Brains Trust

Brains Trust

Share

Welcome to Brains Trust International Preschool & Education Center

Photos from Brains Trust's post 12/03/2020

🔹တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသောကျောင်းသားကျောင်းသူများနှင့် English Languageကို စိတ်ဝင်စားသူများအတွက် English Class for Adults Learners သင်တန်းကို (24.3.2020) တွင် စတင်ဖွင့်လှစ်ပါမည်။
📌️Englishကိုအခြေခံမှစ၍ စနစ်တကျ သင်ယူချင်သူများ၊
ယုံကြည်မှုရှိရှိဖြင့် English လိုပြောတတ်ချင်သူများ၊
Native Speakers များနှင့်တွေ့လျှင်စကားလက်ဆုံကျပြောချင်သူများ ၊ Academic Writingတွေကို မိမိ၏ကိုယ်ပိုင်
အတွေးစိတ်ကူးအတိုင်းရေးတတ်ချင်သူများကို သင့်တင့်မျှတ သောသင်တန်းကြေးဖြင့် English Class for Adults Learners သင်တန်းကိုတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
❗️Oxford University Text စာအုပ်များကိုအသုံးပြုသင် ကြားပေးမည်ဖြစ်သောကြောင့် Englishလို ပြောမထွက်ဘူး မပြောရဲဘူး ဆိုတာတွေမရှိစေဖို့ Activities, Games, Presentations များဖြင့် သင်ကြားပေးပါမည်။
⚠️International School များတွင် Teaching Experience 13နှစ်ကျော် အတွေ့အကြုံရှိပြီး UKမှ Diploma in Teaching English To Speakers of Other Languages( TESOL )နှင့်( TKT )Courseပြီးထားသောလက်မှတ်ရအတွေ့အကြုံရှိ Trainerမှ သင်ကြား ပေးပါမည်။
🔺14hours- Fees 70,000kyats
👉လုပ်ငန်းခွင်သုံး Business English Courseကိုလည်း ဖွင့်လှစ်ထားပါသည်။
🏠Add; No.448 . တောင်ငူလမ်း၊ ရွှေပေါက်ကံ၊
မြောက်ဥက္ကလာပမြို့နယ်။
☎️☎️Ph. 09257824294, 09257824295

12/03/2020

First Day of Summer Course😍

Photos from Brains Trust's post 06/03/2020

🎈Brains Trust ရဲ့ ပျော်ရွှင်ဖွယ်နွေရာသီသင်တန်း🎈

👩‍🦰️UK မှ Diploma in TESOL လက်မှတ်ရ International School အတွေ့အကြုံ ၁၃နှစ်ကျော်ရှိသော Teacher မှ ဦးဆောင်သင်ကြားပေးမယ့် Summer Programme....
👉 Brains Trust ရဲ့ နွေရာသီအင်္ဂလိပ်စာအထူးပြုသင်တန်းမှာ Play & Learn way ဖြင့်တက်ရောက်လေ့လာ
သင်ကြားရအောင် အသက်၅နှစ်မှ ၁၂နှစ်အရွယ်သားသားမီးမီး များကိုဖိတ်ခေါ်ပါတယ်ရှင့်။
☀️နွေရာသီအင်္ဂလိပ်စာသင်တန်းရဲ့ အဓိကသင်ကြာပေးမှာ
တွေကတော့
👩‍💼 English 4 skills
👩‍🎓 Phonics
👩‍💻 Creative Writing တို့နှင့်တကွ
👩‍🏫 Projects
👨‍💻 Group Presentation
👩‍👩‍👦‍👦 School excursion(လေ့လာရေးခရီး)
👯💃🕺Telent Show များ ဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ယူ
ခွင့်ရယူလိုက်ပါ...

⏳ Course Duration
12th March to 27th May 2020
⏳9:00am to 11:00 am

📕Text Book
Oxford and Cambridge English Text Books are used for course.

💵Course Fees
180000 Kyats.
(ခွဲသွင်း၍ရပါသည်)

🗂 There will be free Text Books for 10 Early Birds.
☎️ 09257824295
☎️09257824294
🏫 No.448 Taungngu St., Shwe Pauk Kan. North Okkalar Tsp. Yangon.

05/03/2020

ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် ဘယ်လိုပျိုးထောင်မလဲ

ကလေးတစ်ယောက်အောင်မြင်ဖို့ဆိုတာမှာ ဖေဖေမေမေတို့အနေနဲ့ ပညာရေးကောင်းအောင် သင်ပေးရုံနဲ့ လုံလောက်ပြီလို့ထင်ပါသလား။ မေးစရာမေးခွန်းတစ်ခုက အောင်မြင်တဲ့သူတိုင်းမှာ ပညာအရည်အချင်းကောင်းကောင်းပဲရှိကြတာလား။

အောင်မြင် ကျော်ကြားသူတိုင်းဟာ အရည်အချင်းကောင်းများစွာကိုပိုင်ဆိုင်ထားကြပါတယ်။ ပညာရပ်ဆိုင်ရာ ဗဟုသုတမှာ နှံ့စပ် ကြသလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းကြပါတယ်။ တကယ်တော့ အောင်မြင်သူတစ်ယောက်အဖြစ် ပျိုးထောင်ချင် တယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပွားလေးကို ပညာအရည်အချင်းကောင်းအောင် သင်ပေးဖို့လိုသလို ကလေးကို စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်း (EQ) ကောင်းအောင် လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။

EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ဆိုတာ

EQ ကို အရှည်ကောက်Emotional Quotient (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) လို့ခေါ်ကြပါတယ်။ Emotional Intelligence လို့လည်းခေါ်ကြတယ်။
EQ ဆိုတာက စိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေအနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီး လိမ္မာပါးနပ်စွာ တုံ့ပြန်တတ်တဲ့ စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်းကို ခေါ် တာပါ။ EQ မြင့်တဲ့သူတွေဟာ လူတွေနဲ့အကောင်းဆုံး ပေါင်းသင်းဆက်ဆံတတ်သူတွေဆိုရင်လည်း မမှားပါဘူး။

IQ နဲ့ EQ ဘယ်အရာက ပိုအရေးကြီးလဲ…………

IQ ဆိုတာက ဉာဏ်ရည်ဉာဏ်သွေးကိုခေါ်တာဖြစ်ပြီး EQ ဆိုတာက စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်စွမ်းပါ။ IQ ကောင်းသူ တွေက ကျောင်းသင်ခန်းစာတွေကို လေ့လာသင်ယူရာမှာ အခက်အခဲမရှိ သင်ယူနိုင်ကြပေမယ့် EQ မြင့်သူတွေ ကတော့ လူမှုဆက်ဆံရေးမှာ အမှန်တကယ်အောင်မြင်ကြသလို ဘဝအောင်မြင်မှုကို အကောင်းဆုံး ဖန်တီးနိုင်ကြသူတွေပါ။ အောင်မြင်တဲ့ ဘဝတစ်ခုကို ဖန်တီးဖို့ဆိုရင် IQ ကောင်းတာထက် EQ ကောင်းဖို့က ပိုလိုအပ်ပါတယ်။

ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းစေဖို့

ကလေးတွေရဲ့ EQ ဆိုတာမျိုးက မွေးရာပါ ပါလာတဲ့အတိုင်းပဲ အမြဲရှိနေတာမျိုးမဟုတ်ပါဘူး။ ဒီအရည်အသွေးဟာ လက်ဦးဆရာဖြစ်တဲ့မိဘတွေကနေပျိုးထောင်သင်ကြားပေးလို့ရတဲ့အရာတစ်ခုဖြစ်ပြီး မိဘတွေရဲ့ ပျိုးထောင်မှုအပေါ်မှာ အပြည့်အဝနီးပါး မူတည်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ကလေးကို EQ ကောင်းလာဖို့ ဘယ်လိုပျိုးထောင်ကြမလဲ။

၁။ ကလေးရဲ့ ခံစားချက်ကို အလေးထားပါ

မိဘတော်တော်များများက ကလေးရဲ့ ခံစားချက်ထက် သူတို့ရဲ့ ခံစားချက်ကို ပိုအလေးထားတတ်ကြပါတယ်။ ငယ်စဉ်ကတည်းက ကလေးတွေကို သူတို့ရဲ့ ခံစားချက်ကို ဖော်ပြခွင့်ပေးတာ၊ သူတို့ရဲ့ ခံစားချက်တွေကို အလေးထားပြီး လက်ခံပေးတတ်တာက ကလေးကို အရွယ်ရောက်လာတဲ့အခါ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကိုယ့်ဆန္ဒကို ရှေ့တန်းတင်တာမျိုး မလုပ်ဘဲ ကလေးရဲ့ ခံစားချက်ကို အလေးထားပေးပါ။

၂။ ကလေးရဲ့ စိတ်ခံစားချက်ဖော်ပြမှုကို သင်ကြားပေးနိုင်မယ့် အခွင့်အရေးအဖြစ် အသုံးချပါ

ကလေးက သူ့ရဲ့စိတ်ခံစားချက်ကို ဖော်ပြလာတဲ့အခါ စိန်ခေါ်မှုတစ်ရပ်၊ ကိုယ့်ကို ကန့်လန့်တိုက်တဲ့အရာတစ်ခုလို့ မတွေး လိုက်ပါနဲ့။ ကလေးနဲ့ကိုယ့်ကြားမှာ ဆက်သွယ်ပေးနိုင်မယ့်အရာတစ်ခု၊ ကလေးကို သင်ကြားခွင့်ရရှိစေနိုင်မယ့် အခွင့်အလမ်း လို့ သတ်မှတ်ပြီး အကောင်းဆုံးအသုံးချပေးပါ။ ဒီအခွင့်အလမ်းကနေ အကောင်းအဆိုးခွဲခြားတတ်အောင် သင်ကြားပေးပါ။

၃။ နားထောင်ပေးပါ

ကလေးက သူ့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြတဲ့အခါ သေချာလေး အာရုံစိုက်ပြီး နားထောင်ပေးပါ။ သင်နားထောင်နေကြောင်း သေချာလေး တုံ့ပြန်ပါ။ ပြီးရင် ကလေးရဲ့ စိတ်ခံစားချက်ကို နားလည်ကြောင်း၊ ထပ်တူခံစားမိကြောင်း သေချာလေး ပြောပြ ပေးပါ။ ဒါက ကလေးကို Good Listener အဖြစ်ကြီးပြင်းလာစေဖို့ အကောင်းဆုံးအထောက်အကူဖြစ်စေမှာပါ။ ဒါကလည်း EQ ကောင်းစေဖို့ရာမှာ လိုအပ်တဲ့အချက်တစ်ခုပါ။

၎။ ခံစားချက်တွေကို ခွဲခြားပြသပေးပါ

ကလေးရဲ့ ခံစားချက်ကို သေချာနားထောင်ပြီးတဲ့အခါ ကလေးကို စိတ်ခံစားချက်တွေကို သေချာလေး အမည်တပ်ပေးလို့ ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဘယ်လိုဖော်ပြရမလဲဆိုတာကို သင်ပေးပါ။ ငယ်စဉ်ကတည်းက ဒီလိုလုပ်ပေးတာက ကလေးကို EQ ကောင်းအောင် ပျိုးထောင်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။

၅။ ပြဿနာတွေကို ဖြေရှင်းနိုင်အောင်သင်ပေးပါ

စိတ်ခံစားချက်တွေအားလုံးကို လက်ခံပေးဖို့က လွယ်ပေမယ့် အပြုအမူအားလုံးကို လက်ခံပေးဖို့က မလွယ်ပါဘူး။ ဒီတော့ ကလေးကို EQ ကောင်းသူတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့ဆိုရင် ကလေးကို ငယ်စဉ်ကစလို့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို သင်ကြားပေးရင်း စိတ်ခံစားချက်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ သင်ပေးပါ။

ဖော်ပြသင့်တာကို ဖော်ပြလို့ မဖော်ပြသင့်တာကို မဖော်ပြမိစေဖို့ပေါ့။ ဘယ်လိုအပြုအမူမျိုးကိုတော့ အများက လက်ခံမှာ မဟုတ်ဘူးဆိုတာ မျိုးပေါ့။ ဒီလိုလုပ်ပေးတာက ကလေးကို ပန်းတိုင်တွေချမှတ်တတ်စေပြီး ချမှတ်ထားတဲ့ ပန်းတိုင်ဆီကို ရောက်ဖို့ရာမှာ မဖြစ်မနေကျော်လွှားဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

၆။ စာဖတ်ပြပါ။ စာဖတ်တဲ့အလေ့အကျင့်ပြုလုပ်ပေးပါ။

EQ ကောင်းတဲ့သူတွေဟာ စာဖတ်နာသူတွေဖြစ်နေတတ်ကြပါတယ်။ ကလေးကို စာဖတ်ပြတာ၊ စာဖတ်တတ်တဲ့အရွယ်ရောက်လာတဲ့အခါ အီလက်ထရောနစ်ပစ္စည်းတွေအစား စာအုပ်တွေကိုချစ်တတ်အောင် အလေ့အကျင့်လုပ်ပေးတာက ကလေးရဲ့ EQ ဖွံ့ဖြိုးလာစေဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုဖော်ပြထားတဲ့အတိုင်း လေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ကလေးဟာ ဦးနှောက်ဉာဏ်ရည်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း ရင့်ကျက်သန်မာတဲ့သူတစ်ယောက်ဖြစ်နေနိုင်မှာပါ။

ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Photos from Brains Trust's post 28/02/2020

🎈Brains Trust ရဲ့ ပျော်ရွှင်ဖွယ်နွေရာသီသင်တန်း🎈

👩‍🦰️UK မှ Diploma in TESOLလက်မှတ်ရ International School အတွေ့အကြုံ ၁၃နှစ်ကျော်ရှိသော Teacher မှ ဦးဆောင်သင်ကြားပေးမယ့် Summer Programme....
👉 Brains Trust ရဲ့ နွေရာသီအင်္ဂလိပ်စာအထူးပြုသင်တန်းမှာ Play & Learn wayဖြင့်တက်ရောက်လေ့လာ
သင်ကြားရအောင် အသက်၅နှစ်မှ ၁၂နှစ်အရွယ်သားသားမီးမီး များကိုဖိတ်ခေါ်ပါတယ်ရှင့်။
☀️နွေရာသီအင်္ဂလိပ်စာသင်တန်းရဲ့ အဓိကသင်ကြာပေးမှာ
တွေကတော့
👩‍💼 English 4 skills
👩‍🎓 Phonics
👩‍💻 Creative Writing တို့နှင့်တကွ
👩‍🏫 Projects
👨‍💻 Group Presentation
👩‍👩‍👦‍👦 School excursion(လေ့လာရေးခရီး)
👯💃🕺Telent Show များ ဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ယူ
ခွင့်ရယူလိုက်ပါ...

⏳ Course Duration
12th March to 27th May 2020
⏳9:00am to 11:00 am

📕Text Book
Oxford and Cambridge English Text Books are used for course.

💵Course Fees
180000 Kyats.
(ခွဲသွင်း၍ရပါသည်)

🗂 There will be free Text Books for 10 Early Birds.
☎️ 09257824295
☎️09257824294
🏫 No.448 Taungngu St., Shwe Pauk Kan. North Okkalar Tsp. Yangon.

20/02/2020

မတူညီတဲ့အုပ်ထိန်းမှုပုံစံများ (Different parenting styles)
==========================

မိဘတွေအနေနဲ့ ကလေးတွေကိုအုပ်ထိန်းကြတဲ့နည်းက အခြေခံအားဖြင့် လေးမျိုးရှိတယ်။

(၁) အာဏာရှင်ဆန်တဲ့အုပ်ထိန်းနည်း (Authoritarian parenting)

(၂) စည်းစနစ်ကျတဲ့အုပ်ထိန်းနည်း (Authoritative parenting)

(၃) အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တဲ့နည်း (Permissive parenting)

(၄) သိပ်ဂရုစိုက်မှုမရှိတဲ့နည်း (Uninvolved parenting) ဆိုပြီးတော့ပေါ့။

နံပါတ် (၁) ဖြစ်တဲ့ အာဏာရှင်ဆန်တဲ့အုပ်ထိန်းနည်း မှာဆိုရင် ကလေးတွေဟာ မိဘတွေချထားတဲ့ အရမ်းတင်းကျပ်တဲ့စည်းကမ်းတွေကို သေချာလိုက်နာရတယ်။ မလိုက်နာခဲ့ရင် ဒဏ်ပေးခံရတယ်။ အဲဒီလိုမိဘတွေဟာ ဒီစည်းကမ်းတွေကို ဘာကြောင့်သတ်မှတ်ထားပါတယ်ဆိုတာလဲ သေချာကောင်းကောင်းမွန်မွန်ရှင်းမပြကြဘူး။ "ဘာကြောင့်လဲ" လို့ ကလေးတွေကမေးရင် "အေး .. ငါအဲဒီလိုသတ်မှတ်ထားလို့ပဲ" "ငါပြောတဲ့အတိုင်းလုပ်" ဆိုပြီး ပြန်ပြောတတ်တယ်။ အဲဒီလိုမိဘတွေဟာ ကလေးတွေကို ဒါဖြစ်ရမယ်၊ ဒါလုပ်ရမယ်စသဖြင့် သူတို့လုပ်စေချင်တာ၊ ဖြစ်စေချင်တာတွေအရမ်းများပေမယ့် ကလေးတွေကိုတော့ ကောင်းကောင်းမွန်မွန် သင်ပေးတာတွေ ပြောပြတာတွေ လုပ်လေ့မရှိဘူး။

နံပါတ် (၂) ဖြစ်တဲ့ စည်းစနစ်ကျတဲ့အုပ်ထိန်းနည်းဟာဆိုရင် အပေါ်မှာပြောခဲ့တဲ့ အာဏာရှင်အုပ်ထိန်းသူတွေလို စည်းကမ်းတွေတော့ သတ်မှတ်တယ်။ သူတို့ကလေးတွေကိုလဲ စည်းကမ်းလိုက်နာရမယ်လို့ ပြောထားတယ်။ ဒါပေမယ့် ဒီအုပ်ထိန်းသူမျိုးနဲ့ အပေါ်မှာပြောခဲ့တဲ့ အာဏာရှင်အုပ်ထိန်းသူတွေမှာ ကွာခြားချက်အကြီးကြီးတစ်ခုက ဒီအုပ်ထိန်းသူတွေဟာ သူတို့ကလေးတွေကို ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံတယ်။ သေချာရှင်းပြတယ်။ အပြန်အလှန်လေးစားမှုရှိတယ်။ ကလေးတွေက မိဘဖြစ်စေချင်တဲ့အတိုင်းမဖြစ်ရင်လဲ အပြစ်ပေးဖို့ထက် စိတ်ရှည်ဖို့၊ ခွင့်လွတ်ဖို့ကို ရွေးချယ်တတ်တယ်။ ဒီအုပ်ထိန်းမှုပုံစံက ပိုပြီးမျှတတယ်။ ဒီမိုကရေစီဆန်တယ်။ ဒီမိုကရေစီဆန်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုလဲဆိုတာရှင်းပြရရင် ကလေးတွေက ကိစ္စတစ်ခုအပေါ်မှာ သူတို့ဆန္ဒကဘယ်လို သူ့တို့အမြင်ကဘယ်လိုဆိုတာ ပြောပြခွင့်ရှိတယ်။ မိဘကလဲ အရေးတယူနားထောင်ပေးတယ်။ ထည့်စဉ်းစားပေးတယ်။ တကယ့်တကယ်ဆုံးဖြတ်ချက်ချပိုင်ခွင့်ကတော့ မိဘဆီမှာရှိတယ်။ မိဘတွေအနေနဲ့ ကလေးတွေက သူတို့ကို ကြောက်တာထက် ရိုသေလေးစားတာကို လိုလားတယ်။ ဒီလိုမိဘတွေဟာ ကိုယ်ထိလက်ရောက်ဆုံးမခြင်းမျိုး မလုပ်ဘူး။ ကလေးတွေကို မရိုက်ဘူး။ ကလေးက အမှားတစ်ခုခုလုပ်မိရင် သူလုပ်လိုက်တဲ့အမှားရဲ့ နောက်ဆက်တွဲအနေနဲ့ ဘယ်လို အကျိုးဆက်တွေဖြစ်တယ်ဆိုတာကို သင်ပြ ထောက်ပြပေးလေ့ရှိတယ်။

နံပါတ် (၃) အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တဲ့မိဘတွေကတော့ ကလေးတွေကို ဘာစည်းကမ်းသတ်မှတ်ချက်မှ သိပ်မထားဘူး။ အဲဒီလိုမိဘတွေက ကလေးကိုဆုံးမသွန်သင်တယ်ဆိုတာလဲ နည်းတယ်။ သူတို့က ကလေးရဲ့ရင့်ကျက်မှု၊ စိတ်ထိန်းနိုင်မှု၊ တာဝန်ယူတတ်မှုစတာတွေ ကလေးမှာရှိရှိမရှိရှိ သိပ်ဂရုမစိုက်ဘူး။ ဒီလိုမိဘတွေကျတော့ ကလေးကို မိဘတွေအနေနဲ့ဖြစ်စေချင်တာ လုပ်စေချင်တာရယ်လို့ ဘာမှသိပ်မပြောပဲ ကလေးက ဘာလိုချင်လဲ ဘာဖြစ်ချင်လဲဆိုတာပဲ ထည့်စဉ်းစားနေကြတဲ့သူတွေဖြစ်တယ်။ ကလေးက သူ့အရွယ်နဲ့သူ ရင့်ကျက်ဖို့၊ သူများတွေအတွက် ထည့်စဉ်းစားပေးတတ်ဖို့တွေဘာတွေ မသင်ပေးဘူး။ ဒီလိုမိဘမျိုးဟာ အရမ်းတော့ ညင်သာပါတယ်။ သားသမီးတွေအပေါ်မှာလဲ ရင်းရင်းနှီးနှီးပြောဆိုပါတယ်။ ဒါပေမယ့် ကလေးတွေရဲ့မိဘဆိုတာထက် သူငယ်ချင်းလိုပိုဖြစ်နေတတ်တယ်။

နံပါတ် (၄) သိပ်ဂရုစိုက်မှုမရှိတဲ့မိဘတွေကလဲ တမျိုး။ ဒီလိုမိဘတွေက ကလေးတွေကို ဘာဖြစ်စေချင်တယ် ညာဖြစ်စေချင်တယ်ဆိုတာလဲ မရှိဘူး။ ကလေးတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုတာလဲ အရမ်းနည်းတယ်။ သူတို့ဟာ ကလေးတွေရဲ့ စားဝတ်နေရေးအခြေခံလိုအပ်ချက်တွေကို ဖြည့်စည်းပေးပေမယ့် ကလေးတွေရဲ့ဘဝထဲမှာ ပါဝင်ပတ်သတ်တာမျိုးသိပ်မရှိပဲ ယေဘုယျအားဖြင့် ကလေးနဲ့သံယောဇဉ်သိပ်မတွယ်ကြပဲ အနေစိမ်းကြတယ်။ ဒီလိုမိဘတွေထဲက တော်တော်ဆိုးတဲ့သူတွေဆိုရင် ကလေးတွေရဲ့ စားဝတ်နေရေးကိုတောင် ဂရုမစိုက်ဘူး။ စိတ်မဝင်စားဘူး။ ပစ်ထားတဲ့သဘောပေါ့။

မတူညီတဲ့အုပ်ထိန်းမှုပုံစံတွေရဲ့ အကျိုးသက်ရောက်မှု
==================================

(၁) အာဏာရှင်ဆန်တဲ့အုပ်ထိန်းနည်း (Authoritarian parenting)
ဒီနည်းအားဖြင့် အုပ်ချုပ်ခံရတဲ့ကလေးတွေဟာ နာခံမှုနဲ့ သူလုပ်ရမယ့်အလုပ်မှာ ကျွမ်းကျင်မှုတော့ရှိပါတယ်။ ဒါပေမယ့် ဘဝမှာ သူများတွေလောက် ပျော်ပျော်ရွှင်ရွှင်မနေတတ်ဘူး။ ပေါင်းသင်းဆက်ဆံရေးအားနည်းတယ်။ မိမိကိုယ်ကိုယုံကြည်မှု၊ အထင်ကြီးမှု အားနည်းတယ်။

(၂) စည်းစနစ်ကျတဲ့အုပ်ထိန်းနည်း (Authoritative parenting)
ဒီလိုအုပ်ထိန်းနည်းမျိုးနဲ့ကြီးပြင်းလာတဲ့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ပျော်တတ်တဲ့ သူတွေဖြစ်လာတယ်။ မိမိကိုယ်မိမိ တာဝန်ယူတတ်တယ်။ စိတ်တည်ငြိမ်တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။

(၃) အထိန်းအကွပ်လျော့ရဲပြီး အလိုလိုက်တဲ့အုပ်ထိန်းနည်း (Permissive parenting)
ဒီနည်းအားဖြင့် ကြီးပြင်းလာတဲ့ကလေးတွေဟာ စည်းကမ်းမရှိဘူး။ စည်းနဲ့ကမ်းနဲ့မနေတတ်ဘူး။ သူများတွေအတွက်မစဉ်းစားပေးတတ်လို့ အဆင်မပြေဘူး။ အလိုလိုက်ခံရလို့ ပျော်ကြမယ်မထင်ပါနဲ့။ ရေရှည်မှာ မပျော်တတ်ကြဘူး။ ကျောင်းမှာလဲ စည်းကမ်းမလိုက်နာတာ၊ ဆရာဆရာမကို မနာခံတာ၊ စာမလုပ်တာ စသဖြင့် ဖြစ်ကြတယ်။

(၄) သိပ်ဂရုစိုက်မှုမရှိတဲ့နည်း (Uninvolved parenting)
ဒီလိုမျိုး ကလေးတွေကို သိပ်ဂရုမစိုက်တဲ့နည်းကတော့ အဆိုးဆုံးပါ။ ဒီလိုနည်းနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေဟာ ကိုယ့်စိတ်ကို မထိန်းနိုင်ဘူး။ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးဘူး။ သူတို့နဲ့ရွယ်တူတွေထဲမှာ သူတို့က အမြဲသိမ်ငယ်နေတတ်တယ်။

အဆုံးသတ်အားဖြင့် ပြောရရင်ဖြင့် ကလေးတွေဘယ်လိုကြီးပြင်းလာမလဲဆိုတာ မိဘက ဘယ်လိုအုပ်ထိန်းသလဲဆိုတဲ့အပေါ်မှာ အများဆုံးမူတည်နေပါတယ်။ အုပ်ထိန်းမှုပုံစံ နံပါတ်-၂ ကတော့ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး result တွေ အများဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခြားအရေးကြီးတဲ့အကြောင်းအရာများဖြစ်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ မိဘအပေါ် ကလေးရဲ့အမြင်၊ ဘေးကလွှမ်းမိုးမှုတွေကလဲ ကလေးတစ်ယောက်ရဲ့အပြုအမူတွေအပေါ် အများကြီးအရေးပါတယ်ဆိုတာ သတိပြုရပါမယ်။

Jessica Mozart

ကိုးကား
http://psychology.about.com/
http://www.parents.com/

11/02/2020

Buzzing Bee by Tr Cho 😍

07/02/2020

IQမြင့်ဖို့
မျိုးရိုးဗီဇက အဓိကလား
ပတ်ဝန်းကျင်ကအဓိကလား
=•=•=•=•=•=•=•=•=•=•

၂ခုစလုံးအရေးကြီးတယ်လို့ ဆိုပါရစေ။

ဒါပေမယ့် မျိုးရိုးဗီဇဆိုတာကတော့ မွေးကတည်းက
ပါလာပြီးသားဖြစ်တဲ့အတွက် ပြင်လို့မရနိုင်ပါဘူး။

ပတ်ဝန်းကျင်ကိုဖန်တီးဖို့ကတော့ စိတ်ပညာရှင်တွေအနေနဲ့ရော၊
မိဘတွေအနေနဲ့ရော၊ ဆရာတွေအနေနဲ့ရော၊ အစိုးရ
အနေနဲ့ရော၊ နိုင်ငံသားတစ်ယောက်အနေနဲ့ရော ကြိုး
စားရင်ဖြစ်နိုင်ပါတယ်။

IQတိုးတက်လာဖို့ပတ်ဝန်းကျင်ဟာ အရေးကြီးတယ်ဆိုတဲ့
ဂန္တဝင်မြောက်သုတေသနလေ့လာမှုတွေရှိပါတယ်။
အဲဒီအထဲကတစ်ခုက Skeels နဲ့ Dyeတို့ရဲ့လေ့လာမှုပါ။ သူတို့ရဲ့လေ့လာမှုမှာ လူတွေပြည့်ကြပ်နေတဲ့ မိဘမဲ့ကျောင်းကကလေးတွေပါဝင်ပါတယ်။ အဲဒီကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ
ဖွံဖြိုးမှုနောက်ကျတဲ့ ဉာဏ်နုံ့သူလို့အမည်တပ်ထားတော့
မွေးစားမယ့်သူတောင် မရှိပါဘူး။

ဒါပေမယ့်သူတို့ကိုပြည်နယ်တစ်ခုက စိတ်ကျန်းမာရေး
အဖွဲ့အစည်းတစ်ခုဆီ ပြောင်းရွှေ့ပေးလိုက်ပါတယ်။
အဲဒီကလေးတွေကိုအမျိုးသမီးကြီးတစ်ဦးကစောင့်ရှောက်မှုပေးပါတယ်။ အဲဒီအမျိုးသမီးကြီးကိုယ်၌ကလည်း မပြင်းထန်တဲ့ဉာဏ်နုံ့သူMildly retardedတစ်ယောက်ပါ။
ဒါပေမယ့်သူမဟာ ကလေးတွေကို စောင့်ရှောက်တဲ့အခါ ချစ်ချင်းမေတ္တာတွေ၊ အာရုံစိုက်မှုတွေ အလျှံအပယ်ပေးပါ
တယ်။ ကလေးတွေအတွက် ကစားစရာတွေအပြည့်၊ ကစားစရာနေရာတွေ ကျယ်ကျယ်ဝန်းဝန်းနဲ့ အသိဉာဏ်ဆိုင်ရာလှုံဆော်မှုတွေပေးတဲ့ပတ်ဝန်းကျင်လေးရအောင်ဖန်တီးပေးပါတယ်။
ကလေးတွေယခင်နေခဲ့ရတဲ့၊ ဆင်းရဲနွမ်းပါးတဲ့၊ လျစ်လျူရှုခံခဲ့ရတဲ့အခြေအနေနဲ့ အတော်လေးခြားနား
တဲ့နေရာပါ။

အဲဒီမှာနေရတဲ့အခါ ကလေးတွေရဲ့ IQဟာသိသိသာသာ
တိုးတက်လာပါတယ်။ သူတို့ကိုနောက်တကြိမ် IQပြန်စစ်
တဲ့အခါ ပုံမှန်ကလေးတွေရဲ့ အတိုင်းအတာထဲကို ဝင်လာ
ပါတယ်။

မိဘမဲ့ကျောင်းမှာကျန်ရစ်ခဲ့တဲ့ ထိန်းချုပ်အုပ်စုက ကလေး
တွေရဲ့IQရမှတ်တွေကတော့ ကျဆင်းမြဲ ကျဆင်းလျှက်ပါဘဲ။

၎င်းအပြင် အနှစ်၂ဝကြာခြေရာခံလေ့လာတဲ့အခါ အထက်ပါအမျိုးသမီးကြီးရဲ့စောင့်ရှောက်မှုအောက်မှာနေခဲ့ရတဲ့ ကလေးတွေကတော့
အထက်တန်းကျောင်းပြီးသွားခဲ့ကြပြီး
အကျိုးဖြစ်ထွန်းတဲ့ဘဝမှာရပ်တည်နေထိုင်လျှက်ရှိပါ
တယ်။

ယခင်မိဘမဲ့ကျောင်းမှာ ကျန်ရစ်ခဲ့တဲ့ ကလေးအများစုက
တော့ တတိယတန်းအဆင့်အထိ မကျော်သလို မိမိကိုယ်
တိုင်လည်း မရပ်တည်နိုင်ကြပါဘူး။

ဒါကြောင့်မိဘတွေအနေနဲ့ ကိုယ့်ကလေးဉာဏ်ကောင်း
အောင်ပြုစုပျိုးထောင်ဖို့

-ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုအလျှံအပယ်ပေးပါ။
-အသိဉာဏ်ဆိုင်ရာလှုံ့ဆော်မှုပေးတဲ့ပတ်ဝန်းကျင်လေး
ဖြစ်အောင်မိမိနေအိမ်ကိုဖန်တီးပေးပါ။
-ကစားစရာ၊ ဖတ်စရာစာအုပ်များထားပေးပါ။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

Photos from Brains Trust's post 06/02/2020

ကလေးတွေကို
အချိုရည်တွေ တိုက်မယ်ဆိုရင်
ကိုယ်တိုင်သောက်မယ်ဆိုရင်
ဒါလေး ဖတ်ကြည့်ပါ။

အချိုဓါတ်များခြင်းသည် ဦးနှောက်ဉာဏ်ရည်လုပ်‌ဆောင်နိုင်စွမ်းကို နှေးကွေးစေပါသည်။

ကလေးများကို ချစ်ရင်
အချိုမကျွေးပါနဲ့။

ဖြစ်နိုင်ရင် ကလေးတွေကို
သဘာဝသီး‌ဖျော်ရည်စစ်စစ်ပဲ
ပေး‌သောက်ပါ။

SKC 09448014021

အချိုရည်တိုင်း အချိုများစွာပါတတ်ပါတယ်။ သကြားပါဝင်မှု‌တွေကို လေ့လာဖတ်ပြီးမှ ဆင်‌ခြင်ကာ သောက်သုံးသင့်ပါတယ်။

The AHA released three new guidelines: Children between two and 18 should eat fewer than six teaspoons of added sugar per day. That's about 25 grams of sugar or 100 calories. Children and teens should limit their intake of sugar-sweetened drinks to no more than eight ounces weekly.
Aug 23, 2016

AHA က ‌ပြောထားတာက‌တော့ အချိုဆိုတာကို ကလေး‌ 2နှစ်မှ 18နှစ်အတွင်း တရက်ကို လက်ဘက်ရည်ဇွန်း 6ဇွန်းအထိသာ စားသင့်ပါတယ်။
ကလေးတွေ တကယ် တကယ်စားနေတာ တနေ့100ဇွန်း မကဘူး

**************
Shine Thurein ထံမှ ကူးယူထားပါသည်

Coca Cola classic တစ်ဗူးမှာ
သကြား 35 gram ပါတယ်။
သကြား 35gram ဆိုတာက
လက်ဖက်ရည်ဇွန်းနဲ့
၁၂ဇွန်းစာလောက်ရှိတယ်။
ကော်ဖီမစ်တစ်ထုပ်ကိုတောင်မှ
20gram ပဲရှိတာလေ
သကြား 35gram ဆိုတာ
ကော်ဖီမစ် နှစ်ထုပ်စာဗျ။
ထမင်းကနေရမယ့်
အချိုဓာတ်ကိုထည့်မတွက်ရင်တောင်မှ
တော်တော်များတဲ့ ပမာဏပဲ။

Soft drink တစ်ဗူးသောက်တိုင်း
ဆီးချိုဖြစ်နိုင်ခြေ ၂၅ရာနှုန်းတက်လာတယ်
အဖေ ဆီးချိုရှိရင် ၃၀ရာနှုန်း
အမေဆီးချိုရှိရင် ၃၀ရာနှုန်း
မောင်နှမဆိုရင်ဘယ်လောက်ရာနှုန်းဆိုတဲ့
risk တွေပါထည့်တွက်
Sedative lifestyle ဆိုရင်
၂၀ရာနှုန်း
ဝနေရင် ၂၀ရာနှုန်း
ရာနှုန်းတွေပေါင်းလိုက်တော့
၁၀၀ ရာနနှုးရဲ့ ဟိုဘက်ကမ်းကိုလွန်လို့
ကျော်တောင်သွားသေးတယ်။
မြေကြီးလက်ခတ်တာကမှ
လွဲချင်လွဲဦးမယ်
Diabetes ဖြစ်ဖို့မလွဲတော့ဘူး
သေချာနေပြီ။

စင်္ကာပူနိုင်ငံမှာ
Soft drink မှန်သမျှ
ကြော်ငြာလို့မရတော့ဘူး
ဘန်း ပစ်လိုက်ပီ။
နံရံကပ်ဗီနိုင်း
တီဗွီချန်နယ်
မည်သည့်နည်းလမ်းနဲ့မဆို
Advertise လုပ်မရတော့ဘူး။
စင်္ကာပူနိုင်ငံဟာ
War on Diabetes project အရ
Soft drink advertisement ကို
လုံးဝပိတ်ပင်တဲ့
ကမ္ဘာမှာ ပထမဆုံးသောနိုင်ငံ
ဖြစ်လာပြီ။
အမေရိကန်မှာသော်မှ
အသက် ၁၈ နှစ်အောက်တွေကိုပဲ
မကြေငြာရဘူး ဆိုတဲ့
ဥပဒေထုတ်နိုင်သေးတာ
စင်္ကာပူက ပိုတင်းကျပ်လာပြီ။

ဒါ့အပြင်
Coca Cola ကုမဏ္ဍီဟာ
Soft drink တိုင်းမှာ
သကြားပမာဏလျှော့ဖို့
Coca Cola ကုမဏ္ဍီအနေနဲ့
War on Diabetes မှာ
ပူးပေါင်းပါဝင်ဖို့
သဘောတူခဲ့တယ်။
Diet coke
Zero sugar coke တွေ
ထုတ်လုပ်လာတဲ့အပြင်
Classic Coke မှာလည်း
မူရင်းအရသာ မပျက်စေပဲ
သကြားပမာဏကို
၂၆ ရာခိုင်နှုန်းထိလျော့ချပစ်လိုက်ပြီ။

သူများနိုင်ငံတွေမှာ
ကိုယ့်နိုင်ငံသားတွေကျန်းမာဖို့
ကျန်းမာရေးဝန်ကြီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနတွေက
စွမ်းစွမ်းတမံကြိုးစားနေကြတာမြင်တော့
အားရလိုက်တာ။

ဒီနိုင်ငံမှာတော့ရေဆာတိုင်း
သံဗူးအချိုရည်တဂွမ်းဂွမ်းဖောက်သောက်တယ်။
ကျနော်တို့ကလေးဘဝကတည်းက
ခေတ်စားခဲ့တဲ့
ထက်ထက်မိုးဦးနဲ့ဒွေးရဲ့
"Ve Ve မန်ကျည်းအချိုရည်" ဒို့
ဇော်ဝင်းထွဠ်ရဲ့
"ဘာကွ Max" ဒို့ကို
ကြည့်ခဲ့ရတုန်းကအချိန်တွေကို
ပြန်တွေးကြည့်တဲ့အခါ
ငါ အဲ့တုန်းက အဲ့ကြေငြာတွေကြည့်ပြီး
အချိုရည်သောက်ဖို့
ပူဆာ ဂျီကျခဲ့ဖူးတာပဲဆိုပြီး
ပြန်အမှတ်ရမိတယ်။
ခုမှ ဥာဏ်ဦးသွားပြီး
ဒါတွေကို အန္တရာယ်လို့မြင်လာခဲ့တာ။
ခုဆိုလည်း
တစ်ဗူးမှ ၃၀၀
ကိုကာကိုလာပုလင်းကို
အားရပါးရမော့ပြပြီး
လမ်းမပေါ် ဒွန့်ပြနေတဲ့ကြော်ငြာလာတိုင်း
စောက်သည်းပေါက်တယ်။
ပညာမတတ် ပိုက်ဆံမရှိတဲ့
ငါတို့နိုင်ငံသားတွေကို
ကောင်းကောင်းကြီးဂျင်းထည့်နေတာပဲလို့
တွေးမိပြီး...

အလှူမင်္ဂလာဆောင်မှာ
ဧည့်ခံတဲ့သဘောနဲ့ ချပေးတဲ့
Shark ဗူးတွေ။
လူနာလာမေးတာဆိုပြီး
ကဒ်လိုက်ဝယ်လာတဲ့
Max plus ဗူးတွေ။
၁၀၀ တန် ကော်ဖီမစ်ထုပ်တွေ
လက်ဖက်ရည်ထုပ်တွေ
ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင်
Speed ရှိတဲ့ဘက်မှာနေမယ့်သူတွေ

အသက်လေးဆယ်နားကပ်လာရင်
သမားတော်တစ်ယောက်ကို
ဆီးချိုရောဂါနဲ့ ပုံမှန်ပူဇော်ဖို့
ခုကတည်းက ပိုက်ဆံစုထားကြ။
နေ့စဉ်သောက်ရမယ့်
ဆီးချိုကျဆေးတွေ
နေ့တိုင်း လက်ထိပ်ကိုသွေးဖောက်စစ်ရမယ့်
ဒုက္ခတွေ။
ဆီးချိုသွေးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့်
ဘဝရဲ့နောက်ဆုံးအချိန်
့်ဆေးရုံမှာကုန်ကျမယ့် ငွေတွေအတွက်
ခုကတည်းက
ပြင်ဆင်ထားကြပါတော့ လို့

ကျနော့်ကတော
ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင်တောင်
Speed မရှိတဲ့ဘက်မှာနေမယ်။
ခင်ဗျားတို့ပဲ
Speed သောက်ပြီး
သင်္ချိုင်းကို speed နဲ့ ဒိုးတော့။

အချို့ အချို့ရည်တွေက ပုံထဲမပါတာ
Online ပုံရှာမရလို့ပါ။
အချိုရည်တိုင်း အချိုများစွာပါတတ်ပါတယ်။ သကြားပါဝင်မှု‌တွေကို လေ့လာဖတ်ပြီးမှ ဆင်‌ခြင်ကာ သောက်သုံးသင့်ပါတယ်။

Crd: Skc Mandalay

06/02/2020

🎈Brains Trust ရဲ့ ပျော်ရွှင်ဖွယ်နွေရာသီသင်တန်း🎈

နှစ်စဉ် ကျောင်းသား/သူတို့ရဲ့ နွေရာသီကျောင်းပိတ်ရက်
အချိန်လေးမှာ အချိန်တိုတိုနဲ့ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ Brains Trust ရဲ့ နွေရာသီအင်္ဂလိပ်စာသင်တန်းမှာထူးခြားတဲ့ သင်ခန်းစာတွေနဲ့ ထိထိရောက်ရောက် အကျိုးရှိရှိ ပျော်ပျော်
ပါးပါးတက်ရောက်လေ့လာ သင်ကြားရအောင် အသက်၅နှစ်မှ ၁၂နှစ်အရွယ်သားသားမီးမီး များကိုဖိတ်ခေါ်ပါတယ်ရှင့်။

☀️ဒီနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်းရဲ့ အဓိကသင်ကြာပေး မှာတွေကတော့
👩‍💼 English 4 skills
👩‍🎓 Phonics
👩‍💻 Creative Writing တို့နှင့်တကွ
👩‍🏫 Projects
👨‍💻 Group Presentation
👩‍👩‍👦‍👦 School excursion(လေ့လာရေးခရီး)
👯💃🕺Telent Show များ ဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ယူ
ခွင့်ရယူလိုက်ပါ...

👩‍🏫Who will teach your children?
️UK မှ Diploma in TESOLလက်မှတ်ရ International School အတွေ့အကြုံ ၁၃နှစ်ကျော်ရှိသော Teacher မှ ဦးဆောင်သင်ကြားပေးမှာပါ။

⏳ Course Duration
12th March to 27th May 2020
⏳9:00am to 11:00 am

📕Text Book
Oxford and Cambridge English Text Books are used for course.

💵Course Fees
180000 Kyats.
(ခွဲသွင်း၍ရပါသည်)

🗂 There will be free Text Books for 10 Early Birds.
☎️ 09257824295
☎️09257824294
🏫 No.448 Taungngu St., Shwe Pauk Kan. North Okkalar Tsp. Yangon.

04/02/2020

ကလေးတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် လေ့လာတဲ့ပုံစံ၊ အမူ အကျင့် မတူသလို၊ ခံယူချက်၊ ရည်ရွယ်ချက် နဲ့ ဘ၀ပုံဖေါ်မှုတွေ မတူကြဘူး။ ဒါကို တချို့ မိဘ (သို့မဟုတ်) ဆရာသမား တွေက သူတို့ဖြစ်စေချင်တာ မဖြစ်တဲ့ အခါ၊ အားမလို အားမရ နဲ့ ဒေါသူပုန် ထ တတ်ကြတယ်။

စာသင်ခန်းထဲကို ကြည့်တာနဲ့ သူတို့ဘာဖြစ်နိုင်တယ်ဆိုတာ ဆရာတွေက ခန့်မှန်းနိုင်ကြသလို၊ မိဘတွေလည်း သူတို့သားသမီးလေးတွေ အကြောင်းကို သိထားပြီးသားဖြစ်နေကြတယ်။

၁) Overactive ဖြစ်တဲ့ ကလေး

ဒီလိုကလေးမျိုးက အမြဲတမ်းမေးခွန်းတွေ မေး ဖို့ ပဲ ကြိုးစားနေတတ်တယ်။ သူတို့က စာဖတ်ခြင်း၊ သိပ္ပံဆိုင်ရာ၊ သင်္ချဥာဏ်စမ်းပြိုင်ပွဲ၊ စကားရည်လုပွဲ စတာမျိုးတွေမှာ ပါဝင်ဆင်နွဲလေ့ရှိကြတဲ့သူတွေ။ တက်ကြွလွန်းတဲ့ကျောင်းသားတွေပေါ့။

၂) Teacher's Pet

ဒီလိုကျောင်းသားမျိုးတွေက ခုံရှေ့တန်းကနေထိုင်ပြီးဆရာ ပြောသမျှ သဘောကျနေတတ်သလို၊အသံကျယ်လောင်စွာ ရယ်ကြတဲ့ ကျောင်းသားတွေပါ။ ဒီလိုကျောင်းသားမျိုးတွေက ရှေ့တန်းကနေ နောက်က ကျောင်းသားကို နောက်ယှက်တတ်သလို၊ ဆရာကို လည်း စာသင်ပြီးတာနဲ့ အူယားဖားယား စကားလိုက်ပြောပြီး ဆရာကိုယ်ရေးကိုယ်တာတွေကို ၀င်စွတ်တတ်တယ်။

၃) Hard worker

လေ့လာမှု အရမ်း စိတ်အားထက်သန် သလို၊ သူတို့ ဘာလိုချင်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိတဲ့သူတွေဖြစ်ပြီး၊ သူတို့ ပန်းတိုင်ကို သူတို့ဘာသာ ဘယ်လို ရောက်အောင် သွားရမှာဆိုတာ သိတဲ့ ကလေးတွေပေါ့။ အတန်းထဲမှာ တော်တဲ့သူတွေ မဟုတ်ပေမယ့် ဘ၀မှာ သူတို့လိုချင်တာကို ရအောင် ယူတတ်တဲ့သူတွေ။

၎) Star

ဒီလိုမျိုးကလေးတွေက အားကစား၊ အနုပညာ(အက+မော်ဒယ်လိုမျိုး) ၊ ပန်းချီ၊ Queen နဲ့ King လိုမျိုးတွေမှာ နာမည်ကျော်ကြားတဲ့ ကျောင်းတွင်း Cele တွေပေါ့။ ဒီလိုကျောင်းသားမျိုးတွေမှာက မုန်းတဲ့သူရော၊ ချစ်တဲ့သူရော ရှိနေတတ်တယ်။ သူတို့က အခြားသူတွေကို လက်တွေ့အရတော့ စိတ်ခံစားမှုတွေ တကယ်ပေးနိုင်တဲ့ ကလေးတွေ။

၅) Intellectual Outsider

ဒီလိုကျောင်းသားမျိုးတွေက ခုံနောက်ဆုံးနားမှာ နေတတ်ပြီး၊ ဆိတ်ဆိတ်နေတတ်တဲ့ကလေးတွေပေါ့။ သူ့ကို ဘယ်သူကမှ ဂရုမထားတတ်ကြ။ လူပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်မနေတတ်တဲ့ ကလေး လို့ အထင်ခံရတဲ့ အထိ နေတတ်သူတွေ။ တကယ်တန်းတော့ ဒီလိုကလေးမျိုးတွေက ဘ၀မှာ တကယ် စမတ်ကျကျ အောင်မြင်တတ်တဲသူတွေချည့်ဖြစ်သွားတတ်နေတာ လူတိုင်း အံသြဖူးပါလိမ့်မယ်။

၆) Clown

ဟာသဥာဏ်ရွှင်တဲ့ကလေးမျိုးတွေပေါ့။ တခါတခါ သူတို့ပြောလိုက်တဲ့ ဟာသက ကျောင်းသားတွေတင်မကဘဲ ဆရာတွေပါ မနေနိုင်လောက်အောင် ရယ်စေသူ။ ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကလေးမျိုးတွေ။

၇) Clueless

ဘာကိုမှ အလေးအနက်မထားသလို၊ သူတို့ဘာရည်ရွယ်ချက်နဲ့ လုပ်နေတယ်ဆိုတာလည်း ရေရေရာရာ မသိသူ။ မေးခွန်းတွေ မေးတတ်ပေမယ့် သူများတွေ မေးပြီးသား၊ အဖြေရပြီးသားတွေကိုပဲ အူကြောင်ကြောင် ထပ်ထပ် မေးနေတတ်တဲ့ ကလေးမျိုးတွေ။

၈) Nerd

စာဆိုစာ ပဲ စိတ်ဝင်စားပြီး၊ ဆက်ဆံရေးကျဲသူ။ သူဝါသနာပါရာမှာပဲ စိတ်ဝင်စား ရူးသွပ်လေ့ရှိပြီး၊ တခြားဘာကို မှ စိတ်မ၀င်စားသလို၊ လူမှုရေး မသိတတ်တဲ့ ကျောင်းသားမျိုး။

၉) Artist

အနုပညာစိတ်ရှိတဲ့ကလေးမျိုး။ ဒီလိုစိတ်ရှိတဲ့ကလေးက အနုပညာဟာ သူတို့ကမ္ဘာလို သဘောထားပြီး၊ ဖန်တီးမှုတွေနဲ့ လွတ်လပ်စွာ နေချင်သူတွေ။

၁၀) Bully

ဒီလိုကလေးမျိုးတွေက အတန်းထဲမှာ ခပ်အေးအေး(ဆိတ်ဆိတ်)နေတတ်တဲ့ ကျောင်းသားတွေနဲ့၊ စာကြောင်ကြောင်( Nerd) လိုမျိုး ကျောင်းသားမျိုးတွေကို လိုက်နောက်ယှက်တတ်ကြတယ်။ ဂျောက်တွန်း၊ဂျင်းထဲ့၊အနိုင်ကျင့်တတ်တဲ့ ကျောင်းသားဆိုးတွေ။

၁၁) Natural Leader

လူ(၁၀)ယောက်ရှိရင် အလိုလို တစ်ယောက်က ခေါင်းဆောင်ပါတတ်တယ်တဲ့။ အတန်းတိုင်း မှာ ခေါင်းဆောင်စိတ်ရှိတဲ့ ကျောင်းသားရှိနေတတ်ကြတယ်။ သူတို့ဟာ မွေးရာပါ အရည်အချင်း( inborn capacity) မျိုး နဲ့ သူတို့ကို သူတို့ ဘယ်လို ဆွဲဆောင်မှု ရှိအောင်၊ သြဇာညောင်းအောင် နေရမယ်ဆိုတာ သိပြီး၊ ခေါင်းဆောင်မှု အတတ်ပညာလည်း ရှိထားကြတယ်။

၁၂) Slacker

လူသိနည်းတဲ့ကျောင်းသားမျိုး။ အတန်းဖေါ်တွေကိုယ်တိုင်က သူကဘယ်သူလဲ လို့ မေးရလောက်အောင်၊ မထင်ပေါ်ဘဲ ဘ၀ကို သာမာန်ဘ၀နဲ ဖြတ်သန်းတတ်တဲ့သူ။
Credit

Soe Naing

[email protected]

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


No. 448 Taung Guu Street. Shwe Pauk Kan. North Okkalar. Yangon
Yangon
8815