သုတေသနကျမ်း၌
အောက်ခြေကျမ်းကိုးမှတ်စုနှင့် နောက်ဆုံးကျမ်းကိုးစာရင်း တိုက်ဆိုင်ကြည့်ခြင်း၊ ပြင်ဆင်း၊ ဖျက်ခြင်း (လိုရာသုံး)အတွက် MS အသုံးပြုနည်း
Note and Bibliography in a Thesis
--
How MS is useful for your Thesis
View > Navigation Pane မှ search box ကို အသုံးချနည်း
အောက်ခြေကျမ်းကိုးနှင့်နောက်ဆုံးကျမ်းကိုးစာရင်း
လွဲနေရင် အလွယ်ပြင်နည်း
Camari Education Channel
Camari Education Channel
17/05/2026
Enclyclopedia ကိုးကားနည်း၊
chicago style
16/05/2026
#နိကာယ် #ပိဋက #ကျမ်း #ကျမ်းညွန်းသင်္ကေတ #စာမျက်နှာ
(ဆရာတော် ဘဒ္ဒန္တကုမာရ၊ သာသနာ့တက္ကသိုလ်၊ ပါချုပ်၊ မှတ်တမ်း)။
ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာရင်း
#ပါဠိ #အဋ္ဌကထာ #ဋီကာ #ဆရာတော်ဘဒ္ဒန္တကုမာရ #ပါမောက္ခချုပ် #သိမ်တော်ကြီး
15/05/2026
16/5/2026
-------------
📢 ONLINE TRAINING PROGRAM 📢
🇮🇳 အိန္ဒိယနိုင်ငံဆိုင်ရာ
ပညာသင်မြန်မာရဟန်းတော်များ
သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီး
Myanmar Monk-Students’ Welfare
Association of India (M.M.W.A.I)
၏ စီစဉ်ပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်မည့်
Online Training Program လေးတစ်ခုကို
လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။ ✨
🎓 Topic
“How to Use AI for Research”
(သုတေသနအတွက် AI သုံးနည်း)
👨🏫 Instructor
Ashin Wannathiri (Palaw)
🎓 Academic Status
Ph.D Thesis
Gujarat University
📚 သင်တန်းတွင် လေ့လာရမည့်
အကြောင်းအရာများ
✔ AI Tools များကို သုတေသနအတွက်
အသုံးပြုနည်း
✔ Research Writing
နှင့်
Literature Review
✔ Academic Writing Techniques
✔ Citation နှင့် Plagiarism Awareness
✔ Research Productivity
တိုးတက်စေမည့် နည်းလမ်းများ
📅 Starting Date
16-5-2026 (Saturday & Sunday)
🕗 Time
8:00 PM – 9:30 PM 💐India
7:00 PM - 8:30 PM 💐Myanmar
💻 Platform
Zoom Meeting
🆔 Zoom ID – 2321639657
🔐 Passcode – MMWAI26
✨ AI နည်းပညာကို အသုံးချ၍
တေသနလုပ်ငန်းများ ပိုမိုထိရောက်စွာ
ဆောင်ရွက်နိုင်စေရန် ရည်ရွယ်သော
လက်တွေ့အသုံးချ သင်တန်းတစ်ခု
ဖြစ်ပါသည်။
📌 စိတ်ပါဝင်စားသူများအားလုံး
တက်ရောက်လေ့လာနိုင်ပါသည်။
ပြန်ကြားရေးမှူးဆရာတော်
10-5-2026
15/05/2026
Applicants are invited
15/05/2026
Applicants are invited for PGD in Pali and Buddhist Studies.
,....
https://www.facebook.com/share/p/1EFwN6QUhe/
[English Text Below]
ပါဠိနှင့် ဗုဒ္ဓစာပေ လေ့လာမှုဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း (တန်းခွဲ-၁) အတွက် လျှောက်ထားနိုင်ပါပြီ
(PGDip in Pāli and Buddhist Studies)
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
ရက္ခပူရဗုဒ္ဓတက္ကသိုလ်
(ရန်ကုန်ဌာနခွဲ)
ရက္ခပူရဗုဒ္ဓတက္ကသိုလ်၏ ရန်ကုန်ဌာနခွဲတွင် ပါဠိနှင့် ဗုဒ္ဓစာပေ လေ့လာမှုဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းကို စတင် ဖွင့်လှစ် ပို့ချပေးတော့မည် ဖြစ်ပါသည်။ ဤသင်တန်းကို တက်ရောက်ခြင်းဖြင့် ပါဠိဘာသာနှင့် ဗုဒ္ဓတရား အနှစ်သာရ အခြေခံကောင်းများအပြင်၊ မော်ဒန်ခေတ် တွေးခေါ်နားလည်ပုံများနှင့် သုတေသနပညာရပ်ဆိုင်ရာ လုပ်ဆောင်ပုံများကိုပါ မျှတစွာ ကျွမ်းကျင်သွားစေမည် ဖြစ်ပါသည်။ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ပြီးလျှင် ရက္ခပူရဗုဒ္ဓတက္ကသိုလ် သို့မဟုတ် အခြားပညာရေးဌာနများ၌ MA (မဟာဝိဇ္ဇာ) ကဲ့သို့ ပို၍ အဆင့်မြင့်သော ဘွဲ့လွန်ဒီဂရီ သင်တန်းများကို တက်ရောက်နိုင်ရန် လိုအပ်သော အရည်အချင်း ပြည့်မီသွားပါမည်။ ဤသင်တန်းတွင် နယ်ပယ်မတူသော ပညာရပ်များကြား ဆက်စပ်နှိုင်းယှဉ်တွေးမြင်နိုင်စွမ်းကို ထက်မြက်လာစေရန် ပညာရပ်စုံ ယှက်ဖြာ နှီးနော သင်ကြားနည်းကို အသုံးပြု၍ ပို့ချသင်ကြားပေးမည် ဖြစ်ကာ၊ ယုံကြည်မှု မြင့်မားသော, ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်တတ်သော သုတေသီများ ဖြစ်လာစေရန် လေ့ကျင့်ပေးသွားပါမည်။
• သင်တန်းစတင်မည့်အချိန်။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ
• သင်တန်းကာလတာ။ ။ (၁) နှစ်
• တက်ရောက်မှုပုံစံ။ ။ အချိန်ပြည့်
• သင်တန်းနေရာ။ ။ ရက္ခပူရဗုဒ္ဓတက္ကသိုလ်
• သင်ကြားမှုအသုံးပြုဘာသာစကား။ ။ မြန်မာ၊ အင်္ဂလိပ်
• သင်တန်းကြေးနှင့် နေရာထိုင်ခင်း။ ။ တက္ကသိုလ်မှ ကုန်ကျခံပေးသည်
သင်ကြားပေးမည့်ဘာသာရပ်များ
• ဗုဒ္ဓဘာသာအခြေခံအုတ်မြစ်များ
—တရားသဘောဆိုင်ရာ အခြေခံအုတ်မြစ်
—သမိုင်းဆိုင်ရာ အခြေခံအုတ်မြစ်
—အဘိဓမ္မာ/ဒဿနဗေဒဆိုင်ရာ အခြေခံအုတ်မြစ်
—ဖွင့်ဆိုမှု (အဋ္ဌကထာ၊ ဋီကာ) ဆိုင်ရာ အခြေခံအုတ်မြစ်
• ပါဠိဘာသာနှင့် စာပေ
• သတိပဋ္ဌာန်ကမ္မဋ္ဌာန်းနှင့် စိတ်၏သန့်စင်မှု (သီအိုရီနှင့် လက်တွေ့)
• မော်ဒန်ခေတ်သဘောတရားများနှင့် တွေးခေါ်နားလည်ပုံများ
• ပညာရပ်သုတေသနလုပ်ထုံး
လျှောက်ထားသူတွင်ရှိရမည့် အရည်အချင်းသတ်မှတ်ချက်များ
1. (မြန်မာနိုင်ငံသား) အသက် (၃၅) အောက် ရဟန်းရှင်လူ မည်သူမဆို လျှောက်ထားနိုင်သည်။
2. လျှောက်ထားသူသည် ဓမ္မာစရိယဘွဲ့ သို့မဟုတ် တက္ကသိုလ်တခုခုမှ ဘီအေဘွဲ့ (သို့မဟုတ် ယင်းတို့နှင့်အလားတူ ပညာရည်သတ်မှတ်ချက်တခု) ရရှိထားရမည်။
3. ဝင်ခွင့်စာမေးပွဲတွင် အင်္ဂလိပ်ဘာသာအရည်အချင်း စစ်ဆေးခံရမည်။ အရည်အချင်း မပြည့်မီပါက တက္ကသိုလ်၌ လိုအပ်သလို မွမ်းမံသင်ယူရမည်။
လျှောက်လွှာတင်ရာ၌ ပါရှိရမည့် စာရွက်စာတမ်း အထောက်အထားများ
1. မကြာသေးခင်က ရိုက်ကူးထားသော ၁-လက်မအရွယ် ဓါတ်ပုံ ၁-ပုံ
2. သင်တန်းကို တက်ရောက်လိုခြင်းနှင့် ပတ်သက်၍ စာလုံးရေ ၅၀၀-ပါ အင်္ဂလိပ်ဘာသာဖြင့် ရေးသားတင်ပြချက်
3. ဓမ္မာစရိယဘွဲ့ သို့မဟုတ် တက္ကသိုလ်တခုခုမှ ဘီအေဘွဲ့ (သို့မဟုတ် ယင်းတို့နှင့်အလားတူ ပညာရည်သတ်မှတ်ချက်တခု) မိတ္တူ
4. လက်ရှိ သီတင်းသုံးရာ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်၏ ထောက်ခံချက်
5. သာသနာဝင်ကဒ် မိတ္တူ (လူဆိုလျှင် နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ)
လျှောက်လွှာပိတ်ရက်။ ။ ၂၀၂၆ ဇွန်လ ၇
လျှောက်လွှာပို့ရမည့်လိပ်စာ။ ။ရက္ခပူရဗုဒ္ဓတက္ကသိုလ် (ရန်ကုန်ဌာနခွဲ)၊ မြောက်ဦးဓမ္မစင်တာတောရ၊ ဆယ်မိုင်ကုန်း၊ ရန်ကုန်-ပဲခူးလမ်းမကြီး၊ ကျောက်တန်းစံပြကျေးရွာ၊ ပဲခူးမြို့နယ်။ ဖုန်း-၀၉၂၆၆၀၁၅၇၁၁
[ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သူများ
ဒေါက်တာ ဝိသာရဒ ဖုန်း 09260760879
ဒေါက်တာ ပညိန္ဒြိယ ဖုန်း 09260645406
ဒေါက်တာ ဝရဉာဏ ဖုန်း 09449592163]
မှတ်ချက်။ ။ လျှောက်လွှာပုံစံ pdf ဖိုင်ကို ပထမ comment တွင် ရယူပါ။
¨¨¨
PGDip in Pāli & Buddhist Studies (First Intake)
Academic Year 2026-2027
Rakkhapura Buddhist University
(Yangon Campus)
The Postgraduate Diploma (PGDip) programme in Pāli and Buddhist Studies aims to provide our students with a balanced foundation in Pāli, core Buddhist teachings, modernist thinking and academic skills. Upon completing the programme, students will have developed the essential skills required to pursue higher Degree study at RBU or other institutions. Adopting an interdisciplinary approach in order to sharpen the students’ thinking ability across disciplines, we will focus on equipping the students with a strong foundation in academic research skills, thus fostering confident and independent researchers in their fields of study.
• Start of programme: July 2026
• Length of programme: 1 academic year
• Mode of attendance: Full-time
• Mode of learning: On-campus
• Medium of study: Burmese, English
• Tuition & Accommodation: Freely provided
Courses Offered:
• The Foundations of Buddhism
—Doctrinal
—Historical
—Psycho-Philosophical
—Exegetical
• Pali Language and Literature
• Buddhist Meditation and Spirituality in Theory and Practice
• Modernist Ideas and Ways of Thinking
• Academic Study Skills
Eligibility of Applicants:
1. One who applies for the program must be a Myanmar citizen—monastic member or layperson—and under 35 years of age.
2. Applicants must have completed either a Bachelor's Degree or Dhammacariya Examination—or their equivalent.
3. Applicants must take an English Proficiency Test as the entrance exam, and those who fail the test will have to take a remedial course in the language.
4. No prior knowledge of Pali and Buddhism is required.
Documents Required for Application:
1. Please attach the application form with a recent 1-inch photograph.
2. A Personal Statement (500 words) which clearly explains why you wish to take our programme.
3. Photocopy of Bachelor's Degree or Dhammācariya Certificate or their equivalent.
4. Recommendation Letter from the Abbot of the applicant’s current residing monastery.
5. Photocopy of ID Card.
Application Deadline: 7 June 2026
Applications should be submitted to Rakkhapura Buddhist University: Yangon Campus
(@ Mrauk-U Dhamma Centre Tawya, 10th Mile, Yangon-Bago Road, Bago Region. Tel: 09 266 015 711)
N.B. See the first comment for Application Form.pdf.
14/05/2026
#ဒုဋ္ဌဂါမဏိမင်းကဗုဒ္ဓဘာသာကိုကာကွယ်ဖို့စစ်ပွဲဆင်နွှဲတာလား၊
===========
ဒမီးလ်သူပုန်တွေနှိမ်နင်းတဲ့စစ်ပွဲမှာ ကျော်ကြားခဲ့တဲ့သီဟိုဠ်ဘုရင်တပါးပဲ၊
ဒီစစ်ပွဲမှာ လူပေါင်းများစွာကို သတ်ခဲ့ပေမဲ့ ရဟန္တာရှစ်ပါးကြွရောက်နှစ်သိမ့်မှုပေးခဲ့တဲ့အခါ
" (၁) ဒီကျူးလွန်မှုတွေကလဲ နတ်ပြည်နတ်ရွာကို မတားစီးနိုင်ဘူး။
"(၂) လူတယောက်နဲ့တပိုင်းသာ သတ်ရာရောက်တယ်၊
"(၃) ကျန်တဲ့သူတွေက တိရိစ္ဆာန်အဆင့်လောက်သာရှိတဲ့ မယုံကြည်သူနှင့် သီလမရှိသူတွေဖြစ်ကြတယ်။"
ရှင်ဘုရင်ကတော့ ဒီမိန့်ကြားချက်ကြောင့်မို့ စိတ်သက်ရာရသွားတယ်။
ဒီအကြောင်းကို မဟာဝံသက တိတိကျကျမှတ်တမ်းတင်ထားတယ် (အခန်း ၂၅ နောက်ပိုင်း)။
ဒီအဖြစ်အပျက်မှတ်တမ်းအပေါ် ဆရာတော် ဝါပိုလာရာဟုလာ က -
"ဗုဒ္ဓဘာသာတည်တံ့ရေး၊ကာကွယ်ရေး၊ပြန့်ပြွားရေးအတွက်သူများအသက်ကိုသတ်ခြင်းဟာ ဗုဒ္ဓဝါဒမဟုတ်ဘူး၊ ဗုဒ္ဓဒေသနာနှင့်မညီဘူး" လို့ တုန့်ပြန်ထားပါတယ် (History of Buddhism in Ceylon, p. 228)။
ဒါ့အပြင် ဒီသမိုင်းကျမ်းမှာ ဒီအဖြစ်အပျက် အရေးအသားအပေါ် ဆရာတော်က သံသယဖြစ်မိတာလဲရှိတယ်၊
ဒါကြောင့်လဲ "မဟာဝံသပြောပုံအရ ထိုခေတ်ရဟန္တာတွေမှာ ဘာသာရေး အမျိုးသားရေး အယူသီးမှုရှိတယ်" လို့ ကောက်ချက်တခုပေးထားတယ်။
တကယ်ပဲ ရဟန္တာပုဂ္ဂိုလ်တွေဟာ ဘာသာရေး အမျိုးသားရေးအယူသီးမှုရှိသလား?
တကယ်လို့ ဒီအယူသီးမှုတွေရှိနေရင် ဒီရဟန်းရှစ်ပါးက ရဟန္တာမဟုတ်ပဲဖြစ်နေမလား?
တကယ်တော့ ဘုရားလက်ထက်က ရဟန္တာနှင့် သီဟိုဠ်ခေတ်အဋ္ဌကထာတွေမှာ ပြောတဲ့ ရဟန္တာတို့ဟာ ကွဲပြားနေပြီဖြစ်ပါတယ်၊
ဘယ်လိုပုံစံလဲဆိုတော့ တရားနဲ့အမြဲနေတဲ့ရဟန်းကို ရဟန္တာဟုယူဆထားတာမျိုးဖြစ်တယ်၊ သူ့ကို မာတုဂါမနဲ့ဆွယ်ကြည့်မှ ရဟန္တာမဟုတ်မှန်းသိရတော့တယ်၊ ဒီလို ကိလေသာတဒင်္ဂငြိမ်းနေတဲ့ရဟန်းတွေကို ရဟန္တာလို့ မှားယူဆကြတာရှိတော့ -
ရှင်ဘုရင်ကို နှိမ်သိမ့်ဖို့ကြွလာတဲ့ ရဟန်းတော်တွေဟာ တကယ့်ရဟန္တာအဆင့်ရောက်သူတွေမဟုတ်ဘဲ သာမာန်အဘိဉာဏ်ရရဟန်းတွေများဖြစ်နေမလား၊ ထိုရဟန်းမျိုးကို ရဟန္တာဟု သမုတ်ထားကြတာဖြစ်ဟန်လဲရှိတယ်။
ရဟန္တာအစစ်ဆို ထိုစကားမျိုးပြောမှာမဟုတ်ဘဲ ရဟန္တာအစစ်မဟုတ်လို့ ဒီစကားမျိုး နှိမ့်သိမ့်စကားမျိုးပြောတာ ဖြစ်နေမလား စဉ်းစားစရာပါ။
ဒါကြောင့် -
"(၂) လူတယောက်နဲ့တပိုင်းသာ သတ်ရာရောက်တယ်၊
"(၃) ကျန်တဲ့သူတွေက တိရိစ္ဆာန်အဆင့်လောက်သာရှိတဲ့ မယုံကြည်သူနှင့် သီလမရှိသူတွေဖြစ်ကြတယ်။"ဆိုတဲ့စကားဟာ ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ အဆင့်နဲ့ဆိုင်လို့ပါ၊
ဒါက ရဟန္တာအပိုင်း၊
- #နတ်ပြည်နတ်လမ်းကိုမတားမြစ်နိုင်ဘူး၊
ဒီအချက်က ငြင်းစရာမလိုပါဘူး၊
အကုသိုလ်ဘယ်လောက်လုပ်ထားသူဖြစ်ပါစေ ကုသိုလ်ကိုလဲလုပ်ခွင့်ရှိပါတယ်၊ အကုသိုလ်အားနည်းအောင် ကုသိုလ်ကိုပိုလုပ်နိုင်တယ်၊ ဒီဘဝမှာ ကိလေသာကုန်အောင်တရားအားထုတ်နိုင်ရင် အကုသိုလ်ကံတွေကို အဟောသိကံဖြစ်အောင်ထားခဲ့လို့ရတယ်၊
ဗုဒ္ဓရဲ့ကံသဘော/ကံအကျိုးပေးပုံရှိတယ်၊
အကုသိုလ်််််််လုပ်ထားသူက အကုသိုလ်ကံအကျိုးမပေးသေးခင် ကောင်းကျိုးတွေခံစားနေရတယ၊
ကုသိုလ်လုပ်တဲ့သူက ကုသိုလ်အကျိုးမပေးခင် အကိုသိုလ်ဆိုးကျိုးခံစားရတယ်၊
ဆိုတော့ ဒုဋ္ဌဂါမဏိမင်း ဒီဘဝမှကွယ်လွန်ရင် နောင်ဘဝမှာ နတ်ပြည်ရောက်ကိုရောက်မယ်လို့ ပြောထားတာလဲမရှိဘူး၊
ကြားမှာ အကုသိုလ်ဆိုးကျိုး အရင်အကျိုးပေးတာလဲဖြစ်နိုင်တာပဲ။
ဒုဋ္ဌဂါမဏိမင်းကို နှစ်သိမ့်နေတာဖြစ်ပါတယ်၊
ဒီအချိန်မှာ 'မင်းကြီးက သူများအသက်အများကြီးသတ်တာ အပြစ်ကြီးနေပြီ' စသည် ပြီးခဲ့တဲ့အမှုကို ပြန်ပြောနေရင် လူနာက ပို၍ နာကျင်တာပဲဖြစ်လာမယ်၊ စိတ်ဒဏ်ရာ ပိုဆိုးလာမယ်၊ ဒါကို psychotherapy ပိုင်း။
သာဓကကြည့်ရအောင်-
၁။ အသောကမင်းကလဲ စိတ်ဒဏ်ရာ သောကတွေ ဗလပွခံစားနေရတယ်၊
မောဂ္ဂလိပုတ္တိတဿမထေရ်ကိုပင့်ပြီ: တရားနာတယ်၊ သြဝါဒခံယူတယ်၊
မထေရ်က "စေတနာမရှိရင်ကံမမြောက်ဘူး" "စိတ်ကိုသက်သက်သာသာထားပါ" လို့မိန့်။ ပြောချင်တာက ဘုရင်ကြီ:မှာ သေစေလိုသောစေတနာမရှိလို့ဆိုရင် အဲဒီကံက ကိုယ့်နဲ့မဆိုင်ဘူး။ ဒါက ရဟန်းတွေကို သတ်မိလို့နောင်တရတဲ့ဇာတ်လမ်း။
အသောကရဲ့ သောကဖြေခန်းက အရင်စစ်တိုက်ခဲ့အမှုအတွက်မဟုတ်ဘူး၊ ဥပုသ်ပြုဖို့စေခိုင်းလို့ ရဟန်းတွေကိုသတ်မိရာက ပြသနာပါ။
ဒီမှာက ကံ အကြောင်းကို မထေရ်က မိန့်တော့ ဒုဋ္ဌဂါမဏိလောက် မပြင်းထန်ဘူး၊ ငြငးခုံစရာသိပ်မဖြစ်ဘူး။
၂။ အဇာတသတ်မင်း၊ ဖခင်ကိုသတ်တဲ့ကံကြောင့် သောက်ဖိစီးနေတာ၊ စားမဝင် အိပ်မပျော်တဲ့အထိ။ သူနဲ့ဗုဒ္ဓဆုံတော့ နောက်ဆုံးမှာ သူအဖေကိုသတ်မိကြောင်းဝန်ခံတယ်၊ ဗုဒ္ဓဘာမိန့်လဲဆိုတော့ - အပြစ်ကိုသိဝန်ခံတာ အရိယာတို့လမ်းစဉ်ကောင်းပဲ၊ အပြစ်ကိုကုစားတာက ကြီးပွားကြောင်းပဲ လို့မိန့်တယ်၊
ဆိုတော့ ဒါတောင်မှ အဇာသတ်လျှောက်လို့သာ ဗုဒ္ဓကအနည်းလေးပြန်ပြောတာနော်၊ ပြောတဲ့အခါမှာလဲ ကုစားရင်ကြီးပွားမည် ပဲပြောတာ၊
လူတယောက်ကိုစိတ်ဒဏ်ရာတိုးအောင်ပြောတာမဟုတ်ဘူး။
ဆိုတော့ ဒါက ဗုဒ္ဓစိတ်ကုထုံးပဲ၊
ဒီကုထုံးက လူနာကို ရှေးဒဏ်ရာကိုထပ်မဆွပဲ သက်တော့သက်သာဖြစ်ဖို့ကို ဦးစားပေးလိုက်တာပါ၊
မြှားဆိုက်ခံရနေတဲ့သူကို မြှားကိုအရင်နှုတ်ဖို့က အဓိက၊
ဒီမြှားက ဘယ်ကလာလဲ၊ ဘယ်သူပြစ်တာလဲ၊ ဘာအမျုးအစား ခွဲနေဖို့ အဓိကမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အတိတ်ကိုစမြုပ်ပြန်နေမည့်အစား ပစ္စုပ္ပန်မှာ အသင့်တော်ဆုံနည်းကိုသုံးလိုက်တာပဲ၊
ဆိုတော့ ရဟန္တာတို့စကား "နတ်ပြည်နတ်ရွာအန္တရာယ်မရှိ" ဆိုတာ လက်ခံနိုင်ကြဖို့များပါတယ်၊
#ဘုရင်နဲ့သံဃာဆက်ဆံရေး
တကယ်တော့ ရဟန်းတွေက ဘုရင် ဒုဋ္ဌဂါမဏိကို လူသတ်လို့အားပေးတာမဟုတ်ဘူး၊ နိုင်ငံကိုကာကွယ်တဲံသူကို အားပေးထောက်ခံပေးတာက နိုင်ငံသားရဲ့သဘာဝပဲ၊ သတ်ဖို့ဆိုတာက် အန္တရာယ်ကိုဂရုစိုက်ဖို့ပဲ ပြောမှာပဲ၊ ဒီလောက်က ပြောလို့ရတယ်၊ ဒုဋ္ဌဂါမဏိက ဗုဒ္ဓဘာသာအတွက် လူသတ်တာလား၊ အဲဒါက အဓိကရည်ရွယ်ချက်မဟုတ်ဘူး၊
ဒမီးလ်သူပုန်တွေ ကျူးကျော်လာတယ်၊ တိုင်းတပါးကလာကျူးကျော်တယ်၊ ဘာသာရေးအမွေအနှစ်တွေဖျက်ဆီ:တယ်၊ နိုင်ငံသားတွေကို တိုက်ခိုက်တယ်။
ဆိုတော့ကာ - ဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်လို့ ဗုဒ္ဓဘာသာဆိုင်တဲ့အမွေအနှစ်တွေရှိမည်၊ ဖျက်ဆီးခံရမည်ဆိုတာ အသေအချာပဲ။
အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံကာကွယ်ရေးပဲ၊ တိုင်းတပါးလက်အောက်ကျရင် အဖမ်းခံရမည်၊ ကျွန်ပြုခံရမယ်၊ အသတ်ခံရမယ်၊
ဆန့်ကျင်ဘက်ရန်သူလဲဖြစ်ကြတယ်၊
ဗုဒ္ဓဘာသာ,သာသနာ,အမွေအနှစ်အတွက် ဟုတ်ဟုတ်,မဟုတ်ဟုတ်
နိုင်ငံကာကွယ်ရေးအတွက်,နယ်မြေကာကွယ်ရေးအတွက်
ဒုဋ္ဌဂါမဏိက ဒီစစ်ပွဲကို ဆင်နွှဲမှာပဲ၊
ဒီလိုလဲ မြင်သင့်ပါတယ်၊
13/05/2026
E. Pitaka
07/05/2026
သုတေသနစာအုပ်များ၊ ဆောင်းပါးများကို
အဆင့်အဆင့်ဖတ်နည်း
22. (ATP 02) ပညာရပ်ဆိုင်ရာစာအုပ်များ၊ ဆောင်းပါးများ ဖတ်ရှုနည်း | အရှင်စန္ဒာဒီပ မျှဝေသည်။ #အမ်အေကျောင်းသားသစ်များအတွက်အထူးရည်ရွယ်သောအစီအစဉ်ဖြစ်သည်။ # # #----ဤချယ်နယ်သည် "မြန်မာကျောင်းသားများအဖွဲ့ -သီရ.....
Where this?
Click here to claim your Sponsored Listing.
Location
Category
Address
Kabaraye Pagoda Road
Colombo
11061
Opening Hours
| Monday | 09:00 - 23:00 |
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 06:00 - 18:00 |
| Saturday | 17:00 - 23:00 |
| Sunday | 06:00 - 11:00 |
| 13:00 - 18:00 |