စာနာစိတ် နှင့်
အလေ့အကျင့်ကောင်းများ 🤎
SAR PHAT KHAN by Tr.Thuzar
မြန်မာစာနှင့်ပြင်ပစာပေသင်တန်း
🌸ပြင်ပစာပေနဲ့မြန်မာစာကို ချဥ်းကပ်ဖို့ဆို ဘယ်အ
သက်အရွယ်ကစပြီး သင်လို့ရပြီလဲ တီချယ်?
မေမေတို့ရဲ့ သားသားမီးမီးလေးတွေက
'က' မှ 'အ'ထိ ရေးတတ်ဖတ်တတ်နေပြီဆိုရင်
စသင်လို့ရပါပြီရှင်။
🌸ပြင်ပစာပေသီးသန့်ပဲ သင်တာလား တီချယ်ရေ?
မေမေတို့ဆန္ဒရှိတဲ့အတိုင်း
🌲သင်ရိုး + ပြင်ပစာပေ
🌲ပြင်ပစာပေသီးသန့်
🌲စွမ်းရည်(၅)မျိုးထဲက နှစ်သက်ရာစွမ်းရည်
စတဲ့ အတန်းတွေကို လေ့ကျင့်သင်ကြားပေးပါ
တယ်ရှင်။
မြန်မာစာက ခက်ပါတယ်
ဖတ်ရမှတ်ရတာတွေ များပါတယ်
ဒါကြောင့် ကလေးတွေက ကြောက်ကြသလို
စိတ်၀င်စားမှု နည်းတတ်ကြပါတယ်
ဒါဆို မြန်မာစာကို သားသားမီးမီးတွေ စိတ်၀င်စားလာအောင် ချစ်တတ်လာအောင်
သင်ရတာကို ပျော်ပြီး မှတ်မိအောင် ဘယ်လိုသင်ကြမလဲ
တီချယ်သူဇာကတော့
ဒီလို ကိုယ်တိုင်ဖန်တီးထားတဲ့ သင်ထောက်ကူလေးတွေသုံးပြီး သင်ပါတယ် 🙂
Edit...ပြည့်သွားပါပြီရှင်
ဘာတွေသင်တာလဲ
ဘယ်လိုသင်တာလဲ တီချယ်ရေလို့ cbကနေမေးကြတဲ့ မေမေတို့သိချင်တာလေးတွေကို မိတ်ဆက်တဲ့အနေနဲ့ နယ်ပယ်(၅)မျိုးအတွက် ၅ရက် Free Classလေး စီစဥ်ပေးဖို့ ရှိပါတယ်ရှင်
ကြိုတင်မေတ္တာရပ်ခံချင်တာက သားသားမီးမီး ၁၀ယောက်ပဲ လက်ခံမှာမို့ သတ်မှတ်ဦးရေပြည့်သွားတဲ့အခါ စိတ်မရှိကြပါနဲ့ရှင့်🍀
Batchအသစ်စဖို့ရှိတိုင်း Free Classလေးတွေ အရင်မိတ်ဆက်ပေးတာမို့ ကြိုတင်စာရင်းပေးထားလို့လဲ ရပါတယ်🙂
pageလေးမလုပ်ခင်က စသင်ခဲ့တဲ့ Batch(1)က အလယ်တန်းဆင့်သားသားမီးမီးတွေအတွက်ဖြစ်ပြီး
အခု Batch (2) ကတော့ မူဆင့်သားသားမီးမီးတွေအတွက်ပါရှင့်
မူဆင့်ဖြစ်တဲ့အတွက် သားသားမီးမီးဘေးမှာ မေမေနေပေးလို့ရပါတယ်
ဆွေးနွေးတဲ့အခါ လှုပ်ရှားမှုလေးတွေလုပ်တဲ့အခါမှာတော့ ကလေးကိုယ်တိုင်ပဲ တွေးခေါ်လှုပ်ရှားခွင့်ပေးဖို့ မေတ္တာရပ်ခံပါရစေရှင့်🌈
တက် = ရွေ့လျားမှုသဘောပါတဲ့
စာလုံးပေါင်းတွေမှာ သုံးပါတယ်။
ဥပမာ - အပေါ်တက်၊ ရှေ့တက်၊ကျောင်းတက်၊ရုံးတက်...
တတ် = နားလည်၊ပြုလုပ်နိုင်စွမ်းသဘောပြတဲ့ စာလုံး
ပေါင်းတွေမှာ သုံးပါတယ်။
ဥပမာ - စာရေးစာဖတ်တတ် ၊ ကတတ် ၊ ပန်းချီဆွဲတတ်..
" ပ် "က မှားစရာသိပ်မရှိပေမယ့်
" က် နဲ့ တ် " အသုံးကိုတော့ တော်တော်များများ အရေးမှားနေသေးတာတွေ တွေ့နေရလို့ပါ။
13/05/2022
~~ ကဆုန်လပြည့်နေ့ ~~
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။
-ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
-မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။
-မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
-မဟာသက္ကရာဇ် ၁၀၄-ခု ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်အကျဥ်းကို ဟောကြားတော်မူခဲ့သည်။
-မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
ဤသို့ ထူးခြားချက်များနှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဗုဒ္ဓနေ့ဟု သတ်မှတ်ခဲ့ကြသည်။
* ဖွား ၊ ပွင့် ၊ ဟော ၊ စံ ၊ ဗျာဒိတ်ခံ
မှတ်ရန် ကဆုန်လပြည့်နေ့ *
ဟူ၍လည်း အတိုကောက်မှတ်သားနိုင်ပါသည်။
⚒️ အပြည်ပြည်ဆိုင်ရာ
ကမ္ဘာ့အလုပ်သမားနေ့ (မေလ၁ရက်နေ့) ⚒️
👥မေဒေး ခေါ် အလုပ်သမားနေ့ဟာ အလုပ်သမား လူတန်းစားများအဖို့ အလွန်အရေးပါတဲ့နေ့ဖြစ်ပါတယ်။
🔩မေဒေးပေါ်ပေါက်လာအောင် ဖန်တီးခဲ့ကြတဲ့ အလုပ်ရှင်နဲ့အလုပ်သမားတို့ရဲ့ ပဋိပက္ခမှုဟာ ၁၉ ရာစုဆန်းမှစပြီး အမေရိကန်ပြည်ထောင်စုမှာ နိဒါန်းပျိုးခဲ့ကြတယ်။
⚙️အဲ့ဒီအချိန်က အလုပ်သမားများမှာ နေထွက်မှနေဝင်ထိ တစ်နေ့ကို ၁၆ နာရီမှ နာရီ ၂၀အထိ အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်ဆင်းကြရတယ်။ ဘယ်လောက်ပဲပင်ပင်ပန်းပန်း လုပ်ကိုင်ပေမယ့်လည်း သူတို့ရဲ့ နေရေးထိုင်ရေးနဲ့ ကျန်းမာရေးမှာ များစွာနိမ့်ကျခဲ့ကြတယ်။
⛓️အလုပ်သမားတို့ရဲ့ဘဝဆိုးကို မျက်ဝါးထင်ထင်မြင်တွေ့နေကြရတဲ့ အလုပ်သမားခေါင်းဆောင်တွေဟာ အလုပ်သမားတွေရဲ့သက်သာချောင်ချိစေရေးအတွက် အလုပ်ရှင်များထံ အရေးဆိုခဲ့ကြတယ်။
⛏️၁၈၂၀ပြည့်နှစ်ကနေ ၁၈၄၀ပြည့်နှစ်အထိ အလုပ်သမားခေါင်းဆောင်များက တစ်နေ့ကို အလုပ်ချိန် ၁၀နာရီသာကန့်သတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ကြဘူး။ အလုပ်သမားအင်အားစုကလည်း အလျော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး အလုပ်သမားတို့ရဲ့တိုက်ပွဲဟာ အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ဩစတြေးလျတိုက်ထိ ကူးစက်သွားခဲ့တယ်။
🔧၁၈၈၄ခုနှစ်မှာတော့ အမေရိကန်အလုပ်သမားများအဖွဲ့ချုပ်ညီလာခံက ၁၈၈၆ခု၊မေလ၁ရက်နေ့မှစပြီး တစ်နေ့ကို ၈နာရီသာ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်သမားအဖွဲ့ခွဲတွေကိုလည်း ဒီဆုံးဖြတ်ချက်အတိုင်း အောင်မြင်တဲ့အထိ တိုက်ပွဲဝင်ကြဖို့ ညွှန်ကြားချက်များ ပေးပို့ခဲ့လေတယ်။ အလုပ်သမားပေါင်းများစွာတို့ဟာ ဤညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြတဲ့အတွက် တစ်ဖက်က အစွမ်းကုန်ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံခဲ့ကြရတယ်။ အချို့က အလုပ်မှ ထုတ်ပစ်ခြင်းခံရတယ်။ထောင်ကျပြီး သေကြေပျက်စီးသူများလည်းမနည်းခဲ့ဘူး။ နောက်ဆုံးမှာတော့ အလုပ်သမားများ၏အရေးမှာ အောင်မြင်သွားခဲ့လေတယ်။
👩⚖၁၈၈၉ခုနှစ် ပါရီမြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ်ဒုတိယညီလာခံက မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့လို့ သတ်မှတ်ပေးခဲ့တယ်။
👩🏫အဆိုပါဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့ရောက်တိုင်း ရုံးများ၊စျေးဆိုင်များပ်ိတ်ကာ အလုပ်သမားများက စီတန်းလမ်းလျှောက်ပွဲများ၊ အလုပ်သမားခေါင်းဆောင်အသီးသီးတို့က အလုပ်သမားအရေးများကို ဟောပြောခြင်းစတဲ့အထိမ်းအမှတ်ပွဲများကို ကျင်းပခဲ့ကြတယ်။
🤎ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားများအားလုံးဟာ လုပ်ခပြည့်နှင့် အားလပ်ခွင့်ရခဲ့ကြတယ်။ ယခုအချိန်ထိ ကမ္ဘာ့အလုပ်သမားနေ့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းများစွာက အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားခဲ့သည်မှာ (၁၃၂)ကြိမ်မြောက်ပင် ရှိခဲ့ပြီဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon