16/11/2024
여러분 안녕하세요 !!! အားလုံးပဲ မတွေ့ရတာ အရမ်းကြာသွားပြီနော် ❤
ဒီတစ်လောအတွင်း စာတွေလည်း မတင်ဖြစ်သလို အတန်းလေးတွေလည်း လက်မခံဖြစ်တာက မင်မင်က အခု ကိုရီးယားမှာ D2 ( Undergraduate Program ) နဲ့ 가천대학교 မှာ 9လပိုင်းလောက်က ကျောင်းသွားတတ်နေတာဖြစ်လို့ ရောက်တာလည်း မကြာသေးလို့ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ အချိန်ကလည်း ဘယ်လိုမှ မရတာနဲ့ သင်တန်းပြန်ဖွင့်ဖို့ကို အချိန်မပေးဖြစ်ဘူး ဖြစ်သွားတာကြောင့်ပါ 🥺❤ အတန်းနဲ့ ပတ်သက်ပြီးတော့လည်း အများကြီး လာမေးကြပေမယ့် မင်မင် စာပြန်လို့ ရတဲ့ သူတွေကျ အကုန်ပြန်ပေးပြီးတော့ တစ်ချို့ဟာတွေကျ စာပြန်လို့မရလို့ စာမပြန်ဖြစ်တာလေးတွေ မတွေ့မိတာလေးတွေရှိလို့ စာမပြန်ဖြစ်ခဲ့တာတွေရှိရင် တမြင်မပြန်တာမဟုတ်ကြောင်းကို ဒီကနေပဲ နားလည်ပေးပါလို့ ပြောချင်ပါတယ်ရှင့် 🥺❤️
အခု အချိန်လေးလည်း ပြန်ရပြီဆိုတော့ မြန်မာမှာပဲဖြစ်ဖြစ် ကိုရီးယားမှာပဲဖြစ်ဖြစ် Topik II ဖြေချင်တဲ့သူရှိရင် တစ်ယောက်ချင်း သီးသန့်သင်ပေးတဲ့ One On One အတန်းလေး လာအပ်လို့ ရပါပြီနော် ။ ဘာဖြစ်လို့ အများနဲ့ မသင်တာလဲ တစ်ယောက်ချင်း သီးသန့်သင်တဲ့ အတန်းတွေပဲ ဘာလို့ဖွင့်တာလဲဆိုရင် မင်မင် အရင်က ပြောခဲ့သလိုပါပဲ Topik II အတန်းတွေက တစ်ယောက်ထဲသင်ရင် ပိုပြီး ထိရောက်ပြီး မြန်မြန်နားလည်လွယ်တယ် တတ်မြောက်လွယ်တယ်လို့ ခံစားရလို့ ကိုယ့်ရဲ့ တပည့် တစ်ယောက်ချင်းစီကို သီးသန့်အချိန်ပေးပြီး သေချာလေး သင်ပေးဖြစ်တာပါ ။ One On One ဖြစ်တဲ့အတွက်ကြောင့် လိုချင်တဲ့ အချိန်နဲ့ ရက်ကို မြန်မာအချိန်ပဲဖြစ်ဖြစ် ကိုရီးယားအချိန်ပဲဖြစ်ဖြစ် CB မှာလာပြီး ညှိလို့ရပါတယ် ။ အများကြီးတော့ လက်မခံသေးဘဲ လောလောဆယ် လူအရေအတွက် နည်းနည်းလောက်ပဲ လက်ခံပါအုံးမယ်နော် ❤
နောက်ပိုင်း မင်မင်တတ်နေတဲ့ ကျောင်းနဲ့ အတန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အချိန်ရတဲ့အခါကျရင် Page ကနေ Sharing လုပ်ပေးသွားပါ့မယ် ။
Scholarship အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ သိချင်တာပဲဖြစ်ဖြစ် ကိုရီးယားမှာ ကျောင်းသွားတတ်ဖို့ ပြင်ဆင်နေတဲ့ သူတွေရှိရင်လည်း အချိန်မရွေး သိချင်တာရှိရင် လာမေးလို့ ရပါတယ် 🥺❤️