Myanmar Youths Mission- MYM

Myanmar Youths Mission- MYM Knowledge sharing, Training & Development, Apply >>> Success!!!

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ...MBA, EMBA (Campus), EMBA (Online), MSES (Online) အတန်းများ နှင့်PGDMA (Online) , PGDHRM ...
05/07/2025

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ...
MBA, EMBA (Campus), EMBA (Online), MSES (Online) အတန်းများ နှင့်

PGDMA (Online) , PGDHRM (Online) အတန်းများ စတင်ခေါ်ယူနေပါပြီ။

လျှောက်လွှာတင်သွင်းရက်- (7.7.2025) မှ (29.8.2025)

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြောစကားတွေရှိတာကို ကြားဖူးကြမှာပ...
28/03/2025

ငလျင်လှုပ်ရင် စားပွဲအောက်မှာနေပါတို့၊ တံခါးကျည်းဘောင်အောက်မှာ နေပါတို့ အစရှိသဖြင့် အရပ်ပြော
စကားတွေရှိတာကို ကြားဖူးကြမှာပါ။
အဲဒါတွေအားလုံးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပါ
တော့။ အခုဆောင်းပါးကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ်ပရိတ်သတ်တွေရဲ့ အတွေးအခေါ်ပြောင်းသွားနိုင်ပြီး တစ်နေ့တစ်နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်
တင်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

(Doug Copp ၏ “The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်)

ကျွန်တော့နာမည်က ဒေါက်တာကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့အကြုံ အရင့်ဆုံးကယ်
ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရီကန်အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေးအကြီးအကဲနှင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးမှူးရာထူးကို ရရှိထားသူပါ။ ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅) ခုထဲကို တွားသွားဝင်ရောက်ခဲ့ဖူးပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း (၆၀)ကျော်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ်ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကိုတောင် တည်
ထောင်ပေးခဲ့ဖူးပါတယ်။ ၁၉၈၅ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ ဖြစ်ပျက်ခဲ့သမျှ အကြီးစားသဘာဝဘေး
အန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန်ထမ်းဖူးပါတယ်။

၁၉၈၅ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျောင်းတစ်ကျောင်းထဲကို အရင်ဆုံးတွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသားကလေး
ငယ်အားလုံး သူတို့တွေရဲ့စာသင်စားပွဲတွေအောက်မှာ ရှိနေတဲ့မြင်ကွင်းပါပဲ့။ ဒါပေမယ့်ကလေးတွေအားလုံး အရိုးတွေ စိစိညက်ညက်ကြေတဲ့အထိပိမိနေကြတာကို စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ခဲ့ရပါတယ်။

တကယ်လို့သာ ကလေးငယ်တွေဟာ အခန်းအလယ်လျှောက်လမ်းထဲက သူတို့တွေရဲ့ စာသင်ခုံတွေနဲ့ ဘေးကပ်လျက်လဲလျောင်းနေခဲ့မယ်ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။
အရှင်ဆုံးပြောပါမယ်။ အဆောက်အအုံးတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့ အလေးချိန်ဟာ ပရိဘောဂတွေရဲ့အပေါ်တည့်တည့်ကိုသက်ရောက်တာကြောင့်
အောက်တည့်တည့်မှာ ရှိတဲ့ အရာဝတ္တုအားလုံးကြေမွသွားကြပါတယ်။

ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ ဘေးနေရာလေးတွေကတော့ ကလိုင်များအဖြစ်ကျန်ခဲ့ပါတယ်။ အဲဒီနေရာအ
လွတ်တွေကို ကျွန်တော်က “အသက်ကယ်တြိဂံ” လို့ အမည်ပေးထားပါတယ်။

အရာဝတ္တုတစ်ခုဟာ ကြီးမားတောင့်တင်းလေ ပိုမိုခိုင်ခံ့လေဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်း ပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ်ထဲမှာ ဘေးမသီရန်မခနေထိုင်နိုင်ဖို့ အခွင့်သာသွားစေပါတယ်။

ငလျင်ကြောင့်ပြိုပျက်နေတဲ့ အဆောက်အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါ အသက်ကယ်တြိဂံတွေကို လိုက်ပြီးရေတွက်ကြည့်ပါ။ ပြိုပျက်နေတဲ့ အဆောက်အအုံတစ်ခုအထဲမှာ အများဆုံး ဂျီသြမေတြီပုံသဏ္ဌာန်က
တော့ တြိဂံဖြစ်ပြီးနေရာတကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးကင်းဖို့ လက်တို့အညွှန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံတစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူတော်တော်များများဟာ တစ်ခုခု
အောက်ထဲဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေကြရပါတယ်။ စာရေးစားပွဲတွေ ကားတွေအစရှိတဲ့အရာတွေ အောက်ဝင်ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့
ကြုံတွေကြရပါတယ်

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ်တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်းခွေအိပ်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငလျင်လှုပ်ပြီဆိုရင်လည်း အဲလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြုံရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်းအားဖြင့် နေရာလွတ်သေးသေးလေးထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့်သားသွားစေပါ
တယ်။ အလွယ်တကူပြားချပ်မသွားနိုင်တဲ့ ဆိုဖာခုံ၊ ခု
တင်အစရှိတဲ့ ထုထည်ကြီးကြီး အရာတွေဘေးမှာခွေ
ခေါက်နေလို့ရမယ့် နေရာလွတ်မျိုးတွေရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်းမှာပျဉ်ထောင်အိမ်
တွေဟာ အလုံခြုံဆုံးပါပဲ့။ သစ်သားဟာ ကွေးလွယ်
ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့အတူ အလိုက်သင့်
လှုပ်ရှားနိုင်ပါတယ်။ ပျဉ်ထောင်တစ်လုံးပြိုကျတယ်ဆိုဦးတော့၊ နေရာလွတ်တွေ အများကြီးချန်ထားခဲ့ပါလိမ့်
မယ်။ ဒါအပြင် ပျဉ်ထောင်အိမ်တွေဟာ ပြိုကျရင် ပိမယ့် အလေးအချိန်လည်းနည်းပါးပါတယ်။
အုတ်တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ် တစ်စစီပြိုကွဲသွားတတ်လို့ အောက်မှာရှိနေမယ့်လူတွေအတွက် အန္တရာယ်ရှိပါတယ်။

၄။ ညအချိန်ငလျင်လှုပ်တဲ့အခါကုတင်ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေရင် ကုတင်ဘေးကိုသားလှိမ့်ချ
လိုက်ပါ။ ငလျင်လှုပ်ရင် ကုတင်ဘေးလိမ့်ဆင်းဖို့ အကြံ
ပြုချက်တွေကိုသာ ကုတင်ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထားပေးနိုင်မယ်ဆိုရင် လူအသေအပျောက်နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှမဟုတ် ပြတင်းပေါက်ကနေထွက်ပြေးဖို့ အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး
ကြီး ဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာ ခွေခေါက်ပြီးနေ
လိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းနေတဲ့သူတွေဟာ သေဆုံးကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ငလျင်လှုပ်လို့ ကျည်းဘောင်ပြုတ်ထွက်သွားချိန်မှာ အ
ပေါ်ကအုတ်၊ အင်္ဂတေအစရှိတာတွေ ပြိုကျလာနိုင်လို့ အခန့်မသင့်ရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်၊

၇။ လှေခါးခွင်ထဲမှာ ဘယ်တော့မှမနေပါနဲ့။ လှေခါးတွေဟာ ပင်မအဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိတတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေအောင် တည်ဆောက်ထားတတ်တာမို့ ငလျင်လှုပ်ပြီဆိုရင် ပြုတ်ကျလာပြီး
အောက်မှာရှိတဲ့ သူတွေကို လှေခါးထစ်တွေက အပိုင်းပိုင်းခုတ်ဖြတ်ပစ်တတ်ပါတယ်။ အဆောက်အအုံမပြိုကျနိုင်ဘူးဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေခါး
ပြည့်သွားပြီး ပြုတ်ထွက်သွားနိုင်တဲ့ အန္တရာယ်ရှိလို့
လှေခါးကြံ့ခိုင်မှုကို မပြတ်စစ်ဆေးသင့်ပါတယ်။

၈။ နံရံတွေရဲ့ အတွင်းဘက်ထက် အပြင်ဘက်မှာ ရောက်နေစေဖို့ကြိုးစားပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက်ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာ မော်တော်ယာဉ်အတွင်းဝင်ရောက်ပုန်းအောင်းသူတွေဟာ ပြင်ပက အရာတွေသူတို့အပေါ်ပိတဲ့ခါ ထွက်ပြေးလို့မရဘဲ ပိသေကြရပါ
တယ်။
တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနားမှာ ကပ်လျက်ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပိပိသူတို့ရဲ့ဘေးကပ်လျက်မှာ သုံးပေ
လောက်ကွက်လပ်ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ်
လေးဟာ အသက်ကယ်တြိဂံပါပဲ့။

၁၀။ ပြိုကျပျက်စီးနေတဲ့ သတင်းစာတိုက်တွေနဲ့ စာရွက်အသုံးများတဲ့ အခြားရုံးတွေကို ဝင်ရောက်ကြည့်ရှုဖူးတဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာတွေကို တွေ့ရပါတယ်။ စက္ကူပုံကြီး
ဘေးနားမှာဆိုရင်တော့ နေရာလွတ်ကြီးကြီးမားမား
ကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ်မှာ
လက်တွေ့စမ်းသပ်ကြည့်ပြီးသားဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်မှာ သိပ္ပံနည်းကျ အဖြေ
ထွက်ခဲ့ပါတယ်။

ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀)ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အဆောက်အအုံတွေကို ဖြိုချကြည့်ခဲ့ပါတယ်။
စက်ရုပ် (၁၀) ရုပ်ကို အောက်ထဲပြေးဝင်ပုန်းတဲ့ စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ် (၁၀)ရုပ်ကို
တော့ ကျွန်တော့ရဲ့ အသက်ကယ်တြိဂံနည်းစနစ် အတိုင်းနေရာချထားခဲ့ပါတယ်။ အဆောက်အအုံပြိုကျသွား
ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံအပျက်ထဲဝင်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီအခါမှာ တစ်ခုခုအောက် ပြေးဝင်ပုန်းတဲ့နည်းကို သုံးရင် အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထား
တွေမှာ အသက်ကယ်တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်းချမ်းသာဖို့ ရာ
နှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပြာယာခတ်မသွားပဲ ခိုင်ခံ့ပစ္စည်းတွေရှိတဲ့နေရာတွေ
ဘေးကွေးကွေးကလေးဝင်ထိုင်နေတတ်ဖို့လိုအပ်တယ်ဆိုတာ သိကြမယ်လို့ ထင်ပါတယ်။

ကမ္ဘာကြီးမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့ အသက်အန္တရာယ်ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေ
စေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်
ကယ်ပစ္စည်းတွေ များများစားစား ထားရှိဖို့လိုအပ်ပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ်နှခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာဖွေထားသင့်ပါတယ်လို့
အကြံပြုလိုက်ပါရစေ။
( Doug Copp ၏ “ The Triangle of Life” ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။)

Useful Excel formula
28/01/2025

Useful Excel formula

21/01/2025

Follower ဆိုတာ အတိတ်မှာ ကျန်ခဲ့လေရဲ့၊
Leadership နဲ့ Membership ခေတ်စားလာတဲ့ မျက်မှောက်ကာလမှာ "I" ဆိုတာထက် "We" ဆိုပြီး အတူတကွ ပူးပေါင်းဖြေရှင်း လျှောက်လှမ်းဖို့ လိုလာပါပြီ။

Two is better than one...
သူနဲ့ကိုယ် ပေါင်းပြီး အင်အားဆိုတာပဲ ဖြစ်သင့်တယ်။ သူ့မနာလို ကိုယ့်မနာလိုနဲ့ negative တွေနဲ့ ခရီးဆက်နေလို့ကတော့ ယုတ်လျော့စရာတွေပဲ ရှိလာမှာဖြစ်ပါတယ်။

“If I shine, you shine with me. There’s no envy”
“ငါတောက်ပရင် နင်လဲတောက်ပစေရမယ်။ မနာလိုခြင်းဆိုတာမရှိဘူး” တဲ့။

ကိုယ်က အနီ၊ သူက အပြာ၊ ကျန်တစ်ယောက်က အစိမ်းဆိုရင် အရောင်တွေပိုစုံ ပိုလှပရပါမယ်။ မတူညီတဲ့ အရည်အချင်းတွေ ရှိနေတာက မနာလိုစရာမဟုတ်ဘဲ အတူလျှောက်တဲ့ ခရီးမှာ သူလိုအပ်တဲ့အခါ ကိုယ်ဖေးမပြီး၊ ကိုယ်လိုအပ်တဲ့အခါလည်း သူက အားဖြည့်ပေးသင့်ပါတယ်။

"မနာလိုစိတ်ဟာ မသိမသာပဲဖြစ်ဖြစ် သိသိသာသာပဲဖြစ်ဖြစ်၊ ဖြစ်ရင်ဖြစ်တဲ့သူကို အရင်ခံစားစေ၊ ပူလောင်စေတော့တာပဲလေ။" ဆိုပြီး မနာပဒါယီ ကိုရီးယား ဆရာတော် အရှင်ဝိစိတ္တ ဟောတာလေး နာမှတ်ဖူးပါတယ်။

ရည်ရွယ်ချက်တူတယ်ဆိုရင်
တိုက်ခိုက်ဝေဖန်မှုတွေထက်၊ အားလုံးအကျိုးရှိစေနိုင်တဲ့ All Win Strategy ဆီကို ဦးတည်သင့်ပါတယ်။

We need to build our organization again.
We need to build our Myanmar again.
မြတ်ဗုဒ္ဓကတော့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက "သမဂ္ဂါနံ တပေါသုခေါ- ညီညွတ်၍ ချမ်းသာကြကုန်၏။" ဟု ဟောမိန့်ခဲ့ပါတယ်။

ဘေးကင်း ချမ်းသာကြပါစေကြောင်း... 🙏

လူမှုဖူလုံရေးကတ် ထုတ်ပေးခြင်း၊ ပျောက်ဆုံးခြင်း နှင့်စပ်လျဉ်း၍....  #ညွှန်ကြားချက်ထုတ်ပြန်
22/06/2024

လူမှုဖူလုံရေးကတ် ထုတ်ပေးခြင်း၊ ပျောက်ဆုံးခြင်း နှင့်စပ်လျဉ်း၍....
#ညွှန်ကြားချက်ထုတ်ပြန်

12/06/2024

"တော်အောင်ထားပြီး မထွက်ရအောင်၊ ပျော်အောင်ထားပြီး မပျက်ရလေအောင်"
===========================
2019 ခုနှစ်လောက်က...
Admin & HR ပိုင်းမှာ ထဲထဲဝင်ဝင် လုပ်ခွင့် ပြောခွင့်၊ ရေးခွင့်ရသလို ဝါသနာအလျောက် စာတွေလည်း ပြုစုဖြစ်ခဲ့တယ်။
အဓိကမှာ ဆရာကောင်းတွေ့ခဲ့လို့ လုပ်ခွင့်ရခဲ့တာပါပဲ။

ဝန်ထမ်းဆိုတာ... "တော်အောင်ထားရင် ထွက်တယ်၊ ပျော်အောင်ထားရင် ပျက်တယ်။" ဆိုတဲ့ စကားနဲ့ သဘောတရားကို ထိတွေ့လေ့လာခွင့် စတင်ရခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။

မထွက်အောင်လို့ ပျော်အောင်ထားပြီး ပျက်နေတဲ့ ဝန်ထမ်းတစ်ယောက်ဟာ လုပ်ငန်းအဖွဲ့အစည်းအတွက် အကျိုးမရှိသလို၊ ကိုယ့်အဖွဲ့အစည်းကနေ တခြားအလုပ်တစ်ခုကို ပြောင်းလုပ်တဲ့အခါမှာလည်း "ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းက လာတာပါ" ဆိုတာက သိပ်တော့ သမိုင်းလှစေမှာ မဟုတ်ပါဘူး။ စည်းကမ်းတွေ၊ စာရိတ္တတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေ ပျက်နေတဲ့ ဝန်ထမ်းတစ်ယောက်က မထွက်အောင်၊ ပျော်အောင်ဆို လွှတ်ထားတာဟာ အဲ့ဒီဝန်ထမ်းရဲ့ အနာဂတ် စည်းကမ်းစနစ်ကျ တိုးတက်မှုကိုလည်း ထိခိုက်စေမယ်လို့ မြင်ပါတယ်။

ထွက်တော့မှ ထွက်ရော... စည်းနဲ့ စနစ်နဲ့ လုပ်ငန်းစွမ်းဆောင်ရည် တော်တာပဲ ကောင်းပါတယ်။ ကိုယ့်အဖွဲ့အစည်းမှာလည်း အကျိုးရှိသလို၊ ဘယ်အဖွဲ့အစည်းရောက်သွားသွား "ဘယ်ကလာတယ်ဆိုတာဟာ Brand တစ်ခု"ပါပဲ။ တစ်ချို့ ကုမ္ပဏီ အဖွဲ့အစည်းတွေမှာဆို "ဘယ်ကနေ လုပ်ခဲ့ ထွက်ခဲ့တယ်ဆိုရင် Welcome ပဲ" ဆိုတာအထိ ရှိပါတယ်။ Well-train တွေဆိုတာ လက်ခံနားလည်ထားလို့ ဖြစ်ပါတယ်။

တကယ်တော့... "တော်အောင်ထားရင် မထွက်ရအောင် ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်ကို ပေးရပါမယ်။ ပျော်အောင်ထားပြီး မပျက်ရအောင် စည်းနဲ့စနစ်နဲ့ ဝန်ထမ်းကို ထိန်းရမှာပဲ" ဖြစ်ပါတယ်။

လွန်တာရှိ ဝန္ဒာမိပါ။ စေတနာဖြင့်....

Diploma in Human Resources Management University of Co-operative and Management
05/06/2024

Diploma in Human Resources Management
University of Co-operative and Management

12/05/2024

လက်လျှော့မယ်ကြံနေပြီလား... (ဒီမှာဖတ်ကြည့်)
➖➖➖➖➖➖➖➖➖➖➖➖
တစ်ခါက ရေကူးချံပီယံတစ်ယောက်ဟာ ရေလက်ကြားတစ်ခုကို ကန့်လန့်ဖြတ် ဖြတ်ကူးပြီး စံချိန်သစ်တင်မယ်လို့ ကြေငြာလိုက်တယ်။ လူတွေကလည်း ဒီသတင်းကို ကြားတော့ တော်တော်လေး စိတ်ဝင်စားသွားကြတယ်။

အဲ့လိုနဲ့ ဖြတ်ကူးမယ့်နေ့ကို ရောက်လာတယ်။ လူတွေဟာ တစ်ဖက်ကမ်းကနေ အုတ်အော်သောင်းနင်း ကြည့်ရှု့နေကြတယ်။

ရေကူးချံပီယံစကူးပါပြီ။ သူ့အတွက် ရေကူးရတာဟာ ဘာမှအပန်းမကြီးဘူးဆိုတဲ့ ယုံကြည်မှုမျိုးနဲ့ ကူးနေပါတယ်။ အဲ့လိုကူးနေရင်းနဲ့ သူဟာ တစ်ဖက်ကမ်းကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ မြူတွေ အုံစိုင်းနေတာကို တွေ့လိုက်ရပါတယ်။

ဟုတ်ပါတယ်။ အဲ့ဒီနေ့က ရာသီဥတုဟာ နှင်းတွေကျပြီး မြူတွေစိုင်းနေပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရဘဲ လက်ပစ်ကူးနေရတာပါ။

တော်တော်ကြာအောင် ကူးပြီးတဲ့အခါကျတော့ သူစိုးရိမ်စရိတ်ဝင်လာတယ်။ သူကူးနေတာ လမ်းကြောင်းရော မှန်ရဲ့လား၊ မြူတွေကြောင့် ဘာမှမမြင်ရဘဲ ဆန့်ကျင်ဘက်ကို ကူးနေမိပြီလား စိုးရိမ်စိတ်တွေဝင်လာတယ်။

နောက်တော့ တော်တော်ကြာကြာတဲ့အထိ ကူးနေပေမယ့်လည်း ကမ်းကို မရောက်နိုင်တော့ သူဟာ လက်လျှော့လိုက်ပါတော့တယ်။ လက်လျှော့ပြီး သူ့ဆီ ကယ်ဆယ်ရေးတွေလွှတ်ဖို့ အကူအညီတောင်းပါတော့တယ်။

ကမ်းပေါ်ပြန်ရောက်တော့မှ သူသိလိုက်ရတာက သူဟာ ကမ်းနဲ့ မီတာ ၁၀၀ အကွာရောက်တော့မှ လက်လျှော့လိုက်တယ် ဆိုတာပါပဲ။

အင်တာဗျူးသမားတွေက သူ့ကို ဘာလို့ လက်လျှော့လိုက်တာလဲမေးတော့...

"မီတာ ၁၀၀ပဲ လိုတော့တယ်ဆိုတာ မသိလို့ပါ။ မီတာ ၁၀၀ ပဲ လိုတော့တယ်ဆိုတာသာ သိမယ်ဆိုရင် လက်လျှော့ခဲ့မှာ မဟုတ်ပါဘူး" လို့ ပြန်ပြောလိုက်ပါတယ်။

အဲ့လိုပဲ ကျွန်တော်တို့အနေနဲ့ တစ်ခါတလေကျရင် ဒီရေကူးချံပီယံလိုပဲ လက်လျှော့တော့မယ်လို့ ကြံတဲ့အချိန်ဟာ အောင်မြင်မှုနဲ့ မီတာ ၁၀၀ အကွာကို ရောက်နေတဲ့ အချိန်လည်း ဖြစ်နေတတ်တယ်။

လက်လျော့တော့မယ်ကြံတဲ့အခါတိုင်း ဒီအဖြစ်အပျက်ကလေးက ဆင်ခြင်သုံးသပ်ပြီး သေချာဆုံးဖြတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Dale Carnegie ရဲ့ ပုံပြင်တစ်ပုဒ်

 ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် CHRD အစီအစဥ်ဖြင့်ဖွင့်လှစ်မည့် Diploma in English for Communication Skills သင်တန်းကို F...
25/04/2024


ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် CHRD အစီအစဥ်ဖြင့်ဖွင့်လှစ်မည့် Diploma in English for Communication Skills သင်တန်းကို Face to Face နှင့် Online နှစ်မျိုးစလုံးဖွင့်လှစ်မည်ဖြစ်ပါသည်။ English Basic Level 1 သို့မဟုတ် Level 2 အထိ YUFL တွင်တက်​ရောက်ပြီးသူများသည် တစ်ဆင့်မြင့်အတန်းတွင်တိုက်ရိုက်တက်​ရောက်နိုင်ပြီး ၀င်ခွင့်​​ဖြေဆိုရန်မလိုအပ်ပါ။ ​ကျောင်းသားသစ်များသည် English Basic Level 1 မှစတင်တက်​ရောက်ရမည်ဖြစ်ပြီး ၀င်ခွင့်​စာ​မေးပွဲဖြေဆိုရပါမည်။ Face to Face တက်​ရောက်ရန်​လျှောက်ထားသူများသည် ၀င်ခွင့်စာ​​မေးပွဲကိုYUFL တွင်လာ​ရောက်​ဖြေဆိုရမည်ဖြစ်ပါသည်။ Online မှတက်​ရောက်ရန်​လျှောက်ထားသူများသည် ၀င်ခွင့်စာ​မေးပွဲကို Onlineတွင်​ဖြေဆိုရမည်ဖြစ်ပြီး ​ဖြေဆိုချိန်​ရောက်ပါက emailမှတစ်ဆင့် Web link​ပေးပို့ပါမည်။ Online မှတက်​ရောက်ရန်​လျှောက်ထားသူများသည် မိမိ၏ mobile phone numberနှင့် email addressကိုမှန်ကန်စွာ​ပေးပို့ထားရန်လိုအပ်ပါသည်။ အ​သေးစိတ်သိရှိလိုပါက သက်ဆိုင်ရာဖုန်းနံပတ်ကို​မေးမြန်းနိုင်ပါသည်။

CHRD အမှတ်စဉ် (၁)Diploma in English for Communication Skills သင်တန်း  YUFL
12/04/2024

CHRD အမှတ်စဉ် (၁)
Diploma in English for Communication Skills သင်တန်း

YUFL

၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ထုတ်ပြန်
07/04/2024

၂၀၂၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ထုတ်ပြန်

၂၀၂၄ ခုနှစ်၊ ပြက္ခဒိန်နှစ် အတွင်း အလုပ်ပိတ်ရက်/ ရုံးပိတ်ရက်များ...။
26/12/2023

၂၀၂၄ ခုနှစ်၊ ပြက္ခဒိန်နှစ် အတွင်း အလုပ်ပိတ်ရက်/ ရုံးပိတ်ရက်များ...။

Address

Yangon

Telephone

+959265557101

Website

Alerts

Be the first to know and let us send you an email when Myanmar Youths Mission- MYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar Youths Mission- MYM:

Shortcuts

Share

Category