24/01/2023
皆んなおめでとう🎊🎊😭
အားလုံးကြိုးစားပေးကြတာ ありがとう😍results လေးတွေတန်းစီလာပြကြပါနော်..ကိုယ့်ကလေးတွေကြ်ုးစားကြတာကြည့်ပြီးေပျာ်ချင်လို့🥰
ခုတော့သိရသလောက်လေး နည်းနည်းကြွားမယ် 😬 vocabulary and grammar ဆိုနှစ်တိုင်းအမှတ်ပြည့်တွေအမြဲပါလို့ သွားမစိနိုင်တော့ဘူး 😬🥰🥰💯
ခုမှစလော့လာသူတွေ အမှတ်ကောင်းကောင်းနဲ့အောင်ချင်တယ်ဆို အခြေခံအတန်းကနေစပြီး စုံစမ်းလို့ရပါပြီ
23/01/2023
N2 ဖြေတဲ့တစ်ဦးတည်းသောလေး အောင်တယ်တဲ့😍🥺 泣きたいほど嬉し〜N2の聴解満点💯すげー😭💯အောင်တာတောင် listening ကိုအမှတ်ပြည့်…. おめでとうございます🎉🎊
ကိုယ်နဲ့ 初級 (basic ) ထဲကကလေးက ခု 上級(intermediate) ကိုအောင်သွားပြီ..ရင်ထဲငိုချင်လာတာ.. အရမ်းပျော်လို့… တော်လိုက်တာခုတော့သူတိူ့ကြိုးစားခဲ့တာတွေအရာထင်ပြီ..ကိုယ့်ရှေ့မှာပဲ N4 grammar တွေရှင်းနေရင်းကနေ N2 အထိပြီးသွားတာ ခဏလေးလိုပဲ.. 🥺 သူတို့စာမေးတာလေးတွေတောင်ပြန်မြင်ယောင်မိတာ… ဒါကိုယ်တော်လို့မဟုတ်ပါဘူး..သူကိုက အရမ်းကြိုးစားတာလို့ 💜💜
ခွန်အားတွေအများကြီးဖြစ်ပေးကြလို့ ကျေးဇူးပါကလေးတို့🥰
05/12/2022
おめでとう 🥳 3 လပဲသင်ထားတဲ့ ကျောင်းသူတစ်ယောက်းရဲ့result လေး💕 Vocabulary &Grammar full marks 🤩 ကိုယ်ပြောသမျှအကုန်ကျက်တယ်.. ဒီလုပ်ခဲ့ဆိုလုပ်တာပဲ.. ကိုယ့်ဆီ စတက်တော့ ဘာဆိုဘာမှ မသိတဲကျောင်းသူလေး ခုတော့ အမှတ်ပြည့်နီးပါး ပေါ့ ❤️
Listening ဒီထက်ပိုဖြေနိုင်မှာတဲ့ 😢 ကျောင်းတွေဘက်ကသာ စက်ဒီထပ်ကောင်းကောင်းလုပ်ပေးန်ုင်ရင် ကျောင်းသားတွေ ပိုအမှတ်ကောင်းကြမှာ 😬
သူတို့လို အချိန်တိုတိုနဲ့ အမှတ်ကောင်းကောင်းရချင်ရင် မနက်ဖြန်စမယ့်အတန်းသစ်ကို ကျောင်းသားအပ်လက်ခံသေးတယ်နော် ‼️📣 Grammar တွေတထိုင်ထဲရဖို့ စာမေးပွဲအောင်စေမယ့် အချက်တွေပြောဖို့က Sensei တာဝန်..みんな တာဝန်က အတန်းပုံမှန်တက်ပေးဖို့ပဲ
02/12/2022
Japanese Language New-intake Announcement 🇯🇵 N5 ကိုအမှတ်ပြည့်နီးပါးအောင်ချင်သူတွေအတွက် ‼️
🖇️ ခုချိန်ထိ N5 ကျရှုံးသူတစ်ဦးမှမရှိသေးတဲ့ ထိရောက်မှု 💯 အပြည့်ရှိပြီး ဂျပန်စာကို ကုန်ရတဲ့အချိန် ၊ပေးရတဲ့ သင်တန်းကြေးနဲ့ကိုက်ညီတဲ့ ဂျပန်စာသင်တန်းရှာနေပါသလား 💪 အာမခံချက်အပြည့်ပေးမယ့် ဂျပန်စာ အခြေခံအတန်း ထပ်ဖွင့်ပေးထားပါတယ်..ကျောင်းသားတွေရဲ့ 100% reviews တွေလည်း တင်ပေးထားတာမို့ ယုံကြည်စာအပ်နှံနိုင်ပါတယ်..
📝 ဘယ်လိုလူတွေတက်ရောက်နိုင်မလဲ ?
📍 ဘာ အခြေံခံ မှ ရှိစရာမလိုပါဘူး 🤭 တစ်ခုပဲယူလာပါ… သင်ယူလိုစိတ်လေးတစ်ခုပါပဲ ☑️ ✋ဂျပန်နဲ့ပက်သက်တဲ့ဘာတစ်ခုမှ မသိဘူး..ကြားဖူးနားဝဆိုလို့ sushi တစ်ခုပဲရှိတယ်ဆိုရင်တောင် ၃လကျော်အတွင်း n5 ရကိုရသွားစေရပါမယ် 🤝 ကျက်ချင်စိတ်ဖြစ်အောင်လည်း တစ်ကျက်ကျက် ပြောနေမှာပါ စိတ်မပူပါနဲ့
ဘာကြောင့် Inochi Japanese Language ကိုရွေးချယ်သင့်လဲ ⁉️
✅ ဂျပန်စာအခြေခံ ဘာမှမရှိတဲ့သူဖြစ်စေကာမူ အခြေခံကိုအလကားသင်ကြားပေးပြီး N5 ၄ လပြည့်လျှင် စာမေးပွဲဖြေနိုင်သည်အထိကျွမ်းကျင်ေအာင်သင်ကြားပေးခြင်း
✅ N2 အောင် N1 level ရှိ YUFL BA japan အထူးပြုဆရာမဖြင့် Zoom face to face သင်ကြားနိုင်ပြီး အတန်းချိန်ပြင်ပမှာပါ မသိတဲ့စာတွေကို ချက်ချင်းမေးနိုင်တဲ့အတွက် အပြန်အလှန် ဆရာမနှင့် ရင်းနှီးစွာ သင်ကြားနိုင်ခြင်း .. ၆တန်းကစလို့ အသက် ၄၀ နားအထိ ကျေင်းသားအတွေ့အကြုံ ၄နှစ်ရှိတာမို့ သင်ကြားရေးမှာတော့ စိတ်ပူစရာမရှိပါဘူး ‼️✅
✅ စာနေ့စဉ်မေးပြီး ၅ ခန်းတစ်ခါ ၁၀ခန်းတစ်ခါ အတန်းတွင်းစာမေးပွဲအပြင် အတန်းထဲမှာပဲ Grammar & Kanji ကိုအလွတ်ရအောင် သင်ကြားပေးခြင်း.. ✨ အရမ်းခက်ပါတယ်ဆိုတဲ့ hiragana katakana တွေ သူများ ၃ပတ် ၄ပတ် မရဘူး ညည်းနေချိန် တစ်ပတ်ထဲ့နဲ့ ရဖို့ အာမခံပါတယ်နော် 👀 grammar တွေလည်း တစ်ထိုင်ထဲနဲ့ရဖို့ sensei တာဝန်ထားပါ .. 😎 ကျောင်းသားတွေဘက်က ကျောင်းချိန်မှန်မှန်တက်ပေးရုံပဲ ✅
✅ အထူးအခွင့်အရေးအနေနဲ့ **အတန်းချိန်မီးပျက်သွားလို့ဖြစ်စေ.. မအားတာပဲဖြစ် စေ...အကြောင်းအမျိုးအမျိုးကြောင့် အတန်းပျက်ခဲ့ရင်လည်း အတန်းမှာသင်သမျှကို Video Record လည်းပြန်ပို့ခြင်း
✅ ဂျပန်မှာ ကျောင်းသွားတက်ချင်တဲ့သူတွေ.. အလုပ်သွားလုပ်ချင်တဲ့သူတွေ အတွက်လည်း..INOCHI ကျောင်းသားတေွကိုဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ နမည်ကြီး ဖြစ်တဲ့ Waseda Language school သို့ကျောင်းလျှောက်ပေးတဲ့အတွက် agency သက်သက်ရှာစရာမလိုတော့ခြင်း
✅ အတန်းဖော်သူငယ်ချင်းများနှင့်အတူ စာအပြိုင်အဆိုင် လုပ်နိုင်အောင် အတန်းတွင်း ကြိုးစားချင်စိတ်ဖြစ်အောင် အမြဲ Activities , အားပေးစကားများပြောပေးခြင်း
⏰ အတန်းချိန်တွေအနေနဲ့ကတော့ တစ်ပတ် 3 ရက်ဖြစ်ပြီး အချိန်ကာလ 3 လကျော် 4လပဲကြာမြင့်ပါမယ်..
Timetable- Monday ,Wednesday - 1:00-3:00
Saturday 10-12am
🖇️ သင်တန်းကြေးကတော့ N5 အပြတ်ကို 130000 ပါ.. Basic ကို Free သင်ကြားပေးမှာဖြစ်ပါတယ်.. N5 ရဲ့ Grammar, Vocabulary, Kanji စာလုံး ရေးနည်းများ စသည် အားလုံးကို 4 Skills ဖြင့်စနစ်တကျ စိတ်ရှည်ရှည်သင်ကြားပေးပြီး 5 ခန်းတစ်ခါ စာမေးပွဲစစ်ပေးတာကြောင့် အတန်းပြီးတာနဲ့ N5 level ပိုင်သွားစေရပါမယ်..
🚨 ကျောင်းသားအရေအတွက် ကန့်သတ်ထားပြီး လူဦီးရေ အပြည့်မြန်တဲ့အတွက် ဂျပန်စာစိတ်ဝင်စားတယ်ဆိုရင် အမြန်လေးတော့ စာရင်းပေးထားပါနော်
ဂျပန်စာ စိတ်ဝင်စားတဲ့သူတွေ တွေဝေမနေပဲ သက်လဲ့နဲ့အတူ ဂျပန်စာကို အချိန်တိုအတွင်းမှာ တကယ်တက်မြောက်ဖို့ ပျော်ပျော်ပါးပါး သင်ယူဖို့ ဖိတ်ခေါ်ပါရစေနော်..✅တက်မြောက်ဖို့ ကျမဘက်က ၁၀၀% တာဝန်ယူပါတယ်.. ကျောင်းသားတွေဘက်က တာဝန်ယူပေးရမှာကတော့ တစ်ခုထဲပါ.. ကျမ အမြဲပြောနေကျစကား *သင်ယူလိုစိတ်* လေးပါပဲ 💪 ☑️ကျန်တဲ့အပိုင်း grammar တွေတစ်ထိုင်ထဲရဖို့ စာကျက်ချင်စိတ်ဖြစ်ဖို့အကုန် ကျမဘက်က တာဝန်ယူပါတယ် ✔️🔴N5 ကိုအ
22/08/2022
7,8 months နဲ့ N4 အထိ အပိုင်ဆွဲကြသူများ 😎😎JLPT ခက်တယ်တွေဘာတွေမသိ Goi 120/120 အမှတ်ပြည့်နဲ့ 💪 နိုးနိုးချင်း ပျော်လွန်းလို့ ... Inochi မှ စာမေးပွဲအောင်မြင်သူများ ,အတွက် ဆုပေးပွဲလုပ်ပေးမှာမို့ အမှတ်တေ်ွ ထပ်လာပြကြဦးနော် 😍😎
10/08/2022
🚨 JLPT N4 December အတွက် 100% တာဝန်ယူမှုနဲ့ စာမေးပွဲအောင်စေမယ့် N5 revision+N4 class အတန်းအပ်လို့ရပါပြီ
🌟 ကိုယ့်ရဲ့ ဒီ N5 revision+ N4 အတန်းကတော့ကျောင်းသားတွေအရမ်းသဘောကျတဲ့အတန်းပဲ ..စာမေးပြီးတစ်ဦးချင်စိဂရုစိုက်လို့ စာမေးပွဲဖြေအောင်ချင်တဲ့သူတွေအတွက်ဖို့ အရမ်းကောင်..စာမေးပွဲမဖြေချင်တဲ့သူတွေလည်း စာရချင်ရင် Join လို့ရတယ်နော်
(Senior တွေပေးတဲ့ Review တွေလည်းဖတ်ကြည့်နော်..ကိုယ် တကယ်တက်ကြည့်လို့ အဲ့လိုမဟုတ်ဘူးဆိုရင် Fees ပါ ပြန်အမ်းပါမယ် 😎😁)
📚သင်ကြားမည့်စာအုပ် - Minna N4+N4soumatome+N4challenge+N5 revision book
👩🏫 သင်ကြားမည့်တာဝန်ခံဆရာမ - N2 အောင်လက်ရှိ N1 level ,YUFL Japanese အထူးပြု (3years experience in teaching industry)
🛎️ ဘယ်လိုသူတွေ တက်သင့်လဲဆိုရင် N5 မှာ စာရခဲ့သလိုမရသလိုဖြစ်နေတယ်.. N4 စာမေးပွဲလည်း ဝင်ဖြေချင်တယ်.. စာမကျေမှာ စာမလိုက်နိုင်မှာလည်း ဆိုးတဲ့သူတွေ ဒီအတန်း ကိုတက်စေချင်ပါတယ်..N5 ကျေပြီးသားသူတွေကတော့ ပိုနှောကြေနေစေရမယ် 🙌...
🛎️ JLPT ကို အမှတ်ကောင်းကောင်းနဲ့အောင်ရမယ်
🛎️ ဆရာမနဲ့ တစ်ဦးချင်းစီသင်ရသလို စာမေးပြီး Kanji တွေအမြဲအလွတ်ရေးနိုင်ရမယ် (INOCHI ကျောင်းသားဆိုရင် Grammar & Kanji ကတော့ကြောက်စရာလို့ကိုမထင်တော့တာ 😄 )
🟥သင်ကြားမယ့်ပုံစံ
ဒီအတန်းမှာ N5 ရဲ့ grammar, vocabulary, kanji တွေကိုအပတ်တိုင်း Aim for JLPT N5 revision စာအုပ်နဲ့သေသေချာချာ ပြန် train ပေးမှာဖြစ်ပြီး တစ်ဖက်မှာလည်း N4 full course ( Minna N4,N4 soumatome,challange )ကို တိကျတဲ့ Grammar note တွေနဲ့ ၅ခန်းတစ်ခါ အပတ်စဉ် ၊လစဉ် စာမေးပွဲတွေ စစ်ပေးမယ့် အတန်းဖြစ်ပါတယ်..
N5 revision ပါလို့ revision class ဖိုးလုံးဝမတောင်းပါဘူးနော်..N4 အပြတ် 140000 ပါပဲ 💯
စာကျက်ပျင်းတဲ့သူတွေအတွက်လည်း အမြဲအားပေးပြီး စာကျက်ဖို့ တိုက်တွန်းနေမှာနော်..အဲ့တော့ လာမယ့် December စာမေးပွဲမှာN4 ဖြေချင်တယ့်သူတွေ တွေဝေမနေတော့ပဲ . သူငယ်ချင်းတွေအပြိုင်အဆိုင်ကျက်ပြီး JLPT အတွက် အသားကုန် ကြိုးစားကြရအောင် 💪💪
🕑 အတန်းချိန် Thursday 8-10pm Sunday 11-1 am, Saturday 10-12 am..
Starting date - 10 August
လူဦးေ ရကန့်သတ်ထားပါတယ်..ပြည့်ပြီဆိုမှ ဂျီမကျပါနဲ့ေ နာ်😫
03/08/2022
Edit -စာရင်းပိတ်ပြီ့းဖြစ်ပါတယ်.. ထပ်တိုးမရတော့ပါ
ကိုယ့် Inochi ကျာင်းသားတွေ အားလုံးအတွက်တော့ တာဝန်ကျေခဲပါ့ ပြီ 💪✨ မနက် ထဲက ထပြီး မတ်တပ်ရပ်တန်းစီရကျိုးနပ်ခဲ့ပါ ပြီ..Form တင်ခွင့်ရဖို့လည်း အစွမ်းကုန် ကြိုးစားပေးပါမယ်.. စာရင်းပေးထားသူများ အချက်အလက်များကို N5 ဆိုလျှင်ဒ်ီနေ့ နောက်ဆုံး N4 N3 N2 N1 မနက်ဖြန်ညနေနောက်ဆုံးပို့ပေးပါ..အချက်အလက် အချိန် တိတိကျကျပို့ပေးပါ..မဟုတ်လျှင် တင်ပေးလို့မရပါနော် 😔🙏
31/07/2022
ဆရာမဘဝရဲ့ပျော်ရွင်မှုလေး
ကိုယ်ရဲ့ကျောင်သားတွေဆီကအမြဲလိုလိုကြားရတဲ့စကားက..Sensei နဲ့မို့စာလုပ်ဖြစ်တာ..အရင်ကစာမကျက်ချင်ဘူး..ခုတော့ Moti ဖြစ်တယ်..ကျောင်းမပျက်ချင်ဘူး..ပျက်ရင်စိတ်ညစ်ရတာ ဆိုတာလေး 😁 ဟိုနေ့က ကျောင်းသားနဲ့အပြင်မှာတွေ့တော့ စာသင်တဲ့အချိန်ဆို Microph ဖွင့်ထားတော့ သူ့အဖေက ဆရာမက စေတနာပါလိုက်တာ..အကုန်ပြောပေးလုပ်ပေးတယ်..သဘောကျလို့ သူနဲ့ဆက်တက်ဖို့ပြောတယ်တဲ့..တစ်ချို့ရဲ့မိဘတွေကလည်း ကလေးတွေ Sensei နဲ့မှ စာလုပ်လာတယ် လို့ပြောတာကြားရတော့ ဆရာမတစ်ယောက်အနေနဲ့တကယ် ပျော်ရတာပါပဲ..ဆရာမဆိုတာ စာသင်နေဖို့ပဲမဟုတ်ပဲ ကိုယ့်ကျောင်းသားတွေ စိတ်ဓာတ်ခွန်အားပါပေးသင့်တယ်ထင်တယ်..ဒါကြောင့် သူတို့ကိုအမြဲ ချူးကျူး ပေးတယ်..စာလုပ်ဖို့ တိုက်တွန်းပေးတယ်...အရမ်းအကြီးကြီးတွေမပြောပဲ ကိုယ်လုပ်နိုင်တဲ့ သေးသေးကစကြိုးစားဖို့ပြောတယ်..အနီးစပ်ဆုံး ကိုယ် N5 တက်တယ်..ကိုယ်စပြီးတဲ့ကိစ္စမို့ အဆုံးထိပြီးအောင် လုပ်ဖို့..တာဝန်ကြေဖို့ပြောဖြစ်တယ်..ခုတော့ သူတို့တွေ N3 ရောက်ကုန်ပြီ..ကိုယ်ပြောခဲ့တဲ့ ဒီစကားတွေ ကသူတို့နားထဲရောက်ပြိး အဆင်ပြေတယ်ကြားရတော့ ပိုလည်း အားဖြစ်တယ်..ဘယ်လို ထပ်လုပ်ပေးရင်ကောင်းမလဲဆိုတာ အမြဲစဉ်းစားဖြစ်တယ်..သတို့ကိုစာမေးလို့စာမရတာ..အတန်းမတက်တာတို့ဆို ကိုယ်သင်တာပဲလိုနေလို့လား အမြဲ ဆန်းစစ်နေရတယ်..ခုကတော့ ဒီစကားလေးတွေကြားရတာများလာတော့ အားတက်ပြီးရေးလိုက်တာပဲ 😂 အဲ့တော့ ကျောင်းသားတွေလည်း ကြိုးစားပါ.. Sensei လည်းအမြဲ ပိုကောင်းတဲ့ Support တွေပေးဖို့ ကြိုးစားနေပါတယ်..ကိုယ့်ကျောင်းသားတွေ Level တွေမြင့်လာလေလေ ကြိုးစားနေတာတွေ တွေ့ လေလေ ပိုပို ကျေနပ်ပီတိဖြစ်ရလေပါပဲ..N5 to N4.. N4 to N3..N3 to N2..N2 to N1 ထိရောက်အောင်လုပ်ကြနော်.. 'やる気が有れば何でも出来る' (やるきがあればなんでもできる)ကြိုးစားချင်စိတ်ရှိရင် ဘာမဆိုဖြစ်နိုင်တယ်တဲ့..အားလုံးပဲ Fighting 💪❤
ကျောင်းသားသစ်တွေအတွက်လည်း ခု N5 N4 N3 အတန်းတွေဖွင့်ထားပေးတယ်နော်..စာတက်ဖို့ ဆရာမဘက်မှ အပြည့်အဝ တာဝန်ယူတယ်နော်.. JLPT အမှီအတန်းတွေကတော့ စဖွင့်နေပြီမို့ အမြန်ကျောင်းအပ်ပေးနော် 🙏
N5 အတန်းသစ် timetable - Monday ,Tuesday 6-8, Sunday 9-11 am
N3 အတန်းသစ် Timetable - Monday,Wednesday,Friday 10-12 am
29/07/2022
Inochi မှသင်တန်းသားများကိုကျောင်းမှတာဝန်ယူ ဖောင်တင်ပေးပါမည် 💪😇
28/07/2022
JLPT exam ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ
JLPT 2022 December
ဒီဇင်ဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့များ၌ ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲအတွက် လျှောက်လွှာများကို အောက်ပါအစီအစဉ်အတိုင်းလက်ခံသွားပါမည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက် (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (ရန်ကုန်)
ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education) – Learning Hub
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
လျှောက်လွှာအရောင်းကာလ (ရန်ကုန်)
နေ့ရက် - Level N5 (၉,၄၉၉ ဦး) - ၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၆.၈.၂၀၂၂ (စနေနေ့)
Level N4 (၁၉,၄၉၈ ဦး) - ၅.၈.၂၀၂၂ (သောကြာနေ့) မှ ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
Level N3 (၆,၃၀၀ ဦး) - ၉.၈.၂၀၂၂ (အင်္ဂါနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N2 (၂,၂၀၀ ဦး) - ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N1 (၃၀၀ ဦး) - ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
မှတ်ချက် ။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်ဝယ်ယူလိုသူများအတွက် သတ်မှတ်ချက်များကို သီးသန့်ကြေငြာပါမည်။
လျှောက်လွှာလက်ခံကာလ (ရန်ကုန်)
Level N5 (၉,၄၉၉ ဦး) - ၄.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၆.၈.၂၀၂၂ (စနေနေ့)
Level N4 (၁၉,၄၉၈ ဦး) - ၇.၈.၂၀၂၂ (တနင်္လာနေ့) မှ ၁၀.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)
Level N3 (၆,၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N2 (၂,၂၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
Level N1 (၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
၎။ လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (မန္တလေး)
MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
လျှောက်လွှာအရောင်းကာလ (မန္တလေး)
နေ့ရက် - ၃.၈.၂၀၂၂ (တနင်္လာနေ့) မှ ၁၄.၈.၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
မှတ်ချက်။ ။ ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်ဝယ်ယူလိုသူများအတွက် သတ်မှတ်ချက်များကို သီးသန့်ကြေငြာပါမည်။
လျှောက်လွှာလက်ခံကာလ (မန္တလေး)
Level N1 (၁၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N2 (၃၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N3 (၇၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N4 (၄,၅၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
Level N5 (၃,၀၀၀ ဦး) - ၁၁.၈.၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄.၈.၂၀၂၂ (တနင်္ဂနွေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ
၅။ Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်ပြား) ပြန်ထုတ်ကာလ (ရန်ကုန်၊ မန္တလေး)
နေ့ရက် - ၃.၁၀.၂၀၂၂ (တနင်္လာနေ့) မှ ၂၁.၁၀.၂၀၂၂ (သောကြာနေ့) (အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ (နေ့လည် ၁၂ နာရီ မှ ၁ နာရီအထိ ထမင်းစားနားပါမည်။)
နေရာ (ရန်ကုန်) - MAJA Office
အမှတ် 2B(5)၊ နှင်းဥယျာဉ်အိမ်ယာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 428 756 746, 09 986 093 637
နေရာ (မန္တလေး) – MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09-250 1625 33
၆။ လျှောက်လွှာတင်ကြေး - တစ်စောင် = ၃,၀၀၀ ကျပ်
၇။ စာမေးပွဲကြေး - N1, N2, N3 = ၄၀,၀၀၀ ကျပ်
N4, N5 = ၃၅,၀၀၀ ကျပ်
လျှောက်လွှာလက်ခံမည့် နည်းလမ်းများ
၁။ လူကိုယ်တိုင်လာရောက်လျှောက်ထားခြင်း။
အထက်ဖော်ပြပါနေရာများတွင် လျှောက်လွှာတင်ကြေး (၃,၀၀၀ ကျပ်) ပေးသွင်းပြီး လျှောက်လွှာထုတ်ယူရမည်။ လျှောက်လွှာတွင် လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြည့်သွင်း၍ လူကိုယ်တိုင် လာရောက် လျှောက်ထား နိုင်ပါသည်။
လျှောက်လွှာတင်ချိန်တွင် လိုက်နာရမည့်အချက်များ
၁။ လျှောက်လွှာအား ပြည့်စုံစွာ ဖြည့်စွက်ရန်။ (အချက်အလက်မပြည့်စုံသောလျှောက်လွှာများအား လုံးဝလက်မခံပါ။)
၂။ ဓါတ်ပုံ (၂) ပုံ (လိုင်စင်ဓါတ်ပုံဆိုဒ်)
၃။ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သတ်မှတ်ထားသောသက်သေခံကတ်ပြားမိတ္တူ
(က) မှတ်ပုံတင်မိတ္တူပေါ်တွင် အမည်အား အင်္ဂလိပ်စာလုံးအကြီးဖြင့် ရေးပေးရန်။
(ခ) မှတ်ပုံတင်မိတ္တူပေါ်တွင် မွေးသက္ကရာဇ်အား အင်္ဂလိပ်ဘာသာဖြင့်ရေးရန်။ (မြန်မာမွေးသက္ကရာဇ်အား
အင်္ဂလိပ်မွေးသက္ကရာဇ် ပြောင်း၍ ရေးပေးရန်။)
(ဂ) ကျောင်းသားကတ်ဖြင့် လျှောက်လွှာတင်သူများအနေဖြင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်၏ ကျောင်းသားကတ်ကိုသာ နောက်ဆုံးထား၍ လက်ခံမည်ဖြစ်သည်။
၂။ Online ဖြင့်လျှောက်ထားခြင်း။
Online မှ လျှောက်ထားလိုသူများအနေဖြင့် ရန်ကုန်၊ မန္တလေးအတွက် Online System အသစ်ဖြင့် လက်ခံမည်ဖြစ်ပြီး လူဦးရေအနည်းငယ်သာ လက်ခံသွားမည် ဖြစ်ပါသည်။ Online System ဖြင့် လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ အသေးစိတ်အား ထပ်မံ သီးသန့်ကြေငြာပါမည်။
အထူးသတိပြုရန်
မှတ်ပုံတင် ပျောက်ဆုံးသူများ၊ လက်ဝယ်မရှိသူများအနေဖြင့် အောက်ဖော်ပြပါ ကတ်ပြားများဖြင့် လျှောက်ထားနိုင်ပါသည်။ ယင်းကတ်ပြားများမှလွဲ၍ ကျန် အခြားမည်သည့်ကတ်ပြားနှင့်မျှ လျှောက်ထား၍ မရနိုင်ပါ။
(၁) ယာဉ်မောင်းလိုင်စင်
(၂) နိုင်ငံကူးလက်မှတ်
(၃) ကျောင်းသားကတ် (အစိုးရ အခြေခံပညာကျောင်းများနှင့် အစိုးရ လိုင်စင်ရ အခြေခံပညာကျောင်းများ)
(၄) ကျောင်းသားကတ် (အစိုးရ တက္ကသိုလ်၊ ကောလိပ်များ)
(၅) မွေးစာရင်း (အသက် ၁၀ နှစ်အောက် လျှောက်ထားမည့်သူများ)
အသေးစိတ်သိရှိလိုသည်များကို ဖုန်း- ၀၉ ၄၂၈ ၇၅၆ ၇၄၆၊ ၀၉ ၉၈၆ ၀၉၃ ၆၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)