𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝘼𝙧𝙩 𝘾𝙡𝙖𝙨𝙨

𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝘼𝙧𝙩 𝘾𝙡𝙖𝙨𝙨

Share

ကလေးပန်းချီသင်တန်း၊စိတ်ကူးထဲကအတိုင်းပုံဆွဲကြမယ်။

Photos from 𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝘼𝙧𝙩 𝘾𝙡𝙖𝙨𝙨's post 22/07/2025

တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ်
လူပုံအချိုးအစား လေ့ကျင့်ရင်းနဲ့ စိတ်မောကြမယ်
အစီအစဉ်မှ ကြိုဆိုလိုက်ပါတယ်ရှင့်🥳❤️

ယုံချင်ယုံ မယုံချင်နေ ဒါအမှန်တရား🤭

ကိုယ့်အကြိုက်ဆုံးအရာတွေကနေ
စွဲလန်းမှုကိုဖြစ်စေတယ်တဲ့...စွဲလန်းမှုကနေ
ကြိုးစားရင်း ပရောဖက်ရှင်နယ်ဖြစ်လာတယ်။

စစချင်းမှာ ဘယ်အရာမှ ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး၊ဒါပေမဲ့ ဖယောင်းလမ်းဖြစ်ဖို့ ကိုယ်တိုင်
ပြောင်းလဲ ဖန်တီးရတာပါ။

ကိုယ့်လမ်းကိုယ်ရွေး၊ကိုယ့်ဆုံးဖြတ်ချက်
ကိုယ်ပိုင်နိုင်ဖို့ ပင်လယ်ကိုလက်ပစ်ကူးရင်း
စိတ် အေးချမ်းပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့ကြတာပါပဲ။

ကိုယ့်ဖက်က ခြေတစ်လှမ်း စလှမ်းရဲဖို့ မကြောက်
ပါနဲ့၊နောက်ခြေလှမ်းတွေက အလိုက်အထိုက်လေး
ရွေ့လျားလာတတ်ပါတယ်။အဲ့ဒီလိုရွေ့လျားတဲ့အခါ
ဦးနှောက်ကို အလုပ်ပေးတတ်ဖို့၊ကိုယ့်ရဲ့ Main point ကို သိနိုင်ဖို့လဲ လိုပါတယ်။

ရွေ့တော့ရွေ့တယ် မဝေးဘူးဆိုတာ ရွေ့နေတုန်းက
မပင်ပန်းရသေးသလို၊အကြောက်တရားကိုလဲ
မရင်ဆိုင်ရသေးလို့ပါ။

ပုံဆွဲဖို့ ပြောနေတာမဟုတ်ပါဘူး
မိုတီဗေးရှင်းစပီကာလဲ မဟုတ်ပါဘူး၊

ကိုယ့်သဘောကိုယ်ဆောင် ရေးချင်တာရေးရင်း
Content တစ်ခုဖန်တီးလိုက်ခြင်းပါ။💜🥰💜

By the way the hidden talent is the writer and
as a poet!❤️


#ကလေးပန်းချီသင်တန်း



07/07/2025

အားလုံးပဲ မတွေ့ရတာကြာပြီနော်🥰❤️🥰

ပန်းချီသင်တန်းကို မေ့နေကြလောက်ရောပေါ့....

ကိုယ့်အလုပ်ရော၊ကလေးတွေကိုရော
သတိတရရှိပါတယ်။တကယ်ကို မအား၊
အဆင်မပြေခဲ့လို့ နွေရာသီမှာ လက်ခံနိုင်တဲ့
ပမာဏထက် လျော့ထားခဲ့တာပါ။ပန်းချီနှင့်ပတ်သက်တဲ့ ပိုစ့်တွေလဲရပ်ထားခဲ့တာကလဲ
တစ်ဖက်မှာ အချိန်ပေးနေရလို့ပါ။

#ယနေ့ ၇.၇.၂၀၂၅မှစ၍ပန်းချီသင်တန်း
ပြန်လက်ခံပါပြီရှင့်။😍❤️😍

ဆရာမရဲ့တစ်ဖက်အတန်းချိန်နှင့်အချိန်နေ့ရက်
ညှိုနှိုင်းရတာ အဆင်ပြေတဲ့အိမ်တွေကိုဦးစားပေး
ပါမယ်ရှင့်။

အကယ်၍ လှည်းတန်း တစ်ဝိုက်
ဆရာမ အဆင်ပြေခဲ့မယ်ဆိုရင် အဲ့ဒီဖက်ကို
လာရင်း သင်ပါမယ်....။ခန့်မှန်းခြေပြောပြတာပါ။
(မသေချာပါဘူးရှင့်)

ကျန်းမာရေးက အရှင်းမပျောက်သေးလို့၊
အဆင်မပြေမှုရှိခဲ့ပါက၊ရှိလာပါက နားလည်ပေးဖို့
မေတ္တာရပ်ခံပါရစေရှင့်။🙏🏻🙏🏻🙏🏻

ကလေးတွေနဲ့ပြန်တွေ့ရတော့မှာ၊ကိုယ့်အလုပ်လေး
ပြန်လုပ်ဖို့ အချိန်လေးရတုန်းလေးမလို့ ပျော်နေပါတယ်။နေမကောင်းလဲ ပန်းချီကတော့ ရအောင်
သင်ရင်း နေမကောင်းတာပါ မေ့စေတယ်။🤭😅

ဒီနေ့က ဆရာမ မွေးနေ့ဖြစ်လို့
ဒီည ၁၂ မကျော်ခင် သင်တန်းလာအပ်ပါက
တစ်ခုခုပြန်ပေးမယ်နော်။😍❤️🎂

My original Photo with Ai anime version

#ကျေးဇူးတင်လျှက်🥰

#ကလေးပန်းချီသင်တန်း


01/04/2025

ငလျင်ဘေးဒဏ်ကို စိတ်မကောင်း
ဝမ်းနည်းရုံဖြင့် ဒီခရီးက ဆုံးခန်းတိုင်မည်မဟုတ်

ဒါကြောင့် ပြည်ပနိုင်ငံများမှ အလှူခံ website
မြန်မာနိုင်ငံ မြို့အလိုက် လှူလို့ရမည့်ပရဟိတအဖွဲ့၊
မြေပြင်မှာကူညီပေးနေသူတို့ရဲ့အလှူငွေလွှဲလို့ရမည့်

Post Link တွေကို တစ်ဆင့်မျှ
ဝေပေးလိုက်ပါတယ်။🖤🇲🇲🇲🇲🖤

ကိုဗစ်၊စစ်ဘေးရှောင်၊ရေကြီး၊ငလျင်
စတဲ့ သဘာဝဘေးအန္တရာယ်နှင့် လူလုပ်ဘေးအန္တရာယ် တွေကို ထိုင်ကြည့်ရုံဖြင့်
အသက်ရှုရကျိုးနပ်သူဖြစ်တယ်ဆိုရင် ဒါ
လူ့အသိဉာဏ်မရှိဘူးလို့ဆိုရမယ်။

ကိုယ့်နိုင်ငံအတွက်တောင် ကိုယ်က
မငှဲ့ညှာနိုင်ရင် ဒီနိုင်ငံမှာ ခြေစုံရပ်နေနိုင်တဲ့
မြေကြီးတွေကိုတော့ အားနာသင့်တယ်။

(ကိုယ်နှင့်မဆိုင် သာသလိုနေသူများကိုသာရည်ရွယ်ပါသည်)

🙏စစ်ကိုင်း ၊ မန်းလေး မြေငလျင်ကူရန်

https://www.facebook.com/share/15x5FpPrvv/?mibextid=wwXIfr

🙏https://gofund.me/2b63ecef

🙏japan https://congrant.com/project/ismspmm/16855

🙏International Team(USD)
https://chuffed.org/project/act-for-myanmar-earthquake-emergency

🙏US Team (USD)
https://gofund.me/faff63b1

🙏UK Team (GBP)
https://gofund.me/6a6bb683

🙏Euro Team (EUR)
https://www.helloasso.com/associations/doh-atu-ensemble-pour-le-myanmar/collectes/urgence-birmanie-aidons-les-victimes-du-seisme

🙏AU Team(AUD)
https://khfau.org/myanmar-earthquake-support
_______________________
🙏စစ်ကိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
https://www.facebook.com/share/p/1AFV83k541/?

🙏S&C ကူညီရေးအဖွဲ့

https://www.facebook.com/share/18JrFYJ8p5/?mibextid=wwXIfr

🙏ပရဟိတဆရာလေး

https://www.facebook.com/share/1R6Yqmuuti/

🙏သုခကာရီ အသင်း

https://www.facebook.com/share/v/12FZicpZUJu/

🙏ရုံးကြီးလူငယ်

https://www.facebook.com/share/1Na51hZ8zy/?mibextid=wwXIfr

အင်းလေးအတွက်ပါ။

မြေပြင်မှာ တကယ်ထိထိရောက်‌ရောက်ကူနိုင်မယ့်အဖွဲ့လေးတွေပါ။ လက်လှမ်းမှီသလောက်ထပ်ဖြည့်လာပေးပါမယ်။
Clean Yangon
🙏https://www.facebook.com/share/1FRHddbWhe/

ရပ်ဝေးမှလာကူမယ့်အဖွဲ့အစည်းအလှူရှင်တွေတွက်တည်းခိုစရာနဲ့ စက်လှေ

https://www.facebook.com/share/p/1C295fmTB9/
Bright Hotel ( https://www.facebook.com/share/p/1BvgpNy8fS/ )

မိုင်းသောက်ဖက်မှ စက်လှေအခမဲ့ကူညီပေးနိုင်တဲ့အဖွဲ့အစည်း

https://www.facebook.com/share/p/18zQkXwwWX/

2/ မြေပြင်သို့တိုက်ရိုက်လှူဒါန်းနိုင်သော အဖွဲ့အစည်းများ

ကေလာလူမှုကူညီရေးအဖွဲ့
https://www.facebook.com/Kaylarinnlay

Miss Universes Taunggyi
https://www.facebook.com/share/p/18pg4n1spK/?mibextid=qi2Omg

Phoo Phoo
https://www.facebook.com/share/p/19pgc3k92G/?mibextid=qi2Omg

IMF
https://www.facebook.com/share/p/1YDCik73hj/

Bamboo Deloght Library and Summer School မှလည်း ဆက်သွယ်နိုင်
https://www.facebook.com/bamboodelightlibraryandsummerschool

Martin
https://www.facebook.com/share/p/162TMyoFMc/?mibextid=qi2Omg

၁၃/လွင့် မှ
https://www.facebook.com/share/1FJCQ6ytYR/?mibextid=qi2Omg

Emily Page
https://www.facebook.com/share/p/1BNvmwn4AP/

အင်းလေးအဖွဲ့စုံ

https://www.facebook.com/share/p/16K5VFZSHF/

https://www.facebook.com/ah.htoo.31392

https://www.facebook.com/kaunghtet.hlaing.2901

အင်းခြံဘက်သို့
https://www.facebook.com/share/1D9e9RL6C4/?mibextid=qi2Omg

ဟဲယာရွာမအတွက်
https://www.facebook.com/share/1DMz79g35w/?mibextid=qi2Omg

မူလရေးသားသူ M Min Soe အား
credit ပေးပါသည်။

Edited #ငလျင် #အလှူခံlink အားလုံးစုစည်းထားမှူ
အော်ဖော်ပြပါ Linkကိုနှိပ်၍ နေ့စဉ် update post များကို တွေ့ရမှာဖြစ်ပါတယ်။🛑🛑🛑👇🏻👇🏻👇🏻

https://www.facebook.com/share/p/16NNsGxnp6/


#ငလျင် #ကူညီရေး
#အလှူခံ
#အရေးပေါ်

30/03/2025

ပန်းချီသင်တန်းတက်‌ရောက်ဖူးသူ
မန္တလေးမှ သမီးယဉ်မြတ်မွန်နှင့်မိသားစု ဘေးကင်းတယ်ဆိုတာ သိရလို့ ဝမ်းသာရပါတယ်ရှင်။
❤️🫂❤️

(ဖုန်းတွေဆက်လဲ လိုင်းတွေပျက်လို့ မရခဲ့ပေမဲ့
ဒီနေ့တော့ စာပြန်ပို့လာခဲ့ပါပြီ။)

တစ်ခြားသော စစ်ကိုင်း၊မန္တလေးမှ ငလျင်ဘေးသင့်
ပြည်သူများ အားလုံး ဘေးကင်းကြပါစေလို့
စိတ်ရင်းဖြင့် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။

ကိုယ်နိုင်ရာ သတင်းတွေ share ခြင်းဖြင့်
အများနှင့်ထပ်တူ ဖြတ်သန်းနေပါတယ်။

ငွေကြေးတတ်နိုင်သူများလဲ ကူညီပေးစေလိုပါတယ်
စစ်ကိုင်းဖက်က မြို့ပေါ်မှာ အိမ်တိုင်းနီးပါးပြိုကျ၊ပျက်စီးပြီး၊ အကူအညီအရမ်းနည်းပါတယ်၊
ဘာသတင်းမှ မတတ်နိုင်သလို၊ဖုန်းလိုင်းတွေလဲ
ဖျက်ခံထားရတာ ၃နှစ်ကျော်နေပြီမလို့ပါ။

#ငလျင် #မန္တလေး
#စစ်ကိုင်း

Photos from AKC JAPAN VLOG's post 28/03/2025

အရေးပေါ်အိတ် အားလုံးပဲ
ပြင်ထားကြပါနော်။🛑🛑🛑

သတိဆိုတာ ပိုသည်၊လိုသည်မရှိပါ။

ရွှေ၊ငွေ၊အိမ်ထောင်စုစာရင်းဇယား၊
Passport၊ဘဏ်စာအုပ်၊အရေးတကြီး
လိုအပ်သည်များ ထုပ်ပိုးထားကြပါနော်။

အသေးစိတ်ကို အောက်ဖော်ပြပါ
Page မှာ ဝင်ရောက်ဖတ်ပေးပါ။🖤🖤🖤

https://www.facebook.com/share/p/18dxBeAeaQ/

#ငလျင် #အရေးပေါ်အိတ်

28/03/2025

ငလျင်ဒဏ် ကို ကူညီပေးလိုသူများ

အောက်ဖော်ပြပါ page၊
Phone number တို့ကို ဆက်သွယ်
အကြောင်းကြားပေးနိုင်ပါတယ်။🛑🛑🛑

https://www.facebook.com/share/p/15wA9L31Pw/

#ငလျင် #ကူညီရေး
#အရေးပေါ် #ဆက်သွယ်ရန်
#ရန်ကုန်

အရေးပေါ် ငလျင်ကယ်ဆယ်ရေးအစီအစဉ်
CSI အနေဖြင့် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် မြေငလျင်လှုပ်ခတ်မှု ထိခိုက်ခံစားခဲ့ရသော ပြည်သူများကို အရေးပေါ်ရွေ့လျားအကူအညီများ ပံ့ပိုးသွားပါမည်ဖြစ်ပါသဖြင့် အောက်ပါတို့ကို အရေးပေါ်လိုအပ်လျှက်ရှိပါသည်-
 ထိခိုက်ဒဏ်ရာရသူများကို သယ်ယူပို့ဆောင်ရန် လူနာတင်ယာဉ်များ၊
 အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ သူနာပြု၊ ပထမဆုံးတုံ့ပြန်ကူညီဆောင်ရွက်နိုင်သူ)
 ကယ်ဆယ်ရေးလုပ်ငန်းများကူညီလုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းများနှင့် မိတ်ဖက်များ၊
CSI အနေဖြင့် အစားအစာ၊ ရေ၊ အမိုးအကာနှင့် ဆေးဝါးအထောက်အပံ့များအပါအဝင် အဓိကလိုအပ်သည့် ပစ္စည်းများကို ပံ့ပိုပေးရန် အသင့်ရှိနေပါသည်။ အကယ်၍ မိမိ (သို့) မိမိအဖွဲ့အစည်းများအနေဖြင့် ကျွန်ပ်တို့နှင့်အတူတကွ ကူညီဆောင်ရွက်နိုင်မည်ဆိုပါက ကျွန်ုပ်တို့ကို ယခုချက်ချင်းဆက်သွယ်နိုင်ပါသည်။
 ကျွန်ုပ်တို့ကိုယခုပင်ဆက်သွယ်လိုက်ပါ။ မတူကွဲပြားမှုများကိုကျွန်ပ်တို့နှင့်အတူဆောင်ရွက်ကြပါစို့။ အမှန်တကယ်လိုအပ်နေသူများအတွက် အရေးပေါ်ကယ်ဆယ်ရေးများဆောင်ရွက်ပြီး လူ့အသက်များကယ်တင်နိုင်ပါတယ်။
ဆက်သွယ်ရန်။ ၀၉၉၇၇၆၃၁၃၅၇ ၊ ၀၉၈၉၅၅၁၁၁၁၉

#မြန်မာမြေငလျင်
#အရေးပေါ်အကူအညီပေးရေး
#လူသားချင်းစာနာမှုအကူအညီပေးရေး
ှင့်အတူတကွ

🚨 URGENT APPEAL: Earthquake Emergency Response 🚨

CSI is mobilizing immediate assistance for those affected by the earthquake in Myanmar. We are urgently looking for:

✅ Ambulances to transport the injured
✅ Medical Staff (Doctors, Nurses, First Responders) to provide emergency care
✅ Volunteers & Partners to support coordinated relief efforts

CSI is ready to provide essential relief items, including food, water, shelter, and medical support. If you or your organization can assist, please contact us immediately to work together in this critical time.

📩 Reach out to us now! Let's make a difference together. we can save lives and bring urgent relief to those in need.
Contact us : 09977631357 | 09895511119

28/03/2025

အားလုံးပဲ ငလျင်ဘေး သတိရှိကြပါနော်
တကယ်သာ ရန်ကုန်ထိ ငလျင်ရောက်လာမယ်ဆိုရင် အထိအခိုက်ပိုများလာနိုင်ပါတယ်။

ငလျင်သတင်း အ‌တိအကျကို
Link ကိုနှိပ်ပြီးဖတ်ပေးပါ။🛑🛑🛑

https://www.facebook.com/share/p/18V2njgTVU/

#ငလျင်
#ရန်ကုန်

28/03/2025

ငလျင် ဒဏ်မှ အားလုံးပဲ ဘေးကင်းကြပါစေ🙏🏻🖤

ငလျင်လှုပ်တာနဲ့ အားပြင်းပြင်း မပြင်းပြင်း
အရင်ဆုံး အဆောက်အဦးထဲကနေ ထွက်သွားဖို့
ဆုံးဖြတ်ကြပါနော်၊ ဘာမှမဖြစ်ပါဘူးဆိုတဲ့
စိတ်နဲ့ အိမ်ထဲမနေကြပါနဲ့နော်.....။

ကိုယ့်အဆောက်အဦးက မည်မျှပင် အာမခံသည်
ဆိုပါစေ....ပြိုကျတဲ့အခါ အသက်ဘေး ထိခိုက်နိုင်ပါတယ်။

ထိခိုက် ပစ္စည်း၊အသက်ဆုံးရှုံးရသူများ၏ မိသားစုများနဲ့ထပ်တူ စိတ်မကောင်း ဝမ်းနည်းဖြစ်ရပါတယ်။
😥😥😥😥

အခုလက်ရှိ အသက်ရှင်ကျန်ရစ်သူများအနေဖြင့်
ကိုယ့်စိတ်ကျန်းမာရေး၊ခေါင်းမူးဝေမှုများ၊
စိုးရိမ်ထိန့်လန့်မှုများနှင့် နောက်ဆက်တွဲငလျင်သတင်းများ၊အ‌မြဲတမ်း သတိရှိ‌နေထိုင်မှုများကိုအထူးသတိထားပြီး နေထိုင်ဖို့ မေတ္တာဖြင့် အသိပေးပါရစေရှင့်။

မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်များစွာမှ လွတ်မြောက်နိုင်ပါကြပါစေရှင်။😭🙏🏻🖤

Photos from 𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝘼𝙧𝙩 𝘾𝙡𝙖𝙨𝙨's post 13/03/2025

အခု page မှာ မိဘတွေ ဆန္ဒအရ review
ပေးတာလေးတွေ comment ဖတ်ရရင်
ပြုံးမိသလို ကျေးဇူးတင်စိတ်ဖြစ်မိပါတယ်🥰

အခုတစ်ခါကတော့ ထူးထူးခြားခြား
ကလေးကိုယ်တိုင် review ပေးတာလေး
သဘောကျလို့။😂❤️

ကလေးတွေသင်ရတဲ့အခါ ကလေးတွေကို
ဒီပညာကို သင်ယူရတဲ့အခါပျော်ရွှင်စိတ်ရှိအောင်လဲ
သင်ပေးတယ်။ဒါမှလဲ ကလေးတစ်ယောက်အနေနဲ့
အနုပညာရပ် တစ်ခုကို ပေါ့ပါးစွာ သင်ယူနိုင်မယ်လေ။

ဆရာမက page မှာသာ ဂေါ်ဇီလာအလား ရှင်းပြ၊ပြောပြပေးနေတတ်ပေမဲ့ တကယ့်လက်တွေ့ သင်ယူရတဲ့ကလေးတွေမှာတော့ ကလေးတွေနဲ့အတူတူ ရေးဆွဲသင်ပြဖြစ်တယ်။ဂေါ်ဇီလာလို ရေးရတာကလဲ ကလေးတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့ စေတနာပိုသွားတာပါ။

ဆရာမ အဲ့ဒီလိုတွေရှင်းပြတဲ့အခါ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဟိုးးးလွန်ခဲ့သော နေ့ရက်များတွေမှ သင်ခန်းစာအချို့ကိုရှင်းပြခြင်းသာ။🤭

မျဉ်းကြောင်းဆွဲတာလေးမှားနေတာမှအစ
တစ်ဦးတစ်ယောက်ချင်းစီရဲ့နဂိုရှိရင်းစွဲအနေအထားကနေ ပိုပြီး လှပ လာအောင်အဆုံး အသေးစိတ် သင်ပေးတာမလို့၊လူအများကြီး လက်မခံဖြစ်ပါဘူး။

ကိုယ့်အယူအဆနဲ့ကိုယ် သင်တန်းမှာ လူများဖို့ထက်
သင်ယူနေတဲ့ကလေးအနည်းငယ်ကို အတိုင်းအတာ
တစ်ခုအထိ ရောက်ရှိအောင် သင်ပေးရတာကို
ဆရာမက ပိုသဘောကျပါတယ်။

𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝘼𝙧𝙩 𝘾𝙡𝙖𝙨𝙨

#ကလေးပန်းချီသင်တန်း

#ပန်းချီ

08/03/2025

၅နှစ်အရွယ်ကို ပန်းချီသင်ပေးလို့ရပြီလို့ဆုံးဖြတ်ထားသူများ အခုစာကို ဖတ်ပေးပါ။❤️

ပန်းချီအကြောင်း မပြောခင် ကလေးတွေ သဘာဝအကြောင်းကို အ‌ရင်ပြောပြပါမယ်။

ငယ်ရွယ်စဉ် ကလေးသဘောဆိုတာ
သူတို့အတွက် pressure မများစေတဲ့
အရာမျိုးကိုသာ သင်ယူတယ်ဆိုတာထက်
မိဘ၊ဆရာ များရဲ့ လှုပ်ရှားမှုများကို ပုံတူကူး
လိုက်လုပ်တဲ့အရွယ်သာဖြစ်ပါတယ်။

၅နှစ်ကလေးများ ပုံဆွဲတယ်ဆိုခြင်းနှင့်ပတ်သက်ပြီး ဆက်လက်ရှင်းပြမယ်။

၅နှစ်အရွယ်ကလေးတွေ တစ်ချို့ ၄နှစ်ခွဲလောက် မှစပြီး ‌ဘောပင်၊ခဲတံ၊softpen များဖြင့်
စာရွက်တွေအပေါ်မှာ ပုံဆွဲခြင်း ကလေးတွေက
သူတို့ကိုယ်တိုင် ရေးဆွဲမှန်းမသိသေးတဲ့
ရေးခြစ်ခြင်းကို သာပြုလုပ်တာဖြစ်ပါတယ်။

အဲ့ဒီလိုအချိန်ကာလတွေမှာ သူတို့ရေးဆွဲတဲ့
ရုပ်ပုံတွေဟာ မည်သည့်အရာကို ရေးဆွဲတယ်၊
ဘာကို ရေးဆွဲထားတယ်ဆိုတာကို ကလေးတွေရဲ့ ဦးနှောက် အသိဉာဏ်မှာ မမှတ်မိသလို၊
မပြောပြနိုင်သေးပါဘူး။ဤအရာကို ပန်းချီမှာ
ဝါသနာပါပြီလို့ မဆိုနိုင်သေးပါဘူး။ကလေးတိုင်း ထိုအရွယ်မှာ ပုံဆွဲပါတယ်။

ပေါ့ပါးလွတ်လပ်စွာရေးဆွဲရမှာ အမှန်တကယ်ကို ပန်းချီရေးဆွဲနည်းကို သိရှိလိုတဲ့ကလေးနှင့်
ပန်းချီဆွဲရတာကို ပင်ပန်းတယ်လို့မခံစားရတဲ့
ကလေးမှသာ ပန်းချီကို အမှန်တကယ်ဝါသနာပါတာပါ။

ကလေးတွေစိတ်ကြိုက် ရေးခြစ်တာကို ခွင့်ပြုပေးပြီး၊ မိဘကိုယ်တိုင်ဆန္ဒ ရှိမယ်ဆိုရင်
ထိုကဲ့သို့ကလေးတွေကို Art& Craft များကို
YouTube မှာကြည့်၍ ဖြည်းဖြည်းချင်း‌
ကိုယ်တိုင်သင်ကြည့်ပါ။ကလေးက မိဘနှင့်
သင်ယူရတဲ့အခါ ပိုပြီးတော့ လွတ်လပ်မှုရှိသလို၊
ဖိအားမများစေပါဘူး။

အရေးကြီးဆုံးဖြစ်တဲ့ လက်ချောင်းလေး
တွေဟာ မသန်မာသေးသလို၊ခဲတံကိုအချိန်ကြာမြင့်စွာ မကိုင်နိုင်သေးပါဘူးရှင့်။ထို့အပြင်
ဆော့ကစား လှုပ်ရှားခြင်းမှာ အတော်လေးကို active ဖြစ်တဲ့အရွယ်မလို့ တစ်နေရာတည်းမှာ ငြိမ်ငြိမ်ထိုင်ဖို့၊အာရုံစူးစိုက်ဖို့၊ဆရာမ
ပြောပြတာတွေကိုနားလည်ဖို့ဆိုတာ
မဖြစ်နိုင်သေးပါဘူး။

ဒါကြောင့် အဲ့ဒီလိုအရွယ်မှာ ဦးနှောက်၊လက်‌တွေ့၊စိတ်ကူးကိုပေါင်းစပ်သင်ပေးရတဲ့ ပန်းချီပညာကို သင်ပေးဖို့ မသင့်တော်သေးပါဘူး။

ပညာရေးဆိုင်စရာ သင်ယူမှုအစနှင့် ပန်းချီပညာ သင်ယူမှု အစ ဟာမတူညီပါဘူး၊ဒီအချက်ကို မိဘတွေ ရှင်းလင်းပြတ်သားစွာသိဖို့လိုပါတယ်။

ဆရာမသင်ကြားက အသိပညာလို့ခေါ်တဲ့
ပညာရေးသင်ယူမှုနှင့်သက်ဆိုင်တဲ့ အသိတွေရှိပြီးမှ ပန်းချီကို ဆွဲခေါ်သင်ယူပေးတာမလို့
အပေါ်က အချက်တွေနဲ့မကင်းလွှတ်သေးတဲ့
မည်သည့်ကလေးကိုမဆို ဆရာမ မသင်ပေးပါဘူးရှင့်။

ဘာလို့အဲ့ဒီလို‌တွဲသင်ရလဲဆိုရင် မြန်မာနိုင်ငံမှာ ပန်းချီအသိပညာတစ်ခုတည်းသင်လို့မရသေးတာကြောင့်ပါ။ပန်းချီပညာရဲ့
ကျယ်ပြန့်မှုကို သိလိုပါက What is Line
ဆိုတဲ့ စာအုပ်တစ်အုပ်လောက်သာ ဖတ်ရှု့
ကြည့်လိုက်ပါ။ဒါဆိုရင် ဆရာမရဲ့ဆိုလိုရင်းကို နားလည်သွားပါလိမ့်မယ်။

ဒီလိုလုပ်တာဟာ ဆရာစိတ်မရှိတာမဟုတ်ပဲ၊
ကလေးတွေအတွက် ၁၀၀% စဉ်းစားပေးထားပြီး သူတို့ရဲ့ သင်ယူတဲ့စနစ်တွေကို မှန်ကန်စေလိုတဲ့အတွက်ပါ။

နောက်တစ်ချက် ပြောရတာ အားနာပင်မဲ့
ဆရာမ ဆိုတာ ကလေးထိန်း Baby Sitter မဟုတ်ပါဘူးရှင့်။အဲ့ဒီလို အရွယ်တွေကို
ထိန်းကျောင်းနေရတာနဲ့ ပန်းချီသင်တဲ့အခြေအနေကို မရောက်ရှိပဲ၊ကလေးလဲပင်ပန်းသလို၊ဆရာမလဲ မောပါတယ်။

ဒါကြောင့် ၄နှစ်မှစ၍၅နှစ်ဝန်းကျင် ကလေးများကို ဆရာမဆီ ပန်းချီသင်တန်း မအပ်ဖို့အကြံပြုပါရစေ။

ပထမဆုံး သင်တန်း post ပထမဆုံး စာကြောင်း မှာ၆နှစ်မှစ၍ သင်ပေးပါတယ်ဆိုတဲ့အကြောင်း
ရေးထားပါတယ်ရှင့်။

အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်။
💜🥰💜🥰💜

စာကြွင်း-စေတနာဖြင့်ပြောပြခြင်းကို စေတနာလို့မြင်နိုင်ရင် ဒေါသစိတ်၊အလိုမကျမှု မဖြစ်ပါဘူး။

Tr.May(Art Teacher)

𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝘼𝙧𝙩 𝘾𝙡𝙖𝙨𝙨
#ကလေးပန်းချီသင်တန်း
#မိဘနှင့်ကလေး


#ပန်းချီ
#အသိပညာ


Photos from Honesty Private School's post 28/02/2025

ဘဝအတွက်လိုအပ်တဲ့ ပညာတွေကို
သင်ယူချင်တယ် ကုန်ကျစရိတ်လဲ
အများကြီး မတတ်နိုင်တဲ့ ကလေး‌တို့အတွက် သတင်းကောင်း။❤️❤️

ကျောင်းဖွင့်မည့်ရက်က ၃လပိုင်း ၃ရက်နေ့
မလို့ သေချာအချိန်ရွေးပြီး ကျောင်းအပ်ထားကြနော်၊သင်တန်းကာလက ၁၀ လကြာမြင့်တာမလို့
နောက်တစ်နှစ်နည်းပါ ပြန်စောင့်နေရမယ်။

အခုသင်ပေးတဲ့ အကြောင်းအရာတွေက
အဓိက လိုအပ်နေတာ၊ပညာရေးမှာ
စာတော်ဖို့ တစ်ခုတည်း အားစိုက်နေရင်
အရွယ်ရောက်ရင် လွယ်သလိုနဲ့ခက်တဲ့
အခြေအနေတွေ ရောက်သွားတတ်ကြတယ်။

Facebook မှာတွေ့လို့ မသိသေးတဲ့သူတွေအတွက် Sharing လုပ်ပေးလိုက်ပါတယ်ရှင့်။






#သင်တန်း

#ပညာရေးသင်တန်းကျောင်း


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon