True Life Advanced Preschool ၏သောကြာနေ့မနက်ပိုင်း ယဥ်ကျေးလိမ်မာဓမ္မစကူလ်းသင်ခန်းစာအချိန်🌸🌸🌸🌸🌸
အကောင်းဆုံးရင်းနှီးမြှပ်နှံမှု့ကိုပြုကြပါနော်😍😍😍
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
TLEC education center
TLEC education center
09/01/2026
Today update 8.1.2026
၂၀၂၆ ခုနှစ် အစားအစာပိရမစ် (Food Pyramid) ၏ အဓိကပြောင်းလဲမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
လမ်းညွှန်ချက်အသစ်တွင် အာဟာရဓာတ် ပြည့်ဝစွာပါဝင်မှု (Nutrient density) ကို အလေးထားထားပြီး ပြုပြင်ဖန်တီးထားသော အစားအစာများ (Processed foods) စားသုံးမှုကို သိသိသာသာ လျှော့ချရန် ဖော်ပြထားသည် -
* ပြောင်းပြန်လှန်ထားသော ပုံစံသစ် (Inverted Structure): ပိရမစ်၏ အကျယ်ဆုံးအပိုင်းသည် ယခုအခါ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ၎င်းတွင် ပရိုတင်း (Protein)၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့်အတူ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါဝင်သည်။
* ပရိုတင်းကို အဓိကထားခြင်း (Protein Focus):တစ်နေ့တာ ပရိုတင်းလိုအပ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်သည်။ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ ဘဲဥ၊ ကြက်ငှက်နှင့် ပင်လယ်စာများကဲ့သို့သော အရင်းအမြစ်များမှ ပရိုတင်းဓာတ်ကို အစားအစာတိုင်းတွင် ပါဝင်အောင် စားသုံးရန် တိုက်တွန်းထားသည်။
* "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများ: လမ်းညွှန်ချက်အသစ်တွင် ပြည့်ဝဆီများ (Saturated fats) အပေါ် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီး အဆီလျှော့ထားသော နို့ထွက်ပစ္စည်းများထက် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများကို ပိုမိုအားပေးထားသည်။ ထို့ပြင် ဟင်းချက်ရာတွင် သံလွင်ဆီအပြင် ထောပတ် (Butter) သို့မဟုတ် အမဲဆီ (Beef tallow) တို့ကို အသုံးပြုရန် အကြံပြုထားသည်။
* ကောက်နှံစာများ လျှော့ချခြင်း (Whole Grains Demoted): လုံးတီးဆန်နှင့် ဂျုံကဲ့သို့သော ကောက်နှံစာများကို ပိရမစ်၏ အကျဉ်းဆုံးဖြစ်သော အောက်ခြေသို့ ပို့ဆောင်လိုက်ပြီး ပမာဏ ချင့်ချိန် စားသုံးရန် အကြံပြုထားသည်။
* သကြားလုံးဝမထည့်ခြင်း (Zero Added Sugar): ဖြစ်နိုင်သမျှ သကြားထပ်မံထည့်သွင်းခြင်း မပြုရန်လမ်းညွှန်ထားပြီး အစားအစာတစ်နပ်လျှင် စားသုံးရမည့် သကြားပမာဏ ကို တင်းကြပ်စွာ ကန့်သတ်ထားသည်။
* အူလမ်းကြောင်းကျန်းမာရေးနှင့် အချဉ်ဖောက်ထားသော အစားအစာများ: အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများ (Microbiome) ကျန်းမာစေရန်အတွက် အချဉ်ဖောက်ထားသော အစားအစာများ (ဥပမာ- ကင်ချီ၊ မုန်ညင်းချဉ်၊ ကဖီယာနို့ချဉ်) စားသုံးရန် အစိုးရလမ်းညွှန်ချက်များတွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထည့်သွင်းအကြံပြုထားသည်။
Ref:
https://time.com/7344593/new-dietary-guidelines-protein-processed-foods/
04/01/2026
True Life Advanced Preschool ၏လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲပုံရိပ်မှတ်တမ်းများ🎬🎬🎬
#လွတ်လပ်ရေးနေ့
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
ဖေဖေမေမေတို့ပါဝင်ကစားတာလည်း ပျော်စရာကြီးပါ😁😁😁
#လွတ်လပ်ရေးနေ့
True Life Advanced Preschool ၏လွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲအခမ်းအနားပုံရိပ်များ😊
KG မှသားသားမီးမီးများနှင့်ဆရာမများ၏ အကအလှများ🥰
#လွတ်လပ်ရေးနေ့
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
02/01/2026
မိဘတိုင်းအတွက် နှစ်သစ်အကြံပြုချက် (၅)ချက်
မင်္ဂလာနှစ်သစ်ပါ ဖေဖေမေမေနဲ့ အုပ်ထိန်းသူတို့ရှင်။
နှစ်သစ်မှာ ကျွန်မအနေနဲ့ မိဘတိုင်းအတွက် လက်တွေ့ကျင့်သုံးနိုင်မယ့် ကလေးပျိုးထောင်ရေးနဲ့ပတ်သက်တဲဲ့အချက်လေး (၅)ချက်ဝေမျှလိုပါတယ်။
(၁) သားသမီးနဲ့ အမြဲထိတွေ့ဆက်သွယ်နေဖို့က ပြီးပြည့်စုံတဲ့ မိဘဖြစ်ဖို့ကြိုးစားတာထက် ပိုပြီး အရေးကြီးတာကိုမမေ့ပါနဲ့။ ကလေးငယ်တွေလိုအပ်တာက ပြီးပြည့်စုံတဲ့ မိဘ၊ ပြီးပြည့်စုံတဲ့ Parenting စတာတွေမဟုတ်ပါဘူး။ သူတို့ကို စိတ်လုံခြုံမှုပေးမယ့် သူတို့အတွက်အမြဲအသင့်ရှိနေမယ်ဆိုတာယုံကြည်ရတဲ့ မိဘကိုသာလိုအပ်ပါတယ်။
(၂) ကလေးတွေရဲ့ ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပေးသလိုမျိုးပဲ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
ကလေးပဲ ဘာမှ မသိသေးပါဘူး ဆိုတဲ့ အယူအဆအမှားကို လုံးဝ မေ့လိုက်ပါ။ ကလေးငယ်တွေရဲ့ Mental trauma နဲ့ပတ်သက်တဲ့ဆောင်းပါးတွေ Video တွေ အများကြီးရေးခဲ့ ပြောခဲ့ပြီးဖြစ်ပါတယ်။ comment မှာကြည့်ပေးပါနော်။
(၃) ကလေးငယ်ကို ပြီးပြည့်စုံတဲ့ သတ်မှတ်ချက်တွေ၊ စည်းကမ်းတွေ အချိန်ဇယားတွေ အတင်းအကြပ်သတ်မှတ်စရာမလိုပါဘူး။ ကလေးရော မိဘရော စိတ်ဖိစီးရမယ့် အခြေအနေတွေကို ဖန်တီးတာဟာ ဆက်ဆံရေးမှာ အဆင်မပြေတာတွေပဲများလာပါလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်တာတွေကိုတော့ တင်းကြပ်ဖို့လိုရင် တင်းကြပ်ထားရပါမယ်။ ဥပမာ- Screen time အလွန်အကျွံမပေးဖို့၊ အစားအသောက်ကျွေးတဲ့အခါ အချို အငန် အသင့်စား စတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ ကျွေးမွေးဖို့ စတာတွေပဲဖြစ်ပါတယ်။ page ရဲ့ pinned post တွေမှာ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် အစားအသောက်ရွေးချယ်ဖို့ ကျွေးမွေးဖို့ဆောင်းပါးတွေ၊ အချို အငန် တွေရဲ့ အန္တရာယ်တွေ ရေးထားပေးပါတယ်။
(၄) ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ဂရုစိုက်ဖို့ အချိန်ပေးဖို့ မမေ့ပါနဲ့။ ကလေးငယ်တွေဟာ တည်ငြိမ်ပြီး မိမိစိတ်
ခံစားချက်ကို ကောင်းစွာကိုယ်တွယ်ထိန်းချုပ်နိုင်တဲ့ ပဲ့ကိုင်ရှင် အုပ်ထိန်းသူတွေကို လိုအပ်ပါတယ်။ လိုအပ်ရင် အကူအညီတောင်းခံပါ။ မမေ့ပါနဲ့ ကလေးငယ်တွေဟာ မိဘတွေ သူတို့ကိုယ်သူတို့ ဘယ်လိုဆက်ဆံတယ် Self-love, Self- respect ဘယ်လောက်ရှိတယ် ဆိုတာကို အမြဲအတုယူစရာအနေနဲ့ သင်ယူနေပါတယ်။
(၅) ကလေးငယ်တွေဟာ အတုခိုးပါတယ်။ တစ်နည်းအားဖြင့် “ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့” ဆိုပြီး ကလေးတွေကို သင်လို့မရပါဘူး။ လက်ဦးဆရာ မိနဲ့ဖ ပါ။ တကယ်လို့ အခြား အနီးကပ် ကိုင်တွယ်ထိန်းကျောင်းနေတဲ့ အုပ်ထိန်းသူတွေရှိရင်လည်း အတူတူပါပဲ။ သူတို့တွေဟာလည်း ကလေးငယ်ရဲ့ စံပြပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ အပြောအဆို၊ နေ့စဉ်ဘဝနေထိုင်ပုံကစလို့ စိတ်အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ၊ အများနဲ့ ဘယ်လိုဆက်ဆံသလဲ စတာတွေအကုန်လုံးကို သင်ယူနေတယ်ဆိုတာ သတိထားပေးပါ။
အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်
#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ
ချစ်စရာအကောင်းဆုံး အငယ်ဆုံးလေးများအတန်း Nursery(1) class
မေမေ့အတွက်လက်ဆောင်ပေးဖို့ဆေးရောင်ခြယ်🥰
#ပြာသိုလပြည့်အမေများနေ့
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
3နှစ်ကျော် Nursery(2)သားသားမီးမီးလေးများရဲ့မေမေ့အတွက်ကျောင်းအပြန်လက်ဆောင်🥰
#ပြာသိုလပြည့်အမေများနေ့
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
Prekg class မှသားသမီးလေးတွေကလည်း မေမေ့အတွက်လက်ဆောင်ပေးဖို့ဆေးရောင်လှလှခြယ်နေကြတာ😍
#ပြာသိုလပြည့်အမေများနေ့
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
ပြာသိုလပြည့်အမေများနေ့မှာ မေမေ့ကို ကိုယ်တိုင်ပြုလုပ်ထားတဲ့ paper craft လေးတွေပေးမယ့် KG classမှ သားသားမီးမီးလေးများ🥰🥰🥰
#ပြာသိုလပြည့်အမေများနေ့
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
27/12/2025
KG class၏ ကျောင်းတွင်းခရစ်စမတ်ပွဲ🌲🌲🌲🌲🌲
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
27/12/2025
Nursery(2)Class ၏ ကျောင်းတွင်းခရစ်စမတ်ပွဲ🌲🌲🌲
#ကလေးများကိုဖွံ့ဖြိုးခွင့်ပေးပါ
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon