Smart Bee Education Center

Smart Bee Education Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Bee Education Center, Education, No 89, Damayarzar 3rd Street, Ward(10), South Okkalapa Township, Yangon.

20/08/2026

ကလေး က ကျောင်းမှာ ဘာသင်ရိုး သင်ကြားနေလဲ ? CIE လား? Edexcel လား? First Languageလား? Second Language လား?

20/08/2026

Primary First Language ရဲ့ Reading & Writing Test စစ်ဆေးတဲ့ ပုံစံလေး ကို မျှဝေပေးထားပါတယ်။

learning online

19/08/2026

I / me / my / mine ရဲ့ အဆက်လေးပါ။ စကားလုံးတွေ ဇယားထဲထည့် အလွတ်ကျက်ခိုင်းတာမျိုး မလုပ်ပဲ စာကြောင်းထဲမှာ ထည့်သုံးခိုင်းကြမယ်။

19/08/2026

Subject Pronouns နဲ့ Objects Pronouns ကို ခဏ ခဏ ရောနေကြ တဲ့ ကလေးလေးတွေအတွက် ငယ်ငယ်ကလို I / me / my / mine ကို ဇယားထဲထည့် အလွတ်မကျက်ပဲ စာကြောင်းလေးထဲ ထည့်ပြောကြည့်ရအောင် 🎶

18/08/2026

စာဖတ်တတ်တယ်ဆိုတာ ကလေး ၁ ယောက် ပညာရေးခရီးလမ်းမှာ အရေးကြီးတဲ့ အခြေခံအုတ်မြစ်ပါ။
ဒီ အခြေခံလေးကို အချိန်ယူတည်ဆောက်ပေးလိုက်တဲ့အခါ စာဖတ်ခြင်းကို ချစ်မြတ်နိုးတဲ့ ကလေးများ ဖြစ်လာစေပြီး စာဖတ်ခြင်းမှ တဆင့် တခြားသော ဗဟုသုတ များကိုပါ လေ့လာရှာဖွေ တတ်တဲ့ ၊အတွေးအခေါ် ရင့်သန်တဲ့ ကလေးများ ဖြစ်လာစေမှာပါ။

16/08/2026

Teachers’ Collaborative Learning Session

ကလေးတွေရဲ့ Writing Skill တိုးတက်လာစေဖို့အတွက် ဆရာမများအနေနဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ လက်ရှိအခြေအနေ၊ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို အတူတကွ ဆွေးနွေးခဲ့ကြပြီး Writing ကို ပိုမိုထိရောက်စွာ သင်ကြားပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ အမြဲတမ်းလေ့လာတိုးတက်မှုနဲ့ ပူးပေါင်းဆွေးနွေးမှုက ကလေးတွေရဲ့ သင်ယူတိုးတက်မှုအတွက် အရေးကြီးတယ် လို့ ယုံကြည်ပါတယ်။ 🐝📚

‘’လမ်းဆုံကိုရောက်ရင် ဘယ်ဘက်ကို ဘယ်တော့မှ မကွေ့ပါနဲ့" ဆိုတဲ့ စာသားက Avery မြေအောက်ခန်းထဲမှာ တွေ့ခဲ့တဲ့ စာအုပ်ထဲက ပထမဆုံး ...
16/08/2026

‘’လမ်းဆုံကိုရောက်ရင် ဘယ်ဘက်ကို ဘယ်တော့မှ မကွေ့ပါနဲ့" ဆိုတဲ့ စာသားက Avery မြေအောက်ခန်းထဲမှာ တွေ့ခဲ့တဲ့ စာအုပ်ထဲက ပထမဆုံး ရေးထားတဲ့ စာကြောင်းပါ။ မြေအောက်ခန်းထဲမှာ ဖုန်တွေ၊ ပင့်ကူအိမ်တွေ ပြည့်နှက်နေပြီး Avery ကိုယ်တိုင်လည်း အဝါရောင်အဖုံးနဲ့ စာအုပ်တစ်အုပ်ကို တွေ့ခဲ့တာပါ။ အဲ့ဒီစာအုပ်က လမ်းဆုံအချို့မှာ ဘယ်ဘက်ကို မကွေ့ဖို့နဲ တစုံတခု က နားထောင်နေတယ်လို့ လည်းရေးထားပါတယ်။

အဲ့ဒါ ဘာကိုဆိုလိုမှန်း Avery မသိပေမယ့် Avery ရဲ့ ကျောရိုးထဲအထိ စိမ့်ခနဲ အေးစက်သွားခဲ့ပါတယ်။
အဲ့ဒါက အဘွားရဲ့ မြေအောက်ခန်းဖြစ်ပြီး စာအုပ်တွေနဲ့ ပစ္စည်းဟောင်း သေတ္တာတွေ ရှိပါတယ်။ အဘွားဆုံးပါးသွားခဲ့တာကြောင့် Avery က ဒီအိမ်ကို အမွေရခဲ့တာပါ။ Avery စက္ကန့်ပိုင်းလောက် ကြည့်လိုက်တဲ့အခါ စာအုပ်စင်တွေ ပိတ်ဆီးနေတဲ့ တံခါးတစ်ချပ်ကို တွေ့ခဲ့ပါတယ်။ Avery က ဒါကို ရေနွေးချိုးခန်း လိုအခန်းငယ်တခုလို့ ထင်ခဲ့ပေမယ့် စာအုပ်စင် တွေကို ဖယ်ပြီး တံခါးကို ဖွင့်လိုက်တဲ့အခါ ဂူတစ်ခုလိုမျိုး တွေ့လိုက်ရလို့ အံ့အားသင့်သွားခဲ့ပါတယ်။

အဲ့ဒါက တစ်ခုပေါ်တစ်ခု ထပ်ထားတဲ့ ကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ ဂူငယ်လေးတစ်ခုပါ။ Avery
ဂူငယ်လေးထဲ ဝင်သွားတဲ့အခါ ဖုန်တွေက နေရာ
တစ်ခုလုံးမှာ ပြည့်နှက်နေပါတယ်။ ဒီနေရာက
တကယ့် အစစ်အမှန်နေရာ မဟုတ်သလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ပေးနေပါတယ်..

သူ ပိုနက်တဲ့နေရာကို ဝင်သွားတဲ့အခါ အလင်းရောင်မရှိဘဲ သစ်ပင်တွေ ရှိနေနိုင်စရာ အကြောင်းမရှိတာကြောင့် ထူးဆန်းတဲ့ ပုံသဏ္ဌာန်ရှိတဲ့ သစ်ပင်တွေနဲ့ မြက်တွေကို တွေ့လိုက်ရတာ အတော်လေး ထူးဆန်းနေပါတယ်။ ပိုနက်တဲ့နေရာကို သွားလေလေ ဂူက ကျယ်ပြန့်လာပြီး ပိုကြီးတဲ့ ဂူနဲ့ ဆက်နေတာကို ရုတ်တရက် သဘောပေါက်လိုက်ပါတယ်။

Avery က ဂူကြီးကို ငေးကြည့်လိုက်တဲ့အခါ သစ်ပင်တွေအပေါ်မှာ သစ်ပင်တွေ ထပ်မကင်း ရှိနေတာကို တွေ့လိုက်ရပါတယ်။ မြက်တွေကလည်း ပိုပြီး စိမ်းလန်းနေပါတယ်။Avery က "ဒီနေရာက ဘာနေရာလဲ" လို့ တွေးနေမိပါတယ်။

သူက သူငယ်ချင်းတွေနဲ့အတူ ဆက်လက် စူးစမ်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပေမယ့် အနောက်ကို လှည့်လိုက်တဲ့အခါ ခြေသံလိုမျိုး ကျယ်လောင်တဲ့ အသံတစ်သံ ကြားလိုက်ရပါတယ်။ Avery တောင့်ခနဲ ဖြစ်သွားပြီး ရုတ်တရက် ရပ်လိုက်ပါတယ်။ ပြီးတော့ဂူကြီးအောက်ကို ပြေးဆင်းသွားပြီး မီးရှူးတိုင်တွေ ရှိတဲ့ ကြေးနီရောင် လိုဏ်ခေါင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ နက်ရှိုင်းတဲ့ သမုဒ္ဒရာလိုမျိုး ကုန်းမြေတစ်ခုနဲ့ ဆုံသွားတဲ့ လိုဏ်ခေါင်းရဲ့ အဆုံးကိုတွေ့လိုက်တာကြောင့် ရပ်ပြီး အနောက်ကို ဖြည်းဖြည်းချင်း
လှည့်ကြည့်လိုက်တယ်။

အပိုင်း ၂
သူရဲ့အနောက်က မီးရှူးတိုင်တွေ …
တစ်ခုပြီးတစ်ခု ငြိမ်းလုနီးပါး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကိုတွေ့တော့ Avery က ရှေ့က တွင်းထဲကိုပဲ ဆက်ခုန် ဆင်းလိုက်တယ်။ ရေထဲကို ရောက်သွားတဲ့အခါ ရိုက်ခတ်မှုကြောင့် အရိုးတွေ ကျိုးသွားခဲ့ပြီး သွေးတွေနဲ့ပဲတဖက်ကမ်းပေါ် တက်ဖို့ ရုန်းကန်ကြိုးစားခဲ့ရတယ်။

လက်တဖက်ကလည်း ကျိုးသွားတဲ့အပြင်
ခြေထောက်တွေ လည်းတုန်ယင်နေတာကြောင့် မနည်း လမ်းလျှောက်နေခဲ့ရတယ်။ Avery က အခြားလိုဏ်ခေါင်းတစ်ခုထဲ ဝင်သွားပြီး ဖြည်းဖြည်းချင်း လျှောက်သွားခဲ့တယ်။ လိုဏ်ခေါင်းထဲ ရောက်တဲ့အခါ ဘယ် ၊ညာ ရွေးရမယ့်လမ်းဆုံတစ်ခုကို တွေ့လိုက်ရတယ်။ စာအုပ်ထဲမှာ ဘယ်ဘက်ကို မကွေ့ဖို့ ရေးထားပေမယ့် လိမ်ညာထားတာလည်း ဖြစ်နိုင်တာကြောင့် Avery က စွန့်စားပြီး ဘယ်ဘက်ကို ကွေ့ဖို့ ရွေးချယ်လိုက်တော့တယ်။

ပိုနက်တဲ့နေရာကို ရောက်သွားတာကြောင့်
ကျောရိုးတလျှောက် စိမ့်ခနဲ အေးစက်သွားပြီး မျက်ရည်တွေပါဝဲလာနေပါပြီ…

ဂူရဲ့ အဆုံးမှာ အဝါရောင်စာအုပ်တစ်အုပ် ရှိတဲ့ စာဖတ်စင်တစ်ခု စိုက်ထူထားပါတယ်။ သူက စာဖတ်စင်ဆီ ဖြည်းဖြည်းချင်း တိုးသွားပြီး အဲ့ဒါ ဘာမှဆိုးဆိုးဝါးဝါး မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေခဲ့တယ်။ အဲ့ဒီနောက် Avery က စာအုပ်ကို ဖွင့်လိုက်တဲ့အခါ စာအုပ်ထဲက သာမာန်လူသားတွေ နားမလည်နိုင်တဲ့ပညာရပ်တွေက သူ့စိတ်ဝိညာဉ်ထဲ ပြည့်နှက်သွားခဲ့တယ်။ လူသားတစ်ယောက် မသိနားမလည်နိုင်တဲ့ ပညာရပ်တွေကြောင့် Avery က နောက်ဆုံးထွက်သက်ကို ရှူသွင်းလိုက်အပြီး မေ့မြောသွားပါတော့တယ်။

—————

Mysterious Knocking Sounds (ထူးဆန်းသော တံခါးခေါက်သံများ)
တစ်နေ့မွန်းလွဲပိုင်းမှာ မိဘတွေက တစ်ပတ်ကြာ စီးပွားရေးခရီးထွက်သွားကြတာကြောင့် Sua က အိမ်မှာ တစ်ယောက်တည်း ရှိနေခဲ့ပါတယ်။ သူမရဲ့ ဘေးကင်းရေးအတွက် အိမ်ထဲက တံခါးတိုင်းကို သေချာ ပိတ်ထားခဲ့ပါတယ်။ အဲ့ဒီနောက် အိပ်ခန်းထဲဝင်၊ မီးပိတ်ပြီး ကုတင်ပေါ်မှာ လှဲရင်း ဖုန်းကြည့်နေခဲ့ပါတယ်။

သူမက ညနေပိုင်းမှာ အိပ်ပျော်သွားခဲ့ပါတယ်။
အချိန်တွေ ကုန်လွန်သွားပြီး အပြင်မှာ မိုးရွာနေချိန် ညသန်းခေါင်မှာ နိုးလာခဲ့ပါတယ်။ သူမ
ကုတင်ပေါ်က ထလိုက်ချိန်မှာ ဗိုက်ဆာနေတာကြောင့် စားစရာတစ်ခုခုလုပ်ဖို့ မီးဖိုချောင်ဆီ လမ်းလျှောက်သွားခဲ့ပါတယ်။ ရေခဲသေတ္တာထဲကို ကြည့်လိုက်တဲ့အခါ အမဲသားဟင်းချက်ဖို့ လုံလောက်တဲ့ ပါဝင်ပစ္စည်းတွေကို တွေ့လိုက်ရပါတယ်။ အပြင်မှာ မှောင်မည်းနေပြီး မိုးရွာနေတာကြောင့် ဘာမှသေချာ မတွေ့ရပါဘူး။

အဲ့ဒိအချိန် ပင်မဓာတ်တိုင်ကို မိုးကြိုးပစ်ချလိုက်တာကြောင့် လျှပ်စစ်မီးတွေလည်းပြတ်တောက်သွားခဲ့ပါတယ်။ မိုးကြိုးပစ်သံ ကျယ်လောင်စွာ ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် တစ်အိမ်လုံး မှောင်မည်းသွားခဲ့ပါတယ်။ သူမ ရဲ့ ဖုန်းမီးအိမ်ကို ဖွင့်ပြီး အနောက်တံခါး အပြင်ဘက်က မီးစက်ဆီ သွားခဲ့ပါတယ်။ မီးစက်က တစ်အိမ်လုံးအတွက် လျှပ်စစ်မီး မပေးနိုင်တာကြောင့် မီးဖိုချောင်အတွက်ပဲ မီးဖွင့်ခဲ့ပါတယ်။

အဲ့အချိန် ချုံပုတ်တွေထဲက လှုပ်ရှားနေတဲ့ အသံကို ကြားလိုက်ရတာကြောင့် အဲ့ဒီဘက်ကို လှည့်ကြည့်
လိုက်တဲ့အခါ အရိပ်တစ်ခုကို တွေ့လိုက်ရပါတယ်။

ကြောင် သို့မဟုတ် တောကောင်ကောင်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် စိတ်ထဲက ထူးဆန်းပြီး ကြောက်ရွံ့နေတာကြောင့် အိမ်ထဲကို အမြန် ပြန်ဝင်လာခဲ့ပါတယ်။ တံခါးကို အမြန်ဆုံး သော့ခတ်လိုက်ပြီး ဘာမှမမြင်ရသလို ဟန်ဆောင်ကာ ဟင်းဆက်ချက်နေခဲ့ပါတယ်။

ခဏကြာတော့ အနောက်ဘက်က ထူးဆန်းတဲ့ တံခါးခေါက်သံတွေကို ကြားလိုက်ရတာကြောင့်
အနောက်တံခါးဆီ သွားကြည့်လိုက်တဲ့အခါ
အရပ်ရှည်ရှည် အမျိုးသားတစ်ယောက် တံခါး
အပြင်ဘက်မှာ ရပ်နေတာကို တွေ့လိုက်ရပါတယ်။

အဲ့ဒီလူက စိုက်ကြည့်နေပြီး မိုးရွာနေတာကြောင့် အိမ်ထဲဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူမ ကြောက်လန့်သွားပြီး အိမ်ထဲဝင်ခွင့်မပေးဖို့ ဆုံးဖြတ်ကာ အိပ်ခန်းဆီ ပြန်ပြေးသွားခဲ့ပါတယ်။

အဲ့ဒီလူက ဒေါသထွက်သွားပြီး တံခါးကို ပုဆိန်နဲ့ ဖျက်ဆီးလိုက်တာကြောင့် သူမ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ အဲ့ဒီလူက အသံကို ကြားသွားပြီး သူမကို စတင် ရှာဖွေခဲ့ပါတယ်။
ကြောက်ရွံ့မှုတွေနဲ့ အသံထပ်ပြီးမထွက်မိအောင်ထိန်းထားရင်း အခန်းထောင့်လေးမှာ မျက်ရည်တွေနဲ့ ပုန်းနေခဲ့ပါတယ်…

————————————
KET အတန်းရဲ့ Suspense Writing လေးပါ။ KET ဆိုပေမဲ့ Grammar mistake အနည်းငယ်ကလွဲရင်
idea development နဲ့ Organization က B1 လောက်ရှိပါတယ်။
Grammar and Writing အတန်းရဲ့ Writing ရလဒ် အရေးအသားလေးတွေကတော့ တကယ်ကို မြင်သာပါတယ်။



#

ကလေးတွေ နားမလည်တဲ့ Grammar/ Vocabulary/Reading lesson စသဖြင့် ရှင်းပြပေးစေလိုတဲ့ သင်ခန်းစာကို Comment မှာ ရေးနိုင်ပါတယ်ရ...
15/08/2026

ကလေးတွေ နားမလည်တဲ့ Grammar/ Vocabulary/Reading lesson စသဖြင့် ရှင်းပြပေးစေလိုတဲ့ သင်ခန်းစာကို Comment မှာ ရေးနိုင်ပါတယ်ရှင့်။
အပတ်တိုင်းမှာ ၁ပတ် ၂ ခါ သင်ခန်းစာ လေးတွေ အမြဲတင်ပေးပါမယ်။

အခု လောလောဆယ် Types of sentences, Conjunctions နဲ့ Directed - Indirect သင်ခန်းစာလေးတွေ တော့ တောင်းဆိုထားတာလေး ရှိပါတယ်။

15/08/2026

စကားလုံးတွေမှာလည်း လူတွေလိုပဲ Stress ရှိတယ်။😅

゚viralシ

13/08/2026

အသက် ၅ နှစ်အရွယ် ကလေးတွေ ကို စာကြောင်းတွေဖတ်တတ်ဖို့ သင်ကြားလို့ ရနိုင်ပါသလား❓

📖 စာဖတ်တတ်တယ် ဆိုတာ .. ပညာရေး ခရီးရှည်ကြီးရဲ့ သင်ယူမှုတွေ မရပ်မချင်း အရမ်း အသုံးဝင်တဲ့ Skill တစ်ခုပါ။
တန်ဖိုးရှိတဲ့အရာတွေဆိုတာ အချိန်တခုတော့ ပေးဆပ်ရစမြဲမို့ ဘဝ တလျှောက်လုံး အရမ်းအသုံးဝင်တဲ့ Skill တစ်ခုကို ရဖို့ အချိန်တခုတော့ လိုအပ်ပါတယ်။

➡️ Foundation Class (Phonics class)
Online အတန်းသစ်လေးကို 5.6.2026 မှာ စတင်မှာ ဖြစ်ပါတယ်။

🗓️ Saturday and Sunday
⏰ 6.00 pm to 7.30 pm

‘’စာဖတ်တတ်ဖို့ စောင့်မနေပါနဲ့။ မှန်ကန်တဲ့ Phonics နဲ့ စတင်လိုက်ပါ။’’



Address

No 89, Damayarzar 3rd Street, Ward(10), South Okkalapa Township
Yangon
11091

Telephone

+959791504090

Website

Alerts

Be the first to know and let us send you an email when Smart Bee Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category