25/05/2023
Writing အတွက်ရေးပေးခဲ့ဖူးတာလေးတွေပါ 🥰
How I got band 7 in IELTS writing ✍️ 🤩
တစ်ပတ်ကို task 1 ၃ပုဒ် task 2 ၃ပုဒ် လောက်ရေးပါတယ် ရေးကျင့်ရှိရင် exam မှာပိုအဆင်ပြေပါတယ် ( task 1+2 ) စုစုပေါင်း အပုဒ် ၅၀လောက်တော့ချရေးဖြစ်တယ်
Writing task 1
အဓိကအရေးကြီးတာ overall ပါ
မေးခွန်းကို Paraphrasing လုပ်ပီးတာနဲ့သူ့ကိုရေးစေချင်ပါတယ် အချက်အားလုံး detail ဖြစ်စရာမလိုဘဲ ပုံရဲ့အဓိက main point တွေကိုဘဲရှာပြီးရေးပေးပါ
https://www.ieltsessaybank.com
https://writing9.com/ielts-writing-samples
Cambridge tests ထဲက sample band မြင့်တဲ့ဟာတွေ ရွေးဖတ်ပါတယ်
https://ielts69.com/check-ielts-writing-evaluation-and-correction-service ကိုယ်ရေးပီးတိုင်း ဒီ website ကနေ ဝင်ဝင်စစ်ပါတယ်
တကယ်အဆင်ပြေပါတယ် လိုတဲ့ဟာတွေလဲပြောပြပေးတော့ ၊ free website ပါ သူ့ဆီအမြဲ 6.5 ဘဲရနေကျ တကယ် exam မှာ 7 ရတော့ မဆိုးဘူးပြောလို့ရပါတယ်
Writing task 2
သူက writing band score ရဲ့ ၃ပုံ၂ပုံဆိုတော့သူ့ကို ဦးစားပေးရေးသင့်ပါတယ် ( 40 mins )
Topic တွေအတွက်ကတော့ Liz ဆီကကြည့်ပါတယ်
အဲ့ဒိထဲမှာ topic တစ်ခုဆို အကုန်ကြည့်လိုက်ပါတယ် ပီးမှ တစ်ပုဒ်လောက်ကိုရေးပါတယ်
ဥပမာ advertisement ဆို သူနဲ့ဆိုင်တာတွေအကုန်ရှာဖတ်ပါတယ် ပီးရင် အဲ့ထဲကမှ တစ်ပုဒ်ကိုရေးပါတယ် timer နဲ့မှတ်ပီး
ကျန်တာက အပေါ်က website တွေကဘဲကြည့်ပါတယ်
အရေးကြီးတာ Vocab ပါ note ထုတ်ထားပါတယ်
Vocab အသစ်တစ်လုံး ကျက်တဲ့အခါ သူ့ရဲ့ synonym ရော antonym ပါ မှတ်ထားပါတယ် အဲ့တာက writing တင်မက speaking မှာပါအသုံးဝင်ပါတယ် စာအုပ်နဲ့သက်သက် အားတိုင်းပြန်ဖတ်/ကျက် ပါတယ် စာမေးပွဲနီးတော့တော်တော် အထောက်အကူဖြစ်ပါတယ်
နောက်ပီး band 8/9 sample essays တွေထဲက complex sentence တွေဆိုလဲလိုက်မှတ်ပီး ကိုယ်ရေးတဲ့အခါပြန်ထဲ့သုံးပါတယ်
Vocab / sentence structure တွေကို မထပ်အောင်သုံးပါ
Coherence device တွေလဲ ထည့်သုံးပါ
BBC English လဲတစ်ခါတစ်လေ ကြည့်ပါတယ် upper intermediate grammar တွေလေ့လာပါတယ်
နောက်ပီး သူမေးတဲ့မေးခွန်းအတိုင်းဖြေဖို့ပါ သူမေးတာ မပါဘဲ လိုနေတာပိုနေတာတွေကြောင့်လဲ အမှတ်လျော့ပါတယ်
အပေါ်ကအချက်တွေလုပ်ရင် writing band ကတက်ကိုတက်ပါတယ်
အမလဲအစက အရမ်းကြောက်တာ ဒါပေမဲ့ အပေါ်ကအချက်တွေနဲ့ဆို အဆင်ပြေပါတယ်
ဒါ b2 upper intermediate ကနေ ၃လကျော်လောက် လုပ်ပီးရတဲ့အမှတ်ပါ b2 မလို့လဲစိတ်မညစ်ပါနဲ့ သေချာဖိလုပ်ရင် band 7 တော့ရပါတယ်
Set to success
Self study
IELTS writing
English