Revit Class: Aung Hla Min Naing

Revit Class: Aung Hla Min Naing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Revit Class: Aung Hla Min Naing, Education, Yangon.

Congratulations Nann Thin Thin Aye
09/03/2025

Congratulations Nann Thin Thin Aye

Congratulations Phyo Thet Naing ...
09/03/2025

Congratulations Phyo Thet Naing ...

Project Based Revit Class Batch အသစ် Batch 18 ကို ၉.၃.၂၀၂၅ မှာ ဖွင့်ပါမည် ...
06/03/2025

Project Based Revit Class Batch အသစ်

Batch 18 ကို ၉.၃.၂၀၂၅ မှာ ဖွင့်ပါမည် ...

Congratulations Ma Thuzar Linn ...ကျတော့်ဆီက Certificate ရတယ်ဆိုတာ စာတကယ်လုပ်နိုင်လို့ရတာပါ ... ထိုက်ထိုက်တန်တန်ပေးခွင့်...
05/03/2025

Congratulations Ma Thuzar Linn ...

ကျတော့်ဆီက Certificate ရတယ်ဆိုတာ စာတကယ်လုပ်နိုင်လို့ရတာပါ ... ထိုက်ထိုက်တန်တန်ပေးခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ် ... BIM သင်တန်းမှာ သင်ပေးခဲ့တဲ့ Project တွေဖြစ်ပါတယ်။

Congratulations My Revit Students ..I know it was hard but you did it !!! Ma Su Su ThanMa Thae Su Yamin Moe Myint Sett M...
04/03/2025

Congratulations My Revit Students ..

I know it was hard but you did it !!!

Ma Su Su Than
Ma Thae Su Yamin
Moe Myint Sett
Mg Win Hlaing

Revit Class 2.0 Part II ရဲ့ Day 11 မှာသင်ပေးထားတဲ့ Student Assignment တွေဖြစ်ပါတယ်Multifamily Condo ကိုမှ အောက်ဆုံးထပ်မှ...
19/10/2024

Revit Class 2.0 Part II ရဲ့ Day 11 မှာသင်ပေးထားတဲ့

Student Assignment တွေဖြစ်ပါတယ်

Multifamily Condo ကိုမှ အောက်ဆုံးထပ်မှာကားပါကင် အပေါ်ဆုံးထပ်မှာ ရေကူးကန်ပါရှိပါတယ်

Revit ကတော့ များများဆွဲထားလေလေ ကိုယ့်အတွက် အကျိုးရှိလေလေပါပဲ ... ကိုယ့်ရဲ့ Portfolio ထဲမှာလည်း ပြလို့ရတော့ အလုပ်လျှောက်တဲ့အခါ Image ကောင်းတာပေါ့ ...

ဒီဇိုင်းပရောဂျက်မှသည် သင်တန်းဆီသို့ဒါက ဒီနေ့သင်ပေးတဲ့ ကျတော့်ရဲ့ Revit Class 2.0 ရဲ့ Day 11 (Part II) သင်ခန်းစာအသစ်ဖြစ်ပ...
12/10/2024

ဒီဇိုင်းပရောဂျက်မှသည် သင်တန်းဆီသို့

ဒါက ဒီနေ့သင်ပေးတဲ့ ကျတော့်ရဲ့ Revit Class 2.0 ရဲ့ Day 11 (Part II) သင်ခန်းစာအသစ်ဖြစ်ပါတယ်။ အခု Part II မှာသင်ပြီးသွားတာ ဒီနေ့နဲ့ဆိုရင် Project ပေါင်း ၃ ခုရှိသွားပြီ။ ကြားထဲမှာ ကိစ္စလေးတွေရှိလို့ Part II အတွက် အသစ်မတင်ဖြစ်တာ တော်တော်လေးကြာသွားတယ်။

သင်ကြားရေးပိုင်းနဲ့ အလုပ်ခွင်ကို တွဲထားတာက သင်တန်းအတွက်ပါ အင်မတန်မှအကျိုးရှိစေပါတယ်။ ဒီပရောဂျက်က လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ကျတော်ကိုယ်တိုင်ဒီဇိုင်းလုပ်ပေးခဲ့တဲ့ ပရောဂျက်ဖြစ်ပါတယ်။ မြေပိုင်ရှင်က သူ့ရဲ့ ပေ ၈၀ ပတ်လည်မြေပေါ်မှာ ကွန်ဒိုပုံစံအဆောက်အဦးဆောက်ချင်တယ်။ ဒါပေမယ့် Commercial Project တွေလို အခန်းတွေပြန်ရောင်းဖို့မဟုတ်ဘူး။ အပေါ်ဆုံးထပ်မှာ သူ့မိသားစုနေမယ်။ အောက်ထပ်တွေမှာ နီးစပ်ရာ ညီကိုမောင်နှမတွေထားမယ်။ အကယ်လို့ မနေဖြစ်လည်း ကုမ္ပဏီရုံးခန်းဖြစ်ဖြစ်၊ အခန်းပြန်ငှားတာဖြစ်ဖြစ်လုပ်မယ်ပေါ့။ Multifamily Room လိုမျိုး သန့်သန့်လေးနေချင်တာ။ ကိုယ်ပိုင်အိမ်ဆိုတဲ့ vibe လေးလည်းပျောက်မသွားချင်တာရယ် Condo လိုလည်း Private Space လေးရချင်တယ်ဆိုလို့ အခုလို ဒီဇိုင်းလေးထွက်လာတာပါ။

မူလဒီဇိုင်းမှာတော့ Layout အပြောင်းအလဲရှိပါတယ်။ ဒါကတော့ သင်တန်းမှာသင်ဖို့အတွက်ဆိုပြီး ပြန်ပြီး Redesign လုပ်ထားတာပါ။ Archi+Interior+Structure+M&E အကုန်လုံး ကျတော့်ကုမ္ပဏီကဒီဇိုင်းလုပ်တာပါ။ ဒီပရောဂျက်ကိုတော့ QS အထိပါ ဘယ်လောက်ကုန်ကျမယ်ဆိုတာ တွက်ပေးတယ်။ အဲ့တုန်းက Revit+ 3Ds Max+ AutoCAD+ Etabs + Safe+ Naviswork အစရှိသဖြင့် Software အစုံသုံးခဲ့တယ်။

အခုမှစပြီး Revit ကိုလေ့လာမယ့်သူတွေကိုပြောချင်တာက ဘယ်အရာမဆို Basic ရယ် Applied ရယ်ဆိုပြီး ၂ ဆင့်ရှိတယ်။ Basic ကို သိပြီဆိုမှ အသုံးချတဲ့အဆင့် Applied ကိုလေ့လာလို့ရတယ်။ ကျတော့် Revit Class 2.0 မှာ Day 1 ကနေ Day 10 အထိက Basic Level ဖြစ်ပါတယ်။ ဒါကို ကျတော်က Part I ဆိုပြီးသတ်မှတ်လိုက်တယ်။ Part II မှာတော့ Applied အဆင့်ပေါ့။ Applied မှာ ဒီလို ပရောဂျက်ပေါင်း ၁၂ ခုပါတယ်။ လက်ရှိက ၄ ခုအထိ တင်ပြီးသွားပြီ။

ကျတော်က Day 10 အထိ Assignment တွေအကုန် ပြီးကြောင်းပြနိုင်ပြီဆိုတော့မှ Part II ကို Join ခွင့်ပေးတယ်။ Part II အတွက်က ဘာသင်တန်းကြေးမှထပ်ပေးစရာမလိုဘူး။ ကိုယ့်ဖက်ကလုပ်ရမှာက Day 10 အထိ သတ်မှတ်ထားတဲ့ deadline ၃ လ အတွင်းမှာ Assignment ပြီးကြောင်း ပြနိုင်ဖို့ပါဘဲ။ Part I တောင်မပြီးသေးဘဲ Part II သွားခွင့်မပေးပါဘူး။ အခက်ခဲတွေများစွာရှိပါလိမ့်မယ်။
အကယ်လို့ ၃ လ အတွင်းမပြီးပါက အကျိုးအကြောင်းရှင်းပြပြီး ၁ လ Extension ယူလို့ရပါတယ်။ ကျော်လွန်ပါက သင်တန်းကြေးထပ်သွင်းပြီး Batch အသစ်ကို Join ရပါမယ်။ ဒါက သင်တန်းရဲ့ စည်းကမ်းပါ။ Part I မှာ Revit Project ၅ ခုတောင်ပါပေမယ့် တကယ်လုပ်နိုင်ရင် Day 10 အထိကို ၁ လ နဲ့ပြီးပါတယ်။ Deadline ကျော်သွားပါက Group မှာ Revit Lesson Video တွေအကုန်ဖျက်ပါတယ်။

ဒီနောက်ပိုင်းမှာ ကျတော်တို့လုပ်ရတဲ့ပရောဂျက်တွေက ပိုပိုကောင်းလာတယ်။ တချို့စိတ်တိုင်းမကျဘဲ ပြီးသွားတာတွေလည်း အများကြီးရှိပါတယ်။ အဲ့ထဲက တချို့တဝက်ကို Redesign ပြန်လုပ်ပြီး သင်တန်းမှာပြန်သင်ပေးတာပါ။ သင်တန်းမှာတော့ ဒီလိုပရောဂျက်ပေါင်း ၁၂ ခုကိုသင်ရမှာဖြစ်ပါတယ်။ Batch အသစ်တွေလည်း မကြာခင်မှာထပ်ဖွင့်ဖို့ရှိပါတယ်။

28/06/2024

ဒီရက်ပိုင်း ကျတော်ခရီးတွေ လွန်နေလို့ အင်တာနက်လိုင်းလည်းမရသလို လက်ရှိရောက်နေတဲ့နေရာက မီးမလာတာ ၅ ရက်ရှိပါပြီ

Fb messenger မှာကော် Telegram မှာပါ မရတာ မေးထားတာတွေကို ချက်ချင်းဖြေပေးဖို့ အခက်အခဲလေးဖြစ်နေတာပါ

ရန်ကုန်ပြန်ရောက်တဲ့အချိန်မှာ နေ့တိုင်းနီးပါး ကြိုးစားပြီး ဖြေပေးမယ်နော်

Revit Class 2.0 က လက်ရှိ Batch အထိဆိုရင် သင်တန်းသား ၅၀၀ ရှိပြီ

Batch 1 ကလူတွေတောင် ၆ လ ကြာတဲ့အထိ Assignment တင်တာ လက်ခံပေးနေတုန်းပါ

ဘယ်သူ့နေနေ မရတာမှန်သမျှ ပြောပြပါတယ်

တချို့ဆို တစ်လနေမှ စာတစ်ခါလာမေးတယ် ၊ လာမေးပြီးပြီဆိုရင် ၁ လ လောက် ဆက်မလုပ်တော့ဘူး ၊ Day 1 နဲ့ Day 2 ကို ၁ လ လောက် ခြားပြီးလုပ်နေပုံပဲ

ကျတော်က deadline လွန်သွားလို့ ပိတ်ပစ်တာမျိုးလည်း အခုထိ မလုပ်သေးပါဘူး

သင်တန်းကြေးလည်းများထားတော့ ဘာမှမရလိုက်ဘဲ ပြီးသွားမှာကို အားနာလို့ပါ

အားလုံးကို ပညာတကယ်ရသွားစေချင်လို့ပါ

ကျတော်က ကိုယ်နေတဲ့နေရာကို သံယောဇဉ်မပြတ်နိုင်သူမလို့ မီးမလာ၊ အင်တာနက်လိုင်းမကောင်းတာတောင် ဘယ်နိုင်ငံမှ မပြောင်းနိုင်ဘဲ လက်ရှိနေနေရာကနေ ကြိုးစားပြီး စာသင်ပေးနေအုံးမယ်နော်

ဒီရက်ပိုင်းလေးတော့ reply ကြာတာလေးကို နားလည်ပေးပါအုံး

အခုတောင် ဖုန်းအားက နည်းနည်းပဲကျန်တော့လို့ စက်ပိတ်ပါတော့မယ် ...

ဟော် ... စက်ပိတ်သွားပါပြီ 🤦‍♂️ ...

Interior Design Decoration ပိုင်းကိုစိတ်ဝင်စားရင် Revit ကိုလေ့လာကြည့်ပါ ဒီဖက်ခေတ်မှာ Civil Engineer အနေနဲ့ Construction ...
22/06/2024

Interior Design Decoration ပိုင်းကိုစိတ်ဝင်စားရင် Revit ကိုလေ့လာကြည့်ပါ

ဒီဖက်ခေတ်မှာ Civil Engineer အနေနဲ့ Construction လို့ပြောလိုက်ရင် ၂ မျိုးရှိတယ်လို့မြင်မိပါတယ်။ ကွန်ကရစ်လောင်း၊ သံဆင် အစရှိတဲ့ အကြမ်းထည်တည်ဆောက်ရေးနဲ့ စားသောက်ဆိုင်တွေ၊ လူနေတိုက်ခန်းတွေ၊ ဟော်တယ်တွေရဲ့ Interior Design, Decoration တွေကို ပြင်ဆင်ပေးရတဲ့ အချောထည်တည်ဆောက်ရေးဆိုပြီးတော့ပါ။ ကွန်ဒိုအဆောက်အဦးတစ်ခုက တည်ဆောက်ပြီးသွားချိန်မှာ အခန်းလွတ်တွေအများကြီးထွက်လာတယ်။ အကြမ်းထည်ကိုမှ ဆေးသုတ်၊ ကြမ်းခင်း၊ အလှဆင် အစရှိတဲ့ decoration ပိုင်းတွေအတွက်ပြင်ဆင်ပေးရတဲ့ စျေးကွက်ရှိသလို စားသောက်ဆိုင်တွေရဲ့ decoration အပိုင်းပြင်ဆင်မှုတွေလည်းရှိကြတယ်။ ကျတော့်ပတ်ဝန်းကျင်မှာမြင်ရ၊ တွေ့ရတာအရပြောမယ်ဆိုရင် Decoration အပိုင်းတွေကလည်း သူ့အတိုင်းအတာနဲ့သူ အလုပ်တွေဖြစ်ကြပါတယ်။ Decoration တစ်ခုရဲ့ PAE တစ်ခုက ပစ္စည်းအမျိုးအစားပေါ်မှာမူတည်ပြီး အကြမ်းထည်စျေးနုန်းထက်တောင် များနိုင်ပါတယ်။ ကျတော့်မိတ်ဆွေထဲကတချို့လည်း Decoration ပိုင်းကိုလုပ်နေတဲ့သူ တော်တော်များများရှိပါတယ်။ ဆိုတော့ ဒါကလည်း ခေတ်ကာလအနေအထားအရ လေ့လာသင့်တာပဲပေါ့။

Decoration ကိုဆွဲဖို့အတွက်က လက်ရှိမှာ နည်းလမ်း ၃ ခုရှိပါတယ်။ Sketchup + AutoCAD ကတော့ အသုံးအများဆုံးပါ။ Sektchup ကနေ 3D ဆွဲပြီး AutoCAD နဲ့ Drawing တွေ Specification တွေရေးတဲ့နည်းလမ်းပါ။ ဒုတိယနည်းကတော့ 3Ds Max + AutoCAD ပါ။ သူကတော့ Sketchup နဲ့ ယှဉ်လိုက်ရင် ပုံထွက်က တော်တော်လေးကောင်းပါတယ်။ အပြင်မှာ ဓါတ်ပုံရိုက်ထားသလိုကို Rendering က ကောင်းတာပါ။ ကျတော်တောင် တခါတလေကျရင် ပုံကအစစ်လား၊ Rendering လားဆိုတာ မခွဲနိုင်ပါဘူး။ တတိယတစ်နည်းကတော့ Revit နဲ့ Interior Design ဆွဲတာပါ။ သူကတော့ ပိုပြီးတော့ ဆွဲရတာ Deep ဖြစ်ပါတယ်။ ဆိုလိုတာက Revit တစ်ခုထဲနဲ့ကို Rendering, Drawings, Specifications, Material Lists, Schedule, တစ်ခါထဲထွက်ပါတယ်။ တခုခု Design Changes တွေမှာလည်း ပိုပြီးမြန်ဆန်တယ်။ Commercial Interior ပရောဂျက်ကြီးတွေမှာလည်း ပိုပြီး Handle လုပ်နိုင်တယ်။

ဘယ်လိုလူတွေအတွက် ဘယ်အရာက ပိုပြီးသင့်တော်တယ်ဆိုတာက ကိုယ့်ရဲ့ Background အပေါ်မှာမူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဒီ ၃ ခုထဲမှာက Revit က လေ့လာရတာပိုပြီးကြာတဲ့အတွက် အင်ဂျင်နီယာ Background မဟုတ်တဲ့သူတွေက Revit ကိုလေ့လာလို့ရပေမယ့် လေ့လာရကျိုးမနပ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ခဏလေးသင်ပြီး Interior Design ပုံတစ်ပုံကို လွယ်လွယ်ကူကူဆွဲလို့ရတဲ့ Sketchup ကိုလေ့လာတာက ပိုပြီးသင့်တော်ပါတယ်။ ပုံထွက်လာတာချင်းက ကိုယ့်ရဲ့ Idea Creation အပေါ်မှာ မူတည်ပြီးသာ ကွာသွားမှာ Revit နဲ့ ဆွဲဆွဲ၊ Sketchup နဲ့ဆွဲဆွဲ သိပ်မကွာပါဘူး။ ကျတော်ဆိုလိုတာက လေ့လာလို့ရတယ် … အချိန်အတော်လေးပေးရမယ် … ဒါပေမဲ့ 3D တစ်ပုံထွက်လာဖို့အတွက် ခက်ခက်ခဲခဲ သင်နေစရာမလိုဘူး …။ Sketchup ကို သေချာလေး လေ့လာနိုင်ရင်ကိုအဆင်ပြေတယ်။

ဘာလို့ အင်ဂျင်နီယာတွေက Revit ကို ပိုပြီးသိထားသင့်သလည်းဆိုရင် ကိုယ်က ပုံထွက်ဖို့ 3D တင်မကဘဲ … နောက်ပိုင်းမှာ 3D ထက်ပိုပြီး Structure Drawing တွေ၊ Construction Drawings ၊ M&E အပိုင်းအစရှိတဲ့ မီးလိုင်းတွေ၊ ရေလိုင်းတွေ ဒါတွေအပြင် ဒီထက်ပိုပြီး အဆင့်မြင့်လာတဲ့ BIM Model Submission တွေ၊ Project Managment အပိုင်းအတွေအထိပါ သွားချင်တယ်ဆိုရင်တော့ အခုကတည်းက Revit နဲ့ဆွဲတာက အကောင်းဆုံးပါဘဲ။ ဘာကြောင့်လည်းဆိုရင် Revit က BIM ဖြစ်တာကြောင့်မလို့ အကုန်ရပါတယ်။ အကုန်ရနေတဲ့အတွက် လေ့လာရတာ ပိုပြီးကြာတာပါ။ ကြာပေမယ့် ရသွားတဲ့အခါမှာ Future Proof ဖြစ်တာပေါ့။

ကျတော့်အမြင်အရပြောရင် ကိုယ်ဆွဲချင်တာကိုဆွဲနိုင်ဖို့အတွက် လက်စွဲတော် Software တစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားရင်ပိုကောင်းပါတယ်။ အခုချိန်မှာ Revit နဲ့ Interior Design တွေဆွဲနေပေမယ့် အမြဲတန်းဒါကိုပဲ ဆွဲနေမှာမှမဟုတ်တာ။ အလုပ်သဘောအရ Structure ဆွဲတာလည်းဖြစ်နိုင်သလို M&E လည်းဖြစ်နိုင်တယ်။ အဓိကကတော့ Software တစ်ခုက အသုံးပြုပုံ သေချာလေးသိထားတယ်ဆိုရင် ဘာဆွဲဆွဲမခက်ပါဘူး။ Revit မှာက အကုန်ရတယ်။

ပုံထုတ်တဲ့အလုပ်ဆိုတာ Project တစ်ခုမှာ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ ဒါကို တချို့က Role နိမ်ချင်နေကြတယ်။ ကျတော့်အမြင်အရပြောရင် ကိုယ်က Software တစ်ခုကို လေ့လာသင်ယူနေတဲ့အချိန်မှာ ဘာပုံတော့ဆွဲမယ်၊ ဘာပုံကိုတော့ မဆိုင်လို့မဆွဲချင်ဘူးမလုပ်သင့်ဘူး။ ဘာနေနေ ဆွဲတတ်အောင် သင်ယူသင့်တယ်။ Sofware တစ်ခုရဲ့ UI အထာလေးကို သိသွားတော့မှာ အလုပ်ဝင်တဲ့အချိန်မှာ ကိုယ်နဲ့သင့်တော်တာကိုဆွဲပေါ့။ ဒါကြောင့် ကျတော်က Revit သင်ခန်းစာတွေမှာ Interior Design တွေကော်၊ ကားပါကင်တွေကော်၊ အထပ်မြင့်တွေကော်၊ အစရှိသဖြင့် အကုန်သင်တယ်။

အခုတင်ထားတဲ့ပုံဆိုရင် ကျတော့်သင်တန်းမှာသင်ရတဲ့ Student ရဲ့ Day 10 Lavanda Cafe Interior Design Project ပါ။ ဒီပုံမှာဆိုရင် Ceiling Family, Lighting Family, Chair, Table, Decoration Family စတာတွေကစ သူ့ဟာသူ Family create လုပ်ရတယ်။ ဒါတွေအပြင်ကျတော်က လှေကားတွေ၊ လက်ရမ်းတွေ၊ လမ်းတွေရဲ့ Family Creating တွေပါ Course ထဲမှာ ထဲ့ပေးပါတယ်။ Rendering လှဖို့အတွက် PBR Material တွေကစ သင်ပေးပါတယ်။

ပြောချင်တာက ကိုယ်ကိုယ်တိုင်က ဝါသနာလည်းပါတယ်၊ တကယ်လည်းဖြစ်ချင်တယ်၊ တကယ်လည်းရချင်တယ်ဆိုရင် Revit ဆိုတာ မခက်ခဲပါဘူး။ အသက်မွေးဝမ်းကြောင်းဆိုတဲ့ ခရီးတစ်ခုကို မလျှောက်လှမ်းခင်မှာ ပုံကောင်းကောင်းဆွဲတတ်သွားအောင် အရင်လေ့လာစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်က ပုံကောင်းကောင်းဆွဲတတ်ပြီဆိုရင် အင်ဂျင်နီယာအလုပ်က ပိုပြီး Confortable ဖြစ်လာလိမ့်မယ် ….

မြန်မာပြည်မှာနေပြီး BIM အတွေ့ကြုံကို ဘယ်လိုယူမလဲ ?ပြည်တွင်းမှာ BIM နဲ့ပတ်သက်ပြီး အလုပ်ခေါ်တာရှားလို့ BIM အတွေ့ကြုံယူဖို့...
20/06/2024

မြန်မာပြည်မှာနေပြီး BIM အတွေ့ကြုံကို ဘယ်လိုယူမလဲ ?

ပြည်တွင်းမှာ BIM နဲ့ပတ်သက်ပြီး အလုပ်ခေါ်တာရှားလို့ BIM အတွေ့ကြုံယူဖို့မလွယ်ဘူးဆိုတဲ့အယူဆက တကယ်တော့ မမှန်ပါဘူး။ တကယ်တော့ မြန်မာပြည်မှာနေပြီးလည်း BIM အတွေ့ကြုံယူလို့ရပါတယ်။ ပြည်တွင်းမှာနေပြီး BIM အတွေ့ကြုံယူနိုင်မယ့် နည်းလမ်း ၇ ခုကို ရေးသားပေးလိုက်ပါတယ်။

1. Online Course and Tutorials:

BIM Industry ထဲဝင်တော့မယ်ဆိုရင် ပထမဆုံးမဖြစ်မနေလုပ်ရမှာကတော့ သင်ယူရမှာဖြစ်ပါတယ်။ ဒါက အရေးကြီးဆုံးအချက်ဖြစ်တယ်။ Online course တွေဖြစ်တဲ့ Coursera, Udemy, LinkedIn Learning တို့မှာ BIM နဲ့ပတ်သက်တဲ့ Training တွေကို အရင်သင်ယူပါ။ Revit သင်တန်း၊ Navisworks သင်တန်း အစရှိတာတွေကို အရင်ဆုံးသင်ယူရမှာဖြစ်ပါတယ်။

ကံကောင်းတာက ပြည်တွင်းမှာလည်း BIM နဲ့ပတ်သက်ပြီး ကောင်းကောင်း သင်ပေးနိုင်တဲ့ ဆရာတွေ တော်တော်များများရှိနေပါပြီ။

(အခုပြထားတဲ့ပုံက ကျတော့် Revit Class 2.0 မှာသင်ပေးထားတဲ့ Student တွေရဲ့ Assignment Project တွေဖြစ်ပါတယ်)

သင်တန်းတွေ တစ်ခုနဲ့တစ်ခုကသင်ရိုးတွေ မတူကြဘူး။ ဥပမာ ကျတော့် Project Based Revit Class 2.0 မှာဆိုရင် portfolio ပြင်နိုင်ဖို့ကို အဓိကသွားတယ်။ ဒီအတွက် ပရောဂျက်တစ်ခုကို အစဆုံး ဆွဲပြတာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် လိုအပ်တာမှန်သမျှ အကုန်သင်တာကြောင့်မလို့ Structure တွေ Archi တွေ ဆိုပြီးမခွဲဘူး။ တချို့ ပရောဂျက်တွေဆိုရင် Building တစ်ခုထဲမှာဘဲ Family Create ရတာ အခု ၄၀ လောက်ရှိတယ်။

အခုတင်ထားတဲ့ပုံဆိုရင် ကျတော့် Project Based Revit Class 2.0 မှာ သင်ရတဲ့ စဆုံးဆွဲရတဲ့ Student တွေရဲ့ Portfolio လေးပါ။ သင်တန်းပြီးတဲ့အခါမှာ သူတို့အနေနဲ့ ဒါတွေပြပြီး အလုပ်လျှောက်ရုံဘဲ။ ကျတော့်သင်တန်းမှာ ဒါမျိုး ၁၈ ခုဆွဲရပါတယ်။ ဆိုတော့ ဒီကနေလည်း BIM အတွေ့ကြုံတွေ ယူလို့ရတာပေါ့။

2. Self-study

စာဖတ်ပြီးလေ့လာရတာကို ကြိုက်တဲ့သူတွေအတွက်ဆိုရင် BIM အကြောင်းရေးထားတဲ့ textbook တွေ၊ website တွေ၊ Revit ရဲ့ software အသုံးပြုပုံ အစရှိတဲ့ use manual စတာတွေကို ကိုယ်တိုင် ဖတ်ရှုပြီး လေ့လာလို့ရပါတယ်။ ဒါပေမယ့် ဒီဖက်ခေတ်မှာတော့ မျက်စိအညောင်းခံပြီး မဖတ်ကြတော့ဘူး။ ဆိုတော့ သူများပြောတာ နားထောင်ပေါ့။

3. Freelancing

ကိုယ့်မှာ အတိုင်းအတာတစ်ခုထိ knowledge ပြည့်စုံပြီ။ နိုင်ငံခြားကိုလည်း မသွားနိုင်သေးဘူး။ အလုပ်ကလည်း လုပ်ကြည့်ချင်နေပြီဆိုရင် Upwork, Freelancer အစရှိတဲ့ online platform website တွေမှာ freelancer လုပ်လို့ရပါတယ်။ ကိုယ်လုပ်နိုင်မယ်ထင်တဲ့ project သေးသေးလေးတွေရှာယူပြီး အတွေ့ကြုံယူပေါ့။ ဒါပေမဲ့ ကိုယ်ဟာ သူများတွေနဲ့ ယှဉ်ရင် ဒီပရောဂျက်တွေကို ကောင်းကောင်းလုပ်နိုင်ပါတယ်ဆိုတဲ့ ကိုယ့်မှာ strong portfolio ကောင်းကောင်း ပြထားဖို့လိုတယ်။ ဒီလို platform တွေကနေ freelancer တွေငှားကြတယ်။ ဒါကလည်း အတွေ့ကြုံယူနည်းတစ်မျိုးပဲပေါ့။

4. Networking

BIM နဲ့ ပတ်သတ်တဲ့ Online ကနေပေးတဲ့ Events, Conferences, workshops အစရှိတာတွေကို နားထောင်ပါ။ Record Video တွေနားထောင်တာထက် Live Event တွေမှာ Register လုပ်။ ဆက်သွယ်။ ရင်းနှီးမှုရအောင်ယူ။ ဒါတွေကလည်း BIM Industry ထဲကို ဝင်မယ့်သူတွေအတွက် အခွင့်ကောင်းပဲပေါ့။ အလုပ်လျှောက်တာဆိုပေမယ့် ကိုယ်က Business လုပ်တာဘဲ။ တစ်လကို သိန်းဆယ်ချီ၊ ရာချီရနိုင်တဲ့အလုပ်ကိုမှ Business လို့မခေါ်ရင် ဘယ်ဟာကို Business လို့ခေါ်မလည်း။ ပြည်တွင်းမှာ ကုန်စုံဆိုင်လေးဖွင့်တဲ့သူတွေတောင် ဒီလိုရှာနိုင်ဖို့ ခက်တယ်။

Business တစ်ခုမှာ Network နဲ့ Information မရှိရင် ဘာမှလုပ်မရဘူး။ လစာကောင်းတဲ့အလုပ်ရဖို့အတွက်က ကိုယ့်မှာ Network ကောင်းကောင်းတစ်ခုလိုတယ်။ ဒါကြောင့် Network ကိုတည်ဆောက်။ ကိုယ်ဆွဲထားတဲ့ portfolio ကောင်းကောင်းပြနိုင်တာက Marketing ၊ အလုပ်ရဖို့အဆက်သွယ်ကောင်းတွေရှိတာက Networking ၊ ဘယ်နေရာမှာ ဘယ်အလုပ်တွေခေါ်နေတာဆိုပြီး မိတ်ဆွေတွေကနေတဆင့်သိတာက Information ၊ ဒီ ၃ ခုပေါင်းမိသွားပြီဆိုရင် ကိုယ်လိုချင်တဲ့ပန်းတိုင်နဲ့ မဝေးတော့ဘူးပေါ့။

5. Internships or Volunteer Work

ပြည်တွင်းမှာ BIM Position အနေနဲ့ အလုပ်ခေါ်တာနည်းပေမယ့် ကိုယ်က ကျောင်းပြီးခါစ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုခုမှာ Internship ဆင်းရတယ်ဆိုရင် သူတို့ရဲ့ Design Document တွေလည်း ရနိုင်တယ်ဆိုရင် ဒါတွေကိုယူပြီး ကိုယ့်ဟာကိုယ် BIM Model ပြောင်းလို့ရတာပဲပေါ့။ BIM နဲ့ပုံထုတ်တာက ပိုတောင်မြန်ပြီး တိကျသေးတယ်။ နောက်ပိုင်းမှာ ကိုယ့်ကို အလုပ်တရားဝင်ခန့်လိုက်ပြီဆိုရင် ကုမ္ပဏီမှာ BIM Specialist နေရာကိုယူလို့ရတယ်။ Software မဝယ်လည်းရတဲ့ ဒီနိုင်ငံမှာ ကြိုက်တာလုပ်လို့ရတယ်။ ဒါကြောင့် ကျတော်က စစဦးဆုံး သင်ယူမှုကို အရေးကြီးတယ်လို့ပြောတာ။ သင်ယူပြီးသွားတဲ့နောက်ပိုင်းမှာ လမ်းတွေ ပွင့်သွားပြီ။

6. Personal Projects

BIM Skill တိုးတက်ချင်တယ်ဆိုရင် ပုံမှန်ဆွဲနေတဲ့ Sketchup အစား Revit နဲ့ ပြောင်းဆွဲပါ။ ဥပမာ BIM Model နဲ့ Construction Plan တွေ၊ Simulation တွေ၊ Project Presentation တွေ၊ VDC ၊ Redering စတာတွေကို ကိုယ့်ရဲ့ Personal Project တွေမှာ ထဲ့ပြီးသုံးသွားပေါ့။ Client ကတော့ ဒါတွေသိလိုက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အထိတွေ့များလာတဲ့အခါမှာ BIM အပိုင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရလာလိမ့်မယ်။

7. Online Communities

Network ရဖို့ အလုပ်ရှာတဲ့ LinkedIn မှာ BIM Related Community ကို ကိုယ်တိုင်တည်ဆောက်လို့ရတယ်။ LinkedIn ကနေတဆင့် BIM Industry မှာရှိတဲ့နိုင်ငံခြားသားတွေ၊ ကိုယ့်ပြည်တွင်းက လူတွေကိုဆက်သွယ်။ နိုင်ငံခြားသားတွေက အလုပ်ကိစ္စအတွက် Facebook မသုံးဘူး။ Linkedin မှာ မိတ်ဖွဲ့၊ အလုပ်ရှာ အကုန်အဆင်ပြေတယ်။ ဟိုရောက်မှ တွေ့ရာ Email ပို့နေတာထက် LinkedIn ကနေ Professional ဆန်ဆန် Network နဲ့သွားတာကလည်း အလုပ်ရှာဖို့ စဉ်းစားသင့်တဲ့နည်းလမ်းတစ်ခုဘဲ … အလုပ်ကောင်းတွေရနိုင်တာပေါ့။

ဒီ ၇ ချက်နဲ့တင် မြန်မာပြည်မှာနေရင်း BIM အတွေ့ကြုံယူလို့ရပါတယ်။

ဘယ်လိုဖြစ်ဖြစ် portfolio ကောင်းကောင်းလိုအပ်တယ်။ ကောင်းကောင်းပြနိုင်ရင် အလုပ်ကောင်းကောင်းရနိုင်တာပဲပေါ့။

မြန်မာပြည်ကနေတဆင့် BIM အတွေ့ကြုံယူပြီး ပြည်ပမှာ လစာကောင်းတဲ့ အလုပ်တွေရနိုင်ပါကြောင်း လမ်းညွှန်ရေးသားလိုက်ပါတယ်။

20/06/2024

လက်ရှိလုပ်နေတဲ့အင်ဂျင်နီယာအလုပ်ကနေ လစာကောင်းတဲ့ BIM အလုပ်ကိုဘယ်လိုပြောင်းမလဲ …

လူတော်တော်များများနားလည်မှုလွဲနေကြတာက BIM ဆိုတာက သပ်သပ်အလုပ်တစ်ခုမဟုတ်ပါဘူး။ အင်ဂျင်နီယာအလုပ်ကိုမှ အဆင့်မြင့်ထားတဲ့အလုပ်ဖြစ်ပါတယ်။ BIM အလုပ်ဆိုတာထက် BIM Position နဲ့ခေါ်တဲ့ အလုပ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ကိုယ်က စင်ကပူမှာ အလုပ်လုပ်ဖို့အတွက် ဖောင်တင်လိုက်လို့ ကိုယ့်ကို တစ်ယောက်ယောက်ကနေ BIM နဲ့ပတ်သပ်ပြီး အင်တာဗျူးဖို့အတွက်ခေါ်လာပြီဆိုရင် များသောအားဖြင့် တစ်ခုခုကို ဆွဲပြခိုင်းပါတယ်။ နာရီဝက်လောက်တောင်မကြာဘဲ ပြီးနိုင်မယ့်ဟာတစ်ခုခုပေါ့။ ဥပမာ … Railing Family လေးတစ်ခုခုကိုဆွဲပြခိုင်းတာ၊ Door, Window Family လေး create ခိုင်းတာ အစရှိသဖြင့်ပေါ့။

BIM နဲ့ဝင်မယ့်နေရာတွေကိုလည်း ကိုယ်ကရွေးတတ်ရင်ပိုကောင်းပါတယ်။ များသောအားဖြင့် Aluminium ကုမ္ပဏီတွေ ခေါ်တာများတယ်။ သူတို့ရဲ့ Door, Window အစရှိတဲ့ Product အသစ်သစ်တွေကို Family Create လုပ်ဖို့အတွက် ခေါ်ကြတယ်။ သဘောက Architect က ဒီ Brand ကိုသုံးမယ်ဆိုရင် သူတို့စက်ရုံက ထုတ်ထားတဲ့ Door Family ကို ယူသုံးလိုက်ရုံဘဲ။ အဆင်သင့် Model, Brand, Item No. အစရှိသဖြင့် Family တွေ create ထားကြတာပေါ့။

အဓိကက BIM Modeler လို့ပြောလိုက်ရင် ၃ ခုသိရင် ရပါပြီ။ Modeling ရယ်, Schedule ရယ်နဲ့ နောက်ဆုံး ပုံထုတ်တဲ့အပိုင်း Documentation အပိုင်းပေါ့။ ကျတော့်အတွက်က Documentation အပိုင်းမှာ ပိုပြီးကြာတယ်။ သူက AutoCAD Format နဲ့ ညီအောင်ငြိနေရတော့ စာလုံးအရွယ်အစားအကြီးသေးချိန်တာတွေ၊ ပုံထဲမှာ အရေးကြီးတဲ့အချက်အလက်တွေမကျန်ခဲ့ဖို့ အစရှိသဖြင့် စစ်ဆေးဖို့အတွက် အချိန်ပိုယူရတယ်။ Documentaion ဆိုတာ 3D View တွေကို 2D Paper ပေါ်မှာ မြင်သာအောင်ပြရတာဖြစ်လို့ တော်တော်လေးအချိန်ပေးရပါတယ်။ Scale,text size, paper size တွေသေချာချိန်ရတာပေါ့။ ဆိုတော့ ဒါတွေကို လေ့လာသွားဖို့လိုအပ်ပါတယ်။

နောက်တစ်ခု … ကိုယ်က Structure ကုမ္ပဏီတွေမှာ အလုပ်ရတယ်ဆိုရင်တော့ တော်တော်ကံကောင်းပါတယ်။ Revit နဲ့ဆွဲထားတဲ့ BIM Model ကို Etabs ထဲပို့ … ပြီးတာနဲ့ Revit Structure ထဲမှာ ပုံတွေပြန်ထုတ် , specification ရေး… အစရှိသဖြင့် တော်တော်လေးကို ပညာရပါတယ်။ ဒီအတွက်ဆိုရင် Revit , Etabs တွေအပြင် Robot Structural Analysis တွေပါ လေ့လာသွားဖို့လိုအပ်တယ်။ ဒါကတော့ Structure မှ မလုပ်ရရင် တေတော့မယ်ဆိုပြီး Structure ပိုင်းကို သွားချင်တဲ့သူတွေအတွက်ပေါ့။

နောက်တစ်ခု … Interior Design and Decoration အပိုင်း။ တကယ်တော့ Revit နဲ့ Interior Design ဆွဲတာတွေဆိုတာက အကောင်းဆုံးပါ။ ကျတော့်သင်တန်းမှာလည်း Revit နဲ့ Interior Design ဆွဲတာကို သေချာလေးသင်ပေးပါတယ်။ Student Assignment တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် 3Ds Max လောက်တော့ Rendering ပိုင်းမှာ Realistic မကျပါဘူး။ ဒါပေမယ့် သေချာလေးဆွဲနိုင်တယ်ဆိုရင် အလုပ်ဖြစ်ပါတယ်။ တခုကောင်းတာက ပုံဆွဲပြီးတာနဲ့ 3D Rendering တွေအပြင် Schedule, Drawings, Detailing, Material Specifications တွေပါ တခါထဲရတော့ Inteior Designer လုပ်မယ့်သူတွေအတွက်လည်း တခါထဲအဆင်ပြေသွားတာပေါ့။

နောက်တစ်ခု … M&E အပိုင်း … ဒီအပိုင်းကိုသွားမယ့်သူတွေက ပိုပြီးတော့တောင် လေ့လာသင့်ပါတယ်။ Fire fighting , Electrical, Aircorn စတဲ့လိုင်းတွေဆွဲဖို့အတွက် existing structure တွေရဲ့ bim model အပေါ်ကနေဆွဲရင် ပိုပြီးမြင်သာတယ် … ဒါကြောင့် EP,EC, Mechanical သမားတွေလည်း လေ့လာသင့်တာပေါ့ …

အချုပ်ပြောရရင် ကိုယ့်ရဲ့ Carrier Development လုပ်ချင်တဲ့သူတွေအတွက်ကတော့ BIM က အသင့်တော်ဆုံးပါဘဲ …

19/06/2024

လူငယ်အင်ဂျင်နီယာတွေ ဘာကြောင့် BIM ကိုမဖြစ်မနေသိထားသင့်သလဲ

Building Information Modeling လို့ခေါ်တဲ့ BIM ကို လူငယ်တွေဘာကြောင့်လေ့လာသင့်သလဲဆိုတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒီထဲကမှ အရေးကြီးတဲ့ ၈ ချက်ကို ပြောပြသွားပါမယ်။

1. Industry Standard … ကျတော်တို့က အဆောက်အဦးတစ်ခုကို တည်ဆောက်တော့မယ်ဆိုရင် အရင်ဦးဆုံးဒီဇိုင်းတွေထုတ်ရတယ်၊ ပုံဆွဲရတယ် ၊ Planning Stage လို့ခေါ်တဲ့ အဆောက်အဦးတစ်ခုဟာ မြေပြင်ပေါ်မှာ ဖြစ်လာဖို့အတွက် ဘယ်လိုဆောက်ကြမလည်းဆိုတာကို စဉ်းစားရပါတယ်။ ဒါတွေအကုန်လုံးက BIM မှာ တခါထဲလုပ်လို့ရပါတယ်။ အဆောက်အဦးအနေအထားအရ ဒီဇိုင်းတွေ၊ Project Management တွေက အမျိုးမျိုးဖြစ်နိုင်ပေမယ့် အားလုံးနားလည်နိုင်တဲ့ Standard ကတော့ တစ်ခုထဲပါဘဲ။ အဲ့ဒါက တခြားမဟုတ်ပါဘူး။ BIM ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ BIM နဲ့ပတ်သပ်လာရင် အလုပ်အကိုင်အခွင့်အလန်းတွေကလည်း ပေါများတာဖြစ်လို့ engineering job ရဖို့အတွက် မဖြစ်မနေ လေ့လာသင့်တဲ့ထဲမှာပါတာပါ။

2. Improved Collaboration … တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းပြီး အလုပ်လုပ်လို့ရဖို့အတွက် BIM ကိုအသုံးပြုကြပါတယ်။ ဥပမာ … ဗိသုကာဒီဇိုင်းပညာရှင်က အဆောက်အဦးဒီဇိုင်းကိုဆွဲတယ်။ ပြီးတာနဲ့ အင်ဂျင်နီယာတွေ၊ ကန်ထရိုက်တွေက ဘယ်လိုဆောက်လုပ်ရမလည်းဆိုတာကိုစဉ်းစားတယ်။ ဒီကြားထဲမှာမှ အဆောက်အဦးပိုင်ရှင်နဲ့ ငြိနှိုင်းမှုတွေလုပ်ကြတယ်။ တခါတလေမှာ ဒီ Process က တစ်ဆင့်ချင်းစီ လုပ်လို့ရတာဖြစ်သလို တခါတလေမှာလည်း တပြိုင်ထဲလုပ်ရတာ ဖြစ်နိုင်ပါတယ်။ တပြိုင်ထဲလုပ်ရတာဆိုတာက Architect က Engineer နဲ့ တိုင်ပင်ပြီး အဆောက်အဦးခိုင်ခန့်မှုပိုင်းကို ဒီဇိုင်းအပေါ်မှာမှုတည်ပြီး တိုင်တွေထားမထား၊ အခန်းဖွင့်အနေအထား၊ ဒါတွေအပြင် M&E Pipe တွေနဲ့ပတ်သတ်ပြီး နေရာလွတ်မလွတ် စတာတွေက တပြိုင်ထဲ ငြိနှိုင်းရတာမျိုးတွေရှိတယ်။ အဆောက်အဦးတစ်ခုလုံးကို Digital Presentation တွေနဲ့ BIM Platform ပေါ်မှာ တခါထဲ ဆွေးနွေးလို့ရတာကြောင့် Error တွေနည်းနိုင်တယ်။ မဆောက်ခင်မှာကြိုတင်ပြီး ငြိနှိုင်းမှုတွေလုပ်ထားတော့ ဆောက်ပြီးပြင်ရတာထက် ပိုလွယ်တာပေါ့။ ဒါကြောင့် အင်ဂျင်နီယာတွေအနေနဲ့ BIM ကိုသိထားတာက ကိုယ့်ရဲ့ လက်ရှိအလုပ်အပေါ်မှာ များစွာအထောက်အကူပြုပါတယ်။

3. Enhanced Visualization … BIM ဆိုတာ Project တစ်ခုလုံးကို မဆောက်ခင်မှာ ကွန်ပျူတာထဲမှာဖြစ်ဖြစ်၊ ဖုန်း ၊ Tablet ထဲမှာဖြစ်ဖြစ် တခါထဲ အပြင်မှာရှိနေသလို အသေးစိတ် 3D နဲ့ကြည့်လို့ရတာဖြစ်တာကြောင့် Engineer ၊ Architect ၊ Client ၊ Authority စတဲ့ မတူညီတဲ့ လူပေါင်းများစွာတာ တခါထဲမြင်ရတာကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲတာတွေကို လျော့ချနိုင်တယ်။ ဥပမာ … အင်ဂျင်နီယာတွေက Drawing တွေဆိုရင် ကြည့်တက်ပေမယ့် ဆောက်လုပ်ရေးနယ်ပယ်ကမဟုတ်တဲ့ အိမ်ရှင်တွေ၊ ဌာနပိုင်းဆိုရာက ပုဂ္ဂိုလ်တွေကျတော့ 3D နဲ့ပြရင် ပိုပြီးမှ နားလည်သဘောပေါက်တယ်။ Client Impression လည်းရတာဖြစ်လို့ BIM က အင်ဂျင်နီယာတွေအတွက် မဖြစ်မနေ လေ့လာသင့်တဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

4. Increased Efficiency … ခုနက ကျတော်ပြောပြတဲ့အချက်အလက်တွေအပြင် BIM နဲ့ဆွဲပြီးသွားတဲ့အခါမှာ အဆောက်အဦးတစ်ခုက ပစ္စည်းဘယ်လောက်ကုန်ကျမှာ၊ ဘယ်နားလေးမှာတော့ ဘာပစ္စည်းရှိတာ၊ ဘယ်နေရာမှာတော့ ဘယ်လို Material ကိုသုံးမှာ၊ ကြွေပြားကပ်ဖို့အတွက် ဘယ်ရက်ကြာမှာ၊ ဘယ်နှစ်ချပ်လိုမှာ၊ ဒါပြီးတာနဲ့ ဘာဆက်လုပ်မှာ အစရှိသဖြင့် Schedule နဲ့ Cost ကိုပါ တခါထဲ တွက်ချက်လို့ရတာကြောင့် အလုပ်လုပ်တဲ့နေရာမှာ Client နဲ့ ငြိနှိုင်းဆွေးနွေးတဲ့နေရာတွေအပြင် ပစ္စည်းမှာယူမယ့် Material Suppliers တွေနဲ့ပါ တပြိုင်ထဲ ချိတ်ဆက်လို့ရတာကြောင့် ပိုပြီးမှ အလုပ်လုပ်ရတာမြန်ဆန်သလို အမှားလည်းနည်းပါတယ်။ ဒါကြောင့် အင်ဂျင်နီယာတွေအနေနဲ့ BIM ကိုသိထားတာက ကိုယ့်လက်ရှိ Management ပိုင်းဆိုင်ရာကိစ္စတွေမှာလည်း များစွာတိုးတက်မှုရှိစေပါတယ်။

5. Better Project Management … အဆောက်အဦးတစ်ခုဟာ မတည်ဆောက်ခင်မှာ၊ တည်ဆောက်နေစဉ်၊ တည်ဆောက်ပြီးစီးချိန်မှာ continuous monitering လုပ်နေရပါတယ်။ ဥပမာ … အခု Foundation တူးနေတာ၊ ဘယ်လောက်ကြာရင် footing လောင်းမှာ၊ ဘယ်ရက်နေ့ဆိုရင် တိုင်ထောက်တော့မှာ၊ စသဖြင့် သူ့နေ့နဲ့သူ Project Management လုပ်ရပါတယ်။ ထိုလုပ်နေစဉ်တလျှောက်မှာလည်း ပိုင်ရှင်၊ ဌာနပိုင်းဆိုရာ ပဂ္ဂိုလ်တွေ၊ ကန်ထရိုက်တွေက ကိုယ့်ရဲ့ tablet ကနေတဆင့် construction process ကို ကြည့်နေလို့ရတယ်။ ဆိုတော့ ဒါတွေအကုန်လုံးက BIM အပေါ်မှာကြည့်လို့ရနေတော့ Project Outcomes ကောင်းဖို့အတွက် များစွာအထောက်အကူပြုတာပေါ့။

6. Sustainability … အဆောက်အဦးတစ်ခုက တည်ဆောက်ပြီးစီးသွားချိန်မှာလည်း ရေရှည်တည်တန့်ဖို့အတွက် ပြုပြင်ထိန်းသိမ်းပေးရတယ်။ လျှပ်စစ်စွမ်းအင်သုံးစွဲမှုဘယ်လောက်ရှိတာ၊ ရေဘယ်လောက်သုံးတာ၊ Lifecycle assessment, material optimization, energy analysis စတာတွေက BIM မှာ လုပ်လို့ရတယ်။ ဒါကြောင့် တည်ဆောက်ပြီးစီးသွားတဲ့ အဆောက်အဦးတွေကို BIM နဲ့ပြန်ပြီး modeling လုပ်ပြီး analysis လုပ်တာတွေလည်းရှိတော့ အင်ဂျင်နီယာတွေအတွက် ဒါနဲ့ပတ်သတ်ပြီး အလုပ်အကိုင်ရဖို့အတွက် အခွင့်ရေးတွေရှိပါတယ်။

7. Career Advancement … ကိုယ်လက်ရှိလုပ်နေတဲ့ အင်ဂျင်နီယာအလုပ်ကို အဆင့်မြင့်တင်ဖို့အတွက် BIM ကိုထပ်လေ့လာတာက အပြိုင်အဆိုင်များတဲ့ နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးမှာ ကိုယ်က သူများထက် ပိုပြီးအခွင့်အလန်းတွေ သာစေတယ်။ ဒီအတွက် BIM နဲ့ပတ်သပ်တဲ့ သင်တန်းတွေတက်ထားတာ၊ certificate တွေယူထားတာ၊ Revit နဲ့ဆွဲထားတဲ့ Portfolio တွေပြနိုင်တာက လူငယ်အင်ဂျင်နီယာတွေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ လစာကောင်းတဲ့အလုပ်တွေရနိုင်တယ်။ BIM က လစာတော်တော်ကောင်းတဲ့ထဲမှာပါပါတယ်။ အလုပ်ကိုင်တွေပေါ်များသလို အင်ဂျင်နီယာလစာထက်တောင် များနိုင်ပါတယ်။ တချို့ သိန်းရာနဲ့ချီ လစာရတဲ့သူတွေရှိပါတယ်။ ဒါကြောင့် တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ လူငယ်အင်ဂျင်နီယာပညာတတ်တွေအနေနဲ့ မဖြစ်မနေလေ့လာရမယ်။

8. Future-Proofing Skills … အရင်တုန်းက အင်ဂျင်နီယာကြီးတွေက ပုံတွေကို လက်နဲ့ဆွဲတာကနေ AutoCAD နဲ့ပြောင်းဆွဲလာကြတယ်။ အခုလို Technology တွေ စဉ်ဆက်မပျက်တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ BIM ကိုလေ့လာထားတာက နောက်ပိုင်း နှစ်ပေါင်း ၃၀ လောက်ထိကို future proofing skill ရထားတာနဲ့တူတူပါပဲ။ BIM ကိုလေ့လာမယ်ဆိုရင် Revit ကစပြီး သူနဲ့ဆက်စပ်တဲ့ နည်းပညာတွေအထိ တဖြေးဖြေး ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ထဲကနေတနေ့နည်းနည်း လုပ်သွားမယ်ဆိုရင် သေချာပေါက် အလုပ်အကိုင်အတွက် စိတ်မပူရတော့ပဲ Advanced Skill တွေရှိထားပြီးတဲ့ အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လာမှာပါလို့ပြောရင် ဒီနေ့မှာ BIM ကို လူငယ်အင်ဂျင်နီယာတွေ ဘာကြောင့်လေ့လာသင့်သလည်းဆိုတာကို စေတနာထားပြီး ရေးပေးလိုက်ပါတယ်။

( နောက်ဆိုရင်လည်း လူငယ်အင်ဂျင်နီယာတွေအတွက် ဗဟုသုတရစရာတွေ နေ့တိုင်းရေးပေးပါမယ် )

Address

Yangon

Telephone

+959254110126

Website

Alerts

Be the first to know and let us send you an email when Revit Class: Aung Hla Min Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Revit Class: Aung Hla Min Naing:

Shortcuts

Share

Category