ZAKS

ZAKS Welcome to my page ZAKS

Knowledge is Power

✧`  🎀  မင်္ဂလာပါ  🎀  `✧ကပ်ဆိုးကြီး ကြောင့် အားလုံး အဆင်ပြေနေကြလိမ့်မယ်လို့မထင်မိပါဘူး အရင်လိုစာအုပ်တွေမတင်နိုင်တောတဲ့ အက...
02/08/2021

✧` 🎀 မင်္ဂလာပါ 🎀 `✧

ကပ်ဆိုးကြီး ကြောင့် အားလုံး အဆင်ပြေနေကြလိမ့်မယ်လို့မထင်မိပါဘူး အရင်လိုစာအုပ်တွေမတင်နိုင်တောတဲ့ အကြောင်း၂ခုပါ
စာလည်းမဖတ်ဖြစ်တော့သလို အလုပ်ကြောင့်ခရီးရှည်လည်းသွားလိုက်ရတဲ့အတွက်ပါ.
ကျန်းမာရေးအခြေအနေကောင်းမွန်တဲ့ သူတွေအနေနဲ့ ကတော့ အလုပ်ရှိရင်လည်း အလုပ် လုပ်နေသလို လေ့လာတာတွေ လည်း
လုပ်ထားသင့်တယ်ထင်မိပါတယ် ကျနော်ကိုယ်တိုင် လည်း ယခု လက်ရှိ လေ့လာနေတဲ့ ပညာ ရပ်ဖြစ်တာကြောင့်
ဒီ စာအုပ်တွေကို လမ်းညွှန် ပါရစေ Microsoft Word တို့ Microsoft Excel တို့ဆိုတာ သုံးတတ်ရင် တကယ်ကြီးကောင်းတာပါ လုပ်ငန်းခွင်တော်တော် များများမှာလည်းသုံးနေတာ လူတိုင်း သိပြီးသားပါ . ဒါကို Professional အနေနဲ့ software ရေးချင်ရင်တောင် ရပါတယ်. လေ့လာမယ် ဆိုရင်တော့ တော်တော် ကြယ်ပြန့် သလို တော် တော် လည်း အကျိုးကျေးဇူးရှိတဲ့ Program လေးပါ. ဒီနေ့ ခေတ်မှာတော့ ပညာရပ်တခု လေ့လာဖို့ဆိုတာ က ခက်ခဲတဲ့ အရာ မဟုတ် တော့ပါဘူး၊ ဘာလို့ ဆို Internet ခေတ်မို့လို့ပဲ.။ ဒါပေမယ့် လိုအပ်တဲ့ အရာ တစ်ခု က‌တော့ Self-Discipline ပါ ပဲ. တနေ့ကို ဘယ်အခန်းပြီးအောင်လုပ် မယ်ဆို တကယ် လိုအပ်တာက တကယ်လုပ်ဖို့ပါပဲ
အဲဒီတော့ အောက် မှာ စာအုပ် လေးတွေ ဆွဲ ပြီး စလိုက် ကြတော့ ဗျာ. အကုန်လုံးရောဂါ ဘယ ကင်း‌‌ဝေး ပြီး ကျန်းကျန်းမာမာ နဲ့ ဒီကပ်ဆိုးကြီးကို အောင် မြင်စွာ ကျော် ဖြတ်ကြရအောင် ဗျာ.

░L░o░n░g░ ░T░i░m░e░ ░N░o░ ░P░o░s░t░ ░a░n░d░ ░K░e░e░p░ ░E░n░j░o░y░



Download Links :

E̳x̳c̳e̳l̳ ̳2̳0̳2̳0̳ (English)
https://www.mediafire.com/file/jwys3ynf1k7l0ub/Excel_2020.pdf/file

E̳x̳c̳e̳l̳ ̳2̳0̳1̳3̳ (Myanmar Translated)
https://www.mediafire.com/file/nbipx854e3knrb4/Excel_2013_Myanmar.pdf/file

E̳x̳c̳e̳l̳ ̳2̳0̳1̳0̳ (Myanmar Translated)
https://www.mediafire.com/file/aaj02v9gr2yokum/Microsoft_Excel_2010.pdf/file

"How to Win Friends and Influence People" Both Myanmar Version and English Versionဒီစာအုပ်ကလည်းနာမည်ကြီးတယ် တော်တော်များ...
25/06/2020

"How to Win Friends and Influence People"

Both Myanmar Version and English Version
ဒီစာအုပ်ကလည်းနာမည်ကြီးတယ် တော်တော်များများလည်းသိကြမယ်ထင်တယ်။ For me,I haven't read it yet.

ပြီးတော့ စာအုပ်တွေစုဆောင်းရတာ ဝါသနာ ပါတယ် ဆိုရင်တော့ mmbookshelf ဆိုတဲ့ apk or Ios application ကို ဒေါင်းပြီး စိတ်ကြိုက်သာစုကြပါလေ။ ကျနော် က​တော့ လောလောဆယ် သောက ကင်းဝေး စာအုပ်ရယ် Weekend Millionaires Negotiations ဆိုတဲ့ စာအုပ်ဖတ်နေတာ စာရွက်ပေါင်းက ၂အုပ် ပေါင်း ၆၀၀ ကျော်နေတော့ တော်တော် နဲ့ မပြီးနိုင်တာနဲ့ page ကိုပစ်ထားသလိုဖြစ်သွားတယ်။

နောက်တစ်လ လောက်ဆိုလည်း ခရီးရှည်ထွက်တော့မှာဖြစ်တဲ့ တွက် အပေါ်က application ကို ညွှန်းထားတာပါ။ သိပြီးသားသူတွေလည်းပါကောင်းပါနိုင်ပါတယ်

Much Pleasures....

💖ယနေ့ city mart ကဝယ်လာဖြစ်သော စာအုပ်💖Link တော့လာမတောင်းနဲ့အုန်းလို့ဖတ်တောင်မဖတ်ရသေးဘူး....နောင်များမှပေါ့
15/06/2020

💖ယနေ့ city mart ကဝယ်လာဖြစ်သော စာအုပ်💖

Link တော့လာမတောင်းနဲ့အုန်းလို့ဖတ်တောင်မဖတ်ရသေးဘူး....နောင်များမှပေါ့

" သောကရောက်တတ်တယ်ဆိုဖတ်ကြည့်"အဲလိုပြောတာ ဘာကြောင့်လည်း ဒါလူ့ပြည်လေ ပုထုစဉ်လူသားမှန်သမျှ သောက ဆိုတာအနည်းနဲ့ အများတော့ ရှိ...
12/06/2020

" သောကရောက်တတ်တယ်ဆိုဖတ်ကြည့်"

အဲလိုပြောတာ ဘာကြောင့်လည်း ဒါလူ့ပြည်လေ ပုထုစဉ်လူသားမှန်သမျှ သောက ဆိုတာအနည်းနဲ့ အများတော့ ရှိမှာပဲကျိန်းသေတယ်။ သောကတွေများစိုးရိမ်တာတွေများလာရင် ဘာဖြစ်လည်းဆိုတော့ ဘာမှ မလုပ်နိုင်မကိုင်နိုင်နဲ့ သွားဒီစိတ် စားဒီစိတ်နဲ့ ဘာမှ လည်းသေသေချာချာ မလုပ်နိုင်တော့ပဲ productivity တွေကျ မဖြစ်သေးတဲ့ ဟာကိုကြိုတွေးပြီးစိတ်ပူ ပြီးခဲ့ တာတွေကိုထိုင် ပူဆွေး ဘာဆိုဘာမှမလုပ်နိုင်တော့တဲ့ ခြေနေတွေကို သောက ရောက်နေတာလို့ ခေါ်တာ။ အလုပ်မှာ တစ်ခုခု stress ဝင်လာလို့ရှိရင်လည်း အဲ့အကြောင်းကို အဆိုးဆုံးအထိ ဖြစ်တဲ့အခြေအနေကို ကြိုတင် စဉ်းစားထားကာ အေး၂ ဆေး၂ အဖြေရှာတော့ မှ solution ထွက်လာတယ် ဆိုတာတွေ။ သောက ကို ဘယ်လိုရှောင်ရှားသင့်တာ ဘယ်လို handle လုပ်တာဆိုတာတွေ ဒီစာအုပ်ထဲမှာ....အပိုင်းကြီး ၈ ပိုင်းပါတယ် အခန်းပေါင်းကတော့ ၃၀ ပါတယ်။ စာမျက်နှာပေါင်းက ၃၀၀ ကျော် ဆိုတော့နည်းနည်းများတယ်။ အေးအေးဆေးဆေး တနေ့ နည်းနည်းစီဖတ်သွားဖို့ အကြံပေးချင်ပါတယ်။

Hope everyone enjoy this book
Much Pleasures...

Link : http://www.mediafire.com/file/pec1fgosfj1lq9x/%25E1%2580%25B1%25E1%2580%259E%25E1%2580%25AC%25E1%2580%2580%25E1%2580%2580%25E1%2580%2584%25E1%2580%25B9%25E1%2580%25B8%25E1%2580%25B1%25E1%2581%2580%25E1%2580%25B8_%25E1%2580%25B1%25E1%2580%2594%25E1%2580%2594%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25B9%25E1%2580%25B1%25E1%2580%259B%25E1%2580%25B8.pdf/file

ခါတိုင်းနဲ့ မတူတဲ့ စာအုပ်များ၁. မင်းခိုက်စိုးစံ (သုည)  ...... Novel Book ၂. လူငယ်တို့ရဲ့ စကား​ြဝိုင်း  .......  Discussi...
08/06/2020

ခါတိုင်းနဲ့ မတူတဲ့ စာအုပ်များ

၁. မင်းခိုက်စိုးစံ (သုည) ...... Novel Book
၂. လူငယ်တို့ရဲ့ စကား​ြဝိုင်း ....... Discussion Book
၃. အကြံဉာဏ်ဖြင့်ကြီးပွားရေး ....... Self-Help Book

Links in every photo
Much Pleasures

ဇာဏ်ခီ(ကိုယ်တိုင်သိရှိသွားမှု)စာအုပ်တစ်အုပ်လုံးခြုံကြည့်ရင် အဓိကကမေတ္တာတရားအကြောင်း လို့ပြောလို့ရသလို နောက်ဆုံးအခန်းကတော...
05/06/2020

ဇာဏ်ခီ(ကိုယ်တိုင်သိရှိသွားမှု)

စာအုပ်တစ်အုပ်လုံးခြုံကြည့်ရင် အဓိကကမေတ္တာတရားအကြောင်း လို့ပြောလို့ရသလို နောက်ဆုံးအခန်းကတော့ စာရေးဆရာ ဇာဏ်ခီက အနုပညာလောက သားဖြစ်တဲ့တွက် ရုပ်ရှင် sensor နဲ့ နိုင်ငံတကာ ထိုးဖောက်နိုင်ရင်ရ လာမယ့်အကျိုးတွေအကြောင်းကိုရေးထားတာပါ။ ဒီထဲမှာလည်း မှတ်သားစရာ တချို့စာသားကောင်းတွေပါပါတယ်။

ဒါနဲ့ စာဖတ်တဲ့ အခါ notes ချမှတ်တဲ့ အကျင့်လေးလည်းလုပ်ထားရင်ကောင်းပါတယ်လို့ အကြံပြုချင်မိ။ ဒီpost ကိုတော့ ခုနောက်ပိုင်းတော့ စာအုပ်တွေရမ်းသမ်းတင်တာ သိပ်မလုပ်ချင်တော့ တဲ့ တွက် ကိုယ်တိုင်ဖတ်ပြီးကောင်းတယ် ထင်မှပဲ တင်ဖြစ်တော့တယ်။ ဒီစာအုပ်ထဲကကျနော်သဘောကျမိတဲ့ notes
တွေနဲ့တကွတင်ပေးလိုက်ပါတယ်။

၁. Detached Compassion

Detached compassion ဆိုတာမေတ္တာတရားတစ်မျိုးပါ၊ သာမန်အားဖြင့် ချစ်ကြပြီဆိုရင် ပြန်အချစ်ခံချင်တဲ့အတ္တရှိမယ်၊ သိမ်းပိုက်လိုတဲ့လောဘ ရှိတယ်၊ လိုချင်သလိုဖြစ်မလာရင် ဒေါသဖြစ်မယ်။ ကိုယ်ချစ်တဲ့သူကို ထိခိုက်စော်ကားလာရင် ကြမ်းတမ်းမှုနဲ့တုံ့ပြန်မယ်။သတ်ဖြတ်မှုတွေတောင်ဖြစ်သွားနိုင်တယ်ဆိုတော့
ပူလောင်တယ်။
Detached Compassion ဆိုတာကျတော့ လုပ်ပေးနိုင်တာကို လုပ်ပေးလိုက်ပြီး ဘာမှ ပြန်မမျှော်လင့်တာမျီုး ဆိုတော့ အေးချမ်းတယ်။

၂. ကိုယ့်ကိုကိုယ်ချစ်တဲ့သူ

"There's no way you can love and respect others if you don't love and respect yourself"

"Happiness starts at home"

၃. Gym Analogy (Gym နဲ့ ဘုရားစင်)

Gym မှာဆော့တဲ့ချိန် နဲ့ ဘုရားစင် ရှေ့ရောက်တဲ့အခါ ဘာတူလဲဆိုတော့ "ထားတဲ့ စိတ် ပေါ်မူတည်ပြီး အကျိုးသက်ရောက်မှု ရှိပါတယ်"

Gym မှာ ကျနော်တွေ့ဖူးတဲ့ လူတချို့ဆိုရင် ၂ နာရီ ၃ နာရီလောက်ကြာအောင်ဆော့ကြတယ်။ ဒါပေမယ့် စနစ်ကျကျ မဟုတ် ၊ ဆော့ချင်သလို ဆော့၊ selfie ဆွဲလိုက်၊ဖုန်းပြောလိုက်၊တခြားလူတွေနဲ့ စကားပြောလိုက်။အဲပြီးမှလေ့ကျင့်ခန်း ပြန်လုပ်။ လတွေသာ ကြာသွားတယ်။ ခန္ဒာ ကိုယ် သိသိသာသာ ဘာတိုးတက်မှု မှမရှိဘူး။
အဲလိုအီယောင်ဝါးလုပ်တာထက် နာရီဝက်လောက်ကိုပဲ အာရုံစူးစိုက်မှု အပြည့်နဲ့ လုပ်တဲ့သူက အများကြီးထိရောက်သလို အများကြီး ကွာလိမ့်မယ်။

-ထိုနည်း၎င်း ပဲ ဘုရားစင်ရှေ့ရောက်တဲ့အခါ တချို့ ဘုရားအကြာကြီးရှိခိုးကြတယ်။ ဘုရားစာတွေလည်းအများကြီးရကြတယ်။ ဒါပေမယ့် အာရုံစူးစိုက်မှု မှာ သဒ္ဒါနည်းတော့ ထိရောက်မှုမရှိဘူး။ စိတ်တိုစရာတွေတွေး၊ စိတ်က တောင်ရောက်မြောက်ရောက်နဲ့ အကုသိုလ်တွေပွား။ပါးစပ်က တော့ ဘုရားစာတွေတတွတ်တွတ်ရွတ် ဘယ်ခရီးမှမရောက်ဘူး။

-Gym analogy လိုပဲပေါ့။ ဘုရားရှိခိုးမယ်၊ဟုတ်ပြီ ဘာအတွက်လဲ။ ရည်ရွယ်ချက် ကိုယ့်ကိုကိုယ်အရင်မေး ။ အဲဒီရည်ရွယ်ချက်ပြတ်သားနေဖို့တော့လိုတယ်။ တာဝန်အရ ဒါမှမဟုတ်လုပ်နေကြအလုပ်တစ်ခုဖြစ်နေရင်တော့အကျိုးသက်ရောက်မှု မရှိသလောက်နည်းမယ်။ မလုပ်တာနဲ့ စာရင်တော့ ပိုတော့ ကောင်းနိုင်ပါတယ်။
အကုသိုလ်မပွားမိအောင်ထိန်းနိုင်ရင်ပေါ့။

-တခုမှတ်ရမှာက ဒီဘုရားရှိခိုးတာတွေတရားမှတ်တာတွေက ဘုရားအတွက်လုပ်တာမဟုတ်ဘူးဆိုတာပဲ။ ဘုရားသင်ပြသွားတဲ့ နည်းလမ်းတွေမှာ သူ့တွက် တစ်ခုမှ မပါဘူး။ ကျွန်တော်တို့တွေself-cultivate လုပ်နိုင်ဖို့သက်သက်ပဲ။

-ဒါကြောင့်ဒီနည်းလမ်းတွေကို လိုက်နာကျင့်သုံးရင် တိုးတက်မှုတော့ရှိရလိမ့်မယ်။ ပိုအေးချမ်းလာရမယ်။ ကြည်လင်လာရမယ်။ မေတ္တာဓာတ်တွေနဲ့ ပိုထိတွေ့နိုင်ရမယ်။ ကိုယ်ကိုတိုင်လည်းမေတ္တာဓာတ်တွေပေးပို့နိုင်တဲ့လူဖြစ်လာရမယ်။

အခုရေးပေးထားတဲ့အချက်တွေကတော့ စာရေးဆရာ ဇာဏ်ခီ ရေးတဲ့ စာအုပ်ထဲမှ ကျနော့် Notes များပါ။ စာအုပ်ကတော့ အောက်က Link မှာ download ဆွဲနိုင်ပါတယ်

Much Pleasures


Link : http://www.mediafire.com/file/vgry1igo7lg47aw/ZK_pdf.pdf/file

03/06/2020

This 7 facts are extracted from the book that I forgot which book is it and I hope everyone will enjoy watching this one. The 7 things that make you fear is that if you know exactly which one is scaring you...then you can take precautions and can prepare for remedies if it happened.

Much Pleasures,
Hope All Enjoy

၁. ဖာရာရီလမ်းခွဲသည်စာအုပ်ကတော့ စာအုပ်ကောင်းတစ်အုပ်ဆိုတာ အထူးတလည် ရှင်းပြဖို့လိုမယ် မထင်တော့ပါဘူး ကျနော်ကတော့ အခု မှဖတ်လိ...
01/06/2020

၁. ဖာရာရီလမ်းခွဲ

သည်စာအုပ်ကတော့ စာအုပ်ကောင်းတစ်အုပ်ဆိုတာ အထူးတလည် ရှင်းပြဖို့လိုမယ် မထင်တော့ပါဘူး ကျနော်ကတော့ အခု မှဖတ်လို့ ပြီးတယ် ထွက်ထားတာတော့နည်းနည်းကြာပြီ ခုမှ ဖတ်မယ့်သူတွေအတွက်နည်းနည်း ဖတ်နည်းပြောရင်း Review လေးရေးပေးလိုက်ပါတယ်

ဒီစာအုပ်ကတော့ ရသစုံ ပါတယ် တက်ကျမ်းသဘော၊ စည်းကမ်းသဘော၊ကြင်နာတတ်ခြင်းသဘော၊ လှုံဆော်ခြင်း စတဲ့ အကုန် လုံးသော ဗဟုသုတတွေကို ဇာတ်လမ်းအနေနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေနှစ်ဦး ပြောဆိုနေသလို နဲ့ မှတ်သားစရာ များထည့်ပြောသွားခြင်းဖြစ်တယ်။ တချို့ တက်ကျမ်းစာအုပ်ဖတ်ပါများသူများအတွက်တော့ စာသားတွေက ဆင် သလိုရှိပေမယ့် ရေးသားထားပုံ က ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဇာတ်ရှိန်ကတော့ တဖြည်းဖြည်းတက်တက်လာပါတယ်။ နောက်ဆုံး မှာတော့ emotions အပိုင်းရောက်သွားပြီး လူသားတွေဘာကြောင့်မပျော်ရွှင်ရတာ၊ မိဘနဲ့ သားသမီးကြားဆက်ဆံရေးကို ကိုယ်ချင်းစာတတ်အောင် ရေးသားဖော်ပြထားပုံတွေက တကယ့် အပြင်လောက သဘာ၀ က အဖြစ်အပျက် နဲ့တစ်ထပ်တည်းကျတာတွေက တော့ သေချာပါတယ် ဖတ်ကြည့်လိုက်ပါ....... တခုခုတော့ ရသွားမှာပါ။

ကျနော်ဖတ်တဲ့စာဖတ်နည်းလေးကတော့ သူ့ဇာတ်လမ်းက အခန်း၇ မှတကယ်စတာပါ အခန်း၁ကနေ အခန်း၆ အထိကတောဇာတ်လမ်း အစပျိုးတာပါ ရှေ့ ၆ခန်းကိုတော့ တရက် ၂ရက်အတွင်းပြီးပါတယ် နောက်အခန်းတွေမှာတော့ တရက်ကို တစ်ခန်း (သို့) နှစ်ခန်း ပုံမှန်ဖတ်ပေးသွားတာ၅ရက် ၆ရက်အတွင်းဖတ်လို့ပြီးသွားပါတယ်

ဒါကတော့ ကျနော့်စာဖတ်နည်းပါ စာဖတ်မြန်တဲ့သူကတော့တမျိုးနေမှာပေါ့နော်

Much Pleasures.......


Link ...... 👇
http://www.mediafire.com/file/ozb83fkd0idrkg8/%25E1%2580%2599%25E1%2580%25AD%25E1%2580%25AF%25E1%2580%25B8%25E1%2580%259B%25E1%2580%25BE%25E1%2580%2584%25E1%2580%25BA%25E1%2580%25B8%2528I.M.T%2529-%25E1%2580%2596%25E1%2580%25AC%25E1%2580%259B%25E1%2580%25AC%25E1%2580%259B%25E1%2580%25AE%25E1%2580%259C%25E1%2580%2599%25E1%2580%25BA%25E1%2580%25B8%25E1%2580%2581%25E1%2580%25BD%25E1%2580%25B2.pdf/file

ကျန်းမာရေးဆိုင်ရာစာအုပ်များ၁. မျက်မှန် လွတ်နည်း၂. စိတ်ဝင်စားစရာ သင့်ခန္တာ၃. ကျန်းမာရေး ဗဟုသုတLinks in the description of...
29/05/2020

ကျန်းမာရေးဆိုင်ရာစာအုပ်များ

၁. မျက်မှန် လွတ်နည်း
၂. စိတ်ဝင်စားစရာ သင့်ခန္တာ
၃. ကျန်းမာရေး ဗဟုသုတ

Links in the description of every photo

📖တင်ပြီးသမျှစာအုပ်များစုစည်းမှု📖𝐄𝐛𝐨𝐨𝐤𝐬 𝐌𝐢𝐱𝐢𝐧𝐠 ( 𝐓𝐡𝐫𝐞𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐂𝐚𝐭𝐞𝐠𝐨𝐫𝐢𝐞𝐬)၁. အောင်မြင်မှု ချမ်းသာသုခ နှင့် ဓနဥစ္စာ (ဖေမ...
24/05/2020

📖တင်ပြီးသမျှစာအုပ်များစုစည်းမှု📖

𝐄𝐛𝐨𝐨𝐤𝐬 𝐌𝐢𝐱𝐢𝐧𝐠 ( 𝐓𝐡𝐫𝐞𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐂𝐚𝐭𝐞𝐠𝐨𝐫𝐢𝐞𝐬)

၁. အောင်မြင်မှု ချမ်းသာသုခ နှင့် ဓနဥစ္စာ (ဖေမြင့်)

၂. မျက်နှာ ကဲခတ် အတတ်ပညာ(ညီညီနိုင်)

၃. စိတ်ချမ်းသာနည်းများ နှင့် စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံများ(ဒေါက်တာအုန်းမာင်)

https://www.facebook.com/112657220424920/posts/122990846058224/?d=n

📙🥉🥈🥇🏆

၁. နှလုံးသားအာဟာရ

၂. မော်ဒယ်လ် သစ်နဲ့လူ

၃. Invest In your Brain

https://www.facebook.com/112657220424920/posts/130360975321211/?d=n

၁. 10Days MBA

၂.အောင်မြင်ကြီးပွားမင်္ဂလာခြေလှမ်းများ

၃.ငွေပြည့်ငွေလျှံ

https://www.facebook.com/112657220424920/posts/127728755584433/?d=n

၁.Emotional Health

https://www.facebook.com/112657220424920/posts/125923365764972/?d=n

၁. အိမ်တွင်းစီးပွားဖြစ်ပြုလုပ်နည်းများ နှင့်ချက်နည်းပြုတ်နည်း

၂. Business ဆောင်ရန် ရှောင်ရန် (ညီညီနိုင်)

၃. Marketing Insights ( ညီညီနိုင်)

https://www.facebook.com/112657220424920/posts/124039252620050/?d=n

1. F.U Money

https://www.facebook.com/112657220424920/posts/121649546192354/?d=n

၁.စိတ်စွမ်းအားလျှို့ဝှက်ချက်များ

၂.စိတ်ဓာတ်ကျနေပြီဆိုလျှင်

၃.သုခမြေပုံ

၄.စိတ်ဖိစီးမှုလျှော့ချနည်းများ

https://www.facebook.com/112657220424920/posts/121115829579059/?d=n

📖 𝗟𝗶𝘀𝘁𝗶𝗻𝗴𝘀

၁. မိမိဘဝ မိမိစိတ်တိုင်းကျထူထောင်အောင်မြင်ရေး

၂. အောင်မြင်မှုသို့လမ်းမများ

၃. အနာဂတ်လူငယ်နှင့်နည်းဗျူဟာများ

၄.မျှဝေလိုသောအတွေးများ

https://www.facebook.com/112657220424920/posts/119882113035764/?d=n

၁.တို့မြန်မာတွေအာရှကျားဖြစ်ဖို့(လင်းသိုက်ညွန့်)

၂.မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့(အောင်သင်း)

၃.အနာဂတ်ကိုမကြောက်နဲ့ (အောင်သင်း)

https://www.facebook.com/112657220424920/posts/117832773240698/?d=n

၁.Rich Dad Poor Dad (Both Myanmar and english version)

https://www.facebook.com/112657220424920/posts/116481313375844/?d=n

Real Estate Books in English

https://www.facebook.com/112657220424920/posts/116356166721692/?d=n

၁.မြန်မာ့နည်းမြန်မာဟန်ဖြင့်အောင်မြင်ခြင်း

၂. ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်

၃.၂၄နာရီလုံးအကျိုးရှိရှိနေနည်း

၄.ဆက်ဆံရန်ခက်ခဲသူများနဲ့အလွမ်းသင့်နည်း

၅.သင်ဘာကြောင့်မအောင်မြင်သေးတာလဲ

https://www.facebook.com/112657220424920/posts/116280116729297/?d=n

Creation

This is the Book Sharing Video for My page on facebook. You can check my page and I am sure you'll get benefits if you are Myanmar Citizen Video Creation on ...

📙စာအုပ်တွေရမယ် စာအုပ်တွေ 📙          🥉🥈🥇🏆၁. နှလုံးသားအာဟာရ၂. မော်ဒယ်လ် သစ်နဲ့လူ၃. Invest In your Brain
24/05/2020

📙စာအုပ်တွေရမယ် စာအုပ်တွေ 📙

🥉🥈🥇🏆

၁. နှလုံးသားအာဟာရ

၂. မော်ဒယ်လ် သစ်နဲ့လူ

၃. Invest In your Brain

🎄"𝟱 𝗜𝗻𝗱𝗼𝗼𝗿 𝗣𝗹𝗮𝗻𝘁𝘀 𝗧𝗵𝗮𝘁 𝗖𝗮𝗻 𝗚𝗿𝗼𝘄 𝗜𝗻 𝗬𝗼𝘂𝗿 𝗛𝗼𝗺𝗲"🎄1. Money Plant2. Snake Plant3. Dracaena4. Areca Palm5. Aloe Vera
20/05/2020

🎄"𝟱 𝗜𝗻𝗱𝗼𝗼𝗿 𝗣𝗹𝗮𝗻𝘁𝘀 𝗧𝗵𝗮𝘁 𝗖𝗮𝗻 𝗚𝗿𝗼𝘄 𝗜𝗻 𝗬𝗼𝘂𝗿 𝗛𝗼𝗺𝗲"🎄

1. Money Plant
2. Snake Plant
3. Dracaena
4. Areca Palm
5. Aloe Vera

Address

Yangon

Telephone

+959971867677

Website

Alerts

Be the first to know and let us send you an email when ZAKS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ZAKS:

Shortcuts

Share