28/04/2022
Power wall စနစ်ဆိုတာ ( အပိုင်း ၂ )
************** ********************
အရေးကြီးဆုံး လီပိုဖိုး LiFePo4 battery တွေရဲ့ သိသင့်တဲ့ အချက်တွေ ကို ပြောချင်ပါတယ်။ ဒါတွေကလဲ စာတွေ ထဲမှာရေးထားတာမဟုတ်ပဲ ကျွန်တော် ကြုံတွေ့ခဲ့ ရတာတွေ နားလည် ကျွမ်းကျင်သူတွေ ကို မေးမြန်း ထားတာတွေပါ။
Cell တွေ ထုတ်တဲ့ Company စက်ရုံ တွေကနေ လီပိုဖိုး Cells တွေ ကိုထုတ်ပါတယ်။ Ah အမျိုးမျိုး အလိုက်ပေါ့။ အဲဒါတွေ ကို battery Company တွေ ကဝယ်ပြီး လိုအပ်တဲ့ KWh အလိုက် BMS တွေ Communication card တွေနဲ့ ဆင်ပြီးရောင်း ကျပါတယ်။
လိုအပ်တဲ့ Equipment တွေ ရှိရင်ဆင်တာ မခက်ခဲပါဖူး။ အားလုံး ကို ဈေးကွက်မှာ မှာလို့ရပါတယ်။
ဈေးကွက်ထဲ က LiFePo4 cell အမျိုးအစားတွေကတော့
Used cells from EV car
တချို့ battery company တွေကျတော့ China မှာ EV battery အကျတွေ သုံးပြီးသားတွေ ဝယ်ပြီး ပြန်ဆင်ပြီးရောင်းကျပါတယ်။ အဲဒါတွေ ကျတော့ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ အသစ် model မြင့်တွေလိုတော့ ကြာရှည် မခံဖူးပေါ့။
Very Old model cells ( new )
နောက်တမျိုးကတော့ လက်ကျန် very old model တွေ ကို စက်ရုံ ဂိုထောင်ရှင်းတဲ့ အခါ ဝယ်ပြီး ဆင် ကျပါတယ်။ သူကလဲ ဈေးသက်သာနိုင်ပါတယ်။ အဲဒီ battery တွေ ကတော့ ခပ်ကြီးကြီး ခပ်လေးလေးတွေပေါ့။နောက် internal resistance တူတာတွေ ရဖို့ခဲယင်းပါတယ်။
Good new model cells
နောက်ကောင်းတာက Car company တွေ က model မြင့်တိုင်း အကောင်းဆုံး Cell တွေ ကို သုံးတတ်တော့ အသစ်ထွက်တဲ့ Model ထက် တဆင့်နိမ့် cells ကောင်းကောင်းတွေ ကို ထုတ်ရောင်းလို့ ဝယ်ပြီး ဆင်ထားတာတွေ ရှိပါတယ်။အဲဒါတွေ ကတော့ ကောင်းပါတယ်။
Latest model cells
နောက်ဆုံးထုတ် Model တွေနဲ့ဆင်ထားတာပါ ။ ဈေးလဲကောင်းပါတယ်။ နောက်ဆုံး ဆိုတော့ အရင် Model တွေထက်ပေါ့ပါးပါတယ်။ ပိုလဲ ကောင်းတယ်ပေါ့။ဈေးကလဲ မြောက်နေတာပေါ့။
Inverter /BMS/ Communication / Software
အဆင့်မြင့် LPF battery pack တွေ ကို ဝယ်တဲ့ အခါ သူနဲ့ တွဲတဲ့ BMS- battery management system module တို့ Communication card တို့ကိုလဲ ကြည့်ရပါတယ်။ ဘာလို့လဲဆိုတော့ inverter တွေနဲ့ တွဲ တဲ့ အခါ အရေးကြီးလို့ပါ။ တချို့ဟာတွေ က Compatible / Match မဖြစ်ရင် တွဲ လို့မရပါဖူး။ ဒါကြောင့်မို့ 100 % သေချာချင်ရင် အတွဲလိုက်ဝယ် တာ အကောင်းဆုံးပါပဲ ။ Communication မပါရင်တော့ Inverter ကနေ DC out put voltage တွက်ချက် Setting လုပ်ပြီး Charging လုပ်လို့ရပါတယ်။
Pro-solar က LiFePO4 တွေ ဆင် တာဝယ် ပြီး MUST inverter နဲ့ အဲလိုတပ်ပေးခဲ့ဖူးပါတယ်။ ဒါကြောင့်မို့ LiFePo4 တယ်မယ်ဆိုရင် သတိထား ပြီးဝယ်ကျပါ။ သိုင်းလောက ထင်ရှုတ်ထွေး ပါတယ်။
ဆက်ရန်
Crd: Kyaw Oo
17/04/2022
Power wall စနစ်ဆိုတာ ( အပိုင်း ၁ )
************** ********************
Telsa ကနေ Solar for Home အတွက် ထွင်လိုက်တဲ့ စကားလုံးပါ။ အဓိက ရည်ရွယ်ချက် ကတော့ အိမ်တွေမှာ ဘယ်လို အခြေအနေ မျိုး ဖြစ်ဖြစ် လျပ်စစ် ဓါတ်အားကို အမြဲမပြတ် ရရှိဖို့ပါပဲ။ အရင်ကတော့ battery စနစ်ကမကောင်းတော့မရှိခဲ့ပါဖူး။အခုတော့ သူ့လိုပဲ function တူတာတွေ နိုင်ငံ တကာမှာတတ်ကျပါတယ်။ လျပ်စစ်ဓါတ်အား ခ ချွေတာနိုင်အောင်ပါ။ မြန်မာနိုင်ငံမှာတော့ မီးပျက်တာ ကို မခံစားနိုင်တဲ့ သူတွေ အတွက် ကတော့ အလွန် သင့်တော်ပါတယ်။
ပါဝင်တဲ့ အဓိက main equipment ကတော့ LiFePO4 battery ပါပဲ ။ လျပ်စစ် ကို LiFePO4 battery ထဲ့သိမ်းထားပြီး လိုအပ်တဲ့ အချိန်ထုတ်သုံးတာပါ။ battery cabinet အပြားကြီး ကို အိမ်နံရံ မှာ တပ်ဆင်ထားလို့ powerwall လို့ခေါ်တယ်လို့ယူဆပါတယ်။
Powerwall မှာ ၂ မျိုးရှိပါတယ်။
Solar နဲ့ တပ်ထားတဲ့ solar Powerwall + Grid နဲ့ Grid powerwall only ပါပဲ။ Grid powerwall ကတော့ Solar တပ်လို့မရတဲ့ တိုက်ခန်း , ကွန်ဒို တွေ မှာ တပ်တဲ့ စနစ် ဖြစ်ပါတယ်။
Grid powerwall
***************
Solar တပ်လို့မရတဲ့ တိုက်ခန်း , ကွန်ဒို တွေ မှာ တပ်ဆင်ရတဲ့ စနစ် ဖြစ်ပါတယ်။ အခု အချိန်မှာတော့ မြန်မာပြည် အတွက် မီးပျက်တာ မခံနိုင်တဲ့ , ဆိုလာ တတ်လို့မရတဲ့ အလွန် သင့်တော်တဲ့ စနစ်ဖြစ်ပါတယ်။ မီးလာတဲ့ အချိန်မှာ battery ကိုအားသွင်းထားပြီး မီးပျက်တဲ့ အချိန် ထုတ်သုံး ရမှာ ဖြစ်ပါတယ်။ ဒါမှလဲ ရေခဲသေတ္တာတွေ Freezer အေးခဲခန်းတွေ ထမင်းအိုးတွေ က မပျက်စီးပဲ ဆက်လက် လုပ်နိုင်မှာပါ။ air con တွေလဲ အချိန်တခု အထိ ဆက်လည်နေမှာပါ။ တနေ့ကို စုစုပေါင်းမီး ၁၀ နာရီလောက် ရရင်ကို အားသွင်းလို့ အဆင်ပြေနိုင်ပါတယ်။ ကျွန်တော်လဲ အိမ်မှာတပ်ဖို့ မှာထားပါတယ်။ MUST inverter နဲ့ MUST LiFePo4 battery ပါ။ သိန်းရ၀ ကျော်လောက် ကျပါမယ်။ 5 KW နဲ့ 10.2 KWh battery ပါ။ 3 KW နဲ့ 5.1 KWh ဆိုရင် သိန်း ၄၀ နီးပါး လောက် ကျနိုင်ပါတယ်။ အတိအကျ မဟုတ်ပဲ အကြမ်းဖျင်းပြောတာပါ။
Solar +grid powerwall
**************** *********
အနောက်နိုင်ငံတွေ မှာတော့ လျပ်စစ် ခက ဈေးကြီးတော့ဆိုလာတပ်ဆင် လို့ရတဲ့ နေရာတွေမှာ နေ့လည်မှာ ဆိုလာကတဆင့် လီသီယံ battery ( LiFePo4 ) ထဲ သိမ်းထားပြီး နေရောင်ပျောက်သွားတဲ့ အချိန်မှာ ပြန်သုံးတာပါ။ ပြင်ပ လျပ်စစ် ကို တော့ gate way တခုထားပြီး battery က level တခုရောက်သွားရင် Auto power up လုပ်ထားတဲ့ Design ပါ။
လီသီယံ battery ( LiFePo4 ) -LFP
*******************************
သူကတော့ အဲဒီမှာ အဓိကမင်းသား ပါပဲ ။ အခု လီပိုဖိုး LFP battery တွေ က အရည် အသွေးကောင်း ပြီးဈေးတွေ ကျလာတော့ တတ်နိုင်တဲ့ သူတွေ လက်လှမ်းမီတဲ့ အနေအထား ဖြစ်လာပါတယ်။ အဓိက ကောင်းတာကတော့ Battery ကို ၉၀% အထိ Dod သုံးနိုင်တာပါ။ နောက်ပြီး ကြာရှည်ခံတယ်ဆိုတော့ ၁၀ နှစ်လောက်အထိကောင်း ကောင်း သုံးနိုင်တယ်လို့ဆိုပါတယ်။ EV ကားတွေ မှာသုံးတဲ့ battery cells တွေ ကိုပဲ Powerwall တွေ အတွက် အဓိကထားထုတ် ကျတာပါ။ လက်ရှိမှာ Brand ကောင်းတဲ့ သုံးပျော်တဲ့ cells အသစ် နောက်ဆုံး model တွေနဲ့ က အားလုံး ဒီ အရောက် import လုပ်ပြီး ရောင်းမယ်ဆို 10.2 KWh ဆို ရင် US$ 3000 ပတ်ဝန်းကျင်ရှိပါတယ်။ အခု ကျွန်တော်နဲ့ စကားပြောနေတဲ့ MUST တို့ Eitai brand တို့ပါ။တခြား battery တွေ လဲ ဒီပတ်ဝန်းကျင်ပါပဲ။ နောက်သူနဲ့ communication match ဖြစ်တဲ့ solar hybrid Inverter တွေ က US$ 700 ကနေ 1,000 ရှိပါတယ်။
လီပိုဖိုး LiFePo4 battery တွေရဲ့ သိသင့်တဲ့ အချက်တွေ
************************************************
ဒီနေရာကနေ တချက်ပြောချင်တာက လီပိုဖိုး Cells ဆိုတာ အမျိုးမျိုးရှိပါတယ်။ အဲတော့ ဈေး အမျိုးမျိုး ရှိနိုင်ပါတယ်။ တတန်းစားထဲ မဟုတ်ပါဖူး။
1-လီသီယံ cell used တွေ ကို ပြန်သုံးထားတာတွေ ရှိပါတယ်။ China က EV buses တွေ ရဲ့ လီသီယံ battery သုံးပြီး အကျ ကို cell တွေ ပြန်စစ်ပြီး ကောင်းတာတွေနဲ့ BMS ကို ပြန်ဆင်ထားတာပါ။
2- LiFePo4 အရမ်း old model အဟောင်း လက်ကျန်တွေ ကို သုံးပြီး ဆင်ထားတာတွေ ရှိပါတယ်။
3- အသစ်ထွက်တဲ့ Model ထက် တဆင့်နိမ့် cells ကောင်းကောင်းတွေ ကို ဆင်ထားတာတွေ ရှိပါတယ်။
၄-နောက်ဆုံး ထွက်တဲ့ Latest cells တွေနဲ့ ဆင်ထားတာတွေ ရှိပါတယ်။
ဈေးတွေ ကတော့ ဆင်ထားတဲ့ Cells တွေနဲ့ BMS တွေ အပေါ်မူတည်ပြီး ရောင်းချ ဖြန့်ဖြူးကျပါတယ်။ ကောင်းရင်ကောင်း သလိုပေးရပါတယ်။
ဆက်ရန်
Crd:Kyaw Oo
AETHER Solar Engineering
EI Engineering
Thank For Reading.
11/03/2022
Magnetic Contactor ပြဿနာများ
အပိုင်း ၃
အပိုင်း(1)နဲ့ (2)မှာVoltage Dropအကြောင်း၊ACနဲ့ DC Coil Supplyတွေအကြောင်းလေ့လာခဲ့ကြပြီးဖြစ်ပါတယ်။Voltage Drop နဲ့ Temperature Rise ကြောင့် Contactorတွေ အပျက်အစီးမြန်တဲ့ပြဿ နာကိုဖြေရှင်းဖို့အတွက် Voltage Coil ကို Regulated DC Current ပေးတဲ့နည်းနဲ့ကို အသုံးပြုလာတဲ့အကြောင်းကို ဆက်ပြီးလေ့လာကြရမှာဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာတော့Power လုံလုံလောက်လောက် ရတဲ့အချိန်အထိ Coilကို Currentပြည့်ပြည့်ဝဝထောက်ပံ့ပေးနိုင်တဲ့ Electronic Unitတစ်ခုကို Magnetic Contactorရဲ့အတွင်းထဲမှာ ထည့်သွင်းတပ်ဆင်အသုံးပြုလာကြပါတယ်။Rectifierကနေ ရတဲ့ Currentကို Coilဆီကိုပို့ပေးတဲ့ FET(Field-effect transistorကို PWM(Pulse-width modulation) Regulation Circuitနဲ့ ထိန်းချုပ်ပါတယ်။PWM Regulation အတွက် Freewheel-diodeကိုသုံးထားပါတယ်။Rectifier သုံးတဲ့အတွက် Supply Voltageကို ACပေးပေး DCပေးပေး ကြိုက်တာပေးလို့ရသွားပါတယ်။PWM နဲ့ Regulationလုပ်ခြင်းက FET မှာ Power Losses အရမ်းနည်းစေပါတယ်။
Coil မှာ Supplyရလို့ Magnetic Contactorရဲ့ Main Contactတွေ စကပ်တဲ့အခါမှာ အခြေအနေ (2)ရပ် ရှိပါတယ်။ပထမကအခြေအနေက စပြီးဆွဲကပ်တဲ့ (Pull-in)အခြေအနေဖြစ်ပြီး ဒုတိယအခြေအနေကတော့ ဆက်ပြီးထိနေပေးရတဲ့အခြေအနေဖြစ်ပါတယ်။
Pull-in အခြေအနေမှာ Contactတွေ Closing(ထိကပ်)ဖြစ်ဖို့အတွက် လုံလုံလောက်လောက်ဖြစ်မယ့် Current ပမာဏ ရစေဖို့အတွက် Regulation Curcuitက အလုပ်လုပ်ပေးသွားတာဖြစ်ပါတယ်။Contactတွေ ဆက်ပြီးထိထားဖို့အတွက်တော့ Currentပမာဏ အနည်းငယ်ဆိုရင်ပဲ လုံလောက်ပြီဖြစ်ပါတယ်။
အဲဒီလုပ်ဆောင်ချက်တွေကို သင့်တင့်တဲ့စျေးနဲ့ ရရှိသုံးစွဲနိုင်စေဖို့အတွက် Application-specific Intigrated Curcuit ကို ထုတ်လုပ်သုံးစွဲလာကြပါတယ်။အတိုကောက်အနေနဲ့ ASICလို့ ခေါ်ကြပါတယ်။CMOS နည်းပညာကို အခြေခံပြီးထုတ်လုပ်ထားတဲ့ Chipဖြစ်ပါတယ်။
ASICပါတဲ့ Magnetic Contactorတွေဟာ Nominal Voltageရဲ့ 80%လောက် ရရင်ပဲ Closeလုပ်ပေးနိုင်ပါတယ်။
Startingမှာ Voltage က 50%အောက်အထိ ထိုးကျရင်တောင်မှ ဆက်ပြီး Closeလုပ်ပေးနိုင်ပါတယ်။Norminal Voltageထက် 250%လောက်အထိ
Input Voltageကို များပေးမိရင်လည်း ခံနိုင်ရည်ရှိပါတယ်။နောက်ထပ်သဘောကျစရာကောင်းတဲ့အချက်တစ်ခုက Half-period လောက် Power Lossဖြစ်ရင်တောင်မှ Contactက ပြန်မကွာတာပါ။
နောက်တစ်ချက်က Energy Savingဖြစ်ပါတယ်။ပုံမှန်ဆိုရင် Current Rating 100Aရှိတဲ့ Magnetic Contactor တစ်လုံးဟာ AC Power 8Wလောက် သုံးစွဲပါတယ်။အခုဖော်ပြတဲ့ New Generation Magnetic Contactorတွေကတော့ 3Wလောက်ပဲ သုံးစွဲပါတယ်။ရိုးရိုးနဲ့ ASICပါတဲ့အမျိုးအစား ယှဉ်မယ်ဆိုရင် ASICပါတဲ့အမျိုးအစားက အရွယ်အစားပိုကြီးလေ Powerသုံးစွဲမှု ပိုလျော့လေဖြစ်ပါတယ်။Power Dissipation လျော့နည်းတာကြောင့် အပူထွက်တာ နည်းတဲ့အချက်ကလည်း အရေးပါတဲ့ ကောင်းကျိုးတစ်ခုပဲ ဖြစ်ပါတယ်။Contact ထိကပ်နှုန်းကိုလည်း ပုံမှန် အမျိုးအစားတွေထက် တစ်ဝက်လောက် ပိုနှေးအောင်လုပ်ထားတာကြောင့် Lifetimeလည်း ပိုပြီးကြာကြာအသုံးခံပါတယ်။စိတ်ဝင်တစားစောင့်မျှော်ဖတ်ရှုပေးကြသူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။
📕📕📕📕📕📕📕📕📕📕📕📕📕📕
နယ်သမားတွေအတွက် ရည်ရွယ်ဖွင့်လှစ်တဲ့
Industrial Electrical Maintenance and Troubleshooting Couse ရက်တို(10)ရက်သင်တန်း အပတ်စဉ်(006)ကို ဇွန်လ(10)ရက်နေ့မှာ စတင်ဖို့ရှိတဲ့အကြောင်းလည်း အသိပေးအပ်ပါတယ်ခင်ဗျာ။
crd; Naing Linn Kyaw
05/03/2022
Magnetic Contactor ပြဿနာများ
အပိုင်း ၂
ပထမပိုင်းမှာ Voltage Dropကြောင့် ဖြစ်တတ်တဲ့ ပြဿ နာတွေအကြောင်း ဖတ်ရှုလေ့လာခဲ့ကြပြီးဖြစ်ပါတယ်၊အခု ဆက်လက်ပြီးတော့ Coil Voltageကို ACသုံးတာကောင်းသာလား၊DCသုံးတာကောင်းသလားဆိုတာ ဆက်ပြီး သုံးသပ်ကြည့်ပါမယ်။
Coilကို AC Supplyနဲ့ သုံးတဲ့အခါမှာ အများသိကြတဲ့အတိုင်းပဲ Positive Half Cycle နဲ့Negative Half Cycleကြား Zero Crossing ဖြစ်တဲ့ကာလမှာ Magnetic Force ပျောက်တဲ့ ပြဿ နာရှိပါတယ်။Zero Crossingဖြစ်တဲ့အချိန် Currentက ယာယီ Zeroဖြစ်သွားရင်တောင်မှ Magnetic Field က ပုံမှန်ဖြစ်ကျန်ခဲ့စေဖို့အတွက် Magnetic Coreမှာ Fix Windingတပ်တဲ့နည်းနဲ့ ဖြေရှင်းပါတယ်။ဘာပဲပြောပြော AC Coilသုံးတဲ့အတွက် Coilရဲ့ Inductance ပိုတိုးလာတိုင်း Magnet air gap က ပိုနည်းသွားပြီး Current Consumption လည်းလျော့၊ Power Dissipation လည်း လျော့တဲ့ အားသာချက်တော့ ရှိတာအမှန်ပါပဲ။အဲဒါကြောင့်Magnetic Contactorက Harm သံထွက်တဲ့ အခါ Magnetic Contactorကို ဆိုဒ်ကြီးတာပြောင်းသုံးပြီးတော့ ဖြေရှင်းတဲ့နည်းကို တချို့အခြေအနေမှာ အသုံးပြုကြတာဖြစ်ပါတယ်။
Coilကို DC Supply နဲ့သုံးတဲ့အခါမှာ
Resistance တစ်ခုပဲ ထည့်စဉ်းစားရဖို့ရှိပါတယ်။Inductance အပေါ်မှာ မှီခိုမှုမရှိတော့ဘူး။Operationကလည်း Silent ဖြစ်မယ်ပေါ့။
AC Supply ရဲ့ အားသာချက်ဖြစ်တဲ့ Power Dissipation နည်းနဲ့အချက်ရယ် DC Supply ရဲ့ အားသာချက်ဖြစ်တဲ့ Constant Magnetic Force ရယ် နှစ်ခုပေါင်းပြီး သုံးမယ်ဆိုရင်တော့ တော်တော်အဆင်ပြေမယ် ထင်ပါရဲ့။Control Voltage နဲ့ Temperature အကန့်အသတ်တွေကို ဘယ်လိုနည်းလမ်းနဲ့ကျော်ဖြတ်မလဲဆိုတာကို အပိုင်း(3)မှာ ဆက်ပြီးတင်ပြပေးပါ့မယ်ခင်ဗျာ။
ပုံ ရှင်းလင်းချက်
👇👇👇👇
1 Contacts
2 Spring
3 Connection terminal
4 Moving magnetic core
5 Fixed magnetic core
6 Coil
7 Remote control voltage
F Force acting on the moving
magnet
i Coil current
crd;Naing Linn Kyaw
26/02/2022
Magnetic Contactor ပြဿနာများ
အပိုင်း ၁
Magnetic Contactor တွေဟာ Voltage ပြည့်ပြည့်ဝဝရမှ Contactorကောင်းကောင်းကပ်ပါတယ်၊Voltageများရင်လည်း အပူပိုထွက်ပြီး Coil Winding Insulation ကိုပျက်စီးစေတတ်ပါတယ်။Lifetimeပါ လျော့စေပါတယ်။နိုင်ငံတကာစံနှုန်းတွေအရ Contactorတွေကို သတ်မှတ်ထားတဲ့ Rated Voltageရဲ့ 80% to 110%အတွင်းမှာသာသုံးရပါတယ်။
Voltage Drop ပြဿ နာက Coil Energized ဖြစ်ပြီးလို့ Contactများ Closed ဖြစ်ချိန်မှာ စပါတယ်။Power Transformer သော်လည်းကောင်း၊Cableသော်လည်းကောင်း အရွယ်အစားသေးငယ်နေမယ်ဆိုရင် အဲဒီအချိန်မှာ Motorရဲ့ Inrush Currnet ကြောင့် Voltage Dropဖြစ်ပါမယ်။အဲဒီ Voltage Dropကြောင့် Coil Voltage အလုံအလောက်မရ ဖြစ်ပြီး Contactများ ပြန်ကွာတတ်ပါတယ်၊ပြန်ကွာချိန်မှာ Voltageက ပြန်တက်ပြီး Contactorက ပြန်ကပ်လိုက်၊ပြန်ကပ်လို့ Motor Inrush Current စီးချိန်မှာ Voltage Dropဖြစ်ပြီးပြန်ကွာလိုက်နဲ့ ဂွပ်ဂွပ်ဂွပ်ဂွပ် မြည်နေတတ်ပါတယ်။အဲဒီအခြေအနေဟာ အန္တရာယ်များတဲ့အခြေအနေပါပဲ၊Motor ပျက်စီးသွားနိုင်သလို၊Contactတွေလည်း အရည်ပျော်ကုန်တတ်ပါတယ်။ကပ်ပြီး ပြန်မကွာတော့တာတွေလည်းဖြစ်တတ်ပါတယ်။
ဘယ်လိုဖြေရှင်းကြသလဲဆိုတော့ မိရိုးဖလာ နည်းလမ်းတွေလည်းရှိပါတယ်၊Voltage Dropကို ခဏထိန်းထားဖို့ Capacitorခံမယ် စသည်ဖြင့်ပေါ့။တခြားနည်းလမ်းမရှိဘူးလားလို့ မေးစရာရှိပါတယ်။တခြားနည်းလမ်းရှိပါတယ်၊အဲဒီအကြောင်းကို ဒုတိယပိုင်းမှာဆက်ပါမယ်။
crd; Naing Linn Kyaw
21/02/2022
လျှပ်စစ်မော်တာ Nameplate မှ ဘာတွေ သိနိုင်မလဲ။ (အပိုင်း ၃)
၁၈။ Motor duty / Load cycle
အခုရေးနေတဲ့ Motor nameplate အကြောင်း ရေးဖြစ်အောင် အဓိက တွန်းအားပေးတဲ့ အရာ ၂ခု ရှိပါတယ်။ အဲဒါတွေကတော့ Duty cycle နဲ့ Frame size အကြောင်းဖြစ်ပါတယ်။
Electrician က ကျွန်တော့်ကိုမေးတယ်။ Motor မှာ duty ဘယ် ၂ခု ရှိသလဲ တဲ့။ ကျွန်တော်သိတာ တခုထဲပါ။ Continuous တခုထဲသာသိပြီး ကျန်တာတွေ မသိပါ။ သူက S1, S2 သိလားမေးတယ်။ ကျွန်တော်မသိပါ။
၎င်း Electrician မှ ပြောပြသည်မှာ Continuous duty motor ကို order မှာရာတွင် Supplier မှ DUTY S2 Motor ကို ပို့ပေးခဲ့ပါသည်။ S1၊ S2 ကို မကြည့်ပဲ တပ်ဆင်အသုံးပြုခဲ့ရာ၊ မကြာခင် motor လောင်သွား၍ ဖြေရှင်းချက် အတောင်းခံခဲ့ရပါသည်။ နောက်မှ motor အသစ်သည် Intermittent duty or short time duty motor S2 ဖြစ်နေတဲ့ကြောင်း ရှင်းပြလိုက်မှသာလျှင် သက်သာရာ ရခဲ့သည်ဟု ၎င်း က ရှင်းပြပါသည်။
ကျွန်တော်သည် လက်ရှိ သဘောင်္ပေါ်မှာ တာဝန်ထမ်းဆောင်နေတော့ ဖတ်လို့ရသမျှ motor namplate တွေလျှောက်ဖတ်ပါတယ်။ motor specification တွေကို စာအုပ်တွေမှာ လျှောက်ကြည့်ပါတယ်။ Bow thruster motor၊ Engine Room Overhead Crane မော်တာတွေက S2 ဖြစ်နေတာ တွေ့ရပါတယ်။ Steering gear motor ရဲ့ duty cycle က S6 လို့တွေ့တော့ တခြား duty cycle တွေ ရှိနေနိုင်တာ တွေးမိပါတယ်။
သဘောင်္ပေါ်မှာဆိုတော့ duty cycle အကြောင်း internet မှာ မွှေနှောက်နိုင်ဖို့ ဆိပ်ကမ်းရောက်တဲ့ အချိန်ကို မျှော်ရပြန်တယ်။ ဆိပ်ကမ်းရောက်မှပဲ Data package ဝယ်ပြီး download လုပ်ကာ ဖတ်ရှူခဲ့ရလို့ အခုလို အကြမ်းဖျဉ်း ပြောပြခွင့်ရခဲ့တာပါ။
NEMA မှာတော့ Motor ရဲ့ duty cycle ကို ၂ မျိုးပဲ အဓိက ပြောပါတယ်။
Continuous or intermittent
IEC ကတော့ IEC 60034-1 မှာ duty cycle ကို ၁၀ မျိုးအထိ သတ်မှတ်ပေးထားပါတယ်။
1. Continuous running duty (type S1)
Continuous duty motor ကတော့ အချိန်ပြည့် ဆက်တိုက်အသုံးပြုနိုင်ပြီး overheating မဖြစ်နိုင်ပါ။ Name plate ပေါ်မှာ DUTY ကို CONT ဟုသော်လည်းကောင်း S1 ဟုသော်လည်းကောင်း ဖော်ပြလေ့ရှိပါတယ်။
2. Short-time duty (type S2)
Duty S2 ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲဆိုရင် Constant load နဲ့ ပေးထားတဲ့အချိန်အတိုင်း မောင်းနိုင်တယ်။ ပြီးရင် Motor rest and de-energized periods ဟာ ဖြစ်ပေါ်နေတဲ့ အပူကို cooling medium အပူချိန်အထိ ပြန်လည်လျော့နည်းသွားစေတဲ့ လုံလောက်တဲ့ အချိန် ဖြစ်ရပါမယ်။
Short-time duty အတွက် recommended value တွေကတော့ 10, 30, 60 and 90 minutes ဖြစ်ပါတယ်။
30 minutes အသုံးပြုနိုင်တယ်ဆိုရင် Nameplate ပေါ်မှာ DUTY ကို type နဲ့ အသုံးပြုနိုင်သော duration ( S2 30 minutes) လို့ဖော်ပြပါသည်။
ကျွန်တော်တို့ bow thruster motor ကတော့ Short-time duty motor ဖြစ်ပြီး duration ကတော့ 60 minute ဖြစ်တဲ့အကြောင်း ရေးထားပါတယ်။ (S2 60 min)
3. Intermittent period duty (type S3)
၎င်း motor များကို သတ်မှတ်ထားတဲ့ duty cycle sequence အတိုင်း အလုပ်လုပ်တဲ့ machine တွေမှာ အသုံးပြုသည်။
သူ့ရဲ့ Duty cycle မှာ Constant load နဲ့ အလုပ်လုပ်တဲ့ အချိန်၊ ရပ်နားထားတဲ့ အချိန်တို့ ပါရှိပါတယ်။
Cyclic duration factor CDF = N ÷ (N+R)
N = operation under rated conditions
R = at rest and de-energized
Duty cycle ရဲ့ duration သည် ဘာမှမဖော်ပြထားရင် 10 minutes ဖြစ်ပြီး cyclic duration factor (CDF) တွေက 15%၊ 25%၊ 40%၊ 60% တို့ဖြစ်ပါတယ်။
သူ့ကို S3 - 40% လို့ ရေးပါတယ်။
4. Intemittent periodic duty with start (S4)
သူ့ရဲ့ Duty cycle မှာ စမောင်းတဲ့ အချိန်၊ Constant load နဲ့ အလုပ်လုပ်တဲ့ အချိန်၊ ရပ်နားထားတဲ့ အချိန်တို့ ပါရှိပါတယ်။
Cyclic duration factor CDF = (D+N)÷ (D+N+R)
D= Period of starting
N = operation under rated conditions
R = at rest and de-energized
သူ့ကို ဘယ်လိုဖော်ပြသလဲဆိုရင် S4 နောက်က cyclic duration factor၊ number of duty cycle per hour (c/h)၊ factor of inerita (FI) နဲ့ ဖော်ပြပါတယ်။ 40%CDF၊ 90 operating cycles per hours၊ factor of inertia 2.5 ဆိုရင်
S4 - 40% - 90 c/h - FI 2.5
ဒီလိုလည်းဖော်ပြတယ်လို့ တနေရာမှာ တွေ့ပါတယ်။
Duty type အတိုကောက်ရဲ့ အနောက်မှာ CDF ပြီးရင် motor shaft မှာ ရှိတဲ့ moment of inertia of motor JM၊ moment of inertia of the load JL ကို ဖော်ပြပါတယ်။
S4 20% JM = 0.15 kg m2 JL = 0.7 kg m2
5. Intermittent periodic duty with start and break (S5)
သူ့ရဲ့ Duty cycle မှာ စမောင်းတဲ့ အချိန်၊ Constant load နဲ့ အလုပ်လုပ်တဲ့ အချိန်၊ ဘရိတ်ဖမ်းတဲ့အချိန်၊ ရပ်နားထားတဲ့ အချိန်တို့ ပါရှိပါတယ်။
Cyclic duration factor CDF = (D+N+F)÷ (D+N+F+R)
D = Period of starting
N = operation under rated conditions
F = electric braking
R = at rest and de-energized
သူ့ကို S4 လိုပဲ
S5 - 40% - 90 c/h - FI 2.5
သို့မဟုတ်
S5 20% JM = 0.15 kg m2 JL = 0.7 kg m2
6. Continuous duty with intermittent periodic loading (S6)
သူ့ရဲ့ Duty cycle တခုမှာ Constant load နဲ့ အလုပ်လုပ်တဲ့ အချိန်၊ load မရှိပဲ လည်နေတဲ့ အချိန်တို့ ပါရှိပါတယ်။ သူ့မှာ rest and de-energizing period မရှိပါ။
Cyclic duration factor CDF = (N)÷ (N+V)
N = operation under rated conditions
V = operation on no-load
Duty cycle ရဲ့ duration သည် ဘာမှမဖော်ပြထားရင် 10 minutes ဖြစ်ပြီး cyclic duration factor (CDF) တွေက 15%၊ 25%၊ 40%၊ 60% တို့ဖြစ်ပါတယ်။
သူ့ကို S6 - 40% လို့ ရေးပါတယ်။
အဲဒီ type ကို ကျွန်တော်တို့ သဘောင်္ပေါ်က steering gear motor မှာ အသုံးပြုထားတာတွေ့ရပါတယ်။
ကျွန်တော်တို့ steering gear motor specification မှာတွေ့ရတာက S6 25% ဖြစ်ပါတယ်။
7. Continuos duty with start and brake (S7)
သူ့ရဲ့ Duty cycle တခုမှာ စမောင်းတဲ့ အချိန်၊ Constant load နဲ့ အလုပ်လုပ်တဲ့ အချိန်၊ ဘရိတ်ဖမ်းတဲ့အချိန်၊ တို့ ပါရှိပါတယ်။ ရပ်နားထားတဲ့ အချိန် rest and de-energizing period မပါပါ။
Cyclic duration factor CDF = (D+N+F)÷ (D+N+F) = 1
D = Period of starting
N = operation under rated conditions
F = electric braking
သူ့ကို
S7 - 90 c/h - FI 2.5
သို့မဟုတ်
S7 JM = 0.15 kg m2 JL = 0.7 kg m2
8. Continuous duty with periodic speed changes (S8)
သူ့ရဲ့ duty cycle တခုမှာ speed တခုအတွက် constant load အလုပ်လုပ်နေတဲ့ အချိန်၊ နောက် speed တခုအတွက် နောက်ထပ် load တခုနဲ့ အလုပ်လုပ်နေတဲ့ အချိန် အစရှိသည်ဖြင့် ပါဝင်ပါတယ်။ ရပ်နားထားတဲ့ အချိန် rest and de-energizing period မပါပါ။
Speed ၃မျိုးအတွက် (lower Nr1 ကနေ higher Nr3 အထိ) စဉ်းစားကြည့်ရင် CDF က ၃ခုရှိနေတာ တွေ့ရပါတယ်။
Speed Nr1 နဲ့ load P1 အတွက်
CDF = (D+N1)÷(D+N1+F1+N2+F2+N3)
Speed Nr2 နဲ့ load P2 အတွက်
CDF = (F1+N2)÷(D+N1+F1+N2+F2+N3)
Speed Nr3 နဲ့ load P3 အတွက်
CDF = (F2+N3)÷(D+N1+F1+N2+F2+N3)
F1, F2 = changeover of speed by accelation (period)
D = electric braking, Nr3 to Nr 1 (period)
N1, N2, N3 = operation under rated conditions (period)
9. Non-periodic duty (S9)
သူရဲ့ duty cycle အတွင်းမှာ load တွေ speed တွေ အမျိုးမျိုး ပြောင်းနေတာ ဖြစ်ပါတယ်။
10. Duty with discrete constant loads (S10)
သူရဲ့ duty cycle အတွင်းမှာ ၄ခု ထက်မပိုတဲ့ load တွေ အမျိုးမျိုး ပြောင်းနေတာ ဖြစ်ပါတယ်။ တခါတလေ သတ်မှတ်ထားတဲ့ ဝန်ထက် ကျော်သွားနိုင်သော်လည်း မော်တာရဲ့ thermal life ကို မထိခိုက်စေနိုင်တဲ့ အခြေအနေမျိုး ရှိပါမယ်။
crd,. 📝=> maung maung aung
18/02/2022
လျှပ်စစ်မော်တာ Nameplate မှ ဘာတွေ သိနိုင်မလဲ။
( အပိုင်း ၂)
၁၂။ Power factor
Power factor ဆိုတာကတော့ Active power (W) နဲ့ Apparent power (VA) တို့ရဲ့ အချိုးဖြစ်ပါတယ်။
Nameplate မှာဖော်ပြထားတာကတော့ Full load မှာရှိတဲ့ Power factor (PF) ဖြစ်ပါတယ်။
ဤနေရာတွင် power factor အကြောင်း အနည်းငယ် ပြောပြချင်ပါတယ်။
Amperes နဲ့ voltages မြှောက်ရင် watts ရတယ်ဆိုတာ DC circuits တွေ အတွက်မှန်သလို AC loads တွေဖြစ်တဲ့ မီးသီးတွေ၊ လျှပ်စစ်မီးဖိုတွေ အစရှိတာတွေအတွက်မှန်ပါတယ်။
ဒါပေမဲ့ လျှပ်ညှို့စက်ကွင်းတွေပါလာရင်တော့ formula ထဲမှာ power factor ကို ထည့်ရတော့မှာ ဖြစ်ပါတယ်။ Single phase load အတွက် formula က အောက်ပါအတိုင်းဖြစ်ပါတယ်။
Watts = amps x volts x power factor
အဲဒီတော့ AC power ကို သုံးတယ်၊ လျှပ်ညှို့သံလိုက်စက်ကွင်း ပစ္စည်း (Solenoid coils၊ motor windings၊ transformer windings၊ fluorescent lamp ballast အစရှိသည်များ) တွေ Circuits ထဲမှာ ရှိနေတယ်ဆိုရင် power factor က အမြဲပါဝင် ပတ်သက်နေမှာဖြစ်ပါတယ်။
အဲဒီကရိယာထဲ လျှပ်စစ်ဓာတ်စီးဝင်ခဲ့ရင် အပိုင်း ၂ ပိုင်းခွဲ ကြည့်ရမယ်။ တပိုင်းက လျှပ်စီးကို စုတ်ယူပြီး အသုံးပြုလိုက်တယ်။ ၎င်းအပိုင်းကို real power လို့ခေါ်တယ်။ ဒုတိယ တပိုင်းက ပါဝါကုမ္ပဏီက လျှပ်စစ်ကို ချေးဌားပြီး သံလိုက်စက်ကွင်းတွေ ဖြစ်အောင်လုပ်လိုက်တယ်။ AC power ရဲ့ reversing nature အရ အဲဒီချေးဌားထားတဲ့ power တွေကို AC cycle ပြောင်းပြန်စီးချိန်မှာ ပြန်ပေးလိုက်တယ်။ အဲလို ချေးတယ်၊ ပြန်ပေးတယ်ဆိုတာတွေက စဉ်ဆက်မပြတ် ဖြစ်နေမယ်။
Power factor ဆိုတာ အမှန်တကယ် အသုံးပြုလိုက်တဲ့ real power နဲ့ ပါဝါအားလုံး (borrowed + used) ရဲ့ အချိုးပါပဲ။
Power factor ရဲ့ တန်ဖိုးဟာ 0 ကနေ 1 အတွင်း ရှိပါတယ်။
Power ကိုချေးဌားပြီး အသုံးမပြုပဲ ပြန်ပေးလိုက်ရင် power factor သည် 0 (zero) ဖြစ်ပါတယ်။
အဲလိုပဲ ပါဝါလိုင်းက ပါဝါကိုယူပြီး အကုန်သုံးလိုက်တယ်။ ပြန်မပေးဘူးဆိုရင် power factor သည် 1 ဖြစ်ပါတယ်။
Electric heating element တွေ၊ incandescent light bulbs အစရှိတာတွေရဲ့ power factor က 1 ဖြစ်ပါတယ်။
လျှပ်စစ်မော်တာတွေမှာတော့ မော်တာပေါ် သက်ရောက်တဲ့ ဝန်ပေါ် မူတည်ပြီး power factor က ပြောင်းလဲနေမယ်။ မော်တာရဲ့ ဝန်ရိုးပေါ်မှာ ဝန်မရှိပဲလည်နေရင် power factor က 0.1 လောက်ပဲရှိမှာဖြစ်ပြီး ဝန်အားအပြည့် ရုန်းနေရတယ်ဆိုရင် power factor က 0.78 လောက် ဖြစ်နေတတ်ပါတယ်။
ကျွန်တော်တို့မော်တာရဲ့ PF ကတော့ 0.870 ဖြစ်ပါတယ်။
၁၃။ Efficiency
မော်တာတလုံးရဲ့ operating cost ထဲမှာ မော်တာရဲ့ Efficiency ဟာ အရေးကြီးတဲ့အရာတခု ဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ ပါဝါကို အသုံးဝင်တဲ့ အလုပ်အဖြစ် ဘယ်လောက် ပြောင်းပေးနိုင်တယ် ဆိုတာကို Efficiency နဲ့ တိုင်းတာပါတယ်။
လျှပ်စစ်မီးဖိုမှာရှိတဲ့ heating element ဟာ ပါဝါရဲ့ ၁၀၀% ကို အပူအဖြစ်ပြောင်းပေးပါတယ်။
မော်တာတွေမှာတော့ အဲလို မပြောင်းပေးနိုင်ပါဘူး။ ဆုံးရှုံးမှုတွေရှိပါတယ်။ အဲဒီဆုံးရှုံးမှုတွေကတော့ copper losses၊ iron losses၊ friction နဲ့ windage losses တွေဖြစ်ပါတယ်။
စွမ်းရည်မြင့်မော်တာတွေမှာ ဆုံးရှုံးမှုတွေ လျှော့ချဖို့ အတွက် အရည်အသွေးကောင်းတဲ့ material နဲ့ design တွေ အသုံးပြုလာကြပြီဖြစ်ပါတယ်။ ဥပမာ စွမ်းရည်မြင့် ၁၀ကောင်အား မော်တာတလုံးရဲ့ Efficiency ဟာ 91.7% ရှိပြီး ဝန်အပြည့်မှာ ရရှိတဲ့ စွမ်းအားရဲ့ ၉၁.၇ ရာနှုန်းကို အသုံးဝင်သော အလုပ်အဖြစ် ပြောင်းပေးနိုင်ပါတယ်။ စွမ်းရည်နိမ့် မော်တာတွေကတော့ 82% လောက်ပဲ ပြောင်းပေးနိုင်တဲ့ Efficiency ရှိပါတယ်။
ကြီးတဲ့မော်တာတွေဟာ သေးတဲ့မော်တာတွေထက် efficiency ကောင်းကြပါတယ်။
ကျွန်တော်တို့ မော်တာရဲ့ Efficiency ကတော့ 95.5% ရှိပါတယ်။
၁၄။ Ambient temperature
Motor တွေမှာ ပတ်ဝန်းကျင် လေထုအပူချိန် ဘယ်လောက်မှာ သုံးနိုင်တယ်ဆိုတာ ရေးထားတတ်ပါတယ်။ အဲဒီကမှတဆင့် Insulation class ပေါ်မူတည်ပြီး temperature rise ကို ဘယ်လောက်ထိခံနိုင်တယ်ဆိုတာ သိနိုင်ပါတယ်။
ကျွန်တော်တို့မော်တာရဲ့ Ambient temperature ကတော့ 45° C ဖြစ်ပါတယ်။
၁၅။ Insulation Class
Motor winding တွေရဲ့ Thermal tolerance ဖြစ်ပါတယ်။ တချို့စာအုပ်တွေမှာ 3 class၊ တချို့က 4 Class၊ တချို့က 6 class လို့ ဖော်ပြကြပါတယ်။
အဓိက Insulation class ကတော့ A, B, F and H ဖြစ်ပါတယ်။
တချို့ စာအုပ် တွေမှာA, B and F လို့ ပြောသလို တချို့စာအုပ်တွေမှာ Y, A, E, B, F and Hဖြစ်ပါတယ်။
Insulation class A ရဲ့ temperature rating က 105°C ဖြစ်ပြီး A ကနေ B၊ B ကနေ F၊ F ကနေ H အထိ ၂၅° စီ ခုန်တက်သွားပါတယ်။ ဒါကြောင့် B က 130°C၊ F က 155°C၊ Hက 180°C အထိ ခံနိုင်ရည်ရှိပါတယ်။
Y နဲ့ E ဟာ class A ကနေ 15° စီ ကွာခြားပါတယ်။ class Y ရဲ့ temperature rating ကတော့ 95°C ဖြစ်ပြီး class E ရဲ့ temperature rating ကတော့ 120°C ဖြစ်ပါတယ်။
Insulation class ဟာ အနည်းဆုံး Max. Ambient temperature + full load operation မှာ ရှိသော Temperature rise + Hot-spot overtemperature ကို ခံနိုင်ရည် ရှိရပါမယ်။
မြင့်မားတဲ့ Insulation class ကို ရွေးခြင်းဖြင့် မော်တာရဲ့ သက်တမ်းကို ပိုစေတဲ့အပြင် overload၊ high ambient temperature၊ အခြားပြဿနာတွေ နဲ့ပတ်သက်လို့ အတိမ်းအစောင်း ပိုခံနိုင်မှာ ဖြစ်ပါတယ်။
Operating temperature ၁၀° မြင့်တက်တိုင်း insulation ရဲ့ သက်တမ်းကို ထက်ဝက်တိုစေပြီး ၁၀° နိမ့်သွားတယ်ဆိုရင်တော့ သက်တမ်း ၂ဆ ပိုလာမှာပါ။
ကျွန်တော်တို့မော်တာရဲ့ Insulation class က F ဖြစ်ပြီး insulation system ဟာ 155°C ထိ ခံနိုင်ရည်ရှိပါတယ်။
၁၆။ Temperature rise
မော်တာတွေမှာ maximum temperature rise ကိုလည်း ဖော်ပြတတ်ပါတယ်။
မဖော်ပြထားရင်လည်း အောက်က formula နဲ့ အကြမ်းဖျဉ်း တွက်ကြည့်လို့ရပါတယ်။
Maximum winding temp = maximun ambient temp + maximun temp rise + Hot-spot overtemperature
Hot-spot overtemperature ကို Yနဲ့ A class အတွက် 5°C၊ B နဲ့ F insulation class အတွက် 10°C သတ်မှတ်ထားပြီး H class အတွက် 15°C သတ်မှတ်ထားပါတယ်။
ကျွန်တော်တို့မော်တာ အတွက် Temperature rise ကို တွက်ကြည့်ရအောင်။
Insulation class F ဖြစ်တဲ့အတွက် maximum winding temperature သည် 155°C ဖြစ်ပါတယ်။
Maximum ambient temperature ကို 45°C လို့ Nameplate မှာ ရေးထားပါတယ်။
အထက်က Formula မှာ ထည့်ကြည့်လိုက်ရင်
Maximum temperature rise= 100°C ဆိုတဲ့အဖြေ ထွက်လာမှာပါ။
Nameplate မှာလည်း temperature rise 100°C လို့ရေးထားပါတယ်။
၁၇။ Protection class IP
IP (Internal Protection) နဲ့ ပတ်သက်လို့ ရေးတာတွေ အများကြီး တွေ့ရပါတယ်။ အတိုပဲရေးပါရစေ။
အစိုင်အခဲ အမှုန်အမွှား နဲ့ အရည် တို့ရဲ့ ထိုးဖောက်ဝင်ရောက်မှု ဘယ်လောက် ခံနိုင်သလဲ ဆိုတာကို ဖော်ပြတာပါ။ Two digit ရှိပါတယ်။ First digit က solid particles အတွက်ဖြစ်ပြီး second digit က water or fluid အတွက် ဖြစ်ပါတယ်။
IP နဲ့ပတ်သက်ပြီး အသေးစိတ်ကို အောက်က ဇယားတွေကိုကြည့်ပါ။
ကျွန်တော်တို့ မော်တာရဲ့ Protection class ကတော့ IP 44 ဖြစ်ပါတယ်။
crd' maung maung aung
လျှပ်စစ်မော်တာ Nameplate မှ ဘာတွေ သိနိုင်မလဲ။ ( အပိုင်း ၂)

crd Original Post
16/02/2022
လျှပ်စစ်မော်တာ Nameplate မှ ဘာတွေ သိနိုင်မလဲ။ (အပိုင်း ၁)
တခုတော့ ဝန်ခံခြင်ပါသည်။ ကျွန်တော်သည် Electrical နှင့်ပတ်သက်၍ အနည်းငယ်သာ သိပါတယ်။
သဘောင်္ပေါ်ရှိ နိုင်ငံခြားသား Electrician တယောက်က Motor Nameplate မှာပါတဲ့ duty cycle၊ frame size နှင့်ပတ်သက်၍ အချို့ကို ပြောပြတော့ ကျွန်တော် မသိသေးတာတွေ ဖြစ်နေပါတယ်။
ဒါကြောင့် Internet မှာ ရှာဖတ်ပြီး ကျွန်တော် သိရှိနားလည်သမျှကို မျှဝေခြင်းဖြစ်ပါတယ်။ မှားတာရှိလျှင်လည်း ပြင်ပေးကြပါခင်ဗျာ။
Motor တွေကို အဓိက Standard ၂ မျိုးနှင့် ထုတ်လုပ်တာကို တွေ့နိုင်သည်။
၁။ NEMA (National Electric Manufacturers Association) Standard
၂။ IEC (International Electrotechnician Commission) Standard
NEMA ကတော့ North America Standard ဖြစ်ပါတယ်။
Motor Nameplate မှာ ဘာတွေတွေ့နိုင်မလဲ။
Motor Nameplate တချို့က ပြည့်ပြည့်စုံစုံ ဖော်ပြပေမဲ့ တချို့ကတော့ လိုရင်းအချက်လောက်ပဲ ဖော်ပြပါတယ်။ အနည်းဆုံးဘယ်အချက်တွေကို ဖော်ပြရမယ်ဆိုတာကိုတော့ Standard တခုဆီအရ သတ်မှတ်ချက်တွေ ရှိပါတယ်။
Nameplate မှာ ဒါတွေတွေ့နိုင်တယ်။
၁။ Manufacture's type and frame designation
၂။ Power output
၃။ Duty rating or Time Rating
၄။ Maximum ambient temperature
၅။ Insulation class and protection degree
၆။ rpm at rated load
၇။ Frequency
၈။ Number of phases / poles
၉။ Rated load current
၁၀။ Voltage
၁၂။ Motor efficiency
၁၃။ Code letter
၁၄။ Service factor
ကျွန်တော်တို့ သဘောင်္ပေါ်မှာတွေ့နိုင်တဲ့ Nameplate တခု နှစ်ခုလောက်ကို လေ့လာကြည့်ရအောင်။
အောက်မှာ ဖော်ပြထားတဲ့ Nameplate တခုကတော့ Bow Thruster Motor ရဲ့ Name plate ဖြစ်ပါတယ်။
ကဲ စကြည့်ရအောင်။
၁။ Voltage
မော်တာမှာ အသုံးပြုနိုင်တဲ့ Voltage ဖြစ်ပါတယ်။ တချို့မော်တာ Nameplate တွေမှာ အသုံးပြုနိုင်တဲ့ Voltage တွေက ၂မျိုးလောက်ဖြစ်နေတတ်ပါတယ်။
ဥပမာ 220/440V
ကျွန်တော်ဖော်ပြထားတဲ့ Motor ရဲ့ Voltage ကတော့ 6600V ဖြစ်ပါတယ်။
၂။ Frequency
Frequency ကတော့ 50 သို့မဟုတ် 60 Hz ဖြစ်ပါတယ်။
US standard ကတော့ 60 Hz ဖြစ်ပြီး Europe standard ကတော့ 50 Hz ဖြစ်ပါတယ်။
၃။ No. of Phases
Single phase နှင့် Three phase ကတော့ စံအဖြစ် အသုံးများပါတယ်။
Single phase ကတော့ domestic and very small applications တွေမှာ အများဆုံးအသုံးပြုပြီး Three phase ကတော့ industrial applications အသုံးများပါတယ်။
ကျွန်တော်တို့မော်တာကတော့ 3~ (3 phase) Induction Motor ဖြစ်ပါတယ်။
၄။ Power
မော်တာတလုံးရဲ့ mechanical output rating ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Speed မှာ ဝန်အား (load) အတွက် လိုအပ်သော torque ကို ထုတ်လုပ်ပေးနိုင်တဲ့ စွမ်းရည် ဖြစ်ပါတယ်။
Power ကို HP (horse power) ဖြင့်သော်၎င်း၊ kW (kilowatts) ဖြင့်သော်၎င်း ဖော်ပြသည်။
HP = Torque x Speed ÷ 5250
Torque in lb-ft, Speed in rpm
HP နဲ့ kW တို့ရဲ့ ဆက်သွယ်မှုကတော့
Power in HP = Power in kW ÷ 0.746
ကျွန်တော်တို့ မော်တာကတော့ 1800 kW ရှိပါတယ်။
၅။ Current (amps)
မော်တာ Nameplate မှာ ဖော်ပြထားတာကတော့ Full load amps ဖြစ်ပါတယ်။
ကျွန်တော်တို့ မော်တာရဲ့ Full load amps ကတော့ 189.5 A ဖြစ်ပါတယ်။
၆။ Lock rotor amps / Code letter
၎င်းကို Starting inrush၊ ဒါမှမဟုတ် Inrush current လို့ခေါ်ပါတယ်။ Full voltage ပေးလိုက်လို့ မော်တာ စလည်တဲ့အချိန်မှာ ဆွဲသွားနိုင်တဲ့ Current ဖြစ်ပါတယ်။ မော်တာအများစုကတော့ rated full load current ရဲ့ ၅ဆမှ ၇ဆ အထိ မြင့်တက်သွားပါတယ်။ ကြာမြင့်ချိန်ကတော့ inertia နည်းတဲ့ centrifugal pump တွေဆိုရင် စက္ကန့်ပိုင်းလေးပဲကြာပြီး inertia များတဲ့ squirrel cage blowers တွေဆိုရင် အနည်းငယ် ပိုကြာနိုင်ပါတယ်။
၎င်းကို NEMA standard မှာ Code letter နှင့် A ကနေ V အထိ ဖော်ပြပါတယ်။ A ကနေစပြီး Inrush current ဟာ တဖြည်းဖြည်းမြင့်သွားပါတယ်။ ၎င်း ဇယားကို ပုံတွင် ဖော်ပြထားပါတယ်။
ကျွန်တော်တို့မော်တာရဲ့ Code Letter ကတော့ G ဖြစ်ပါတယ်။
၇။ Design Letter
Design letter ဆိုတာကတော့ NEMA က သတ်မှတ်ထားတဲ့ torque speed curve ပုံသဏ္ဍန်ကို ဖော်ပြခြင်း ဖြစ်သည်။ အောက်ပုံတွင် ဖော်ပြထားသကဲ့သို့ torque speed curve ၄ မျိုးရှိပြီး Design A, B, C and D ဆိုပြီး သတ်မှတ်ပါတယ်။
Design B ကတော့ resonable starting torque နဲ့ အလယ်အလတ် starting current ရှိပြီး လုပ်ဆောင်မှု ကောင်းမွန်တဲ့အတွက် Industrial application တွေမှာ အများဆုံး အသုံးပြုပါတယ်။
တခြား Design letter တွေကတော့ သင့်တော်တဲ့ specialized application တွေမှာ အသုံးပြုပါတယ်။
၈။ Service factor
Service factor 1.15 ရှိတယ်ဆိုရင် အဲဒီမော်တာဟာ overload 15% ကို handle လုပ်နိုင်တယ်လို့ ပြောတာပါ။ Standard open drip-proof (ODP) motor တွေဟာ service factor 1.15 ရှိပြီး Standard TEFC (totally enclosed fan cooled) motor တွေဟာ service factor 1.0 ပဲရှိပါတယ်။ အခုနောက်ပိုင်း မော်တာထုတ်လုပ်သူ အများစုက service factor 1.5 ရှိတဲ့ TEFC motor တွေ ထုတ်နေပြီဖြစ်ပါတယ်။
ကျွန်တော်တို့မော်တာရဲ့ Service factor သည် 1.0 ဖြစ်ပါတယ်။
၉။ Poles
Power ပေးလိုက်တဲ့အခါ မော်တာထဲမှာ Magnetic poles ဘယ်နှစ်ခုဖြစ်ပေါ်လာတယ်ဆိုတာ ပြောတာပါ။ Poles တွေဟာ တစုံကို ၂ခု (a north and a south) ရှိပါတယ်။ ဒါကြောင့် မော်တာမှာ ရှိတဲ့ Poles တွေကို ၂၊ ၄၊ ၆၊ ၈၊ ၁၀ အစရှိသည်အားဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မော်တာကတော့ 6 poles၊ 60 Hz ဖြစ်ပါတယ်။
၁၀။ Synchronous Speed (rpm or Nominal speed)
Motor ရဲ့ no load condition မှာ ရှိတဲ့ လည်ပတ်နှုန်း ဖြစ်ပါတယ်။
Synchronous speed (Nominal speed) ရဖို့ frequency နဲ့ Poles အရေအတွက်ကနေ လုပ်ပေးပါတယ်။
ပုံမှန်အားဖြင့်
Synchronous Speed
No. of poles 60 Hz 50 Hz
2 3600 3000
4 1800 1500
6 1200 1000
8 900 750
10 720 600
rpm = 120 × Frequency ÷ No. of poles
၁၁။ Full load Speed
၎င်းကတော့ Full load တင်လိုက်တဲ့ အချိန်မှာ ရှိတဲ့ speed ဖြစ်ပါတယ်။ Name plate မှာ ဖော်ပြထားတဲ့ rpm ဖြစ်ပါတယ်။ ၎င်း speed ကို slip speed ဒါမှမဟုတ် actual rotor speed လို့ ခေါ်ပါတယ်။
Induction motor တွေရဲ့ speed ဟာ synchronous speed ထက်နည်းပြီး load များလာတာနဲ့အမျှ speed ကျသွားပါတယ်။
ကျွန်တော်တို့ မော်တာ Full load speed ကတော့ 1191 rpm ဖြစ်ပါတယ်။
crd: Original Post