18/08/2026
We are incredibly proud of our Year 13 graduates and their A Level results this year.
100% of our students passed their A Levels, with 26% of grades at A*–A, 67% at A*–B and 82% at A*–C.
Our students also showed excellent progress, with 89% of exam entries meeting or exceeding their expected attainment targets.
These results reflect the hard work, resilience and commitment of our students, alongside the support of their teachers and families.
Congratulations to our Class of 2026 Year 13 Network graduates - we are so proud of you!
ဒီနှစ်မှာ A Level စာမေးပွဲ ရလဒ်ကောင်းတွေကို ထူးထူးချွန်ချွန် ဆွတ်ခူးနိုင်ခဲ့ကြတဲ့ Year 13 ကျောင်းဆင်း ရင်သွေးငယ်လေးတွေအတွက် Network ကျောင်းတော်ကြီးက အတိုင်းထက်လွန် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိပါတယ်။
ယခုနှစ်မှာ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ရာခိုင်နှုန်းလုံး A Level စာမေးပွဲကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ကြပြီး၊ စုစုပေါင်း ရရှိခဲ့တဲ့ Grades တွေထဲက -
၂၆ ရာခိုင်နှုန်း ဟာ A* မှ A အဆင့်၊
၆၇ ရာခိုင်နှုန်း ဟာ A* မှ B အဆင့် နှင့်
၈၂ ရာခိုင်နှုန်း ဟာ A* မှ C အဆင့်အထိ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ စာမေးပွဲ ဘာသာရပ် ၈၉ ရာခိုင်နှုန်းအထိ မျှော်မှန်းထားတဲ့ ရမှတ်ပန်းတိုင်တွေကို အပြည့်အဝ မှီဆီးနိုင်ခဲ့ရုံတင်မကဘဲ ကျော်လွန်အောင်မြင်နိုင်ခဲ့ကြတာမို့ ကျောင်းသူ ကျောင်းသားတွေရဲ့ ထူးခြားဆန်းသစ်တဲ့ တိုးတက်မှုတွေကိုပါ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။
ဒီအောင်မြင်မှု ရလဒ်ကောင်းတွေဟာ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုများ၊ ဆရာ/မများနှင့် မိဘအုပ်ထိန်းသူများရဲ့ အစဉ်တစိုက် ပံ့ပိုးကူညီပေးမှုများရဲ့ ရလဒ်ကောင်းပင် ဖြစ်ပါတယ်။
Class of 2026 ရဲ့ Year 13 Network ကျောင်းဆင်းမောင်မယ်တို့ရဲ့ တစ်ယောက်ချင်းစီတိုင်းအတွက် အထူးပဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။ တကယ့်ကို ဂုဏ်ယူမဆုံးပါဘူး။ 🎓✨