ၃မှတ် တန် ၆ပုဒ် )
問題 3 ( ၂မှတ် တန် ၅ပုဒ် )
問題 4 ( ၁မှတ် တန် ၆ပုဒ် )
7×3=21
6×3=18
5×2=10
6×1=6
Total = 55
မိမိရမှတ်ကို 55 နဲ့စား 60 နဲ့ မြှောက်လိုက်ရင်
Listening ရဲ့ 60 မှာ မိမိရမှတ်ကို ရပါမယ်
ရှေ့ပိုင်း ၁၂၀ မှာ အနည်းဆုံး ၃၈ မှတ်ရရပါမယ်
Listening 60 မှာ အနည်းဆုံး ၁၉ မှတ်ရရပါမယ်
အားလုံး ပေါင်းရင်တော့ ၁၈၀မှာ ၈၀ ရမှ အောင်ပါမယ်
**
❤️🔥JLPT N4 အမှတ်တွက်နည်း
ပထမပိုင်း ( 文字語彙 )
၃၅ပုဒ် ၁ပုဒ် ၁မှတ်
35×1=35
ဒုတိယပိုင်း(文法−読解)
၂၅ပုဒ် ထိ ၁မှတ်
၂၆ ကနေ ၃၅ထိ ၄မှတ် တန် ၁၀ပုဒ်
25×1=25
10×4=40
ပထမပိုင်း + ဒုတိယပိုင်း
= 35+25+40
= 100
မိမိရမှတ်ကို 100 နဲ့စား 120 နဲ့ မြှောက်လိုက်ရင်
ရှေ့ပိုင်း ရဲ့ 120 မှာ မိမိရမှတ်ကို ရပါမယ်
တတိယပိုင်း (聴解)
問題 1 ( ၃ မှတ် တန် ၈ ပုဒ် )
問題 2 ( ၃ မှတ် တန် ၇ ပုဒ် )
問題 3 ( ၂ မှတ် တန် ၅ ပုဒ် )
問題 4 ( ၁ မှတ် တန် ၈ ပုဒ် )
8×3=24
7×3=21
5×2=10
8×1=8
Total = 63
မိမိရမှတ်ကို 63 နဲ့စား 60 နဲ့ မြှောက်လိုက်ရင်
Listening ရဲ့ 60 မှာ မိမိရမှတ်ကို ရပါမယ်
ရှေ့ပိုင်း ၁၂၀ မှာ အနည်းဆုံး ၃၈ မှတ်ရရပါမယ်
Listening 60 မှာ အနည်းဆုံး ၁၉ မှတ်ရရပါမယ်
အားလုံး ပေါင်းရင်တော့ ၁၈၀မှာ ၉၀ ရမှ အောင်ပါမယ်
**
❤️🔥JLPT N3 အမှတ်တွက်နည်း
ပထမပိုင်း ( 文字語彙 )
၃၅ပုဒ် ၁ပုဒ် ၁မှတ်
35×1=35
ဒုတိယပိုင်း(文法)
၂၃ပုဒ် ထိ ၁မှတ်
23×1=23
ပထမပိုင်း ( 文字語彙 )+ဒုတိယပိုင်း(文法)
35+23=58
မိမိရမှတ်ကို 58 နဲ့စား 60 နဲ့ မြှောက်လိုက်ရင်
文字語彙 နဲ့ 文法 ရဲ့ 60 မှာ မိမိရမှတ်ကို ရပါမယ်
ဒုတိယပိုင်း(読解)
၂၄ ကနေ ၂၇ ထိ ၃ မှတ် တန် ၄ပုဒ်
၂၈ ကနေ ၃၉ ထိ ၄ မှတ် တန် ၁၂ပုဒ်
4×3=12
12×4=48
Total = 60
読解 60 မှာ မိမိရမှတ်ကို ရပါမယ်
တတိယပိုင်း (聴解)
問題 1 ( ၃ မှတ် တန် ၆ ပုဒ် )
問題 2 ( ၃ မှတ် တန် ၆ ပုဒ် )
問題 3 ( ၃ မှတ် တန် ၃ ပုဒ် )
問題 4 ( ၂ မှတ် တန် ၄ ပုဒ် )
問題 5 ( ၁ မှတ် တန် ၉ ပုဒ် )
6×3=18
6×3=18
3×3=9
4×2=8
9×1=9
Total = 62
မိမိရမှတ်ကို 62 နဲ့စား 60 နဲ့ မြှောက်လိုက်ရင်
Listening ရဲ့ 60 မှာ မိမိရမှတ်ကို ရပါမယ်
文字語彙 文法 60 မှာ အနည်းဆုံး 19 မှတ်ရရပါမယ်
読解 60 မှာ အနည်းဆုံး 19 မှတ်ရရပါမယ်
聴解 60 မှာ အနည်းဆုံး 19 မှတ်ရရပါမယ်
အားလုံး ပေါင်းရင်တော့ ၁၈၀မှာ ၉၅ ရမှ အောင်ပါမယ်
**
❤️🔥JLPT N2 အမှတ်တွက်နည်း
ပထမပိုင်း ( 文字語彙 文法 )
問題 1 ( ၁ မှတ် တန် ၅ ပုဒ် )
問題 2 ( ၁ မှတ် တန် ၅ ပုဒ် )
問題 3 ( ၁ မှတ် တန် ၅ ပုဒ် )
問題 4 ( ၁ မှတ် တန် ၇ ပုဒ် )
問題 5 ( ၁ မှတ် တန် ၅ ပုဒ် )
問題 6 ( ၂ မှတ် တန် ၅ ပုဒ် )
問題 7 ( ၁ မှတ် တန် ၁၂ ပုဒ် )
問題 8 ( ၁ မှတ် တန် ၅ ပုဒ် )
問題 9 ( ၁ မှတ် တန် ၅ ပုဒ် )
Total = 5+5+5+7+5+10+12+5+5 = 59
မိမိရမှတ်ကို 59 နဲ့စား 60 နဲ့ မြှောက်လိုက်ရင်
文字語彙 နဲ့ 文法 ရဲ့ 60 မှာ မိမိရမှတ်ကို ရပါမယ်
ဒုတိယပိုင်း(読解)
問題 10 ( ၂ မှတ် တန် ၅ ပုဒ် )
問題 11 ( ၂ မှတ် တန် ၉ ပုဒ် )
問題 12 ( ၃ မှတ် တန် ၂ ပုဒ် )
問題 13 ( ၄ မှတ် တန် ၃ ပုဒ် )
問題 14 ( ၄ မှတ် တန် ၂ ပုဒ် )
2×5=10
2×9=19
3×2=6
4×3=12
4×2=8
Total = 59
မိမိရမှတ်ကို 59 နဲ့စား 60 နဲ့ မြှောက်လိုက်ရင်
読解 60 မှာ မိမိရမှတ်ကို ရပါမယ်
တတိယပိုင်း (聴解)
問題 1 ( ၂ မှတ် တန် ၅ ပုဒ် )
問題 2 ( ၂ မှတ် တန် ၆ ပုဒ် )
問題 3 ( ၂ မှတ် တန် ၅ ပုဒ် )
問題 4 ( ၁ မှတ် တန် ၁၁ ပုဒ် )
問題 5 ( ၃ မှတ် တန် ၁၂ ပုဒ် )
5×2=10
6×2=12
5×2=10
11×1=11
4×3=12
Total = 55
မိမိရမှတ်ကို 55 နဲ့စား 60 နဲ့ မြှောက်လိုက်ရင်
Listening ရဲ့ 60 မှာ မိမိရမှတ်ကို ရပါမယ်
文字語彙 文法 60 မှာ အနည်းဆုံး 19 မှတ်ရရပါမယ်
読解 60 မှာ အနည်းဆုံး 19 မှတ်ရရပါမယ်
聴解 60 မှာ အနည်းဆုံး 19 မှတ်ရရပါမယ်
အားလုံး ပေါင်းရင်တော့ ၁၈၀မှာ ၉၀ ရမှ အောင်ပါမယ်။
Credit to owner🙏🏻
24/05/2024
JLPTစာမေးပွဲနီးပြီမို့ super moshi old question တွေ လေ့ကျင့်လို့ ရအောင်🫶🏻
N1 super moshi
https://t.me/engyinlanguagesland/272
N2 super moshi
https://t.me/engyinlanguagesland/274
N3 super moshi
https://t.me/engyinlanguagesland/276
N4+5 super moshi
https://t.me/engyinlanguagesland/278
20/05/2024
25/04/2024
Nat-test Yangon မတင်တတ်သူများ တင်ပေးပါတယ်ရှင်🙋🏻♀️
Nat-Test Exam Center (Yangon)မှ Online Application ဖြင့် လျှောက်လွှာလက်ခံမည်ဖြစ်ကြောင်း အသိပေးကြေငြာခြင်း။
=====================================
လျှောက်လွှာလျှောက်ထားပုံ အသေးစိတ်ကို ကြိုတင်လေ့လာနိုင်ရန် အောက်တွင် ရှင်းလင်းပြသပေးထားပါသည်။
📌Nat Test Online စာမေးပွဲလျှောက်လွှာဖောင် ဘယ်လိုဖြည့်မလဲ?
Onlinဖောင်ဖြည့်ပုံအဆင့်အဆင့်
- https://nattestcenteryangon.com/ သို့ ဝင်ပါ။
- Mozilla Fire Fox, Google, Google Chrome Browsers များမှ တစ်ဆင့် ဝင်ရောက်နိုင်ပါသည်။
- မြန်မာဘာသာစကား (သို့) အင်္ဂလိပ်ဘာသာစကား ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ။
- မိမိဖြေဆိုလိုသည့် Level ကို ရွေးပါ။
- ဆက်လက်အသုံးပြုရန်အတွက် (အကောင့်ဝင်မယ်) ခလုတ်ကို ရွေးပါ။
- မိမိဖုန်းနံပါတ် ရိုက်ထည့်ပြီး OTP ကုဒ်တောင်းယူပါ။
- စက္ကန့် (၁၈၀)အတွင်း သင့်ဖုန်းထဲသို့ OPT (6)လုံး ဝင်လာပါမည်။
- အဆိုပါ ကုဒ်ကို ရိုက်ထည့်ပါက စနစ်ထဲသို့ရောက်သွားမည်ဖြစ်ပါသည်။
- မိမိဖြေဆိုလိုသော Level ကို ရွေးပြီးနှိပ်လိုက်ပါက သက်ဆိုင်ရာ Level အလိုက် အချက်အလက်များ ထွက်ပေါ်လာမည်ဖြစ်သည်။
- လျှောက်ထားလိုပါက (Apply for this Exam) ခလုတ်ကိုနှိပ်ပါ။
- သင့်အကောင့်အတည်ပြုရန် သင့်နာမည် ကို ရိုက်ထည့်ပေးပါ။ ပြီးလျှင် save ကိုနှိပ်ပါ။ ပြီးလျှင် (နောက်သို့) ခလုတ်ကို နှိပ်လိုက်ပါက သက်ဆိုင် level အလိုက် ဖြည့်သွင်းပေးရမည့် အချက်အလက်များကို မြင်ရမည်ဖြစ်သည်။
- ပထမဦးစွာ လျှောက်ထားသူ၏ ဓါတ်ပုံကို ထည့်ပေးရမည်ဖြစ်သည်။ ဓါတ်ပုံများ ဖြည့်သွင်းရာတွင် အောက်ပါအချက်များကို လိုက်နာရမည်ဖြစ်သည်။
- ဓါတ်ပုံဆိုဒ်အနေဖြင့် (30mm x 40mm) ဖြစ်သည်။ အဆိုပါဓါတ်ပုံကို ဖုန်းကင်မရာဖြင့် ရိုက်ကူးပါ။ ပြီးလျှင် Crop အတိအကျလုပ်ပြီး ဖုန်းထဲတွင် သိမ်းထားရမည်။ ဓါတ်ပုံကို upload လုပ်ပေးရန်ဖြစ်သည်။
- ဖုန်းဖြင့် ရိုက်ရာတွင် ဓါတ်ပုံအပေါ်တည့်တည့်မှ ရိုက်ကူးရမည်။ အလင်းများ ကွယ်မနေရပါ။
- ကြည်လင်ပြတ်သားမှုရှိရမည်။
- Selfie ဆွဲပြီး ရိုက်ကူးထားသော ပုံမဖြစ်စေရပါ။
- ဓါတ်ပုံဆိုင်တွင် သေချာရိုက်ကူးထားသော ပုံဖြစ်ရမည်။
- နောက်ခံ background အဖြူ (သို့မဟုတ်) အပြာဖြစ်ရမည်။
- မျက်မှန်တပ်ပြီး ရိုက်ထားသော ပုံများ မဖြစ်ရပါ။
- အထက်ပါအချက်များနှင့် မကိုက်ညီပါက လျှောက်လွှာများအား ပယ်ဖျက်ခံရမည်ဖြစ်သည်။
- ဒုတိယအနေဖြင့် မှတ်ပုံတင် ရှေ့နောက်ကို ရိုက်ပို့ပေးရန်ဖြစ်သည်။
- ဓါတ်ပုံနှင့် မှတ်ပုံတင်များ ဖြည့်သွင်းပြီးပါက လျှောက်ထားသူ၏ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံ၊ ကျား/မ၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် အီးမေးလ် တို့ကို အစဉ်လိုက် ဖြည့်သွင်းပေးရမည်။
- အထက်ဖော်ပြပါ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းပြီးပါက (လျှောက်မည်) ခလုတ်ကို နှိပ်ပါ။
- အချက်အလက်များ မှားယွင်းခြင်း (သို့မဟုတ်) ဖြည့်ရန်လိုအပ်နေပါက သက်ဆိုင်ရာ အချက်အလက်ဖြည့်သွင်းရန်လိုအပ်ကြောင်း စာလုံးအနီဖြင့် ဖော်ပြပေးနေမည်ဖြစ်သည်။
- လျှောက်ထားသူအနေဖြင့် အဆိုပါအချက်အလက်ကို မှန်ကန်စွာ ဖြည့်ပေးပြီး အစဉ်လိုက် ဆက်လက်လုပ်ကိုင်ရန်ဖြစ်သည်။ ပြီးလျှင် (လျှောက်မည်) ခလုတ်ကို ရွေးပါ။
- ပြီးလျှင် ငွေပေးချေမှု အပိုင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
- မိမိအချက်အလက်များကို မြင်နေရမည်ဖြစ်ပြီး (လုပ်ဆောင်ချက်) ဟု ရေးထားသော ခလုတ်မှ (အသေးစိတ်) ခလုတ်ကိုနှိပ်ပါက မိမိအချက်အလက်များကို မြင်ရမည်ဖြစ်သည်။
- မိမိအနေဖြင့် အချက်အလက်များကို ပြန်လည်ပြင်ဆင်နိုင်သေးသလို ပြင်ဆင်လိုပါက (ပြင်ဆင်ခြင်း) ခလုတ်ကို နှိပ်ပြီး ပြင်ဆင်ပါ။
- ဆက်လက်မလျှောက်ထားလိုပါက (အပြီးဖျက်မယ်) ခလုတ်ကို နှိပ်ပြီး ဖျက်နိုင်သည်။
- မိမိအနေဖြင့် ငွေပေးချေလိုပါက ဖော်ပြထားသော Bank (သို့) Pay Account အကောင့်ထဲသို့ စာမေးပွဲဝင်ကြေး (၇၂,၀၀၀) ကျပ်ကို ဖြည့်ပြီး Screen Shot ရိုက်ထားပါ။
- အချက်အလက်များ၊ ငွေပေးသွင်းထားသော သက်သေခံ Screen Shot များကို upload လုပ်ပြီးပါက (အချက်အလက်များ ပေးပို့မည်) ခလုတ်ကို နှိပ်ပါက သင့်လျှောက်ထားမှု ပြည့်စုံပြီဖြစ်ပါသည်။
- သင့်လျှောက်ထားမှုအချက်အလက်များကို Nat Test Center မှ ပြန်လည်စစ်ဆေးပြီး ပြည့်စုံပါက သင့်ထံကို လျှောက်ထားမှု အောင်မြင်ကြောင်း အတည်ပြု Email ပြန်ပို့ပေးပါမည်။
- ငွေပေးသွင်းပြီးကြောင်း ငွေလက်ခံဖြတ်ပိုင်းကိုလည်း သင့်အကောင့်ထဲသို့ ပို့ပေးပြီးဖြစ်ပါမည်။
- စာမေးပွဲခုံနံပါတ်များ၊ ဖြေဆိုမည့်နေရာများကို ယခင်အတိုင်း Nat Test Center Yangon ၏ page မှတစ်ဆင့် ဆက်လက်ကြေငြာပေးသွားမည်ဖြစ်သည်။
ငွေပေးချေမှုအတွက် သတိပြုရန် အချက်များ။
- မိမိ၏ ကိုယ်ပိုင် Bank Account (သို့) အခြားသူ၏ Bank Account များဖြင့်လည်း ပေးချေနိုင်ပါသည်။
- သတ်မှတ်ထားသော Pay Account များဖြင့်လည်း ပေးချေနိုင်ပါသည်။- - - - - သတ်မှတ်ထားသော စာမေးပွဲကြေး (၇၂၀၀၀)ကျပ်ပေးသွင်းပြီးပါက Screen Shot (သို့) ဓါတ်ပုံရိုက်၍ သိမ်းထားပါ။
- K-Pay Account ဖြင့် ငွေပေးချေပြီးပါက Transaction message အပြည့်အစုံပါဝင်သော မှတ်တမ်းအား Screen Shot ( သို့ ) ဓါတ်ပုံရိုက်ထားပေးပါ။
- ငွေပေးချေမှုအပိုင်းတွင် ဖြည့်သွင်းရမည့် အချက်အလက်များနှင့် တစ်ကွ အဆိုပါသိမ်းထားသော Screen Shot (သို့) ဓါတ်ပုံကို Attached တွဲပေးရန်ဖြစ်သည်။
(Nat Test Center Yangon မှ ဖော်ပြထားသော Bank Account/ Pay Account များထဲမှ နာမည်နှင့် အကောင့်နံပါတ်များထဲသို့သာ အတိအကျပေးသွင်းပေးပါရန်နှင့် Application ထဲတွင် ဖော်ပြမထားသော Account များထဲသို့ မှားယွင်းပြီး ငွေပေးသွင်းမှုများအတွက် Nat Test Center Yangon အနေဖြင့် တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အထူးသတိပေးအပ်ပါသည်။)
သတ်မှတ်ထားသော စည်းကမ်းချက်များ
- ဓါတ်ပုံ အရွယ်အစား နှင့် အရည်အသွေးများအနေဖြင့် သတ်မှတ်ထားသည့်အတိုင်းဖြစ်ရမည်။
- မှတ်ပုံတင် အရှေ့အနောက်ကို ရိုက်ကူးတင်ပြရာတွင်လည်း ကြည်လင်ပြတ်သားမှုရှိရမည်။
- လျှောက်ထားသူတစ်ဦးအနေဖြင့် အင်တာနက်အခက်အခဲကြောင့် OTP Code ကို (၃)ကြိမ်သာ တောင်းခံခွင့်ရှိသည်။ မရပါက နောက်ရက်မှသာ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်သည်။
- သတ်မှတ်ထားသော အချက်အလက်များ အပြည့်အစုံဖြည့်သွင်းပေးသည့် လျှောက်လွှာများကိုသာ အတည်ပြု လက်ခံပေးမည်ဖြစ်သည်။
- အတည်ပြုလက်ခံချက်ကို စာမေးပွဲကြေးပေးသွင်းမှု အတည်ပြုချက် ရယူပြီးမှသာ ပေးပို့ပေးမည်ဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 12:00 |
| Tuesday | 09:00 - 12:00 |
| Wednesday | 09:00 - 12:00 |
| Thursday | 09:00 - 12:00 |
| Friday | 09:00 - 12:00 |
| Saturday | 09:00 - 12:00 |
| Sunday | 09:00 - 12:00 |