Kaung English For Students

Kaung English For Students

Share

စနစ်သစ် အထက်တန်းပညာရေးအတွက် ပညာရေးဝန်ဆောင်မှုများ စုံစမ်းနိုင်သည်။

12/04/2025

Rare Advanced English Words You Should Know
…….……….………………………………………………

(1) Serendipity - နှစ်သက်ဖွယ်တိုက်ဆိုင်မှု

(2) Petrichor - မိုးစိုပြီးသော မြေသင်းရနံ့

(3) Ephemeral - ခဏတာသာ တည်မြဲသော

(4) Mellifluous - နားဝင်ချိုသော

(5) Defenestration - ပြတင်းပေါက်မှ ပစ်ချခြင်း

(6) Sonder - လူတိုင်းရဲ့ ရှုပ်ထွေးသောဘဝကိုနားလည်ခြင်း

(7) Limerence - အချစ်စွဲလမ်းခြင်း

(8) Susurrus - လေညှင်းသံ

(9) Nyctophile - ည/အမှောင်ကို နှစ်သက်သူ

(10) Querencia - လုံခြုံမှုရှိရာနေရာ

👏🏻Try using one word today!

17/04/2024

Verb to be (၅)လုံးမဟုတ်ခြင်းနှင့် အသုံးအနှုန်းအချို့
---------------------------------------------------------
---------------------------------------------------------
ဤစာကို V to beဟုမေးလျင် am, is, are, was, were (၅)လုံးဟုဖြေသော ကျောင်းသားလေးများအတွက်ရည်စူး၍ ရေးပါသည်။

🔴Verb အကြောင်းပြောမည်ဆိုလျင်
(1)Auxiliary verb or Helping verb
(2Lexical verb (or) Main verb ဟူ၍(၂)မျိုးရှိသည်

ထို(၂)မျိုးအနက်မှ ပထမ Auxiliary (or) Helping verbကို
(1) Verb to be
(2) Verb to do
(3) Verb to have
(4) Modal verb ဟူ၍ (၄)မျိုးပြန်ခွဲပါတယ်

ထို(၄)မျိုးအနက် Verb to be, Verb to do နှင့် Verb to have တို့(၃)မျိုးသည် Helping Verb အနေနဲ့တင်မဟုတ်ဘဲ lexical (or) main verbအနေနဲ့ပါသုံးနိုင်ပါတယ်

♦️Main verb တလုံးစီတွင် ပုံစံ(၅)မျိုးစီရှိကြပါတယ်
၎င်းတို့မှာ-
(1) Infinitive (V0) - come, take, use,.....
(2) Present (V1) - come,comes, take,takes, use,uses,......
(3) Past (V2) - came, took, used,.......
(4) Past Participle (V3) - come, taken, used,......နှင့်
(5) Present Participle (Ving) - coming, taking, using,...... ဟူ၍ဖြစ်ကြပါတယ်

ဒါကြောင့် Helping Verb အနေဖြင့်သာ အသုံးပြုနိုင်သော modal verb တွင်တော့
Can,could, shall,should, .........စသဖြင့်သာရှိပြီး ပုံစံ(၅)မျိုးမရှိပါ

♦️ကျန် Helping Verbသုံးမျိုးမှာတော့ Main verb အနေဖြင့်ပါ အသုံးပြုနိုင်သောကြောင့် ပုံစံ(၅)မျိုးရှိပါတယ်
၎င်းတို့မှာ

V0. V1. V2 V3. Ving.
V to be - be, am,is,are, was,were, been, being
V to do - do, do,does, did, done, doing
V to have-have, have,has, had, had, having
ဟူ၍ဖြစ်သောကြောင့် Verb to beဟာ အရေအတွက်အရ (၅)လုံး မဟုတ်ပါ (၈)လုံးပါ
♦️ယခုလို ဦးစွာသိရှိထားမှသာ ကျောင်းသားအများစု နားမလည်သော be, been, beingတို့၏ အသုံးကိုရှင်းလင်းလာပါလိမ့်မည်

Activeဝါကျတစ်ကြောင်းတွင်
Subject + Verb +............. .ပုံစံဖြင့်သွားသောကြောင့်
♦️ဝါကျ (၁) သူ ကျောင်းသို့ သွားတယ်။
ထိုဝါကျ (၁)တွင်
(သွားသည်) ဆိုသော စကားလုံးမှာ go (verb) ဖြစ်သောကြောင့်
He is goes to school.❌
🔶He goes to school. ဟူ၍အဆင်ပြေသည်

♦️ ဝါကျ (၂) သူ(မ) စိတ်ဆိုးတယ်။
ထိုဝါကျ (၂)တွင်
(စိတ်ဆိုးတယ်) ဆိုသောစကားလုံးမှာ angry (adjective) ဖြစ်သောကြောင့် Activeဝါကျပုံစံအရ ဝါကျတွင်အသုံးပြုရန် Verb အဖြစ် ဦးစွာဖြစ်ရန်လိုအပ်သည်။
She angry.❌
🔶She is angry. ဟူ၍ adjectiveလေးရှေ့တွင် v to be လေးပေါင်း၍ verbအရင်ပြု၍သာသုံးရမည်။
***ဒါကြောင့် V to be + adjective▶ main verbဟုမှတ်နိုင်သည်

🔴Imperative အကြောင်း

Imperative (အမိန့်ပေး/စေခိုင်း/တောင်းဆို/ဆုတောင်း/....)ဝါကျတစ်ကြောင်းတွင် ဝါကျကို Verb Infinitiveဖြင့်သာ စတင်ရမည်။
(ပို၍ ယဉ်ကျေးချင်သောအခါ verb infinitiveရှေ့တွင် (Please) လေးထည့်၍သုံးနိုင်သည်)
🔴 Main Verb (infinitive)+....... ▶Imperative

♦️နမူနာဝါကျအချို့

Please, sit down.

Give me a hand.

May all of your dream come true!

Pass me the salt.

Don't tell anyone.

Have a nice day. စသဖြင့် Verb infinitiveဖြင့် စတင်၍ ရေးရမည်။

သို့သော် Adjectiveစကားလုံးကို အသုံးပြု၍ imperative ဝါကျ ရေးမည်ဆိုပါက

Imperative၏ structureအတိုင်းဖြစ်ရန် ဝါကျအစတွင် Verb to be ၏ infinitiveဖြစ်သော (be)ကိုရှေ့ဆုံးထား၍ ရေးရမည်။
🔴 Be + Adjective+........▶ Imperative

Be happy.

Be careful.

Be strong. စသဖြင့် Be၏နောက်တွင် စိတ်ကြိုက် adjective များပေါင်း၍ imperativeဝါကျပုံစံတွေတည်ဆောက်နိုင်ပါတယ်
ဒါ့အပြင်
Be the bigger person.

Be a good person.
Be + Noun phraseပုံစံတွေအပြင် အခြား be အသုံးပြုပုံများလည်း များစွာကျန်ရှိပါသေးသည်။

ဆင့်ကဲပွားယူနိုင်ကြပါစေ🥰

15/04/2024

The Greedy dog
*****************
*****************
There was a dog that was very hungry.
He searched for food everywhere and at last he found a bone.
He picked the bone with his mouth and started going back to his home.
There was a bridge on the way to his home.
When he started crossing it he saw his reflection in the water.
The dog thought that there was another dog with a bone in water.
He wanted to get that other bone too.
So he started barking at his own reflection.
His bone fell in water as soon as he opened his mouth.
The greedy dog lost his bone.

Moral of the Story: Don't be greedy.

လောဘကြီးသောခွေး
တခါက အလွန်ဘဲ ဆာလောင်နေတဲ့ ခွေးလေးတစ်ကောင်ရှိသတဲ့။
သူဟာ အစာအတွက် နေရာစုံမှာ ရှာဖွေခဲ့ရာ နောက်ဆုံးမှာတော့ အရိုးတစ်ခုကိုရှာတွေ့ခဲ့လေတယ်။
ဒီလိုနဲ့ ခွေးလေးဟာ သူရှာတွေ့တဲ့ အရိုးလေးကိုကိုက်ချီပြီး သူနေထိုင်ရာအရပ်ဆီသို့ပြန်လာခဲ့တာပေါ့။
ခွေးလေးဟာ အပြန်လမ်းမှာ တံတားတစင်းကိုဖြတ်ကျော်ရတဲ့အခါ
ရေထဲမှာ သူ့ပုံရိပ်ကို သူပြန်မြင်လေသတဲ့။
ထိုအခါ ခွေးလေးဟာ သူ့ရဲ့အရိပ်ကိုကြည့်ကာ ရေထဲမှာ အရိုးကိုက်ချီထားတဲ့ ခွေးလေးတစ်ကောင်ရှိနေတယ်ဟု တွေးမိတာပေါ့ကွယ်။
ဒီလိုနဲ့ သူဟာ ရေထဲမှခွေးလေးရဲ့အရိုးကိုလည်း လိုချင်စိတ်ဖြစ်လာခဲ့သတဲ့။
ဒါကြောင့် သူဟာ ရေထဲရှိ သူ့ရဲ့ပုံရိပ်ကို စတင်ပြီးဟောင်ပါလေတော့တယ်။
သူဟောင်လိုက်တဲ့ တပြိုင်နက်မှာဘဲ သူကိုက်ချီထားသော အရိုးလေးဟာ ရေထဲသို့ ပြုတ်ကျသွားတာပေါ့
နောက်ဆုံးမှာတော့ လောဘကြီးတဲ့ခွေးလေးဟာ သူပိုင်ဆိုင်ထားတဲ့ အရိုးလေးကိုပါ ဆုံးရှုံးခဲ့ရတော့တာပေါ့ကွယ်။
***တစ်ခါတရံ သူတစ်ပါးပိုင်ဆိုင်ထားတဲ့အရာတွေဟာ ကိုယ့်မှာရှိတာတွေထက် သာကောင်းသာနိုင်ပါတယ်။ သို့သော် ကိုယ်ပိုင်ဆိုင်ထားတာလေးကိုလွှတ်ချပြီး သူတစ်ပါး လမ်းစဉ်အတိုင်းလိုက်မည်ဆိုပါက အရာရာဆုံးရှုံးသွားတတ်ပါတယ်။

24/03/2024

Day 1
မှတ်သားစရာ Idiom (၁၀)
****************************************************************************************************
1. A back-seat driver - ပါလေရာ ငါးပိချက်

2. A piece of cake - ငှက်ပျောသီးအခွံနွှာစားရသလို

3. Break a leg - ကံကောင်းပါစေ

4. Burn your bridges - ကိုယ့်သေတွင်းကိုယ်တူး

5. Call it a day - ဒီနေ့အတွက်ဒီလောက်ပါဘဲ

6. Cut to the chase - ဝေ့လည်ကြောင်ပတ်မလုပ်နဲ့

7. Go with the flow - ရေလိုက်ငါးလိုက်

8. Keep your chin up - ခေါင်းမော့ရင်ကော့

9. Make up your mind - စိတ်နှလုံးတုံးတုံးချ

10. Sugarcoat - ပျားရည်နဲ့ဝမ်းချ

Photos from Kaung English For Students's post 13/01/2024

Grade 9 English

Section (D) Speaking

08/06/2023

၂၀၂၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းအား

9.6.2023ရက် နံနက် ၄နာရီတွင်

အောက်ပါ Link တခုတည်းမှာသာကြည့်ရှုနိုင်မည်ဖြစ်သည်🥰

၂၀၂၃ ခုနှစ် - တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ၂၀၂၀ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2020

19/05/2023

လူသိနည်းသော အင်္ဂလိပ်စာဗဟုသုတများ(၁)
++++++++++++++++++++++++++++

(1)ကမ္ဘာ့အရှည်ဆုံး အင်္ဂလိပ်စကားလုံး

🔴Pneumonoultramicroscopicsilicovolcanoconiosis
(နျူမိုနို အယ်ထရာ မိုက်ခရို စကုပ်ဖစ် စီလီကို ဗော်ကန်နိုကို နီရိုးစစ်) ဟုအသံထွက်၍

မီးတောင်မှထွက်သော စီလီကာအမှုန့်များအား ရှူမိရာမှ ဖြစ်သောအဆုတ်ရောဂါတစ်မျိုးဟု အဓိပ္ပာယ်ရပါတယ်

🔴(စာလုံးရေစုစုပေါင်း (၄၅)လုံးရှိပါတယ်)
-------------------------------------

(2)Orangeဆိုတာ တကယ်ဘဲလိမ္မော်သီးလား

🔴 Orange-လိမ္မော်သီး ❌

🔴 Tangerine-လိမ္မော်သီး✅

လိမ္မော်သီးရဲ့ အင်္ဂလိပ်မီးနင်းအမှန်မှာ Tangerine (တန်ဂျရင်း)ပါ
Orange ဆိုတာက ကမ္ဗလာသီးဘဲဖြစ်ပါတယ်

ကွာခြားချက်မှာ-
Tangerine သည် အထဲတွင် အကန့်လေးများပါသဖြင့် အစိပ်လိုက်လေးတွေ ပူးကပ်စွာပါရှိပါတယ်
Orange မှာ သံပရာသီးကဲ့သို့ပင် အထဲမှာ အကန့်မပါပါ
(ပုံသဏ္ဍာန်မှာ အလွန်စင်တူလွန်းပါသည်)
-------------------------------------

(3) “I”ကို “is”နဲ့တွဲရေးနိုင်သည့် စာကြောင်း

Iသည် am, is, are သုံးလုံးတွင် amနှင့်သာတွဲရေးရသော်လည်း

🔴 “I is the 9th letter of the English alphabet.”

ဒီစာကြောင်းလေးမှာတော့ Iသည် “is”နှင့်ထူးခြားစွာတွဲရေးနိုင်ပါသည်
(I is the third vowel စသဖြင့်လည်း တွေးခေါ်၍ ထွင်ရေးနိုင်ပါလိမ့်မည်)

and follow for more❤️

18/05/2023

9 Englishရဲ့ Page 9မှ ရှင်းပြမသွားသော
you mind if I + present tense (V1)......?
+++++++++++++++++++++++++++++++

‼️စာရှည်ပါမည် (မလိုအပ်သူများကျော်သွားပါ)

Would you mind if I closed the window?
ဒီစာကြောင်းအရ
✅(1)Would you mind if I + past tense(V2)......?

Do you mind if I keep this photo?
ဒီစာကြောင်းအရ
✅(2)Do you mind if I + present tense(V1)......?
အထက်ပါ ပုံစံနှစ်ခုကိုသာပုံသေမှတ်သားခဲ့ခြင်းကြောင့်

Would you mind/ Do you mind if I smoke here? ဟု
you mind if I + smoke (V1) ဖြင့်ဖော်ပြလိုက်ရာတွင် ဖတ်စာအုပ်အရေးအသားပင်မှားသယောင်ထင်ကြခြင်းဖြစ်သည်

တကယ်တော့
✅(3) Would you mind if I + present tense(V1).......? ဟာလည်း မှန်ကန်ပါသည်

you mind if + past tense(V2)
နှင့်
Would you mind if + present tense(V1) ခြားနားချက်
++++++++++++++++++++++++++++++

🔴Would you mind if I +V2.....? ကိုသုံးလျင်

(1)အဖြစ်အပျက်တစ်ခုကို ချက်ချင်းလုပ်ဖို့ ခွင့်တောင်းခြင်းဟုမဆိုလိုပါ

(2)သေချာမှုအားလည်းနည်းနိုင်ပါတယ်
(ခွင့်ပြုလျင်လည်း လုပ်ဖြစ်ချင်မှ လုပ်ဖြစ်လိမ့်မည်)

(3)Formal (ပို၍ယဉ်ကျေးစွာ ခွင့်တောင်းသောစကားဖြစ်ပါတယ်)

ထို့ကြောင့်
✅Would you mind if I smoked here?

ဒီနေရာမှာ ငါဆေးလိပ်သောက်ဖြစ်ခဲ့ရင် စိတ်မရှိဘူးမလားဆိုပြီး ဒီလိုမေးခြင်းဟာ
-ယခု ချက်ချင်းသောက်မည်ဟု မဆိုလိုပါ
-မေးပြီး သောက်ဖြစ်ချင်မှတောင် သောက်ဖြစ်မှာပါ
-ယဉ်ယဉ်ကျေးကျေး ကြိုတင်ခွင့်ပန်တာပါ

🔴Would you mind if I +V1....? ကိုသုံးလျင်

(1)ယခုချက်ချင်း လုပ်ဖြစ်မှာမို့ ခွင့်တောင်းခြင်းဖြစ်သည်

(2)ခွင့်ပြုပေးလျင် လုပ်ဖြစ်ဖို့ရာခိုင်နှုန်းများသည်

(3) Informal ဖြစ်သည်
(ဒါကြောင့် ဒီပုံစံကို ခင်မင်ရင်းနီးသော ရွယ်တူသူငယ်ချင်းများကိုသုံးခြင်းသည် ပို၍ သင့်လျော်မည်)

ထို့ကြောင့်
✅Would you mind if I smoke here?
ဒီနေရာမှာ ငါဆေးလိပ်သောက်ရင် စိတ်မရှိဘူးမလားဆိုတာဟာ
-ယခုချက်ချင်း သောက်ဖို့ ခွင့်တောင်းသည်ဟုယူဆနိုင်သည်
-ခွင့်ပြုလျင် သောက်ဖြစ်ဖို့များသည်
-လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးခွင့်ပန်သောစကား(informal) ဖြစ်သည်

Would you mind/Do you mind အမေးများကိုပြန်လည် တုံ့ပြန်ဖြေဆိုလျင် အခြားအဖြေများနှင့်ဆန့်ကျင်နေသည်ကိုသတိပြုပါ

,not at all စသဖြင့် Noအသုံးပြုဖြေလျင် စိတ်မရှိပါဘူး/ရပါတယ်လုပ်ပါဟု ခွင့်ပြုခြင်းဖြစ်ပြီး

, certainly စသဖြင့် Yesအသုံးပြုဖြေဆိုလျင် ဒါပေါ့ငါစိတ်ဆိုးမှာပေါ့/အနှောက်အယှက်ဖြစ်မှာပေါ့ စသဖြင့် ငြင်းဆိုတုံ့ပြန်ခြင်းဖြစ်သည်။

#ကောင်းစွာနားလည်၍အခြားဝါကျများတွင်အသုံးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်
#စာရှည်သွားသည့်အတွက် လွယ်ကူသော Do you mindအကြောင်းမပြောတာ့ပါ

#တစ်စုံတစ်ရာမှားယွင်းခဲ့ပါကထောက်ပြပေးပါရန်

16/05/2023

Concrete noun Vs Abstract noun 👨‍🏫

“Where is your love ?”
နင့်အချစ်တွေ ဘယ်မှာလဲလို့မေးလာတဲ့အခါ

Honey, I wanna tell you about concrete and abstract nouns.
အချစ်ရေ ကိုယ်မင်းကို concrete noun နဲ့ abstract noun တွေအကြောင်းပြောပြချင်ပါတယ်

🔴Concrete Noun
++++++++++++

Honey,💛
A concrete noun is a noun that refers to a physical thing, person, or place—something or someone that can be perceived with the five senses (touch, hearing, sight, smell, and taste)

အချစ်ရေ
Concrete noun ဆိုတာဟာ အာရုံငါးပါး (အထိအတွေ့၊ အကြား၊ အမြင်၊ အနံ့၊ အရသာ)နဲ့ သတိမူသိနိုင်မယ့် တစုံတရာ တစုံတယောက် (သို့)နေရာတခုဆိုတဲ့ ဒြပ်ရှိခြင်းကို ရည်ညွှန်းပါတယ်

🔴Abstract Noun
+++++++++++

An abstract noun is a noun that refers to something non-physical—something conceptual that you can’t perceive directly with your senses.

Abstract noun ဆိုတာကတော့ အာရုံငါးပါးနဲ့ သိမြင်ခံစားလို့မရတဲ့ ဒြပ်မဲ့ အယူအဆအရာတွေကိုဆိုလိုပါတယ်

They can only be thought and felt.
သူတို့တွေကို တွေးတာနဲ့ ခံစားတာသာလုပ်နိုင်မှာပါ

Love is an abstract noun.
အချစ်ဆိုတာ စိတ္တဇနာမ်တစ်ခုပါဘဲ

So, you can't see, touch, hear, smell and taste.
ဒါကြောင့် မင်း မြင်လည်း မမြင်နိုင်/ထိလည်း မထိနိုင်/ကြားလည်း မကြားနိုင်/အနံ့လည်း မရနိုင်/ အရသာလည်းမရနိုင်ပါဘူးကွာ

But if you can't feel or think my love,
ဒါပေမယ့် မင်း ကိုယ့်အချစ်တွေကိုမခံစားမိ မသိရှိရင်တော့

I will love you more today than I loved you
yesterday.
ကိုယ်မင်းကိုမနေ့က ချစ်ခဲ့တာထက် ဒီနေ့ပိုချစ်ပါ့မယ်💛

Photos from Kaung English For Students's post 06/05/2023

“Address”တွေ့တိုင်း “လိပ်စာ”လုပ်မနေနဲ့
---------------------------------

(အပြုသဘောဖြင့်ထောက်ပြချက်- ယခုစာအုပ်တွင် လိပ်စာဟုဘာဘာပြန်ထားခြင်းကြောင့် အဖြေမှာပါ မှားယွင်းနေပါသည်)

Grade 9 Englishရဲ့ Lesson 2 မှာ
Addressဆိုတာလေးတွေ့တော့ Verbလား Nounလားစဉ်းစားရင်းနဲ့
ဟိုး....အရင်က လေ့လာခဲ့ဖူးတဲ့ Stress အကြောင်းပြန်သတိရသွားမိတယ်

“A stressed syllable has a longer, louder, and higher sound than the other syllables in the word.”
Stessပါတဲ့ အသံထွက်တစ်ခု (သို့) ဝဏ္ဏတစ်ခုဟာ စကားလုံးထဲက တခြားသော အသံထွက်တွေထက် အသံအနေအထား ပို၍ကျယ်ကျယ်နှင့် ခပ်ပြင်းပြင်းရွတ်ဖတ်ရသည် လို့ဆိုလိုပါတယ်

Syllable stress နေရာပြောင်းလဲတာနဲ့ စကားလုံးတစ်လုံးရဲ့ Meaningကိုလည်းပြောင်းလဲသွားစေနိုင်တဲ့အတွက် အလွန်အရေးကြီးပါတယ်

ဒီAddress ဆိုတဲ့စကားလုံးလေးမှာ အက်နဲ့ ဒရက်ဆိုပြီး syllable နှစ်သံရှိပါတယ်
ဒီစကားလုံးလေးကို

ADDress (အက်ဒ်...ဒရက်စ်)
အခုလို First syllable ဖြစ်တဲ့ ADDမှာ Stress ထည့်ဆိုရင် လိပ်စာလို့ဆိုလိုပါတယ်

addRESS (အဒရက်စ်...)
အခုလို Second Syllableဖြစ်တဲ့ရက်(စ်)မှာ Stress ထည့်ရွတ်ဆိုရင်တော့ မိန့်ကြားသည်/အမည်တပ်ခေါ်သည် စသဖြင့်ဆိုလိုပါတယ်

ဒီစကားလုံးတစ်လုံးတည်းမဟုတ်ဘဲ (verb)ရော (noun)ပါ အဓိပ္ပာယ် နှစ်မျိုးထွက်သောစကားလုံးများစွာရှိပါတယ်
သို့သော် stressအထားအသိုအမှန်သိခါမှ listeningလေ့ကျင့်တဲ့အခါမှာလည်း အဆင်ပြေလာပါလိမ့်မယ်

ဥပမာ-
PREsent (ဖရဲ...ဆန့်)- လက်ဆောင်
preSENT (ဖရတ်ဆန့်...)- တင်ပြသည်/ပေးအပ်သည်

REfuse [ရီ...ဖျု(စ်)]- အမှိုက်
reFUSE [ရဖျု(စ်)...]- ငြင်းသည်

REcord (ရီ...ခေါ့)- မှတ်တမ်း
reCORD (ရခေါ့...)- မှတ်တမ်းတင်သည်

CONflict (ခွန်း...ဖလစ်)- အငြင်းပွားမှု
conFLICT (ခွန်ဖလစ်...)- ဆန့်ကျင်သည်
(Capital letterများသည် stressကိုရည်ညွှန်းသည်)

အထက်ပါ စကားလုံးများကို နမူနာကြည့်၍ ယေဘုယျ မှတ်ယူနိုင်သည်မှာ
(noun)များသည် first syllableမှာ stressထည့်ကာရွတ်ဆို၍
(verb)များသည် second syllableမှာ stressထည့်၍ ရွတ်ဆိုရမည် ဟူ၍ဖြစ်သည်

Stressအထားအသိုနှစ်မျိုးသုံး၍ လေ့ကျင့်ရန့်အခြား စကားလုံးအချို့-
Contest, Es**rt, Conduct, Desert, Covert, Export, Reject, Refund, Upgrade

#တစ်စုံတစ်ရာမှားယွင်းခဲ့ပါကထောက်ပြပေးပါရန်✌️

#သင်ဆရာ၊တင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားအစဉ်ထာဝရလေးစားလျက်

21/04/2023

Grade 12(စနစ်သစ်)မှ Libraryကဗျာအားကျွန်ုပ်၏ သင်ကြားဖြစ်ပုံ အပြည့်အစုံ
The Library
-------------

It looks like any building
When you pass it on the street,
လမ်းသွားရင်း ဖြတ်သန်းမိတဲ့အခါ
ထိုအရာဟာ မည့်သည့်အဆောက်အအုံနှင့်မဆို တူနေမှာ
🔴Look like (PHRV) -တူသည်
Look ahead (PHRV) -အနာဂတ်ကို မျှော်ကြည့်သည်
Look down on (PHRV) -အထင်သေးသည်
Don't look down on me ဆိုရင်တော့ ငါ့ကိုအထင်မသေးနဲ့(မနှိမ်ပါနဲ့)ပေါ့

Made of stone and glass and marble,
Made of iron and concrete.
ကျောက်တုံး၊ ဖန်၊ စကျင်ကျောက်၊
သံမဏိအပြင် အင်္ဂတေနဲ့လည်းတည်ဆောက်နိုင်လေတယ်
🔴Marble (N ) -စကျင်ကျောက်၊ ဂေါ်လီလုံး
The exterior of the building may be of stone, glass, marble, etc.
အဆောက်အဦး(စာကြည့်တိုက်) အပြင်ပန်းကတော့တခြားအဆောက်အဦးတွေကဲ့သို့ဘဲ ကျောက်တုံး၊ မှန်၊ စကျင်ကျောက် စတာတွေနဲ့ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ရည်ညွှန်းလိုခြင်းဖြစ်သည်။

But once inside you can ride
A camel or a train,
သို့ပေမယ့် အထဲကိုရောက်ရောက်ချင်းမှာဘဲ
ကုလားအုတ်လည်းစီးနိုင်တယ် ရထားကိုလည်းစီးနိုင်တယ်။
🔴Once (Conj) - ......လျှင်......ချင်း
Once inside ဆိုတော့ အထဲရောက်ရောက်ချင်းလို့ဆိုလိုတာပေါ့
Camel (N ) - ကုလားအုတ်
“The last straw that breaks the camel's back” ဆိုတဲ့ ကုလားအုတ်ခါးကျိုးတဲ့ နောက်ဆုံး ကောက်ရိုးဆိုတဲ့ idiomလေးလည်းရှိသတဲ့
“Camelခါးပေါ် အများကြီးတင်ပြီး ကောက်ရိုးလောက်တော့ ဘာမှမဖြစ်ဘူးထင်ပြီး တင်ကာမှခါးကျိုးသွားတယ်”ဆိုတဲ့သဘော ခိုင်းနှိုင်းသုံးရသည့် idiomဖြစ်သည်။

Visit Rome, Siam, or Nome,
Feel a hurricane,
ရောမ၊ ဆိုင်းယမ်းနဲ့ နုမ်းကိုပါလည်နိုင်မယ်
ဟာရီကိန်းမုန်တိုင်းကိုလည်း ခံစားကြည့်နိုင်မယ်။
🔴Rome (N ) - ရောမ
Siamဆိုတာ Thailandရဲ့ ရှေးနာမည်ပေါ့
Nomeဆိုတာ Alaskaပြည်နယ်ရဲ့ အနောက်ဖက်မှာရှိတဲ့မြို့တစ်ခုပေါ့
(Alaskaဆိုတာ 1867ခုနှစ်က ရုရှားထံမှ အမေရိကန်ဝယ်ခဲ့တဲ့ ပြည်နယ်တစ်ခုပါ)

Meet a king, learn to sing,
How to bake a pie,
ဘုရင်တစ်ပါးလည်း တွေ့နိုင်မယ်၊ သီချင်းဆိုလည်းသင်နိုင်မယ်
ပိုင်မုန့်ဖုတ်နည်းလည်း သိနိုင်ပါလိမ့်မယ်
🔴Bake (V) - (ကိတ်မုန့် စသည်) ဖုတ်သည်
Bakery ဆိုရင်တော့ မုန့်ဖို မုန့်တိုက်ပေါ့
Pie (V) -ဂျုံမှုန့်ထဲ၌ အသား (သို့) အသီးကိုထည့် ဖုတ်ထားသောမုန့် (ကိတ်မုန့်နှင့်အနည်းငယ် တူသည်)
“Finger in every pie” ဆိုရင်တော့ ငှက်ပျောသီး အခွံခွာစားသလို အရမ်းလွယ်ကြောင်းဖော်ညွှန်းတဲ့ idiomလေးပေါ့

Go to sea, plant a tree,
Find how airplanes fly,
ပင်လယ်ကိုလည်း သွားနိုင်မယ်၊ သစ်ပင်ကိုလည်းစိုက်နိုင်မယ်
လေယာဉ်တွေ ဘယ်လိုပျံသန်းကြောင်း ကြည့်မြင်နိုင်ပါမယ်။
🔴Plant (N ) - အပင်
(V) - စိုက်သည်
Airplane (N ) - လေယာဉ်ပျံ (US အသုံးအနှုန်းဖြစ်သည်)
British အသုံးအနှုန်းမှာတော့ Aeroplaneဖြစ်ပါတယ်။

Train a horse, and of course
Have all the dogs you'd like,
မြင်းတစ်ကောင်ကိုလည်း လေ့ကျင့်ပေးနိုင်မယ်၊ ဒါပေါ့
မင်းနှစ်သက်တဲ့ခွေးတွေလည်း ရှိနိုင်တာပေါ့။
🔴Train (N ) - ရထား
(V) - လေ့ကျင့်သည်၊ သင်သည်
Of course (IDM) -ဒါပေါ့
Dogကိုတော့ ဘာသာပြန်စရာမလိုဘူးထင်ပါတယ်
ဒါလေးတော့မှတ်သွားနော်
“Every dog has his day” ဆိုရင် လူတိုင်းမှာ ကံကောင်းတဲ့နေ့ရှိတယ်လို့ အဓိပ္ပာယ်ရတဲ့ idiomအသုံးလေးပါ။

See the moon, a sandy dune,
Or catch a whopping pike.
လမင်းကြီးကိုလည်း ကြည့်နိုင်မယ်၊ သဲခုံအကြောင်းလည်းလေ့လာနိုင်ပါမယ်
ဧရာမငါးကြီးကိုလည်း ဖမ်းဆီးနိုင်ပါမယ်။
🔴Sandy dune (N ) - သဲခုံ
(သမုဒ္ဒရာအနီး (သို့) သဲကန္တာရအနီးတွင် လေကြောင့်ဖြစ်ပေါ်လာတတ်သည့် သဲတောင်ကုန်း)
Whopping (N ) - ဧရာမ
Whopping cough ဆိုရင်တော့ ကြက်ညှာချောင်းဆိုး (သို့) ရက်တစ်ရာချောင်း
(ကလေးငယ်တွေမှာ ဖြစ်တတ်သည့် ရက်တစ်ရာနီးပါးခန့်ကြာသော ချောင်းဆိုးခြင်း)

Everything that books can bring
You'll find inside those walls.
စာအုပ်တွေက ယူဆောင်လာပေးနိုင်တဲ့အရာရာဟာ
အဲ့ဒီ နံရံတွေအတွင်းမှာ မင်းတွေ့ရမှာပါ။
🔴Bring (V) - ယူလာသည်
“Bring home the bacom”ဆိုတာလေးကတော့
ထိထိရောက်ရောက်လုပ်ပေးနိုင်သည် (မိမိ မိသားစု၊မိမိ အသင်းအတွက်)လို့ ရည်ညွှန်းတဲ့အသုံးအနှုန်းလေးပေါ့

A world is there for you to share
When adventure calls.
စွန့်စားဖို့ လိုအပ်လာတဲ့အခါမှာတော့
သင့်အတွက် မျှဝေစရာ ကမ္ဘာတခုက အဲ့ဒီမှာပေါ့
🔴Share (V) - မျှဝေသည်
“The lion's share” ဆိုရင်တော့ ကြီးပေ့ကောင်းပေ့လို့ ဆိုလိုတာပေါ့
Adventure callsသည် စွန့်စားဖို့လိုအပ်လာသည်ပြောခြင်းဖြစ်ပြီး
Nature's callဆိုရင်တော့ အိမ်သာသွားလိုက်ဦးမယ်လို့ ယဉ်ကျေးစွာပြောဆိုခြင်းဖြစ်သည်။

You cannot tell its magic
By the way the building looks,
အဆောက်အဦးသွင်ပြင်ကို ကြည့်လိုက်ရုံနဲ့
၎င်းရဲ့ ဆွဲဆောင်မှုတွေကိုမပြောနိုင်ပေ
🔴By the way (IDM) - စကားမစပ်
(အတိုကောက် BTWဟု သုံးသည်)
ဒီpoemလေးမှာတော့ By-အားဖြင့် the way building looks -အဆောက်အဦးသွင်ပြင်ဟုဘာသာပြန်ထားသည်။

But there's wonderment within it,
The wonderment of books.
Barbra A. Huff
သို့ပေမယ့် သူ့အတွင်းမှာတော့
စာအုပ်တွေရဲ့ အံ့ဩကြည်နူးစရာတွေရှိနေပေသည်။
ဘာဘရာ အေ ဟတ်ဖ်
🔴Wonderful (ADJ) - အံ့ဩစရာ
Wonderment (N ) - အံ့ဩကျေနပ်ခြင်း
“I shouldn't wonder ” ဆိုတာလေးကတော့ ငါတော့မအံ့ဩပါဘူးဆိုတဲ့ Idiomလေးဆိုတာ မှတ်သွားပါဦး။

#ကဗျာတစ်ပုဒ်လုံးရဲ့ အနှစ်ချုပ်ဟာ စာကြည့်တိုက်တစ်ခုကို အခြားအဆောက်အဦးတွေအတိုင်း ဆောက်နေကျ အရာတွေနဲ့တည်ဆောက်ထားပေမယ့် အထဲမှာ အခြားအဆောက်အဦးများနှင့်မတူဘဲ အံ့ဩစရာ သီးသန့် စာအုပ်ကမ္ဘာငယ်လေး ရှိနေသည့်အတွက် အကြောင်းအရာအမျိုးမျိုးကို စာအုပ်ထဲတွင်ရှာဖွေနိုင်ကြောင်း❤️

အမှားအယွင်း တစ်စုံတစ်ရာပါခဲ့ပါက ဝေဖန်ထောက်ပြနိုင်ပါတယ်။

Translated by Kaung Sithu❤️

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


South Dagon
Yangon