30/11/2024
အလုပ်ချိန် ရုံးချိန် ပြင်ပ 6:00 PM To 8:00 PM
လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်းသစ်များ စပါမည်။
တက်ရောက်လိုသူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။
Microsoft 365 Office Course
1. Word
2. Excel
3. PowerPoint
4. Myanmar Unicode
5. Printing
6. Scanning
7. CD/DVD Burning
8. Windows File Explorer
9. Data Management
10. Data Security
11. Basic Internet Browsing
12. Basic Email (Gmail)
22/11/2024
Advanced Internet & Email
1. Google Chrome Browser
2. Google Search Engine
3. Google Gemini AI
4. Google Account Security Setup
5. Gmail
6. Contacts
7. Google Keep
8. Google Docs
9. Google Sheets
10. Google Slides
11. Google Forms
12. Google Drive
13. Google Photos
14. Data Compression and Security
15. PDF < > Converting
ယနေ့ Internet Online ခေတ်ကြီးမှာ ကျောင်းသုံး၊ ရုံးသုံး၊ Business လုပ်ငန်းခွင် လုပ်ငန်းဆောင်တာများရဲ့ နေ့စဥ် မဖြစ်မနေလိုအပ်ချက်များအတွက် Google Products ရဲ့ Features တွေကို စနစ်တကျ၊ ထိထိရောက်ရောက် အသုံးချနိုင်စေရန် Advanced Internet and Email Class ကို စီစဥ်ထားပါတယ်။ Artificial intelligence (AI) တွေနဲ့ မိမိရဲ့ လုပ်ငန်းအတွက် လိုအပ်တဲ့ အချက်လက်များကို ရှာဖွေရယူသည့် နည်းလမ်းများကိုလည်း လေ့လာကြပါမယ်။
Time: 10:00 AM To 12:00 PM
Monday To Friday
Duration: 4 Weeks
Fees: 100,000 Ks
10/11/2024
ဓါတ်ပုံ တစ်ပုံနှင့် ဆက်စပ်နေသော သတင်းအချက်လက်နဲ့ အလားတူပုံတွေကို ရှာဖွေ သိရှိနိုင်ဖို့အတွက် >
1. Windows 11 မှာ Built-in ပါတဲ့ Microsoft Photos (Photos App) ဖြင့် ဓါတ်ပုံကို ဖွင့်လိုက်ပါ။
2. Photo Windows ရဲ့ Status Bar မှာ Visual search with Bing ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ (icon ပုံမှာ ပြထားပေးပါတယ်) ။
3. ပုံနဲ့ ဆက်စပ်သော Information Link များ နဲ့ Similar Phots များကို Internet Browser ကနေ ထပ်မံ ရှာဖွေ ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။
4. လေ့လာ စမ်းသပ် အသုံးပြုကြည့်ပါ။ ထပ်မံသိချင်တာရှိရင် Comment မှာ မေးနိုင်ပါတယ်။
02/09/2024
Advanced Internet and Computer System Class သင်တန်း အသစ် စပါတော့မယ်။
- ဒီသင်တန်းမှာ ယနေ့ Internet ခေတ်ရဲ့ အချက်လက်ရှာဖွေ၊ လေ့လာသင်ယူခြင်းတွေ သာမက နေ့စဥ် လုပ်ငန်းပိုင်း ဆိုင်ရာတွေ အတွက် မရှိမဖြစ်၊ မသိမဖြစ် လိုအပ်တဲ့ Search Engine, Email, Cloud နဲ့ AI နည်းပညာတွေ အကြောင်း
- Online ဖြင့် အလုပ် လုပ်နေသူတွေရဲ့ Internet, Email Security & Privacy အတွက် အလွန်အရေးကြီးလှတဲ့ Security Guidelines တွေအကြောင်း
- Email Account Security အတွက် Authentication and Recovery Process တွေ အကြောင်း
- မိမိ Network ထဲမှာ ရှိတဲ့ Data and Resources တွေကို မျှဝေသုံးစွဲနိုင်ဖို့၊ Collaboration လုပ်နိုင်ဖို့ နဲ့ လုံခြုံစိတ်ချရစေရန် အတွက် စီမံခန့်ခွဲမှုတွေ အကြောင်း
- Work From Home ကောင်းမွန်စွာ လုပ်ဆောင်နိုင်တတ်ဖို့ အတွက် Remote Connection Techniques တွေ အကြောင်း
- Cloud Storage တွေနဲ့ Data Synchronization, Collaboration, Sharing တွေ စနစ်တကျ လုပ်ဆောင်နိုင်ဖို့ နည်းစနစ်တွေ အကြောင်း
- Daily Usage မှာ Computer System ကို Performance ကောင်းမွန် သွက်လက်စွာ နဲ့ ပုံမှန်လုပ်ဆောင်နေနိုင်ဖို့ လိုအပ်တဲ့ ပြုပြင် ထိန်းသိမ်းရေး နဲ့ System Optimization Techniques တွေအကြောင်း
- Computer System အတွက် Powerful ဖြစ်ပြီး အလွန်အရေးပါတဲ့ Command Line Interface (CLI) ကို အသုံးပြုခြင်းတွေအကြောင်း
- ပျက်စီး ပျောက်ဆုံးသွားတဲ့ Data တွေ ပြန်လည် ရှာဖွေနိုင်ဖို့အတွက် Data Recovery Process တွေ အကြောင်း . . .
စတာတွေ နှင့် ခေတ်စနစ်ရဲ့ နေ့စဥ် လိုအပ်ချက်များကို ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့ စာတွေ့ လက်တွေ့ဖြင့် စနစ်တကျ လေ့လာ သင်ကြားရပါမယ်။
- သင်တန်းကာလ 2-3 Months ခန့်ကြာနိုင်ပါတယ်။
23/08/2024
Chrome Version 128 မှာ Google Lens နဲ့ Gemini AI Feature အသစ်တွေ ထပ်မံ ပါဝင်လာပါတယ်။ ကိုယ်ကြည့်နေတဲ့ Video , Live-stream နဲ့ Web page တွေမှာ ပါရှိတဲ့ Image တွေရဲ့ အချက်လက်တွေကို Google Lens ဖြင့် ထပ်မံ လေ့လာရှာဖွေပြီး Browsing လုပ်နိုင်မှာပါ။
Google AI ဖြစ်တဲ့ Gemini ရဲ့ အကူအညီကိုလည်း address bar ကနေ တိုက်ရိုက် ရယူ အသုံးပြုနိုင်ပါဦးမှာပါ။ လေ့လာ အသုံးပြုနိုင်ကြဖို့ သတင်းကောင်း မျှဝေလိုက်ပါတယ်။
IT and AI ခေတ်မှာ မဖြစ်မနေ အသုံးပြုနေရတဲ့ Internet, Email, Cloud and AI တွေနဲ့ ပတ်သတ်လို့ Professional အသုံးပြုတတ်ချင်တယ်ဆိုရင် LOGIC TECH Computer Skills Training Center မှာ သင်တန်းတွေ တက်ပြီး လေ့လာ သင်ယူနိုင်ပါတယ်။ Advanced Internet Class အသစ်တွေ စတင်တော့မှာဖြစ်ကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။
12/07/2024
Web Page တွေမှာ Google Translate အသုံးပြုနိုင်ဖို့အတွက် Extensions သီးသန့် ထည့်သုံးစရာ မလိုတော့ဘဲ Google Chrome Browser ရဲ့ Control Setting Menu ထဲမှာပဲ အသင့်ယူသုံးနိုင်ပါပြီ။
Selected Text ကိုသာမက Page တစ်ခုလုံးကို ကောင်းမွန်စွာ Translate လုပ်နိုင်လို့ အလွန်အဆင်ပြေပါတယ်။ အမြဲတမ်း အလိုအလျောက် Translate လုပ်လိုသည့် Language ကိုလည်း သတ်မှတ်ပေးထား နိုင်ပါတယ်။
11/05/2024
Windows 11 မှာ Crack, Keygen and Patch တွေ ကို Run မယ်ဆိုရင် Real-time protection ကို Off ရုံနဲ့တင် မရဘဲ Smart App Control ကိုပါ Off ထားဖို့ လိုပါလိမ့်မယ်။
14/04/2024
သင်္ကြန် ပိတ်ရက် အိပ်မှာပဲ အနားယူမယ့်သူတွေအတွက် နားနားနေနေ နဲ့ အသိပညာ ဗဟုသုတတွေတိုး ရအောင် YouTube က TED ဆိုတဲ့ Channel ကို ကြည့်ဖို့ အကြံပြုပါရစေ။ https://www.youtube.com/
TED Talks မှာ စီးပွားရေး၊ သိပ္ပံ၊ ပညာရေး၊ တီထွင်ဖန်တီးမှု၊ နည်းပညာ၊ သဘာဝအကြောင်း၊ ဘာသာရေး အမြင်ဆွေးနွေးမှု စတဲ့ အကြောင်းရာ ပေါင်းများစွာကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေက ဆွေးနွေး တင်ပြပေးထားတာပဲ ဖြစ်ပါတယ်။ Short Video လေးတွေ ဖြစ်တဲ့ အတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှု လေ့လာလို့ ကောင်းပါတယ်။ Computer အသုံးပြုသူတွေ အနေနဲ့ Chrome Browser ကို အသုံးပြုပြီး Subtitles ကို လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်တယ်။ Mobile Phone အသုံးပြုသူတွေ အနေနဲ့ TED Application ကို Install လုပ်ပြီး Online/Offline အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ Application ရဲ့ Browse > Language > Burmese လို့ သတ်မှတ်ထားလိုက်ရင် Myanmar Subtitles အမှန်နဲ့ Video တွေ ကို သီးသန့် ပြပေးပါလိမ့်မယ်။
TED - YouTube
The TED Talks channel features the best talks and performances from the TED Conference, where the world's leading thinkers and doers give the talk of their l...
08/02/2024
Microsoft PC Manager
Windows အသုံးပြုသူ User တွေ အတွက် Microsoft PC Manager ဆိုတဲ့ Security Tool ကို Microsoft ကနေ Officially ထုတ်ပေးလိုက်ပါပြီ။ Users တွေ အတွက် ရိုးရှင်း လွယ်ကူ ထိရောက်ပြီး အသုံးပြုတဲ့အခါ သွက်လက်မှု ရှိတဲ့ One-stop computer problem-solving solution Tools လေးဖြစ်ပါတယ်။ ဒီ Tools မှာ ဒါတွေကို ထိရောက် ကောင်းမွန်စွာ အသုံးချနိုင်ပါတယ်။
PC Boost: Computer ရဲ့ လုပ်ဆောင်ချက်တွေ မြန်ဆန် သွက်လက်ဖို့အတွက် Boost လုပ်ပေးနိုင်မယ်။ Boost အတွက် လိုအပ်တဲ့ Setting တွေ ကို ပြုပြင် ပြောင်းလဲနိုင်မယ်။
Storage Management: Computer ရဲ့ Data သိုလောင် သိမ်းဆည်းမှု နဲ့ပတ်သတ်လို့ Storage တွေ မပြုန်းတီးရအောင် Files တွေကို စနစ်တကျ Manage လုပ်ပေးနိုင်မယ်။ အသုံးမပြုဘဲ ကျန်ရှိနေတဲ့ မလိုအပ်တော့တဲ့ အမှိုက် Files တွေကို ရှင်းလင်း ဖယ်ရှားပေးမယ်။
Antivirus Scan: Computer ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်မယ့် Virus တွေရဲ့ အန္တရာယ်ကနေ ကာကွယ် ရှင်းလင်းပေးမယ်။
Health Check: Computer မှာ ရှိတဲ့ Error တွေကို ရှာဖွေ စစ်ဆေးပြီး အဆင်ပြေအောင် Fix လုပ်ပေးမယ်။
Toolbox: Computer System နဲ့ ပတ်သတ်တဲ့ အခြားလိုအပ်ချက်တွေကို လွယ်ကူစွာ ပြုပြင်ပြောင်းလဲပြီး အသုံးပြုနိုင်မယ်။ နေ့စဥ် လုပ်ငန်းတွေအတွက် လိုအပ်တဲ့ Productivity Apps & Tools တွေကို အလွယ်တကူ ရယူ အသုံးချနိုင်မယ်။