28/07/2025
၂၀၂၅ခုနှစ် ဩဂုတ်လ ၏ ဟိန္ဒူပူဇော်ပွဲရက်မြတ်များအား အသိပေးကြေညာခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်္ဂလာရှိသောအချိန်အခါသမယလေးဖြစ်ပါစေ။
ဟိန္ဒူဘာသာ၏ ဘုရားသခင်နှင့်မယ်တော်များအားယုံကြည်ရိုသေလေးစားမြတ်နိုးပူဇော်အားကိုးသူများအတွက် သက်ဆိုင်ရာနေ့ထူးရက်မြတ်များတွင် ပူဇော်မှုများအား ပြုလုပ်ပူဇော်နိုင်စေရန်ရည်ရွယ်ပြီး Drik Panchangပြက္ခဒိန်အလာ ပူဇော်ပွဲရက်မြတ်များကို ဤသို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
-
(၁) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂ရက်၊ စနေနေ့သည် အိန္ဒိယနိုင်ငံ တမီးလ်လူမျိုးတို့၏ မြစ်မြတ်များတွင် ရေချိုးသန့်စင်ခြင်း ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Adi Perukkuရက်မြတ်ဖြစ်ပေ၏။
-
(၂) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂ရက်၊ စနေနေ့သည် လစဉ်လတိုင်း၏ လဆန်းရှစ်ရက်နေ့တွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော မယ်တော်မြတ် ဒူရ်ဂါ ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Durgashtami ရက်မြတ်ဖြစ်ပေ၏။
-
(၃) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၅ရက်၊ အင်္ဂါနေ့ သည် လတိုင်း၏ တစ်ဆယ့်နှစ်ရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် ဗိသျှနိုး ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Shravana Putrada Ekadashi ရက်မြတ်ဖြစ်ပေ၏။
-
(၄) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၆ရက်၊ ဗုဒ္ဓဟူးနေ့သည် လတိုင်း၏ တစ်ဆယ့်သုံးရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် သျှီဝ ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Budha Pradosh Vrat ရက်မြတ်ဖြစ်ပေ၏။
-
(၅) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၇ရက်၊ ကြာသပတေးနေ့သည် ရှင်ရသေ့ Agastya အား ပူဇော်သော ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Agastya Arghyaရက်မြတ်ဖြစ်ပေ၏။
-
(၆) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၈ရက်၊ သောကြာနေ့သည် ဝရလက္ခမီမယ်တော်မြတ်အား ဥပုသ့်ဆောက်တည်ပူဇော်ခြင်း ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Varalakshmi Vratamရက်မြတ်ဖြစ်ပေ၏။
-
(၇) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၈ရက်၊ သောကြာနေ့သည် ဘုရားသခင် ဟယျဂရိဝ၏ မွေးနေ့ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Hayagriva Jayantiရက်မြတ်ဖြစ်ပေ၏။
-
(၈) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၉ရက်၊ စနေနေ့သည် သရဝဏ်နက္ခတ်နှင့်စန်းယှဉ်သည့် လမြတ်တွင် ကျင်းပသည့် မောင်နှမသားချင်း မေတ္တာကြိုးမျှင်ရစ်ပတ်ခြင်း ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Raksha Bandhanရက်မြတ်ဖြစ်ပေ၏။
-
(၉) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၉ရက်၊ စနေနေ့သည် မယ်တော်မြတ် ဂါယတြီ ၏ မွေးနေ့ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Gayatri Jayantiရက်မြတ်ဖြစ်ပေ၏။ ထို့အပြင် ဣရူဝေဒ၊ ယဇျူဝေဒ တို့ အား ရွတ်ဖတ်ပူဇော်ခြင်း Rigveda Upakarma၊ Yajurveda Upakarma အခမ်းအနားရက်မြတ်များပင် ဖြစ်ပေ၏။
-
(၁၀) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၉ရက်၊ စနေနေ့သည် သရဝဏ်နက္ခတ်နှင့်စန်းယှဉ်သည့် ဥပုသ့်လပြည့်ည ဟူ၍ အဓိပ္ပာယ်ရှိသည့် Shravana Purnima Vrat ရက်မြတ်ဖြစ်ကာ အိန္ဒိယနိုင်ငံ မာရတီလူမျိုးများ၏ ဝရုဏဘုရားသခင်အား ပူဇော်ကြသည့် လပြည့်ရက်မြတ်ဖြစ်သည့် Narali Purnima ရက်မြတ်ဖြစ်ပေ၏။
-
(၁၁) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၀ရက်၊ တနင်္ဂနွေနေ့သည် ဟိန္ဒူဘာသာဝင် ဗြာဟ္မဏသူတော်စင်အပေါင်းတို့၏ ဂါယတြီမန္တန်တော်အား ပွားများသော နေ့မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Gayatri Japam ရက်မြတ်ဖြစ်ပေ၏။
-
(၁၂) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၂ရက်၊ အင်္ဂါနေ့သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်လူမျိုးများ၏ နွားများအား ပူဇော်သော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Bol Choth ရက်မြတ်ဖြစ်ပေ၏။
-
(၁၃) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၂ရက်၊ အင်္ဂါနေ့သည် လပြည့်ကျော်လေးရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် ဝိနာယက၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Heramba Sankashti Chaturthi ရက်မြတ်ဖြစ်ပေ၏။
-
(၁၄) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၃ရက်၊ ဗုဒ္ဓဟူးနေ့သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်လူမျိုးများ၏ မြွေမင်းများအား ပူဇော်သော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Nag Pancham ရက်မြတ်ဖြစ်ပေ၏။
-
(၁၅) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၄ရက်၊ ကြာသပတေးနေ့သည် ဘုရားသခင် ကရိသျှဏ၏ နောင်တော်ဖြစ်တော်မူသည့် ဗာလရာမဘုရားသခင် ၏ မွေးနေ့ရက်မြတ်ပူဇော်ပွဲ ဟူ၍ အဓိပ္ပာယ်ရှိသည့် Balarama Jayanti ရက်မြတ်ဖြစ်ပေ၏။
-
(၁၆) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၄ရက်၊ ကြာသပတေးနေ့သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်လူမျိုးများ၏ မယ်တော်မြတ် သီတလာအား ပူဇော်သော ရက်မြတ်များဟူ၍ အဓိပ္ပာယ်ရှိသည့် Sh*tala Satam ရက်မြတ်ဖြစ်ပေ၏။
-
(၁၇) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၆ရက်၊ စနေနေ့သည် ဘုရားသခင် ဗိသျှနိုး ဒဿအဝတာရစာရင်းတော်ဝင် ကရိသျှဏဘုရားသခင်၏ သက်တော် ငါးထောင့်နှစ်ရာငါးဆယ့်နှစ် နှစ်မြောက် လဆုတ်ရှစ်ရက်မွေးနေ့ ဟူ၍ အဓိပ္ပာယ်ရှိသည့် Krishna Janmashtami ရက်မြတ်ဖြစ်ပေ၏။
-
(၁၈) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၆ရက်၊ စနေနေ့သည် ဒဿမဟာဝိဇ္ဇာစာရင်းတော်ဝင် မယ်တော်ကာလီ ၏ မွေးနေ့ ရက်မြတ်ပူဇော်ပွဲ ဟူ၍ အဓိပ္ပာယ်ရှိသည့် Kali Jayanti ရက်မြတ်ဖြစ်ပေ၏။
-
(၁၉) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၆ရက်၊ စနေနေ့သည် လစဉ်လတိုင်း၏ ဘုရားသခင် သျှီဝ ၊ ဘုရားသခင် သုဗြာဟ္မဏ တို့အမှူးပြုသော ဒေဝတာအပေါင်းတို့အား ဆီမီးမြိုင်မြိုင်ထွန်းညှိ၍ ပူဇော်ကြသော ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Karthigai ရက်မြတ်ဖြစ်ပေ၏။
-
(၂၀) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၆ရက်၊ စနေနေ့သည် လပြည့်ကျော်ရှစ်ရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် ဘေရဝ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Kala Ashtami ရက်မြတ်ဖြစ်ပေ၏။
-
(၂၁) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၇ရက်၊ တနင်္ဂနွေနေ့သည် ဘုရားသခင် ကရိသျှဏအား နို့ထောပတ်အိုးဖြင့် ပူဇော်ခြင်း ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Dahi Handi ရက်မြတ်ဖြစ်ပေ၏။
-
(၂၂) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၇ရက်၊ တနင်္ဂနွေနေ့သည် ဘုရားသခင် နေမင်း၏ ကရကဋ်ရာသီမှ သိဟ်ရာသီသို့ ကူးပြောင်းသော ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် SImha Sankranti ရက်မြတ်ဖြစ်သလို အိန္ဒိယနိုင်ငံ မလေယန်လူမျိုးများ၏ နှစ်သစ်ကူးရက်မြတ်လည်းဖြစ်ပေ၏။
-
(၂၃) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၉ရက်၊ အင်္ဂါနေ့ သည် လတိုင်း၏ တစ်ဆယ့်နှစ်ရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် ဗိသျှနိုး ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Aja Ekadashi ရက်မြတ်များ ဖြစ်ပေ၏။
-
(၂၄) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ရက်၊ ဗုဒ္ဓဟူးနေ့သည် လတိုင်း၏ တစ်ဆယ့်သုံးရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် သျှီဝ ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Budha Pradoshi ရက်မြတ်ဖြစ်ပေ၏။
-
(၂၅) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၁ရက်၊ ကြာသပတေးနေ့သည် လတိုင်း၏ လပြည့်ကျော် တစ်ဆယ့်လေးရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် သျှီဝ၏ ညမြတ်ပူဇော်ပွဲရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Shivaratri ရက်မြတ်ဖြစ်ပေ၏။
-
(၂၆) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၂ရက်၊ သောကြာနေ့ မှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၃ရက်၊ စနေနေ့အထိ သည် ဘဒြာပဒနက္ခတ်နှင့်စန်းယှဉ်သည့် လတစ်လ၏အစနေ့မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Bhadrapada Amavasyaရက်မြတ် ဖြစ်ပေ၏။
-
(၂၇) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ တနင်္ဂနွေနေ့သည် လဆန်းတစ်ရက်နေ့ ဟူ၍ အဓိပ္ပာယ်ရှိသည့် Chandra Darshana ရက်မြတ်ဖြစ်ပေ၏။
-
(၂၈) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၆ရက်၊ အင်္ဂါနေ့သည် ဘုရားသခင် ဗိသျှနိုး၏ ဒသအဝတာရစာရင်းဝင် ဘုရားသခင် ဝါရာဟ ၏ မွေးနေ့ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Varaha Jayanti ရက်မြတ်ဖြစ်ပေ၏။
-
(၂၉) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၆ရက်၊ အင်္ဂါနေ့သည် ဗြာဟ္မဏသူတော်စင်များ၏ သာမဝေဒ ရွတ်ဖတ်ပူဇော်ပွားများသောနေ့မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Samaveda Upakarma ရက်မြတ်ဖြစ်ပေ၏။
-
(၃၀) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၆ရက်၊ အင်္ဂါနေ့သည် အိန္ဒိယနိုင်ငံ ကန္နဒါလူမျိုးများ၏ မယ်တော်မြတ် ဂေါရီ အား ဥပုသ့်ဆောက်တည်၍ ပူဇော်သော ရက်မြတ် ဟူ၍ အဓိပ္ပာယ်ရှိသည့် Swarna Gauri Vrat ရက်မြတ်ဖြစ်ပေ၏။
-
(၃၁) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၇ရက်၊ ဗုဒ္ဓဟူးနေ့သည် ဘုရားသခင် ဂဏေသျှ၏ မွေးနေ့ ရက်မြတ် ပူဇော်ပွဲ ဟူ၍ အဓိပ္ပာယ် ရှိသည့် Ganesh Chaturthi နေ့မြတ်လည်း ဖြစ်သလို လစဉ်လတိုင်း၏ လဆန်းလေးရက်နေ့တွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် ဝိနာယက၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Vinayaka Chaturthi ရက်မြတ်လည်းဖြစ်ပေ၏။
-
(၃၂) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၈ရက်၊ ကြာသပတေးနေ့သည် ရသေ့မုနိခုနှစ်ပါးအား ပူဇော်သော ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Rishi Panchami ရက်မြတ်ဖြစ်ပေ၏။
-
(၃၃) ၂၀၂၅ခုနှစ်၊ ဩဂုတ််လ ၂၉ရက်၊ သောကြာနေ့သည် လစဉ်လတိုင်း လဆန်းခြောက်ရက်နေ့တိုင်းတွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော ဘုရားသခင် သကန္တ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Skanda Sashti ရက်မြတ်ဖြစ်ပေ၏။
-
(၃၄) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၃၁ရက်၊ တနင်္ဂနွေနေ့သည် ဘုရားသခင် ကရိသျှဏ၏ ချစ်မြတ်နိုးလှစွာသော ရာဓာမယ်တော်မြတ်၏ မွေးနေ့ ရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Radha Ashtami ရက်မြတ်ဖြစ်ပေ၏။
-
(၃၅) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၃၁ရက်၊ တနင်္ဂနွေနေ့မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂ရက်၊ အင်္ဂါနေ့အထိသည် Jyeshtha Gauri Puja ပူဇော်ပွဲရက်မြတ်များပင်ဖြစ်ပေ၏။
-
(၃၆) ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၃၁ရက်၊ တနင်္ဂနွေနေ့သည် လစဉ်လတိုင်း၏ လဆန်းရှစ်ရက်နေ့တွင် ဥပုသ့်သီလဆောက်တည်ကာ ပြုလုပ်ပူဇော်ရသော မယ်တော်မြတ် ဒူရ်ဂါ ၏ ပူဇော်ပွဲရက်မြတ်ဟူ၍ အဓိပ္ပာယ်ရှိသည့် Masik Durgashtami ရက်မြတ်ဖြစ်ပေ၏။
-
-
ဤဖော်ပြခဲ့ပြီးသောရက်မြတ်များတွင် မိမိတို့ ယုံကြည်ချစ်ခင်မြတ်နိုးသော ဘုရားသခင်နှင့်မယ်တော်များအား နေအိမ်တွင်လည်းကောင်း၊ ဝတ်ပြုကျောင်းတော်များတွင်လည်းကောင်းပူဇော်မှုပြုနိုင်ကြသည်ဖြစ်၍ အသွယ်သွယ်သောလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ အကျွန်ုပ် တပဒါသမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
-
-