14/02/2024
ခုလက်ရှိ IGCSE ပြီးထားတဲ့ ကလေးတွေနဲ့ IGCSE ကိုလက်ရှိတက်ရောက်နေပြီး ဖြေဖို့ စီစဉ်နေတဲ့ ကလေးတွေအတွက် အစ်မ တို့ Your Tutor Emily နဲ့ Intel Bridge Education က ပူးပေါင်းပြီးတော့ Free Counselling Session လေးကို စီစဥ်ထားပါတယ်ရှင် !!
ဒီ IGCSE counselling session လေးကတော့
ခုလက်ရှိ IGCSE ဖြေထားပြီး ဘာလုပ်ရမလဲ၊ ဘယ် ကျောင်း join ရမလဲ ၊ ဘာပြေးတက်ရမလဲ ဘယ်နိုင်ငံသွားရမလဲ စသဖြင့် စဉ်းစားရ ကျပ်နေတဲ့ ကလေးတွေအတွက်သာမက အခုလက်ရှိ IGCSE တက်နေပြီး ဖြေပြီးတဲ့အခါ ဘာလုပ်လို့ရမလဲ ၊ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ စတဲ့အကြောင်းအရာတွေကို သိချင်နေကျတဲ့ ကလေးတွေ အတွက် အဓိကရည်ရွယ်ထားပါတယ်ရှင် ။
ဒီ counselling session လေးမှာတော့ ကလေးတွေအတွက် ဘယ်လို pathways တွေ ရှိမလဲ၊ဘယ်လိုကျောင်းတွေကို ဘယ်လို နည်းလမ်းတွေ နဲ့ join လို့ရမလဲ ၊ဘယ် ကျောင်းတွေလျှောက်လို့ရမလဲ ၊ဘယ်လို course တွေ သင်ကြားမလဲဆိုတာအပြင် ဘာတွေလိုအပ်မလဲစတဲ့အကြောင်းအရာအစုံအလင်ကို အဓိကထားပြောပြသွားမယ့် seminar လေးပါဝင်ပါတယ်။
ကလေးတွေအနေနဲ့ IBE က counselor ၊Tr Emily တို့နဲ့ ပါ one by one coffee session လေးနဲ့ဆွေးနွေးလို့ရမှာပဲဖြစ်ပါတယ်ရှင် !! One By One Counseling session လေးမှာဆိုရင်လဲ ကလေးတွေကလဲ သူတို့ ရဲ့ academic report တွေနဲ့ ဘယ်ကျောင်း/နိုင်ငံ တွေကို သွားချင်တယ်ဆိုတဲ့ အကြောင်းတွေ ၊ ဘယ် major ကို join ချင်ရင် ဘာတွေ ထပ်လုပ်ဖို့လိုမလဲဆိုတဲ့ အကြောင်းပေါ်မူတည်ပြီး သုံးချင်တဲ့ budget အလိုက် သင့်တော်မယ့် pathway မျိုးကိုပါ အသေးစိတ်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်ရှင်
ဒါအပြင် game session လေးတွေနဲ့ snack session လေးတွေပါ ပါမှာနော် !
အကယ်၍ အပြင်မှာ ကိုယ်တိုင်လာရောက်ဖို့ မအားလပ်ဘူးဆိုရင်လဲ Zoom နဲ့ join လို့ရပါတယ်ရှင်
အချိန်လေးကတော့
1:00 to 3:30 PM
18th February 2024 ( Sunday ) ဖြစ်ပါတယ်ရှင်
အပြင်မှာ လူကိုယ်တိုင် လာရောက် တက်မဲ့ကလေးတွေကတော့ 12:30 အရောက်လာခဲ့ပေးဖို့ လိုပါတယ်ရှင် !!
ပြီးတော့ အပြင်မှာပဲဖြစ်ဖြစ် Zoom နဲ့ပဲဖြစ်ဖြစ် join ကျမဲ့ ကလေးတွေကတော့ ဒီ အောက်ပါ link လေးကို ဖြေဆိုပေးဖို့ လိုပါတယ်ရှင်။
https://forms.gle/YE3F4AHRWdreSZRf9
ချစ်ချင်းများစွာဖြင့်
Your Tutor Emily
We will provide a counselling session for igcse students on Sunday, February 18th. You can join in person or via Zoom. During this session, we will be holding a seminar regarding the many courses, schools, pathways and universities, as well as what you can become involved in or accomplish after completing your IGCSE. Following the seminar, we will have a one-on-one discussion session with the counsellor to discuss your academic or the information you wish to examine. And this is a free session, so if you're eager to join, please complete this form.
https://forms.gle/A2fdXb1uiKcVgwPD7
* If you plan on attending in person, please arrive by 12:30pm. *
And Please Share It with your friends too ❤️