31/12/2020
လူသားအားလုံး ဘေးဘယာကင်းကွာ၍
ကိုယ်၊ စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
မင်္ဂလာရှိသော ၂၀၂၁ နှစ်သစ်ဖြစ်ပါစေကြောင်း
Thuriya Baking&Cooking Studio မှ ဆုမွန်ကောင်းများပို့သအပ်ပါသည်။
🙏🙏🙏🙏🙏🙏
Baking and Cooking Studio for all beginners & talented Persons!
31/12/2020
လူသားအားလုံး ဘေးဘယာကင်းကွာ၍
ကိုယ်၊ စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး
မင်္ဂလာရှိသော ၂၀၂၁ နှစ်သစ်ဖြစ်ပါစေကြောင်း
Thuriya Baking&Cooking Studio မှ ဆုမွန်ကောင်းများပို့သအပ်ပါသည်။
🙏🙏🙏🙏🙏🙏
01/10/2020
Thuriya နှင့်အတူStarter & Levain ကွာခြားချက် အကြောင်း လေ့လာကြရအောင်.....
🔹 ️ပေါင်မုန့်ဒိုးသားများ ပြုလုပ်ခြင်းတွင် Starter နှင့် Levain လို့ခေါ်တဲ့ အချဉ်ဖောက် ဒိုးသားတွေ အကြောင်းကို မြန်မာပြည်မှ မုန့်ဆရာတချို့ သေချာစွာ မသိကြသေးတာကို တွေ့ရှိနေရပါသည်။
🔹️ ဥပမာပေးရလျှင်...... ခေါက်ဆွဲသားကို ကိုယ်တိုင်ပြုလုပ်ပြီး ကြော်တဲ့သူနဲ့
ခေါက်ဆွဲခြောက်ထုပ်ကို ရေနွေးဖျောပြီး ကြော်တဲ့သူ နှစ်ဦးလိုပါပဲ။ ခေါက်ဆွဲကြော်တပွဲတော့ ဖြစ်သွားပေမဲ့ အရသာနဲ့ အာဟာရတန်ဖိုးတွေက တော်တော်လေး ကွာခြားပါတယ်။
🔹️ ယနေ့မျက်မှောက် အသုံးပြုနေကြတဲ့ Dry yeast ,Instant yeast တွေ မပေါ်ခင်က ရှေး Baker တွေဟာ (Fermentation) အချဉ်ဖောက်ခြင်း နည်းလမ်းတွေနဲ့ မုန့်သားတွေ အပွယူဖို့ Starter တွေကို ပြုလုပ်ရပါတယ်။
🔹️ Starter တွေကို (Wild Yeast) လို့ခေါ်ဆိုကြပြီး ၄င်း wild yeastတွေကို ဂျုံ နှင့်ရေ တွေကို အခန်းအပူချိန်မှာ ထားပြီး (leavening action) တွေပြုလုပ်ပြီး ဖြစ်ပေါ် လာသည့် Leavening agent အမျိုးအစားတခု ဖြစ်ပါသည်။
🔹️ Levain ဆိုတာကတော့ Starter မှ အခြေခံရတာဖြစ်ပြီး (Sourdough recipe) အချဉ်ဖောက်ဒိုးသား အမြောက်အမြား ဖန်တီး နိုင်ပြီး အရသာများလည်း ပြောင်းလဲပစ်နိုင်ပါသည်။
Levain Dough များအား တချို့က တခါတည်း ဖုတ်၍ တချို့ ကသိမ်းဆည်းထားပြီးမှ နည်းနည်း စီ ရောစပ်၍ တခြားသော recipe များဖြင့် အသုံးပြုကြသဖြင့် Starter နဲ့ Levain ရောထွေးနေကြခြင်း ဖြစ်ပါသည်။
🔹️နားလည်လွယ်အောင် ဥပမာပေးရသော်
Starter သည် နွားနို့ကို ဒိန်ချဉ်ဖြစ်အောင်ပြုလုပ်သကဲ့သို့ ပင်မအစဖြစ်ပြီး
Levain သည် နွားနို့ကို ဒိန်ချဉ် ထပ်လုပ်ရန် အနည်းငယ် ချန်ထားသည့် ဒိန်ချဉ် သကဲ့သို့ အလားသဏ္ဏာန်တူပါသည်။ (အရသာ အမျိုးမျိုးကိုလည်း ပြောင်းလဲပစ်နိုင်သည်)
🔸️တခု မှတ်ချက်ပေးလိုသည်မှာ တချို့သော တရုတ်မုန့် ဆရာ များ အသုံးပြုနေသည့် ရေပူဖြင့် ဂျုံသားနှင့် yeast များကို အမြန်နည်း ဖြင့် နှပ်၍ ပြုလုပ်နေသည့်
(Sour Dough) အချဉ်ဖောက် မုန့်သားများမှာ အလွန်လွဲမှားနေပြီး ၊ အချဉ်ဖောက်သားများ သည် အခန်းအပူချိန်နှင့် ကလိုရင်းကင်းသော သာမန်ရေများတွင်သာ (Natural Contaminants) အန္တာရာယ်ကင်းသော သဘာဝ ပိုးမွှားပေါက်ဖွားမှုဖြင့် အချဉ်ဖောက်ခြင်းသည် သာလျင် ကျန်းမာရေးနဲ့ကိုက်ညီသည့် အချဉ်ဖောက် မုန့်သား နည်းလမ်းအမှန်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
မြန်မာပြည် အစားအသောက်လောက
တိုးတက်စေလိုသော စေတနာဖြင့်
သူရိန်
23/08/2020
Thuriya နှင့်အတူ ဆန် အကြောင်း လေ့လာကြရအောင်🌾🌾
ယနေ့ အတွက်တော့ ကျွန်တော်တို့ အာရှသားတွေရဲ့ မရှိမဖြစ် ဆန် အကြောင်း လေ့လာကြရအောင် ခင်ဗျာ။
ဆန် သည်လည်း အားလုံး သိသည့်အတိုင်း ကောက်ပဲသီးနှံပင် အမျိုးအစား ဖြစ်ပါသည်။ 🌾
Wheat Flour(ဂျုံ) ဆောင်းပါးမှာ ရှင်းပြခဲ့သလိုပဲ ....
https://www.facebook.com/111674440491255/posts/112785620380137/
ကမ္ဘာ.ကောက်ပဲသီးနှံ ဝယ်လိုအားဈေးကွက်မှာ Wheat(ဂျုံ) နှင့် Corn(ပြောင်း) တို့သည် ပထမ နဲ့ ဒုတိယ နေရာတွင် တည်ရှိနေပြီး Rice(ဆန်) ကတော့ တတိယနေရာတွင် ရပ်တည်နေပါသည်။
နာမည်ကြီး ကောက်ပဲသီးနှံ ၃ မျိုး တွင် မိမိတို့ အာရှသား များ နှစ်သက် ခုံမင်စွာ စားသုံးကြတဲ့ ဆန် အကြောင်း ကို ပေါ်လွင်အောင် ရေးသားဖော်ပြပေးသွားပါမည်။
Thuriya မှ ပုံမှန် ဖော်ပြပေးလေ့ရှိတဲ့ Nutrient (အာဟာရ တန်ဖိုး) ၃မျိုးနဲ့ နှိုင်းယှဉ် ကြည့်လျင်
🔸️(Protein)အသားဓာတ်တွင် (Rice)ဆန်သည် (Wheat)ဂျုံ နှင့်(Corn) ပြောင်း ထက် ပို၍ နည်းပါး ပါသည်။
🔸️(Carbohydrate) ကစီဓာတ်တွင် (Rice)ဆန် သည် (Wheat)ဂျုံ နှင့်(Corn) ပြောင်း ထက် ပို၍ များပါသည်။
🔸️(Fat) အဆီဓာတ်တွင်(Rice)ဆန်သည် (Wheat)ဂျုံ နှင့်(Corn) ပြောင်း ထက် ပိုမို သိသာစွာ နည်းပါးပါသည်။
🌾ဆန် တစေ့ကို လည်း ခွဲခြားမည်ဆိုပါက အတွင်းသား၊အညှောင့် နှင့် အပြင်ခွံပါး(ဖွဲနု)ဆိုပြီး မြင်ယောင်ပေးပါ။
🔹️အထက်ပါ အရာများ အားလုံးမှ အပြင်ခွံပါး(ဖွဲနု) ကိုဖယ်ထုတ်၍ (Brown Rice) ဆန်လုံးညို ကို ထုတ်လုပ်ကြပါသည်။
🔹️(Brown Rice) ဆန်လုံးညိုကိုပင် သန့်စင်၍ အပေါ်ယံများ ဖြူဖွေးအောင် ကြိတ်ချွတ်၍(White Rice) ဖြူဖွေးသော ဆန်အဖြစ် ထုတ်လုပ်ကြပါသည်။ စိုက်သည့် အရပ်ဒေသ၊ မြေဆီလွှာ၊ရေ အရင်း အမြစ်များ ပေါ် မူတည်၍ အရည်အသွေးနှင့် အမည်များ ခွဲခြား ကြ ပါသည်။
❗(သိရှိရန်... ဖြူဖွေးသန့်စင်ထားသော ဆန်များ သည် (Brown Rice)ဆန်လုံးညို ထက် ဗီတာမင် B1၊B2 နှင့် သံဓာတ်များ ကြွယ်ဝမှုနည်းပါးနိုင်ပါသည်။ ဒီလို နည်းပါးသည့် အထဲမှ ဆန်ကို ရေခမ်းမချက်ပဲ၊ရေငဲ့ချက်မည်ဆိုပါက ထိုဗီတာမင်များ မရှိသလောက်ဖြစ်ပြီး အလဟာသ ဆုံးရှုံးနိုင်ကြောင်း သတိပြုသင့်ပါသည်။)
🔹️(Chaff) အပြင်ခွံပါး ဖွဲနု များကိုတော့ Cereal နှင့် ကွေကာအုပ် တို့ကဲ့သို့ ကျန်းမာရေးအစားအစာများတွင် ကြိတ်ချေ သုံးစွဲကြပါသည်။
🔹️(Bran)အညှောင့်များကိုတော့ ဆီအဖြစ် ထုတ်ယူသုံးစွဲကြပါသည်။
🔹️ကောက်ပဲသီးနှံများသည် လူတို့အတွက် အသုံးဝင်သည့် အပြင် ၄င်းတို့၏ ပင်စည် ပင်ရိုး (Straw)
ကောက်ရိုး တို့သည်လည်း တိရိစ္ဆာန် အစာများအဖြစ် အသုံးပြုနိုင်ပါသေးသည်။
🔹️(Glutinous Rice) ကောက်ညှင်းဆန်များသည်လည်း စပါးမျိုးနွယ်ဝင် များဖြစ်၍ ခြုံငုံ၍လေ့လာနိုင်ပါသည်။
❗(Strach)ကော်ဓာတ် ဆောင်းပါးရေးသည့် အခါမှ သေချာ ထပ်မံရှင်းပြပေးပါမည်။
🔹️(Rice Flour) ဆန်မှုန့် များ ပြုလုပ်ရာတွင်လည်း (White Rice)ဖြူဖွေးသော ဆန်များနှင့် (Brown Rice)ဆန်လုံးညိုများကို အမှုန့်ပြုလုပ်၍ ဈေးကွက်တွင်း ဖြန့်ဖြူးရောင်းချ ကြပါသည်။ တချို့သော ဟင်းပွဲများ နှင့် အရှေ့တိုင်းအချိုပွဲများတွင် ဆန်မှုန့်ကို (Roasted) အကျက် နှင့် (Raw) အစိမ်း ဟူ၍ ထုတ်လုပ် သုံးစွဲကြပါသည်။
ကဲ.... ဒီလောက်နဲ့ပဲ ဆန်အကြောင်း လေ့လာခြင်းကို ရပ်နားလိုက်ကြအောင် ခင်ဗျ။
မြန်မာပြည်၏ အစားအသောက်လောကကို
တိုးတက်စေလိုသော စေတနာဖြင့်.....
Thuriya
07/08/2020
THURIYA နှင့် အတူ 😊
Milk အကြောင်း လေ့လာကြရအောင်🍶🥛
Milk(နို့) လို့ ပြောလိုက်တာ နဲ့ ကျွန်တော်တို့ အားလုံး ပြေးမြင်ကြတာ နွားနို့ လို့ပြောရင်မှားမယ်မထင်ပါဘူး။ ဈေးကွက်ရဲ့လိုအပ်ချက် အရ အသုံးအများဆုံးကလည်း နွားနို့ ဖြစ်နေသလို Nutrient(အာဟာရ)တန်ဖိုးတွေ တွက်ချက်ရင်လည်း နွားနို့ဟာ တခြားသော ဆိတ်နို့၊ ကျွဲနို့၊သိုးနို့ တွေထက် သင့်တင့်လျောက်ပတ်နေတာကို တွေ့ရပါတယ်။တခြားသော အပင်တွေမှ ရရှိသည့် ပဲနို့၊ အုန်းနို့ကဲ့သို့ နို့များ ကို တော့နောက်များမှာ သက်သက် ခွဲခြားတင်ပြပေးသွားပါမယ်။ ဒီနေ့တော့ နွားနို့ကိုပဲ ဥပမာထား ရှင်းပြပေးသွားပါမယ်။
နို့တွေရဲ့ ပင်မ အာဟာရတန်ဖိုးတွေဖြစ်တဲ့ ပရိုတိန်း(Protein) ၊ အဆီ(Fat) နှင့် သကြား(Lactose) တို့ရဲ့ အချိုးအစား ပါဝင်မှုမှာ နွားနို့ဟာ တခြားသော နို့တွေထက် အချိုးအစားညီညွတ်တာကိုတွေ့ရှိရပါတယ်။ ဒါ့အပြင် နွားနို့တွင် ကယ်လ်ဆီယမ်၊ဗီတာမင် D နှင့် B12 တို့အပြင် အခြားသော အဖိုးတန် အာဟာရတန်ဖိုးများ ပါဝင်နေပါသေးတယ်။
နို့မှာ ပါဝင်တဲ့ ပရိုတိန်း(Protein)ဟာ
အလွန်ကောင်းမွန်တဲ့ အတွက် ခန္တာကိုယ် ကြီးထွားမှုနဲ့ အရိုးအဆစ် သန်မာမှုတို့မှာ အရေးကြီးတဲ့ အခန်းကဏ္ဏမှ ပါဝင်ပါတယ်။ နို့မှာပါဝင်တဲ့ အဆီ(Fat)တွေဟာလည်း ကယ်လိုရီ ကြွယ်ဝမှုအတွက် အထောက်အကူ
ပေးပါတယ်။ တဖက်မှကြည့်ပြန်လျင်လည်း ပါဝင်တဲ့ ဆီတွေဟာ ပြည့်ဝဆီ (Saturated Fatty Acid )တွေ ဖြစ်နေပါသေးတယ်။
ခန္ဓာကိုယ်ဖွံဖြိုးထွားကြိုင်းလိုသူများအနေဖြင့် Whole Milk ကို သောက်သုံးနိုင်ပြီး သာမန်လူများ အတွက်တော့ အဆီနည်းတဲ့ (Low- Fat Milk) ကိုသောက်သုံးနိုင်
ပါသည်။ ဝိတ်လျှော့နေသူများ အနေနဲ့တော့ အဆီလုံးဝမပါဝင်တဲ့ (Skim Millk) များကို သောက်သုံး နိုင်ပါသည်။
နို့မှ ယခုကဲ့သို့ ဖယ်ထုတ်ယူလိုက်သည့် အဆီတွေကနေတဆင့် (Butter နှင့် Margarine ) များကို ထုတ်လုပ်ပါသည်။
⛔( Butter နှင့် Margarine ) အကြောင်းများကို တော့ နောက် ဆောင်းပါးမှာ ဆက်လက်ဖော်ပြပေးပါ့မယ်။ 😊
Milk နို့ တွင် ပါဝင်သော သကြားလက်တို့စ်(Lactose) သည် ကစီ ဓာတ်( Carbohydrate) အနွယ်ဝင်ဖြစ်ပေမဲ့လည်း(Strach,Glucose,Fructose) တို့ကဲ့သို့ လူရဲ့ ခန္တာကိုယ်ထဲ လွယ်ကူစွာ ဝင်ရောက် အစာချေဖျက်နိုင်တဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။ ဒီ့အတွက် လူတချို့မှာ ဒီ သကြားလက်တို့စ်(Lactose) အားလုံးကို လျင်မြန်စွာ မချေဖျက်နိုင်ပဲ အစာအိမ်ထဲ အချဉ်ပေါက်ပြီး ဝမ်းပျက်၊ဝမ်းလျှောဖြစ်တတ် ကြပါသည်။ ပုံမှန်သောက်သုံးနေသူများပင် အခန့်မသင့်လျင် ဗိုက်ပွ၊ဗိုက်နာ ဝေဒနာများ ခံစားရခြင်းမှာ သကြားလက်တို့စ်(Lactose) ၏ အစာချေဖျက်မှုခက်ခဲခြင်းကြောင့် ဖြစ်ပါသည်။
ကောင်းကွက် အနေဖြင့်ကတော့ ဒီ သကြားလက်တို့စ် (Lactose) က နို့မှာ ပါဝင်တဲ့ ကယ်လ်စီယမ်(Calcium) ကို ခန္တာကိုယ်ထဲ ဖြန့်ဝေဖို့ အထောက်အကူ ဖြစ်စေပါ သည်။
အခြားသော ပဲနို့(Soy bean) နဲ့ အသီးအရွက် (vegetable) များဆီမှ ကယ်လ်ဆီယမ်(Calcium) ရရှိနိုင်သော်လည်း နို့မှာ ပါဝင်သည့် ကယ်လ်စီယမ်(Calcium) အရည်အသွေးက ပိုမိုကောင်းမွန်ကြောင်း လက်ခံထားကြပါသည်။
Milk နို့မှ ထုတ်လုပ်တဲ့ ဒိန်ချဉ်(Yoghurt) သည်လည်း နို့ကဲ့သို့ပင် အာဟာရတန်ဖိုး(Nutrient) များ အပြည့်အဝရရှိုနိုင်ပါသည်။
ဒိန်ချဉ် သည် နို့မှာ ပါဝင်တဲ့ သကြားလက်တို့စ်(Lactose) ကို အချဉ်ဖောက်ပြီး ဘက်တီးရီးယားလေးများ ပေါက်ဖွားစေကာ ထို ဘက်တီးရီးယားလေးများမှ ထုတ်လုပ်လိုက်သော Latic Acid ဖြင့် ဒိန်ချဉ်(Yoghurt) အဖြစ် ဖန်တီး လိုက်ခြင်းဖြစ်ပါသည်။
သကြားလက်တို့စ်(Lactose) ပြိုကွဲခြင်း ဖြစ်စဉ်ကြောင့် နို့ကဲ့သို့ အချိုဓာတ်မျိုး မရှိတော့တာ ကို သတိထားမိ
ကြမှာဖြစ်ပါသည်။
Milk နို့ အတွက် သတိထားစရာ အချက်လေးတွေကတော့ ( အထူးသဖြင့် နို့ နှင့် ဓာတ် မတည့်သူတွေ)........
နို့မှာ ပါဝင်တဲ့ ပရိုတိန်း(Protein) သည် မိခင်ရဲ့ နို့ရည်ကြည်(သွေးရည်ကြည်ကဲ့သို့) မှ လာတာဖြစ်သည့် အတွက် သွေးချင်းမတူရင် သွေးသွင်းလို့ မရသလိုပဲ တချို့သော လူတွေရဲ့ ခန္တာကိုယ်က နို့မှာ ပါဝင်သည့် ပရိုတိန်း(Protein) ကို လက်ခံဖို့ ငြင်းဆန်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း မွေးကာစ ကလေးငယ် များကို မိခင်နို့ရည်ကိုသာ ၆လ သား အရွယ်ထိ တိုက်ကျွေးဖို့ နှိုးဆော်နေကြခြင်းဖြစ်ပါသည်။
နို့မှာပါဝင်သည့် သကြားလက်တို့စ်(Lactose) သည်လည်း အစာချေဖျက်ရန် ခက်ခဲနိုင်လို့ အစာအိမ်သမားများနှင့် မွေးကာစကလေးငယ်များ အတွက်သတိထားနိုင်ရန် တင်ပြလိုက်ပါသည်။
အချုပ်ဆိုရသော် နို့(Milk)သည် ဆိုးကွက်ထက် ကောင်းကွက်များက သာလွန်ကောင်းမွန်နေ၍ နို့နှင့် ဓာတ်မတည့်သူ (Milk allergic) များမှ လွဲ၍ လူတိုင်းနီးပါးသောက်သုံးသင့်ကြောင်း ရေးသားလိုက်ရပါသည်။👍👍👍👍
မြန်မာနိုင်ငံ၏ အစားအသောက်လောကကို
တိုးတက်စေလိုသော စေတနာဖြင့်....
Thuriya
18/07/2020
၇၃ နှစ်မြောက်🇲🇲
၁၉ ဇူလိုင် အာဇာနည်နေ့🇲🇲
ဒို့မမေ့🇲🇲
မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း
နှင့်အတူ အာဇာနည် ခေါင်းဆောင်ကြီးများကို
ဦးညွှတ် ဂါရဝ ပြုပါသည်။🇲🇲🇲🇲🇲🇲
09/07/2020
Thuriya နှင့်အတူ Cake Maker တစ်ယောက်ပိုင်ဆိုင်သင့်တဲ့ ပစ္စည်းများ အကြောင်း လေ့လာကြရအောင်.......
🤗ဒီနေ့ ပြောပြပေးချင်တာကတော့ 🎂🍰
Cake Maker ဖြစ်ချင်သူတွေရဲ့ လက်ဝယ်မှာ ရှိကိုရှိရမယ့် ပစ္စည်းလေးတွေ အကြောင်းပါ။
1. Oven
မုန့်ဖုတ်ဖို လို့ပြောလိုက်တာနဲ့ လုပ်ငန်းသုံး မုန့်ဖုတ်ဖိုတွေ ပြေးမမြင်ကြပါနဲ့။ Cake maker တယောက် အတွက်က အမြင့် 30 cm, အလျား 50 cm, အနံ 35 cm လောက်ရှိတဲ့ အိမ်သုံး လျှပ်စစ်နှင့် သုံးနိုင်တဲ့ မုန့်ဖုတ်ဖို အသေးစားလေးတွေရှိရင် အဆင်ပြေပါပြီ။
2. Mixer
ကိတ်မွှေစက်လို့ ခေါ်တဲ့ စက်တွေအစား တချို့က hand mixer လေးတွေနှင့်ပဲ သုံးတတ်ကြတယ်။ အသုံးပြုလို့ရပေမဲ့ ကိတ်သားရဲ့ နူးညံမှု(texture) နှင့် ပါဝင်ပစ္စည်း ပေါင်းစည်းမှုတွေအတွက် ၇ လီတာ (သို့) ၁၀ လီတာ ဆန့်တဲ့ cake mixer လေး တလုံး ကို cake maker တို့ ပိုင်ဆိုင်ထားသင့်ပါတယ်။ Cake အလှဆင်ဖို့အတွက် cream များ အပွယူရိုက်ဖို့လည်း အသုံးဝင်တဲ့ ပစ္စည်းတခု ဖြစ်ပါတယ်။
3. Measuring Things
ချိန်တွယ် ပစ္စည်းတွေကတော့ ခွက်,ဇွန်း, ချိန်ခွင်(scale) အစရှိသဖြင့် ရှိရင်ရှိသလို cake maker တွေ အတွက် လိုအပ်တဲ့ အရာတွေပဲဖြစ်ပါတယ်။
4. Rubber Spatula
ရာဘာ ထိပ်ကားဇွန်းပြား ကတော့ ကိတ်နှစ်တွေ ကိုင်တွယ် ရာမှာ သန့်ရှင်းသပ်ရပ်မှုအပြင် ကိတ်နှစ်ရည်တွေ အလေအလွင့် ဖြစ်ခြင်းမှလည်း ထိန်းသိမ်းနိုင်လို့ မရှိမဖြစ် လိုအပ်ပါတယ်။
5. Cake pans
ကိတ်ဖုတ်မယ့် ခွက်နှင့် မိုတွေကတော့ ကိုယ်လုပ်လိုက်တဲ့ ကိတ်နှစ်တွေကို လှလှပပ ဖုတ်ပြီး ထွက်လာဖို့ကလည်း ဒီ cake pans လေးတွေက အဓိကပါဝင်ပါတယ်။
6. Parchment Paper
ဆီစိမ်စက္ကူလို့ လူသိများတဲ့ ကိတ်ဖုတ်ရန် အောက်ခံစာရွက် အပါးလေးတွေကလည်း မိမိရဲ့ ကိတ်သားကို အချိန်ကုန် လူပင်ပန်းခံပြီးမှ စိတ်ချလက်ချ ထုတ်ယူချင်လျှင် တော့ အသုံးပြုကြဖို့ မမေ့ပါနဲ့။
7. Pastry Brush
ဆီစုပ်တံလေး တွေကလည်း cake panထဲဆီသုတ်ပြီး ဆီစိမ်စက္ကူပါးလေးတွေ ခံဖို့ အတွက် အသုံးဝင်စေမဲ့ အရာလေးပါပဲ။ ဈေးလည်း သိပ်မများတာမို့ ဆောင်ထားသင့်တဲ့ အရာလေးပါ။
8. Mixing Bowl
စတီးဇလုံလေးများကလည်း ပါဝင်ပစ္စည်းများ ချိန်တွယ်ရန်၊ Butter နဲ့ chocolate များ အရည်ဖျော်ရန် နဲ့ cream များ အရောင်စပ်ရန်မှာ ပါ အသုံးဝင်တဲ့ ပစ္စည်းလေးများ ဖြစ်နေပါသေးတယ်။
9. Wire Whisk
စတီးဝါယာ မွှေတံလေးများကလည်း ဇလုံလေးနဲ့ အတူ တွဲဖက်အဖြစ် ဝယ်ထားရမယ့် ပစ္စည်းလေးဖြစ်ပါသည်။
10. Cooling Racks
အအေးခံဇကာ လေးကတော့ ဖုတ်ပြီးသား ကိတ်ပူပူလေးတွေကို တဖက်ပိတ် ဗန်းပေါ်မှာပဲ အအေးခံမယ်ဆို ကိတ်ရဲ့ အရည်အသွေးကို ထိခိုက်နိုင်လို့ ကိတ်အအေးခံရန် ဝယ်ထားသင့်တဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။
11. Cake Knife
လွှသွားပုံ ဓားလေးနှင့် ဖြတ်မှ ကိတ်အတွက် အဆင်ပြေမယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါ့ကြောင့် ဒီဓားလေး တချောင်း ဝယ်ထားဖို့လည်း မမေ့ပါနဲ့။
12. Offset Spatulas
(Steel spatula) ကိတ်ညှိဓားလို့ ခေါ်လေ့ရှိတဲ့ ကိတ်ညှိရာမှာ သုံးတဲ့ ဒီပစ္စည်းဟာ ဆိုဒ်စုံ၊ (အဖြောင့်၊အကောက်) ပုံစံစုံရှိပါတယ်။ အဆင်ပြေမဲ့ ဆိုဒ် နှင့် ပုံစံ ၄ ခုလောက် ဝယ်ယူထားသင့်ပါသည်။
13. Cake Stand
ကိတ်လှည့်စင် ကို သုံးရခြင်းကတော့ ကိတ်လေးတွေ ဖုတ်ပြီး ဒီတိုင်းစားရုံပဲဆို cake stand မလိုပေမဲ့ cake maker တယောက် အနေနဲ့ကတော့ ဒီလိုမျိုး နှင့် အဆုံးမသတ်ချင်ကြပါဘူး။ ဒီ့အတွက် ကိတ်တွေ အလှဆင်ဖို့ ကိတ်လှည့်စင်လေးကလည်း မရှိမဖြစ်ပါ။
14. Pastry Bag
ကတော့ချွန်ပုံ အိတ်လေးကတော့ cake အလှဆင်ဖို့ cream ညှစ်ရန် မရှိမဖြစ် ပစ္စည်းလေးပါ။
15. Cake Decorating Tips
အလှဆင်ထိပ်ဖူးလေးတွေက pastry bag ထဲမှာ ထည့်ပြီး သုံးပေးရမှာမို့ ကိုယ်နှစ်သက်တဲ့ ပုံစံ လေးတွေ ဝယ်ထားနိုင်ရင် အကောင်းဆုံးဖြစ်ပါသည်။
16. Table
နောက်ဆုံးကတော့ ဒီ Tools လေးတွေ အားလုံး ကို တင်ပြီး အလုပ်လုပ်ဖို့အတွက် အရေးကြီးတဲ့ စားပွဲတောင့်တောင့်တင်းတင်းလေးတွေ ဝယ်ထားဖို့ လိုအပ်ပါသည်။ ငွေကြေးတတ်နိုင်လျှင် စတီးစားပွဲများ ဝယ်ထားသင့်ပြီး၊ သစ်သားစားပွဲများ အသုံးပြုလျင်လည်း အပေါ်မှ အပေအရေခံ ဖယောင်းစားပွဲခင်းများ သေချာစွာ ခင်း၍အသုံးပြုနိုင်ပါသည်။
ယခုပြောပြသွားတာတွေကတော့ Cake Maker လုပ်ဖို့ စိတ်ဝင်စားတဲ့ ညီ၊ညီမ တို့ လေ့လာမှတ်သားနိုင်ရန် ရှင်းပြထားခြင်းဖြစ်ပါသည်။
အားလုံးကို ချစ်ခင်လျက်...
Thuriya
26/06/2020
Keto Diet
🍱
ယခု keto diet plan ကို ကောင်းတယ် မကောင်းဘူး ပြောမှာမဟုတ်ပဲ စာဖတ်သူများက ကျွှန်တော်ပြောတာကို စဉ်းစာပြီး ကိုယ့်ဦးနှောက်နဲ့ကိုယ် ဆုံးဖြတ်ရမှာပါ။ ဖတ်နေတဲ့သူအများစုအဆင်ပြေအောင် တချို့အသုံးအနှုန်းများကို မြန်မာမှုပြုရေးသားပေးပါမယ်။
✅Keto ဆိုတာ ကာဗိုဟိုက်ဒရိတ်(ကစီဓာတ်)ကိုဖြိုခွဲ
ခြင်းလို့ မှတ်ထားပေးပါ။ အဲ့တော့ ကျွှန်တော်တို့ keto အကြောင်းသွားမယ်ဆို ကာဗိုဟိုက်ဒရိတ်
အကြောင်းကို အရင်နားလည်ရမှာပါ။
✔ကာဗိုဟိုက်ဒရိတ်(ကစီဓာတ်)မှာ ပါဝင်နေတာကတော့ သကြားဓာတ်၊ကော်ဓာတ် နဲ့ အမျှင်ဓာတ်တွေပဲဖြစ်ပါတယ်။
အဲ့မှာကစီဓာတ်ကို ၂ပိုင်းခွဲလိုက်ရအောင် ရိုးရှင်းတဲ့ ကစီဓာတ်နဲ့ ရှုပ်ထွေးသော ကစီဓာတ်အဖြစ်
✔ရိုးရှင်းတဲ့ ကစီဓာတ်ဟာ မိမိတို့စားသုံးနေတဲ့ အသီးအနှံနဲ့ ဆန်ဂျုံပြောင်းတို့မှာ ပါဝင်နေပြီး
✔ရှုပ်ထွေးတဲ့ ကစီဓာတ်ကတော့ နို့မှထုတ်လုပ်
လိုက်သော ပစ္စည်းများမှာ ပါဝင်နေတယ်လို့ ယေဘူယျသိထားရပါမယ်။
✅ Calories(ကယ်လိုရီ)ကိုလည်း ထပ်ရှင်းပြပါ့မယ်။ တနေ့တာ စားသုံးမှု Nutrient အားလုံးကို
ပေါင်း၍တွက်ချက်ခြင်းလို့ မှတ်ထားပေးပါ။
✔အဲ့ဒီ့ ကယ်လိုရီထဲမှာ ခန္ဓာကိုယ်အတွက် အဓိက
ပင်မ Nutrient ကြီး ၃ ခုဖြစ်တဲ့ Protein(အသားဓာတ်)၊ Fat(အဆီဓာတ်)နှင့် Carbohydrate(ကစီဓာတ်) တို့ကို တွက်ချက်ခြင်းပဲဖြစ်ပါတယ်။
✅ အဲ့တော့ တနေ့တာ diet plan လုပ်နေသော လူတဦးရဲ့ ကယ်လိုရီ ကို 1800 နဲ့ပဲတွက်ကြည့်ရအောင်ဗျာ။ အဲ့ဒီ့လူဟာ ကယ်လိုရီ ထဲမှာ 200 gram ထက် ကျော်လွန်၍ ကစီဓာတ်ကိုစားသုံးခွင့်မရှိပါဘူး။
keto diet ကတော့ အဲ့ဒီ့ ကစီဓာတ်ကို တနေ့တာမှာ 20 g မှ 50 g အတွင်းတွက်ချက်ပြီး စားခိုင်းခြင်းပါပဲ။ လူတချို့ ထင်နေသလို အဆီကြောင့်ဝခြင်းဆိုတာထက် ကစီဓာတ်ကြောင့်လည်း ဝခြင်းဆိုတာ သိတဲ့သူ
နည်းပါးပါတယ်။ အဆီဆိုတာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့လောင်စာတမျိုးပါပဲ။
✔ဥပမာပေးရရင် ယာဉ်တွေမောင်းနှင်ဖို့ ဆီဖြည့်ရသလို ခန္ဓာကိုယ်အတွက် energy ဖြည့်တင်းဖို့ ဆီကိုလိုအပ်သလောက်တော့ စားသုံးဖို့လိုအပ်ပါတယ်။ တခုပဲပြောစရာရှိတာက Saturated Fat (ပြည့်ဝဆီ)တွေကို ရှောင်ရှားပြီး Unsaturated Fat (မပြည့်ဝဆီ)
တွေကို ရွေးချယ်စားသုံးတတ်ဖို့တော့လိုပါတယ်။
✔ ပုံမှန်လူတယောက်ရဲ့ ကစီဓာတ် စားသုံးမှုဟာ 50% ထက်မကျော်တာဟာ သင့်တင့်တယ်လို့ပြောလို့ရပေမဲ့ diet plan ရဲ့ဘောင်ထဲတော့ မဝင်တာ အမှန်ပါ။ ထမင်းကို ဟင်းထက် အများကြီးစာသုံးနေတဲ့
မြန်မာပြည်၊ ready made coffee တွေနဲ့ ၂ပါးသွားနေရတဲ့ မြန်မာပြည်ဟာ မလိုလားအပ်တဲ့ ကစီဓာတ်တွေ များပြားနေပြီး ဆီးချို၊သွေးတိုးရောဂါကို နိုင်ငံရဲ့ လူဦးရေ 60%လောက်က ခံစားနေရတာပါ။ Keto ရဲ့ ရည်ရွယ်ချက်ကို ဒီလောက်ဆို သိကြမယ်ထင်ပါတယ်။
✔ Keto Sick ကြောင့် Keto ဟာ ကြောက်စရာ ကောင်းတဲ့ diet plan လို့ထင်လာကြတာလား ??
ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ပိန်ဆေးတွေကျတော့ ရဲဝင့်စွာသောက်ရဲပါလျက် သဘာဝသီးနှံ အစားသောက်တွေနဲ့ တွက်ချက်တဲ့ keto ဟာ ဘာကြောင့်
ကြောက်စရာ အသွင်ဆောင်လာပါသလဲ ??
✔Keto ကြောင့် မဖျားနိုင်ဘူးလားဆို ဝန်ခံပါတယ်
ဖြစ်နိုင်ပါတယ်။ keto ဟာ အန္တရာယ်မရှိနိုင်ဘူးလား ဝန်ခံပါတယ် ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကိုယ်စားချင်တိုင်းစား ပစ်ချင်တိုင်းပစ်ထားခဲ့တဲ့ ဒီခန္တာကိုယ်ပေါ်က ကစီဓာတ်တွေကို လပိုင်းနဲ့ ပြိုကွဲအောင်
တိုက်ခိုက်ခြင်းဟာ အလိုလိုက်ထားမိတဲ့ ကိုယ့်ခန္တာရဲ့
ငြူစူခြင်းကိုတော့ ခံရမှာပါပဲ။
✔ ဥပမာပေးရရင် အရက်စွဲနေသူတယောက်ဟာ အရက်ဖြတ်ရင် သူ့သောက်ခဲ့သမျှလောက်ဒဏ်တော့ ခံစားပြီးမှ ပြတ်တာပါ။ Keto ဟာ အကြမ်းစား ဝိတ်လျှော့မှု ကုထုံးဖြစ်ပြီး ရရှိမဲ့ အကျိုးကလည်း မြန်ဆန်ပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ခန္တာကိုယ် ခံနိုင်ရည်အားကို ရွေးချယ်ပြီး diet plan ကိုကျင့်သုံးနိုင်ပါတယ်။
သေချာတာက အဆီတွေကို ဖြတ်ထုတ်ပြီး operation ဝင်ရတဲ့ ကုထုံးထက်တော့ သာတယ်ဆိုတာပါပဲ။
မှတ်ချက်။ ။ ကိုယ်ဝန်ဆောင်သည် နဲ့ မီးဖွားပြီးခါစ သူများအတွက်တော့အားမပေးပါ။ သူတို့အတွက်က တနေ့တာ ကစီဓာတ် အနည်းဆုံး 175 gram လောက်စားသုံးဖို့ လိုအပ်နေလို့ပါ။
အခုလောက်ဆို keto diet plan ဟာ ကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ရမှာဆိုတာ သိလောက်ပါပြီ။ Keto ဟာ US မှာ အရမ်းကျော်ကြားလာပြီးမှ ဒီဘက်အရှေ့နိုင်ငံတွေကိုရောက်လာတာပါ။ သူတို့ နိုင်ငံသားတွေဟာ အစားအသောက် ဗဟုသုတတွေမှာ အရမ်းနားလည်နိုင်ကြပြီ keto သည် လွယ်လွယ် အောင်မြင်ခဲ့တာ မဟုတ်ကြောင်း အသိပညာပေးရင်း ဒီနေရာမှာပဲရပ်နားလိုက်ပါသည်။
မြန်မာပြည်၏ အစားအသောက် လောကကို
တိုးတက်စေလိုသော စေတနာဖြင့်
Thuriya
17/04/2020
💜💜နှစ်သစ်ဆုတောင်းလွှာ💚💚
နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းသော ယခုချိန်မှစ၍ နှစ်ဆုံးတိုင် အေးချမ်းသာယာ ပျော်ရွှင်ပါစေ ဟု နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါသည်။
စိတ်မချမ်းမြေ့မှုများ၊ မအောင်မြင်မှုများ၊ ပူပင်သောကများ ကို နှစ်ဟောင်းတွင်ထားခဲ့ပြီး နှစ်သစ်မှာကံကောင်းခြင်း၊ ပျော်ရွှင်အောင်မြင်ခြင်း၊ သာယာဝပြောခြင်းများ ယူဆောင်နိုင်ပါစေ။
နှစ်ဟောင်းက ကောင်းခြင်းအရာများကို သယ်ဆောင်နိုင်ပြီး နှစ်သစ်မှာ ပိုကောင်းခြင်းတွေကို ဖန်တီးယူနိုင်ကြပါစေ ဟု Thuriya Baking&Cooking Studio မိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
08/04/2020
THURIYA နှင့်အတူ
ကြက်ဥ အကြောင်း လေ့လာကြရအောင် 🥚🍳
🥚Egg လို့ ဆိုလိုက်တာနဲ့ ဌက်တွေက ပေါက်ဖွားတဲ့ ဥတွေသာ ပြေးမမြင်ကြပဲ အကောင်လိုက်မွေးဖွားခြင်း
မဟုတ်တဲ့ သတ္တဝါများ ဖြစ်ကြတဲ့ ဖား၊ငါး၊မြွေ၊အိမ်မြှောင် အစရှိသဖြင့် ဥဖြင့် သားဖောက်ကြတဲ့သတ္တဝါ အားလုံးကို ပြေးမြင်နိုင်အောင် ကြိုးစားကြရပါမည်။
ဒီလို မြောက်မြားစွာသော သတ္တဝါတွေရဲ့ ဥပေါင်း များစွာ ထဲမှ ကမ္ဘာပေါ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်သော Egg လို့ခေါ်လိုက်တာနဲ့ မိမိ တို့ပြေးမြင်လေ့ရှိကြတဲ့ (Chicken Egg) ကြက်ဥ အကြောင်းကို Thuriya မှ ယနေ့ရှင်းပြသွားပါ့မယ်။
🥚Chicken Egg ကြက်ဥ ကို ကမ္ဘာမှာတွင်တွင်ကျယ်ကျယ် နှင့် အများဆုံးထုတ်လုပ်တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာပေါ်က📈 ဝယ်လိုအားရဲ့ 39% လောက်ကို ထိန်းချုပ်ထားပါတယ်။
ကြက်ဥဟာ ဟင်းချက်လုပ်ငန်းနှင့် မုန့်ဖုတ်လုပ်ငန်းတို့ရဲ့ အခြေခံဖြစ်လို့ Chef နှင့် Baker များဟာ ကြက်ဥ အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင်ကို လေ့လာဖို့ လိုအပ်ပါတယ်။
🥚ကြက်ဥတလုံးမှာ အခြေခံ အချက်ဖြစ်တဲ့ အနှစ်နဲ့ အကာ ခွဲထားခြင်းကို တော့အားလုံးသိပြီးဖြစ်မှာပါ။
ပြောစရာရှိလာတာက ကြက်ဥ အကာဟာ အနှစ်ထက် ပိုမိုကောင်း မွန်တယ်ဆိုတဲ့ အနည်းငယ်လွဲမှားနေတဲ့ အယူအစလေးကိုတော့ Thuriya မှ အနည်းငယ် ရှင်းပြပေးချင်ပါတယ်။ ကြက်ဥဟာ ပရိုတိန်း ၊ကယ်လိုရီ
၊သံဓာတ်၊ဗီတာမင် မြောက်မြားစွာနဲ့ Choline လို့ခေါ်တဲ့ ဦးနှောက်ဥာဏ်ရည် ဖွံ့ဖြိုးမှုအတွက် အထောက် အကူပြုတဲ့ တန်ဖိုးရှိ Nutrient တွေ ပေါများစွာ ပါဝင်နေတဲ့ ဈေးနှုန်းသင့် အစားသောက်တမျိုး ဖြစ်ပါသည်။
🥚ထိုထဲတွင် ပါဝင်နေသော အာဟာရတန်ဖိုးများထဲမှ
ကြက်ဥ အကာဟာ ပရိုတိန်းနှင့် ဗီတာမင် B2 ပါဝင်မှုမှာ အနှစ်ကို ယှဉ်နိုင်ပေမဲ့ ကျန်ရှိနေတဲ့ အာဟာရတန်ဖိုး တွေကတော့ ကြက်ဥအနှစ်ထဲမှာ ရှိနေတယ် ဆိုတာတော့ ငြင်းပယ်လို့ မရပါဘူး။
တချို့ပြောကြသလို ကြက်ဥအနှစ်ဟာ ဆီပါဝင်မှုရှိလို့ (Cholosterol) ခိုလက်စထရော မြင့်မားနေတယ်
ပြောခြင်းဟာ မှားယွင်းမှုတခုသာဖြစ်ပြီး ကြက်ဥအနှစ် တွင်ပါဝင်သော ဆီဟာ မိမိတို့ ပုံမှန်စားသုံးနေသော အိမ်သုံးဆီများထက် အန္တာရာယ် ကင်းသော မပြည့်ဝဆီ
(Unsaturated Fat) အမျိုးအစားဖြစ်ပါသည်။
📜ယခု ရှင်းပြချက်ဟာ ကြက်ဥနှင့်(allergic) ဓာတ်မတည့်သော သူများကို ဆိုလိုခြင်း မဟုတ်ကြောင်း ပြောကြားလိုပါသည်။
🥚ကြက်ဥအနှစ် စားသုံးခြင်းဖြင့် ယခုလို အာဟာရတန်ဖိုးများ ရနိုင်တဲ့အပြင် ရရှိရန်ခက်ခဲသော ဗီတာမင် D ကိုလည်း ကြက်ဥ အနှစ်မှ အလွယ်တကူ ရရှိနိုင်ပါသည်။ ထို့အပြင် ဆီနှင့် ရေ ကို အတူတကွ ပေါင်းစည်းပေးနိုင်သော သဘာဝ Emulsifier ကိုလည်း ကြက်ဥအနှစ် ထဲမှ ရရှိနိုင်ပါသေးသည်။ (ဥပမာ။ Mayonnaise, Hollandaise sauce နှင့် Custard တို့ပြုလုပ်ရာတွင် လေ့လာနိုင်ပါသည်)
🥚ကြက်ဥ အခွံ၏ အရောင်များ ကွာခြားမှုသည် ကြက်၏မျိုးစိတ်နှင့်သာ သက်ဆိုင်ခြင်းဖြစ်ပြီး ကြက်ဥအနှစ်၏ အရောင်များ ခြားနားမှုသည်လည်း ကြက်များ၏ အစားသောက်များပေါ် မူတည်ခြင်း ဖြစ်ပါသည်။
🥚ယခုလို တန်ဖိုးရှိတဲ့ ကြက်ဥများကို လွယ်ကူစွာ စားသုံးနေကြသော်လည်း သတိထားရမယ့် အပိုင်း များကိုလည်း ချန်လှပ်ထား၍မရပါ။ ကြက်ဥဟာ အစာအဆိပ်သင့်မှု အများဆုံး ဖြစ်နိုင်တဲ့ အစားသောက် တမျိုး လည်းဖြစ်ပါသည်။ကြက်ဥဟာ မည်သည့်နေရာက လာလည်းဆိုတာတော့ အားလုံးသိပြီးသားဖြစ်မှာပါ 😅
ထို့ကြောင့် ကြက်ဥရဲ့ မျက်နှာပြင်ဟာ 👾 Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယား တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါ့ကြောင့် ဝယ်ယူတဲ့ အခါမှာလည်း အက်ကွဲနေတဲ့ ကြက်ဥများကို ဝယ်ယူရန်မသင့်တော်ပါဘူး။ Chefအများစုရဲ့ ကြီးမားတဲ့ စေတနာ အမှားတခုက သန့်ရှင်းမှုအတွက် ကြက်ဥတွေကို ရေဆေးချခြင်း ဖြစ်ပါသည်။ ဒါဟာ လွဲမှားနေတဲ့ အမှားတခုပါ။
🇺🇸အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေးဌာနကြီး ကတော့ ကြက်ဥတွေ ရေဆေး အသုံးပြုခြင်းကို ပြင်းထန်စွာ ကန့်ကွက်ထားပါသည်။ ကြက်ဥရဲ့အခွံဟာမာနေပေမဲ့ လည်း မျက်စိဖြင့် မမြင်နိုင်သော အပေါက်ကလေးတွေ ရှိနေပါသည်။ ရေဆေးချလိုက်မည်ဆိုတာနဲ့ ထိုရေဖိအားနဲ့ အတူ ဘက်တီးရီးယားတွေဟာ ကြက်ဥအတွင်းသို့ ဝင်ရောက်သွားမှာဖြစ်ပါသည်။ ဒီအခြေနေမှာ Thuriya ကို❓ မေးစရာရှိလာတာက ဒီအပေါက်တွေအစထဲက ရှိနေတာ ဘက်တီးရီးယား မဝင်နိုင်ဘူးလားလို့ပါ။ မဝင်နိုင်ပါဘူးလို့ဖြေပါရစေ။ သဘာဝက ဖန်တီးပေးထား တဲ့ (bloom)လို့ခေါ်တဲ့ အကာအကွယ်ပါးလေးက ကြက်ဥရဲ့ အခွံအောက်မှာ တည်ရှိနေပါတယ်။ ခြောက်သွေ့နေတဲ့ ကြက်ဥရဲ့ အနေအထားမှာတော့ ဘက်တီးရီးယားတွေဟာ ဒီ bloom လေးကို ဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။ စိုစွတ်နေတဲ့ အနေအထားမှာတော့ အလွယ်တကူ ဝင်ရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲမှာ ကြက်ဥများသိမ်းဆည်း မည်ဆိုပါကလည်း ချက်ပြုတ်ပြီးသားအစားသောက် များနဲ့ ဝေးဝေးထားရမယ့်အပြင်၊ ရေခဲသေတ္တာ အပြင် သို့ထုတ်ပြီးသည်နဲ့ ချက်ချင်းအသုံးပြုဖို့ အကြံ ပေးလိုပါသည်။ ✅
🥚အစိမ်းနီးပါး၊ မကျက်တကျက် အနေအထားနဲ့ Mayonnaise ကဲ့သို့ အစားစာများ ပြုလုပ်ရာတွင် ကြက်ဥကို ခြောက်သွေ့သည့် အရပ်တွင်သာထားရန် အကြံပြုပါရစေ။ ကြက်ဥများ ကိုင်တွယ်ပြီးပါကလည်း လက်ကိုသေချာစွာ ဆေးပြီးမှ တခြားအစားသောက် များကို ကိုင်တွယ်ကြရန် အစားသောက် ချက်ပြုတ်သူ၊ မုန့်ဖုတ်သူ နှင့် အိမ်ရှင်မများအား စေတနာ နှင့် အကြံဥာဏ်ပေးလိုက်ပါတယ်ခင်ဗျာ။
စာရေးပျင်းတဲ့ ကျွန်တော့်အတွက် နောက်များရေးချင်စိတ်လေး ဖြစ်ပေါ်အောင် Like နဲ့ Share လေးတွေ လုပ်ပေးတဲ့ အပြင် Credit လေး ပေးဖို့ မမေ့ကြပါနဲ့နော် 🤗
အားလုံးကို ချစ်ခင်လျက်
Thuriya
06/04/2020
THURIYA နှင့် အတူ ...
🌾Flour ဆိုတဲ့ ဂျုံ အကြောင်းလေ့လာကြရအောင်🌾
ကျွန်တော်တို့ အများစုဟာ Flour လို့ ပြောလိုက်တာနဲ့ Wheat ဂျုံကိုပဲ ပြေးမြင်တတ်ကြတယ်။ အမှန် Flour ရဲ့ဆိုလိုရင်းက စား၍ရသော အမှုန့်ကြိတ်ထားတဲ့ ကောက်ပဲသီးနှံ အားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဆန်များကို အမှုန့်ကြိတ်၍ သုံးလျင်လည်း ကောက်ပဲသီးနှံ ဖြစ်တဲ့ အတွက် Flour အုပ်စုဝင်ပဲဖြစ်ပါတယ်။ Thuriya ကိုမေးစရာရှိတာက Flourကိုဘာကြောင့်(powder) အမှုန့်လို့ အခေါ်အဝေါ်အသုံးမပြုကြတာလဲဆိုတော့ ကောက်ပဲသီးနှံမျာအတွက်ပဲ ရည်ရွယ်ထားတာကြောင့်လို့
အဖြေပေးပါရစေ။✅
Flour တွင် မြောက်မြားစွာသော ကောက်ပဲသီးနှံ
အမျိုးအစားများပါဝင်နေပြီး ၄င်းတို့မှာဆန်၊ဂျုံ၊ပြောင်း၊
ဘာလေ၊ အုတ်စ်(Oat)၊ ပဲအမျိုးမျိုး၊မြေအောက်ပေါက် အပင်များနဲ့ အပင်မှရသော အစေ့၊အဆံအမျိုးမျိုး (ဥပမာ။ နေကြာစေ့၊နှမ်းစေ့)တို့ ပါဝင်ကြပါတယ်။
သို့ပေမဲ့လည်း ကမ္ဘာပေါ်တွင် Wheat ဂျုံရဲ့ ဝယ်လိုအားဟာ တခြားသော ကောက်ပဲသီးနှံ အားလုံးထက် ရောင်းအား အမြင့်ဆုံးမှာ တည်ရှိနေ
တာကြောင့် Flour ဆိုတာ wheat ဂျုံရဲ့ ပင်တိုင်
အမည်လို ဖြစ်လာနေတာပါ။ ဒုတိယ ရောင်းအားများ
တာကတော့ ပြောင်းကနေ ထုတ်တဲ့ ပြောင်းဂျုံ(Corn Flour)ဖြစ်ပါတယ်။
ဒီနေ့ Thuriya မှအဓိက ရှင်းပြမှာကတော့ မုန့်လောကမှာ အသုံးများပြားတဲ့ Cereal(ကောက်နှံပင်)မျိုးနွယ်ဝင် 🌾Wheat ဂျုံကို အဓိကထား ရှင်းပြပေးမှာပါ။
Wheat ဂျုံကို အပိုင်းသုံးပိုင်3း️⃣ခွဲပြီး Flour များ ပြုလုပ်ကြပါတယ်။ အတွင်းသား၊ အညှောင့်နှင့် အပြင်ခွံပါး(ဖွဲနု) ဆိုပြီး ဂျုံစေ့တစေ့ကို မြင်ယောင်ပေးပါ။
✔ထို ၃ ပိုင်း လုံးကို တပေါင်းတည်းပြုလုပ်ပြီး ထွက်လာတဲ့ Flour ကို (Whole grain flour)လို့ ခေါ်ဆိုကြပါတယ်။
✔ အတွင်းသားကြီးပဲ ပြုလုပ်ထားတဲ့ Flour ကို (Refined flour) လို့ ခေါ်ဆိုကြပါတယ်။
✔ အပြင်ခွံ(ဖွဲနု)ကိုပဲ ပြုလုပ်ထားတဲ့ Flour ကိုတော့
( Wheat bran flour) လို့ ခေါ်ဆိုကြပါတယ်။
ထို Wheat ဂျုံမှ ထုတ်လုပ်သော Refined Flour မှနေပြီး ကျွန်တော်တို့ လက်ရှိ အသုံးပြုနေသော
♻️Bread Flour, Hard Flour, All Purpose Flour, Pastry Flour, Cake Flour နဲ့ Self-Raising Flour တွေကို ဈေးကွက်ထဲ ဖြန့်ချီကြပါတယ်။
ထို Wheatဂျုံ များဟာ Gluten protein (ပရိုတိန်း) ပါဝင်မှု အနည်းအများပေါ်မူတည်ပြီး မိမိတို့ ထုတ်ကုန်များကို ဥာဏ်ရှိသလို အသုံးပြုဖို့ ခွဲခြားပေးထား
ခြင်းဖြစ်ပါသည်။
🔹️Bread Flour(ပေါင်မုန့်ဂျုံ) တွင်Gluten Protein (ပရိုတိန်း) ပါဝင်မှုများပြားပြီး 11% မှ 13% ထိပါဝင်နိုင်ပါသည်။ နွေရာသီမှာရိတ်သိမ်းတဲ့ wheat ဂျုံပင်တွေနဲ့ အများဆုံး ထုတ်လုပ်ပါတယ်။
🔹️ Hard Flour ( ဂျုံမာ) တွင် Protein ပါဝင်မှု Bread flour ထက်ပိုမိုများပြားပြီး 13%မှ 16%ထိ ပါဝင် နိုင်ပါတယ်။ ၄င်းဂျုံကို မစားပဲ အလှပြခင်းကျင်းသည့် Display ပေါင်မုန့်များလုပ်ရာတွင် အထူးသဖြင့် သုံးစွဲကြပါသည်။
🔹️All Purpose Flour (အထွေထွေသုံးဂျုံ)ကတော့ ပျော့လည်း မပျော့သလို မာလည်းမမာတဲ့ ဂျုံ
အမျိုးအစားဖြစ်ပြီး protein ပါဝင်မှု 9% မှ 11% ထိ ရှိပါတယ်။ သူ့ကို plain flour လို့လည်းခေါ်တတ်ကြပြီး ကွတ်ကီး၊ဘီစကစ်၊ပီဇာအောက်ခံဒိုးသားနဲ့ အချို့သော ပေါင်မုန့် အမျိုးအစားတွေမှာ အသုံးပြုကြပါတယ်။
🔹️Pastry Flour( ကြွပ်ရွဂျုံ) မှာ Protein(ပရိုတိန်း) 7% မှ 9% ထိပါရှိပြီး Puff သားလိုမုန့် အမျိုးအစားများ၊ Pound Cake နဲ့ Banana Cake တို့လို ကိတ်သား အမာပုံစံလေးတွေမှာ အထူးသဖြင့် အသုံးပြုကြပါတယ်။
🔹️ Cake Flour(ကိတ်ဂျုံ) ကတော့ Protein ပါဝင်မှု အနည်းဆုံးဖြစ်ပြီး 6% မှ 8% ပါဝင်ပါသည်။ ၄င်းကိုတော့ ကိတ်အမျိုးအစား အမျိုးမျိုးမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
🔹️Self- Raising Flour( အသင့်သုံးဂျုံ) တွေကတော့ အမျိုးမျိုးသော Protein တွေပါဝင်တဲ့ ဂျုံတွေကို အသုံးပြုပြီး အသင့်သုံးနိုင်အောင် ပြုပြင်ဖန်တီး ယူထားတဲ့ Pre- Mix flour အမျိုးအစားတွေပဲဖြစ် ပါတယ်။ အပွခံဆေးတွေ၊အရသာတွေ ထည့်စရာ မလိုလောက်အောင် ပြုပြင်ပေးထားတဲ့ စက်ရုံထုတ် အသင့်သုံး ဂျုံအမျိုးအစားတွေပဲဖြစ်ပါတယ်။ ကဲ....ဒီလောက်ဆို Thuriya နဲ့ အတူ ဂျုံလေ့လာရတာ ကျေနပ်လောက်ပြီလို့ မျှော်လင့်ပါတယ်။ စာရေးပျင်းတဲ့ ကျွန်တော့်အတွက် နောက်များရေးချင်စိတ်လေး ဖြစ်ပေါ်အောင် Like နဲ့ Share လေးတွေ လုပ်ပေးတဲ့ အပြင် Credit လေး ပေးဖို့ မမေ့ကြပါနဲ့နော် 🤗
အားလုံးကို ချစ်ခင်လျက်
Thuriya
05/04/2020
Let's Bake & Cook together with THURIYA
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |