21/10/2025
JLPT အောင်လက်မှတ် မထုတ်ရသေးသော Shin Nichi မှ ကျောင်းသားကျောင်းသူများ အောင်လက်မှတ်ထုတ်ယူလိုပါက ကျောင်းသို့ test voucher နှင့် မှတ်ပုံတင်မိတ္တူတစ်စောင် လာပေးပါရှင့်။
24.10.2025မှာ သွားထုတ်မှာမို့ 23.10.2025အထိ လာပေးလို့ရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များ ထုတ်ယူခြင်းနှင့်ပတ်သတ်၍
၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ဖြေဆိုထားသော JLPT စာမေးပွဲ Result များအား အောက်ဖော်ပြပါအတိုင်း ထုတ်ယူ နိုင်မည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။ လာရောက်ထုတ်ယူရာတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးပါက မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ခုံနံပါတ် ယူဆောင် လာရပါမည်။
သင်တန်းကျောင်းများအနေဖြင့် မိမိတို့၏ ကျောင်းသားများအတွက် တစုတပေါင်းတည်း ထုတ်ယူမည်ဆိုပါက ကျောင်းသားစာရင်း၊ Test Voucher မူရင်းနှင့် မှတ်ပုံတင်မိတ္တူများကို ပြည့်စုံစွာယူဆောင်လာပြီး ထုတ်ယူနိုင်ပါသည်။
(ရန်ကုန်စာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၈.၁၀.၂၀၂၅ မှ ၁၅.၁၀.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - ရန်ကုန်ပညာရေးတက္ကသိုလ် (Learning Hub)
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ
၁၅.၁၀.၂၀၂၅ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - JLPT Centre
အမှတ်(၂ဘီ-၃)၊ နှင်းဥယျာဥ်အိမ်ရာ ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
(မန္တလေးစာဖြေဌာနတွင်လျှောက်ထားသူများထုတ်ယူရန်)
၈.၁၀.၂၀၂၅ မှ ၁၅.၁၀.၂၀၂၅ ရက်နေ့အတွင်း (ပိတ်ရက်မရှိ)
နေရာ - မန္တလေးပညာရေးဒီဂရီ ကောလိပ်
၆၆ လမ်း၊ ၃၃ လမ်းနှင့် ၃၅ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၃း၀၀ နာရီအထိ
၁၅.၁၀.၂၀၂၅ ရက်နေ့နောက်ပိုင်း (တနင်္လာ မှ သောကြာနေ့ အထိ။ အစိုးရရုံးပိတ်ရက် နှင့် စနေ၊တနင်္ဂနွေ ပိတ်ပါသည်။)
နေရာ - MAJA Office (Mandalay Branch) (ယာယီလိပ်စာ)
၆၈ လမ်း၊ ၂၆*၂၇ လမ်းကြား၊ မန္တလေး ဆွမ်းဟိုတယ် အပြင်ဘက် အနောက်ဘက်ခြမ်း။
အချိန် - မနက် ၉း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
ဆက်သွယ်ရန် - 01-757 10 15 (Ext- 1) ရန်ကုန်
09-255 162 533 မန္တလေး