ရှေးဟောင်းသုတေသနပညာရပ်ကို စတင်လေ့လာမည့် ကျောင်းသားလူငယ်အများအနေဖြင့် အခြေခံသိရှိထားရမည်ဖြစ်သည့် ဘာသာရပ်နှစ်ခုမှာ သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်တို့ပင်ဖြစ်သည်။ သမိုင်းနှင့်ပထဝဝီဝင်ဘာသာရပ်များမှာ ရှေးဟောင်းသုတေသနပညာရပ်အတွက်သာလျင်မကဘဲ အခြားအခြားသော ပညာရပ်နယ်ပယ်များစွာအတွက် အခြေခံကောင်းတစ်ခုအနေဖြင့် လိုအပ်နေမည်ဖြစ်ပေသည်။ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာအရေး၊ နိုင်ငံရေး၊ လူမှုရေးများ တွင်သာမက အနုပညာနှင့် ကျန်းမာရေးတို့အပြင် ဘာသာရေးလေ့လာမှုများအတွက်ပါ အရေးပါနေကြမည်ဖြစ်ပေသည်။ သမိုင်းအချက်အလက်များနှင့် သမိုင်းဆိုင်ရာရှုမြင်ပုံများမှတဆင့် ပညာရပ်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊ အကြောင်းအရာနှင့် ထင်ရှားမှုများ၊ သီအိုရီဆိုင်ရာအသစ်တွေ့ရှိခြင်း၊ အဟောင်းပြင်ခြင်းများ၊ နည်းစနစ်ပိုင်းဆိုင်ရာတိုးတက်လာမှုများ၊ အသစ်အဆန်းများနှင့် ဟောင်းနွမ်းအသုံးမတည့်ကြတော့သည့် နည်းစနစ်၊ အချက်အလက်များစသည်ဖြင့် သက်ဆိုင်ရာ ပညာရပ်တစ်ခု၏သမိုင်းကြောင်းများကို နှံ့စပ်ပြီး၊ အကျွမ်းတဝင်ရှိနေစေရန် စတင်လေ့လာရမည့်သဘောပင်ဖြစ်သည်။ ထို့နည်းတူစွာ ပထဝဝီဝင်သဘောတရာများနှင့် လေ့လာမှုပုံစံများကိုအသုံးချ၍ ပညာရပ်ဆိုင်ရာ ကိစ္စရပ်များ၏ တည်နေရာ၊ အခင်းအကျင်း၊ အရွယ်အစား၊ အမျိုးအစား စသည်များကို တွက်ချက်လေ့လာမှတ်သားနိုင်သည်အထိ လေ့လာဆည်းပူးထားကြရမည်ဖြစ်သည်။ ရှေးဟောင်းသုတေသနပညာရပ်လေ့လာမှုတွင်သမိုင်းနှင့်ပထဝီဝင်ပညာရပ်သဘောတရားများ၏ အရေးပါပုံများကို နမူနာအနေဖြင့် ဖော်ပြရမည်ဆိုလျင်၊ ဥပမာ- ရှေးဟောင်းသုသေတနနေရာတစ်နေရာဖြစ်သည့် ပြည်မြို့၏ အရှေ့ဘက် ၅ကီလိုမီတာခန့်အကွာတွင်ရှိသည့် သရေခေတ္တရာပျူ မြို့ဟောင်းကို ကွင်းဆင်းလေ့လာမည်ဆိုပါက၊ ပထဝီဝင်ဆိုင်ရာအချက်အလက်များဖြစ်ကြသည့် မြစ်၊ ချောင်း၊ အင်း၊ အိုင်စသည့် ရေနှင့်သက်ဆိုင်သည့်ဧရိယာများ၊ ကုန်းမြင့်၊ လယ်ကွင်း၊ တောင်တန်း၊ ကျောက်တောင်၊ သဘာဝပေါက်ပင်များ၊ စိုက်ပျိုးခင်းများ၊ ရှေးဟောင်းသုသေတနနယ်မြေနေရာအတွင်းနေထိုင်လျက်ရှိကြသည့် ရွာများ၊ မြို့များ၊ လုပ်ကိုင်စားသောက်ကြသူများ၊ အစိုးရရုံးနှင့် လမ်းပန်းဆက်သွယ်ရေးများ၊ စသည်ဖြင့် အရေးပါလှသည့် အချက်အလက်များမှာ ပထဝီဝင်ဆိုင်ရာ ပညာရပ်သုတေသနရှုထောင့်မှချည်းကပ်လေ့လာခြင်းဖြင့်သာ ရရှိလာနိုင်မည်ဖြစ်သည်။ ပြည်မြို့အရှေ့ဘက်နားရှိ သရေခေတ္တရာမြို့ဟောင်းကို သမိုင်းဆိုင်ရာရှုထောင့်မှချည်းကပ်မည်ဆိုပါက သရေခေတ္တရာကို ၁၉၀၅-၀၆ခုနှစ်ကာလများတွင် ရသေ့မြို့ဟုမှတ်တမ်းတင်ရေးသားကြကြောင်း၊ ထို့နောက်မြို့ဟောင်းအတွင်းရှိမှော်ဇာရွာလေးကိုအစွဲပြု၍ မှော်ဇာဟုခေါ်စမှတ်ပြုကြပြန်ကြောင်း၊ မှန်နန်းရာဇဝင်နှင့် အခြားသောကုန်းဘောက်ခေတ်မှတ်တမ်းများအရ သရေခေတ္တရာမြို့ဟောင်းဟု သတ်မှတ်ခေါ်တွင်လာခဲ့ကြကြောင်း စသည်ဖြင့်ဖြစ်စဉ်ဖြစ်ရပ်များကို အချိန်ကာလအလိုက်ပြောင်းလဲလာသည့် သမိုင်းဆိုင်ရာအချက်အလက်များကို စုဆောင်းလေ့လာကြရခြင်းဖြစ်သည်။
(အခြေခံအဆင့်အနေဖြင့် သမိုင်းနှင့် ပထဝီဝင်ရှုထောင့်များမှ ချည်းကပ်လေ့လာခြင်းအပိုင်းကိုတင်ပြခဲ့ခြင်းဖြစ်ပြီး၊ ပထမဆုံးအဆင့် အနေဖြင့် မနုဿဗေဒနှင့် ဘူမိဗေဒပညာရပ်ဆိုင်ရာ ရှုထောင့်များမှ ချည်းကပ်ပုံများကို ဆက်လက်တင်ပြသွားပါမည်။)
Informal Art and Archaeology
Archaeology must be productive for human society not only of the past but also of the present.
ရှေးဟောင်းသုတေသနပညာရပ်ဆိုင်ရာ သင်တန်းကျောင်း၊ ဘွဲ့ဒီဂရီများနှင့် အခြားဆက်စပ်လျက်ရှိသည့် လုပ်ငန်းနယ်ပယ်၊ ပညာရပ်ကဏ္ဍများ၊ အစိုးရလုပ်ငန်းများ၊ ဥပဒေပြဌာန်းချက်များ၊ ပြစ်မှုများ၊ နိုင်ငံသားများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၊ နိုင်ငံတကာပညာရပ်အသိုင်းအဝန်းများ၊ စသည်ဖြင့် အခြားအခြားသော အသိဉာဏ်ပညာဆိုင်ရာ လေ့လာသင်ယူခြင်းများကို ပွင့်လင်းလွယ်ကူစွာဆွေးနွေးနိုင်၊ အသိပညာဖလှယ်နိုင်စေရန် ရည်ရွယ်လျက် ယခု စာမျက်နှာအား ဖွင့်လှစ်ထားပါသည်။
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Category
Website
Address
University Avenue Road
Yangon
11041