Alexa’s English Class

Alexa’s English Class

Share

Your English Language Mentor! 👩🏻‍🏫

Photos from Alexa’s English Class's post 09/04/2026

Being an English teacher comes with responsibilities which are not just about improving my students' English skills but also polishing my own language skills. ✨

As an English as a second language speaker, I never stopped learning and evaluating myself to keep up with the latest language trends and to offer better learning techniques for my students. 🩷

Today, I took an English language test by British Council to see how far I have come with my English skills and I got 593 out of 599. 🥳🥳 (With full marks in Vocabulary Yayyy) 🎉

I have been taking this test since 2022 and this year's score is the highest one I have achieved in this 4-year time. 💖

You can also test your English skills with British Council English Score app if you want to evaluate yourself too. I always use this with my students to record their progress. 🗯️👩🏻‍🏫

03/01/2026

Big Collaboration with Burmese Julie 🥳🥳
Thank you Tr. Julie for your invitation 😍
More collaborations coming soon ✨️

🤝 Collaboration Announcement🤝

Burmese Julie × Alexa’s English Class
ပူးပေါင်းလုပ်ဆောင်သွားမယ့် Collaboration ကို နှစ်သစ်မှာ ကြေညာလိုက်ပါတယ် 🎉

💡 ဘာကြောင့် ဒီ Collaboration လုပ်ဖြစ်တာလဲ?
ကျောင်းသားတော်တော်များများဟာ English Language ကို လေ့လာနေပေမယ့်
Scholarship လျှောက်ဖို့၊ ကျောင်းလျှောက်ဖို့ ဘယ်လိုအသုံးချရမလဲဆိုတာမှာ အခက်အခဲတွေ ကြုံနေတာကိုတွေ့ရတာမို့ ဒီ Collaboration က English Skill + ပညာရေးလမ်းညွှန်မှု ကို တစ်နေရာတည်းမှာ ရရှိစေဖို့ ရည်ရွယ်ထားတာပါ။

📚 Burmese Julie နှင့် Alexa's English Classမှ ပူးပေါင်းပြီး ပံ့ပိုးပေးမယ့် ဝန်ဆောင်မှုများကတော့
✨English Listening & Speaking (B1–C1)
✨IELTS Regular & Intensive Classes
✨Duolingo English Test (DET) Preparation
✨General English (Beginner to Advanced)
✨Personal Statement / SOP Checking & Guidance
✨Scholarship & Study Abroad Educational Advice
✨1-on-1 Support (ကိုယ်တိုင်လိုအပ်ချက်အလိုက်)

🎯 ဘယ်သူတွေအတွက် သင့်တော်လဲ?
✨ Englishဘာသာစကားကို အမှန်တကယ်တိုးတက်ချင်သူ အသုံးချချင်သူ
✨ Scholarship / နိုင်ငံခြားကျောင်း လျှောက်ဖို့ စိတ်ဝင်စားသူ
✨ လမ်းညွှန်မှု Guidance ရှင်းရှင်းလင်းလင်း လိုအပ်နေသူ
✨ ဖိအားမရှိဘဲ Support ရပြီး လေ့လာချင်သူများအတွက် သင့်တော်ပါတယ်။

📩 လာမယ့် Class တွေ၊ Free Webinar Seminar တွေနဲ့ Program တွေအတွက် ဆက်လက်စောင့်ကြည့်ပေးပါနော်


03/01/2026

🤝 Collaboration Announcement🤝

Burmese Julie × Alexa’s English Class
ပူးပေါင်းလုပ်ဆောင်သွားမယ့် Collaboration ကို နှစ်သစ်မှာ ကြေညာလိုက်ပါတယ် 🎉

💡 ဘာကြောင့် ဒီ Collaboration လုပ်ဖြစ်တာလဲ?
ကျောင်းသားတော်တော်များများဟာ English Language ကို လေ့လာနေပေမယ့်
Scholarship လျှောက်ဖို့၊ ကျောင်းလျှောက်ဖို့ ဘယ်လိုအသုံးချရမလဲဆိုတာမှာ အခက်အခဲတွေ ကြုံနေတာကိုတွေ့ရတာမို့ ဒီ Collaboration က English Skill + ပညာရေးလမ်းညွှန်မှု ကို တစ်နေရာတည်းမှာ ရရှိစေဖို့ ရည်ရွယ်ထားတာပါ။

📚 Burmese Julie နှင့် Alexa's English Classမှ ပူးပေါင်းပြီး ပံ့ပိုးပေးမယ့် ဝန်ဆောင်မှုများကတော့
✨English Listening & Speaking (B1–C1)
✨IELTS Regular & Intensive Classes
✨Duolingo English Test (DET) Preparation
✨General English (Beginner to Advanced)
✨Personal Statement / SOP Checking & Guidance
✨Scholarship & Study Abroad Educational Advice
✨1-on-1 Support (ကိုယ်တိုင်လိုအပ်ချက်အလိုက်)

🎯 ဘယ်သူတွေအတွက် သင့်တော်လဲ?
✨ Englishဘာသာစကားကို အမှန်တကယ်တိုးတက်ချင်သူ အသုံးချချင်သူ
✨ Scholarship / နိုင်ငံခြားကျောင်း လျှောက်ဖို့ စိတ်ဝင်စားသူ
✨ လမ်းညွှန်မှု Guidance ရှင်းရှင်းလင်းလင်း လိုအပ်နေသူ
✨ ဖိအားမရှိဘဲ Support ရပြီး လေ့လာချင်သူများအတွက် သင့်တော်ပါတယ်။

📩 လာမယ့် Class တွေ၊ Free Webinar Seminar တွေနဲ့ Program တွေအတွက် ဆက်လက်စောင့်ကြည့်ပေးပါနော်


23/12/2025

ThaiBev Internship Program for ASEAN Students is accepting applicants so don't miss this opportunity! ✨️⭐️❤️ Application Link in the comment btw

You don't need to be staying in Thailand to work for this Internship and it's a paid Internship so if you're interested, watch this video till the end 💙

23/12/2025

ThaiBev Internship Program for ASEAN Students is accepting applicants so don't miss this opportunity! ✨️⭐️❤️ Application Link in the comment btw

You don't need to be staying in Thailand to work for this Internship and it's a paid Internship so if you're interested, watch this video till the end 💙

23/12/2025

Tr Alexa ဆီမှာ သင်တန်းတက်မယ်ဆိုရင် သိထားရမယ့် အချက်​လေးတစ်ခု​ပြောပြချင်လို့ပါ

အဲ့တာက​တော့ သင်တန်းစုံစမ်းပြီးလို့ အပ်မယ်ဆိုရင် တီချယ့်ဘက်က​ Placement Test ​ဖြေဖို့ ​ပေးပါလိမ့်မယ်
Test က free test ပါ .. အဲ့ဒီ Test က​နေ ရတဲ့ Result & Score breakdown ရယ် ကိုယ် focus ချင်တဲ့ skill အ​ပေါ်မူတည်ပြီး customised curriculum ဆွဲရတာ​မို့ပါ✨️👩‍🏫

ပြီး​တော့ အဲ့လို Placement Test ​​ဖြေထားခြင်းဖြင့် ဒီသင်တန်းမတက်ခင်နဲ့ တက်ပြီး ကိုယ့်ရဲ့ progress ကိုလည်း track လုပ်သွားလို့ရပါတယ်✨️ It's a good measurement tool for your improvement tracking ပါ ❤️

အဲ့တာ​ကြောင့် Placement Test မ​ဖြေချင်ဘူး ဘာညာဆိုရင်​​တော့ Alexa's English Class is not for you ပါ​နော်🙏

တီချယ်က​တော့ အဓိက Listening and Speaking ရယ် IELTS preparation ရယ်ကို one on one class ​တွေနဲ့ ထိထိမိမိသင်​ပေးပါတယ်ရှင် 👩‍🏫

15/12/2025

တီချယ် တက်ခဲ့တဲ့ Thammasat University က​နေ Bachelors and Masters Degree Scholarship ​တွေ​ခေါ်​တဲ့အ​ကြောင်း သတင်း​ကောင်း​လေး ​ပြောပြမလို့ပါ ✨️🎊

အရင်ဆုံး Thammasat University အ​ကြောင်း​လေး ​ပြောပြရမယ်ဆိုရင် သူက ထိုင်းနိုင်ငံရဲ့ အထင်ကရ Public University ​တွေထဲက တစ်ခုဖြစ်ပြီး QS 2026 ranking အရ Thai နိုင်ငံရဲ့ top 4 university ပဲဖြစ်ပါတယ်။ ⭐️🎖🇹🇭

Thammasat က​ပေးတဲ့ scholarship နာမည်က​တော့ Thammasat International Student Recruitment (TISR) ပဲဖြစ်ပါတယ်။ ✨️

သူက တစ်နှစ်မှာ Scholarship 2 ကြိမ်​ခေါ်တယ်။ ပထမတစ်​ခေါက်က ခုလို Nov-Dec ရယ် ​နောက်တစ်ခုက April-May ​ခေါ်တယ်။ Nov-Dec ​ခေါ်တဲ့ 1st round က​တော့ ​ရွေးချယ်စရာ​မေဂျာ​တွေများတဲ့အတွက် ​လျှောက်ဖို့ recommend ​ပိုပေးပါတယ်။

Scholarship category 3 ခုရှိတယ်။
1. Full tuition fees waiver + Monthly Stipend 7,500 bhat
2. Full tuition fees waiver
3. Tuition fees 50% waiver

တီချယ့်တုန်းက​တော့ 2023 ​လောက်က 1st category scholarship ရခဲ့တယ်​။ ​ကျောင်းလခက Masters 2 years ကို ဘတ် ၃သိန်း​ (မြန်မာ​ငွေ သိန်း ၃၀၀ - ၄၀၀) လောက်ကျတာကို full tuition waiver နဲ့တက်ရတဲ့အပြင် monthly stipend လည်းရ​တော့ အိမ်လခလည်း ကာမိတယ်​​ပေါ့​နော်။ ❗️ in return အ​နေနဲ့က​တော့ စာ​တော့​သေချာကြိုးစားပြီး GPA လည်း​ကောင်းဖို့ လိုတာ​ပေါ့​နော်။ ✨️⭐️ Volunteering hours လည်း တစ်နှစ်ကို နာရီ 40 ပြန်​ပေးရပါတယ်။ Volunteering experience is so worth it too btw!

အခု ဒီနှစ်မှာ​တော့ Law, Journalism, Business, Economics, Social Administration, Liberal Arts, Engineering, Science and Technology, Medicine, Public Health, Pharmacy, Architecture, English Teaching, Innovation, Sustainability စတဲ့ faculty ​တော်​တော်များများ​ Bachelors ​ရော Masters ပါ​ခေါ်ထားပါတယ်။ faculy အရမ်းများ​တော့ List အပြည့်အစုံကို​တော့ comment က link မှာကြည့်​ပေးပါ။ ❤️

Scholarship Deadline က​တော့ 24 December 2025 ဖြစ်ပါတယ်။

Faculty ​တစ်ခုနဲ့ တစ်ခုရဲ့ requirement မတူတဲ့အတွက် ​comment ထဲက Link မှာ ဝင်ကြည့်​ပေးပါ။

Statement of Purposes (SOP) or Motivation Letter ​တောင်းတဲ့ faculty ​တွေလည်းရှိတဲ့အတွက် ကိုယ့်ရဲ့ Essay ကို check ဖို့ အ​တွေ့အကြုံရှိတဲ့သူစီက အကြံဥာဏ်လိုတယ်ဆိုရင်​တော့ တီချယ့်ဆီမှာ Essay Checking Service ​လေးရှိပါတယ်။ 👩‍🏫
Essay ​ရေး​ပေးတာမဟုတ်ပဲ ကိုယ့်ဘက်က ​ရေးထားတာကို idea improve ဖြစ်​အောင်​အဆင်မ​ပြေမချင်း feedback session ​​တွေနဲ့​သေချာ​ကူညီ​ပေးတဲ့ service ပါ။ review ​ကောင်း​တွေနဲ့အတူ Service လာအပ်သူ​တွေထဲ scholarship ရသွားတဲ့သူ​တွေ အများကြီးရှိတာမို့ အကူအညီလိုရင် လာလို့ရပါတယ်။ ✨️❤️

Good luck everyone!!! ✨️💖🤞

Photos from Alexa’s English Class's post 15/12/2025

ဒါ​လေးက​တော့ တီချယ်နဲ့ နှစ်ပတ်အတွင်း IELTS Speaking Intensive train သွားတဲ့ ​ကျောင်းသူ​လေးရဲ့ result ​လေးပါ 🥳

ဒီညီမ​လေးက Scholarship Essay Checking Service လာယူရင်း တီချယ် IELTS သင်တာပါသိသွား​တော့ တခါတည်း Speaking ​ပါ တီချယ်နဲ့လေ့ကျင့်မယ်ဆိုပြီး လာအပ်သွားတာ 🩷

Speaking ကို 6.5 ​လောက်မှန်း​ပေမယ့် ခု​နောက်ပိုင်း စည်းမျဥ်း​တွေကြပ်တာ​ကြောင့် 6 ဖြစ်သွား​တော့​ နှစ်​ယောက်လုံးစိတ်ထဲ သိပ်မ​ကောင်း​ပေမယ့်လည်း overall က သူမှန်းထားတဲ့ 6.5 ဆို​တော့ ဝမ်းသာမိပါတယ် 💖👏

Speaking session ပဲယူထားတယ်ဆို​ပေမယ့် အချိန်ရရင်ရသ​လောက် အခြား skill ​တွေအတွက်လည်း အကြံ​ပေးဖြစ်ပါတယ်
Listening practice လုပ်ရင် အစက 7 ​လောက်နဲ့ပဲ တံ့နေရာက​နေ တီချယ်​ပေးတဲ့ tips ​လေး​တွေ​ကြောင့် ​နောက်ပိုင်း 8 ​လောက်အထိ ဖြစ်သွားတယ်ဆိုတဲ့ စကား​လေး​တွေကြားရလို့လည်း အရမ်းဝမ်းသာပါတယ် 💖

ပုံ​လေး​တွေက​တော့ ညီမ​လေးနဲ့ခွင့်ပြုချက်နဲ့တင်ထားတဲ့ IELTS Result နဲ့ feedback ​လေးပါ ❤️

ညီမ​လေးလည်း scholarship attempt ​လေး​တွေ မြန်မြန်​အောင်မြင်ပြီး scholarship achiever ​​လေးဖြစ်ပါ​စေရှင် 🩷🩷


08/12/2025

ထိုင်းမှာကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတွေအတွက် internship opportunity လေးပါ 🇹🇭
I'm recommending from my own experience so don't forget to miss out on this!


18/06/2024

ကျွန်မ IELTS Training လုပ်ပေးနေတဲ့ သက်တမ်းတစ်လျှောက် တစ်လတည်းနဲ့ intensive train ခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ရဲ့ achievement လေးကို အမှတ်တရ တင်ချင်လို့ပါ။ 👩🏻‍🏫❤️✨

ဒီကျောင်းသူအမက တစ်လပဲ အချိန်ရပြီး အလုပ်တစ်ဖက်နဲ့ဆိုတော့ တစ်ပတ်ကို သုံး/လေးရက်နှုန်းလောက် ညဘက်တွေ အကြီးအကျယ်တွေ train ပေးခဲ့ရပေမယ့် နောက်ဆုံး overall 7.5 ရသွားလို့ အရမ်းတွေ ဝမ်းသာနေပါတယ်။ 🥳🥳

Congratulations also to whoever did well in their IELTS Exam ပါရှင် ✨🎉🎉

06/06/2024

မင်္ဂလာပါရှင် 👩🏻‍🏫
Alexa’s English Class မှ ပြန်လည်ကြိုဆိုပါတယ်။ ✨

Tr. Alexa ကို ဘယ်အတန်းတွေသင်လည်း မေးတဲ့သူတွေအတွက် Tr က General English (Listening, Speaking focus), Business English အပြင် IELTS Preparation, Duolingo Preparation တွေလည်း သင်ပေးပါတယ်။ 💁🏻‍♀️

ဒီနေ့မှာတော့ Tr. Alexa ကို IELTS နဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ရမလဲ၊ အချိန်ဘယ်လောက်ယူရမလဲ၊ preparation က အရမ်းခက်တာပဲ tips လေးတွေပြောပြပါလားဆိုပြီး လာမေးတဲ့သူတွေ အားလုံးအတွက် အသုံးဝင်မယ့် ✨Tips for IELTS Preparation✨ video လေးကို တင်ပေးလိုက်ပါတယ်။

ဒီထဲမှာ IELTS Takers တွေအတွက် အရမ်းအသုံးဝင်မယ့် tips လေးတွေပြောပြပေးထားတာမို့ အဆုံးထိကြည့်ပေးနော် ❤️

တစ်ခုခုသိချင်တာရှိရင်လည်း Tr ကိုလာမေးလို့ရပါတယ်။

12/03/2024

📣 အားလုံးစောင့်မျှော်နေတဲ့ Thammasat University Scholarship Round 2 ဖွင့်ပြီမို့ အားလုံးလျှောက်လို့ရအောင် မျှဝေပေးလိုက်ပါတယ် 😇🏆👩🏻‍🏫

Tr. Alexa တက်နေတဲ့ Thammasat University ရဲ့ နှစ်စဥ်ခေါ်နေကျ scholarship ဖြစ်တဲ့ Thammasat International Student Recruitment (TISR) Scholarship ပြန်ဖွင့်နေပါပြီ။ 🎉 သူက တစ်နှစ်ကို 2 ကြိမ်ခေါ်ပါတယ်။ ပြီးခဲ့တဲ့ November intake ခေါ်တုန်းက မလျှောက်လိုက်ရတဲ့သူတွေ ဒီတစ်ခေါက်တော့ သေချာပေါက်လျှောက်ဖို့ တိုက်တွန်းပါတယ်နော်။ ‼️

Thammasat University ကို လျှောက်ဖို့ ဘာလို့ recommend ပေးလဲဆိုရင် သူက ထိုင်းနိုင်ငံရဲ့ ✨Top 2✨ စာရင်းဝင်တဲ့ တက္ကသိုလ် ဖြစ်ပြီး QS World Ranking အနေနဲ့လည်း ✨Ranking 600✨ ထဲမှာပါတဲ့အတွက် International Ranking တော်တော်ကောင်းတဲ့ တက္ကသိုလ်မို့ လျှောက်သင့်တယ်လို့ တိုက်တွန်းပါတယ်။

📌နောက်ပြီး ဒီတစ်ခေါက်ခေါ်တဲ့အထဲမှာ Faculty ပိုစုံပါတယ်။ အရင်တစ်ခေါက် November intake တုန်းက Tr.Alexa တက်နေတဲ့ Language Institute Faculty မပါပေမယ့် ခုတစ်ခေါက်တော့ပါလာပါပြီ။ ကျွန်မနဲ့ Faculty တစ်ခုတည်းမှာ တက်ချင်ရင် လာခဲ့ကြပေါ့နော် xD 😆

📌 ဒီတစ်ခေါက်မှာတော့ Faculty စုစုပေါင်း 25 ခုက Bachelor ရော Master Program တွေအများကြီး ပါဝင်ပါတယ်။ 📣

Scholarship လျှောက်ဖို့ ဘာတွေလိုလဲ?
📌 Program တစ်ခုနဲ့ တစ်ခု requirements မတူကြပေမယ့် ယေဘုယျအားဖြင့်တော့
🏆 Passport Copy
🏆 Academic Records and Transcripts
🏆 English Proficiency Test Score (IELTS, TOFEL etc)
🏆 GED Score (for Engineering Programs)
🏆 Recommendation Letter
🏆 Statement of Purpose (Personal Statement)
အဲ့တာတွေလိုပါတယ်။
Program တစ်ခုနဲ့တစ်ခု requirements တွေမတူတဲ့အတွက် Program အကြောင်း အသေးစိတ်နဲ့ Requirement တွေကို ဒီ link မှာ ကိုယ်တိုင် အသေးစိတ်ဝင်ကြည့်ပေးပါ။ ‼️
http://sa.tu.ac.th/oth/tu_oia_program/tacon.pdf

(English Proficiency Score မရှိသေးတဲ့သူတွေက Thammasat University က စီစဥ်ပေးတဲ့ TU-GET ဖြေလို့ရပါတယ်နော်)

ကဲ.. ဘာတွေပြင်ဆင်ရမလဲသိပြီးရင် ဘယ်လိုလျှောက်ရမလဲ ပြောပြမယ်နော်!
📌 Application link - http://sa.tu.ac.th/oth/tu_oia_program/OIA_apply/

1️⃣ အဲ့ဒီမှာ Application Form ကို download ဆွဲပြီးဖြည့်ပါ။
2️⃣ ကိုယ့် program ကတောင်းတဲ့ document တွေ အကုန်ပြည့်စုံအောင်လုပ်ပါ။
3️⃣ ပြီးရင် အဲ့ link ထဲကပဲ Submission Form ကို ဖြည့်ပြီး application form and other documents တွေ attach တွဲပြီး submit လုပ်ရုံပါပဲ။

✨✨✨✨🏆🏆🏆✨✨✨✨✨
🎖️အကယ်၍ Statement of Purpose (Personal Statement) ရေးပြီး Proofreading and Feedback ပေးမယ့်သူ မရှိဖြစ်နေရင် Tr. Alexa ဆီမှာ 🔖 Essay Checking Service ✨ ရှိပါတယ်နော်။

ဒီ service မှာ တီချယ့်အနေနဲ့
📌 Essay တွေကို Proofreading ဖတ်ပေးပါမယ်
📌 ပြီးရင် one on one Feedback Session လုပ်ပေးပြီး polishing and improve လုပ်ပေးပါမယ်။

အကူအညီလိုရင် လာရောက်ဆက်သွယ်လို့ရပါတယ်။

‼️ TISR Scholarship Deadline ကတော့ March 25, 2024 (Monday) ဖြစ်လို့ အမြန်ဆုံးလျှောက်ဖို့ တိုက်တွန်းလိုပါတယ်။ ‼️

ကဲ ဒီနေ့ကတော့ ဒီလောက်ပါပဲရှင် Good Luck everyone 🍀

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon