Fix Your Pronunciations with Pyae Sone

Fix Your Pronunciations with Pyae Sone

Share

ON BOARD! NOW!! xD

Welcome to Fix Your Pronunciations with Pyae Sone where people who didn't get to learn proper pronunciations can find information, education and coaching to speak with correct, natural and "very cool" accent ;)
Wachu waitin' for?

23/09/2022

Hey guys, sorry for being away for so long
I'll be back with full strength and better videos so stay tuned!

08/09/2022

ကျွန်တော် COVID ဖြစ်ပြီး အဖျားတွေ ကြီးနေလို့ပါ
နေကောင်းတာနဲ့ video လေးတွေတင်ပေးမယ်နော်

02/09/2022

New Intermediate Class!🙋‍♂️📢

Hey guys,
Pyae Sone here

ကျွန်တော် ဒီလ အတွက် Intermediate 4 skills class လေး announce လုပ်ချင်ပါတယ်ဗျ

Modules အလိုက် Skills တွေနဲ့ အတိအကျ သင်ပေးမှာဆိုတော့ ဒီ class ကနေ English language နဲ့ပက်သက်ပြီး ဘာ skills တွေတတ်လာလဲ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ

After this intermediate class, you'll be able to

1. make conversations with question tags
2. name countries
3. talk about where things are with prepositions of place
4. use numbers in conversations
5. talk about precise times and dates
6. exchange personal informations (contacts and details)
7. talk about your career, jobs and professions
8. talk about routines with adverbs of frequency
9. talk about everyday activities with phrasal verbs
10. talk about body and appearance
11. describe people in detail with adjective order
12. talk about clothes and accessories
13. describe the clothes you're wearing with the present continuous
14. talk about rooms and furnitures
15. talk about your day with collocations
16. describe a town in detail with separable phrasal verbs
17. describe and compare places with modifiers
18. talk about likes and dislikes using adjectives with '-ing' and '-ed'
19. talk about family and growing up
20. describe your childhood using 'did' for emphasis
21. talk about education
22. change the meaning of words with prefixes and suffixes
23. talk about transportation and travel
24. talk about the recent past with present perfect tense
25. talk about your achievements with modifying adverbs
26. ask about past events with present perfect continuous questions
27. talk about activities in the past with present perfect continuous
28. talk about results of activities with the forms of present perfect
29. talk about everyday problems with negative prefixes
30. talk about the things you own with definite and zero articles
31. talk about food and drink
32. talk about food and recipes with reflexive pronouns
33. talk about why you use things with gerunds and infinitives
34. talk about sports
35. talk about opinions and plans with simple verb patterns
36. talk about future arrangements with present continuous
37. talk about plans to keep fit using 'going to'
38. talk about weather and climate
39. make predictions and promises using future tense 'will'
40. discuss possibilities using 'might'
41. talk about sickness and health
42. express obligations using 'must' and 'have to'
43. talk about possibility with 'might' and 'could'
44. asking for permission politely using 'can' , 'could' and 'may'
45. understanding informal English with three-word phrasal verbs
46. check information using question tags
47. talk about science and tools
48. talk about general truths with zero conditional
49. describe a process with present simple passive
50. give advice and instructions with first conditional
51. give advice and instructions using first conditional with imperative
52. describe sequences of events using subordinate time clauses
53. talk about future dreams with second conditional
54. describe emotions
55. make suggestions using 'if I were you'
56. talk about possibilities using first and second conditional
57. describe people and jobs using defining relative clauses
58. describe people, places and things with non-defining relative clauses
59. talk about events at given times using past continuous
60. talk about the natural world
61. setting the scene for a story with past continuous
62. describe interrupted actions with past continuous and past simple
63. talk about important events using past simple passive
64. describe sequences of past events with past perfect and past simple
65. describe new experiences using 'never, ever' with past tenses
66. express yourself using common English idioms
67. use different past tenses and narrative tenses
68. put events in order using time adverbs and phrases
69. talk about people's lives with reported speech
70. talk about truth and lies using reported speech with 'tell'
71. report explanations using reporting verbs with 'that'
72. report advice and instructions using verbs with objects and infinitives
73. report direct questions
74. report simple questions using 'if' and 'whether'
75. asking polite questions using indirect questions
76. talk about regrets using 'wish' with past tenses

အိမ်စာ‌တွေ revisions တွေနဲ့ ဒီ skills တွေတတ်တာ သေချာအောင် သင်ပေးမှာမို့ တက်ပြီး မထိရောက်မှာတော့ စိတ်မပူရပါဘူး
မရှင်းတဲ့စာရှိရင်လည်း အချိန်မရွေး စာရှင်းပြပေးမှာပါဗျ

class စပြီး တစ်ပတ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ရင် 100% money-back guarantee ပေးမှာဆိုတော့ လူအရေအတွက် အကန့်အသတ်နဲ့မို့လို့ တက်မယ်ဆိုရင် အခု ကျွန်တော့် messenger မှာ စာရင်းလာပေးပေးနော်

Type of class - Zoom live class
Level - Intermediate, B1 to Lower B2, IELTS 3.5-5.5
Requirements - British Council EnglishScore at least 289
Starting date - 6.9.22, Tuesday
Timetable - Tuesday, Thursday, Saturday and Sunday, from 8pm to 10pm
Duration - တစ်လခွဲ
Fees - 30000ks

31/08/2022

ဟက်ပီးဘတ်ဒေး?
With = ဝစ်ထ်?
How do you pronounce the consonant 'th'?

28/08/2022

Hey guys,
Pyae Sone here

ဒီည English လိုပြောကြမဲ့ Speaking session လေးရှိတယ်နော်
8 ခွဲကနေ 10 လောက်ထိပါ
Topics တွေနဲ့ တစ်ယောက်ကို 2-3 mins ပြောကြမှာပါ
And then just hanging out I guess

Join us here!

Topic: Let's talk!
Time: Aug 28, 2022 08:30 PM Rangoon

Join Zoom Meeting
https://us04web.zoom.us/j/4598020110?pwd=RlNjZE5xa0UrNjhQekF3RWZYYTBwdz09

Meeting ID: 459 802 0110
Passcode: 2K4r8N

Join our Cloud HD Video Meeting Zoom is the leader in modern enterprise video communications, with an easy, reliable cloud platform for video and audio conferencing, chat, and webinars across mobile, desktop, and room systems. Zoom Rooms is the original software-based conference room solution used around the world in board, confer...

24/08/2022

English စကားပြောရတာ ထောက်နေလား
Watch this video!

22/08/2022

Are you a British English user or an American English user?

My PC died unfortunately while I was making this video and I had to use my phone instead so please excuse the quality, guys.

15/08/2022

Hey guys, Pyae Sone here.
စနေ တနင်္ဂနွေ ညတိုင်း English လို စကားပြောကြတဲ့ Session လေးရှိပါတယ်။
Casual conversations ပါ၊ speaking မလုပ်ဖြစ်တဲ့သူတွေ အားရင် လာ join ပြီး စကား‌လာပြောလို့ရပါတယ်။
Vocabularies တွေ အသုံးအနှုန်းတွေ share ပေးဖို့လည်း စဉ်းစားထားပါတယ်ဗျ။
Game တွေလည်း ဆော့ကြတာပေါ့။
Join ချင်တယ်ဆို ကျွန်တော့်ကို messenger မှာ လာပြောပေးပါနော်၊ နီးရင် remind လုပ်ပြီး Zoom link ပေးပါမယ်ဗျ။

12/08/2022

Native speakers တွေပြော‌တဲ့ phrases တွေ expressions တွေ idioms တွေ?👈🏼

10/08/2022

Vowels တွေ ကွဲအောင် ပြောကြမယ်
အသံထွက် ဆင်တဲ့ Vowels

08/08/2022

Edit: ဒီအပတ်တွက်တော့ လူပြည့်သွားပါပြီဗျ လူတွေအရမ်းများရင်လည်း organized မဖြစ်မှာစိုးလို့ပါ
နောက်အပတ်တွေလုပ်ဖြစ်ရင် ကျွန်တော် post ထပ်တင်ပေးပါ့မယ်။ Thank you all!

Hey guys, Pyae Sone here
ဒီရက်ပိုင်း Post လေးတွေ မတင်ဖြစ်တာ sorry ပါဗျ
ကျွန်တော် မှတ်ပုံတင်လုပ် ဘာလုပ်နဲ့ နည်းနည်း အချိန်မရဘူး ဖြစ်သွားတယ်

Wednesday က စပြီး video လေးတွေပုံမှန် ပြန်တင်‌ပေးမယ်နော်

ပြီးတော့ အစက ဒီလထဲကို speaking course လေးဖြစ်ဖြစ်လုပ်ပေးမယ်ဆိုပြီး လုပ်ထားပေးမဲ့ ကျွန်တော် သေချာမပြင်ဆင်ရသေးပဲ မစချင်လို့ သင်တန်းအစား ကျွန်တော်နဲ့ English စကားပြောကြရအောင်
Let's have a chat! English လိုပြောကြမယ်
ပြောချင်တာပြောလို့ရတယ်၊ ဘာပြောရမှန်းမသိရင် ပြောစရာအတွက် Prompts လေးတွေလည်း ပေးမယ်
English speaking practice လုပ်ချင်တဲ့သူတွေ လာ join လို့ရပါတယ်၊ Sat & Sun 8:30pm to 9:00pm လောက်ထိပါ
No pressure environment ပါ၊ let's just hang out!
Join ချင်ရင် ကျွန်တော့်ကို လာပြောပေးပါဗျ

02/08/2022

English စကားပြောရင် မပြောရဲဘူး၊ confidence မရှိဘူး၊ စကားပြောရဲ ပြောထွက်လာအောင် ဘယ်လိုလုပ်ရမလဲ။

ဒီဟာကတော့ English စကားသင်နေတဲ့သူတွေ တော်တော်များများ ကြုံရတဲ့ အခက်အခဲပေါ့၊ စကားပြောရင် အမှားတွေပြောမိမှာ ကြောက်တယ်၊ ကိုယ့်အသံထွက် ဘာညာနဲ့ပက်သက်ပြီး self-conscious ဖြစ်တာပေါ့နော်၊ သူများတွေပြောနေတာကြားပြီး ကိုယ့်ဟာကို intimidated ဖြစ်နေတာလည်းရှိမယ်၊ ကိုယ်ပြောတာ ဖြောင့်ဖြောင့်တန်းတန်းမဖြစ်ပဲ အချိန်ကြာနေလို့ မပြောရဲတော့တာလည်း ရှိမယ်၊ အကြောင်းအရင်းတွေကတော့ အများကြီးရှိကြတယ်။

အဲ့လိုမပြောရဲတော့ သင်တန်းတွေသွားတက်နေသည့်တိုင် ဝင်ပြီး participate လုပ်ဖို့ မရဲတော့ပဲ passive learning ဘက်ကို ရောက်သွားတာဖြစ်တတ်တယ်၊ ဘာသာစကားက ကိုယ်တိုင် actively ပြောပြီး သင်မှတတ်တာမျိုးဆိုတော့
English စကား မတိုးတက်၊ မတိုးတက်တော့ မပြောရဲ၊ မပြောရဲတော့ မတိုးတက်၊ အဲ့လို Negative cycle ကြီးထဲရောက်နေရင် အဆင်မပြေဘူး။

ဆိုတော့ ဘာသာစကားတစ်ခုသင်ရင် ရှိရမဲ့ mindset နဲ့ confident ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ နည်းနည်းပြောချင်ပါတယ်။

လူတစ်ယောက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လုပ်ယူဖို့အတွက် confidence ၂ မျိုးရှိတယ်။

၁. လူတောတိုးတဲ့ confidence
ဒီ confidence က ယုံကြည်မှုတစ်ခုက လာတယ်၊ ဘာယုံကြည်မှုလည်းဆိုရင်

'ဘာတွေပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေနဲ့ပဲကြုံကြုံ၊ တကယ်တော့ ငါဘာမှ မဖြစ်ဘူး၊ အဆင်ပြေတယ်'

ကျွန်တော်တို့ ဘ၀မှာ အတွေးလွန်နေတဲ့ အရာတော်တော်များများက တကယ်ဆိုရင် not a big deal ပါ၊ ကျွန်တော်တို့ဘဝကို ထိခိုက်စေမဲ့ဟာ အန္တရာယ်ရှိစေမဲ့ဟာတွေက အမှန်ဆို ဘာမှမရှိသလောက်ပဲ။

ဆိုတော့ ဒီ mindset ရှိတဲ့သူတွေဟာ ဘယ်နေရာရောက်ရောက်၊ ဘယ်လိုအခြေအနေပဲကြုံကြုံ၊ သူစိမ်းတွေအလယ်ပဲရောက်နေပါစေ၊ စကားပြောဖို့၊ မသိတာရှိရင် မေးဖို့၊ လိုချင်တာရှိရင် တောင်းဖို့၊ မကြိုက်တာရှိရင် မကြိုက်ကြောင်းပြောဖို့ ဝန်မလေးဘူး၊ self assertive ဖြစ်တယ်၊ ဘာလို့ဆို ကိုယ်ပြောတာ တစ်ဘက်လူကမကြိုက်ရင်တောင် ဘာဖြစ်လဲ၊ ဘာမှဖြစ်မသွားဘူး၊ ဒီအမှန်တရားကို သိတယ်။
ကိုယ်မကျွမ်းတဲ့ဟာတွေဆိုလည်း လုပ်ကြည့်ဖို့ စမ်းကြည့်ဖို့ ဝန်မလေးဘူး၊ အမှားတွေလုပ်မိမယ်၊ ရှက်စရာတွေလုပ်မိမယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ၊ ဘာမှမဖြစ်ဘူးလေ၊ at the end of the day, your life is totally fine. Isn't it?
ဘယ်လိုအခြေအနေပဲကြုံလာကြုံလာ I'm going to be fine ဆိုတဲ့ mindset ကို ရအောင်လုပ်ကြည့်ပါ။
ဒါက ဘဝအတွက် general confidence ပေါ့

၂. Specialized confidence
ဒီ confidence ကတော့ ပထမဟာလို ယုံကြည်မှုက မလာဘူး၊ လက်ဆုပ်လက်ကိုင် ပြလို့ရတဲ့ သက်သေတွေကလာတယ်၊
Confidence based on competency ပေါ့၊
ကိုယ်က တစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တယ်၊ ဆရာကြီးဆိုရင် ဒီအကြောင်းနဲ့ ပက်သက်ရင် ယုံကြည်မှု အပြည့်ဖြစ်နေမယ်၊
ဥပမာ - ဂစ်တာတီးကျွမ်းတဲ့သူတစ်ယောက်၊ သူ့ဟာသူဆို နေရင်းထိုင်ရင်း shy ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမဲ့ ဂစ်တာနဲ့ပက်သက်ရင်၊ ဂစ်တာ communities တွေထဲမှာတော့ active ဖြစ်မယ်၊ thought leader အနေနဲ့ authority ရှိမယ်၊ ဂစ်တာနဲ့ပက်သက်လာရင် အကြံအဉာဏ်တွေပေးဖို့၊ debate တွေလုပ်ဖို့၊ ဆွေးနွေးဖို့ ဝန်မလေးဘူးပေါ့၊ အဲ့လိုမျိုးရှိတယ်။

ကျွန်တော်တို့ ဘဝမှာ ဘာပဲသင်သင် ဒီ confidence ၂ ခုလုံးလိုတယ်၊
English စကားနဲ့ပက်သက်ပြီး ဒုတိယ confidence ကို ဘယ်လိုရအောင်လုပ်ရမလဲ ကျွန်တော်ပြောပြမယ်။

ကျွမ်းကျင်မှုကလာတဲ့ confidence ဆိုတဲ့အတိုင်းပဲ၊ ပထမအဆင့်အနေနဲ့ ကျွမ်းကျင်အောင် အရင်သင်ရမယ်၊ level အလိုက်ပေါ့နော်၊
ဥပမာ - Intermediate level ဆို ရိုးရိုးရှင်းရှင်း အမေးအဖြေတွေ ပြောတတ်ရမယ်၊ ကိုယ့်အကြောင်းကိုယ် ပြောတတ်ရမယ်၊ ကိုယ်နဲ့ရင်းနှီးတဲ့ topics တွေအကြောင်းပြောနိုင်ရမယ်၊ greetings တွေ hobbies တွေ အနာဂတ်အစီအစဉ်တွေ၊ အကြောင်းအရာ တော်တော်များများကို စကားစပြတ်မသွားပဲ ပြောနိုင်ရမယ်၊ ကိုယ့် opinions ဘာညာ grammars အမှားနည်းနည်း၊ pronunciations အမှား နည်းနည်းပေါ့၊ ဒီ level လောက်ဆို vocabularies 2500 လောက်သုံးနိုင်ပြီ၊ ဒါဟာ speaking အနေနဲ့ပြောတာပါ၊
Level test တွေမှာ intermediate ရလည်း၊ ကိုယ့်ရဲ့ speaking abilities က intermediate level နဲ့ညီအောင်ပြောနိုင်ရဲ့လားပေါ့၊ မပြောနိုင်သေးဘူးဆိုရင် အရင်သင်ရမယ်၊ self study ဖြစ်ဖြစ် သင်တန်းတက်တာဖြစ်ဖြစ်။

သင်ပြီးရင် မပြီးသေးဘူး၊ confidence ရှိရှိပြောနိုင်ဖို့ဆိုရင် ကိုယ်ဟာဒါကို ပြောတတ်ပြီ ပြောနိုင်ပြီ ဖြစ်ကြောင်း သက်သေပြရမယ်၊ ဘယ်သူ့ကိုလဲ
ကိုယ့်ကိုယ်ကို။
သူများတွေ ဘယ်လိုထင်တာက အရေးမကြီးဘူး၊ ကိုယ့်ကိုယ်ကို ယုံမှ confidence က ရှိလာမှာပေါ့နော်၊
အဲ့တာကြောင့် ' ဟေ့ရောင် ငါဒါပြောတတ်ပြီ၊ နားထောင်ကြည့်' ဆိုပြီး topics တစ်ခုရွေးပြီး ကိုယ့်ကိုယ်ကို ပြောပြပါ၊ ပြီးရင် တွေ့လား ငါပြောတတ်တယ် ဆိုပြီး ကိုယ့်ဟာကိုပြော၊
နည်းနည်းတော့ silly ဖြစ်နေလိမ့်မယ် but trust me, you gotta convince yourself.
သက်သေပြ ပြောပြီး၊ တစ်ခါနဲ့ မယုံရင် နှစ်ခါပြော၊ နှစ်ခါနဲ့ မယုံရင် သုံးခါပြော၊ ကိုယ့်ကိုယ်ကို ယုံတဲ့အထိ ပြော၊
အဲ့လို လေထဲက လာတာမဟုတ်ပဲ သက်သေအခိုင်အမာနဲ့ ကိုယ့်ဟာကိုပြောနေရင် ကိုယ်ဟာ ဒါကိုပြောတတ်ကြောင်း ပြောနိုင်ကြောင်း ယုံလာလိမ့်မယ်၊ ဒါကို back up လုပ်ဖို့ သက်သေရှိပြီးသားလေ၊ ပြောနိုင်ကြောင်း ပြောပြပြီးပြီကိုး၊
ဆိုတော့ ဘယ် level ပဲရောက်ရောက်၊ ကိုယ်က အခု beginner ဆို introduction dialogues တွေ သင်လိုက်တယ်ဆိုပါတော့၊ သင်ပြီးသွားရင် ဟုတ်ပြီ ငါ ဒါကိုပြောတတ်ပြီလို့တွေး၊ ပြီးရင် ပြောတတ်ကြောင်း ကိုယ့်ကိုယ်ကို ပြောပြပြီး သက်သေပြ၊ အဲ့လိုနဲ့ introductions တွေ ငါပြောနိုင်ပြီဆိုပြီး ယုံကြည်သွားတဲ့အခါကျရင် introductions ဆိုရင် confidence ရှိရှိပြောနိုင်မယ်၊ တခြားဟာတော့ မသိဘူးပေါ့လေ ဒါပေမဲ့ introductions တော့ ငါရတယ်၊
ဒီလိုနဲ့ ကိုယ်ပြောနိုင်တာတွေကို ဖြေးဖြေးချင်း များလာအောင် expand လုပ်သွားပါ။

သင်ပါ၊ တတ်ပြီဖြစ်ကြောင်း ကြွေးကြော်ပါ၊ တတ်ပြီဖြစ်ကြောင်း သက်သေပြပါ၊ တတ်သွားတဲ့ဟာကို ဘယ်အချိန်မဆို ပြောနိုင်ပြီဆိုပြီး ကိုယ့်ဟာကို ဝမ်းသာပါ၊ ဒါပါပဲ။

English ဆိုတာ skills ပဲ၊ skills ဆိုတာ သင်ပြီး တတ်ပြီးသွားရင် သုံးကိုသုံးနိုင်တယ်၊ ကျောင်းစာကျက်စာလို သဘောမထားပဲ ငါဒီဘာသာစကားကို သုံးမလို့သင်နေတာ၊ သင်ပြီးရင် သုံးမယ်၊ သုံးနိုင်ရမယ်ဆိုပြီး သင်ရင် လူတိုင်း ပြောနိုင် သုံးနိုင်မှာပါ။

That's it for today, guys. Thanks for reading till the end! I'll make a video as soon as I get back to Yangon.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon