20/02/2023
JOKER KING STAR
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JOKER KING STAR, Yangon.
20/02/2023
24/08/2022
AA/AAA USB Charger
စျေးနှုန်း ၁၁၀၀၀ကျပ် 11000Ks(လေးလုံးသွင်း)
စျေးနှုန်း ၁၆၀၀၀ကျပ် 16000Ks(ရှစ်လုံးသွင်း)
AA Rechargeable လေးလုံးတစ်ကဒ် ၇၀၀၀ကျပ်
AAA Rechargeable လေးလုံးတစ်ကဒ် ၈၀၀၀ကျပ်
တီဗီ/အဲကွန်း/သွေးပေါင်ချိန်စက်/ရေဒီယိုကတ်ဆက်/ရီမုကား/မိုက်ကရိုဖုန်း/ရီမုအမျိုးမျိုး စသည့် AA/AAA ဘတ္ထရီထည့်သုံးရသော ပစ္စည်းကို အသုံးပြုနေရသူများအတွက်
တစ်ခါဝယ်ပြီး အကြာကြီး အသုံးပြုနိုင်စေရန် အားသွင်းဓာတ်ခဲ အားသွင်းခွက်ကို ရောင်းချပေးခြင်းဖြစ်ပါသည်။
✅✅✅✅✅✅❤️❤️❤️❤️❤️❇️❇️❇️❇️❇️❇️
ရန်ကုန်မြို့တွင် ပစ္စည်းရောက်ငွေချေရပြီး
မြို့နယ်အလိုက် ပို့ဆောင်ခပေးရပါမည်။
နယ်မြို့များ ငွေကြိုလွှဲရမှာဖြစ်ပြီး ငွေလွှဲလက်ခံရရှိမှသာ ပစ္စည်းပို့ပေးပါမည်။ နေ့ခင်း ၁၂နာရီမကျော်သော ငွေလွှဲများ နေ့ချင်းကားဂိတ်အရောက်တင်ပေးပြီး
နောက်ကျပါက နောက်နေ့မှ ဂိတ်တင်ပေးပါမည်။
ဂျိုကာကင်း
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
#ဆက်သွယ်ဝယ်ယူမှာကြားရန် >>>>>>>>>>>
☎ 09-426319500 (Viber)
☎ 09-892580001
ဆက်သွယ်မှာချင်တယ်ဆိုရင်တော့ ~~
- (၁) လိုချင်တဲ့ ပစ္စည်း
- (၂) နာမည်
- (၃) ဖုန်းနံပါတ်
- (၄) လိပ်စာ
အပြည့်အစုံကို Chat Box (သို့) Viber (09)426319500 က ပြောပေးပါ ။
23/08/2022
တရားဟော စာချ ဟောပြောပွဲသုံး နားချိတ်မိုက္ကရိုဖုန်း
တန်ဖိုး 15000ks
ဘုန်းကြီးကျောင်းမှာ စာချ တရားပြဖို့
ဟောပြောပွဲ အစည်းအဝေးတို့မှာ ဟောပြောဆွေးနွေးဖို့
ကျောင်း၊ စာသင်ခန်း၊ ကျူရှင်၊ သင်တန်းတို့မှာ ဆရာတွေသုံးဖို့
ခရီးသွားလမ်းညွှန် (Tourist Guide) တွေ ဘာသမိုင်း ညာသမိုင်း ပြောဖို့
နယ်ပယ်မျိုးစုံ သုံးလို့ရပါတယ်။
ခုခေတ် ဆောင်းဘောက်၊ စပီကာ၊ အော်လံ အတော်များများမှာ FM Radio စနစ် ပါပြီးသားပါ။ ကားတိုင်းလိုလို FM ပါပြီးသား။
ဆောင်းဘောက်က FM Radio ကိုဖွင့်ထားပြီး လှိုင်းနှုန်းတစ်ခုရွေး။ နားချိတ်မိုက္ကရိုဖုန်းမှာလည်း ၄င်းလှိုင်းနှုန်းကို ရွေး။ ဒါဆို ပြောလို့ဆိုလို့ရပါပြီ။ စပီကာမရွေး ဆောင်းဘောက်မရွေး ဂျပ်ပင်ပေါက်မရွေး FM Radio ပါရင် ချိတ်လို့ရပါပြီ။
လှိုင်းနှုန်း 8.70 မှ 108.0 အတွင်း ရွေးချယ်ချိတ်ဆက်နိုင်ပါတယ်။
အိမ်မှာ တရားနာဖို့ သီချင်းနားထောင်ဖို့ သုံးကြတဲ့ လက်တဝါးလောက် စပီကာလေးတွေကနေစပြီး စတိတ်ရှိုးသုံး ဆောင်းဘောက်ကြီးတွေအထိ ချိတ်ဆက်သုံးလို့ရပါတယ်။
ကားမှာ FM Radio ဖွင့်ထားပြီး စပယ်ယာကနေ တစ်စီးလုံးကြားအောင် ပြောဖို့ လမ်းညွှန်ဖို့ မိုက်နဲ့ အထိုင်စက်၀ယ်စရာမလိုပဲ နားချိတ်မိုက္ကရိုဖုန်းတစ်ခုတည်းနဲ့ အဆင်ပြေပါတယ်။
ရိုးရိုးမိုက်တွေထက် ထူးခြားတဲ့အချက်က လက်ညောင်းခံပြီး မိုက်ကိုင်စရာမလိုဘူး။ နားမှာ ချိတ်ထားရုံပါပဲ။ မိုက်လို သူ့ဟာနဲ့သူမှ ချိတ်လို့ရတာမဟုတ်။ လှိုင်းနှုန်းတူရင် အရေအတွက် ကန့်သတ်ချက်မရှိ ချိတ်ဆက်ပြောဆိုနိုင်ပါတယ်။
အစည်းအဝေးတွေမှာ တစ်ယောက်တစ်ခွန်း အပြန်အလှန် ဆွေးနွေးပြောဆိုဖို့ မိုက်ခွက်အထိုင်တွေ အများကြီးနဲ့ မိန်းအထိုင်စက်တွေ ဆင်စရာမလိုပဲ FM ပါတဲ့ ဆောင်းဘောက်တစ်ခုကိုပဲ လှိုင်းနှုန်းတူ ချိတ်ဆက်ထားတဲ့ နားချိတ်မိုက္ကရိုဖုန်းများစွာ အသုံးပြုနိုင်ပါတယ်။ လူကြီးပိုင်းက ခေါင်းပေါင်းနဲ့ မလွတ်လို့ နားချိတ်မသုံးချင်ရင်လည်း နားချိတ်အကွေးကို ဖြောင့်ပြီး အထိုင်မိုက်ခွက်အဖြစ် တည်ပေးထားလို့ရပါတယ်။
(ကြိုးမဲ့ မိုက္ကရိုဖုန်း ရောင်းခြင်းသာ ဖြစ်ပါတယ်။ စပီကာ/ဆောင်းဘောက် မပါပါ။)
❤️❤️❤️❤️❤️❤️❤️❤️❤️
ဆက်သွယ်ဝယ်ယူမှာကြားရန်
ဂျိုကာကင်း
📞09426319500
📞09892580001
23/08/2022
ဆော်ဒီတို့ ဘာတို့လို ရေနံထွက်တဲ့နိုင်ငံက သူဌေးတွေ
ထမင်းစားရင်တောင် ရွှေပန်းကန် ရွှေဇွန်းနဲ့
ယုတ်စွအဆုံး အိမ်သာတက်တာတောင် ကမုတ်ခွက်က ရွှေအစစ်နဲ့
ကားတစ်စီးလုံး ရွှေနဲ့လုပ်စီးတဲ့သူတောင် ရှိသေး။
တို့မြန်မာပြည်မှာလည်း ရွှေထွက်ပါတယ်။
တချို့နေရာတွေဆို ကျင်စရာတောင်မလိုပဲ အတုံးလိုက်ထွက်တာရှိသေး။
မင်းတုန်းမင်းလက်ထက်က ပြင်သစ်ကို အနုပညာသည်အဖွဲ့လွှတ်တာ မင်းသမီးမင်းသားတွေ လိမ်းတဲ့ သနပ်ခါးမှာ အခေါက်ရွှေတွေပါသေးသတဲ့။ သနပ်ခါးနဲ့ ရောလိမ်းဖို့ အခေါက်ရွှေတုံး ၂ပိဿာ ချီးမြှင့်လိုက်သတဲ့။ ထားပါတော့လေ....
ရွှေကို အမြတ်တနိုး တန်ဖိုးထားတဲ့ ရွှေမြန်မာတို့အတွက်
မျက်လှည့်ပြရာမှာ သုံးမလား။
ဗေဒင်ဟောတဲ့နေရာမှာ နန်းမူနန်းဟန်နဲ့ သုံးမလား။
အာရုံစူးစိုက်မှုကောင်းအောင် ကုလားကားကြည့်မလား။
အိမ်မှာ ရုံးခန်းမှာ တားရော့ဆန်ဆန် ဓါတ်ယတြာအဖြစ် သက်ဆိုင်ရာဂဏန်းလေးတွေ ကပ်ပြထားမလား။
ကြိုက်သလိုသုံးလို့ရတဲ့ ဖဲထုပ်လေးတွေပါ။
တကယ့်ရွှေအစစ် 24ကာရက်ကို အပြားခတ်ပြီး စက်ဖြတ်ဒီဇိုင်း 3D ကာလာပြေးနဲ့ လုပ်ထားသကဲ့သို့ ၀င်းလက်တောက်ပ အရောင်တဖျတ်ဖျတ်ထွက်နေပါတယ်။
အကြမ်းပတမ်းခံ ရေစိမ်ခံ အပွတ်ခံ 3D Laser Print စနစ်မို့ နှစ်ရှည်လများ အသုံးပြုနိုင်ပါတယ်။
ဂျိုကာ၂ချပ် အလွတ်၁ချပ် အပါအ၀င် ၅၅ချပ်ပါရှိပါတယ်။ ရွှေရောင်မကြိုက်သူများအတွက် ငွေရောင်ဖဲချပ်လည်းရှိပါတယ်။
တစ်ထုပ် 10000ks
❤️❤️❤️❤️❤️❤️❤️❤️❤️
ဆက်သွယ်ဝယ်ယူမှာကြားရန်
ဂျိုကာကင်း
📞09426319500
📞09892580001
23/08/2022
ဟိုရက်ပိုင်းက အသိတစ်ယောက် ကားဘတ်မှန် ဖြုတ်အခိုးခံလိုက်ရတယ်။မီးပျက်နေချိန်မို့ ဘာမှတ်တမ်းမှ မရလိုက်ဘူး။ အနီးပတ်ဝန်ကျင်စုံစမ်းကြည့်တော့လည်း ကိုယ့်မှ ပထမဆုံးအကြိမ် သူများတွေက နှစ်ကြိမ်သုံးကြိမ်ရှိပြီတဲ့
အဲ့တာနဲ့ မီနီ အလန်းလေးတပ်ထားလိုက်တာ
ဘတ်မှန်လဲပီး နောက်နေ့ပဲ မီးပျက်နေချိန်
ထပ်ကပ်လာပြန်တယ် အလန်းက မြည်လို့ ထကြည့်ချိန် သူခိုးကတော့ ပြေးသွားပေမဲ့ ဒုတိယအကြိမ် မပါသွားတော့ဘူးတဲ့
Mini Infrared Ray Dual Remote Controller Alarm
တန်ဖိုး ၁၈၀၀၀ကျပ် (18000ks)
အိမ်၊ ဂိုထောင်၊ ရုံးခန်း၊ ကုမ္ပဏီတို့မှာ ညဘက် (သို့မဟုတ်) ပိတ်ရက်တွေမှာ (သို့မဟုတ်) လူမရှိတဲ့အခါမှာ သူခိုး၊ ဖောက်ထွင်းသမားတို့ရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် စိတ်ချရသော တိကျသည့် အခြေခံလုံခြုံရေးပစ္စည်းလေးတစ်ခုပါ။
စိတ်ချရတဲ့ လူယုံအစောင့်၊ ဆွေမျိုး၊ လုံခြုံရေးဝန်ထမ်းတို့ထက်
ပိုမိုတိကျသေချာသော
ကုန်ကျစရိတ်သက်သာသော
၂၄နာရီအလုပ်လုပ်နိုင်သော
ထမင်းမကျွေး ရေမတိုက်ရသော
အနီအောက်ရောင်ခြည်သုံး အချက်ပေးကိရိယာလေး ဖြစ်ပါသည်။
လူဝင်ထွက်နိုင်သည့်နေရာ၊ ဥပစာတို့တွင် Main Base ကို နံရံကပ်တပ်ဆင်ထားပြီး ၎င်း၏ ရှေ့၅မီတာ (၁၅ပေ) ပတ်လည်၁၁၀ဒီဂရီ အကွာအဝေးအတွင်း လူဖြစ်စေ၊ လူ့ခန္ဓာလောက်ရှိသည့် အရာဝတ္ထုဖြစ်စေ လှုပ်ရှားဝင်ရောက်လာသည်နှင့် ၇အိမကှှား ၈အိမ်ကြား အသံကျယ်လောင်စွာ အချက်ပေးပါလိမ့်မည်။
ON/ OFF ကို အကွာအဝေး ၈မီတာ (၂၄ပေ) အတွင်းမှ Remote Control ဖြင့် ပြုလုပ်နိုင်ပြီး ၂ယောက် အသုံးပြုနိုင်ရန် Remote Control ၂ခု ပါရှိပါသည်။ တစ်အိမ်သားလုံး အပြင်မထွက်မီ Remote Control ဖြင့် ON ထားလိုက်ပါ။ ONထားပြီး ၂မိနစ်အတွင်း ရှေ့မှဖြတ်သွားဖြတ်လာ လှုပ်ရှားမှုရှိလည်း အသံပေးမည်မဟုတ်ပါ။ အိမ်သားများ အပြင်ထွက်ချိန် တံခါးပိတ်ချိန်အထိ ခေတ္တစောင့်ဆိုင်းပေးသည့်သဘောဖြစ်ပါသည်။ ၎င်းစောင့်ဆိုင်းချိန် ကျော်လွန်မှ စတင်တာဝန်ထမ်းဆောင်ပြီး တစုံတယောက် ထွင်းဖောက်ဝင်ရောက်လာမှသာ အချက်ပေး အသံကုန်မြည်ပေးပါလိမ့်မည်။ ထိုအခါ ဘေးပတ်ဝန်းကျင်မှ သိရှိပြီး အချိန်မီ တားဆီးနိုင်ပါမည်။
မြည်သံမှာ ရှေ့ နောက် ဘေးဘီ ပေ၂၀၀လောက်အထိ ကြားနိုင်သဖြင့် တိတ်တဆိတ်ဝင်လာသည့် သူခိုးမှာ ကျိန်းသေထွက်ပြေးရပါလိမ့်မည်။ အကယ်၍ အတင့်ရဲစွာ ၎င်းကိရိယာကို အသံမမြည်အောင် ဖျက်ဆီးမည်ဆိုပါကလည်း ဓါတ်ခဲပြုတ်မထွက်မချင်း အသံမြည်နေပါလိမ့်မည်။ ထို့ကြောင့် သေချာအောင် မျက်နှာချင်းဆိုင် အပေါ်ထောင့်နှစ်ဖက်တွင် တပ်ဆင်ထားပါက လွတ်လမ်းမရှိနိုင်တော့ပါ။
Alarm မှာ အိမ်ရှင် အိမ်သား သူခိုး မခွဲခြားနိုင်ပဲ ဝင်လာသည်နှင့် အချက်ပေးမည် ဖြစ်သောကြောင့် အိမ်သားများ ပြန်လာသည့်အခါတွင် အသံကျယ်ကျယ် ထမမြည်အောင် တံခါးဖွင့်သည်နှင့်တပြိုင်နက် Remote Control ဖြင့် OFF လိုက်လျှင် Alarm မှာ တာဝန်ချိန်ပြီးဆုံးပြီဟု သိရှိပြီး အသံပြုခြင်းကို ရပ်နားလိုက်ပါတော့သည်။
Main Base သည် Infrared (လူမမြင်နိုင်သော အနီအောက်ရောင်ခြည်) ကို ထုတ်လွှင့်ပေးပြီး ရောင်ခြည်ဖြန့်ကျက်ရာ ဥပစာအတွင်း လှုပ်ရှားမှုရှိပါက ၎င်းထဲမှ ရောင်ခြည်အာရုံခံ Sensor က အလင်းယိုင်မှု နှင့် ရောင်ခြည်အစဉ်တကျမဟုတ်ပဲ ပြန်လည်ရောက်ရှိလာမှုကို သိရှိပြီး Alarm စနစ်ကို On ပေးပါသည်။ Remote ဖြင့် On လိုက်လျှင် (လူအပြင်ထွက်ချိန် တခါးပိတ်ချိန်တို့ကို စောင့်ဆိုင်းသည့်အနေဖြင့်) ၂မိနစ်ကျော်ကြာမှ စတင်အလုပ်လုပ်ပါသည်။ Main Base ရော Remote Control ပါ Infrared ray ကို အခြေခံ၍ အလုပ်လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ညဘက်အမှောင် (သျို့မဟုတျ) အခန်းလုံပိတ် မီးလုံးဝမထွန်းထားသော မှောင်အတိ၌ပင် တိကျစွာ လုပ်ဆောင်နိုင်ပါသည်။
မှတ်ချက်။ ။ အိမ်. ဂိုဒေါင်. ရုံးခန်းတို့တွင် လူမရှိပဲ တံခါးပိတ်ခဲ့လျှင် မီးဘေးအန္တရာယ် စိတ်ချရအောင် လျှပ်စစ်မီးအားလုံးပိတ်၍ မိန်းချသွားတတ်ကြပါသည်။ ထိုအချက်ကို ထုတ်လုပ်သူများက ကြိုတင်စဉ်းစား မြော်မြင်တတ်သောကြောင့် Power စနစ်ကို AC မသုံးပဲ တည်ငြိမ်လျှပ်စစ် DC ဓါတ်ခဲကိုသာ သုံးထားပါသည်။ IR ခေါ် အနီအောက်ရောင်ခြည် ဆင်ဆာ၏ ထောက်လှမ်း စွမ်းဆောင်နိုင်မှု အကွာအဝေးမှာ ၁၅ပေ ဖြစ်သော်လည်း အခြားသော အလင်းရောင်များ၊ CCTV မှထွက်သော IR ရောင်ခြည်များကြောင့် လျော့ကျသွားနိုင်ပါသည်။ ဆင်ဆာပေါ် အလင်းတိုက်ရိုက် မရောက်နိုင်သောနေရာ CCTV မျက်နှာမမူရာနေရာတို့တွင် ရွေးချယ်တပ်ဆင်သင့်ပါသည်။ တံခါးမကြီးဘက် မျက်နှာမူ၍ မျက်နှာကြက်နား ကပ်လျက်တပ်ဆင်ပါက ပိုကောင်းပါသည်။ ခွေး. ကြောင် စသော တိရစ္ဆာန်လေးများ ဖြတ်သွားရုံဖြင့် အသံမမြည်ပါ။ ပိုးဟပ်၊ အိမ်မြောင်စသော သတ္တဝါငယ်များ ဆင်ဆာပေါ် တက်လျှောက်ရုံဖြင့် အသံမမြည်နိုင်ပါ။
အချက်အလက်များမှာ.........
Brand: YATING
Power Supply: DC 6V
Remote Controlled distance: 8M
Voice Decibels: 105db
Battery Type: 4 x AA batteries (not included)
Certification: CE
Passive infrared sensor to detect movement
Suitable for homes, garages, sheds, boats, caravans, workshops, etc.
Exact alarm
Material: Plastic
Dimensions: 120 x 70 x 44 mm / 4.72 x 2.76 x 1.73 inch
Weight: 97 g / 3.42 oz
Color: White
Package Contents:
1 x Alarm
2 x Remote Controllers
1 x Bracket
ဖုန်းဖြင့်ဆက်သွယ်မှာယူပါက ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ဆောင်ပေးပြီး မြို့နယ်အလိုက်ပို့ဆောင်ခ ပေးရပါမည်။
နယ်မြို့များမှ မှာယူပါက ကားဂိတ်ဖြင့် ပို့ဆောင်ပေးပြီး ငွေကြိုလွှဲရပါမည် ။
မှာလိုဘာကJOKER KING ph-09892580001/09426319500ဆက်သွယ် ရန်ကုန်မြို့တွင်းရောက်ငွေခြေစနစ်ဖြင့်ပို့ဆောင်ပေးပြီးမြို့နယ်အလိုက်ပို့ခပေးဆောင်ရပါမည် နယ်မြို့များမှမှာယူလိုဘာကငွေကြိုလွဲပေးကပါမည်
မှာယူ အော်ဒါတင်လိုပါက
မှာယူလိုသော ပစ္စည်း အရေအတွက် တို့ကို
CB /မက်ဆင်ဂျာသို့ပေးပို့ထားပါက လုံခြုံလွယ်ကူ လျင်မြန်စွာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။
01/08/2022
LED TRANSPARENT WEATHER ALARM CLOCK
မိုးလေ၀သ ဇလဗေဒနာရီ
တန်ဖိုး 15000ks
⏱️သမရိုးကျ နာရီတလုံးဆိုတာထက် ပိုပါတယ်။
🎈သာမန်ကြည့်ရင် ဒီဇိုင်းမိုက်မိုက်လေးနဲ့ တည်တည်ခန့်ခန့် စားပွဲတင်နာရီလေး
👍အလုပ်စားပွဲပေါ် /စာကြည့်စားပွဲပေါ် အထာကျတယ်၊ သန့်တယ်။
👉 နာရီဝယ်လိုက်တာနဲ့
1. ပြက္ခဒိန် ရက်စွဲ (နှစ်၊လ၊နေ့၊ရက်)
2. Alarm (အိပ်ရာထနှိုးဖို့)
3. Thermometer (သာမိုမီတာ စင်တီဂရိတ်/ဖာရင်ဟိုက်)
4. Humidity meter (စိုထိုင်းဆတိုင်းမီတာ)
တင်ထားရင်5. Weather (လက်တလော နေပူ~မိုးရွာအခြေအနေ) ပါပြီးသား
👉Humidity meter ဆိုတာ ကိုယ့်ပတ်ဝန်းကျင် အပြင်/အိမ်ထဲ လေထဲမှာရှိတဲ့ ရေငွေ့ ပါဝင်မှု့ ပါ။
👉သာမာန်အားဖြင့် လူ တို့အတွက် အကောင်းဆုံး ရေငွေ့ပါဝင်မှု့ အနေအထားက 30%~50% ထိပါ။
👉30% ထက်နဲရင် အသားအရည် ခြောက်မယ် ယားမယ် လည်ချောင်း နှာခေါင်းယားမယ် ချောင်းဆိုးတာ ဖြစ်တက်တယ်
တည်ငြိမ်လျှပ်စစ် အလွယ်ဖြစ်လို့ မီးလောင်လွယ်တယ်။
အလွယ်သိနိုင်တာ နုတ်ခမ်းခြောက်မယ် လည်ချောင်းယားမယ် အိမ်မှာ wall paper တွေ ဘာတွေ နံရံမှာ ကပ်ထားတာမျိုးဆို ထောင့်လေးတွေ ကွာလာမယ်။
ဗဟုသုတအနေနဲ့ ဆာဟာရ သဲကန္တာရ ရဲ့ ရေငွေ့ပါဝင်မှု့ဟာဆိုရင် ပျမ်းမျှ 25% ပဲရှိပါတယ်။
👉50% ထက်များရင်ကော
နှလုံရောဂါသမားတွေအတွက် အန္တရာယ်ရှိပါတယ်။
ရင်ကြပ် ပန်းနာ သမားတွေ ပိုဆိုးတက်ပါတယ်။
ပိုးဟပ်လို အကောင်တွေ ပိုများလာမယ်။
အလွယ်သိနိုင်တာက မှန် ပြူတင်းပေါက်တွေ မှာ ရေစက်လေးတွေ တွေ့ရမယ်။ မှို အလွယ်တကူ ဖြစ်တယ်။
👌ခုပြောသလို 30% ထက်နည်းနေလား
ခုပြောသလို 50% ထက်များလာဆိုတာကတော့ ဒီနာရီလေး ၁လုံး ဝယ်ထားရင် အလွယ်တကူ သိနိုင်ပါပြီ။
သိရင် ကာကွယ်နိုင်ပါပြီ 👍
👉အခန်းတွင်း အပူချိန်ကို စင်တီဂရိတ်/ ဖာရင်ဟိုက်နဲ့ ပြသပေးပါတယ်။
👉လက်တလော ဖြစ်ပေါ်နေတဲ့ ရာသီဥတု ဥပမာ နေပူနေလား မိုးရွာနေလားဆိုတာပါ ပြသပေးပါတယ်။
👉စိုထိုင်းဆ % ဖြင့် ပြထားလို့ လေထုထဲ ရေဓါတ်ရရှိမှုအခြေအနေကို သိနိုင်ပါတယ်။
👉နာရီ၊ မိနစ်၊ ရက်၊ လ၊ နှစ် ပြပေးတဲ့ အလန်းနာရီစနစ် စားပွဲတင်နာရီလေးပါ။ ညရေးညတာ ထကြည့်ဖို့ LED ပါပါတယ်။
👉 AAA ဓါတ်ခဲ နှစ်လုံး အသုံးပြုရပါတယ်။
👉မွေးမြူရေး၊ စိုက်ပျိုးရေးခြံတွေ၊ ပဲဂိုထောင်၊ ဆန်ဂိုထောင်တွေမှာတော့ သာမိုမီတာနဲ့ မွိုက်ရှာမီတာက မရှိမဖြစ် အသက်ပဲလေ။
✅✅✅✅✅✅❤️❤️❤️❤️❤️❇️❇️❇️❇️❇️❇️
ရန်ကုန်မြို့တွင် ပစ္စည်းရောက်ငွေချေရပြီး
မြို့နယ်အလိုက် ပို့ဆောင်ခပေးရပါမည်။
နယ်မြို့များ ငွေကြိုလွှဲရမှာဖြစ်ပြီး ငွေလွှဲလက်ခံရရှိမှသာ ပစ္စည်းပို့ပေးပါမည်။ နေ့ခင်း ၁၂နာရီမကျော်သော ငွေလွှဲများ နေ့ချင်းကားဂိတ်အရောက်တင်ပေးပြီး
နောက်ကျပါက နောက်နေ့မှ ဂိတ်တင်ပေးပါမည်။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️JOKER KING STAR
#ဆက်သွယ်ဝယ်ယူမှာကြားရန် >>>>>>>>>>>
☎ 09426319500
☎ 09892580001
01/08/2022
🦯511 သုံးဆစ်တုတ်🦯
💰စျေးနှုန်း -23000ks💰
❤️ တုတ်မှာဆို 511 က ဘယ်လောက်အရည်အသွေးကောင်းတယ်ဆိုတာ သိကြမှာပါ
🦯 Steel အထူသား
🦯 အရောင်က အမဲ ပဲရှိ
🦯 သိမ်းလိုက်ရင် 9.4 လက်မ. 24cm
🦯 ထုတ်လိုက်ရင် 25လက်မ.64.5cm
🦯 သယ်ရလွယ်ကူပြီး အကြမ်းခံ
🦯 လက်ကိုင်က လွတ်မထွက်သွားနိုင်တဲ့ fiber grip
🦯 စေတနာရှိသလောက်ရိုက်ပြီးရင်တောင်
လုံးဝ လက်မနာနိုင်။မကျိုး နိုင်....
ရန်ကုန်မြို့တွင်း
👉 အိမ်အရောက်ငွေချေစနစ်ဖြစ်ပြီး မြို့နယ်အလိုက် Delivery Charges ရှိပါတယ်ခဗျ
နယ်မြို့များ
- ပစ္စည်းတန်ဖိုးငွေကြိုလွှဲစနစ်
- - ၂ ရက်အတွင်း ကားဂိတ်တင်ပေးပါတယ်။
မှာယူလိုပါက သက်ဆိုင်ရာ ပစ္စည်းရဲ့ ဓာတ်ပုံနှင့်အတူ Chatbox တွင်
1️⃣ အမည်
2️⃣ နေရပ်လိပ်စာ (အိမ်အမှတ်၊ လမ်းအမည်၊ ရပ်ကွက်၊ မြို့နယ်)
3️⃣ ဖုန်းနံပါတ်တို့ကို ပြည့်စုံစွာ ရေးသားပြီး မှာယူနိုင်ပါတယ်။
Phone 09426319500
Viber 09892580001
01/08/2022
High power Headlamp (သုံးလုံးထိုးခေါင်းစွပ်ဓာတ်မီး)
စျေးနှုန်း ~ ၁၉၅၀၀ကျပ် (19500Ks)
------------------------------------------------------------------------
⚡ ညဘက် ခြေလျင် ခရီးထွက်ခြင်း,အုံ့ဆိုင်းညိုမှိုင်းသောတောင်တက်ခြင်း,တောပစ်ထွက်၊ တောလည်ခြင်း။
⚡ လုပ်ငန်းခွင်နှင့် အရေးပေါ်ကယ်ဆယ်ခြင်း,ဆောက်လုပ်ရေး သတ္ထုတွင်း လုပ်ငန်း။
⚡ လျပ်စစ်မီးမရသောနေရာတွင် ညဘက် စာကြည့်၊ စက်ပြင်၊ ကျောက်ရွေး စသည့် ကိစ္စများအတွက် အလင်းစူးအားကောင်းသော CREE LED T6 ဖြင့် ပြုလုပ်ထားသည့် ခေါင်းစွပ်ဓာတ်မီး ဖြစ်ပါသည်။
⚡ 3.7V ဓာတ်ခဲ၂လုံး ထည့်သွင်းအသုံးပြုရပါသည်။
အလင်းစူးအား၊ အလင်းကျယ်ပြန့်မှုတို့ကို zoom ချုံ့ချဲ့နိုင်သည်။
⚡ ဗို့အားပိုများသည့်ဘတ္ထရီနှင့် ထည့်သုံးခြင်း၊ ရေဝင်ခြင်း၊ ကြိုးပြတ်ခြင်း တို့မှလွဲ၍ မီးလုံးသည် နာရီပေါင်းတစ်သိန်း ဆက်တိုက်ထွန်း ၊ မကျွမ်းနိုင်ကြောင်း အာမခံပါသည်။
⚡ ညအမှောင်တွင် စက်ဘီးစီးပါက ရှေ့သို့ ဆိုင်ကယ်မီး ထွန်းထားသည့် အကွာအဝေးမက မြင်နိုင်ပြီး နောက်မှ အချက်ပြမီးနီတစ်ခုပါရှိသောကြောင့် နောက်ကားများအခန့်မသင့်၍ ဝင်တိုက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။
⚡ 3.7V ဓာတ်ခဲသည် အကြိမ်၅၀၀အထိ အားသွင်း အသုံးပြုနိုင်ပြီး တစ်ကြိမ်အားသွင်းလျှင် ၆နာရီဆက်တိုက် ထွန်းနိုင်ပါသည်။ အပိုသက်သက် ဝယ်ယူပါက တစ်လုံးလျှင် ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေပါသည်။
🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪🏪
ရန်ကုန်မြို့တွင် ပစ္စည်းရောက်ငွေချေရပြီး
မြို့နယ်အလိုက် ပို့ဆောင်ခပေးရပါမည်။
နယ်မြို့များ ငွေကြိုလွှဲရမှာဖြစ်ပြီး ငွေလွှဲလက်ခံရရှိမှသာ ပစ္စည်းပို့ပေးပါမည်။ နေ့ခင်း ၁၂နာရီမကျော်သော ငွေလွှဲများ နေ့ချင်းကားဂိတ်အရောက်တင်ပေးပြီး
နောက်ကျပါက နောက်နေ့မှ ဂိတ်တင်ပေးပါမည်။
#ပစ္စည်းရောက်ငွေချေမရောင်းပါ။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
#ဆက်သွယ်ရန် >>>>>>>>>>>
☎ 09-892580001 (Viber)
☎ 09-426319500
ဆက်သွယ်မှာချင်တယ်ဆိုရင်တော့ ~~
- (၁) လိုချင်တဲ့ ပစ္စည်း
- (၂) နာမည်
- (၃) ဖုန်းနံပါတ်
- (၄) လိပ်စာ
01/08/2022
အဝေးထိန်းစနစ် မီးအိမ်ညီနောင်၃ဖော်
တန်ဖိုး ၁၅၀၀၀ကျပ်(15000)ks
ညဘက်ဆို မီးတွေပိတ်အိပ်တယ်ဟုတ် ?
တရေးနိုးထလာရင် မီးခလုတ်နားကို မသွားချင်တာ။
ဒီထက်ဆိုးတာက မအိပ်ခင် မီးခလုတ်ကိုသွားပိတ်ပြီး အိပ်ရာထဲကိုသွားတဲ့ကြားကာလ ခဏလေးမှောင်နေတာကို မနှစ်မြို့တာ။
ဒီအချက်ကို စနိုးစနောင့် ဖြစ်မနေနဲ့တော့။ မေ့ပစ်လိုက်တော့။
တအိမ်လုံး မီးထိန်ထိန်ညီးအောင် ထွန်းထားပေမယ့် အ၀တ်ဗီရိုထဲ မီးတပွင့်တောင် မထားကြဘူးဟုတ် ?
ဗီရိုဘေးမီးချောင်း မဖွင့်ထားလို့ပဲဖြစ်ဖြစ်
ညဘက် ကလေးတွေ ရှူးပေါက်လို့ ဘောင်းဘီထလဲပေးတဲ့အခါ မီးဖွင့်ပြန်လည်း ရတနာလေးတွေ လန့်နိုးသွားမှာစိုးရ။ မဖွင့်ပြန်လည်း ဗီရိုထဲ ဟိုရွေး ဒီရွေး ပွပလဲကုန်ပါရော။ ဒါကိုလည်း ကူညီပေးမယ်။
အိမ်ပြန်ရောက်တာနဲ့ တံခါးဖွင့်၀င်လိုက်ရင် မိန်းခုံကို မရောက်မချင်း မှောင်ထဲမည်းထဲ စမ်းတဝါးဝါးသွားရတယ်ဟုတ် ?
အပြင်သွားတဲ့အခါ အိမ်ထဲ ဘာဘာညာညာရှော့ကြောက်လို့ မိန်းချသွားတာ သူသူကိုယ်ကိုယ်ပါပဲ။ ပြန်လာတော့ ဟိုစမ်း ဒီစမ်း သိပ်ကသိကအောက်ဖြစ်ရတာ။ ဖုန်းမီးကတော့ ခဏပဲကူညီနိုင်တာကိုး။ ပြန်လာတာနဲ့ ရီမုလေးနှိပ်လိုက်ရင် ရှေ့ဧည့်ခန်းတစ်ခုလုံး လင်းထိန်သွားတာမျိုးက အများကြီးသာတာပေါ့။
မီးအိမ်တစ်ခုမှာ AAA ဓါတ်ခဲ၃လုံး ထည့်ထွန်းရပါတယ်။ မီးအိမ်၃လုံးဆိုတော့ ဓါတ်ခဲ၉လုံး။ ရီမုဒ်မှာက ၂လုံး။ ပေါင်း၁၁လုံး။
နံရံ၊ ဗီရို၊ မျက်နှာကြက်တို့မှာ အဆင်သင့်ကပ်ဖို့ Double Tape ပါပြီးသား။
လင်းအားက ပေ၄၀ပတ်လည်လောက် ဖြန့်ကျက်နိုင်ပါတယ်။
ရီမုဒ်က ၁၀ပေအကွာကနေ ဖွင့်နိုင် ပိတ်နိုင်ပါတယ်။ မီးအလင်း/ အမှိန် ချိန်လို့ရပါတယ်။ မိနစ်၃၀နေမှ ပိတ်ပါလို့ အမိန့်ပေးစေခိုင်းနိုင်ပါတယ်။
ရီမုဒ်ထဲ ဓါတ်ခဲကတော့ သာမန်သုံးဆို ၄လလောက် အေးဆေးခံပါတယ်။ မီးအိမ်ထဲ ဓါတ်ခဲကတော့ ဖွင့်ချိန် ဓါတ်ခဲအမ်ပီယာတို့ပေါ်မူတည်ပြီး အတိတကျတော့ တွက်မရပါ။ ဓါတ်ခဲအားသွင်းစက်တွေလည်း စျေးသက်သာလို့ သိပ်ပြီးကြောင့်ကြစိုက်စရာမလိုပါ။ AC တိုက်ရိုက်မဟုတ်ပဲ ဓါတ်ခဲနဲ့သုံးရတယ်ဆိုတာက Emergency မီးပျက်တဲ့အချိန်မျိုးတွေမှာလည်း ဆက်တိုက်သုံးနေနိုင်အောင် ကြံဆထုတ်လုပ်ထားတာပါ။
ရီမုဒ်မပါပဲ မီးအိမ်မှာပါတဲ့ ခလုတ်လေးကိုနှိပ်ပြီးလည်း ဖွင့်/ပိတ်လုပ်နိုင်ပါတယ်။
JOKER KING STAR 09426319500/09892580001
21/07/2022
" မချစ်သေးပဲလည်း ပြာယာနန့်ပြီး လျှောက်မလည်နဲ့
မစစ်ဆေးပဲလည်း ပါဝါဘန့်ကြီး ကောက်မဝယ်နဲ့
မချစ်သေးပဲ ပြာယာနန့်ပြီး လျှောက်လည်တော့ ဗိုက်တလုံးပဲ ကျန်ခဲ့ရမယ်။
မစစ်ဆေးပဲ ပါဝါဘန့်ကြီးကောက်ဝယ်တော့ အမှိုက်ပုံးထဲ ပြန်ထည့်ရမယ်။ " တဲ့
အသင့်လုပ်ပြီးသား ပါဝါဘန့်တွေကလည်း အမ်ပီယာဘယ်နှစ်သောင်း ရေးထားလိုက်ကြတာ ၀ယ်တော့မှ ဘိလပ်မြေအဆာသွပ်ထားတဲ့ အုတ်ခဲတုံးကြီးဖြစ်နေမှန်းသိလိုက်ရတဲ့ အဖြစ်တွေ
ဒါ့ကြောင့် ခုတလော DiY ( Do it Yourself ) ဆိုတာကြီး ခေတ်စားလာတာပေါ့။
ကိုယ်တိုင် ပဲဝယ် ခြင်းလေးထဲထည့်
၄ရက်လောက် ရေလောင်း
စိတ်သန့်သန့်နဲ့ ပဲပင်ပေါက်စားလို့ရတယ်။
အမြစ်တိုဆေးတွေ ပုလဲတွေ မပါတော့
ကျန်းမာရေးနဲ့ ညီညွတ်တယ်။
ဒါပေမယ့် အလုပ်ရှုပ်တယ်။
ကိုယ်တိုင် ငါးရံ့ဝယ်
လှီးခုတ် ဆားနယ် အခြောက်လှန်း
ငါးရံ့ခြောက်သန့်သန့် စားရတယ်။
ယင်မနားဆေးတွေ ယမ်းစိမ်းတွေမပါလို့
ကင်ဆာဖြစ်ကိန်းနည်းတယ်။
ဒါပေမယ့် ပိုက်ဆံပိုကုန်တယ်။
Power bank အခွံလေးဝယ်
ကိုယ့်စိတ်ကြိုက် ဓာတ်ခဲလေးထည့်
4800mAh 16လုံးဆိုတော့ 76800mAh
သုံးပေတော့ တမုန်းပဲ။ 76800mAh ချင်း တူနေရင်တောင် ဒါက ဓါတ်ခဲတလုံးညောင်းသွားရင် တလုံးအစားထိုး ပြန်ထည့်လို့ရတယ်။ တခြားဟာတွေက ဓါတ်ခဲတလုံးညောင်းသွားတာနဲ့ တခုလုံးဂျောင်းတော့ပဲ။
18650 ဆိုတဲ့ ဓါတ်ခဲက လျှပ်စစ်အသိုင်းအဝိုင်းမှာ သိပ်အသုံးများတာ။
18 ဆိုတာ ထိပ်/ဖင် အဝိုင်းရဲ့ အချင်းမီလီမီတာ
65 ဆိုတာ ဓါတ်ခဲအရှည် မီလီမီတာ
0 ဆိုတာက ဆလင်ဒါပုံစက်ဝိုင်းမို့ သူ့ပုံသဏ္ဍာန် ရည်ညွှန်းကိန်း
ဓါတ်မီးတွေထဲ 18650 26650 14500 ဒီ၃မျိုး အသုံးများတယ်။
26650 က လုံးပတ် 26 မီလီမီတာဆိုတော့ ပိုထွားသွားတယ်။ အမြင့်ကတူတူပဲ။
14500 က AA ဓါတ်ခဲဆိုဒ် 14 မီလီမီတာအချင်း 50 မီလီမီတာအမြင့်။ တချို့ ဓါတ်မီးအသေးတွေလောက်ပဲ သုံးကြတာ။
18650 ကတော့
ဓါတ်မီးထဲ
ဘတ္ထရီစက်ဘီးထဲ
ဟိုးယခင် လက်ပ်တော့ထဲ
CCTV ကင်မရာထဲ
နေရာမျိုးစုံမှာ အတွင်ကျယ်ဆုံး သုံးကြပါတယ်။
ဘတ္ထရီစက်ဘီးတို့ လက်ပ်တော့တို့မှာ ဓါတ်ခဲတလုံးကြောင်တာနဲ့ တအုံလုံး လွှင့်ပစ်ရမယ့်အဖြစ်။ ကျန်တဲ့ဓါတ်ခဲတွေက အလတ်ကြီးရှိသေးဆိုတော့ တလုံးချင်းပြန်ခွါ ပါဝါဘန့်ထဲထည့်သုံးရင် အမုန်းဆွဲ ဗုံးကြဲလို့ရတယ်။ ဝိတ်အများကြီးတောင် တင်ဆွဲနိုင်တဲ့ အားတောင့်တောင့် ဓါတ်ခဲတွေဆိုတာ လက်တွေ့အသိပဲလေ။
ကဲ.....
လိုရင်းရေးပါ့မယ်
ဖုန်းအားသွင်းဖို့ပဲသုံးသုံး
အခြားအကြံအစည်နဲ့သုံးသုံး
DiY Power Bank Case
==============
၁၆လုံးထိုး (28500)ks
ဓာတ်ခဲက ကိုယ့်စိတ်ကြိုက်ဝယ်ထည့်သုံး
အမျိုးအစား 18650
စွမ်းအား 3.7V ဖြစ်ဖို့တော့လိုတယ်။
ခဲတို့စရာမလို ခုထည့် ခုအဖုံးအုပ် အားသွင်းသုံး
ဓါတ်ခဲက ၁၆လုံးထည့်လို့ဆံ့ပါတယ်။
အနည်းဆုံး ၁လုံးတည်းထည့်လည်း အလုပ်လုပ်ပါတယ်။
အားသွင်းစနစ်က Micro, Type C, Lighting (ios) ၃မျိုး
ကြိုက်တဲ့အပေါက်သွင်း
မြန်မြန်ပြည့်အောင် ၂ပေါက် ၃ပေါက် ပြိုင်သွင်းလို့တော့မရပါ။
အထွက်က 2.1A USB ၂ပေါက်
အားလက်ကျန်ပမာဏကို
Display နဲ့ ပြသေးတယ်။
အဲ......
ဓာတ်ခဲ၄လုံး/၅လုံးပဲထည့်
ကျန်နေရာလွတ်ကို ဘာညာဇယား
အကြံအဖန် လုပ်လိုရသေး
(မိန်းမ မသိအောင် ရွှေတိုရွှေစ၊ ပိုက်ဆံ၊ ဒေါ်လာထည့်တာကို ဆိုလိုတာပါ။ ရာမတွေ လက္ခဏတွေ မသိဘူးနော်)
Power Bank ကြီး
ခန့်ခန့်ထည်ထည်နဲ့
ဘယ်သူမဆို မြင်တာနဲ့ကြိုက်တယ်။
ရင်းနှီးတဲ့ ပြောမနာဆိုမနာ ငယ်ပေါင်းဆို
အတင်းတောင်းယူအုံးမှာဗျ
နေရာလွတ်မှာ ဂျီပီအက်စ်,
အသံဖမ်းစက် ဘာညာထည့်
ပေးလိုက်ပေရော့
ပြီးမှ ငါ့ချစ်သူလေး ဘယ်ရောက်လို့
ဘယ်သူနဲ့ ဘာပြောနေပါလိမ့် ဆိုပြီး
အာရုံပြုလိုက်
(ဆော့ဖ်ဝဲနဲ့ ဖုန်းလေးတချက်
ထောက်ကြည့်လိုက်တာကို ဆိုလိုခြင်း)
မှတ်ချက်။ ။ 3.7V Li-ion Rechargeable ဓါတ်ခဲတွေရဲ့ စံနှုန်းတစ်ခုက အားသွင်းတာ ထုတ်သုံးတာ အကြိမ်၅၀၀ထိ လုပ်ဆောင်နိုင်ပါတယ်။ ဆိုလိုတာက 0 ကနေ100 အားသွင်း 100 ကနေ 0 အထိ ကုန်အောင်အားသုံး ဒီလိုတပတ်လည်ကြိမ်ပြောင်း ၅၀၀ရတယ်လို့ ရည်ညွှန်းတာပါ။ ဒီထက်ပိုကြာကြာခံချင်ရင် ဝိနည်းလွတ် 5 ကနေ 95 ထိပဲသွင်း၊ 95 ကနေ ပြန်သုံးရင် 5 ကျန်တာနဲ့ ရပ်။ ဒါဆို ဒီ့ထက်အကြိမ်ရေများများ ပိုသုံးနိုင်တဲ့သုတေသနတရပ်တော့ ရှိထားပါတယ်။
ဝါသနာတူရင်
ထွေလီကာလီ တိုလီမုစ္စတွေရောင်းတဲ့
ဒီဆိုင်လိပ်စာလေးတော့ မှတ်ထား
နောက် လိုရင်ရှာဝယ်ရလွယ်အောင်
ဝေးရင် ဟလိုလုပ်လိုက်ဗျာ
မြစ်ဆုံကနေ ကော့သောင်းထိ
နေရာအနှံ့ Delivery ရှိပါတယ်။
JOKER KING STAR
📱📱09892580001
📱📱09426319500
21/07/2022
Soldering Iron MT-100
ဂက်စ်ရည်သုံး ပူအားပြင်းခဲဂေါက်
တန္ဖိုး 28500ks
ဒီလိုရှိတယ်။
အရင်က 20000ရောင်းတယ်။ ဂတုံးပဲ ဘာမှအပိုမပါဘူး။
အခု 28500ရောင်းတယ်။ Tip (ဂေါက်ထိပ်တံ) အပို၆ခု ပါတယ်။ ခဲခွေ၊ ထင်းရူးဆီ၊ ဇာဂနာ၊ ဂေါက်တင်စတန်း အစုံပါမယ်။
အရင်က ၀ယ်ပြီးသုံးတဲ့ စက်ပြင်ဆရာတွေခမျာ ဂေါက်ထိပ်တံတွေတုံးကုန်ရင် ရှာ၀ယ်ရအတော်ခက်တာလေ။ ဒါ့ကြောင့် စေတနာထားပြီး အပိုတိုလီမုစ္စလေးတွေ ပိုမှာထည့်လို့ 8500ကျပ်လေးပဲ ပိုတင်တာပါ။
လျှပ်စစ်မီးမလို ဘတ္ထရီအိုးမလို ဘယ်နေရာဒေသရောက်ရောက် ခဲတို့တာကစပြီး ကြေးဂဟေဆော်နိုင်တဲ့အထိ စွယ်စုံသုံးနိုင်တဲ့ Gas Type ခဲဂေါက်လေးပါ။
မီးခြစ်ထဲထည့်တဲ့ Gas မျိုးကို 8ml အထိ ထည့်သုံးနိုင်ပါတယ်။ ဖင်အနှောင့်ကနေ အလွယ်တကူဂက်စ်ရည်ဖြည့်နိုင်ပါတယ်။ (ဂက်စ်ငွေ့ရည်တို့ရဲ့ နိယာမအတိုင်း အပြည့်မထည့်ပဲ လေဟာနယ်အနည်းငယ်ချန်ထားဖို့တော့သတိပြုပါ။)
ဂက်စ်ဘူးက 280ml တစ်ဘူးကို 5000ကျပ်ပါ
စက်ပြင်ဆရာများ ခဲတို့ဖို့ အပူအား 450° C အထိ အပြင်းအပျော့ လိုသလိုချိန်ညှိနိုင်ပါတယ်။
ခဲထုများတဲ့ဆားကစ်တို့ ကက်ပက်စီတယ်ကြီးတွေဖြုတ်ဖို့နဲ့ ကြေးဂဟေဆော် ရွှေအရည်ဖျော် ဆွဲကြိုးချိတ်ဂဟေဆက်ဖို့တို့အတွက် ဂေါက်သွားမပါပဲ မီးပြင်းအားစူးစူး သုံးနိုင်ပါတယ်။
1300° C အထိ အားပြင်းတာကြောင့် ရွှေ ငွေ ကြေးနီ ကြေးဝါတို့ကို အရည်ဖျော် ဂဟေဆက် အသုံးပြုနိုင်ပါတယ်။🔎🔎
JOKER KING STAR.
📞📞09426319500
📞📞09892580001
Click here to claim your Sponsored Listing.
Location
Website
Address
Yangon