Thate Pan Hub

Thate Pan Hub An EdTech Social Enterprise providing accessible Digital Literacy and Basic Technology Education

“သိပ္ပံ Hub” ဆိုတာကတော့ မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသားကျောင်းသူကလေးငယ်တိုင်းအတွက် Computer Science ဘာသာရပ်အပြင် အခြေခံနည်းပညာသင်ခန်းစာများ နှင့်ပတ်သက်တဲ့ အသိပညာတွေ အလွယ်တကူရရှိနိုင်အောင် ဖော်ဆောင်ပေးမယ့် အကျိုးအမြတ်မရယူသော လူမှုအကျိုးပြုစီးပွားရေးတစ်ခု ဖြစ်ပါတယ်။

Thate Pan Hub serves as a bridge, connecting the gap between young children in Myanmar with the essential domains of Digital Literac

y and Basic Computer Science Education, which may otherwise remain beyond their reach, by offering complimentary and cost-effective physical and digital EdTech products, along with comprehensive learning materials. Through the integration of education and technological innovation, we aim to foster an inclusive learning environment that empowers the youth of Myanmar to acquire the knowledge and skills necessary for their future success. WHAT WE DO
----------------

👩‍🏫 Educate | 💻 Advocate | 👨‍💻Empower | 🙌 Innovate


Our Story
-----------

We started “Thate Pan Hub” as a project based in Myanmar especially aimed for all the children across Myanmar regardless of their socioeconomic background, to get free and accessible computer science basic courses. With that aim in mind, “Thate Pan Hub” has introduced Computer Science and basic technology education to over 2000 students nationwide via online and offline since October 12, 2020. Thate Pan Hub has now grown as a “non-profit educational social enterprise”, providing not only free courses, also successfully hosted various online and physical events, campaigns and educational projects to create quality technology education accessible to all educators in Myanmar. Moreover, our continuous effort to implement the enterprise's successful vision results in such achievements

🌟 Official Country Partner of code.org

🌟 Award winner of ‘YSEALI Seeds for the Future 2022 competition’ with the project - ‘ICT4Educator’

🌟 Successfully held Myanmar’s first 5-day hackathon Young Innovators Challenge for the children called Hub&Hack

🌟 Our international partners include the ASEAN Foundation, Code.org, UNESCO, SDG4Youth Network, YSEALI, UNICEF, British Council, UNOPS, and successful co-branding partnerships with 20+ local organizations.

မော်လမြိုင်မြို့ဆီလည်း ရောက်ရှိသွားခဲ့တဲ့ MYP ခရီးစဉ်✨📱MYP App မှာ ပါဝင်တဲ့ Digital Literacy သင်ရိုး (၈) ခု (IT Fundamen...
20/08/2026

မော်လမြိုင်မြို့ဆီလည်း ရောက်ရှိသွားခဲ့တဲ့ MYP ခရီးစဉ်✨📱

MYP App မှာ ပါဝင်တဲ့ Digital Literacy သင်ရိုး (၈) ခု (IT Fundamentals, AI & Programming Foundations, Digital Careers) တွေကို မော်လမြိုင်က ကလေးငယ်တွေနဲ့အတူ Tablet များအသုံးပြုပြီး လက်တွေ့ကျကျ လေ့လာသင်ယူခဲ့ကြပါတယ်။

နည်းပညာကို စတင် ထိတွေ့ရင်း အနာဂတ် အိမ်မက်တွေကို ပုံဖော်နေကြတဲ့ မော်လမြိုင်က ရတနာလေးတွေရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။✨

မန္တလေးမြို့ရဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေဆီ ရောက်ရှိခဲ့တဲ့ MYP ခရီးစဉ်လေး✨ဒီခရီးစဉ်မှာတော့ Thate Pan Hub ရဲ့ Myan...
14/08/2026

မန္တလေးမြို့ရဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေဆီ ရောက်ရှိခဲ့တဲ့ MYP ခရီးစဉ်လေး✨

ဒီခရီးစဉ်မှာတော့ Thate Pan Hub ရဲ့ Myanmar Youth Platform (MYP) App ကို အဓိကအသုံးပြုပြီး မန္တလေးက လူငယ်လေးတွေနဲ့အတူ လက်တွေ့ကျတဲ့ Digital လေ့လာမှုတွေကို ဖန်တီးခဲ့ကြတာပါ။ MYP မှာ ပါဝင်တဲ့ Digital Literacy သင်ရိုး (၈) ခုကနေတစ်ဆင့် IT Fundamentals တွေ၊ AI & Programming ရဲ့ Foundation တွေနဲ့ အနာဂတ် Digital Career လမ်းကြောင်းတွေကို Tablet Device တွေနဲ့ ကလေးတွေကိုယ်တိုင် တိုက်ရိုက် လေ့ကျင့်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

Tablet မျက်နှာပြင်ပေါ်မှာ စိတ်အားထက်သန်စွာနဲ့ နည်းပညာကို စတင်ထိတွေ့ရင်း အနာဂတ် အိမ်မက်တွေကို ပုံဖော်နေကြတဲ့ မန္တလေးက ရတနာလေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။ ✨📱

မကြာမီမှာလည်း အခြားသော မြို့တွေက လှုပ်ရှားမှုတွေကို ဆက်လက် မျှဝေပေးသွားဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်။


နည်းပညာနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေအတွက် Digital ခေတ်ကြီးက လှမ်းကြည့်နေရုံနဲ့တင် မဝေးကွာသွားသင့်ပါဘူး။ ✨ဒီယုံကြည်ချက်တစ်ခု...
06/08/2026

နည်းပညာနဲ့ အလှမ်းဝေးနေတဲ့ ကလေးတွေအတွက် Digital ခေတ်ကြီးက လှမ်းကြည့်နေရုံနဲ့တင် မဝေးကွာသွားသင့်ပါဘူး။ ✨

ဒီယုံကြည်ချက်တစ်ခုတည်းနဲ့တင် Thate Pan Hub ရဲ့ Digital Literacy နှင့်ပတ်သက်သော Learning Platform တစ်ခုကို မိတ်ဆက်ပေးသော ခရီးစဉ်ဟာ စတင်ခဲ့တာပါ။✨

အိပ်မက်တွေကို စာသင်ခုံပေါ်ရောက်အောင် သယ်ဆောင်ပေးချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် ကနေ မဲဆောက်အထိ ဖြတ်ကျော်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၄၀ ကျော်ဆီ ကျွန်တော်တို့ တံခါးသွားခေါက်ခဲ့ကြပါတယ်။ ✨

အကြောင်းအမျိုးမျိုးကြောင့် နည်းပညာနဲ့ ဝေးကွာနေရတဲ့ အသက် ၁၃ နှစ်ကနေ ၁၈ နှစ်ကြား လူငယ်တွေရဲ့ လက်ထဲကို Tablet Device လေးတွေ ထည့်ပေးလိုက်တဲ့အခါ သူတို့မျက်ဝန်းထဲမှာ တောက်ပါလာတဲ့ စူးစူးစိုက်စိုက်ကြည့်ရှု စိတ်ဝင်စားမှုတွေကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာပါ။✨

MYP App ကို အဓိကထားပြီး သာမန်စာတွေ့သင်ကြားတာမျိုး မဟုတ်ဘဲ Tablet တွေပေါ်မှာ ကိုယ်တိုင် လက်တွေ့နှိပ်၊ ကိုယ်တိုင် လေ့ကျင့်စေခဲ့တာဖြစ်ပါတယ်။ Digital Literacy သင်ရိုး ၈ ခုကနေတစ်ဆင့် သတင်းအချက်အလက် နည်းပညာအခြေခံ (IT Fundamentals) တွေ၊ ဒီနေ့ခေတ်မှာ မသိမဖြစ် လိုအပ်လာတဲ့ AI နဲ့ Programming Foundation တွေကို ကလေးတွေ နားလည်လွယ်အောင် အနီးကပ် မျှဝေပေးခဲ့ကြပါတယ်။

ဒါတင်မကဘဲ ဒီနည်းပညာတွေကို အသုံးချပြီး အနာဂတ်မှာ မိမိကိုယ်ကို ဘယ်လိုရပ်တည်နိုင်မလဲဆိုတဲ့ Digital Livelihood ရဲ့ Career လမ်းကြောင်းတွေကိုပါ မြင်သာအောင် လမ်းပြပေးနိုင်ခဲ့ပါတယ်။

ကျောင်းပေါင်း ၄၀ ကျော်က လူငယ်ပေါင်းများစွာရဲ့ လက်တွေ့သင်ယူမှု၊ မျက်ဝန်းထဲက အိပ်မင်တွေနဲ့အတူ Thate Pan Hub ဟာ နည်းပညာအခွင့်အလမ်း ညီမျှရေးအတွက် အရှိန်မပျက် ဆက်လက် လှမ်းချီနေဆဲဖြစ်ပါတယ်။

🎉 Thank You for Celebrating American Sports with Us! 🦉✨ "Freedom 250: Celebrating American Sports" ပွဲလေးမှာဆိုရင် အားကစ...
23/07/2026

🎉 Thank You for Celebrating American Sports with Us! 🦉✨

"Freedom 250: Celebrating American Sports" ပွဲလေးမှာဆိုရင် အားကစား၊ ဂီတ၊ သင်ယူမှုတွေ ပျော်စရာတွေနဲ့ အပြည့်နဲ့ ကျင်းပခဲ့ပါတယ်။✨

Sport အလိုက် Challenge တွေ
ဆော့ကစားရတဲ့ အားကစားတွေ၊ အသင်းလိုက် စိန်ခေါ်မှုပွဲတွေ၊ စိတ်ဓာတ်ခွန်အားပေးတဲ့ ဟောပြောပွဲတွေနဲ့ Sing to Explore တို့ကနေတစ်ဆင့် အားကစားတွေရဲ့ နောက်ကွယ်က တန်ဖိုးတွေဖြစ်တဲ့ အသင်းအဖွဲ့စိတ်ဓာတ်၊ ဇွဲလုံ့လ၊ စည်းကမ်းရှိမှု၊ အားလုံးပါဝင်နိုင်မှုနဲ့ ထူးချွန်ထက်မြက်အောင် ကြိုးပမ်းမှုတွေကို ကိုယ်တိုင်တပ်အပ် ခံစားခွင့်ရခဲ့ မယ်လို့ မျှော်လင့်ပါတယ်။✨

ပွဲလေးဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးခဲ့တဲ့ Royal D နဲ့အတူ ဖိတ်ကြားထားတဲ့ ဟောပြောသူတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အားပေးကူညီသူတွေနဲ့ ပါဝင်ဆင်နွှဲခဲ့ကြသူ တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။✨

သင်ယူမှုတွေ၊ ဖလှယ်မှုတွေကနေတစ်ဆင့် အမေရိကန်ရဲ့ အတွေးအခေါ်၊ အောင်မြင်မှုတွေနဲ့ တန်ဖိုးတွေကို ဆက်လက်ဖော်ထုတ်သွားမယ့် Freedom 250 ရဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတွေလည်း မကြာမီ လာဦးမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

18/07/2026

Today ✨✨✨

American Center Yangon

10:00 am - 4:00 PM

Celebrating American Sports ✨✨

🇺🇸 Celebrating American Sports သို့ ဖိတ်ကြားလွှာ 🏀မနက်ဖြန် စနေနေ့မှာ American Centre Yangon မှာ ကျင်းပမယ့် Celebrating A...
17/07/2026

🇺🇸 Celebrating American Sports သို့ ဖိတ်ကြားလွှာ 🏀

မနက်ဖြန် စနေနေ့မှာ American Centre Yangon မှာ ကျင်းပမယ့် Celebrating American Sports ပွဲကြီးမှာ ဘယ်လိုစိတ်လှုပ်ရှားစရာ Activities တွေ ပါဝင်မလဲဆိုတာ ကြည့်လိုက်ရအောင်။✨

Sports Challenges ၈ မျိုး: အားကစားနည်း ၈ မျိုးနဲ့ သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်ပြီး အမှတ်တရ Merchandise တွေကို ရယူနိုင်မယ့် အစီအစဉ်များ။✨

Guest Speakers: စိတ်ခွန်အားရစရာ အတွေ့အကြုံတွေကို မျှဝေပေးမယ့် session များ။✨

DIY Booths: မိမိကိုယ်ပိုင် အလံ Design ကို Creativity အပြည့်နဲ့ စိတ်ကြိုက် ဖန်တီးပုံဖော်ခွင့်။✨

Sing to Explore: American Centre ရဲ့ Sing to Explore နဲ့အတူ ပျော်စရာ Activities ပေါင်းများစွာ။✨

ပွဲလေးကိုတော့

အချိန်: မနက် 10:00 AM မှ ညနေ 4:00 PM အထိ

နေရာ: American Centre Yangon

🔗 တက်ရောက်ရန် စာရင်းပေးသွင်းခြင်း
အောက်ပါ Registration Link တွင် စာရင်းပေးသွင်းနိုင်သလို၊ ပွဲနေ့တွင် လူကိုယ်တိုင် တိုက်ရိုက်လာရောက်သည့် Walk-ins များကိုလည်း နွေးထွေးစွာ ကြိုဆိုပါသည်။✨✨

https://forms.gle/8gchM729uHvhau6B6

Royal D ကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။✨

Feeling Lucky!? ✨အခုလာမဲ့ စနေနေ့ American Centre Yangon မှာ ပြုလုပ်သွား မဲ့ Celebrating American Sports ပွဲလေးမှာတော့ ✨G...
16/07/2026

Feeling Lucky!? ✨

အခုလာမဲ့ စနေနေ့ American Centre Yangon မှာ ပြုလုပ်သွား မဲ့ Celebrating American Sports ပွဲလေးမှာတော့ ✨

Game Challenge မျိုးစုံ ၊ Guest Speakers တွေနဲ့ ACY Sing to Explore နှင့်ပူးပေါင်းထားသည့် Activities များအပြင် အားကစား ၈ မျိုးအတွက် Booth တွေမှာ Game Challenge မျိုးစုံကို ရင်ခုန်စွာဆော့ကစားရမှာပဲဖြစ်ပါတယ်။ ✨

Challenge ကို အရင်ဆုံးအောင်နိုင်တဲ့ သတ်မှတ်လူဦးရေကို Limited Merchandise လေးတွေဖြစ်တဲ့ Half cap & Keychain လေးတွေ ဆုလက်ဆောင်ပေးအပ်သွားမှာပဲဖြစ်ပါတယ်။ ✨

1️⃣ Link ကို နှိပ်ပြီး ပွဲအတွက် အခုပဲ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ။

2️⃣ ဇူလိုင်လ ၁၈ ရက်နေ့မှာ စောစောလာခဲ့ပါနော် (မနက် ၁၀:၀၀ နာရီမှာ Soft Opening အဖြစ် တံခါးစတင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်!)။✨

3️⃣ဂိမ်းတွေကို အမြန်ဆုံး နိုင်အောင်ဆော့ကစားလို့ရပါပြီ🤞🏆

Registration Link : https://forms.gle/8gchM729uHvhau6B6

🎶🏆 ဂီတနဲ့ အားကစားတို့ စုဝေးရာ! ⚽🎤ဒီတစ်ပတ်မှာတော့ ACY Sing to Explore က Thate Pan Hub ရဲ့ "Freedom 250: Celebrating Ameri...
14/07/2026

🎶🏆 ဂီတနဲ့ အားကစားတို့ စုဝေးရာ! ⚽🎤

ဒီတစ်ပတ်မှာတော့ ACY Sing to Explore က Thate Pan Hub ရဲ့ "Freedom 250: Celebrating American Sports" ပွဲကြီးနဲ့ ပူးပေါင်းပြီး ဂီတ၊ လှုပ်ရှားမှုနဲ့ အားကစားစိတ်ဓာတ်တွေကို တစ်နေရာတည်းမှာ ခံစားရမယ့် အထူးအစီအစဉ်လေးတစ်ခုကို ယူဆောင်လာပါပြီ။

ပျော်စရာသီချင်းများ၊ အပြန်အလှန်ကစားရမယ့် ဂိမ်းများနှင့် အဖွဲ့လိုက်လှုပ်ရှားမှုများမှတစ်ဆင့် သူငယ်ချင်းအသစ်တွေနဲ့ ဆုံတွေ့ခွင့်ရမှာဖြစ်သလို ဂီတက အားကစားနဲ့ လူသားတွေကို ဘယ်လိုမျိုး ချိတ်ဆက်ပေးသလဲဆိုတာကိုပါ လက်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

Date - ဇူလိုင်လ ၁၈ ရက် | စနေနေ့
Time - နေ့လည် ၁:၀၀ နာရီမှ ၂:၀၀ နာရီအထိ
Location - NewYork Room၊ American Center Yangon

Thate Pan Hub က American Center Yangon မှာ အခမဲ့ကျင်းပမယ့် "Freedom 250: Celebrating American Sports" Open-house ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ "Music & Movement Corner" ကို လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် တစ်နေ့တာလုံးမှာ ရှိနေမယ့် စိတ်လှုပ်ရှားစရာ အားကစားအရောင်းပြခန်းတွေ၊ စိန်ခေါ်မှုဂိမ်းတွေနဲ့ စိတ်ဓာတ်ခွန်အားနိုးကြားစေမယ့် ဟောပြောပွဲအစီအစဉ်တွေကိုလည်း လက်မလွတ်တမ်း ဆင်နွှဲနိုင်ဦးမှာပဲဖြစ်ပါတယ်

📝 စာရင်းပေးသွင်းရန် - https://forms.gle/8gchM729uHvhau6B6 🎟️

ဝင်ကြေးအခမဲ့ | မည်သူမဆို တက်ရောက်နိုင်ပါသည်။

အားလုံးနဲ့အတူ ပျော်ပျော်ပါးပါး ဆင်နွှဲဖို့ စောင့်နေပါပြီနော်! 💙

🇺🇸 Freedom 250: Celebrating American Sports✨American Sports တွေရဲ့ အငွေ့အသက်ကို တစ်ဝကြီး ခံစားရမယ့်အပြင်၊ Sports Boothတွ...
10/07/2026

🇺🇸 Freedom 250: Celebrating American Sports✨

American Sports တွေရဲ့ အငွေ့အသက်ကို တစ်ဝကြီး ခံစားရမယ့်အပြင်၊ Sports Boothတွေ၊ Guest Speaker တွေရဲ့ စကားဝိုင်းတွေနဲ့ Activities လန်းလန်းလေးတွေ အများကြီး ရှိနေမယ့် ပွဲလေးကိုတော့

ဇူလိုင်လ ၁၈ ရက် (စနေနေ့) မနက်
၁၀:၀၀ ကနေ ညနေ ၄:၀၀
American Center Yangon (ACY) မှာပြုလုပ်သွားမှာပဲဖြစ်ပါတယ်။✨

Registration Form : https://forms.gle/8gchM729uHvhau6B6

Event Activities:

Kick the Ball Challenge & Bean Bag Toss: အပျော်တမ်း ဂိမ်းတွေဆော့ပြီး

Music & Movement Corner လေးမှာ ACY – Sing To Explore နဲ့အတူ သီချင်းဆို၊ ကခုန်ပြီး အပန်းဖြေဖို့

Networking: အားကစားဝါသနာတူတွေ၊ သူငယ်ချင်းအသစ်တွေနဲ့ ဆုံဆည်းခွင့်တွေအတွက် နေရာပြည့်မသွားခင် အခုပဲ Register အရင်လုပ်ထားလိုက်တော့နော်။ ဇူလိုင် ၁၈ မှာ အတူတူ ဆုံကြပါမယ်! ⚽🏀🏈

ဒီပွဲလေးဖြစ်မြောက်ဖို့ Royal-D မှ ကူညီပံ့ပိုးပေးထားပါတယ် ခင်ဗျာ။ ✨

Volunteers' Voice: လူငယ်တစ်ယောက်ရဲ့ အမှတ်တရခရီးစဉ်နှင့် Thate Pan Hub✨ဒီနေ့မှာတော့ Thate Pan Hub ရဲ့ Volunteer အဖြစ် တစ်...
09/07/2026

Volunteers' Voice: လူငယ်တစ်ယောက်ရဲ့ အမှတ်တရခရီးစဉ်နှင့် Thate Pan Hub✨

ဒီနေ့မှာတော့ Thate Pan Hub ရဲ့ Volunteer အဖြစ် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရင်း၊ Community အတွက် Positive Impact တွေ ဖန်တီးပေးခဲ့တဲ့အပြင် မိမိကိုယ်တိုင်လည်း သိသာထင်ရှားတဲ့ Personal Development တွေ ရရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ တက်ကြွတဲ့ Volunteer လေးတွေရဲ့ ရင်တွင်းစကားသံလေးများကို ဆက်လက်မျှဝေပေးလိုက်ပါတယ်။ 🌟

Thate Pan Hub နဲ့အတူ လက်တွဲပြီး အမှတ်တရကောင်းတွေ ဖန်တီးပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်! 🌟

Address

No. 35, 5th Floor, Room 601, Phyar Pone Street, Sanchaung
Yangon
11111

Alerts

Be the first to know and let us send you an email when Thate Pan Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thate Pan Hub:

Shortcuts

Share