Clarissa English

Clarissa English

Share

IELTS (8.0) L-8.5 | R-9 | W-7 | S-7.5

16/12/2025

My Computer-based IELTS Test experience 🍊

လွန်ခဲ့သော နှစ်ရက်က IELTS computer based test သွားဖြေ​ဖြစ်ခဲ့ပါတယ်။ အဆင်ပြေတာတွေလဲရှိလိုက်သလို အတော်ဒုက္ခရောက်ခဲ့တာလေးရှိခဲ့ပါတယ်။ အားလုံး သိရအောင် ပြောပြပါမယ်။

ကိုယ်သွားဖြေတာကတော့ British Councile (Kanna Road) မှာပါ။ သူတို့က ၈ နာရီအရောက်သွားရတယ်။ Register လုပ်ချိန်က ၈:၄၅ မှာ ပိတ်တာမို့ မနက်စောစော ထသွားရပါတယ်။

Registration Process 🍊

Exam room ထဲ မဝင်ခင် registeration process က အတော်ကြာပါတယ်။ registeration မစခင် ပါလာသမျှ ပစ္စည်းသိမ်းပါတယ်..ဖုန်းပါရင် power off ရပြီး ပစ္စည်းထားတယ့်အခန်းထဲ ကိုယ်အိတ်နဲ့အတူထားခဲ့ရပါတယ်။ Toilet ဘာညာသွားချင်ရင် register မစခင်ထဲက သွားပါ။ စာဖြေနေတုန်း toilet သွားချင်မှာ စိုးလို့ ကိုယ်ဆို လေးကြိမ်လောက် အိမ်သာကို ခေါက်တုန့်ခေါက်ပြန်ဘဲ။ စာဖြေနေတုန်း toilet သွားလို့ မရပါ၊ သွားချင်ရင် ကိုယ့် စာဖြေချိန်ထဲက သွားရပါတယ်။

တစ်ယောက်ချင်းစီခေါ်တာဖြစ်ပြီး passport photo ပြန်ရိုက်တာ fingerprint နှိပ်တာတွေနဲ့ပါ။ မိန်းကလေးတွေ ဆံပင်အရှည်ဆို ခေါင်းစီး၊ ရှေ့ဆံမြိတ်ချထားရင် သပ်တင်ရပါတယ်။ ဒါပြီး ကိုယ့် ID or passport တွေစစ်ပြီး၊ document တွေကို signature ထိုးပြီး သွားမှ ကိုယ့်ကို exam room ထဲခေါ်သွားပါတယ်။

Exam room ထဲမှာ အဲ့နေ့က လာဖြေသူက ၆ ယောက်ဘဲ ရှိပါတယ်၊ စာမေးပွဲ စောင့်သူက နှစ်ယောက်။

ထိုင်စရာက ဘေးဘာညာကို ကြည့်လို့မရပါဘူး။ Destop monitor size က နည်းနည်းကြီးတော့ laptop နဲ့ ကြည့်နေကျ ကိုယ့်အတွက်တော့ နည်းနည်း တိုင်ပတ်သွားပါတယ်။ ဒါ့အပြင် external keyboard အကြီးနဲ့ ဆိုတော့ ကျင့်သားမရတယ့် ကိုယ့်အတွက် typing speed ကျသွားခဲ့ပါတယ်။

စာမေးပွဲစောင့်သူ instruction ကို သေချာလိုက်နားထောင်ပါ။ Login ဝင်တာ code ထည့်တာတွေက သူတို့ဘက်က စာရွက်ပေးပြီး ကိုယ့်ဘာသာ test website ထဲဝင်ရတာပါ။ Skills တစ်ခုချင်းမစခင် test အကြောင်း ၁/၂ မိနစ်စာ video ကိုကြည့်ရပါတယ်။

Listening 🍊

Listening ကတော့ စိတ်လှုပ်ရှားနေတာမို့ အစပိုင်း မူးနောက်နောက်ဖြစ်နေတာ၊ ဒါပေမယ့် စိတ်ငြိမ်သွားတော့ catch up လုပ်နိုင်လိုက်ပါတယ်။ သူက headphone နဲ့ audio ကြားရပြီး အသံ quailty တော်တော်ကောင်းပါတယ်။ keyboard အသစ်ဆိုတော့ ရိုက်ရတာ awkward ဖြစ်ပေမယ့် listening က စာအများကြီး မရိုက်ရတော့ ဘာမှ အခက်အခဲ ထွေထွေထူးထူး မရှိလိုက်ပါဘူး။

Reading 🍊

Reading ကတော့ ကိုယ့်အတွက် အလွယ်ဆုံးပါ။ နောက်ဆုံးမှာ အချိန် ၁၀ မိနစ်လောက် ပိုလိုက်ပြီး စာစစ်ချိန်လဲရလိုက်ပါတယ်။ သူကလဲ အဖြေတွေကို passage ကနေ copy paste ယူလို့ရတော့ စာရိုက်တာ ပြဿနာမရှိလိုက်ပါဘူး။ သတိထားရမှာက စာကို hightlight အများကြီး မလုပ်ပါနဲ့ အဲ့လိုလုပ်ရင် screen freeze ပြီး လေးသွားပါတယ်။ IELTS cambridge books ၁၇-၂၀ ဘဲ သုံးပြီးလေ့ကျင့်ပါ။ BC က register လုပ်ရင်ပေးတယ့် sample test တွေကို လေ့ကျင့်တယ့်အခါ လုံးဝမသုံးပါနဲ့။

Writing 🍊

ကိုယ့် တကယ့်ပြဿနာက writing မှာစတာပါဘဲ။ မေးတာက line graph နဲ့ government funding (opinion) အကြောင်း။ အခုနောက်ပိုင်း essay topic တွေက ပိုပြီး specific ဖြစ်လာပါတယ်။ idea generate လုပ်ရင် မလွယ်ပါဘူး။ ကိုယ့် topic က အစိုးရပိုက်ဆံကို တိုင်းပြည်တိုးတက်ရေးအတွက်ဖြစ်ဖို့ ကျောင်းတွေမှာ science subject ကို တခြား subjectတွေထက် ပိုပြီး ရင်နှီးမြှုပ်နှံသင့်လား ဆိုတာပါဘဲ။ (တိုင်းပြည်တိုးတက်ရေးဆိုတယ့် detail ပါနေတော့ အဲ့မှာ idea ထုတ်တာ အတော်လေး မရလိုက်ပါဘူး)

Essay ကို အရင်ဖြေဖို့လုပ်ပေမယ့် topic မရင်းနှီးနေတာရယ်၊ keyboard အဆင်မပြေနေတာရယ်နဲ့ အချိန်မလောက်ခဲ့ပါဘူး။ Task 1 ကလဲ age group တွေဆိုတော့ သူလဲ စာရေးရတာ ရှည်ပါတယ်။ ကိုယ်က task 1 ရပေမယ့် Typing speed လုံးဝကျနေတော့ essay ရေးတာမှာ သေချာ မရေးလိုက်နိုင်ဘူး။ နောက်ပြဿနာက ကိုယ့်ဘေးက တစ်ယောက် စာရိုက်တာ အတော်အသံကျယ်ပါတယ်။ keyboard ကို ထုရိုက်နေသလို လုပ်တာပါ၊ ဖြေတာ အသက်မပြည့်သေးတယ့် ကလေးပါ။ သူများတော့ အပြစ်မတင်ချင်ပေမယ့် အဲ့ထုရိုက်သံတွေရော၊ keyboard မပြေတာတွေက အတော်ကို စိတ်အနှောင့်အယှက်ဖြစ်ပြီး ဘာမှ မတွေးနိုင်တော့တယ့် အထိပါဘဲ။ thesis နဲ့ conclusion လဲ general ပုံစံဘဲရေးလိုက်နိုင်ပါတယ်။ ကိုယ်တိုင်ကလဲ ဆရာမဆိုတော့ ဖြေပြီးကထဲက band score ဘယ်လောက်ရမလဲ မှန်းပြီးသား..ကံကောင်းရင်တော့ writing 6 လောက်ရမှာပေါ့ဆိုပြီး စိတ်လျော့ပြီးထွက်ခဲ့ရတယ်။ One of my biggest regret ပါဘဲ။

Lunch 🍊

၉ နာရီကနေ ၁၁ နာရီခွဲထိ စာဖြေပြီးတော့ lunch time ပေးပါတယ်။ Lunch စားဖို့က canteen ရှိပါတယ်။ ဆီချက်ရယ်၊ ice coffee ကို ၇၅၀၀ လောက်ပေးခဲ့ရတယ်။ (ဈေးအော်ပါတယ်၊ သွားဖြေသူများ lunch box ယူသွားကြပါ)

Speaking 🍊

ကိုယ့် speaking test က နောက်ဆုံးမှ ဆိုတော့ နှစ်နာရီခွဲလောက် waiting room မှာ ထိုင်စောင့်လိုက်ရတယ်။ ကံတရားက ဘယ်လောက်ဆိုးလဲဆို စောင့်နေတုန်း building တစ်ခုလုံး siren တွေမြည်ပြီး အထုပ်ဆွဲပြေးရမလို ဖြစ်သွားသေးပါတယ်။ နောက်မှ false alarm ဆိုပြီး ကြေညာပါတယ်။

ကိုယ့်ကို ၂ခွဲလောက်လာခေါ်ပြီး အစကအတိုင်း registration ပြန်လုပ်ရပါတယ်။ speaking ဖြေရတာ ကိုယ့်ဘာသာဘဲ အခန်းလွတ်ထဲ monitor နဲ့ပါ။ စာစစ်သူက native speaker ဖြစ်တော့ ကံကောင်းတယ်ပေါ့နော်။ သို့ပေမယ့် မေးခွန်းမေးပြီးရင် စဉ်းစားချိန်မရပါဘူး။ အချိန်ဆွဲတယ့် phrase တွေဘာညာလဲ မသုံးလိုက်ရပါဘူး။ သူတို့ စာစစ်တယ့် ဘက်ကလဲ time limit နဲ့ဆိုတော့ မေးခွန်းတစ်ခုခုပြီးတစ်ခု တောက်လျှောက်မေးပါတယ်။ အားလုံးဖြေလိုက်ပေမယ့် part 3 က ကိုယ့်အတွက် တအားခက်နေတော့ စိတ်တိုင်းကျတယ့် response မပေးလိုက်နိုင်ပါဘူး။ ထစ်နေပြီး ဘာ meaning မှမရှိတယ့် အဖြေမျိုးတွေ ပါသွားပါတယ်။ (သြော် speaking ဖြေနေတုန်း generator ကျသွားလို့ မီးပျက်သွားပါသေးတယ်..lol)

ကိုယ်မှန်းထားသလောက်တော့ band score မထွက်ခဲ့ဘူးပေါ့။ မကျေနပ်သေးတော့ တစ်နှစ်လောက်နေရင် ထပ်ဖြေမှာပါ။ နောက်တစ်ခါဆိုရင်တော့ writing/speaking ကို target ထားပြီးဘဲ လုပ်တော့မယ်။ စာရိုက်ကျင့်ရင်လဲ external keyboard သုံးပြီးလေ့ကျင့်ဖို့ အားလုံးကို တိုက်တွန်းပါတယ်။

22/10/2025

တီချယ် December မှာဖြေရမယ့် စာမေးပွဲ တစ်ခုရှိတာကြောင့် page run တာကို ခဏရပ်ထားလိုက်ပါတယ်။ နှစ်သစ်မှာ အကောင်းဆုံးအရာတွေ မျှဝေပေးဖို့ ပြန်လာခဲ့ပါမယ်။ 🍊

02/09/2025

Zoom အတန်း သင်တယ့်အခါ မိမိကျောင်းသားများ be like 🙄 :

01/09/2025

Me : စာနဲ့ ပတ်သက်တာ မေးချင်တာ ဘာမဆို အချိန်မရွေးလာမေးလို့ရတယ်နော် ကလေးတို့🤗
Also me :

31/08/2025

IELTS Band 5 မှာ တစ် နေပြီဆိုရင် ဘာလုပ်မလဲ? 🙄

🍊 ကိုယ့် English level ကို ပြန်စစ်ပါ။

Level test တွေမှာ free လဲဖြစ် စိတ်ချရတယ့် နှစ်ခုက EF set နဲ့ British council English score ပါဘဲ။ ကိုယ့် level ကို စစ်ပြီး Pre Inter ဆိုရင် English level ကို အရင်မြှင့်ပါ။ IELTS က strong intermediate နဲ့ upper intermediate မှ အမှတ်မြင့်အောင် ပုံသွင်းပေးရတာ လွယ်လို့ပါ။

🍊 Exam Strategy ပြန်စစ်ပါ။

ဆရာမ သင်ပေးနေတယ့် tips တွေရော ကိုယ် သုံးနေရဲ့လား? ဒါမှမဟုတ် ဖြေချင်သလိုဖြေနေလား? အသေးအမွှားလေးကလဲ band score တစ်ခုစာ ကွာသွားနိုင်လို့ပါ။

🍊 ကိုယ့် အားနည်းချက် အားသာချက်ကို သိပါစေ။

IELTS မှာ skills လေးခု ဖြေရတယ့်အထဲ ဘယ်နေရာ ကိုယ် အားအနည်းဆုံးလဲ? ဒါကို စစ်ဖို့ mock test ဖြေကြည့်ဖို့ လိုပါတယ်။ တီချယ်ကတော့ အတန်းသင်တိုင်း mock test တစ်ခု ဖြေပြီး အဆင်ပြေမှ သင်တန်းတက်ခိုင်းပါတယ်။ အပုဒ် ၄၀ မှာ ၂၀ ကျော်လောက် မှန်နေပြီဆိုရင် အခြေအနေ ကောင်းပါတယ်။ ၂၀ အောက်ဆိုရင်တော့ band 6/7 တို့ရဖို့ ခက်ပါလိမ့်မယ်။

🍊 Skills တစ်ခုမှာ ကိုယ်အားနည်းတယ့် အပိုင်း သေချာ သိပါစေ။

ဥပမာ Listening မှာဆိုရင် section 4 ခုရှိတယ်၊ ကိုယ် ဘယ်အပိုင်းရတယ် မရဘူးဆိုတာ သေချာ သိချင်ရင် listening mock test 3 ခု တစ်ပြိုင်တည်း ဖြေကြည့်ပါ။ ဖြေပြီးတယ့်အခါ အမှတ်စစ်ရင် ကိုယ်အမှားများတယ့် အပုဒ်တွေကို ကြည့်ပါ။ ဘာ question type တွေလဲ? ဘယ် section ကလဲ? ဘယ်လို အမှားမျိုးလဲ? မကြားလိုက်တာလား? သိရဲ့သားနဲ့ spelling မှားသွားတာလား? အမှားသေချာ စစ်ပြီး သုံးသပ်ပါ။ ဘယ်လို improve လုပ်ရမလဲ တက်ကျွမ်းသော တီချယ်နဲ့ တိုင်ပင်ကြည့်ပါ။

🍊 Writing & Speaking 🤧

IELTS မှာ အခက်ဆုံးဆို output ထုတ်ရတယ့် writing နဲ့ speaking ဖြစ်ပါလိမ့်မယ်။ အကောင်းဆုံး အကြံပေးရမယ်ဆိုရင် writing ကို မေးနိုင်မယ့် question types အားလုံးကို တစ်ခါတော့ လေ့ကျင့်သွားစေချင်တယ်။ speaking ဆိုလဲ အမေးများတယ့် topic လေးတွေ လေ့ကျင့်သွားပါ။ common topics တွေကို IELTS Liz website မှာ သွားရှာလို့ရပါတယ်၊ "IELTS Liz speaking common topics" or "IELTS Liz essay common topics" ဆိုပြီး google မှာရှာကြည့်ပါ။

သူတို့ကတော့ တိုးတက်မြန်ဖို့ ခက်တယ့်အပိုင်းဖြစ်တာကြောင့် ဦးစားပေးဖို့က reading နဲ့ listening ကို သေချာလုပ်သွားပါ။ Overall ပြန်တွက်ရင် အမှတ်ကောင်းနိုင်ပါတယ်။

🍊 Chill babe Chill 😄

နောက်ဆုံးမှာချင်တာကတော့ band score မတက်လာလို့ ကမ္ဘာကြီး မရပ်သွားပါဘူး၊ အဓိက က စိတ်အေးအေးထားပြီး အပေါ်မှာ ပြောထားသလို ကိုယ်ဘာလိုနေလဲ သုံးသပ်၊ တစ်ခုချင်း ဖြေရှင်းကြည့်ပါ၊ ဆရာမ ရှိရင် တိုင်ပင်ကြည့်ပါ၊ မရှိရင်လဲ တီချယ့် page မှာ လာမေးလို့ရပါတယ်။ ချယ် တစ်ခုချင်းစီကို ရသလို အချိန်ရှိရင် reply ပြန်ပေးပါတယ်။ (သင်တန်းအပ်ချင်တယ့် ကလေးတွေ လာမေးထားတာရှိတော့လေ၊ လောလောဆယ် ချယ် အချိန် ပြည့်​နေလို့ သင်တန်းမဖွင့်ထားပါဘူးရှင့်)

30/08/2025

IELTA Task 1 မှာ မေးသော report overview ရေးနည်းပါ။ 😄

30/08/2025

Speaking မရရင် အာဝုနဲ့ တူမယ်နော်🤭

30/08/2025

"A fleeting warmth"
I wrote a poem today. (If you can call this a poem) I guess this is the best way to express how I feel. I guess I will start writing poems as a hobby from now.

29/08/2025

❌ စာလေ့လာတယ့်အခါမှာ မလုပ်သင့်သောအရာ ၅ ခု

🍊 သူများရဲ့ level 100 ကို ကိုယ့် level 1 နဲ့ သွားမယှဉ်ပါနဲ့၊ ဒါလေးက တီချယ်ကိုယ်တိုင် ကိုယ့် ကျောင်းသားရော၊ကိုယ်တိုင်ရော အမြဲ remind လုပ်ရပါတယ်။

"Comparing is a thief of joy" ပါ။ တီချယ် စာသင်တာ နှစ်ချီနေပြီဆိုပေမယ့် ကိုယ့်ဘေးက တီချယ်တွေနဲ့ ယှဉ်ရင် qualification ပိုင်းမှာ နောက်ကျပါတယ်။ ငွေကြေးခက်ထဲတယ့် family ကဆိုတော့ တစ်သိန်းတန် သင်တန်းတောင် ကောင်းကောင်းမတက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လဲ ကိုယ်လုပ်ရမှာကိုဘဲ အာရုံစိုက်လုပ်ရင်းနဲ့ဘဲ အခုဆို စာပြန်သင်နိုင်တယ့် ဆရာနေရာတောင် ရောက်လာခဲ့တာဘဲလေ။ မှတ်ထားပါ ကိုယ့်အခြေအနေ၊သူများအခြေအနေ မတူဘူး၊ ဒါက unfair လို့ထင်ကောင်းထင်မယ်၊ But life is unfair anyway. You better make the best out of it. ကိုယ့်လုပ်ရမှာသာ ဖြည်းဖြည်းမှန်မှန်လုပ်ပါ တစ်နေ့ရလာပါလိမ့်မယ်။

🍊 မရတော့ဘူး၊ကျတော့မယ် မပြောပါနဲ့။ စာမေးပွဲ ဖြေတိုင်း ငါအကောင်းဆုံးလုပ်မယ်ဘဲ စိတ်ကူးပါ။ ကိုယ်ကြိုးစားထားတာနဲ့ ထိုက်တန်တာရလာပါလိမ့်မယ်။

🍊 အတိတ်ကို တသသ မတွေးပါနဲ့။ ချယ်လဲ ငယ်ငယ်တုန်းက စာလုပ်ခဲ့ရင် ကောင်းသားဆိုတယ့် အတွေး နောင်တ ဝင်ဖူးပါတယ်၊ ငယ်တုန်းကြိုးစားခဲ့ရင်ဆိုရင်.... ဒီလိုအတွေးမျိုးဝင်လာရင် ဝင်လာတယ့်ပေါ့၊ လက်ရှိမှာ ဘာလုပ်လို့ရမလဲဘဲ စီစဉ်ပါ။ ပြီးပြီးသားတော့ ဘာမှ ပြန်လုပ်လို့မရတော့ဘူးလေ။

🍊 လုပ်စရာရှိတာမလုပ်ဘဲ တွေး​နေတာလျော့ပါ။ ဟို essay ရေးရဦးမယ်၊ဒီ စာလဲကျက်ရမယ် အများကြီးမတွေးဘဲ လုပ်လိုက်ရင်တောင်ပြီးသွားလောက်ပြီ။

🍊 Complains တက်ခြင်း၊ စာလုပ်တယ့်နေရာဖြစ်စေ၊အလုပ်ခွင်ဖြစ်စေ ကိုယ်ထိန်းချုပ်လို့မရတယ့်အရာတွေကို complain တက်ခြင်း ရှောင်ပါ။ ပြောနေတော့လဲ ဘာမှမထူး ကိုယ်ဘဲ သောကရောက်ပါမယ်။ Trust me I have been there.

28/08/2025

IELTS Writing Task 1 ရဲရဲတင်းတင်း ရေးနိုင်ဖို့ Free Class လာပါပြီ။🥳

ချယ် လက်ရှိ run နေတယ့် IELTS Listening free class ပြီးတော့မှာမို့ နောက် တစ်ခု ဘာထပ် run ရမလဲ စဉ်းစားလိုက်တော့ ကျောင်းသားတွေ ခက်ခဲနေကြတယ့် Task 1 ကိုဘဲ ရွေးချယ်လိုက်ပါတယ်။

ရှည်ရှည်ဝေးဝေးတော့ မပြောတော့ဘူး၊ ဒီ free video class မှာ တခြား သင်တန်းကြေးပေးရတာတွေထပ် အသေးစိတ်ကျသော information တွေကို sharing လုပ်ပေးမှာဖြစ်ပါတယ်။ Video class ဆိုတော့ ကိုယ်စာလုပ်မှတော့ရမှာပေါ့နော်။

Task 1 ကို ဘယ်သင်တန်းမှ မသုံးတယ့် unique approach နဲ့ သင်ပေးမှာဖြစ်ပြီး အတန်းပြီးတာနဲ့ ဘာလာလာ တစ်ခါထဲ ရေးတက်သွားမှာတော့ သေချာသလောက်ပါ၊ အဲ ကိုယ်က English စာ အခံရှိဖို့တော့ လိုသေးတာပေါ့လေ။ 😅

English level က inter or upper inter လောက်ရှိရင် ပိုကောင်းပါတယ်။

ဘာတွေ သင်ပေးမှာလဲ?🙄

🍊 Task 1 အမျိုးအစားများ၊
🍊 Task 1 မှာပါတယ့် မေးခွန်းအမျိုးအစာ အားလုံးကို ဖြေဆိုနည်း၊
🍊 Task 1 ဖြေရင် သုံးရမယ့် Vocab နဲ့ Grammar pattern များ
🍊 Tr ရဲ့ sample task 1 report များကို access ပေးထားခြင်း
🍊 Report တစ်ပုဒ်သင်ပြီးတိုင်း Homework ရှိပါတယ်။
🍊 Report ပေါင်း ၁၂ ခု ရေးရမှာဖြစ်ပါတယ်၊
ကိုယ်ရေးထားတာကို တီချယ့်ရဲ့ sample report နဲ့ တိုက်စစ်လို့ရပါတယ်။

Note : Free Video Class မို့ စာတော့ မစစ်ပေးပါဘူးနော်။ 😄

Starting Date : 8.9.2025

🤗 Free Video Class ကို join မယ်ဆိုရင်

◼️ တီချယ့် Page ကို like & follow လုပ်ပါ။
◼️ ဒီ post ကို like & share လုပ်ပြီး comment မှာ "join" လို့ရေးခဲ့ပါ။

DM ကနေ Telegram link ကို ပို့ပေးပါမယ်။ 💁

27/08/2025

ထူးထူးခြားခြား IELTS Writing Essay မေးခွန်း

ချယ် မနေ့ညက essay ရေးဖို့ရှာရင်းနဲ့ ဒီမေးခွန်းကို တွေ့တော့ စိတ်ဝင်စားဖို့ကောင်းတယ် ထင်လို့ sharing လုပ်တာပါ။

Some scientist think that there are intelligent lift forms on other planets and messages should be sent to contact them. Other scientist think it is a bad idea and would be dangerous. Discuss both views and give your own opinion.

ဒီ မေးခွန်မြင်တော့ ငယ်ငယ်က ကြည့်ဖူးတယ့် Alien ကားတွေကို သတိရသွားတယ်။ ဒီ essay မှာက တခြား lifeforms တွေရှိရင် ဆက်သွယ်သင့်တယ်၊ တစ်ချို့က အန္တရာယ်ရှိတယ်လို့ဆိုတယ်။ နှစ်ဖက်အမြင်ကို ကြည့်ရမှာဆိုတော့ ဆက်သွယ်သင့်ရင် ဘာကြောင့် ဆက်သွယ်ရမလဲ?

တစ်ခုကောင်းနိုင်တာကတော့ technology ပိုင်းမှာ သာလွန်တိုးတက် နိုင်ချေရှိရတယ့် ဒီိ Alien တွေကို ဆက်သွယ်မိရင် ကိုယ်တွေ ကမ္ဘာမှာ ဖြစ်ပွားနေတယ့် global issues တွေကို သူတို့ရဲ့ နည်းပညာနဲ့ ဖြေရှင်းနိုင်မယ်လို့တွေးမိတယိ။

အင်းပေါ့..တစ်ဖက်မှာဘဲ အန္တရာယ်နိုင်တယ်၊ ကိုယ်တွေကို enslave လုပ်ရင် ဒုက္ခလေ။ ဥပမာဆိုရင် လူတွေဘဲကြည့် ပိုပြီး developed ဖြစ်တယ့် civilizationက less developed civilization တွေနဲ့ ထိပ်တိုက်တွေ့ရင် တစ်ဖက်က ကျွန်ဖြစ်ရတာနဲ့ နိုင်ငံအသိမ်းခံရတာနဲ့။ ဒါမျိုးတွေလဲ alien တွေနဲ့ ဖြစ်လာနိုင်တာဘဲ။

ထားပါ၊ တီချယ်လဲ brainstorming လုပ်ရင်နဲ့ ရှာလိုက်တာ Alien Earth TV series ကိုတွေ့ပြီး စာရေးတယ့်ဘက်မရောက် ရုပ်ရှင်ဘဲ ကြည့်မိသွားပါတယ်။😅

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon