18/02/2026
"အင်္ဂလိပ်စာ ဘယ်လောက်သင်သင် တိုးတက်မလာရတဲ့ အဓိက အကြောင်းရင်း"
အင်္ဂလိပ်စာကို အချိန်ပေးပြီး သင်ယူနေပေမဲ့ သိသိသာသာ တိုးတက်မလာရတဲ့ အကြောင်းရင်းတွေက ဗဟုသုတ နည်းလို့မဟုတ်ဘဲ လေ့လာတဲ့ ပုံစံ (Methodology) မှားယွင်းနေတာကြောင့် ဖြစ်တတ်ပါတယ်။
1️⃣Output မရှိဘဲ Input ပဲ လုပ်နေခြင်း
ဥပမာအနေနဲ့ကိုယ်က YouTube မှာ "How to speak English fluently" ဆိုတဲ့ ဗီဒီယိုတွေကို တစ်နေ့ ၃ ကားကြည့်တယ်။ စာအုပ်တွေအများကြီး ဖတ်တယ်။ ဒါပေမဲ့ တစ်ပတ်လုံးမှာ အင်္ဂလိပ်လို တစ်ခွန်းမှ အသံထွက်မပြောဖြစ်ဘူး။
ဒါဆိုရင် ရေကူးနည်းစာအုပ်ပဲ ဖတ်ပြီး ရေထဲမဆင်းတဲ့သူလိုမျိုး လက်တွေ့မှာ စကားပြောမထွက်ဘဲ ဖြစ်နေပါလိမ့်မယ်။
2️⃣ဘာသာပြန်စနစ်နဲ့ စဉ်းစားခြင်း (Direct Translation)
ဥပမာအားဖြင့် "ငါ ဗိုက်ဆာလို့ ထမင်းစားချင်တယ်" လို့ ပြောချင်တဲ့အခါ စိတ်ထဲမှာ တစ်လုံးချင်း လိုက်ဘာသာပြန်တာမျိုး။
စိတ်ထဲကအတွေး : ငါ (I) ... ဗိုက်ဆာ (hungry) ... ဒါကြောင့် (so) ... စားချင်တယ် (want to eat) ... ထမင်း (rice)။
ထွက်လာတဲ့စကား : "I hungry so want to eat rice." (ဒါဟာ Grammatically လွဲနိုင်သလို သဘာဝလည်း မကျပါဘူး)။
အမှန် : Native speaker တွေက "I'm starving. Let's grab a bite." လို့ phrase လိုက် သုံးတတ်တာကို သတိမပြုမိတာမျိုးပါ။
3️⃣Grammar rules တွေထဲမှာ ပိတ်မိနေခြင်း
ဥပမာအားဖြင့် သူငယ်ချင်းတစ်ယောက်က "How was your weekend?" လို့ မေးတဲ့အခါ...
ကိုယ့်ခေါင်းထဲမှာ : "ဒါက Past Tense မေးတာ... ငါ သုံးရမှာက Verb 2... 'Go' ရဲ့ V2 က 'Went'..." စသဖြင့် စည်းမျဉ်းတွေ စဉ်းစားနေတာနဲ့တင် ပြန်ဖြေဖို့ အချိန်နှေးသွားပါတယ်။ အမှားကြောက်တာကြောင့် "Fine" တစ်လုံးတည်းနဲ့ပဲ ပြီးလိုက်ရတာမျိုးပါ။
4️⃣Collocations (တွဲသုံးရမည့် စကားလုံးများ) ကို မသိခြင်း
ဥပမာအားဖြင့် "ဆေးသောက်တယ်" လို့ ပြောချင်တဲ့အခါ...
မြန်မာလို "သောက်" ဆိုတာကို အင်္ဂလိပ်လို "Drink" လို့ သိထားတော့ "I drink medicine" လို့ သုံးမိတာမျိုး။
အမှန်တကယ်ဆို အင်္ဂလိပ်စာမှာ ဆေးသောက်တာကို "Take medicine" လို့ပဲ သုံးပါတယ်။ စကားလုံးတွေကို အစုအဖွဲ့လိုက် မကျက်တဲ့အခါ ဒီလိုအမှားမျိုးတွေ ဖြစ်တတ်ပါတယ်။
5️⃣အဆက်မပြတ် လေ့လာခြင်း (Inconsistency)
ဥပမာအားဖြင့် တနင်္ဂနွေနေ့ကျမှ တစ်နေကုန် ၆ နာရီဆက်တိုက် စာထိုင်ကြည့်ပြီး၊ တနင်္လာကနေ စနေနေ့အထိ အင်္ဂလိပ်စာနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်တာမျိုး။
ရလဒ်အနေနဲ့ ဦးနှောက်က အသစ်သင်လိုက်တာတွေကို မေ့ပစ်ဖို့ အချိန်ရသွားပါတယ်။ နေ့တိုင်း ၁၅ မိနစ် ပုံမှန်ကြည့်တဲ့သူက ပိုတိုးတက်ပါတယ် ခဗျာ။