27/11/2021
Maskတပ်ဖို့နဲ့လက်သန့်ဆေးရည်သုံးကြပါ
Omicron - နာမည်အသစ်နဲ့ ကိုဗစ်ဇီဝမျိုးကွဲ နူ ( COVID Nu variant )
ထွန်းခြင်း (Mutation)
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ တောင်အာဖရိကနိုင်ငံတွင် တွေ့ရှိတဲ့ ကိုဗစ်ရောဂါပိုး၏ မူမမှန်သော ထွန်းခြင်း (Mutation) အသစ်အကြောင်းကို အရေးပေါ်ဆွေးနွေးတိုင်ပင်လျက်ရှိပါတယ်။ လောလောဆယ် B1.1.529 ဟုအမည်ပေးထားပြီး တောင်အာဖရိကနိုင်ငံနဲ့ ဘော့စဝါးနား နိုင်ငံ တို့မှာ စတင်တွေ့ရှိခဲ့ပြီး ဟောင်ကောင်တွင်လည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ တောင်အာဖရိက၊ ဘော့စဝါးနား၊ ဇင်ဘာဘွေ၊လီဆိုသို၊ နာမ်ဘီယာ နဲ့ အက်စဝါတီနီ နိုင်ငံများကို အလံနီပြ၍ ခရီးသွားလာခွင့်ကို ကန့်သတ်လိုက်ပါပြီ။
Mutation ကို မြန်မာလို "ထွန်းခြင်း" လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ဆဲလ်အတွင်းမှာရှိတဲ့ ဒီအန်အေ အစဥ် (DNA Sequence) ပြောင်းလဲဖြစ်ပေါ်ခြင်းကြောင့် ဆဲလ်ကွဲတဲ့အခါမှာ ပုံစံပြောင်းလဲသွားခြင်းကို "ထွန်းခြင်း" လို့ သတ်မှတ်ပါတယ်။ (ပုံ) ။ ဒီအန်အေဟာ ဆဲလ်မကွဲခင် မိတ္တူပွားကူးကြရာမှာ ကူးယူဖို့ ကျန်သွားခဲ့တဲ့ အစိတ်အပိုင်းတစ်ခုကနေ ပုံစံသစ် (ပုံစံကွဲ)တစ်ခု ဖြစ်ထွန်းခဲ့ခြင်း ဖြစ်ပါတယ်။
B1.1.529 အစဥ်မှာ S ဆိုတဲ့ မျိုးရိုးဗီဇလေးတစ်ခု ကူးယူဖို့ကျန်သွား (တနည်း) ပြုတ်ထွက်သွားခြင်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် PCR နည်းနဲ့ စစ်သော်လည်း ရောဂါပေါ်ချင်မှ ပေါ်မှာပါ။ မျိုးရိုးဗီဇ အသေးစိတ်ကို ရှာဖွေမှ တွေ့ရှိနိုင်မှာဖြစ်လို့ ကုန်ကျစရိတ် ပိုသွားနိုင်ပါတယ်။ နိုင်ငံတိုင်း စစ်နိုင်မည် မဟုတ်ပါ။
ဒီပြောင်းလဲမှုကို အမည်သတ်မှတ်ပေးဖို့ (၁) အထွန်း ဖြစ်ခြင်းဟာ ရောဂါကိုပိုဖြစ်စေသလား၊ ပိုဆိုးစေသလား၊ ကာကွယ်ဆေးဒဏ် ခံနိုင်လား သိဖို့လိုပါတယ်။ (၂) နိုင်ငံအများမှာ သိသာထင်ရှားတဲ့ ကူးစက်မှုတွေ ရှိနေပြီလားဆိုတာ သိဖို့လိုပါတယ်။ ယခုအချိန်ထိတော့ ထိုအချက်ကို အတိအကျ သိတဲ့အဆင့်သို့ မရောက်သေးပါ။ အကယ်၍ ရောက်ရှိခဲ့လျှင်တော့.. ၄င်းကို ဂရိအက္ခရာ နျူ (Nu) လို့ မျိုးကွဲအမည် ပေးနိုင်ပါတယ်။ အယ်လ်ဖာ တို့ ဒယ်လ်တာ တို့လိုပဲ ဂရိအက္ခရာ မြူ (Mu) ရဲ့ အနောက်က နျူ ဖြစ်ပါတယ်။
တောင်အာဖရိကနဲ့ ဘော့စဝါးနားတို့မှာတော့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီးပါပြီ။ ဒီ ကိုဗစ်ဗီဇမျိုးကွဲရဲ့ အခြေအနေကိုတော့ သိပ္ပံပညာရှင်တွေ ဆက်လက်သုတေသနပြုကြမှာဖြစ်ပါတယ်။ HIV နဲ့ ခုခံအားနည်းတဲ့သူတွေမှာ ပိုမိုဖြစ်တန်ချေရှိလို့.. အာဟာရပြည့်မှီအောင် စားသုံးခြင်းဟာလည်း ရောဂါကာကွယ်မှုတမျိုးပဲ ဖြစ်ပါတော့တယ်..။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
ကိုးကား။ WHO, COSMOS Magazine
https://www.facebook.com/228735667216/posts/10159152545037217/
https://www.facebook.com/228735667216/posts/10159151536917217/