Empower Vocational Training Center

Empower Vocational Training Center

Share

Your Trust

16/10/2023

Health Updates Journal

"မူးဝေပျို့အန်ခြင်း ကင်းရှင်းစွာဖြင့် ပျော်ပျော်ရွှင်ရွှင် ခရီးသွားပါ"

တစ်နေ့က ရန်ကုန်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ခုံနံပါတ်ကပ်လျက်က အန်တီက ကားပေါ်ကို စတက်လာကတည်းက မျက်နှာက ညိုးငယ်နေပါတယ်။ ကားပေါ်စထိုင်ကတည်းက လက်တစ်ဖက်က ပလတ်စတစ်အိတ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က နှာရှူဆေးဘူးကို ကိုင်ထားတာ တွေ့ရတယ်။ ကားစထွက်ပြီး သိပ်မကြာခင် တဝေါ့ဝေါ့နဲ့ ထိုးအန်ပါတော့တယ်။ ကားရပ်နားရာ လမ်းဘေးက စားသောက်ဆိုင်တွေမှာလည်း ဘာမှ ၀င်မစားပါဘူး။ ကျွန်တော်က ရေသောက်ခိုင်းတော့ အန်မှာကြောက်တယ်ဆိုပြီး မသောက်ပါဘူး။ ကျွန်တော် က ဆရာ၀န်ဆိုတာပြောပြပြီး ကားမူးတဲ့လူဟာ လမ်းတစ်လျှောက်လုံး ရေကို မကြာခဏ သောက်ရမယ်လို့ပြောမှ ရေသောက်ပါတယ်။ နောက် အဲ့အန်တီကို ကားမူးခြင်းနဲ့ ပတ်သက်ပြီး ရှောင်ရန်ဆောင်ရန်တွေကို ဗဟုသုတအဖြစ် ကျွန်တော်က ပညာပေးပြောပြတော့ အန်တီက ကျေးဇူးတင်ကြောင်း စကားအထပ်ထပ်ဆိုပါတယ်။ ကားမူးခြင်းနဲ့ ပတ်သက်ပြီး သိသင့်ထားတဲ့ ကျန်းမာရေးဗဟုသုတတွေကို လူတကာသိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။
ယာဉ်ရထား(ကား၊လေယာဉ်၊လှေ) စီးနေစဉ် မူးဝေပျို့အန်ခြင်းကို လူတော်တော်များများ ကြုံဖူးကြမှာပါ။ ယာဉ်ရထား(ကား၊လေယာဉ်၊လှေ) စီးနေစဉ် မူးဝေပျို့အန်ခြင်းကို motion sickness ဒါမှမဟုတ် Travel Sickness လို့ခေါ်ပါတယ်။ လူတချို့က အပန်းဖြေဥယျာဉ်ထဲက ချား၊ ရဟတ်စီးခြင်း၊ ဓာတ်လှေကားနဲ့ အတက်အဆင်းလုပ်ခြင်း၊ ကွန်ပျူတာဂိမ်းကစားတာနဲ့တောင် မူးဝေအော့အန်တတ်ကြပါတယ်။ ကျွန်တော်တို့ ဦးနှောက်က "ကျွန်တော်တို့ ဘယ်အနေအထားမှာ ရှိနေတယ် သို့မဟုတ် ဘယ်နေရာကို ရွှေ့လျားနေတယ်ဆိုတာကို မျက်လုံးနဲ့ နားထဲရှိ ရေချိန် စနစ်တွေက ပေးပို့တဲ့ သတင်းအချက်အလက်တွေကတဆင့် အမြဲထောက်လှမ်းနေပါတယ်။
ယာဉ်ရထားစီးနေစဉ် မူးခြင်း(ကားမူးခြင်း)ဟာ ကျွန်တော်တို့ မျက်လုံးက မြင်တာနဲ့ နားထဲရှိ ဟန်ချက်ထိန်းပေးသော ရေချိန်စနစ်ရဲ့ အာရုံခံမှုတို့အကြား သတင်းအချက်အလက်ကွာဟခြင်း ကြောင့်ဖြစ်ပေါ်လာသည်ဟု ယူဆ ကြပါတယ်။
ဥပမာ-
- သင် ကားစီးနေစဉ် သင့်မျက်လုံးက တစ်နာရီ မိုင် ၃၀ နှုန်းနှင့် ရွေ့လျားနေသည်ဟု သတင်းပေးသော်လည်း နားတွင်းရှိရေချိန်စနစ်က သင်ငြိမ်သက်စွာထိုင်နေသည်ဟု သတင်းပေးခြင်းမျိုး
- မျက်လုံးက သင်္ဘောပေါ်က ပစ္စည်းတစ်ခုကို ကြည့်နေသောကြောင့် သင်ငြိမ်နေသည်ဟု သတင်းပေးသော်လည်း သင်္ဘော၏ လှုပ်ရှားမှုကြောင့် နားတွင်းရေချိန်စနစ်က သင်လှုပ်ရှားနေသည်ဟု သတင်းပေးခြင်းမျိုး

လူတိုင်းက ယာဉ်ရထားစီးနေစဉ် မူးခြင်း(ကားမူးခြင်း)ကို တွေ့ကြုံခံစားရနိုင်ပေမယ့် အောက်ပါလူတွေကတော့ ကားမူးတာကို ခံစားရဖို့ ပိုပြီးအခွင့်အလမ်းများပါတယ်။

၁။ အသက် ၂ နှစ်မှ ၁၂ နှစ် အတွင်းကလေးသူငယ်များ
၂။အမျိုးသမီးများ
၃။ ဟော်မုန်းအပြောင်းအလဲဖြစ်နေချိန် (ဥပမာ ဓမ္မတာလာနေခြင်း၊ကိုယ်၀န်ဆောင် နေခြင်း သန္ဓေတားဆေးစားနေခြင်း)
၄။ခေါင်းတစ်ခြမ်းကိုက်ရောဂါအခံရှိသူ
၅။ ယာဉ်ရထားစီးနေစဉ် မူးခြင်း(ကားမူးခြင်း)ကို ကြုံတွေ့ဖူးသူ
ယာဉ်ရထားစီးနေစဉ် မူးခြင်း(ကားမူးခြင်း)ရဲ့ လက္ခဏာတွေကတော့ ဖြူဖပ်ဖြူရော်ဖြစ်လာခြင်း၊ ချွေးထွက်များလာခြင်း၊ တံတွေးထွက်များလာခြင်း၊ ၀မ်းဗိုက်မအီမသာဖြစ်ခြင်း ၊ ခေါင်းကိုက်ခြင်း၊အသက်ရှူမြန်လာခြင်း၊ မူးဝေ ပျို့အန်လာခြင်း၊ နုံးချိလာခြင်း တို့ဖြစ်ပါတယ်။
ယာဉ်ရထားစီးနေစဉ် မူးခြင်း(ကားမူးခြင်း)ကို လုံးဝပျောက်ကင်းအောင် ကုသလို့ မရနိုင်ပေမယ့် တွေ့ကြုံရ မယ့် ရောဂါလက္ခဏာတွေ ဖြစ်ပေါ်မလာအောင်၊ လျော့ပါးသွားအောင် အောက်ပါ အကြောင်းအရာတွေကို လိုက်နာ ကျင့်သုံးရပါမယ်။

၁။ ခရီးမထွက်ခင် အစာကို တ၀တပြဲစားသုံးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကို ရှောင်ကြဉ်ရပါမယ်။ ခရီးမထွက်ခင် ၂၄နာရီအလိုကတည်းက သကြားပါ၀င်မှုများသော အစားအစာများ၊ အဆီပါ၀င်မှုများသော အစားအစာများ(ဆီကြော်မုန့် များ)၊ အပူအစပ်နှင့်အနံ့ပြင်းသော အစားအစာများ၊ ဟင်းခတ်အမွှေးအကြိုင်သုံးထားသော ဟင်းလျာများ၊ ဆားကဲသော မုန့်နှင့်ဟင်းလျာများကို ရှောင်ကြဉ်ရပါမယ်။ နောက် အချိုရည်များ၊ချောကလက်နဲ့ချိုချဉ်များ စားသုံးခြင်းမှ ရှောင်ကြဉ်ရပါမယ်။
၂။ ခရီးစဉ်တစ်လျှောက်လုံး ရေကို မကြာခဏ သောက်သုံးပေးပါ။
၃။ ပေါ့ပေါ့ပါးပါးအစားအစာ၊ ကယ်လိုရီနည်းပါးသော အစားအစာတွေကို နည်းနည်းနဲ့ မကြာခဏစားပေးပါ။ ဂျုံကြမ်း နဲ့ပြုလုပ်ထားတဲ့ ဘီစကွတ်ကြွပ်ပွနဲ့ သကြားပါ၀င်မှုနည်းပြီး ချင်းနဲ့ပြုလုပ်ထားတဲ့ ဘီစကစ်တွေဟာ ယာဉ်ရထားစီးနေစဉ် မူးတတ်တဲ့ လူတွေအတွက် အသင့်တော်ဆုံး အစားအစာလို့ ဆိုပါတယ်။ ခရီးမထွက်ခင်ကတည်းက စားသုံး သင့်ပါတယ်။ ခရီးထွက်နေစဉ် ဘီစကွတ်နှစ်ခုလောက်ကို မကြာခဏစားပါ။ အဲလို စားသုံးခြင်းအားဖြင့် တံတွေး ထွက်ခြင်းကို လျော့ချပေးပြီး ပျို့အန်ခြင်းမှ သက်သာစေပါတယ်။
၄။ ခရီးမထွက်ခင်ရော ထွက်နေစဉ်မှာပါ အချိုရည်တွေ မသောက်သုံးသင့်ပါဘူး။ သစ်သီးများနဲ့ သစ်သီးဖျော်ရည်များ(သကြားမပါရ)ကတော့ စားသုံးနိုင်ပါတယ်။ အထူးသဖြင့် ရှောက်သီး၊ သံပရာသီးအရည်တွေဟာ ပျို့အန်တာကို တားဆီးပေးပါတယ်။
၅။ ချင်းပြုတ်ရည်ဟာ မူးဝေအော့အန်တာကို သက်သာစေရုံသာမက ခန္ဓာကိုယ်ကို လန်းဆန်းစေတဲ့ ဂုဏ်သတ္တိရှိလို့ ရေနွေးနဲ့ ချင်းပြုတ်ရည်လုပ်ပြီး ခရီးမထွက်ခင်မှာရော ခရီးစဉ်အတွင်းမှာပါ သောက်သုံးသင့်ပါတယ်။
၆။ ယာဉ်ရထားစီးနေစဉ် မူးတတ်သူတွေဟာ လှုပ်ရှားမှု အနည်းဆုံးနေရာဖြစ်တဲ့ နေရာတွေမှာပဲ ထိုင်သင့်ပါတယ်။ ကားဆိုရင် ဒရိုက်ဘာအနောက်က နေရာ(ကားရဲ့အရှေ့ဆုံးမှာ)ထိုင်သင့်ပါတယ်။ လေယာဉ်ဆို ဘေးဘက်အလယ်ခုံတွေမှာ ထိုင်သင့်ပြီး သင်္ဘောဆိုရင် အလယ်ပိုင်း အနိမ့်ဆုံး အခန်းမှာ ထိုင်သင့်ပါတယ်။
၇။ မိမိရဲ့ ဦးခေါင်းနောက် ခေါင်းအုံးခံထားခြင်း ဒါမှမဟုတ် ဦးခေါင်းကို အနောက်မှီနဲ့ ထိကပ်ထားပါ။ ခရီးစဉ်ဦးတည်ရာနဲ့ ဆန့်ကျင်ဘက်ကို မျက်နှာမမူပါနဲ့။ လေကောင်းလေသန့်ရဖို့ အရေးကြီးပါတယ်။ ပြတင်းပေါက်တွေ ဖွင့်လို့ရရင်ဖွင့်ထားပါ။ မှန်အလုံပိတ်ကားတွေမှာ အထက်က အဲကွန်းလေကို မိမိရဲ့ မျက်နှာအရှေ့ ကျအောင် ချိန်ထားပါ။
၈။ ခရီးသွားနေစဉ် စာဖတ်ခြင်း၊ ဖုန်းဂိမ်းကစားခြင်းတွေ ရှောင်ကျဉ်ပါ။
၉။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ "အရင်တစ်ခါတုန်းက ငါကားမူးဘူးတယ်။ဒီတစ်ကြိမ်လည်း မူးဦးမှာပဲ”လို့ မတွေး ပါနဲ့။
၁၀။ ကားမူးလာတဲ့အခါ မိမိရဲ့အရှေ့က တည်ငြိမ်နေတဲ့ အရာ၀တ္ထုတစ်ခုခုကို စူးစိုက်ပြီးကြည့်ပါ။ ဒါမှမဟုတ် မျက်စိမှိတ်နေပါ။ နားကြပ်တပ်ပြီး မိမိကြိုက်နှစ်သက်ရာ သီချင်းတွေနားထောင်နေပါ။ ဒါမှမဟုတ် စိတ်တည်ငြိမ်အောင် ၁၀၀, ၉၉,၉၈,၉၇ အစရှိသဖြင့် ၁၀၀မှ ၁ အထိ ရေတွက်နိုင်ပါတယ်။ အသင့်ဆောင်လာသော ရေ၊ဘီစကွတ်၊သံပ ရာရည်၊ ချင်းပြုတ်ရေတွေ သုံးဆောင်ပါ။

ယာဉ်ရထား(ကား၊လေယာဉ်၊လှေ) စီးနေစဉ် မူးဝေပျို့အန်ခြင်းသက်သာစေရန် လွယ်လင့်တကူ ၀ယ်ယူနိုင်သောဆေးဝါး များ

၁။Dimenhydrinate (ဒိုင်မင်းဟိုက်ဒရီနိတ်)
ဒိုင်မင်းဟိုက်ဒရီနိတ်က ကားမူးပျောက်ဆေး အဖြစ် အသုံးပြုများတဲ့ ဆေးတစ်မျိုးပါ။ ကိုယ်၀န်ဆောင်နဲ့ နှစ်နှစ်အထက်ကလေးများပါ အသုံးပြုနိုင်တဲ့ ကားမူးပျောက်ဆေး ဖြစ်ပါတယ်။ ခရီးမထွက်ခင် တစ်နာရီကြိုတင်ပြီး သောက်သုံးဖို့ လိုပါတယ်။ ၈နာရီခြားတစ်ခါ သောက်သုံးနိုင်ပါတယ်။
၂။ Hyoscine (ဟိုင်ယိုစင်း)
ခရီးတောက်ခြင်း အတွက် အသုံးများသော ဆေးတစ်မျိုးပါ။ အသက်၁၀ နှစ်အထက်လူများ စားဆေး ၃၀၀ မိုက်ခရိုဂရမ်ကို ခရီးမထွက်ခင် နာရီ၀က် ကြိုသောက်ရပါမယ်။ ခြောက်နာရီခြား တစ်ခါသောက်နိုင်ပါတယ်။ အသက် ၄ နှစ်မှ ၁၀ နှစ် အတွင်းကလေးများ ၇၅_၁၅၀ မိုက်ခရိုဂရမ် တိုက်နိုင်ပါတယ်။ ရေတိမ်ရောဂါရှိသူတွေကတော့ ဒီဆေး ကို လုံး၀မသောက်ရပါဘူး။
၃။ Cyclizine(ဆိုင်ကလီဇင်း)
ဆိုင်ကလီဇင်းက ပျို့ခြင်း၊အန်ခြင်းနဲ့ ကားမူးခြင်းမှာ အသုံးပြုတတ်တဲ့ ဆေးတစ်မျိုးပါ။ လူကြီးများ အနေနဲ့စားဆေး ၅၀ မီလီဂရမ်ကို တစ်နေ့သုံးကြိမ် အထိသောက်နိုင်ပါတယ်။ ၆နှစ်မှ ၁၂နှစ်အတွင်းကလေးများ ၂၅မီလီဂရမ်ကို တစ်နေ့သုံးကြိမ် သောက်နိုင်ပါတယ်။ ခရီးမထွက်ခင် တစ်နာရီကြိုတင်ပြီး သောက်ရပါမယ်။ ဒီဆေးကို ကိုယ်၀န်ဆောင်များ၊ ၆နှစ်အောက်ကလေးများ မသောက်သုံးသင့်ပါဘူး။
၄။ Cinnarizine(ဆင်နာရီဇင်း)
ခေါင်းမူးခြင်း၊နားအူခြင်း၊ပျို့ခြင်း၊ အန်ခြင်း ၊ကားစီးလျှင်မူးခြင်း၊လေယာဉ်စီး လျှင် မူးခြင်းတိုမှာ အသုံးပြုပါ တယ်။ အသက် ၁၂ နှစ်အထက် စားဆေး ၃၀ မီလီဂရမ် တစ်နေ့သုံးကြိမ် သောက်နိုင်ပါတယ်။ခရီးမထွက်ခင် နှစ်နာရီကြိုတင်ပြီး သောက်ရပါမယ်။ ၅နှစ်မှ ၁၂နှစ်အတွင်း ၁၅မီလီဂရမ် တစ်နေ့သုံးကြိမ် သောက်နိုင်ပါတယ်။နို့တိုက်မိခင်နှင့် ၅နှစ်အောက်ကလေးများ မသောက်သင့်ပါဘူး။
အထက်ပါ ဆေးလေးမျိုးစလုံးကို သောက်စရာ မလိုပါဘူး။ မိမိနဲ့ သင့်တော်ရာ ဆေးတစ်မျိုးကိုသာ ကြိုတင်သောက်သုံးရပါမယ်။ အထက်ပါဆေး လေးမျိုးလုံးက အိပ်ငိုက်စေနိုင်လို့ ကားမောင်းသူများ သတိထားရပါမယ်။
နောက် အထက်ပါ ဆေးလေးမျိုးလုံးက အရက်၏ အာနိသင်ကို မြင့်တက်စေနိုင်လို့ ဆေးသောက်နေစဉ် အရက် မသောက်ရပါဘူး။
ယာဉ်ရထား(ကား၊လေယာဉ်၊လှေ) စီးနေစဉ် မူးဝေပျို့အန်တတ်တဲ့ သူတွေဟာ အထက်ပါ ကျန်းမာရေး ဗဟုသုတလေးတွေ မှီဝဲပြီး မူးဝေ ပျို့အန်ခြင်း ကင်းရှင်းစွာဖြင့် ပျော်ပျော်ရွှင်ရွှင် ခရီးသွားနိုင်ကြပါစေ။

ဟမ်စိုင်း(ဆေး-မန်း)
Health Updates Journal

02/10/2023

သတင်း​ကောင်း

21/09/2023

ကျွန်​တော်တို့ အပါတ်စဥ် (၁) သင်တန်း ကို စက်တင်ဘာ (၂၄) ရက်မှာ စ​တော့ မှာ ဖြစ်ပါတယ်။ အပါတ်စဥ် (၁) ဆိုတာ အ​ကောင်းဆုံး ဖြစ်တတ်ပါတယ် မိတ်​ဆွေ ​တို့ရဲ့​ရွေးချယ်မှု မှန်တယ် ဆိုတာ သက်​သေပြပါ​တော့မယ်...
ကျေးဇူးတင်ပါတယ် ။

19/09/2023
Photos from Empower Vocational Training Center's post 15/09/2023

ကျွန်​တော်တို့ ​ဆေး​တွေကို ​နေ့စဥ် ​သောက်​နေကြရတယ် ​ဆေးနဲ့ပတ်သက် တဲ့ ညွှန်ကြားချက်​တွေကို အတိအကျ လိုက်နာကြရတယ်
တချို့​ဆေး​တွေက မနက် ​သောက်ရတယ် ​မေ့ပြီး ညကျမှ ​သောက် ရင် တ​ညလုံး မအိပ်ရ​တော့ဘူး ဥပမာ
ဆီး​ဆေး လို​ဆေး​တွေ ​ပေါ့
မလိုက်နာရင် ​ရောဂါ ပိုဆိုးတတ်တယ်
တခါတ​လေ လိုက်နာ ​နေပါလျက်နဲ့ အ​သေးအဖွဲ လို့ထင်တဲ့ အရာ​လေး​တွေ​ကြောင့် အသက်ပါ​ပေးလိုက်ရတာ မျိုး ဖြစ်တတ်ပါတယ်
တချို့ နှလုံး​ရောဂါ ​ဆေး​တွေနဲ့ အတူတွဲပြီး
အုန်းရည်​လေး တစ်ခွက် ​သောက်မိရုံ နဲ့ ​သေ​စေနိုင်ပါတယ် ...
.. ​ဆေးနဲ့ ပတ်သက် ရင် မ​ပေါ့ဆသင့်ပါ
နီးစပ် ရာ ​ဆေးဝါး ပညာရှင် Pharmacist များထံမှာ ​မေးမြန်း နိုင်ပါတယ် ...

Photos from Empower Vocational Training Center's post 06/09/2023

ဆေးဝါးကျွမ်းကျင် အကူ သင်တန်း

#၁နှစ်အတွင်း ဆေးဆိုင်ဖွင့်ဖို့ စိတ်ကူးရှိသူ
#ဆေးဆိုင်မှာ အလုပ်ဝင်လိုသူ တွေ #
#မိဘဆွေမျိိုးကို စောက်ရှောက်ရန် ဆေးအကြောင်း အခြေခံကျကျ သိချင်သူတွေ အတွက် သင်တန်းလေး ရှိတယ်
စက်တင်ဘာ ဒုတိယ ပါတ်ပိုင်း ဖွင့်ဖြစ်ပါမယ် စာတွေ့ ၂ လ သင်ပေးပြီး လက်တွေ့ကို
ဆေးဆိုင်မှာ သင်ကြားကြရပါမယ်
ဆေး ဆိုင်ဖွင့်သူများအတွက် ကျင့်ဝတ် အခြေခံ ဆေးဝါးပညာ - ဆေးနှင့် အတူတွဲ မစားသင့်သော အစား အစာ များ - ဆေးဝါး အန္တရာယ် ကင်းရှင်းရေး - ဆေးဆိုင်ဖွင့်ဖို့ စီမံခန့်ခွဲမှုအပိုင်း - စာရင်းဇယားပိုင်း Stock Control by POS or Excel -အရေးကြီးတဲ့ ဆေးဆိုင်လိုင်စင်လျှောက်ခြင်းအပိုင်းတွေအပြင် ဆေးဆိုင်တစ်ဆိုင်ဖွင့်ဖို့ လိုတဲ့အရာတွေ - ဘာဆေးတွေ ဝယ်ရမလဲ? - ငွေ ဘယ်လောက်စရင်း မလဲ - ဆေးဆိုင်မှာ ဆေးကောင်တာတွေကို ဘယ်လိုနေရာချမလဲ? - ဆေးအမျိုးအစားအလိုက် ဘယ်လိုထိန်းသိမ်းရမလဲ? - ဆေးစာရင်းတွေ ဘယ်လိုသွင်းမလဲ? - ground ဘယ်လိုကောက်ပြီး ဘယ်လိုစစ်ရမလဲ - ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို ဘယ်လို ကာကွယ်ရမလဲ? - ဆေးဆိုင်လိုင်စင် ဘယ်လိုလျှောက်ရမလဲ - အမျိုးသား ဆေးဝါး ဥပဒေ အရ ဘာတွေ လိုက်နာ ရမလဲ - လာရောက်စစ်ဆေးတဲ့ FDA အဖွဲ့က ဘာတွေစစ်မေးတတ်လဲ? စတဲ့ တကယ့် လက်တွေ့ အသုံးဝင်မယ့် အပိုင်းတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ် သင်ကြားမည့်သူများက မဟာဘွဲ့ရ ဝါရင့် ဆေးဝါးပညာရှင်
Senior Pharmacist များ ဖြစ်ပါတယ်...
မှတ်ချက်... * ဆေးဆိုင်အရောင်း ဝန်ထမ်းလုပ်လိုသူများ အလုပ်ရှာပေးဖို့ အာမခံပါသည်။ သင် ကြိုးစားရန် အာမခံ ပါ။ ကြိုးစားသူ နိုးကြားသူ အတွက် အလုပ်မရှားပါ ဇွဲရှိဖို့သာ လိုပါတယ်
*နယ်မှ တက်လိုသူများ နေစရာ အဆောင် နှင့်
စားစရာ အတွက် လိုအပ်တာ စီစဥ်ပေးမည်
* သင်တန်း ချိန် ​
သောကြာ စ​​နေ တနင်္ဂ​နွေ
မနက် ၉ နာရီ မှ ၁၁ နာရီ
* သင်တန်း ကာလ ၂ လ
* သင်တန်း ​ကြေး ၂၅၀၀၀၀ ကျပ်
Early Bird Discount ၃၀၀၀၀ ကျပ်
(၅ ဦးသာ)
* သင်တန်းတည်​နေရာ
အမှတ် (၄၁၃) ဇေယျာ ၁၀ လမ်း မြေညီထပ် (ခ) ၁၀ ရပ်ကွက် တ/ဉက္ကလာ
* လမ်းညွှန်
သစ္စာလမ်းပေါ််ကလာလျှင် ဘလ္လိက မှတ်တိုင်၊
သံသုမာလမ်းဘက်က လာလျှင် မိုးဆွေ မှတ်တိုင် ကားအမှတ် ၈၄၊ ၉၇၊ ၁၂၊ ၁၄ ကားများရောက်ပါတယ်။
ဆက်သွယ်ရန် ဖုန်း
၀၉ ၆၉၈ ၂၃၉ ၉၆၆
၀၉ ၉၆၄ ၂၅၀ ၂၉၄

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address


No. 413 Ground Floor Zeya 10 Street S/Okalapa Tsp
Yangon
995