27/02/2025
✌️အာရုံနောက်စရာ ဖြတ်လျှောက်တွေကို ခေါင်းထဲမထည့်နဲ့✌️
သေသေချာချာတွေးကြည့်ရင် ကိုယ့်ကိုစိတ်ရှုတ်အောင်လုပ်တဲ့အရာတွေက ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေပဲ …ကိုယ်နဲ့အတူနေတဲ့ အခန်းဖော်ကအဆင်မပြေလို့…အလုပ်အတူလုပ်တဲ့သူက အဆင်မပြေလို့…စသဖြင့်…….
ကိုယ်နဲ့အကျင့်စရိုက်ချင်းမတူ တွေးခေါ်ပုံချင်း စိတ်ဓာတ်ချင်း မတူတဲ့သူတွေနဲ့နေရရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ စိတ်ညစ်ရမှာပဲ
အဲ့လိုစိတ်ညစ်ရတိုင်းသာ ပူလောင်နေမယ်ဆိုရင် ကိုယ့်စိတ်ရဲ့ ငြိမ်းချမ်းမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး
သူတို့က သူတို့အကျင့်စရိုက်အတိုင်း နေမှာပဲ ကိုယ်ကသာ မကောင်းမှန်းသိလို့ ကောင်းစေချင်တဲ့မျှော်လင့်ချက်နဲ့ လိုက်တွေးပြီး ပူလောင်နေရတာ
အဲ့လိုလူမျိုးတွေနဲ့တွေ့ရင်
✨သူတို့ဆီက ဘာမှ မျှော်လင့်ချက်မထားနဲ့
✨ကိုယ့်စိတ်ကလေး ငြိမ်းအေးဖို့က အဓိက တခြားဘာမှထပ်မတွေးနဲ့ သူတို့ကိုလဲ မှန်တယ် မှားတယ် မဝေဖန်နဲ့ အဓိကကတော့ ကိုယ့်ကိုကိုယ် မဝေဖန်မိစေနဲ့ …ကိုယ့်ကိုကိုယ် ဘယ်လို judge လုပ်ကြလဲဆိုရင်
“ ဒါကသူတို့အကျင့်ပဲ ငါက ကောင်းအောင် ကြိုးစားနေတဲ့သူ ငါကပဲ နားလည်ပေးရမှာပေါ့ ငါကပဲ သည်းခံရမှာပေါ့ “
အဲ့လိုမျိုးတွေတွေးရင် ခဏပဲ အေးချမ်းမယ် နောက်တခေါက်ထပ်ဖြစ် ထပ်ပူလောင်ရမှာပဲ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ်လဲ မဝေဖန်နဲ့
စိတ်ကလေးပူလာပြီဆိုရင် ပူနေတာလေးကိုပဲ သတိလေးကပ်ပြီး စောင့်ကြည့် အသက်ရှူ ကြာရင် စိတ်ကလေး အေးလာလိမ့်မယ်
✨သူတို့က ကိုယ့်ဘဝရဲ့ဖြတ်လျှောက်တွေပဲ ရိုးရိုးဖြတ်လျှောက်တွေမဟုတ်ဘူး သူများကို စိတ်အနှောင့်အယှက် လိုက်ပေးနေတဲ့ဖြတ်လျှောက်တွေ
ကိုယ်က ကိုယ့်ဘဝကို တိုးတက်ဖို့ အောင်မြင်ဖို့ ကြိုးစားနေတဲ့သူဆို လမ်းသွားရင်းတွေ့တဲ့ အာရုံနောက်စရာ ဖြတ်လျှောက်တွေကို ခေါင်းထဲ ထည့်စရာမလိုဘူး
ကိုယ့်ရဲ့ Goal တွေ Mission တွေ ရောက်အောင် ဘာတွေလုပ်ရမလဲဆိုတာကို အာရုံစိုက်ပြီး ကြိုးစားဖို့ပဲ လိုတယ်
စိတ်ပျက်စရာ ဖြတ်လျှောက်တွေနဲ့ ကင်းဝေးကြပါစေ 💛