TLC International Education

TLC International Education

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TLC International Education, School, TLC International Education, Yangon.

30/09/2025

Learn Today and be ready

🐍💻 Python Programming – နည်းပညာတိုးတက်ဖို့ အခြေခံအဆင့် 💻🐍

ဒီနေ့မှာတော့ python programming ကိုအတိုချုံ့လေး‌ရှင်းပြပေးပါမယ်။

ယနေ့ခေတ်မှာ Python Programming ဟာ ကမ္ဘာပေါ်မှာ အလွန်ကျယ်ပြန့်အသုံးများတဲ့ Programming Language တစ်ခုပါ။
➡️ လေ့လာရ လွယ်ကူပြီး 📚 စာသားအရ သန့်ရှင်းတိကျတဲ့အတွက် Beginner တွေအတွက် အကောင်းဆုံး language လို့ဆိုနိုင်ပါတယ်။

✨ Python ဘာတွေကို အသုံးချလဲ?
1️⃣ AI & Machine Learning – Artificial Intelligence နဲ့ Data Science လောကမှာ အဓိကအသုံးများပါတယ်။
2️⃣ Web Development – Django, Flask လို frameworks နဲ့ Website တွေဖန်တီးနိုင်ပါတယ်။
3️⃣ Automation – အလုပ်တွေ အလိုအလျောက် Run ချချင်တဲ့အခါ Python script တွေ သုံးနိုင်ပါတယ်။
4️⃣ Robotics & STEM – Robots ကို control လုပ်တာ၊ Sensor data ကို process လုပ်တာအတွက် အသုံးများပါတယ်။

👩‍💻 ကျွန်တော်တို့ Robotics Class မှာလည်း Python Programming ကို အခြေခံအဆင့်ကစပြီး သင်ပေးသွားမှာ ဖြစ်ပြီး —

Logic စဉ်းစားပုံ (Problem Solving)

Code ရေးသားပုံ

လက်တွေ့ Robotics Project တွေမှာ အသုံးချပုံ

တွေကို တက်ရောက်သူကလေးတွေ လက်တွေ့နဲ့အတူ အဆင့်ဆင့် လေ့လာသွားနိုင်ပါမယ်။

👩‍💻 ကျွန်တော်တို့ Robotics Class မှာ

➡️ စိတ်ဝင်စားတဲ့ မိဘများအတွက် လက်ရှိ Registration ဖွင့်ထားပါပြီ။

👉 ကလေးတွေ အနာဂတ်နည်းပညာအတွက် အဆင်သင့်ဖြစ်ဖို့ အခုစတင်လိုက်ပါ!

📞 +959 740 826 173
✉️ [email protected]
Only on weekends
🏠 TLC (Thuwunna Learning Center) Room 102, Building 1, 1st floor, Than Thu Mar Road, Near Su Paung Bus Stop, Thuwunna, Yangon.

Thuwunna Learning Centre TLC International Education

03/09/2025

🌍🤖 ကမ္ဘာတစ်ဝှမ်း AI နဲ့ စာသင်ယူမှု 🤖🌍

ယနေ့ခေတ်မှာ AI (Artificial Intelligence) က လူသားတွေရဲ့ နေ့စဉ်ဘဝနဲ့ အလုပ်အကိုင်တွေထဲမှာသာမက စာသင်ယူမှု အတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍ သွားရောက်ဖြည့်ဆည်းပေးနေပါပြီ။

📚 ကမ္ဘာ့ကျောင်းသားတွေအတွက် AI အကျိုးကျေးဇူးများ
1️⃣ အလိုအလျောက် လိုက်ဖက်အောင်သင်ကြားပေးခြင်း – ကျောင်းသားတစ်ဦးချင်းစီရဲ့ အဆင့်နဲ့ နားလည်နိုင်စွမ်းအလိုက် သင်ခန်းစာတွေကို AI က ချိန်ညှိပေးနိုင်ပါတယ်။
2️⃣ နားမလည်သေးတဲ့အပိုင်းများကို ထပ်ရှင်းပေးခြင်း – စာသင်ရာမှာ ရှုပ်ထွေးနေတဲ့ သင်္ချာ၊ ဂဏန်း၊ သဘာဝဗေဒအပိုင်းတွေကို လွယ်ကူအောင် ပြန်လည်ရှင်းပြပေးနိုင်ပါတယ်။
3️⃣ အချိန်တိုအတွင်း အကြောင်းအရာများ သိရှိခွင့် – စာအကျဉ်း၊ အဓိကအချက်များ၊ စမ်းသပ်မေးခွန်းများကို ချက်ချင်း Feedback ပေးနိုင်ပါတယ်။
4️⃣ တီထွင်နိုင်စွမ်း ဖော်ထုတ်ပေးခြင်း – Coding, Design, Robotics စသည့် နည်းပညာဆိုင်ရာ Project တွေကို လေ့ကျင့်ရာမှာ AI က မိတ်ဆွေကောင်း တစ်ဦးအဖြစ် ပါဝင်ကူညီပေးနိုင်ပါတယ်။

🌟 ဒီအတွက်ကြောင့် အမေရိကန်၊ အာရှ၊ ဥရောပ နိုင်ငံအများစုမှာပဲမဟုတ်ပဲ ကမ္ဘာတစ်ဝှမ်းကျောင်းသားတွေ AI နဲ့ ပေါင်းစပ်သင်ယူခြင်း ကို စတင်လေ့လာနေကြပြီး၊ အနာဂတ်အလုပ်အကိုင်တွင်လည်း အလွန်အရေးကြီးလာမယ်ဆိုတာ သက်သေပြနေပါပြီ။

👩‍💻 ကျွန်တော်တို့ Robotics Class မှာ

AI နည်းပညာနဲ့ STEM (Science, Technology, Engineering, Mathematics) ကို ပေါင်းစပ်သင်ကြားပေးမယ်။

ကလေးတွေကို စိတ်ဝင်စားစရာကောင်းတဲ့ Robotics Project များနဲ့ လက်တွေ့ လေ့ကျင့်ခွင့်ပေးမယ်။

တီထွင်နိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ နည်းပညာနဲ့ အနာဂတ်အတွက် အသုံးချနိုင်စွမ်းတွေကို တိုးတက်စေမယ်။

✨ AI + STEM ဆိုတာ ကလေးတစ်ဦးရဲ့ အနာဂတ်အတွက် မဖြစ်မနေရသိထားရမယ့် အခန်းကဏ္ဍတစ်ခုပါ။
➡️ စိတ်ဝင်စားတဲ့ မိဘများအတွက် လက်ရှိ Registration ဖွင့်ထားပါပြီ။

👉 ကလေးတွေ အနာဂတ်နည်းပညာအတွက် အဆင်သင့်ဖြစ်ဖို့ အခုစတင်လိုက်ပါ!

📞 +959 740 826 173
✉️ [email protected]
Only on weekends
🏠 TLC (Thuwunna Learning Center) Room 102, Building 1, 1st floor, Than Thu Mar Road, Near Su Paung Bus Stop, Thuwunna, Yangon.

Thuwunna Learning Centre TLC International Education

04/07/2025

🎉CodeQ Robotic Class Opening Ceremony 🤖

မင်္ဂလာပါလူကြီးမိဘများခင်ဗျာ
ကျွန်တော်တို့ရဲ့ Robotics သင်တန်းအသစ်လေးကိုစတင်မိတ်ဆက်ရန်အတွက်ဖွင့်ပွဲလေးကို ယခုအပတ်စနေနေ့ နံနက် 11 နာရီတွင်ပြုလုပ်တော့မှာဖြစ်ပါတယ်
ဒါကြောင့်သင့်ကလေးရဲ့ အနာဂတ်နည်းပညာနယ်ပယ်အတွက် လာရောက်လေ့လာလိုက်ပါဦးနော်!

🗓️Date - Saturday (July 6, 2025)
🕙Time - 11a.m
📍 TLC (Thuwunna Learning Center) Room 102, Building 1, 1st floor, Than Thu Mar Road, Near Su Paung Bus Stop, Thuwunna, Yangon.

✨ ဖွင့်ပွဲမှာတော့ -
🪐 ကျောင်းသားတွေကို ဥပ‌မာပြသင်ပေးမယ့် robots များကိုပြသခြင်း
🪐သင်တန်းအကြောင်းအရာအစုံအလင်ကိုတိတိကျကျမိတ်ဆက်ပေးခြင်း
🪐ကျောင်းသားများကိုသင်ကြားပေးမည့်အကြောင်းအရာများနှင့် သင်ကြားပေးမည့် ပုံစံကိုရှင်းပြခြင်း
🪐 Short class tour
🪐မိဘများအ‌နေနဲ့ မေးမြန်နိုင်ဖို့ Q&A section

မိဘများဖွင့်ပွဲကိုတက်ရောက်ခဲ့ရင်ပိုနားလည်ပြီး သင်တန်းအကြောင်းတိတိကျကျသိရှိနိုင်မှာဖြစ်လို့ ဒီအစီအစဉ်ကိုစိတ်ဝင်စားပါက အားလုံးကိုသာယာတဲ့ဖွင့်ပွဲနေ့လေးမှာတွေ့ဖို့မျှော်လင့်ပါတယ်

Contact us📞 +959 740 826 173
✉️ [email protected]

TLC International Education Thuwunna Learning Centre

Photos from TLC International Education 's post 02/07/2025

*micro-bit* အဲ့ဒါဘာလဲ?🤨

Computer နဲ့အလှမ်းမဝေးတဲ့လူတိုင်းနီးပါးကြားဖူးလောက်မှာပါ မှင်စာလို size လေးကြောင့် တော်တော်များများအထင်မကြီးလောက်ပေမယ့် This tiny square of tech is about to change the way you see learning.

Micro-bit ဟာဆိုရင် robotic နဲ့ STEM education တွေမှာအရမ်း popular ဖြစ်ပါတယ် သူ့ရဲ့ affordable price(not in this country of course 😌), program ရေးမို့လွယ်ကူခြင်း, beginner friendly ဖြစ်ခြင်း, level of safety, versatile အစရှိတဲ့အချက်တွေကြောင့်ပါ။

🔍ဒါဆို micro-bit တွေကဘာတွေလုပ်နိုင်လဲ?

💡ဟုတ်ကဲ့ အဲ့မှင်စာ size လေးကလုပ်နိုင်တာတွေအများကြီးပါ
သူ့ရဲ့ features တွေနဲ့ function တွေကတော့

🔹25 LED grid က pixel lights လေးတွေလိုပါပဲ emoji တွေ animation တွေ text တွေကိုလုပ်ပေးနိုင်ပါတယ်

🔹 Button A&B - ဟာဆိုရင် ရေးထားတဲ့ code တွေနဲ့ interact လုပ်နိုင်တဲ့ function လေးပေးထားပါတယ် for example, A ကိုနှိပ်ရင်ပြုံးနေတဲ့ emoji ပြတာမျိုး

🔹Motion Sensor (Accelerometer) - အရှင်းဆုံးအနေနဲ့ပြောရရင် game controller တွေလိုပါ စောင်းလို့ရ၊လှုပ်လို့ရ၊ပစ်ချလို့ရ၊ free falling အကုန် okay

🔹 Compass(magnetometer) - သူကတော့ navigator လေးပါ direction ကိုပြပေးပါတယ် ဥပမာgameဆော့နေရင်းကိုယ်ဘယ် direction ရောက်နေလဲပြပေးတာမျိုး(လမ်းပျောက်နေတဲ့သင်တို့ဘဝကို လမ်းပြပေးမယ် codeQ class လို navigator😞)

🔹 Temperature Sensor - chips ရဲ့ temperature ကိုတိုင်းပေးတာမျိုးပါ it built into the processor, weather station တွေမှာ ambient temperature ကိုတိုင်းတဲ့အချိန် ဒီ temperature sensor+display ကိုသုံးကြပါတယ်

🔹 Bluetooth - ဆိုတဲ့အလျောက်တော့ Bluetooth available devices အကုန်ချိတ်လို့ရပါတယ် ဖုန်းသို့မဟုတ် laptop or even another micro-bit ကိုပါ wirelessly ပြန် command ပေးလို့ရပါတယ် (ပျော်စရာကြီးပါလုပ်ကြည့်ရင် စာမသင်သရွေ့ပေါ့🤧)

🔹Gold Pins(on bottom) - Bluetooth နဲ့ wireless ချည်းပဲမဟုတ်ပါဘူး wire နဲ့ တစ်ခြား motors, buzzers, lights, sensors နဲ့ micro-bit အထိချိတ်လို့ရပါတယ်

🔹USB port/Battery input - သူက battery မပါပါဘူးနော် so we can't charge it or we can't use it to charge any other devices but it still need power to work အဲ့တော့ USB port နဲ့ power input ဟာ laptop or charger or regular batteries တွေနဲ့ချိတ်ပေးမှ သူအလုပ်လုပ်ပါတယ်

🔍ဒါဆို micro-bit နဲ့ coding ဘယ်လိုလုပ်ရတာလဲ?
💡ရိုးရှင်းပါတယ် Microsoft makecode ကိုသုံးပါတယ် bothe android, Microsoft, iOS available
Python coding ကိုလည်းသုံးကြပါတယ်

🔍ဘယ်လိုချိတ်ပြီးသုံးရတာလဲ?
💡ဖုန်းနဲ့ဖြစ်ဖြစ် laptop ဖြစ်ဖြစ် ဘာနဲ့နေနေ အဆင်ပြေပါတယ် micro-bit နဲ့ pair လုပ်ရုံပါပဲ

Beginner အများစုကတော့ micro-bit နဲ့ step counter, a text badge(text scrolling ပါ), simple game ဥပမာ စုံစံစိ🥹, temperature or light detector(မြန်မာနိုင်ငံအပူချိန်တိုင်းမို့🤧), robot car, music player စတာတွေကိုပထမဆုံး project အနေနဲ့စမ်းလုပ်ကြတယ်

🔍ဘာလို့ micro-bit ကိုသုံးကြတာလဲ?
💡Make coding visual and fun စာသင်ရမှာပျင်းတဲ့လူတစ်စုကိုစိတ်ဝင်စားအောင်မြူဆွယ်တာပါ၊ ကိုယ်တိုင်ရေးထားတဲ့ code ကို real-world effect နဲ့မြင်နိုင်လို့၊ logic and creativity ကောင်းလာစေချင်လို့၊ ကလေးတွေလူငယ်တွေကို science နဲ့ အထိအတွေ့ရှိစေချင်လို့၊ STEM careers တွေကိုစိတ်ဝင်စားတဲ့သူတွေအတွက် micro-bit ကနေစပြီး in touch ဖြစ်စေချင်လို့အစရှိတဲ့အကြောင်းအမျိုးမျိုးကြောင့်သုံးကြပါတယ်

My message for you all🫶🏻
Robot ကသာခန္ဓာကိုယ်တစ်ခုဖြစ်ခဲ့မယ်ဆို micro-bit က robot ရဲ့ ဦးနှောက်ပါ
နည်းတူ code ကသာအတွေးတွေဆိုရင် sensor က အသိစိတ်ပါ အဲ့အတွေးတွေကိုလက်တွေ့မှာချပြမဲ့အသိစိတ်

-bit TLC International Education

02/06/2025

⭐ IGCSE CLASSES (🗓️ MID YEAR INTAKE) ⭐
OPENING NOW! 📣📣📣

𝐓𝐋𝐂 ရဲ့ Cambridge IGCSE
နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းများကို
ယခုလမှ စတင်ဖွင့်လှစ်ပါတော့မည်။

⚜️TLC ရဲ့ အားသာချက်တွေက ⚜️
✅ သင်ယူသူ ကလေးကို ဖိအားမဖြစ်ပဲ စိတ်အားထက်သန်စေခြင်း
✅ ခိုင်မာတဲ့ အနာဂါတ် အလုပ်အကိုင် လမ်းကြောင်း၊
✅ သင်ကြားမယ့် ဆရာ၊ ဆရာမ များရဲ့ စေတနာ နှင့် ကျွမ်းကျင်မှု၊
✅ အတန်းတစ်ခုအတွက် သတ်မှတ်လူဦးရေ ထက်ပိုလက်မခံခြင်းကြောင့် ဂရုစိုက်နိုင်ခြင်း၊
✅ Weekly assessment များ၊ Monthly Test များ၊ Bimonthly Exam များရှိတဲ့အတွက် မိဘများသည် ကလေးတွေရဲ့ progress ကို စဉ်ဆက်မပြတ် သိရှိနိုင်ခြင်း၊
✅ လစဉ်ကြေးဖြစ်တဲ့အတွက် ကြိုတင်လစာ ပေးချေစရာ မလိုတဲ့အတွက် အဆင်ပြေခြင်း။

သင်ယူနိုင်သည့် Subject‌ များမှာ
📌 English (ESL)
📌 Extended Mathematics
📌 Additional Mathematics
📌 Physics
📌 Chemistry
📌 Computer Science
📌 ICT
📌 Business
📌 Accounting
စသည့် ဘာသာရပ်များထဲမှာ မိမိစိတ်ဝင်စားမှုနဲ့ ကိုက်ညီတဲ့ ဘာသာရပ် အနည်းဆုံး (၅)ခုကို ရွေးချယ် တက်နိုင်ပါတယ်။

⭐Early Bird Discount ⭐
Subject Fee = 80,000 MMK
သင်တန်းမစတင်ခင် ကြိုတင် အပ်နှံသူများအတွက် တစ်ဘာသာလျင် ၈ သောင်းကျပ်သာ ကျသင့်မှာဖြစ်လို့ မိဘများအနေဖြင့် လက်လွတ် မခံသင့်တဲ့ အခွင့်အရေးဖြစ်ပါတယ်။

IGCSEမှာ ရလဒ်ကောင်းများရရှိမှသာ Ranking ကောင်းတဲ့ နိုင်ငံတကာ တက္ကသိုလ်များကို ဆက်လက် တက်ရောက်နိုင်မှာဖြစ်ပါတယ်။
TLC ရဲ့ သင်တန်းတွေက ရလဒ်ကောင်းများရ‌ရှိစေပြီး သင့်ကလေးရဲ့ အနာဂါတ်ဘဝခရီး ဖြောင့်ဖြူးသာယာဖို့ဆို သင်ကြားရေးအတွေ့အကြုံရှိ ဆရာ၊ ဆရာမများနှင့် စနစ်တကျ ဂရုတစိုက် သင်ကြားပေးတဲ့ 𝐓𝐋𝐂 ရဲ့ 𝐈𝐆𝐂𝐒𝐄 အတန်းများကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

𝐈𝐆𝐂𝐒𝐄 𝐂𝐥𝐚𝐬𝐬𝐞𝐬 များအကြောင်းကို အသေးစိတ်စုံစမ်းလိုပါက

ဖုန်းနံပါတ်
📞 𝟎𝟗𝟓𝟏𝟖𝟔𝟗𝟎𝟐
📞 𝟎𝟗𝟓𝟎𝟑𝟕𝟗𝟖𝟔 နှင့်
📞𝟎𝟗740826173
သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။
လူကိုယ်တိုင်လာရောက်စုံစမ်းလိုပါက
🏫 တိုက်(၁)၊ အခန်း(၁၀၂)၊ သုဝဏ္ဏအိမ်ရာ၊ စုပေါင်းမှတ်တိုင်၊ သံသုမာလမ်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။ သို့လာရောက်စုံစမ်းနိုင်ပါတယ်။
🔔🔔🔔 ကျောင်းအပ်လက်ခံနေပြီမို့ အမြန်ဆုံးလာရောက်အပ်နှံဖို့ ဖိတ်ခေါ်ပါတယ်နော်။

31/05/2025

I got over 20 reactions on one of my posts last week! Thanks everyone for your support! 🎉

15/05/2025

ဒီနေ့ရဲ့ Topic ကတော့ Ta-da✨ driverless cars AV✨ တွေပဲဖြစ်ပါတယ်

အားလုံးသိကြတဲ့အတိုင်းပါပဲ driverless ဆိုတဲ့အတိုင်း driver မလိုဘူး taxi သမားတွေထမင်းငတ်စေမဲ့ invention လေးပါ but အသက်ကြီးတဲ့လူတွေ မသန်မစွမ်းတွေ အာရုံချို့တဲ့နေတဲ့လူတွေနဲ့ ကားမမောင်းတတ်တဲ့အချို့သောသူတွေအတွက်တော့အရမ်း convenience ဖြစ်ပါတယ်

So let's break it down 👇🏻
Autonomous Vehicles (AV) ကတော့ artificial intelligence, sensors, machine learning, and advanced computing တွေကိုသုံးပြီး လူသားတွေရဲ့အကူအညီမပါပဲ drive and navigate လုပ်ပေးတဲ့ invention လေးပါ

🧠 သူ့ရဲ့ Key Theory :i
💡Sensor Fusion - AV က sensor တွေအများကြီးရဲ့ input တွေကိုစုစည်းပါတယ် for example -
🪐 LIDAR လို့ခေါ်တဲ့ (light detection and ranging) 3D maps ရဲ့အနားမှာတည်ရှိပါတယ် (note: 3D maps ကိုအောက်မှရှင်းပြထားပါတယ်🫶🏻)
🪐 Reader ကတော့ အကွာအဝေးနဲ့ object တွေရဲ့အရှိန်ကို detect လုပ်ပေးပါတယ်
🪐 Cameras ကတော့ sign တွေ lanes တွေ လူသွားလူလာကို ကြည့်ပေးပါတယ်
🪐 Ultrasonic sensor ကတော့အနီးအနားမှာရှိနေတဲ့ အရာဝတ္ထုတွေကိုကြည့်ပေးတာပါ။ ကား parking ထိုးတဲ့နေရာမှာသုံး
ဒီ Sensor Fusion ကတော့ ပတ်ဝန်းကျင်အခြေအနေကိုနားလည်မို့အတွက်သုံးပါတယ်

💡 Machine learning - AI က လမ်းသွားနေတဲ့လူဆိုတာကိုလူ စက်ဘီးဆိုစက်ဘီ သိမို့ deep learning လုပ်ရပါတယ်

💡 Localization - AV က High definition 3D maps ကိုသုံးပါတယ် 3D maps ရဲ့ sensor data က အတိအကျတည်ရှိနေတဲ့နေရာ တင်မကအရာဝတ္ထုသက်ရှိတွေရဲ့သဏ္ဍန် အမြင့်နဲ့တည်နေရာတွေကိုပါအတိအကျ data ပို့ပေးနိုင်ပါတယ်။ ဒီ localization က traffic light မှာရပ်ဖို့ လမ်းအမှန်မှာမောင်းဖို့တွေအတွက်အရမ်းအရေးပါပါတယ်

💡 Path Planning & Decision Making - AV တွေဟာ plans a safe route ဆိုတဲ့အတိုင်း လုံခြုံမှုကအဓိကပါ ဘယ်အချိန်အရှိန်တင်မလဲ ဘယ်အချိန်မှာရပ်မလဲ ကွေ့မလဲ နောက်ဆုတ်မလဲ ကိုစီမံရင်းနဲ့ အနီးအနားက atmosphere ကိုလည်းလေ့လာကြပါတယ်

💡 Control System - သူကျတာ့ AV ကလုပ်ထားတဲ့ decision တွေကို action လုပ်တာပါ

Okay! Level of autonomy (level 0 to 5)
0 ကတော့သူဘာမှမလုပ်တာပါ 'သူ'ဆိုတာ AI
1. Basic Assistant - သီချင်းဖွင့်ပေးဘာညာ ဟိုယောင်ဒီယောင်
2. Partial Automation - သူစမောင်းပါပြီ ဒါပေမယ့်လူကဘေးနားကကြည့်ပေးနေမှပါ (အလုပ်သင်လေးပေါ့)
3. Conditional Automation - AI ကိုယ်တိုင်ကားမောင်းပါပြီ လူသားကလိုအပ်မှသာပါဝင်တာပါ
4. High Automation - driver မရှိပဲ အများဆုံးနေရာတွေမောင်းနိုင်နေပါပြီ
5. Full Automatic - steering wheel is no needed _ full robot လူသားဘက်ကအရှင်းဘာမှလုပ်ဖို့မလိုအပ်တော့တာပါ

ဒါပေမယ့်လည်း ဒီခေတ်ထိတော့ level 3 ကနေ 4ထိပဲတီထွင်ရပါသေးတယ်
Ethical and social challenges တွေအများကြီးနဲ့လည်းရင်ဆိုင်နေရပါတယ် ဥပမာ

Accident ကရှောင်လွှဲမရရင် AI ကဘယ်သူ့ကိုကယ်မှာလဲ?
ပြီးတော့ AV ကားတွေက driving data တွေအသေးစိတ်အကုန်မှတ်တယ်
AV ကားတွေသာ accident ဖြစ်ခဲ့ရင် ဘယ်သူ့ responsible လဲ? Manufacturer လား? Software ရေးခဲ့တဲ့လူလား? Owner လား?
အခုဏကပြောခဲ့သလိုပဲ တက်ဆီဦးလေးကြီးတွေ delivery သမားတွေ ထမင်းဘယ်သူလာကျွေးမှာလဲ AI လား?

ပြီးတော့ကောင်းတဲ့အချက်တွေက ကားပိတ်တာကို 90%ထိလျော့ချနိုင်မယ်
အပေါ်မှာပြောခဲ့သလို မသန်မစွမ်း အာရုံချို့တဲ့ သက်ကြီးရွယ်အိုတွေအတွက် အများကြီးအထောက်အပံ့ဖြစ်တယ်
မြို့ရဲ့ traffic system ကြီးကို reshape လုပ်လို့ရတယ် ဥပမာ လူနာတင်ကားကကားကျောပိတ်တာကြောင့် လူနာက အချိန်လွန်ပြီးအသက်သေဆုံးတာတွေမဖြစ်တော့ဘူး

လူကြီးမင်းတို့ကရောဘယ်ကလဲ positive ပဲကြည့်ပြီး AV ကားကို အားလုံးသုံးသင့်တယ်ထင်လား?
Negative ကိုကြည့်ပြီးအ‌ဖြေတစ်ခုမရမချင်းမသုံးသင့်ဘူးထင်လား?

TLC International Education Learning Center

15/05/2025

*micro-bit* အဲ့ဒါဘာလဲ?🤨

Computer နဲ့အလှမ်းမဝေးတဲ့လူတိုင်းနီးပါးကြားဖူးလောက်မှာပါ မှင်စာလို size လေးကြောင့် တော်တော်များများအထင်မကြီးလောက်ပေမယ့် This tiny square of tech is about to change the way you see learning.

Micro-bit ဟာဆိုရင် robotic နဲ့ STEM education တွေမှာအရမ်း popular ဖြစ်ပါတယ် သူ့ရဲ့ affordable price(not in this country of course 😌), program ရေးမို့လွယ်ကူခြင်း, beginner friendly ဖြစ်ခြင်း, level of safety, versatile အစရှိတဲ့အချက်တွေကြောင့်ပါ။

🔍ဒါဆို micro-bit တွေကဘာတွေလုပ်နိုင်လဲ?

💡ဟုတ်ကဲ့ အဲ့မှင်စာ size လေးကလုပ်နိုင်တာတွေအများကြီးပါ
သူ့ရဲ့ features တွေနဲ့ function တွေကတော့

🔹25 LED grid က pixel lights လေးတွေလိုပါပဲ emoji တွေ animation တွေ text တွေကိုလုပ်ပေးနိုင်ပါတယ်

🔹 Button A&B - ဟာဆိုရင် ရေးထားတဲ့ code တွေနဲ့ interact လုပ်နိုင်တဲ့ function လေးပေးထားပါတယ် for example, A ကိုနှိပ်ရင်ပြုံးနေတဲ့ emoji ပြတာမျိုး

🔹Motion Sensor (Accelerometer) - အရှင်းဆုံးအနေနဲ့ပြောရရင် game controller တွေလိုပါ စောင်းလို့ရ၊လှုပ်လို့ရ၊ပစ်ချလို့ရ၊ free falling အကုန် okay

🔹 Compass(magnetometer) - သူကတော့ navigator လေးပါ direction ကိုပြပေးပါတယ် ဥပမာgameဆော့နေရင်းကိုယ်ဘယ် direction ရောက်နေလဲပြပေးတာမျိုး(လမ်းပျောက်နေတဲ့သင်တို့ဘဝကို လမ်းပြပေးမယ် codeQ class လို navigator😞)

🔹 Temperature Sensor - chips ရဲ့ temperature ကိုတိုင်းပေးတာမျိုးပါ it built into the processor, weather station တွေမှာ ambient temperature ကိုတိုင်းတဲ့အချိန် ဒီ temperature sensor+display ကိုသုံးကြပါတယ်

🔹 Bluetooth - ဆိုတဲ့အလျောက်တော့ Bluetooth available devices အကုန်ချိတ်လို့ရပါတယ် ဖုန်းသို့မဟုတ် laptop or even another micro-bit ကိုပါ wirelessly ပြန် command ပေးလို့ရပါတယ် (ပျော်စရာကြီးပါလုပ်ကြည့်ရင် စာမသင်သရွေ့ပေါ့🤧)

🔹Gold Pins(on bottom) - Bluetooth နဲ့ wireless ချည်းပဲမဟုတ်ပါဘူး wire နဲ့ တစ်ခြား motors, buzzers, lights, sensors နဲ့ micro-bit အထိချိတ်လို့ရပါတယ်

🔹USB port/Battery input - သူက battery မပါပါဘူးနော် so we can't charge it or we can't use it to charge any other devices but it still need power to work အဲ့တော့ USB port နဲ့ power input ဟာ laptop or charger or regular batteries တွေနဲ့ချိတ်ပေးမှ သူအလုပ်လုပ်ပါတယ်

🔍ဒါဆို micro-bit နဲ့ coding ဘယ်လိုလုပ်ရတာလဲ?
💡ရိုးရှင်းပါတယ် Microsoft makecode ကိုသုံးပါတယ် bothe android, Microsoft, iOS available
Python coding ကိုလည်းသုံးကြပါတယ်

🔍ဘယ်လိုချိတ်ပြီးသုံးရတာလဲ?
💡ဖုန်းနဲ့ဖြစ်ဖြစ် laptop ဖြစ်ဖြစ် ဘာနဲ့နေနေ အဆင်ပြေပါတယ် micro-bit နဲ့ pair လုပ်ရုံပါပဲ

Beginner အများစုကတော့ micro-bit နဲ့ step counter, a text badge(text scrolling ပါ), simple game ဥပမာ စုံစံစိ🥹, temperature or light detector(မြန်မာနိုင်ငံအပူချိန်တိုင်းမို့🤧), robot car, music player စတာတွေကိုပထမဆုံး project အနေနဲ့စမ်းလုပ်ကြတယ်

🔍ဘာလို့ micro-bit ကိုသုံးကြတာလဲ?
💡Make coding visual and fun စာသင်ရမှာပျင်းတဲ့လူတစ်စုကိုစိတ်ဝင်စားအောင်မြူဆွယ်တာပါ၊ ကိုယ်တိုင်ရေးထားတဲ့ code ကို real-world effect နဲ့မြင်နိုင်လို့၊ logic and creativity ကောင်းလာစေချင်လို့၊ ကလေးတွေလူငယ်တွေကို science နဲ့ အထိအတွေ့ရှိစေချင်လို့၊ STEM careers တွေကိုစိတ်ဝင်စားတဲ့သူတွေအတွက် micro-bit ကနေစပြီး in touch ဖြစ်စေချင်လို့အစရှိတဲ့အကြောင်းအမျိုးမျိုးကြောင့်သုံးကြပါတယ်

My message for you all🫶🏻
Robot ကသာခန္ဓာကိုယ်တစ်ခုဖြစ်ခဲ့မယ်ဆို micro-bit က robot ရဲ့ ဦးနှောက်ပါ
နည်းတူ code ကသာအတွေးတွေဆိုရင် sensor က အသိစိတ်ပါ အဲ့အတွေးတွေကိုလက်တွေ့မှာချပြမဲ့အသိစိတ်

-bit TLC International Education

26/01/2025
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Telephone

Address

TLC International Education
Yangon