To Successful Youths - အောင်မြင်သောလူငယ်များဆီသို့

To Successful Youths - အောင်မြင်သောလူငယ်များဆီသို့

Share

အောင်မြင်ပျော်ရွင်သော နေ့သစ်တွေကိုပိုင်ဆိုင်ဖို့ To Successful Youthsက မျှဝေးပေးသွားမှာပါ။

09/06/2020

Jack Ma advice

20/05/2020

Covid 19 ကပေးတဲ့ သင်ခန်းစာ
******************************

အခုလက်ရှိကမ္ဘာပေါ်မှာ Hostနေတဲ့ သတင်းကတော့ Covid 19ပေါ့ ။ ပြဿနာတစ်ရပ်ပေါ်လာပြီဆိုရင် အဒီပြဿနာကို ဘယ်လိုလက်ခံလဲဆိုတာ လက်ခံတဲ့ သူတွေအပေါ်မှာ အရမ်းမူတည်ပါတယ်။

မိတ်ဆွေတို့လည်း ဒီလက်ခံတဲ့အပေါ်မှာ အမြင်အမျိူးမျိူးကွဲပြားနိုင်ပါတယ် ။ ဒါကလည်းလက်ခံရမယ့် ကိစ္စတစ်ခုပါ ကိုယ့်နဲ့အမြင်မတူတိုင်း သူအမြင်မှားတယ်လို့ မယူဆနိုင်ပါဘူး။

မိတ်ဆွေတွေကို ဒီတစ်ခေါက်ပြောပြချင်တာက ဒီ Covid 19ကနေ ရလိုက်တဲ့သင်ခန်းစာတွေပါ......

(1) ကြိုတင်ပြင်ဆင်ပါ✍✍✍✍✍

Covid 19 စဖြစ်တာ တရုတ်နိုင်ငံမှာပါ ဒါပေမဲ့ နိုင်ငံတိုင်းက အမှူမဲ့နေထိုင်ခဲ့ကြပါတယ် ။ ထို့အတူ companyတိုင်းလည်း အမှူမဲ့ပါ ။ ကြိုတင်ပြင်ဆင်မှူတွေ သိပ်မရှိခဲ့ပါဘူး ။နိုင်ငံတိုင်းက company အများစုတွေအနေနဲ့ covid 19ကြောင့် ဖြစ်ပေါ်လာမယ့် အကျိူးဆက်တွေကို ကြိုတင်planတွေမချခဲ့ပါဘူး..........

(2) အနာဂတ်အတွက်ပိုက်ဆံစုပါ👌👌👌👌👌

မိတ်ဆွေတွေကို ကျွန်တော်အမြဲပြောနေတာက ပိုက်ဆံစုဖို့ပါ ။ ဘာကြောင့်လဲ? ။ ဘာကြောင့်လဲဆိုတော့ လူအများစုက ပိုက်ဆံကို ကိုယ့်အတွက် အရမ်းအရေးမကြီးတဲ့နေရာတွေမှာသုံးကြတယ် ။ လခစားဝန်ထမ်းဆို လမကုန်ခင် လခကိုမျှော်နေရပီ ။အဲ့အခြေအနေက အရမ်းမုန်းဖို့ကောင်းပါတယ် မိတ်ဆွေလည်း အဲ့အခြေအနေကို နှစ်သက်မယ် မထင်ပါဘူး ။ ဘာဖြစ်လို့လည်းဆို့တော့ အနာဂတ်မှာဘာဖြစ်မယ်မှန်းမှမသိတာ..........

(3) ခေါင်းဆောင်မှူပညာ🕺🕺🕺🕺🕺

Covid 19က ရောဂါအသစ်အဆန်းပါ ။ ဒီရောဂါပေါ်မှာတုံပြန်ကြတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ကိုင်တွယ်မှူမှာ အခက်အခဲတွေးကြားက ခေါင်းဆောင်မှူပညာရပ်တွေကို သင့်ယူခွင့်ရခဲ့ပါတယ် ။ဒီပညာက လက်ခံတဲ့ မိတ်ဆွေတို့အပေါ်မှာ မူတည်ပါတယ်။ မိတ်ဆွေလည်းတစ်နေ့ ခေါင်းဆောင်မဖြစ်နိုင်ဘူးလို့မပြောနိုင်ပါဘူး..........

(4) စာနာစိတ်ထားပါ🤗🤗🤗🤗🤗

Covid 19ကြောင့် လူတွေက တစ်ယောက်ကိုတစ်ယောက် အယုံအကြည် ကင်းမဲ့လာကြတယ် ။ ခွဲခြားဆက်ဆံမှူတွေပေါ်ပေါက်လာတယ် ။ ကျန်းမာရေးကြောင့် ခွဲခြားတယ်ဆိုပေမဲ့ စာနာစိတ်လေးနဲ့ ခွဲခြားမယ်ဆိုရင် တစ်ဖက်ကလူလည်း ခံစားရတာ အနည်းငယ်သက်သာနိုင်ပါတယ် ။ ငါဆိုရင်ရောဆိုတဲ့ စာနာစိတ်လေးနဲ့ပေါ့........

မိတ်ဆွေ အခုpostလေးကနေ မိတ်ဆွေအတွက် အတွေးတစ်ခုရခဲ့မယ်ဆိုရင်ဘဲ မျှဝေးရကျိူးနှပ်ပါပီ။ မိတ်ဆွေအတွက် အကျိူးရှိမယ်ဆိုရင် like and shareလေး လုပ်ပေးဖို့တောင်းဆိုပါရစေ......

T.S.Y

21/04/2020

အမေရိကန်ရဲ့ပထမဆုံး Miss USA စစ်သမီး (သို့မဟုတ်) အရှူံးမပေးတတ်သူ

သူ့နာမည်ကတော့ Deshauna Barber ဘဲဖြစ်ပါတယ် ။ 1989ခုနှစ် ဒီဇင်ဘာ6ရက်နေ့မှာ မွေးဖွားခဲ့တာပါ ။ မိဘတွေက စစ်သားတွေဖြစ်ပီ တစ်ဦးထဲသောသမီးကို ပိုင်ဆိုင်ထားတာပါ ။
သူမလည်း အသက်17နှစ်မှာ စစ်ထဲကိုဝင်ခဲ့ပါတယ် ။အမေရိကန်ပေါင်းစည်းရေးကြည်းတပ်မှာ ကြီးကြပ်အနေနဲ့ ယခုလက်ရှိထမ်းဆောင်နေပါတယ်။

ဒါက မိတ်ဆွေကို သူမရဲ့အကြောင်းကို အကျဥ်းချူပ်ပြောပြတာပါ ။ မိတ်ဆွေကိုပြောချင်တာက သူမရဲ့ အရုံးမပေးတတ်တဲ့ စိတ်ဓာတ်ကိုပြောချင်တာပါ ။မိတ်ဆွေအနေနဲ့ သူမရဲ့ပုံကိုမြင်ပြီ Missတစ်ယောက်ဖြစ်ထိုက်ရဲ့လားလို့ ထင်ရင်ထင်မှာပါ။

မိတ်ဆွေ အဲ့လိုမထင်လိုက်ပါနဲ့ ။ သူမဟာ Missဆိုတဲ့ သရဖူကို စစ်မှူထမ်းနေရင်း လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး ။စစ်မှူထမ်းဆောင်ရင်း Missပြိုင်ဖို့ကြိုးစားမှူတွေအတွက် အချိန်ကိုဘယ်လိုပေးဆပ်ရမလဲဆိုတာ မိတ်ဆွေမြင်ယောင်ကြည့်ယုံနဲ့သိနိုင်ပါတယ် ။

2009ခုနှစ် တစ်နေ့မှာ သူမရဲ့အသိမိတ်ဆွေနဲ့တွေ့တော့ သူမရဲ့မိတ်ဆွေက နင်Missတစ်ယောက်ဖြစ်နိုင်တယ် ဝင်ပြိုင်ပါလားလို့ဆိုလာခဲ့တယ်။ သူမလည်း မိတ်ဆွေကို ကျေးဇူးတင်သွားတယ် ။သူလည်းဝင်ပြိုင်မယ်ပေါ့ ။

2009ခုနှစ်.....ပထမဆုံးဝင်ပြိုင်တယ်.......သူရှူံးတယ်
2010ခုနှစ်...ဒုတိယအကြိမ်ဝင်ပြိုင်တယ်...သူရှံးတယ်

သူမ နှစ်ကြိပ်ရှူံးသွားတယ်....ဒါပေမဲ့သူစိတ်ဓာတ်မကျခဲ့ဘူး.... ထပ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်...

2011ခုနှစ်....တတိယအကြိမ်ဝင်ပြိုင်တယ်..သူထပ်ရှုံးတယ်

အဲ့ဒီအချန်မှာ သူရဲ့မိတ်ဆွေကို လှမ်းပြောတယ် နင်ပြောတော့ ငါMissတစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့...
သူမိတ်ဆွေက နင်Missတစ်ယောက်ဖြစ်နိုင်ပါတယ် ထပ်ပြိုင်ပါလို့ဆိုခဲ့တယ်။

2012ခုနှစ်...စတုတ္ထအကြိမ်ထပ်ပြိုင်တယ်...သူထပ်ရှုံးခဲ့ပြန်တယ်...
2013ခုနှစ်မှာလည်း ထပ်ပြိုင်ခဲ့တယ် ဒါပေမဲ့ ထပ်ရှူံးခဲ့တယ်....

သူ့ကိုMissဝင်ပြိုင်ဖို့ပြောတဲ့ မိတ်ဆွေတောင် သေဆုံးသွာခဲ့ပါပီ...သူမကတော့ ကြိုးစားဆဲပါ။
2014ခုနှစ်မှာလည်း ထပ်ပြိုင်ခဲ့တယ် သူထပ်ပြီးတော့ ရှူံးပြန်တယ်

2015ခုနှစ် ဒီဇင်ဘာမှာတော့ သူထပ်ပြိုင်ခဲ့ပါတယ်.....နောက်ဆုံးမှာတော့ Miss USA 2016ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါပီ။ ဒါကစစ်သမီးတွေထဲမှာ ပထမဆုံးMissဖြစ်ခဲ့တာပါ။

သူမကဘဝကိုလွယ်လွယ်နဲ့အရှူံးမပေးခဲ့ပါဘူး...... မိတ်ဆွေအနေနဲ့လည်း တစ်ကြိမ်လေးရှူံးရုံနဲ့ အရှူံးမပေးလိုက်ပါနဲ့ ။ အကြိမ်ကြိမ်ကြိုးစားခွင့်ရှိပါတယ်.....

သူမပြောတဲ့စကားက "ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတဲ့စကားကို စမပြောဘူးတဲ့" "Never say No answer" "အရှူံးပေးလိုက်လို့ နောင်တချိန်မှာ ပြန်ရမှာက နောင်တပါ"

မိတ်ဆွေဘဝမှာလည်း ရည်မှန်းချက်တွေအတွက် ဘယ်တော့မှ အရှူံးမပေးပါနဲ့ ။တစ်ကြိမ်ရှူံးရင် နောက်တစ်ကြိမ်ပြန်ထပါ ။ နောက်တစ်ကြမ်ရှူံးရင် နောက်တစ်ကြိပ် ထပ်ပြန်ထပါ။ Never give up

T.S.Y

09/04/2020

Passion & Success

Passion-စိတ်အားထက်သန်မှူ💪💪💪

ကျွန်တော်တို့ လူငယ်တွေကိုမှာချင်တာက ဘယ်အရာမဆို စိတ်အားထက်သန်စွာ လုပ်ဆောင်ဖို့ပါ။ အစပိုင်းမှာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ကြာလာတော့ အဖျားရူသွားကြတယ်။

Passionရှိရင် ပင်ပန်းမယ် ကုန်ကုန်ပြောမယ်ဗျာ ကြမ်းတိုက်ရင်တောင် passionနဲ့ တိုက်သင့်တယ် ။
လူငယ်တွေကို မှာချင်တာက အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်လည်း passionနဲ့ လုပ်စေချင်တယ်။ passionနဲ့လုပ်နေတဲ့အတွက် အဲ့ဒါကို အလုပ်လို့တောင်ထင်လာမှာမဟုတ်ဘူး။

မိတ်ဆွေအနေနဲ့ မိမိက ဘာကိုစိတ်အားထက်သန်မှူရှိလည်း ဆိုတာရှာဖွေပါ ။ အနုပညာလား....? အားကစားလား....?စီးပွားရေးလား......? ကျောင်းဆရာလား......?
မိတ်ဆွေအနေနဲ့ ကိုယ်ဝါသနာပါတဲ့ အရာကိုရွေးချယ်ပီရင်တော့" Follow your passion "လို့ဘဲ ပြောပါရစေ

Success-အောင်မြင်မှူ👍👍👍

"Follow your passion, you will success" အဲ့စကားလုံးကို ကျွန်တော်အရမ်းကြိုက်တယ်
Success ဆိုတဲ့အောင်မြင်မှူဆိုတာကို တိုင်းတာတဲ့အခါမှာ တခြားလူရဲ့ ပေတံနဲ့ မတိုင်းတာပါနဲ့။ မိမိရဲ့ပေတံနဲ့ဘဲတိုင်းတာသင့်တယ်။

မိတ်ဆွေက ပညာတတ်ကြီး ဖြစ်ချင်တာလား.....အဲ့ဒါဆိုမိတ်ဆွေ ပညာအများကြီးတတ်အောင်ကြိုးစား passionနဲ့ပေါ့ ဒါကမိတ်ဆွေရဲ့အောင်မြင်မှူဘဲ။

မိတ်ဆွေက အစထဲက ဘဝကိုအေးချမ်းစွာ ဖြတ်သန်းချင်တယ် ​​ကျောင်းသားတွေကိုစာသင်ပေးရင်း ဘဝကိုဖြတ်သန်းချင်လို့ ကျောင်းဆရာဘဝကို ရွေးချယ်ခဲ့တယ်.......ဒါကိုငါက ချမ်းသာတဲ့သူဋ္ဌေး မဖြစ်ရပါလားလို့ မိတ်ဆွေ လိုက်ပီးတွေမနေပါနဲ့.........တခြားလူရဲ့ပေတံနဲ့လိုက်မတိုင်းပါနဲ့။

မိတ်ဆွေရွေးချယ်လိုက်တဲ့ ဘဝကို passionရှိရှိနဲ့ လုပ်ဆောင်မယ်ဆိုရင် Successဆိုတာ ဖြစ်လာမှာ။
Successဆိုတာ ဘယ်လောက်ချမ်းသာတာ ဘယ်လောက်အောင်မြင်တာနဲ့မဆိုင်ပါဘူး။
မိတ်ဆွေရဲ့ တိုင်းတာတဲ့ပေတံနဲ့ဘဲဆိုင်တာပါ.....

Follow your passion, you will success.

မိတ်ဆွေတို့အားလုံး စိတ်အားထက်သန်စွာ လုပ်ဆောင်ရင်းနှင့် အောင်မြင်တွေ ပိုင်ဆိုင်ပါစေ.....

ကျွန်တော်မျှဝေတာကို နှစ်သက်တယ်ဆိုရင် Like and share လေး လုပ်ပေးခြင်းဖြင့် ကူညီပေးပါလို့ တောင်းဆိုပါရစေ

T.S.Y

22/03/2020

ဘဝအတွက် ခွန်အားဖြစ်စေတဲ့မိန့်ခွန်း

15/03/2020

ဝေဖန်မူတွေဟာ

8×1 =5
8×2 =16
8×3 =24
8×4 =32
8×5 =40

ယခုမြှောက်ထားတဲ့ အလီကိုတွေ့ပြီ မိတ်ဆွေရယ်နေလောက်ပါပီ (သိုမဟုတ်) ပထမဆုံးမြှောက်ထားတဲ့အလီက မှားနေတယ်ပေါ့ စသဖြင့် မိတ်ဆွေ ဝေဖန်ပါတော့မယ်။😄😄😄

ကျွန်တော် ၅ခုလုံးမှန်အောင်ရေးလို့ရပါတယ် ဒါပေမဲ့ မှန်အောင်ရေးရင်တော့ ဘာမှမထူးခြားသလိုဘဲ မိတ်ဆွေနေမှာပါ.....ဟာ တော်လိုက်တာလို့ချီးကျူးမှာလည်းမဟုတ်ပါဘူး.......😊😊😊

ဟုတ်ပါတယ် လူတွေက မိတ်ဆွေဘဝမှာ ဘယ်လောက်ကောင်းတာလုပ်ခဲ့လုပ်ခဲ့ အမှားတစ်ခုသာ လုပ်ခဲ့မယ်ဆိုရင် အဲ့အမှားကိုဘဲထောက်ပြ​ကြမယ် ဝေဖန်​ကြမယ်။ကျွန်တော်ပေးထားတဲ့ ဥပမာလို့ပေါ့ လုပ်ခဲ့တာကအမှားတစ်ခုပါ ဒါပေမဲ့ အဲ့အမှားဘဲမြင်​ကြတယ် မှန်နေတဲ့လေးခု​ကြတော့ ဘာမှမပြောကြဘူး.......😳😳😳

မိတ်ဆွေ ဘဝမှာ အမှားလေးတစ်ခုလုပ်ခဲ့လို့ လူတွေကဝေဖန်နေကြပီလား.......ကဲ့ရဲ့နေကြပီလား.......အဲ့ဒါလူသဘာဝပါ ။ ဒါကိုမိတ်ဆွေ လိုက်ခံစားမနေပါနဲ့ ။မိတ်ဆွေဘဝမှာ ရှေ့ဆက်လျှောက်ရမယ်လမ်းတွေ ရှိပါသေးတယ် အမှားလုပ်ခဲ့ရင်အမှန်ပြင်ပါ။💪💪💪

ဒီသဘောတရားလေးက မိတ်ဆွေရဲ့ဘဝမှာ အလွန်ကိုအသုံးဝင်ပါတယ် ။အဲ့ဒီအတွက် လူတွေရဲ့ ကဲ့ရဲ့မှူတွေ လှောင်ပြောင်မှူတွေကို ကြုံတိုင်းမှာ ဒီဥပဒေဿလေးကို သတိရလိုက်ပါ မိတ်ဆွေ👈👈👌👌

မိတ်ဆွေအတွက် အကျိူးရှိတယ်ဆိုရင်ဘဲ ကျွန်တော် ဝေမျှရကျိူးနပ်ပါပီ ။ သြော်...တစ်ခြားမိတ်ဆွေတွေအတွက် like and share လေးလုပ်ခြင်းဖြင့် ကူညီပေးပါဦးလို့ တောင်းဆိုပါရစေ🙋‍♂️🙋‍♂️🙋‍♂️

T.S.Y

28/02/2020

ဘဝလှေကားကိုပြန်ဆန်းစစ်ပါ

မိတ်ဆွေ....မိတ်ဆွေဟာ နှစ်ပေါင်းများစွာ ဘဝလှေကားကြီးကို တက်နေဆဲပါ။ အဲ......တက်နေတာကအကြောင်းမဟုတ်ပါဘူး ဘယ်ကိုတက်နေတာလည်းဆိုတာကတော့ ပြန်ဆန်းစစ်ဖို့လိုပါမယ်။😇😇😇😇

လှေကားခြေရင်းမှာ ရောက်နေတာ ဖြစ်နိုင်သလို လှေကားထိပ်နားတောင် ရောက်ချင် ရောက်နေပါလိမ့်မယ်။ ဒါပေမဲ့....မိတ်ဆွေ လှေကားတက်ဖို့ မကြိုးစားခင်မှာ အချိန်ယူပြီး စဥ်စားရမဲ့ အရာတစ်ခုရှိပါတယ် ။ အဲ့ဒါကတော့ "ဘယ်နေရာမှာ လှေကားထောင်မလဲဆိုတာပါ"😏😏😏😏😏

မိတ်ဆွေ.....လှေကားတက်တာ ဘယ်လောက်မြန်တယ် ဘယ်အမြင့်ထိတက်နိုင်လည်းဆိုတာ အရေးမကြီးပါဘူး ။ မိတ်ဆွေ လှေကားမှားမထောင်မိဖို့အရေးကြီးပါတယ်။👍👍👍👍

မိတ်ဆွေ.......မိတ်ဆွေ ဖက်တက်နေတဲ့ လှေကားကိုခဏရပ်လိုက်ပါ ပြီးတော့ မိတ်ဆွေ ပြန်စဥ်စားပါ ငါ...လှေကားကို ဘယ်နေရာမှာ ထောင်မိနေသလဲဆိုတာကိုပါ။🤔🤔🤔🤔🤔

မိတ်ဆွေ....ကျွန်တော်တို့တွေ လှေကားပေါင်းများစွာကို မှားထောင်မိနေတယ် ပြီးတော့ မှားတက်နေကြတယ် ။ ထိပ်ကိုရောက်ခါမှ ငါသွားနေတဲ့နေရာ မဟုတ်ဘူးဆိုပြီး နောက်လှေကားကို တက်ကြတယ်။ကဲ....ကျွန်တော်တိုရဲ့အချိန်တွေ......😌😌😌😌😌

ကဲ.... မိတ်ဆွေ အခုချိန်ကစပြီး လှေကားတက်နေတာကို ခဏရပ်လိုက် ပြီးတော့ မိမိရဲ့လှေကားကို သေချာရွေးချယ် ။ မိမိရွေးချယ်လိုက်တဲ့ လမ်းကြောင်းက ဘယ်လှေကားကိုတက်မှ ရောက်မှာလဲ။ ဘယ်အဆင့်ရောက်ရင် ဘယ်လှေကားကို ပြောင်းရမလဲ။ မိတ်ဆွေ......ရွေးချယ်လိုက်ပါတော့.............💪💪💪💪💪💪💪🕺🕺🕺

ကျွန်တော်မျှဝေတဲ့ စာစောင်လေးက မိတ်ဆွေအတွက် အနည်းငယ် အကျိူးရှိမယ်ဆိုရင်ဘဲ ကျွန်တော် မျှဝေရကျိုးနပ်ပါတယ် ။
မိတ်ဆွေအတွက် အကျိူးရှိတယ်ဆိုရင် like and share လေးလုပ်ပေးခြင်းဖြင့် ကူညီပေးပါလို့တောင်းဆိုပါရစေ။

T.S.Y

28/02/2020
26/02/2020

အိမ်မက်ကိုအကောင်ထည်ဖော်သူ (သို့မဟုတ်)
ဖိနပ်တိုက်တဲ့ကောင်လေးက Winner ဖြစ်သွားတဲ့ အိန္ဒိယအိုင်ဒေါပြိုင်ပွဲ

စာအုပ်တွေထဲမှာ ဖတ်ဖူးကြမှာပါ။ လူတစ်ယောက်အတွက် အခွင့်အရေးဆိုတာ နေရာတိုင်းမှာ ရှိနေတာပါပဲ။ အဲဒီအခွင့်အရေးကို အသုံးချနိုင်ဖို့သာ လိုတာပါတဲ့။

အခုလည်း အိန္ဒိယနိုင်ငံရဲ့ ဖုန်ထူထူလမ်းမတစ်နေရာမှာ ဖိနပ်တိုက်ရတဲ့ ကောင်လေးတစ်ယောက်ကနေ အိန္ဒိယအိုင်ဒေါပြိုင်ပွဲမှာ အနိုင်ရသူ ဖြစ်သွားခဲ့တဲ့ ဆန်နီ ဟင်ဒူစတန်နီ ဆိုတဲ့ကောင်လေးတစ်ယောက်က အဲဒီ စကားကို သက်သေပြလိုက်ပါတယ်။

ပန်ဂျပ်ပြည်နယ်ထဲမှာ ဖိနပ်တိုက်သူ တစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းနေရတဲ့ ဆန်နီ ဟာ ပြိုင်ပွဲကို လာရောက်ပြီး အသံစစ်ဆေးခံစဉ်က ဖိနပ်တောင် ပါမလာခဲ့ရှာပါဘူး။ သူက ခြေဗလာနဲ့ ၀င်ရောက်လာခဲ့ပေမယ့် သူ့ရဲ့အသံနဲ့ သီဆိုပုံက နည်းစနစ်ကျခဲ့လို့ ဒိုင်လူကြီးတွေက သူ့ကို ပြိုင်ပွဲ၀င်ဖို့ ရွေးချယ်ပေးခဲ့တာပါ။

နောက်ဆုံးမှာတော့ သူက ဆုကြေးငွေ ရူပီး (၂)သန်းခွဲကို ရရှိသွားတဲ့အပြင် နောက်ထပ် ဂီတအစီအစဉ်တွေမှာလည်း ပါ၀င်ခွင့်ရမယ့်သူ ဖြစ်သွားခဲ့ပါတယ်။
ဆန်နီရဲ့ မိခင်ဖြစ်သူက ပန်ဂျပ်ပြည်နယ်ထဲမှာ ပူဖောင်းရောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူကတော့ ဖိနပ်တိုက်တဲ့သူတစ်ယောက်ပါလို့ ဒိုင်တွေကို အမှန်အတိုင်းပြောခဲ့ပါတယ်။ ဆန်နီ ဟာ သူ့ရဲ့အလုပ်အကိုင်အတွက် ရှက်ရွံ့နေပုံမရပဲ ဒိုင်လူကြီးတွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်သွားခဲ့တာပါ။

ဆန်နီက အသက် (၁၁)နှစ်အရွယ်ကတည်းက လမ်းပေါ်မှာ သီချင်းဆိုနေတတ်သူတစ်ယောက်ဖြစ်ပြီး လူတွေက သူ့ရဲ့ပါရမီကို သတိထားမိခဲ့ကြတယ်လို့ ပြိုင်ပွဲအစပိုင်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။

သူ့ရဲ့ဖခင်ဖြစ်သူကလည်း ဖိနပ်တိုက်သမားတစ်ယောက်ဖြစ်ပြီး အဆိုကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ဆန်နီက ဆိုပါတယ်။ အဖေဖြစ်သူ နာနက် ရမ် ဟာ (၂၀၁၄)ခုနှစ်မှာ ဆုံးပါးသွားခဲ့တဲ့နောက် မိသားစုရဲ့တာ၀န်တွေက ဆန်နီရဲ့ ပုခုံးပေါ်ရောက်ခဲ့တာပါ။ ဆန်နီဟာ (၆)တန်းနဲ့ကျောင်းထွက်လိုက်ရပြီး အိမ်မှာပဲ သူဝါသနာပါတဲ့ သီချင်းလေးတွေကို ဆိုနေခဲ့ရပါတယ်။
ဒီနေ့မှာတော့ ဆန်နီ တစ်ယောက် အားလုံးပြောင်းလဲသွားခဲ့ပါပြီ။ များပြားလှတဲ့ ဆုကြေးငွေတွေနဲ့အတူ သူ့ရဲ့ဘ၀လည်း အခွင့်အရေးတွေ ထပ်ပြီး ရရှိသွားခဲ့ပြီ။
ဒါဟာ လူငယ်တိုင်းအတွက် အခွင့်အရေးရှိနေကြောင်း ပြသလိုက်တာပါပဲ လို့ အိန္ဒိယအိုင်ဒေါပြိုင်ပွဲရဲ့ ဒိုင်တစ်ယောက်ဖြစ်တဲ့ နီဟာ ကက်ကာ က မှတ်ချက်ပေးလိုက်ပါတယ်။

ဖိနပ်တိုက်သမားလေးကနေ အိန္ဒိယရဲ့နာမည်ကျော် ပြိုင်ပွဲကြီးတစ်ခုမှာ အနိုင်ရသူ ဖြစ်သွားခဲ့တဲ့ ဆန်နီ ရဲ့ ဖြစ်ရပ်ကတော့ သိလိုက်ရသူ အားလုံးအတွက် တကယ့်ကို အားကျစရာ ဖြစ်ခဲ့တာပါ။

Credit

19/02/2020

သင့်ကိုသင် ဘယ်လိုမြင်လည်း

မိတ်ဆွေ ဒီပုံလေးကိုကြည့်ရတာ ဘာတွေထူးဆန်းလည်း ။ ပုံကရိုးရှင်းပါတယ် ဒါပေမဲ့ အဓိပ္ပါယ်တွေ အပြည့်နဲ့ပါ

မိတ်ဆွေ...... မိတ်ဆွေကိုမိတ်ဆွေ ငါကဆင်းရင်တဲ့အတွက် ချမ်းသာနိုင်မှာမဟုတ်ပါဘူးလို့ တွေးနေလား......?
အဲ့ဒီအတွေးတွေကို အခုရပ်လိုက်ပါ လုံးဝကိုရပ်လိုက်ပါမိတ်ဆွေ........ အမှန်တကယ်တော့ မိတ်ဆွေဆင်းရဲနေရတာက အဲ့ဒီအတွေးတွေကြောင့် အဲ့ဒီအမြင်တွေကြောင့်ပါ ။

မိတ်ဆွေ....... လောကမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူး..မဖြစ်သေးတာဘဲရှိတာပါ...........ဒါကစကားအနေနဲ့ဘဲပြောတာမဟုတ်ပါဘူး ။ မိတ်ဆွေယုံကြည်ရင် ယုံကြည်သလိုဖြစ်ပါတယ်။

မိတ်ဆွေ.....ချမ်းသာချင်တာလား ။ ကျော်ကြားချင်တာလား...
မိတ်ဆွေရဲ့ အိမ်မက်ကို ဘယ်လိုမက်ထားလဲ... အိမ်မက်တွေကို အမှန်တကယ်အသက်သွင်းဖို့....
မိမိကိုယ်ကိုပြန်ကြည့်ပါ........ ဘယ်လိုမြင်လဲ.....မဖြစ်နိုင်ဘူးလိုမြင်နေပီလား.....
အဲ့ဒါဆိုအဲ့အတွေးတွေပြောင်းလိုက်ပါ အမြင်တွေကိုပြောင်းလိုက်ပါ........

မိတ်ဆွေ......ကိုယ့်ကိုယ်ကိုပြန်ပြောကြည့်လိုက်ပါ ငါကစိတ်ပျော့တဲ့လူလား....စိတ်မာတဲ့လူလား....လို့
စိတ်ပျော့တဲ့လူဆို အခုချက်ချင်းပြောင်းလိုက်ပါ။ စိတ်မာတဲ့လူဆို အခုထပ်ထက်မာပါ.......

မိတ်ဆွေ...,အိမ်မက်တွေဆီကို ရွက်လွှင့်ရင်း မိမိကိုယ်ကိုယ်ပြန်မေးပါ ။ ငါ့အိမ်မက်တွေကိုအရှူံးပေးမှာလား ဆက်လျှောက်မှာလား.....
မိတ်ဆွေ.....လုံးဝအလျော့မပေးပါနဲ........ လုံးဝလုံးဝမပေးပါနဲ့မိတ်ဆွေ.....

မိတ်​ဆွေ..........ဒီနေ့ကစပြီး မိမိကိုယ်ကိုမြင်တဲ့အမြင်တွေကိုပြောင်းလဲလိုက်ပါ.....

စိတ်ခွန်အားဖြစ်စေတဲ့ စာလေးတွေဖတ်ရဖို့ like and shareလေးလုပ်ထားပေးဖို့ တောင်းဆိုပါရစေ.......

09/02/2020

" SMART "

ကျွန်တော် ဒီစကားလုံးလေးကိုမြင်ရင် အရမ်းသဘောကျတယ် ။ ငယ်ငယ်ကလည်း smart ဖြစ်တဲ့လူတွေမြင်ရင် အရမ်းအားကျတယ် အတုခိုးတယ် ။
နောက်ပိုင်းသိလိုက်ကတာက အက္ခရာတစ်လုံးစီတိုင်မှာ အဓိပ္ပါယ်ရှိနေတာကိုပါ

မိတ်ဆွေတို့ကို မျှဝေပေးလိုက်ပါတယ်.........

S = Specific
တိကျမှူ - ရှင်းရှင်းလင်းလင်းနဲ့ကောင်းမွန်စွာသတ်မှတ်ထားသောပန်းတိုင်များကိုဖန်တီးပါ။ သင်၏ရည်မှန်းချက်ပန်းတိုင်များကိုမည်သည့်အချိန်တွင်၊ မည်သည့်အချိန်၊ မည်သည့်အချိန်တွင်မည်သူနှင့်မည်သို့အောင်မြင်အောင်လုပ်သည်ကိုနားလည်ရန်သင့်အားကူညီသည်။

M= Measureable
တိုင်းတာမှု - သင်၏ရည်မှန်းချက်ပန်းတိုင်များသို့ရောက်ရှိရန်တိုးတက်မှုကိုတိုင်းတာရန်နှင့်ခြေရာခံရန်စံနှုန်းများကိုဖန်တီးပါ။ ၎င်းသည်သင်၏အောင်မြင်မှုအတွက်သင်မည်မျှနီးကပ်နေသည်ကိုပြသရန်ရည်မှန်းထားသည့်မှတ်တိုင်များကိုပေးသည်။

A=Achievable
အောင်မြင်မှူ - အောင်မြင်နိုင်သောရည်မှန်းချက်ပန်းတိုင်များကိုဖန်တီးရန်မခက်ခဲပါ၊ သင်၏ရည်မှန်းချက်ပန်းတိုင်များအောင်မြင်ရန်သင်ကိုယ်တိုင်လုပ်​​​ဆောင်ဖို့လိုသည် ။ သို့သော်သင်၏ရည်မှန်းချက်ပန်းတိုင်များကိုပြည့်မီရန်အလွန်ခက်ခဲလွန်းပါကသင်စိတ်ဓာတ်ကျနိုင်သည်၊ ၎င်းသည်အလွန်လွယ်ကူလျှင်အဓိပ္ပာယ်ကင်းမဲ့သွားနိုင်သည်။

R= relevant
ဆီလျော်မှူ - ဆီလျော်မှုရှိသောအရေးကြီးသည့်ရည်မှန်းချက်ပန်းတိုင်များကိုဖန်တီးပြီးသင့်ရဲ့ရည်မှန်းချက်ကိုရှေ့သို့ ဦး တည်ပါစေ။ ရည်မှန်းချက်ပန်းတိုင်များသည်သင်၏ရူပါရုံကိုပိုမိုနီးကပ်လာစေရန်နည်းလမ်းဖြစ်သည်။

T=Time Bound
အချိန်ကာလ - အချိန်ကာလနှင့်သတ်မှတ်ထားသောရက်စွဲဖြင့်ပန်းတိုင်များကိုဖန်တီးပါ။ စတင်ရက်စွဲ၊ အဆုံးသတ်ရက်စွဲနှင့်သတ်မှတ်ထားသည့်အချိန်ဇယားကိုသတ်မှတ်ခြင်းသည်သင့်အား ဦး စားပေးအာရုံစိုက်ရန်၊ အာရုံစူးစိုက်ရန်နှင့်အာရုံပျံ့လွင့်စရာများကိုရှောင်ရှားရန်ကူညီလိမ့်မည်။

ကဲ....... မိတ်ဆွေ
ဘဝကိုsmartကျစွာဖြတ်သန်းရင်း အောင်မြင်သော လူငယ်တွေဖြစ်ပါစေလို့ တောင်းဆုပြုပါတယ်

အပတ်တိုင်း ဘဝအောင်မြင်ရေးနှင့်ပတ်သတ်တဲ့ ဗဟုတလေးတွေကို မျှဝေပေးမှာမှတ်လို့ ကျွန်တော်ရဲ့
Pageလေးကို like and share လေးလုပ်ထားဖို့မမေ့နဲ့နော်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Yangon