Ash*ta Japanese Class

Ashita Japanese Class

Share

Japanese Online Class for people who want to study at home. Learn, speak, and love Japanese Language

19/10/2025

ဒီနေ့မှာတော့ お手上げဆိုတဲ့စကားလုံးလေးကို မျှဝေပေးပါမယ်

သူ့ရဲ့အဓိပ္ပါယ်ကတော့ “လက်မြှောက်အရှုံးပေးသည်” ဆိုတဲ့ အဓိပ္ပါယ်ပါ

👉🏻 「もうだめだ」「解決できない」「困った!」 လို့ပြောချင်တာပါ



例文 အနေနဲ့ကတော့

• この問題、難しすぎて お手上げ だ。
→ 難しすぎて解けない。

• 何度説明してもわかってもらえなくて、もう お手上げ。
→ もう諦めた。

• 最近の子どもの行動には、親も お手上げ らしい。
→ どうすればいいかわからない

*ta #言葉

02/10/2025

皆さん、こんばんは!

အိမ်ကနေထွက်သွားရင် ဘာဖြစ်တတ်လဲသိလား👇👇👇

*ta

#言葉

Photos from Ashita Japanese Class's post 27/09/2025

皆さん、こんばんは!
皆さんတို့သိပြီးသားစကားလုံးလေး၂လုံးကိုပေါင်းပြီး ဝေါဟာရအသစ်လေးမှတ်ကြရအောင်!!!!

တစ်ခါသုံးခွက်တို့ / တစ်ခါသုံးmaskတို့ / တစ်ခါသုံးလက်အိတ်တို့ဆိုတဲ့စကားလုံးတွေထဲက *တစ်ခါသုံး*ဆိုတဲ့ဝေါဟာရလေးကိုဂျပန်လိုဘယ်လိုပြောလဲ👇👇👇

*ta

24/09/2025

ဒီနေ့မှာတော့ 化石 ဆိုတဲ့ kanji စကားလုံးလေးကိုပြောပြပေးပါမယ်

အဓိပ္ပါယ်ကတော့ “ကျောက်ဖြစ်ရုပ်ကြွင်း” ပဲဖြစ်ပါတယ်

恐竜(きょうりゅう)の骨 - ဒိုင်နိုဆောအရိုး

• 貝殻(かいがら)のあと - ရှေးခေတ်ကခရုအခွံ

• 木や葉っぱの跡 - ရှေးခေတ်က သစ်သားနဲ့ သစ်ရွက် စတာတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုပြောတာပါ



例文 အနေနဲ့ကတော့

• 「砂岩から恐竜の化石が発見された」

• 「化石を調べることで、昔の地球の環境がわかる」

*ta #言葉

18/09/2025

ဒီနေ့မှာတော့ 臨機応変に(りんきおうへんに) ဆိုတဲ့စကားလုံးလေးကို ပြောပြပေးပါမယ်

👉 状況に合わせて、柔軟に対応すること を意味します。

အဓိပ္ပါယ်ကတော့ “အခြေအနေပေါ်မူတည်ပြီးမီးစင်ကြည့်ကတယ်” ဆိုတဲ့အဓိပ္ပါယ်ရပါတယ်



例文

• 「マニュアルにない問題でも、臨機応変に対応してください」

• 「旅行中にトラブルがあったけど、臨機応変に楽しめた」

• 「面接では、臨機応変な受け答えが大事です」

*ta #言葉

14/09/2025

ဒီနေ့မှာတော့ カンニング ဆိုတဲ့ စကားလုံးလေးကို ပြောပြပေးပါမယ်!

👉 စာမေးပွဲဖြေတဲ့အချိန် မမှန်မကန်စာခိုးချတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်



English စကားလုံး cunning(ずるい・狡猾な) ဆိုတဲ့စကားကနေဆင်းသက်လာတာပါ

例文 အနေနဲ့ကတော့

• 「試験中にカンニングをして退学になった」

• 「カンニング防止のため、座席を離して試験を行う」

*ta #言葉

10/09/2025

ဒီနေ့မှာတော့ 異口同音(いくどうおん) လို့ခေါ်တဲ့ は四字熟語(よじじゅくご ) စကားလုံးလေး အကြောင်းပြောပြပေးပါ့မယ်

အဓိပ္ပါယ်ကတော့ တစ်သံတည်း၊တစ်ပြိုင်တည်း၊တစ်ညီတည်း ဆိုတဲ့အဓိပ္ပါယ်ပါ



သူ့မှာပါဝင်တဲ့ kanji လေးတွေ ခွဲကြည့်လိုက်မယ်ဆိုရင်

• 異口(いく):それぞれ違う人の口
• 同音(どうおん):同じ声、同じ意見

ဖြစ်တာကြောင့် တစ်နည်းအားဖြင့် မတူညီတဲ့လူတွေဟာ တူညီတဲ့အကြောင်းအရာကို တစ်ချိန်တည်းပြောနေတယ် လို့ဆိုလိုတာပါပဲ



例文 အနေနဲ့ကတော့

• 生徒たちは異口同音に『はい!』と答えた
• その提案には、社員が異口同音に賛成した

*ta #言葉

07/09/2025

ဒီနေ့မှာတော့ 井戸端会議 (いどばたかいぎ) ဆိုတဲ့စကားလုံးလေးကိုပြောပြပေးပါမယ်

အဓိပ္ပါယ်ကတော့ “အိမ်ရှင်မ၊ အဒေါ်ကြီးတွေ စကားဝိုင်းဖွဲ့ပြောဆိုခြင်း” ဆိုတဲ့အဓိပ္ပါယ်လေးပါ

ရပ်ကွက်ထဲမှာ အဒေါ်ကြီးတွေစုပြီး သတင်းတွေဖလှယ်တာ၊အတင်းပြောကြတာမျိုး ဆိုတဲ့အနေနဲ့ သုံးတဲ့ စကားလုံးလေးပါ

例文 အနေနဲ့ကတော့

• 「公園で井戸端会議をしていた主婦たち」
• 「最近の会社の休憩時間は、ほとんど井戸端会議みたいだ」

*ta #言葉

03/09/2025

ဒီနေ့မှာတော့ 用心棒(ようじんぼう) လို့ခေါ်တဲ့စကားလုံးလေးကိုပြောပြပေးပါ့မယ်

သူ့ရဲ့အဓိပ္ပါယ်က သက်တော်စောင့်၊ကိုယ်ရံတော် ပါ

တစ်နည်းအားဖြင့် 護衛(ごえい)・ボディーガード လို့လည်းခေါ်ပါတယ်

用心 ဆိုတာသတိထားခြင်း၊ 棒 ဆိုတာကတုတ်ချောင်းရဲ့ kanji ပါ

ဂျပန်ရှေးခေတ် Edo ခေတ်ကာလမှာ မြို့ကိုကာကွယ်တဲ့လူတွေဟာ လက်နက်အနေနဲ့ 棒 လို့ခေါ်တဲ့ တုတ်ကို ကိုင်လေ့ရှိတာကနေ 用心棒 ဆိုတဲ့စကားလုံးက ဖြစ်ပေါ်လာတာပါ

例文 အနေနဲ့ကတော့

• 「彼は社長の用心棒として雇われた」
• 「やくざ映画によく用心棒が出てくる」

*ta #言葉

30/08/2025

ဒီနေ့မှာတော့ 匿名 ဆိုတဲ့ စကားလုံးလေးနဲ့ မိတ်ဆက်ပေးပါမယ်

အဓိပ္ပါယ်ကတော့ အမည်မဲ့၊အမည်မသိ (anonymous) ပဲဖြစ်ပါတယ်

အထူးသဖြင့် နေ့စဉ်သုံးစကားပြော၊ ပစ္စည်းပို့တဲ့အခါမျိုးတွေ၊ သတင်းစာ၊ online တွေမှာ အများဆုံးတွေ့ရပြီး JLPT မှာလည်း ပါတတ်လေ့ရှိတဲ့ စကားလုံးပါ

例文

• ネットでは 匿名 でコメントできるので、本音を書きやすい。
(အင်တာနက်မှာဆိုရင် အမည်မဖော်ဘဲ မှတ်ချက်ပေးလို့ရတဲ့အတွက် တကယ့်ခံစားချက်ကို ရေးရလွယ်ပါတယ်။)

• 寄付は 匿名 で行われた。
(လှူဒါန်းခြင်းကို အမည်မဖော်ဘဲ ပြုလုပ်ခဲ့သည်။)

*ta #言葉

28/08/2025

ဒီနေ့မှာတော့ 念のため(ねんのため) ဆိုတဲ့စကားလုံးလေးကိုပြောပြပေးပါမယ်

မြန်မာလို အဓိပ္ပါယ်ကတော့ “လိုလိုမယ်မယ်၊လိုရမယ်ရ” ပဲဖြစ်ပါတယ်

English လိုဆိုရင်တော့ just in case နဲ့ဆင်တူပါတယ်

例文
• 「雨が降るかもしれないから、念のため傘を持っていこう」
• 「念のため、メールでも確認しておきます」

*ta #言葉

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon
11031

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00