18/02/2022
လျှပ်စစ်မော်တာ Nameplate မှ ဘာတွေ သိနိုင်မလဲ။
( အပိုင်း ၂)
၁၂။ Power factor
Power factor ဆိုတာကတော့ Active power (W) နဲ့ Apparent power (VA) တို့ရဲ့ အချိုးဖြစ်ပါတယ်။
Nameplate မှာဖော်ပြထားတာကတော့ Full load မှာရှိတဲ့ Power factor (PF) ဖြစ်ပါတယ်။
ဤနေရာတွင် power factor အကြောင်း အနည်းငယ် ပြောပြချင်ပါတယ်။
Amperes နဲ့ voltages မြှောက်ရင် watts ရတယ်ဆိုတာ DC circuits တွေ အတွက်မှန်သလို AC loads တွေဖြစ်တဲ့ မီးသီးတွေ၊ လျှပ်စစ်မီးဖိုတွေ အစရှိတာတွေအတွက်မှန်ပါတယ်။
ဒါပေမဲ့ လျှပ်ညှို့စက်ကွင်းတွေပါလာရင်တော့ formula ထဲမှာ power factor ကို ထည့်ရတော့မှာ ဖြစ်ပါတယ်။ Single phase load အတွက် formula က အောက်ပါအတိုင်းဖြစ်ပါတယ်။
Watts = amps x volts x power factor
အဲဒီတော့ AC power ကို သုံးတယ်၊ လျှပ်ညှို့သံလိုက်စက်ကွင်း ပစ္စည်း (Solenoid coils၊ motor windings၊ transformer windings၊ fluorescent lamp ballast အစရှိသည်များ) တွေ Circuits ထဲမှာ ရှိနေတယ်ဆိုရင် power factor က အမြဲပါဝင် ပတ်သက်နေမှာဖြစ်ပါတယ်။
အဲဒီကရိယာထဲ လျှပ်စစ်ဓာတ်စီးဝင်ခဲ့ရင် အပိုင်း ၂ ပိုင်းခွဲ ကြည့်ရမယ်။ တပိုင်းက လျှပ်စီးကို စုတ်ယူပြီး အသုံးပြုလိုက်တယ်။ ၎င်းအပိုင်းကို real power လို့ခေါ်တယ်။ ဒုတိယ တပိုင်းက ပါဝါကုမ္ပဏီက လျှပ်စစ်ကို ချေးဌားပြီး သံလိုက်စက်ကွင်းတွေ ဖြစ်အောင်လုပ်လိုက်တယ်။ AC power ရဲ့ reversing nature အရ အဲဒီချေးဌားထားတဲ့ power တွေကို AC cycle ပြောင်းပြန်စီးချိန်မှာ ပြန်ပေးလိုက်တယ်။ အဲလို ချေးတယ်၊ ပြန်ပေးတယ်ဆိုတာတွေက စဉ်ဆက်မပြတ် ဖြစ်နေမယ်။
Power factor ဆိုတာ အမှန်တကယ် အသုံးပြုလိုက်တဲ့ real power နဲ့ ပါဝါအားလုံး (borrowed + used) ရဲ့ အချိုးပါပဲ။
Power factor ရဲ့ တန်ဖိုးဟာ 0 ကနေ 1 အတွင်း ရှိပါတယ်။
Power ကိုချေးဌားပြီး အသုံးမပြုပဲ ပြန်ပေးလိုက်ရင် power factor သည် 0 (zero) ဖြစ်ပါတယ်။
အဲလိုပဲ ပါဝါလိုင်းက ပါဝါကိုယူပြီး အကုန်သုံးလိုက်တယ်။ ပြန်မပေးဘူးဆိုရင် power factor သည် 1 ဖြစ်ပါတယ်။
Electric heating element တွေ၊ incandescent light bulbs အစရှိတာတွေရဲ့ power factor က 1 ဖြစ်ပါတယ်။
လျှပ်စစ်မော်တာတွေမှာတော့ မော်တာပေါ် သက်ရောက်တဲ့ ဝန်ပေါ် မူတည်ပြီး power factor က ပြောင်းလဲနေမယ်။ မော်တာရဲ့ ဝန်ရိုးပေါ်မှာ ဝန်မရှိပဲလည်နေရင် power factor က 0.1 လောက်ပဲရှိမှာဖြစ်ပြီး ဝန်အားအပြည့် ရုန်းနေရတယ်ဆိုရင် power factor က 0.78 လောက် ဖြစ်နေတတ်ပါတယ်။
ကျွန်တော်တို့မော်တာရဲ့ PF ကတော့ 0.870 ဖြစ်ပါတယ်။
၁၃။ Efficiency
မော်တာတလုံးရဲ့ operating cost ထဲမှာ မော်တာရဲ့ Efficiency ဟာ အရေးကြီးတဲ့အရာတခု ဖြစ်ပါတယ်။ ဝယ်ယူလိုက်တဲ့ ပါဝါကို အသုံးဝင်တဲ့ အလုပ်အဖြစ် ဘယ်လောက် ပြောင်းပေးနိုင်တယ် ဆိုတာကို Efficiency နဲ့ တိုင်းတာပါတယ်။
လျှပ်စစ်မီးဖိုမှာရှိတဲ့ heating element ဟာ ပါဝါရဲ့ ၁၀၀% ကို အပူအဖြစ်ပြောင်းပေးပါတယ်။
မော်တာတွေမှာတော့ အဲလို မပြောင်းပေးနိုင်ပါဘူး။ ဆုံးရှုံးမှုတွေရှိပါတယ်။ အဲဒီဆုံးရှုံးမှုတွေကတော့ copper losses၊ iron losses၊ friction နဲ့ windage losses တွေဖြစ်ပါတယ်။
စွမ်းရည်မြင့်မော်တာတွေမှာ ဆုံးရှုံးမှုတွေ လျှော့ချဖို့ အတွက် အရည်အသွေးကောင်းတဲ့ material နဲ့ design တွေ အသုံးပြုလာကြပြီဖြစ်ပါတယ်။ ဥပမာ စွမ်းရည်မြင့် ၁၀ကောင်အား မော်တာတလုံးရဲ့ Efficiency ဟာ 91.7% ရှိပြီး ဝန်အပြည့်မှာ ရရှိတဲ့ စွမ်းအားရဲ့ ၉၁.၇ ရာနှုန်းကို အသုံးဝင်သော အလုပ်အဖြစ် ပြောင်းပေးနိုင်ပါတယ်။ စွမ်းရည်နိမ့် မော်တာတွေကတော့ 82% လောက်ပဲ ပြောင်းပေးနိုင်တဲ့ Efficiency ရှိပါတယ်။
ကြီးတဲ့မော်တာတွေဟာ သေးတဲ့မော်တာတွေထက် efficiency ကောင်းကြပါတယ်။
ကျွန်တော်တို့ မော်တာရဲ့ Efficiency ကတော့ 95.5% ရှိပါတယ်။
၁၄။ Ambient temperature
Motor တွေမှာ ပတ်ဝန်းကျင် လေထုအပူချိန် ဘယ်လောက်မှာ သုံးနိုင်တယ်ဆိုတာ ရေးထားတတ်ပါတယ်။ အဲဒီကမှတဆင့် Insulation class ပေါ်မူတည်ပြီး temperature rise ကို ဘယ်လောက်ထိခံနိုင်တယ်ဆိုတာ သိနိုင်ပါတယ်။
ကျွန်တော်တို့မော်တာရဲ့ Ambient temperature ကတော့ 45° C ဖြစ်ပါတယ်။
၁၅။ Insulation Class
Motor winding တွေရဲ့ Thermal tolerance ဖြစ်ပါတယ်။ တချို့စာအုပ်တွေမှာ 3 class၊ တချို့က 4 Class၊ တချို့က 6 class လို့ ဖော်ပြကြပါတယ်။
အဓိက Insulation class ကတော့ A, B, F and H ဖြစ်ပါတယ်။
တချို့ စာအုပ် တွေမှာA, B and F လို့ ပြောသလို တချို့စာအုပ်တွေမှာ Y, A, E, B, F and Hဖြစ်ပါတယ်။
Insulation class A ရဲ့ temperature rating က 105°C ဖြစ်ပြီး A ကနေ B၊ B ကနေ F၊ F ကနေ H အထိ ၂၅° စီ ခုန်တက်သွားပါတယ်။ ဒါကြောင့် B က 130°C၊ F က 155°C၊ Hက 180°C အထိ ခံနိုင်ရည်ရှိပါတယ်။
Y နဲ့ E ဟာ class A ကနေ 15° စီ ကွာခြားပါတယ်။ class Y ရဲ့ temperature rating ကတော့ 95°C ဖြစ်ပြီး class E ရဲ့ temperature rating ကတော့ 120°C ဖြစ်ပါတယ်။
Insulation class ဟာ အနည်းဆုံး Max. Ambient temperature + full load operation မှာ ရှိသော Temperature rise + Hot-spot overtemperature ကို ခံနိုင်ရည် ရှိရပါမယ်။
မြင့်မားတဲ့ Insulation class ကို ရွေးခြင်းဖြင့် မော်တာရဲ့ သက်တမ်းကို ပိုစေတဲ့အပြင် overload၊ high ambient temperature၊ အခြားပြဿနာတွေ နဲ့ပတ်သက်လို့ အတိမ်းအစောင်း ပိုခံနိုင်မှာ ဖြစ်ပါတယ်။
Operating temperature ၁၀° မြင့်တက်တိုင်း insulation ရဲ့ သက်တမ်းကို ထက်ဝက်တိုစေပြီး ၁၀° နိမ့်သွားတယ်ဆိုရင်တော့ သက်တမ်း ၂ဆ ပိုလာမှာပါ။
ကျွန်တော်တို့မော်တာရဲ့ Insulation class က F ဖြစ်ပြီး insulation system ဟာ 155°C ထိ ခံနိုင်ရည်ရှိပါတယ်။
၁၆။ Temperature rise
မော်တာတွေမှာ maximum temperature rise ကိုလည်း ဖော်ပြတတ်ပါတယ်။
မဖော်ပြထားရင်လည်း အောက်က formula နဲ့ အကြမ်းဖျဉ်း တွက်ကြည့်လို့ရပါတယ်။
Maximum winding temp = maximun ambient temp + maximun temp rise + Hot-spot overtemperature
Hot-spot overtemperature ကို Yနဲ့ A class အတွက် 5°C၊ B နဲ့ F insulation class အတွက် 10°C သတ်မှတ်ထားပြီး H class အတွက် 15°C သတ်မှတ်ထားပါတယ်။
ကျွန်တော်တို့မော်တာ အတွက် Temperature rise ကို တွက်ကြည့်ရအောင်။
Insulation class F ဖြစ်တဲ့အတွက် maximum winding temperature သည် 155°C ဖြစ်ပါတယ်။
Maximum ambient temperature ကို 45°C လို့ Nameplate မှာ ရေးထားပါတယ်။
အထက်က Formula မှာ ထည့်ကြည့်လိုက်ရင်
Maximum temperature rise= 100°C ဆိုတဲ့အဖြေ ထွက်လာမှာပါ။
Nameplate မှာလည်း temperature rise 100°C လို့ရေးထားပါတယ်။
၁၇။ Protection class IP
IP (Internal Protection) နဲ့ ပတ်သက်လို့ ရေးတာတွေ အများကြီး တွေ့ရပါတယ်။ အတိုပဲရေးပါရစေ။
အစိုင်အခဲ အမှုန်အမွှား နဲ့ အရည် တို့ရဲ့ ထိုးဖောက်ဝင်ရောက်မှု ဘယ်လောက် ခံနိုင်သလဲ ဆိုတာကို ဖော်ပြတာပါ။ Two digit ရှိပါတယ်။ First digit က solid particles အတွက်ဖြစ်ပြီး second digit က water or fluid အတွက် ဖြစ်ပါတယ်။
IP နဲ့ပတ်သက်ပြီး အသေးစိတ်ကို အောက်က ဇယားတွေကိုကြည့်ပါ။
ကျွန်တော်တို့ မော်တာရဲ့ Protection class ကတော့ IP 44 ဖြစ်ပါတယ်။
crd' maung maung aung
လျှပ်စစ်မော်တာ Nameplate မှ ဘာတွေ သိနိုင်မလဲ။ ( အပိုင်း ၂)

crd Original Post