International & Myanmar Education Centre

International & Myanmar Education Centre

Share

Education

01/01/2023

Happy New Year 2023 🎉🎉🎉

Photos from International & Myanmar Education Centre's post 02/04/2022

ကျွန်တော်တို့ IMEC (International and Myanmar Education Centre) မှ ကြိုဆိုပါတယ်ခင်ဗျ။

Grade-1 to Grade- 11အထိကျောင်းသား/သူများအတွက် သတင်းကောင်းလေးတစ်ခု ဖြင့် မိတ်ဆက်ပေးပါရစေ။

🧍🧍🧍ကျောင်းသား/သူများအတွက် အခြေခံပညာကျောင်းများနည်းတူ စနစ်သစ် ၊ စနစ်ဟောင်း (သင်ရိုးကုန်) Grade-1 to Grade-11အထိဘာသာစုံသင်ခန်း စာများကို International & Myanmar Education Centerမှ အချိန်ပြည့်Online ဖြင့် သင်ကြားပေးမည် ဖြစ်ပါသည်။

👩‍🏫👩‍🏫👩‍🏫IMECမှာတော့ ထူးခြားချက်အနေဖြင့် သင်ကြား​ ပေးမည့်ဆရာ၊ ဆရာမများမှာ အတွေ့အကြုံဝါရင့်ပြီး The Whole Burma အမြောက်အများကို မွေးထုတ်ပေးခဲ့သည့် ဆရာ၊ ဆရာမများ ပါဝင်နေတဲ့ အတွက်ကြောင့် လူကြီမင်းတို့ရဲ့ ကလေးများအတွက်စိတ်ချယုံကြည်ရတဲ့ အနာဂတ်ကိုပုံဖော်ပေးနိုင်မှာလဲ ဖြစ်ပါတယ်။✨✨✨

👪👪👪မိဘများအနေနဲ့လည်း မိမိတို့သား/သမီးများကို ရင်အုပ်မကွာ အနီးကပ်စောင့်ကြည့်မှူ့များနှင့်အတူ ကျောင်းသား/သူများအနေဖြင့် သင်ခန်းစာများကို အချိန်ကုန်သက်သာစွာဖြင့် မိမိတို့၏ နေအိမ်မှ လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

သတင်းကောင်းတစ်ခုအနေနဲ့ Grade တစ်ခုချင်းစီအလိုက်အစောဆုံး စာရင်းသွင်းသောကျောင်းသား/ သူ ၅ယောက်အတွက် 10% Discount ပေးပါမယ်ဗျ😱😱😱

အထူးခံစားခွင့်အနေဖြင့်လဲ ကျောင်းသား/ကျောင်းသူ(၅)ယောက် တပြိုင်နက် အပ်နှံမည်ဆိုပါက ကျောင်းသားတယောက်အတွက် ပထမဦးဆုံးလကို ကျောင်းလခ ကင်းလွတ်ခွင့် ရရှိအုန်းမှာပါ။😱😱😱

$$$ သင်တန်းကြေးပုံစံမှာ အတန်းလိုက် ကွဲပြားမှူ့အနည်းငယ်ရှိပါသည်။

🕙🕙🕙🕙သင်တန်းစတင်မည့်ရက် - 27 April 2022
သင်တန်းကာလ - 8 months

=>=>=> Students' registration link :
https://forms.gle/JaHybykCCFNN1pJQA

🧍🧍🧍သင်ကြားမှု ထိရောက်စေရန်အတွက် အတန်းတစ်တန်းတွင် ကျောင်းသားဦးရေ ကန့်သတ်ထားပါသဖြင့်အချိန်မနှောင်းခင်လေး ကျွန်တော်တို့ IMEC မိသားစုလေးနဲ့ လက်တွဲလိုက်ကြရအောင်နော်😉

Contact number : 09941142302
Email :
[email protected]

08/03/2022

ကျွန်တော်တို့ IMEC (International and Myanmar Education Centre) မှ ကြိုဆိုပါတယ်ခင်ဗျ။

Grade-1 to Grade- 11အထိကျောင်းသား/သူများအတွက် သတင်းကောင်းလေးတစ်ခု ဖြင့် မိတ်ဆက်ပေးပါရစေ။

ကျောင်းသား/သူများအတွက် အခြေခံပညာကျောင်းများနည်းတူ စနစ်သစ် ၊ စနစ်ဟောင်း (သင်ရိုးကုန်) Grade-1 to Grade-11အထိဘာသာစုံသင်ခန်း စာများကို International & Myanmar Education Centerမှ အချိန်ပြည့်Online ဖြင့် သင်ကြားပေးမည် ဖြစ်ပါသည်။

IMECမှာတော့ ထူးခြားချက်အနေဖြင့် သင်ကြား​ ပေးမည့်ဆရာ၊ ဆရာမများမှာ အတွေ့အကြုံဝါရင့်ပြီး The Whole Burma အမြောက်အများကို မွေးထုတ်ပေးခဲ့သည့် ဆရာ၊ ဆရာမများ ပါဝင်နေတဲ့ အတွက်ကြောင့် လူကြီမင်းတို့ရဲ့ ကလေးများအတွက်စိတ်ချယုံကြည်ရတဲ့ အနာဂတ်ကို ပုံဖော်ပေးနိုင်မှာလဲ ဖြစ်ပါတယ်။

မိဘများအနေနဲ့လည်း မိမိတို့သား/သမီးများကို ရင်အုပ်မကွာ အနီးကပ်စောင့်ကြည့်မှူ့များနှင့်အတူ ကျောင်းသား/သူများအနေဖြင့် သင်ခန်းစာများကို အချိန်ကုန်သက်သာစွာဖြင့် မိမိတို့၏ နေအိမ်မှ လေ့လာသင်ယူနိုင်မည်ဖြစ်ပါသည်။

သတင်းကောင်းတစ်ခုအနေနဲ့ Grade တစ်ခုချင်းစီအလိုက်အစောဆုံး စာရင်းသွင်းသောကျောင်းသား/ သူ ၅ယောက်အတွက် 10% Discount ပေးပါမယ်ဗျ😱😱😱

အထူးခံစားခွင့်အနေဖြင့်လဲ ကျောင်းသား/ကျောင်းသူ(၅)ယောက် တပြိုင်နက် အပ်နှံမည်ဆိုပါက ကျောင်းသားတယောက်အတွက် ပထမဦးဆုံးလကို ကျောင်းလခ ကင်းလွတ်ခွင့် ရရှိအုန်းမှာပါ။😱😱😱

$$$ သင်တန်းကြေးပုံစံမှာ အတန်းလိုက် ကွဲပြားမှူ့အနည်းငယ်ရှိပါသည်။

သင်တန်းစတင်မည့်ရက် - 27 April 2022
သင်တန်းကာလ - 8 months

=>=>=> Students' registration link :
https://forms.gle/JaHybykCCFNN1pJQA

သင်ကြားမှု ထိရောက်စေရန်အတွက် အတန်းတစ်တန်းတွင် ကျောင်းသားဦးရေ ကန့်သတ်ထားပါသဖြင့်အချိန်မနှောင်းခင်လေး ကျွန်တော်တို့ IMEC မိသားစုလေးနဲ့ လက်တွဲလိုက်ကြရအောင်နော်😉

Contact number : 09941142302
Email: [email protected]

12/02/2022

Grade 6 ပိတောက်မယ် ကဗျာ

04/02/2022

ပထမတန်း G1 အခန်း (၁၂) မဂ်လာကဗျာ

22/01/2022

ကလေးတို့ရဲ့ ပျော်ရွှင်မှုသည် ကျွန်မတို့ရဲ့ ပီတိပါ ❤️🌹🥰

22/01/2022
22/01/2022

ပညာသည် သင်ကြားရုံ မဟုတ်ဘဲ လက်တွေ့အသုံးချလျှင်ဖြင့် ကြီးပွားနိုင်ကြောင်းကို ဆရာဦးဖိုးကျား၏ "သွက်လက်ချက်ချာသော မယ်မျှင်" ဝတ္ထုလေးတွင် တွေ့မြင်နိုင်ပါသည်။

အမျိုးသား ပညာဝန် ဆရာကြီး ဦးဖိုးကျားကိုယ်တွေ့ဝတ္ထုများမှ- "သွက်လက်ချက်ချာသော မယ်မျှင်" အကြောင်းကို ဖတ်တိုင်း စိတ်ဓါတ်ခွန်အား များစွာရမိပါသည်။ အားလုံးလည်း ဖတ်ရှုပြီး စိတ်ဓါတ်ခွန်အားများ ရရှိသွားရင် ကျေနပ်ပါပြီ။
ပျော်ရွှင်ချမ်းမြေ့သော နေ့ရက်တိုင်း ပိုင်ဆိုင်နိုင်ကြပါစေ။
***********
"သွက်လက်ချက်ချာသော မယ်မျှင်"
ကျွန်ုပ်သည် နံနက်တိုင်း လမ်းလျှောက်လေ့ရှိ၏။ တစ်နံနက်၌ ရန်ကုန်မြို့ ကျောက်မြောင်းဘက်သို့ လှည့်၍လျှောက်ခဲ့၏။
လမ်းတွင် ရုတ်တရက် မိုးရွာသည်နှင့် အနီးရှိ အိမ်ဆိုင်ငယ်လေးတစ်ခုသို့ မိုးဝင်၍ ခိုမိ၏။
အိမ်ခန်းကျဉ်းကျဉ်း ဟောင်းနွမ်းသော ဆိုင်ခုံပေါ်တွင် ဆေးပြင်းလိပ် ဆေးပေါ့လိပ် မုန့်ပဲသရေစာ အနည်းငယ်မျှ တည်ခင်းထား၏။ ဆိုင်ရှင်မှာ ၁၅ နှစ် ၁၆ နှစ်အရွယ် သူငယ်မဖြစ်၏။ ပုံပန်း တော်သင့်ရုံရှိ၏။ အနေအထိုင် အဝတ်အစားတို့ကို မြင်ရသဖြင့် ဆင်းရဲနွမ်းပါးကြောင်း သိရ၏။ သို့ရာတွင် ဝတ်စားပုံ ထားပုံ သိုပုံ ဆိုင်ခင်းထားပုံ တို့ကို မြင်ရသဖြင့် ထိုသူငယ်မသည် သေချာသပ်ရပ် ကျကျနန ရှိသည်ကို အထူးသတိပြုမိ၏။
ဆိုင်သို့ဝင်မိလျှင် ထိုသူငယ်မက ပြုံး၍ "သြော် ဦး မိုးဝင်ခိုတာလားး ထိုင်ပါ ထိုင်ပါ မိုးစဲမှ သွားတာပေါ့ရှင်"
" အေး ကျေးဇူးပါကွယ် ဦးက ခုမနက် နေသာတာနဲ့ မိုးမရွာဘူးလားလို့ ထီးတောင် မယူခဲ့ဘူး"
" ဟုတ်ကဲ့ နေသာပေမယ့် မိုးသားမှ မကင်းဘဲ။ ခုမနက် မိုးရွာမှာပေါ့ ဦးရဲ့"
"အေး မင်းက အမှတ်အသားကောင်းသားပဲ" (သူ့အရွယ်နှင့်စာသော် တော်ပေ၏ဟု စိတ်ထဲက ချီးမွမ်းမိ၏။)
ထို့နောက် ထိုသူငယ်မ ဘေးနားတွင် သတင်းစာဟောင်း ဂျာနယ်ဟောင်း လေးငါးခု တွေု့မြင်ရသည်နှင့် -
" သြော် သတင်းစာ ဖတ်နေကျလား"
" ဟုတ်ကဲ့ ဆိုပါတော့ရှင်။ ကိုယ်တိုင် ဝယ်မဖတ်နိုင်ပါ။ အနီးအနားမှာ ဝယ်ဖတ်နိုင်တဲ့ လူများဆီက အဟောင်းအမြင်းကလေးများ တောင်းရမ်း ဖတ်ရပါတယ်။ မှန်မှန်လည်း မဖတ်ရဘူးဦးရဲ့"
" အေး.....အေး စာဖတ်တာ ကောင်းတာပေါ့ကွယ် မင်း တော်တော် စာဖတ်တတ်သလား"
"ကျွန်မ ငယ်ငယ်က အိမ်မှာပဲ အဖေက စာသင်ပေးပါတယ် ကျွန်မတို့က ဆင်းရဲတယ်ရှင့် ကျောင်းမှာမနေနိုင်ဘူး။ အခုတော့ အဖေရော အမေရော ဆုံးသွားကြတာ လေးငါးနှစ် ရှိပါပြီ။ ကျွန်မနဲ့
မောင်လေးနဲ့ နှစ်ယောက်တည်း ရှိပါတယ်။ အဲဒါနဲ့ တော့ဒီးတော့ဒတ် ဖတ်တတ်ရာက ဟိုဟာဆွဲဖတ် ဒီဟာဆွဲဖတ်နဲ့ ခုတော့ တော်တော်ကလေး ဖတ်နိုင်ပါပြီရှင့်"
"နေပါဦး မင်း သတင်းစာဖတ်တာ တိုင်းရေုးပြည်ရေး ဝါသနာပါလို့လား"
" တိုင်းရေုးပြည်ရေး ဝါသနာပါလို့ရယ် မဟုတ်ပါဘူး။ စာဖတ်ချင်တဲ့ ဝါသနာကလည်းရှိ ဖတ်ရင်လည်း မှတ်စရာ သားစရာ တွေ့တာနဲ့ ဖတ်တာပါပဲ"
" နို့- မင်းဖတ်တဲ့ သတင်းစာ ဂျာနယ်တွေမှာ မင်းစျေးရောင်းတာနဲ့ တိုက်ရိုက်ဆိုင်တာများ ပါလို့လား" (စုံစမ်းလို၍မေးသည်)
" တိုက်ရိုက်တော့ ဘယ်ပါမလဲ ဦးရဲ့နို့ပေမဲ့ ဟိုဒင်း ပြောတာလို ဆားများ စားရတယ် မရှိဘူး ဟင်းခပ်တာနဲ့ ကုန်တာပဲ ဆိုသလိုပေါ့ ဦးရဲ့ စာဖတ်လို့ အကြားအမြင်များတော့ စျေးရောင်းတာရော ဘာရော နေရာတိုင်းမှာ စိတ်ကူးဥာဏ် အလိမ္မာတိုးတာပေါ့ရှင်"
" အေး ဟုတ်တန်ရာရဲ့ နေပါဦး မင်းတို့မိန်းမတွေ ဒီသတင်းစာတွေ ဂျာနယ်တွေ ဖတ်ဖို့ လိုသလားကွဲ့"
" ဟာ.....ဦးကြီးနှယ် လိုပါပြီလား။ ခုတစ်လော မကြားဘူးလားရှင့် မိန်းမအသင်းတွေဖွဲ့ ဝတ်လုံတွေ ဘာတွေတောင် ဖြစ်ကုန်ပြီဆိုပဲ ဦးရဲ့၊ ပြီးတော့လည်း ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် စာတတ်ရင် ကောင်းတာပေါ့ ဦးရဲ့"
" မင်းတို့ မောင်နှမနှစ်ယောက် ဘယ်လို နေကြစားကြ သလဲကွဲ့"
" သြော် ကျွန်မမောင်လေးက ဟိုဘက်နားက ဦးမြဘူးကျောင်းမှာ နေတယ် အခု သုံးတန်းရောက်နေုပြီ။ စာမေးပွဲတိုင်း အောင်တယ် ဦးရဲ့။ ကျွန်မစျေးရောင်းလို့ တစ်နေ့တစ်မတ် ငါးပဲလောက် ကျန်တယ်။ အဲဒါကလေးနဲ့ ကျောင်းလခလည်း ပေးရတယ် ဝတ်ဖို့ စားဖို့ နေဖို့လည်း ဒီအထဲကပဲ တစ်ခါတစ်ခါ အဝတ်အစားအဆန်းကလေးများ ဝယ်ချင်ပါရဲ့ ရုပ်ရှင်လည်း ကြည့်ချင်တာပဲ နို့ပေမဲ့ ပိုက်ဆံမလောက်တော့ ခြစ်ခြစ်ခြုတ်ခြုတ် ခြိုးခြံနေရတာပဲ ဦးရဲ့"
" အေး.....သာဓုကွယ် သာဓု မိုးလည်း စဲပြီ ဦး သွားလိုက်ဦးမယ်" ဆို၍ ထွက်ခဲ့၏။
နောက်တစ်နေ့နံနက်၌ ကျွန်ုပ်ရေးသော စာအုပ်ထဲမှ တော်သင့်သော ၅ အုပ် ဗလာစာအုပ် ၁၂ အုပ် သတင်းစာ ဂျာနယ်ဟောင်း ၁၀ စောင်လောက်တို့ကို ထုတ်ယူ၍ ထိုသူငယ်မ ဆိုင်ဘက်သို့ လျှောက်ခဲ့ပြန်၏။
မြင်လျှင်ပင် နှုတ်ခွန်းဆက်၍ " ရော့ဟေ့ မင်းဖတ်ဖို့နဲ့ မင်းမောင် ကျောင်းမှာသုံးဖို့ စာအုပ်တွေ ယူလာတယ် ရော့.....ဖတ်ပေရော့"
ဆို၍ ပေးပြီးနောက် ထိုသူငယ်မသည် ကျေးဇူးတင်လွန်း၍ ပါးစပ်အဟောင်းသား ရှိနေစဉ် ကျွန်ုပ်သည် သုတ်သုတ်ထွက်ခဲ့လေ၏။
ဤကား လွန်ခဲ့သော လေးငါးနှစ်က အဖြစ်အပျက်တည်း။
*************
လွန်ခဲ့သောလက ကျွန်ုပ် စာတစ်စောင်ရ၍ ဖတ်ကြည့်ရာ အောက်ပါအတိုင်း ပါလေ၏။
ဥိးရှင့်-
စာအုပ်များ ပေးစဉ်က ရုတ်တရက် ထွက်သွား၍ ကျေးဇူးတင်စကားမှ မပြောလိုက်ရပါ ပေးထားသော စာအုပ်ငါးအုပ်ကို ယခုဖြင့် အလွတ်ရမလောက် ရှိနေပါပြီ။ ကျေးဇူးအင်မတန် တင်သည့်အတွက် ၄င်းပေးသောနေ့ကပင် ကျွန်မ၏ မှတ်တမ်းစာအုပ်တွင် စာရင်းတင်ထားလိုက်ပါသည်။ ဦးကို ဘယ်လို ကျေးဇူးဆပ်ရမလဲဟု အမြဲတွေးနေပါသည်။ ယခုမှ ၄င်းစာအုပ်တို့ကို ပုံနှိပ်တိုက်က ကျေးဇူးပြု၍ ယခုစာကို ထည့်လိုက်ပါသည်။
ကျွန်မတို့ ဆိုင်ဘက်ကို လမ်းလျှောက်ခဲ့စေချင်ပါသည် ဦးရှင့်။
မယ်မျှင်

ကျွန်ုပ်သည် ထိုသူငယ်မကို မေ့နေရာမှ သတိရ၍ ခါတိုင်းလိုပင် ထီးမပါ ဖိနပ်မပါ ဖျင်အင်္ကျီလက်တိုနှင့် ထိုဆိုင်ဘက်သို့ နံနက် လမ်းလျှောက်ထွက်ခဲ့၏။
ပထမဆိုင်နေရာတွင် အတန်ကောင်းမွန်သပ်ရပ်သော နှစ်ထပ်အိမ်ကို တွေ့ရ၏။ အောက်ထပ်တွင် ဆေးလိပ်အမျိုးမျိုး ၄င်းပြင် ကုန်စုံဆိုင်များ တစ်ခြမ်းတွင် လက်ဖက်ရည်ဆိုင် ၄င်းလက်ဖက်ရည်ဆိုင်တွင်လည်း မြန်မာလူငယ်များ အလုပ်လုပ်နေသည်တို့ကို တွေ့ရ၏။။ စိတ်တွင် ဇဝေဇဝါ ဖြစ်နေ၍ အလုပ်သမားတစ်ယောက်ကို မေးရာ-
" သြော်.....မမမျှင်လား ရှိပါတယ် သူတို့ အပေါ်ထပ်မှာ နေပါတယ် ကျွန်တော် ပြောလိုက်ပါ့မယ်" ဟု ပြောပြောဆိုဆိုနှင့် တက်သွားလေ၏။
မကြာမီပင် လက်ဖက်ရည် မုန့်ပဲ သရေစာတို့ကို လောကွတ်ကြီးစွာဖြင့် ကျွေးမွေးပြီးမှ " ဦးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါ ပေးထားတဲ့ စာအုပ်ငါးအုပ်ကိုလည်း ဟောဒီမှာ ပေါင်းချုပ်ပြီး သားရေအုပ်ထားပါတယ်"
ဟု ဗီဒိုမှ ထုတ်၍ပြ၏။ မှတ်ထားသော စာစာရင်းကိုလည်းပြ၏။
ထို့နောက် ဆက်၍ မိမိစာဖတ်ဝါသနာ ရှိသဖြင့် ဗဟုသုတ များစွာရကြောင်း စိတ်ကူးအကြံအစည်တိုးကြောင်း ထို့ကြောင့်ပင်လျှင် ယခင်ဆိုင်ငယ်မှ ယခုကိုယ်ပိုင်အိမ်နှင့် ဆိုင်ကြီးဖြစ်လာကြောင်း မိန်းမများ စာဖတ်သင့်ကြောင်း ချွေတာသင့်ကြောင်း ဘာကြောင်း ညာကြောင်းနှင့် နာရီဝက်ခန့် ကျွန်ုပ်အား "လက်ချာ" ပေးနေလေသတည်း။ ကျွန်ုပ်မှာလည်း ပြုံးတဲ့ကာ မလှုပ်ဘဲ နားထောင်နေရလေသတည်း။
ပြီးမှ ကျွန်ုပ်၏ အဝတ်အစားကို စိုက်ကြည့်၍ " သြော်.....ဦးကို ကျေးဇူးဆပ်ချင်ပါတယ် စာအုပ်ဖိုးတွေဟာ ၁၀ ကျပ် ၁၅ ကျပ် လောက် ရှိပါလိမ့်မယ် အဲဒီတော့ အနည်းဆုံး အဲဒီစာအုပ်ဖိုးတွေကို လက်ခံစေချင်ပါတယ် ဦးရဲ့ "
" ဦးမှာ ပိုက်ဆံကြေးငွေ မချမ်းသာပါဘူး နို့ပေမဲ့ စာအုပ်ဖိုးကို လက်ခံဖို့တော့ ဖြစ်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပေးတာနဲ့ ရောင်းတာ ခြားနားတာကို မင်းသိတယ် မဟုတ်လား ဦးရဲ့ စာအုပ်ဖိုးကို လက်ခံရမှာဖြင့် မင့်လက်ဖက်ရည်ဖိုး မုန့်ဖိုးတွေကိုလည်း လက်ခံရလိမ့်မယ်" ဟု ဆိုလိုက်ရာ ထိုနားလည်လွယ်သော သူငယ်မသည် ပြုံး၍သာ နေလေတော့သတည်း။
*******

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00