Effortless English Speaking

Effortless English Speaking Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Effortless English Speaking, Education, Nawadae Street, Yangon.

05/08/2023

ဘဝမှာကြိုတင်ပြင်ဆင်ထားသင့်သည့်အရာများ

ဘဝဆိုတာတိုတောင်းလွန်းလှပါတယ်။တနေ့တနေ့ဖြတ်သန်းရင်းနဲ့ဘဲ အချိန်တွေတဖြည်းဖြည်းကုန်ဆုံးသွားကြတယ်။ ဘဝမှာဘာတွေဖြစ်လာလာ အားလုံးပြင်ဆင်ထားပြီးပြီလို့ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ပြောကြတယ်။ မေးခွန်းက တကယ်ဘဲ ကျွန်တော်တို့ပြင်ဆင်ထားပြီးပြီလား ဆိုတာပါဘဲ။ဘဝမှာကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေကိုကြည့်ကြရအောင်




ကျွန်တော်တို့အချစ်ရဆုံးသောသူတွေက ကျွန်တော်တို့ကိုနာကျင်အောင်လုပ်နိုင်တဲ့သူတွေပါ

စိတ်ထဲမှာဝမ်းနည်းရပေမယ့် ဒါဟာ အမှန်တရားပါဘဲ။သင့်ဘဝမှာ အသဲကွဲဖို့ပြင်ဆင်ထားပါ။ သင်အချစ်ရဆုံးသောသူတွေက သင့်ကိုနာကျင်အောင်လုပ်ပေးနိုင်တဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်တို့ဘဝမှာ မည်သူကိုမျှ အပြီးပိုင် သိမ်းထားခွင့် ပိုင်ဆိုင်ခွင့်မရပါဘူး။ သင်အရမ်းချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရမယ်လို့စိတ်ပိုင်းဖြတ် ဆုံးဖြတ်ချက် ချထားလို့မရပါဘူး။ ဘဝမှာ အသဲကွဲဖူးခဲ့ကြမှာပါ။ဒါပေမယ့် ဖြစ်ခဲ့ဖူးတဲ့အတိတ်ဆီကနေ သင်ခန်းစာယူရင်းရှေ ့ကိုခရီးဆက်ရပါမယ်

သင့်အနီးနားမှာရှိတဲ့သူတွေအားလုံးဟာ သူငယ်ချင်းအစစ်အမှန်မဟုတ်ပါဘူး

သင့်သူငယ်ချင်းတွေကလည်း သင့်ကိုနာကျင်စေမှာပါ၊သင်နဲ့စကားပြောရုံ၊ တူတူလျှောက်လည်ရုံနဲ့သင့်ရဲ့သူငယ်ချင်းမဟုတ်ပါဘူး။ လူအများစုက သင့်ဘဝရဲ့အကြောင်းတွေ အတင်းအဖျင်းတွေကိုသိချင်ရုံသက်သက်ပါ။ သင့် အချစ်ဆုံးသူငယ်ချင်းက သင့်ကိုအရင်လိုမခင်တော့တာ ၊ ပစ်ခွာသွားတဲ့အချိန်တွေမှာ သင်နာကျင်ရမှာပါ။ဒါပေမယ့် သင်သူတို့ကိုနားလည်ခွင့်လွှတ်ပေးရမယ်။ဘာလို့လဲဆိုတော့ သူတို့ကသင့်သူငယ်ချင်းဖြစ်ခဲ့လို့ဘဲလေ။ ကျွန်တော်တို့ဘဝတလျှောက်လုံး လူအမျိူးမျိူးနဲ့တွေ့ဆုံရမှာပါ။ အချို ့ကကျွန်တော်တို့ကို နာကျင်စေမယ်၊ အချို ့ကတော့ ကျွန်တော်တို့ကို သစ္စာရှိကြတယ်။ ကျွန်တော်တို့အပေါ်ကောင်းတဲ့ သစ္စာရှိတဲ့သူတွေကိုရွေးချယ်တတ်ဖို့သင်ယူရပါမယ်

အလုပ်လက်မဲ့ လမ်းပျောက်နေတဲ့နေ့ရက်တွေ

ဘဝမှာ အလုပ်လက်မဲ့ လမ်းပျောက်နေတဲ့နေ့ရက်တွေ ရှိလာမှာပါ။ ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့မမျှော်လင့်တဲ့အချိန်မှာ ကြုံတွေ့လာရမှာဖြစ်ပြီး ရိုက်ခတ်မှုများစွာရရှိလို့ပါဘဲ။ဒါပေမယ့် ဒါဟာ အခိုက်အတန့်တခုဘဲဆိုတာကို နားလည်ထားပါ။တံခါးတချပ်ပိတ်သွားရင် အခြားတံခါးတံခါးတွေပွင့်လာမှာပါ။ဘဝမှာ ရှေ ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။အခက်အခဲတွေ အတားအဆီးတွေ တွေ့လာရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လိုအပ်မှာလည်းဖြစ်ပါတယ်

အကြောက်တရားကိုရင်ဆိုင်ရမယ်

အကြောက်တရားက သင့်ကိုအောက်ကိုဆွဲချမှာပါဘဲ။သင့်မှာအကြောက်တရားရှိပြီဆိုတာနဲ့အောင်မြင်မှုရရှိဖို့အခက်အခဲတွေ အတားအဆီးတွေ ဖြစ်လာတော့မှာပါ။အကြောက်တရားကိုဖျောက်ဖျက်နိုင်ဖို့ကြိုးစားရမယ်။ဘယ်တော့မှ အကြောက်တရားက သင့်ကို အနိုင်ယူမသွားစေပါနဲ့

သူတပါးကိုရှုံးနိမ့်သွားတဲ့အခါ

သင်အမြဲတမ်း အနိုင်ရနေကောင်း အနိုင်ရပါလိမ့်မယ်။ဒါပေမယ့် အမြဲတမ်းအနိုင်ရမှာမဟုတ်သလို ပြိုင်ဘက်ရဲ့အလဲထိုးခြင်းကိုခံရမယ့်နေ့ရက်တွေလည်းရှိလာအုံးမှာပါ။ ဘယ်လိုဘဲရှုပ်ထွေးပွေလီနေပါစေ မိမိကိုယ်ကိုယုံကြည်မှုရှိရင် ဒါတွေကိုကျော်လွှားနိုင်မှာပါ

သင်တစုံတယောက်ကိုနာကျင်စေတဲ့အခါ

ကျွန်တော်တို့အမြဲဘဲ ဘယ်သူတွေက ကျွန်တော်တို့ကိုနာကျင်စေတယ်ဆိုတာကိုဘဲပြောကြတယ်။ဒါပေမယ့် ကျွန်တော်တို့အခြားတယောက်ကိုနာကျင်စေတဲ့အခါ ဘာလုပ်မလဲ? လူသားတိုင်းအမှားနဲ့မကင်းပါဘူး။အရေးကြီးတာက မိမိအမှားကို ဘယ်လိုတာဝန်ယူမလဲဆိုတာပါဘဲ။သင်အခြားတယောက်ရဲ့ကို အသဲခွဲတဲ့နေ့ရက်တွေ၊ ခံစားချက်တွေကို ပေးတဲ့နေ့ရက်တွေရောက်လာဦးမှာပါ။မိမိအမှားကို မိမိသိရမယ်။ အခြားသူတယောက်က မိမိကိုယ် ခွင့်လွှတ်စေချင်ရင် သင်ဟာလည်းသူတပါးကိုခွင့်လွှတ်တတ်ရပါမယ်

သင်တကြိမ်ထက်ပိုပြီး ကျရှုံးလိမ့်မယ်

ကျရှုံးမှုဆိုတာ ဘဝရဲ့အစိတ်အပိုင်းပါ။ဘဝမှာအောင်မြင်မှုမရခင် အများကြီးရုန်းကန်ရမယ်။ ရှုံးနိမ့်မှုတွေများစွာကြုံတွေ့ရပါမယ်။ဒါပေမယ့် ကျရှုံးတယ်ဆိုတာ ကျွန်တော်တို့ကိုရပ်တန့်ပါလို့ပြောတာမဟုတ်ပါဘူး။ ကျရှုံးမှုတိုင်းကိုလက်ခံရမယ်။ဘာလို့လဲဆိုတော့ ကျရှုံးမှုတွေက ကျွန်တော်တို့ကိုသင်ခန်းစာတွေပေးပါတယ်။ကျွန်တော်တို့ပြင်ဆင်ထားရမယ်။ဘဝခရီးလမ်းက မလွယ်ဘူးလေ။အရေးကြီးဆုံးက ကျွန်တော်တို့ကျရှုံးမှုကိုဘယ်လို ရင်ဆိုင်မလဲဆိုတာပါဘဲ။ယနေ့မှာအောင်မြင်နေတဲ့သူတွေဟာ တချိန်က အရှုံးသမားတွေပါ။ဒါပေမယ့် သူတို့အရှုံးမပေးခဲ့ဘူး။မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့လုပ်ဆောင်ခဲ့ကြရင်း နောက်ဆုံးမှာအောင်မြင်တဲ့သူတွေ ဖြစ်လာကြတယ်

ညင်းပယ်ခံရခြင်းကို ကြုံလာရတဲ့အခါ

အနှေးနဲ့အမြန်တော့ ကျွန်တော်တို့ညင်းပယ်ခံရခြင်းကို ကြုံတွေ့ရမှာပါ။အလုပ်အင်တာဗျူးဘဲဖြစ်ဖြစ် တခြားတယောက်ကို ချစ်ခွင့်ပန်တာဘဲဖြစ်ဖြစ် ညင်းပယ်ခြင်းခံရမှာပါ။ဒါပေမယ့် ညင်းပယ်ခံရတဲ့အခါ အရမ်းစိတ်ဓတ်မကျပါနဲ့။အလျှော့မပေးပါနဲ့။

Edit- လူပြည့်သွားပါပြီ နောက်လာမယ့် free class တွေjoin ဖို့ like and follow လုပ်ထားပါ❤English speaking free class လေးပါနေ...
23/12/2021

Edit- လူပြည့်သွားပါပြီ နောက်လာမယ့် free class တွေjoin ဖို့ like and follow လုပ်ထားပါ❤
English speaking free class လေးပါနော် basic ကနေ Intermediate level ထိတက်လို့ရပါတယ် တက်မယ့်သူတွေအဆင်ပြေသလို vc call တို့ zoom တို့နဲ့သင်ပေးမှာပါ ပညာဒါနလေးမို့ no fees ပါနော် လူကန့်သတ်ထားတာရှိပါတယ် တက်ချင်ရင် chat box ကို စာပို့ပြီးစာရင်းသွင်းလို့ရပါပြီ❤

💚
23/12/2021

💚

Address

Nawadae Street
Yangon
11441

Alerts

Be the first to know and let us send you an email when Effortless English Speaking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Effortless English Speaking:

Shortcuts

Share

Category