Rachel Japanese Language Centre

Rachel Japanese Language Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rachel Japanese Language Centre, Tutor/Teacher, No. 1310, Mahawthadar Street , 40 ward, North Dagon, Yangon.

ဂျပန်စာကိုအခြေခံမှစ၍လွယ်ကူရိုးရှင်းစွာဖြင့်သင်ကြားပေးသွားပါမည်။ Since 2020.
𝖡𝖺𝗌𝗂𝖼+ 𝖭5 , 𝖭4 ,𝖭3 𝖮𝗇𝗅𝗂𝗇𝖾 𝖢𝗅𝖺𝗌𝗌 အပ်လိုပါက 𝖬𝖾𝗌𝗌𝖾𝗇𝗀𝖾𝗋 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ 𝖢𝗈𝗇𝗍𝖺𝖼𝗍 𝗎𝗌 ➡️𝖳𝖾𝗅𝖾𝗀𝗋𝖺𝗆 𝖭𝗈. - 09760171765

Photos from Rachel Japanese Language Centre's post 02/02/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စာမေးပွဲ နှင့်ပတ်သက်၍ ကြေငြာချက်

၂၀၂၆ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ (၅) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုလိုသူများအတွက် လျှောက်လွှာ လျှောက်ထားခြင်းအား အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ (တနင်္ဂနွေနေ့)

၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။

၃။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N2 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N3 - ၅၂,၀၀၀ + ၅,၀၀၀ = (၅၇,၀၀၀ ကျပ်)
Level N4 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)
Level N5 - ၄၇,၀၀၀ + ၅,၀၀၀ = (၅၂,၀၀၀ ကျပ်)

တစ်ဦးချင်းအလိုက်လျှောက်ထားခြင်း (ရန်ကုန်နှင့်မန္တလေး)
(ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀) နှစ်အောက် ဖြေဆိုသူများအပါအဝင်)

၁။ Online လျှောက်လွှာလက်ခံကာလ

Level N1 - ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)

Level N2 - ၃.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၄.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)

Level N3 - ၅.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၆.၃.၂၀၂၆ (သောကြာနေ့)၊ ၇.၃.၂၀၂၆ (စနေနေ့)

Level N4 - ၉.၃.၂၀၂၆ (တနင်္လာနေ့)၊ ၁၀.၃.၂၀၂၆ (အင်္ဂါနေ့)၊ ၁၁.၃.၂၀၂၆ (ဗုဒ္ဓဟူးနေ့)

Level N5 - ၁၂.၃.၂၀၂၆ (ကြာသပတေးနေ့)၊ ၁၃.၃.၂၀၂၆ (သောကြာနေ့)

၂။ Online လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲ ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လျှောက်လွှာလက်ခံသည့်ရက်အတွင်း နေ့ခင်းဖက်အချိန်များတွင် ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)

သင်တန်းကျောင်းများအလိုက်လျှောက်ထားခြင်း (ရန်ကုန်နှင့်မန္တလေး)

၁၈.၂.၂၀၂၆ (ဗုဒ္ဓဟူးနေ့) မနက် ၉း၀၀နာရီ မှ ၂၇.၂.၂၀၂၆ (သောကြာနေ့) ညနေ ၄း၃၀ နာရီ အတွင်း မိမိတို့၏ login ID, Passcode တို့ဖြင့်ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်ထားရမည့်အသေးစိတ်လမ်းညွှန်ချက်မျာအားထပ်မံကြေငြာသွားပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဆက်သွယ်ရန် - 01- 757 10 15 (Ext: 1)

01/02/2026

ဂျပန်စာကို အချိန်မပေးနိုင်လို့ အခက်တွေ့နေသူများအတွက် သီးသန့် One-on-One Class 🇯🇵

"အလုပ်တွေရှုပ်၊ အချိန်တွေမလောက်လို့ ဂျပန်စာသင်ဖို့ အခက်တွေ့နေပါသလား?

လူအများကြီးနဲ့ သင်ရတာထက် မိမိတစ်ဦးတည်းကိုပဲ အသေအချာ ဂရုစိုက်သင်ပေးမယ့် အတန်းကို ရှာနေတာလား?

Zoom ကနေ တစ်ဦးချင်းသင်ကြားပေးမယ့် Japanese One-on-One Class ရှိပါတယ်ရှင်။

✨ ဒီအတန်းရဲ့ ထူးခြားချက်များ👇

မိမိအဆင်ပြေမယ့် အချိန်ကို ညှိနှိုင်းတက်ရောက်နိုင်ခြင်း။

နားမလည်တာရှိရင် အားမနာတမ်း တိုက်ရိုက်မေးမြန်းနိုင်ခြင်း။

သင်တန်းသား လိုအပ်ချက်အတိုင်း သင်ကြားပေးခြင်း။

စိတ်ဝင်စားပါက Messenger မှာ အမြန်ဆုံး စုံစမ်းပေးပါရှင်။
လူဦးရေ ကန့်သတ်ထားလို့ ဦးသူစနစ်နဲ့ လက်ခံပေးပါမယ်။

Rachel Japanese Online School
Rachel Japanese Language Centre

01/02/2026

One on One Zoom Class

🌟 One On One (Face to Face) Zoom Class 🌟

Basic N5 & N4 – Rachel Japanese Online School

ဂျပန်စာကို
👉 လူအများနဲ့မဟုတ်ဘဲ
👉 ကိုယ့်အတွက်သာ အချိန်ယူပြီး
👉 နားလည်အောင် သေချာသင်ချင်တဲ့သူများအတွက်

One On One (Face to Face) Zoom Class ကို ဖွင့်လှစ်ထားပါတယ် 👩‍🏫✨

🌱 Rachel Japanese Online School မှာ
JLPT အမှတ်ရဖို့တင်မက
စာကို တကယ်နားလည်ပြီး အသုံးချနိုင်အောင်
သင်ကြားပေးတာကို အဓိကထားပါတယ်။

---------------------------------------------------

💻 One On One Zoom Class အထူးအချက်များ

✅ Face to Face Zoom (ဆရာမနဲ့ တိုက်ရိုက်)
✅ Days & Time ကို ကိုယ်တိုင်ညှိနိုင်
✅ ကိုယ့် Level / ကိုယ့်အမြန်နှုန်းနဲ့ သင်ကြားပေးခြင်း
✅ မရှင်းတာကို ချက်ချင်းမေး၊ ချက်ချင်းပြန်ရှင်းပေးခြင်း
✅ အလုပ်ရှိသူ / အချိန်မမှန်သူများအတွက် အထူးအဆင်ပြေ

---------------------------------------------------

📚 သင်ကြားမည့်အကြောင်းအရာများ

🔸 Hiragana / Katakana (Stroke Order အတိုင်း)
🔸 Vocabulary & Grammar (N5 / N4 Level)
🔸 Kanji – Meaning / Reading / Writing
🔸 Speaking / Listening / Reading Practice
🔸 JLPT & NAT-Test Preparation

---------------------------------------------------

✨ Special Note

▪️ သင်တန်းသားများကို Agency နဲ့ အခမဲ့ မိတ်ဆက်ပေးနေပါတယ် 💌
▪️ ဆရာမ Rachel Moe Myint – 2020 မှစပြီး 6+ နှစ်ကျော် သင်ကြားရေးအတွေ့အကြုံ

---------------------------------------------------

📩 သင်တန်းအပ်လိုပါက

Messenger မှာ
👉 “One On One N5” သို့မဟုတ် “One On One N4”
လို့ ပို့လိုက်ပါနော် ✨

အသေးစိတ်အချိန်ညှိခြင်း၊ သင်တန်းကြေးနှင့်
အပ်နှံရမည့်အဆင့်များကို
Admin မှ ပြန်လည်ရှင်းပြပေးပါမယ်ရှင် 💌

🔸 Video Class/Special Class များလည်း သင်တန်းကြေးသက်သာစွာဖြင့်
အပ်နှံနိုင်ပါတယ်။ အသေးစိတ်ကို ဒီမှာကြည့်နိုင်ပါတယ်။👇

https://www.facebook.com/share/p/1A7Nn84fCq/

Rachel Japanese Online School
Rachel Japanese Language Centre

01/02/2026

❤️ 大切(たいせつ)な存在(そんざい)がいるから
တန်းဖိုးထားရတဲ့ ဖြစ်တည်မှုလေးရှိနေလို့

❤️ 強(つよ)くなれる
သန်မာလာရတယ်

❤️ 優(やさ)しくなれる
ကြင်နာတတ်လာတယ်

❤️ 頑張(がんば)れる
ကြိုးစားဖြစ်လာတယ်

❤️ 笑顔(えがお)になれる
ပြုံးပျော်ရတယ်

❤️ 生(い)きようと思(おも)える…
ရှင်သန်ရမယ်လို့ တွေးမိလာတယ်။

#ဂျပန်စာစုလေးများ

01/02/2026

✅🍀

“ကိုယ်ပဲ သာရမယ်၊ ကိုယ်ပဲ တတ်ရမယ်၊ ကိုယ်ပဲ သိရမယ်၊ ကိုယ်ပဲ ချမ်းသာရမယ်၊ ကိုယ်ပဲ အောင်မြင်ရမယ်” ဆိုတဲ့ စိတ်ကို အလွန်အကျွံ မွေးမြူလာမိတဲ့အခါ လူတစ်ယောက်ရဲ့ အတွင်းစိတ်ဟာ မသိမသာ အငုံ့စိတ်ဝင်လာတတ်တယ်။

ကိုယ့်တိုးတက်မှုအတွက် ကြိုးစားတာဟာ မှားယွင်းတာမဟုတ်ပါဘူး။
ဒါပေမယ့် သူတစ်ပါးရဲ့ အောင်မြင်မှုကို မမြင်နိုင်၊ မခံနိုင်၊ မနာလိုမရှုစိမ့် ဖြစ်လာတဲ့အချိန်မှာတော့ ကိုယ့်စိတ်ဟာ ကိုယ့်ကိုကိုယ်ပဲ ပြန်လည်ထိခိုက်စေတဲ့ အဆင့်ထိ ရောက်သွားပါပြီ။

မနာလိုမှုဆိုတာ တစ်စုံတစ်ယောက်ကို မပျက်စီးစေခင်
ကိုယ့်ရဲ့ စိတ်အေးချမ်းမှုကို အရင်ဆုံး ဖျက်ဆီးတတ်ပါတယ်။
သူတစ်ပါး အောင်မြင်လာတာကို မြင်တိုင်း ကိုယ့်စိတ်ထဲ မီးလောင်နေသလို ဖြစ်နေရင်
အောင်မြင်မှုရှိနေရင်တောင် ပျော်ရွှင်မှု မရှိနိုင်တော့ပါဘူး။

တကယ်တော့
လူတစ်ယောက်ရဲ့ အောင်မြင်မှုက ကိုယ့်ရဲ့ အရှုံးကို မဖန်တီးပါဘူး။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့ လမ်းကြောင်း၊ ကိုယ့်အချိန်၊ ကိုယ့်ကံကြမ္မာဆိုတာ သီးခြားရှိပါတယ်။

သူတစ်ပါးရဲ့ အလင်းရောင်ကို မုန်းနေဖို့ မလိုပါဘူး။
ကိုယ့်အလင်းရောင်ကို ကိုယ်ဖန်တီးဖို့ပဲ လိုတာပါ။

သူတစ်ပါးကောင်းစားနေတာကို ကြည့်ပြီး စိတ်ထဲမှာ မုဒိတာဖြစ်ပြီး “သာဓု” လို့ ပြောနိုင်တဲ့သူဟာ
ဒီဘဝအတွက်တင်မက
သံသရာအတွက်ပါ အမြတ်ရနေတဲ့သူဖြစ်ပါတယ်။

ဒါကြောင့်
ကိုယ်ပဲသာရမယ်ဆိုတဲ့ စိတ်ကို ဖက်တွယ်ထားနေရင်
ဘဝတစ်ခုလုံးအတွက်တင်မက
သံသရာတစ်လျှောက်လုံးအတွက်ပါ
အရှုံးသမားဖြစ်သွားနိုင်တယ်ဆိုတာကို
သတိထားဖို့ လိုအပ်ပါတယ်။

အောင်မြင်မှုထက် အရေးကြီးတာက
စိတ်ထားပါ။
စိတ်ထားက မှန်ရင်
ဘဝလမ်းကြောင်းလည်း မမှားနိုင်ပါဘူး။

-ရေချယ်မိုးမြင့်

#ရေချယ်မိုးမြင့်

⚠️ စာသား copy ယူလိုပါက
မူရင်းရေးသားသူအမည် #ရေချယ်မိုးမြင့် ကို မဖြုတ်ဘဲ ပြန်တင်ပေးစေလိုပါတယ်။

31/01/2026

တစ်ရက်နေ့စကြမယ်နော်

ရေချယ်နဲ့အတူတူ တစ်လအဓိဌာန်ဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်။

➡️(၁)ရက်နေ့မှ ( ၃၀)ရက်နေ့အထိ တစ်လအဓိဌာန်ဝင်ရမှာပဲဖြစ်ပါတယ်။

အဓိဌာန်ဆိုလို့ လည်း ခက်ခက်ခဲခဲ လုပ်ရမှာမျိုးမဟုတ်ပါဘူး။အချိန်မရွေး၊နေရာမရွေးလုပ်လို့ရပြီး အလုပ်တစ်ဖက်၊ကျောင်းတစ်ဖက်နဲ့ သူမျိုးတွေပါလုပ်လို့ရတာဖြစ်ပါတယ်။အဓိဌာန်ဝင်ရမဲ့ ဂါထာကတော့ " ‌ရသေ့ကြီး ဦးခန္တီ ပုတီးစိပ်နည်း ဂါထာ (သို့မဟုတ်)" "ဓန သိဒ္ဓိ ဂါထာ "လို့ လူသိများပါတယ်။

➡️ကိုယ်နိုင်သလောက် တစ်ရက် ကို ပုတီးတစ်ပတ် ဆိုရင် ၁၀၈ ခေါက်၊ဒါမှမဟုတ် ပုတီး (၃)ပတ် အခေါက်ရေနဲ့ တွက်ရင် ၃၂၄ခေါက် ပူဇော်လို့ရပါတယ်။ရက်ကလည်း (၉)ရက်၊၁၈ရက်၊ ၃၀ရက် နိုင်သလောက်ဝင်ကြပါ။

➡️ပါဠိကိုစိပ်ပါ။ ဘာသာပြန်က နှလုံးသွင်းဖို့ပါ။ ဘာသာပြန်နားလည်ပြီး စိပ်တော့ပိုကောင်းတာပေါ့

➡️ပထမဆုံး အဓိဌာန်ဝင်တဲ့ရက်မို့ ဘုရားရှေ့မှာ ငါးပါးသီလယူပါမယ်(ရေချယ်ကတော့ အာဇီဝဌမက ၈ပါး သီလ ယူပါတယ်)။ခင်ပွန်းကြီးဆယ်ပါး တောင်းပန်ကန်တော့ပါမယ်။

➡️ပြီးရင် ဘုရားရှေ့မှာ ဘုရားတပည့်တော်သည် " ဓနသိဒ္ဓိ"ဂါထာတော် ကို တစ်ရက်လျှင် ( - ) နှုန်းဖြင့် ရက်ပေါင်း( - )တိတိ အခေါက်ရေ ( - )ပြည့်အောင် အချိန်မရွေး၊နေရာမရွေး ပူဇော်ပါမည်ဟု အဓိဌာန်တင်ပါသည် ဘုရား လို့ (၃)ကြိမ်တိတိ ပြောပြီး အဓိဌာန်တင်ပါ။

➡️ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို တစ်ပြိုင်တည်း ပူဇော်ပြီးသားဖြစ်ပါတယ်။အကျိုးကျေးဇူးတွေကတော့ ‌ကိုယ်တိုင်လုပ်ကြည့်ပါလို့ပြောချင်ပါတယ်။ကောင်းတာလုပ်တဲ့အခါ အဖျက်တွေ၊အနှောက်ယှက်တွေ ရှိတတ်တာမို့ ဤစမ်းသပ်ချက်တွေကို အရင်ဆုံးခံနိုင်ရည်ရှိရပါမယ်။

➡️အကျိုးရလဒ်အနေနဲ့ လာဘ်လာဘတွေရတာကနောက် မှ အရင်ဆုံး စိတ်ချမ်းသာခြင်း၊အေးချမ်းခြင်းကို လက်တွေ့ခံစားရမှာပါ။ကောင်းတာလုပ်နေချိန်ဖြစ်တဲ့အတွက် သူများမကောင်းကြောင်းတို့၊ကိုယ်နဲ့မဆိုင်တဲ့အရာတွေ စသည်ဖြင့် မတွေးအားတော့ပဲ ကုသိုလ်စိတ်ဖြစ်နေမှာ အမှန်ပါပဲ။ဒါပေမဲ့ ဒီဂါထာကြောင့် ငွေကြေးအဆင်ပြေသွားသူတွေ၊အကြွေးဆပ်နိုင်သူတွေ၊အိမ်ခြံမြေ ပိုင်ဆိုင်သူတွေလည်း ရှိခဲ့ပါတယ်။

➡️ရေချယ့်အတွက်လည်း ဒီဂါထာကအမြဲအမှတ်တရရှိပြီး ကောင်းကျိုးတွေ အများကြီးရခဲ့တယ်။
တကယ့်အခက်ခဲကနေလည်း လွတ်မြောက်ဖူးတယ်။ ဒါကြောင့် အမြဲအမှတ်တရ ပူဇော်ဖြစ်တဲ့ ဂါထာဆိုလည်းမမှားပါဘူး။

ဒါကြောင့် အဓိဌာန် တူတူဝင်ကြပါစို့။

✅မှတ်ချက် - တာလီမရှိသူတွေကလည်း ✅(၁၀၈)လုံး ပုတီးနဲ့ ပူဇော်ပါ။ပုတီးမရှိသူတွေက တာလီနဲ့ပူဇော်ပါ။
✅အဆင်ပြေသလို၊ဉာဏ်ရှိသလိုပူဇော်ပါ။ မိမိ အဆင်ပြေတဲ့ရက်ကစပြီး အဓိဌာန်ဝင်နိုင်သလို မိမိမွေးနံနေ့ရက်ကစပြီးလည်း အဓိဌာန်ဝင် ပူဇော်နိုင်ပါတယ်။

📌အသံထွက်ကို comment မှာ link ချပေးထားပါတယ်👇

➡️နားမလည်တာ၊ သိလိုတာ မေးမြန်ချင်တာရှိရင် comment မှာပဲ မေးပေးပါ။ Page Messenger မသုံးပါဘူး။

➡️လွတ်လပ်စွာ ပြန်လည် Share နိုင်ပါတယ်။ Copy ယူခွင့်မပြုပါ။

–ရေချယ်မိုးမြင့်

#ရေချယ်မိုးမြင့်

31/01/2026

“အသိပေးကြေညာချက်”

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၊ ဂျပန်ယဥ်ကျေးမှုစင်တာ JFYG ၏ စာကြည့်တိုက်အား ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ရက်(စနေနေ့)တွင် နံနက် ၉း၃၀ မှ နေ့လည် ၁း၀၀ အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး နေ့လည် ၁း၀၀နာရီမှ ၃နာရီခွဲအထိ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။

☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆★☆

「図書スペース一時閉鎖のお知らせ」

国際交流基金ヤンゴン日本文化センター(JFYG)では、2026年1月31日(土)9:30~13:00に図書スペースを一時閉鎖いたします。同日の13:00~15:30はご利用いただけます。

#国際交流基金 #ဂျပန်ဖောင်ဒေးရှင်း

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 1310, Mahawthadar Street , 40 Ward, North Dagon
Yangon