Study With Soe

Study With Soe Japanese Language

အားလုံးပဲမင်္ဂလာပါ။ဒီကနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့「ホウレンソウ」ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။「ホウレンソウ」ဆိုတာကတော့အာဟာရဓာတ...
11/05/2026

အားလုံးပဲမင်္ဂလာပါ။
ဒီကနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့
「ホウレンソウ」ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။
「ホウレンソウ」ဆိုတာကတော့အာဟာရဓာတ်များစွာပါဝင်တဲ့ဟင်းနုနွယ်ရွက်ပဲဖြစ်ပါတယ်။
ဒါပေမယ့်အခုပြောပြမယ့်အကြောင်းအရာကတော့အလုပ်လုပ်ကိုင်နေသူတွေအတွက်အရေးပါလှတဲ့
「ホウレンソウ」ပဲဖြစ်ပါတယ်။
「ホウ」 ဆိုတာ
「ほうこく」အစီရင်ခံခြင်း
အလုပ်လုပ်တဲ့အခါမှာမိမိလုပ်ဆောင်တဲ့အလုပ်အဆင်ပြေချောချောမွေ့မွေ့လည်ပတ်မှုရှိမရှိကိုမိမိရဲ့အထက်လူကြီးကိုအစီရင်ခံရပါတယ်။
အစီရင်ခံခြင်းဟာအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။
「レン」ဆိုတာ
「れんらく」ဆက်သွယ်အကြောင်းကြားခြင်း
အလုပ်လုပ်တဲ့အခါမှာလုပ်ငန်းတွေ၊စီးပွားရေးအခြေအနေတွေကိုဘယ်လိုရှိတယ်ဆိုတာမိမိအထက်လူကြီးနဲ့လုပ်ဖော်ကိုင်ဖက်တွေကိုဆက်သွယ်အကြောင်းကြားရပါတယ်။ဆက်သွယ်အကြောင်းကြားခြင်းဟာ
လည်းအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။
「ソウ」ဆိုတာ
「そうだん」 ဆွေးနွေးတိုင်ပင်ခြင်း
အလုပ်လုပ်နေချိန်မှာအခက်ခဲတွေ့တာတွေ၊ဆုံးဖြတ်ဖို့ခက်ခဲတဲ့အရာတွေရှိလာတဲ့အခါမိမိအထက်လူကြီးနဲ့လုပ်ဖော်ကိုင်ဖက်တွေနှင့်ဆွေးနွေးတိုင်ပင်ရပါတယ်။ဆွေးနွေးတိုင်ပင်ခြင်းဟာလည်းအရေးကြီးတဲ့အရာဖြစ်ပါတယ်။
အလုပ်လုပ်တဲ့အခါမှာအလွန်တရာအရေးပါတဲ့အတွက်ကြောင့်အခုကတည်းကကျင့်သားရအောင်
「ホウレンソウ」ဆိုတဲ့「ほうこく」လုပ်ပါ။
「れんらく」လုပ်ပါ။
「そうだん」လုပ်ကြည့်ကြပါ။

ဒီနေ့တော့ဒီလောက်ပါပဲနော်
またね!!

02/05/2026

အားလုံးပဲကောင်းသောနေ့လေးပါရှင်
ဒီကနေ့ပြောပြချင်သည့်အကြောင်းအရာလေးကတော့『歳月人を待たず』ဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်။
အသံထွက်ကတော့『さいげつひとをまたず』ဖြစ်ပါတယ်။
မြန်မာလိုဆိုရင်တော့『အချိန်နှင့်ဒီရေသည်လူကိုမစောင့်』ဖြစ်ပါတယ်။
『歳月人を待たず』ရဲ့အဓိပ္ပာယ်ကတော့အချိန်ဆိုတာလူတွေရဲ့ဖြစ်တည်မှုနှင့်ပတ်သက်မှုမရှိပဲတရွေ့ရွေ့နှင့်ကုန်ဆုံးသွားသည့်အရာဖြစ်ပြီးလူကိုစောင့်ပေးမည့်အရာမဟုတ်ပါဘူး။ဒါကြောင့်မို့လို့လက်ရှိအချိန်ကိုတန်ဖိုးထားပြီးလေ့လာဆည်းပူးရာမှာအားစိုက်ထုတ်ပါဆိုသည့်အဓိပ္ပာယ်ရှိပါတယ်။ဒါ့အပြင်နှစ်ခါပြန်မရနိူင်သည့်အချိန်ကိုအလဟဿသုံးစွဲခြင်းမပြုလုပ်ပဲကြိုးစားအားထုတ်ပါဆိုသည့်အဓိပ္ပာယ်လည်းရှိပါသေးတယ်။
ဥပမာစာကြောင်းလေးတွေကြည့်ကြည့်ရ‌အောင်
①そんなに勉強ばかりしていると、歳月人を待たず、
人生を楽しむ前に、あっという間に老人になってしまうぞ。
စာချည်းပဲလုပ်နေမယ်ဆိုရင် အချိန်နှင့်ဒီရေသည်လူကိုမစောင့် ဆိုသည့်အတိုင်း လူ့ဘဝရဲ့ပျော်ရွှင်မှုကိုမခံစားခင်မထင်မှတ်ထားသည့်အချိန်မှာပဲအိုသွားလိမ့်မယ်နော်။
②毎日、テレビゲームをしているけれども歳月人を待たずよ。
もう少し勉強しないと、大好きな会社にも就職できないわよ。
နေ့တိုင်းတီဗွီဂိမ်းချည်းပဲကြည့်နေတာ၊အချိန်နှင့်ဒီရေသည်လူကိုမစောင့်ဘူးနော်။ဒီ့ထက်ပိုပြီးစာလေ့လာမှုမလုပ်ဘူးဆိုရင်နှစ်သက်သဘောကျတဲ့ကုမ္ပဏီမှာအလုပ်ရမှာမဟုတ်ဘူးနော်။
ကဲအားလုံးလည်း『歳月人を待たず』အချိန်နှင့်ဒီရေသည်လူကိုမစောင့်သည့်အတွက်လုပ်သင့်လုပ်ထိုက်သောအလုပ်တွေကိုအချိန်ဆွဲခြင်းမရှိပဲလူ့ဘဝရဲ့ပျော်ရွှင်မှုကိုခံစားနိူင်အောင်ကြိုးစားကြရအောင်နော်။
ဒီနေ့တော့ဒီလောက်ပါရှင်။
အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေရှင်။

16/04/2026

အားလုံးပဲမင်္ဂလာပါ။
ဒီကနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့
(おだいじに)ဆိုတဲ့စကားလုံးလေးအကြောင်းပြောချင်ပါတယ်။
(おだいじに)ဆိုတာ(おだいじになさってください)ကိုအတိုချူံ့ထားခြင်းဖြစ်ပါတယ်။
(おだいじに)ဆိုတဲ့စကားလုံးဟာဘယ်လိုအခြေအနေမှာသုံးပါသလဲ။
သိပြီးတဲ့သူလေးတွေလည်းရှိကောင်းရှိပါလိမ့်မယ်။သို့သော်ပြန်လည်မျှဝေလိုချင်ပါတယ်။(おだいじに)ဆိုတာရောဂါဘယတွေဒဏ်ရာလေးတွေမြန်မြန်ကောင်းမွန်လာစေရန်၊ဆိုးဆိုးရွားရွားမဖြစ်စေရန်အလို့ငှာစိတ်ရင်းမှန်နှင့်ဆုတောင်းစကားပြောတဲ့အခါမှာအသုံးပြုပါတယ်။
ကျန်းမာရေးဂရုစိုက်နော်၊သတိထားနော်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့အသုံးမပြု ပါဘူးနော်။
ကျန်းမာရေးဂရုစိုက်နော်၊သတိထားနော်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးတဲ့အသုံးကိုနောက်နေ့မှာတင်ဆက်
ပေးသွားပါမယ်နော်။
(おだいじに)ဆိုတဲ့စကားလုံးကိုအသုံးများတဲ့နေရာတွေကတော့ဆေးရုံတွေ၊ဆေးပေးခန်းတွေ၊ဆေးဆိုင်တွေအစရှိသဖြင့်ဆေးကုသပေးနိူင်သောနေရာတွေမှာပဲဖြစ်ပါတယ်။ဒါ့အပြင်လူနာသွားမေးတဲ့အခါမှာလည်းသုံးပါတယ်။ဒီနေရာမှာသတိထားရမှာကလူနာဆီရောက်ရောက်ချင်း(おだいじに)လို့မပြောရပါဘူးနော်။ပြန်တဲ့အခါမှာပြောရတာပါ။
ဥပမာလေးတွေကြည့်ကြည့်ရအောင်
れい:
わたし:きょうはカゼを ひいたのでやすみます。
ကျွန်တော်။။ဒီနေ့အအေးမိနေသောကြောင့်အနားယူပါ့မယ်
せんせい:そうですか。。
おだいじに。
ဆရာမ။။ဟုတ်လား။မြန်မြန်ကောင်းပါစေကွယ်
わたし:ゆびのほねがおれ ちゃったの
ကျွန်တော်။ ။လက်ချောင်းအရိုးကျိူးသွားလို့
ともだち:おだいじに
သူငယ်ချင်း။ ။မြန်မြန်ကောင်းပါစေကွာ။မြန်မြန်သက်သာပါစေကွာ။
ဒီဥပမာလေးတွေကအထက်လူကြီးကအောက်လက်ငယ်သားကိုပြောတဲ့အခါ၊သူငယ်ချင်းအချင်းချင်းပြောတဲ့အခါမှာသုံးတဲ့အရာဖြစ်ပါတယ်။ဒါ့အပြင်ရင်းနှီးတဲ့သူတွေကိုပြောရာတွင်လည်းသုံးပါတယ်။အသုံးစကားလုံးကတော့
(おだいじに)ဖြစ်ပါတယ်။
အထက်လူကြီးတွေ၊အထက်လူကြီးရဲ့ပတ်သတ်ဆက်နွယ်သူမိသားစုဝင်တွေကိုပြောတဲ့အခါမှာတော့(おだいじになさってください)ကိုသုံးပေးရပါတယ်။
စာတွေရေးတဲ့အခါမှာ(ごじあいください)ကိုသုံးပေးရပါတယ်။ရင်းနှီးတဲ့သူတွေဆိုရင်တော့(おだいじに)ကိုသုံးလဲရပါတယ်။
(おだいじに)ဆိုတဲ့စကားလုံးအဓိပ္ပာယ်နဲ့အသုံးကိုနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။
မှန်ကန်စွာအသုံးပြုနိူင်ပါစေနော်
またね!!

15/04/2026

ကောင်းသောနေ့လေးပါရှင့်
အားလုံးနဲ့မစိမ်းတဲ့(たまご)အကြောင်း
ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
(たまご) ဆိုတာကကြက်ဥပေါ့နော်။
ကျွန်မကတော့နေ့တိုင်းစားနေရပါတယ်။😅
ကြက်ဥကနေကြက်ကလေးတွေဖြစ်လာပါတယ်။ကြက်ကလေးတွေဖြစ်လာဖို့ရန်သူ့မှာအနွေးဓာတ်
ကလေးတွေရအောင်ကြိုးစားအားထုတ်ပေးတဲ့ကြက်မေမေကြီးရှိပါတယ်။
လွယ်လွယ်နဲ့တော့မဖြစ်လာပါဘူးနော်။ကြိုးစားအားထုတ်မှုတွေလိုအပ်ပါတယ်။
အခုပြောပြမယ့်အကြောင်းအရာကစားရတဲ့
ကြက်ဥမဟုတ်ပါဘူးနော်။
တစ်ခုခုဖြစ်လာရန်အတွက်ကြိုးစားအားထုတ်နေတဲ့သူတွေ၊လေ့လာသင်ယူနေတဲ့သူတွေကိုခေါ်တဲ့အသုံးအနှုန်းလေးဖြစ်ပါတယ်။

ဥပမာလေးတွေကြည့်ကြည့်ရအောင်

れい:A:あのひと、うたがじょうずだね。
အဲဒီလူသီချင်းဆိုတာတော်တယ်နော်
   B:かのじょは かしゅのたまごなんだよ。
အဲဒီကောင်မလေးကအဆိုတော်လောင်းလေ၊အဆိုတော်ဖြစ်ဖို့ကြိုးစားနေတဲ့သူလေ
တခြားစကားလုံးလေးတွေလည်းမှတ်ထားကြရအောင်နော်

ဆရာဝန်ဖြစ်ဖို့လေ့လာကြိုးစားနေသူကို     
いしゃのたまご
ဆရာ၊ဆရာမဖြစ်ဖို့ကြိုးစားနေသူကို        きょうしのたまご
ရှေ့နေဖြစ်ဖို့ကြိုးစားနေသူကို           べんごしのたまご
မော်ဒယ်ဖြစ်ဖို့ကြိုးစားနေသူကို          モデルのたまご
အင်ဂျင်နီယာဖြစ်ဖို့ကြိုးစားနေသူကို         エンジニアのたまご

အားလုံးအတွက်အထောက်အကူပြုမယ်လို့ထင်တဲ့အတွက်ကြောင့်မှတ်သားလေ့လာကြည့်ကြပါနော်
またね!!

N2Classshort test စစ်ရင်လေးလေးနက်နက်ဖြေကြအဖြေတိုက်တော့ ဝါးလုံးကွဲရယ်ကြကိုယ့်အတွေးနဲ့ကိုယ်ရွေးထားတာတွေကတလွဲဖြစ်လို့အော်ရယ...
14/04/2026

N2Class
short test စစ်ရင်
လေးလေးနက်နက်ဖြေကြ
အဖြေတိုက်တော့ ဝါးလုံးကွဲရယ်ကြ
ကိုယ့်အတွေးနဲ့ကိုယ်ရွေးထားတာတွေက
တလွဲဖြစ်လို့အော်ရယ်ကြ😂

ビジネス日本語
05/04/2026

ビジネス日本語

ビジネス日本語の授業開始
04/04/2026

ビジネス日本語の授業開始

セミナーに参加しました。
08/03/2026

セミナーに参加しました。

အားလုံးပဲကောင်းသောနေ့လေးပါရှင့်Youtube Channelလေးမှာ中級へ行こう第9課漢字パート2အထိတင်ထားပါတယ်‌နော်
31/01/2026

အားလုံးပဲကောင်းသောနေ့လေးပါရှင့်
Youtube Channelလေးမှာ
中級へ行こう第9課漢字パート2အထိတင်ထားပါတယ်‌နော်

中級へ行こう第9課漢字パート②①反そ・る、そ・らすハン1.反対に(はんたいに)2.駐車違反(ちゅうしゃいはん)②対タイ1.反対に(はんたいに)2.絶対に(ぜったいに)③建た・てる、た・つケン1.建築(.....

N2クラス
30/01/2026

N2クラス

ဂျပန်ကကျောင်းသူလေးတွေလာပို့ပေးတာလေးကျန်တဲ့သူတွေလည်းမျှော်နေပါတယ်
29/01/2026

ဂျပန်ကကျောင်းသူလေးတွေ
လာပို့ပေးတာလေး
ကျန်တဲ့သူတွေလည်းမျှော်နေပါတယ်

Address

38street
Yangon
11181

Telephone

+959796092215

Website

Alerts

Be the first to know and let us send you an email when Study With Soe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Study With Soe:

Shortcuts

Share

Category