I-kids

I-kids

Share

Teaching Aids for young Learners!!

We have been carefully design all of our flash cards with unique pictures to ensure children learn how to research, cooperate, debate and negotiate with their peers to gain more knowledge and have fun.

17/01/2021

ကလေးများ Social emotional skills ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ရျ် Ikids မိသားစုမှ Free trial တစ်ပါတ်လျှင် ၂ ရက် knowledge sharing လုပ်ပေးပါမည် ... If you are interested, pls contact us .. Pls keep going healthy & happy as ever you guys are ... Be safe & have a great day 😍😍

Note : Suggested Age suitable for 6 to 12 !!!

Independance Day Fun Fair (3 Jan) 04/01/2021

ကလေးလေးတွေနဲ့ဆို အမြဲပျော်နေတဲ့ ဒေါ်ဂျက် 😁😁

I-kids X'mas Time (Day 5) 25/12/2020

ကလေးများချစ်သော I-Kids 🥰

24/07/2017

Swine flu ဆွိုင်းဖလူး (ခေါ်) H1N1 တုပ်ကွေး ကာကွယ်ရေး

၁။ Stay home if you're sick
နေမကောင်းရင် အိမ်မှာသာနေထိုင်ပါ။ အဖျားပျောက်ပြီး ၂၄ နာရီအထိ အပြင်မထွက်ပါနဲ့။ ကိုယ့်ရောဂါ သူများတွေကို မပေးပါနဲ့။

၂။ Wash your hands thoroughly and frequently
လက်မကြာခဏဆေးပါ။ ရေ + ရိုးရိုးဆပ်ပြာသုံးပါ။
ဖြစ်နိုင်ရင် Alcohol-based hand sanitizer ဟင်းဆင်နတိုက်ဇာဆေးရည်သုံးပါ။

၃။ Contain your coughs and sneezes
နှာချေ ချောင်းဆိုးတာ ထိန်းပါ။ တံတောင်ဆစ်ထဲချောင်းဆိုးတဲ့အကျင့်လုပ်ပါ။ နှာခေါင်းစည်းသုံးပါ။ တစ်ရှူးသုံးပါ။ စနစ်တကျစွန့်ပါ။

၎။ Avoid contact
ထိတွေ့မှု နည်းနိုင်သမျှနည်းပါစေ။ လူများရာကို မသွားပါနဲ့။ အသက် ၅ နှစ်အောက်နဲ့ ၆၅ နှစ် ကျော်သူတွေ ပိုသတိထားပါ။

၅။ Reduce exposure within your household
ကြမ်းပြင်၊ မျက်နှာပြင်နဲ့ အသုံးအဆောင်တွေမှာ ရောဂါရှိသူဆီက နှာချေ ချောင်းဆိုးရာကနေထွက်လာတဲ့ ဗိုင်းရပ်စ်တွေကပ်နေနိုင်တယ်။

၆။ Flu vaccination
ကာကွယ်ဆေးကို အသက် ၆ လအထက်ထိုးနိုင်တယ်။ဗိုင်းရပ်စ် ၂-၃ မျိုးကိုပါကာကွယ်မယ်။
ထိုးဆေး + နှာခေါင်းထဲထည့်ဆေးလို့ ၂ မျိုးလာတယ်။
နှာခေါင်းထဲထည့်ဆေးကိုတော့ အသက် ၂ နှစ်ကနေ ၄၉ နှစ်အထိ ကိုသာပေးတယ်။ ကိုယ်ဝန်ဆောင်ကို မပေးရပါ။
ကြက်ဥနဲ့မတည့်သူတွေ မပေးရပါ။ HIV ရှိသူတွေနဲ့ ပန်းနာရှိသူတွေ မပေးရပါ။

မှ - ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၇

Photos from I-kids's post 24/07/2017

ကာကွယ်​ဖို့ ...

3 Cs ကို လိုက်​နာပါ။

Clean ...... သန့်​စင် (လက်​ကိုမကြာခဏ သန့်​စင်​ပါ။)
Cover ..... ဖုံးအုပ်​ (နှာ​စေး၊ ​ချောင်းဆိုးလျှင်​ ဖုံးအုပ်​ပါ။)
Contain .. ​တားဆီး (အခြားသူမှ​ရောဂါပိုးများ မိမိသို့မကူးစက်​​စေရန်​၊ မိမိမှ​ရောဂါပိုးများ အခြားသူများသို့ မကူးစက်​​စေရန်​ တားဆီးပါ။)

Clean
°°°°°°
• အစာမစားခင်​နှင့်​ ပစ္စည်းပစ္စယ​များကိုင်​တွယ်​ပြီးတိုင်း လက်​ကို စင်​ကြယ်​​အောင်​ ဆပ်​ပြာဖြင့်​ဆေး​ကြောပါ။ ဆပ်​ပြာ အလွယ်​တကူမရပါက အရက်​ပျံပါ​သော ပိုးသန့်စင်​လက်​​ဆေးရည်​နှင့်​ ပွတ်​သပ်​ ​ဆေး​ကြောပါ။

• မသန့်​ရှင်း​သော (မ​ဆေး​ကြောရ​သေး​သော) လက်​နှင့်​ နှာ​ခေါင်း၊ ပါးစပ်​၊ မျက်​စိတို့ကို ပွတ်​သပ်​ခြင်းမှ ​ရှောင်​ကြဉ်​ပါ။

• အပြင်​မှပြန်​လာသည့်​အခါ က​လေးငယ်​​များ၊ အစားအ​သောက်​​များကို ချက်​ချင်းမကိုင်​တွယ်​ဘဲ ကိုယ်လက်သန့်စင်​/ ရေချိုးပြီးမှ ကိုင်​တွယ်​ပါ။

Cover
°°°°°°
• ချောင်းဆိုး၊ နှာ​ချေလျှင်​ ပါးစပ်​နှင့်​ နှာ​ခေါင်းကို စက္ကူစ၊ ပုဝါစဖြင့်​ ဖုံးအုပ်​ပါ။ စက္ကူစ၊ ပုဝါစ အလွယ်​တကူ မရှိပါက လက်​​မောင်း၊ လက်​ဖျံဖြင့်​ ဖုံးအုပ်​ပါ။

Contain
°°°°°°°°
• လူထူထပ်​သည့်​နေရာများကို ​ရှောင်​ကြဉ်​ပါ။

• အိမ်​အပြင်​၊ အထူးသဖြင့်​ လူထူထပ်​သည့်​နေရာများသို့ သွားလျှင်​၊ လူထူထပ်​သည့်​​နေရာများတွင်​ အလုပ်​လုပ်​ရလျှင်​ နှာ​ခေါင်း၊ ပါးစပ်​အုပ်​သည့်​ mask တပ်​ပါ။ (ဖြစ်​နိုင်​လျှင်​ ကိုယ်​နှင့်​အရွယ်​အစားကိုက်​ညီသည့်​ N95 mask ကို သုံးပါ။)

• နှာ​စေး၊ ​ချောင်းဆိုး​နေသူ​များနှင့်​ ထိ​တွေ့၊ ​ပွေ့ဖက်​နမ်းရှုတ်​ခြင်းမှ ​ရှောင်​ကြဉ်​ပါ။

• မိမိကိုယ်​တိုင်​ နာမကျန်းဖြစ်​​နေပါကလည်း လူထူထပ်​​သော​နေရာများကို ​ရှောင်​ကြဉ်​ပြီး ​ဆေးကုသမှုခံယူပါ။

Credit to Dr. Pyae Phyo Aung

24/07/2017

Many More New Products are coming very soon … Thanks a lot for everything !!!

18/06/2015

💪ကာယလေ့ကျင့်ခန်းတွေရေးနေမဲ့အချိန်မှာ...
ကျောင်းသားတွေကို ကျောင်းဝင်းထဲမှာပေးဆော့လိုက်စေချင်တယ်🏃🏃🏃🚶🚶🚹🚺🏃🏃

🌱🌿🌴🌵စိုက်ပျိုးရေးအကြောင်းတွေရေးခိုင်းနေမဲ့အချိန်မှာ...
ကျောင်းသားတွေကို 🌾မြေကြီးတွေကိုင်ပြီး ပဲပင်ပေါက်လောက်ဖြစ်ဖြစ် ဘယ်လိုစိုက်တယ်ဆိုတာ လက်တွေ့ပြစေချင်တယ်🍄🌽

🎶🎧🎤🎹ရသဆိုတဲ့ စာအုပ်ထဲမှာ စာတွေရေးခိုင်းနေမဲ့အချိန်မှာ ဆရာမက ကဗျာလေးတစ်ပုဒ်လောက်🎤ရွတ်ပြပြီး ကျောင်းသားတွေပါတစ်ခါထဲ 🔊 နှုတ်တိုက်သင်ပေးလိုက်စေချင်တယ်

အခုတော့ အဓိကဘာသာရပ်တွေ (မြန်မာစာအင်္ဂလိပ်စာသင်္ချာ) အတွက်က တစ်ဘာသာသုံးအုပ်📘📙📗 ပေါင်းကိုးအုပ်📚📚📚
သိပ္ပံ စာရိတ္တ ဘဝတွက်တာ စိုက်ပျိုးရေး ရသ ကာယ
အားလုံးစုစုပေါင်း 15 အုပ်📚📚📚📚📚

📣နိုင်ငံတော်သမ္မတက မြန်မာလူမျိုးတွေ အရပ်ရှည်ဉာဏ်ကောင်းအောင် 🍶🍞နွားနို့သောက်ဖို့တိုက်တွန်းတယ်
စာသင်ကျောင်းက အရပ်မထွက်အောင် အလေးချိန်နဲ့ဖိထားတယ်🔒

🎒🎒🎒ကိုယ့်ဝန်ကိုထမ်းရမဲ့ဆိုတဲ့စည်းကမ်းနဲ့ ဒီအမေကလွယ်အိပ်ကူမသယ်ပေးခဲ့တာ ခုတော့ရက်စက်သူကြီးကိုဖြစ်လို့ 🔫🔫🔫

ဆိုလိုချင်တာကတော့ လူအင်အားမရှိလို့ ပစ္စည်းကိရိယာမပြည့်စုံလို့ ဘာလို့ညာလို့ နားလည်ပေးတယ်လက်ခံပေးမယ်
အခုတော့
✔ ရသတွေသာကူးလာတယ်
✖ ရင်ထဲမှာ ဘာမှမပါလာဘူး

✔ကာယတွေသာကူးလာတယ်
✖သွေးပူလေ့ကျင့်ခန်းဆိုတာဘာမှန်းမသိ

✔စိုက်ပျိုးရေးသာကူးလာမယ် ✖အပင်ဘယ်လိုပေါက်လဲမသိ

လက်ညောင်းတာပဲအဖတ်တင် ပခုံးလေးတာပဲအဖတ်တင်မဲ့အတူတူ အဲ့အချိန်တွေကို PE ချိန်လို့သတ်မှတ်ပြီး
🎨ပုံဆွဲချင်တဲ့သူဆွဲ 🎨
🎭စကားပြောချင်တဲ့လူပြော 🎭
🐒ကစားချင်တဲ့လူကစား🐒
လုပ်ချင်တာလုပ်ကြဆိုရင် 🎆🎉🎊ပိုမကောင်းဘူးလားလို့
ပြောလည်းပြောချင်တယ်
ပြောလည်းမပြောရဲဘူး 😁😁😁

ပုံ
မေမေ👩
(အစိုးရကျောင်းမှသားသားမီးမီးများမိခင်တစ်ဦး)

08/04/2013

ဒီနေ့ ညနေ ပြည်သူ့ ဥယျာဉ် .. ချန်းချန်ရဲ့ ရံပုံငွေဈေးရောင်းပွဲမှာ I-kids ရှိမယ် .. ၅ နာရီမှ ၉ နာရီ ထိပဲနော် .. လာခဲ့နော် ..

02/01/2013

Happy New Year .. Everyone !!!

I-kids: Invitation Card Creation 22/11/2012
Photos 22/11/2012
30/10/2012

Happy Thadinkyut Festival ....

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Inya Road Road, Kamayut Township
Yangon