04/06/2026
🎉 Fresher Welcome 🎉
Summer Class နှင့် IGCSE Preparation Class များကို အောင်မြင်စွာ ပြီးဆုံးခဲ့သည့် ကျောင်းသားကျောင်းသူများအား Completion Certificate များ ပေးအပ်ဂုဏ်ပြုခဲ့ပါသည်။ 🏆📜
ထို့အပြင် June လတွင် အသစ်စတင်ဖွင့်လှစ်ခဲ့သော Year 7, Year 8 နှင့် Year 9 ကျောင်းသားကျောင်းသူများကို နွေးထွေးစွာ ကြိုဆိုသည့် Fresher Welcome Program ကိုလည်း ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ 🎊✨
အစီအစဉ်အတွင်း ကျောင်းသားကျောင်းသူများ အချင်းချင်း ပိုမိုရင်းနှီးကျွမ်းဝင်စေရန်နှင့် ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးနိုင်စေရန် အတူတကွ စားသောက်ပွဲလေး ပြုလုပ်ကာ လက်ဖက်ထမင်းနှင့် ကြက်ဥကြော်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ 🍛🥚
ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုရင်း၊ အသစ်တက်ရောက်လာသော Fresher များကိုလည်း Rise Education Centre မိသားစုမှ နွေးထွေးစွာ ကြိုဆိုအပ်ပါသည်။ 💚
📸 အမှတ်တရပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။
01/06/2026
🎉 Welcome Back to School! 🎉
ယနေ့မှစတင်၍ RiSE Education Centre ၏ Year 7, Year 8 နှင့် Year 9 အတန်းသစ်များကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ 📚✨
ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဝင်စားမှုအပြည့်နှင့် သင်ယူလိုစိတ်ပြင်းပြမှုများကို မြင်တွေ့ရပြီး စာသင်ခန်းများမှာလည်း သက်ဝင်လှုပ်ရှားလျက်ရှိပါသည်။ 🌟
RiSE Education Centre တွင် Academic Excellence ကိုသာမက Critical Thinking, Communication Skills နှင့် Practical Learning Experience များကိုပါ အလေးထားသင်ကြားပေးလျက်ရှိပါသည်။
2026-2027 ပညာသင်နှစ်၏ ခရီးစဉ်သစ်ကို စတင်လျှောက်လှမ်းနေကြသော Year 7, 8, 9 ကျောင်းသား၊ ကျောင်းသူများအားလုံး အောင်မြင်မှုများစွာ ရရှိပါစေကြောင်း RiSE Education Centre မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ❤️
28/05/2026
🌙✨ Eid Mubarak ✨🌙
ပျော်ရွှင်ချမ်းမြေ့ဖွယ် Eid Mubarak နေ့ရက်လေးမှာ
မိသားစုအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်အတူ
ပျော်ရွှင်မှုများပြည့်နှက်နေပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🤍
အေးချမ်းသာယာသော Eid Mubarak အခါသမယလေးကို
ချစ်ခင်သူများနှင့်အတူ နွေးထွေးစွာ ဖြတ်သန်းနိုင်ကြပါစေ 🌟
27/05/2026
📚 IGCSE Batch-12 Parent Meeting ✨
May လတွင် စတင်ဖွင့်လှစ်ခဲ့သော IGCSE Batch-12 အတန်းသစ်အတွက် Parent/ teacher Meeting ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။
Meeting အတွင်း
✅ Subject ရွေးချယ်မှုများ
✅ ကျောင်း၏ စည်းကမ်းနှင့် သင်ကြားရေးဆိုင်ရာ အချက်အလက်များ
✅ Cash Back Program အကြောင်း
✅ ကျောင်းတွင် ကလေးများအား သင်ကြားပေးမည့် Learning System များ
✅ ကျောင်းသားကျောင်းသူများတွင် ဖြစ်လေ့ရှိသော အလေ့အကျင့်များနှင့် ပြုပြင်ပေးရမည့်အချက်များကို
မိဘများနှင့် အပြန်အလှန် ဆွေးနွေးမျှဝေပေးခဲ့ပါသည်။ 🤝
RiSE Education Centre အနေဖြင့်
ကျောင်းသားများ၏ Academic ပိုင်းသာမက
အပြုအမူ၊ စည်းကမ်းနှင့် အနာဂတ်ပညာရေးလမ်းကြောင်းများအတွက်ပါ
မိဘများနှင့် လက်တွဲကာ အကောင်းဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ 🌟
📖✨
22/05/2026
🧪📚 May လ 11 ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော IGCSE BATCH-12 ကျောင်းသူကျောင်းသားများ၏ Practical Activities ပြုလုပ်နေသည့် ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်ရှင့် ✨
သီအိုရီပိုင်းသာမက လက်တွေ့စမ်းသပ်မှုများကိုပါ ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရင်း Knowledge & Skills များကို ပိုမိုတိုးတက်စေဖို့ RiSE Education Centre မှ အထူးအာရုံစိုက်သင်ကြားပေးလျက်ရှိပါတယ် 💯
Practical များမှတစ်ဆင့် Observation Skill 🔍, Teamwork 🤝 နှင့် Critical Thinking 🧠 စွမ်းရည်များကိုလည်း တိုးတက်စေနိုင်မှာဖြစ်ပါတယ် 🌟
21/05/2026
🎒📚 Ready to Go Back to School? ✨
RiSE Education Centre ၏
Year 7 • Year 8 • Year 9 အတန်းသစ်များကို
📅 June 1 ရက်နေ့မှစတင်ပြီး ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ် 🎉
သူငယ်ချင်းတွေနဲ့အတူ စာလည်းသင် 📖
Activity တွေလည်းလုပ်ရင်း
အသစ်အသစ်သော အတွေ့အကြုံတွေကိုလည်း ရယူနိုင်ဖို
RiSE မှာ ပြန်ဆုံကြမယ်နော် 💫
📌 Seats are limited! ဆိုတော့ အမြန်ဆုံး စာရင်းပေးသွင်းလို ရပါပြီရှင့် ။✨
21/05/2026
🎂 Happy Birthday to Our May Born Stars! 🎉
RiSE Education Centre ၏ Assembly အစီအစဉ်အတွင်း
May လတွင် မွေးဖွားသော ချစ်စရာကျောင်းသူကျောင်းသားလေးများအား
မွေးနေ့အမှတ်တရအဖြစ် ပျော်ရွှင်စွာ Birthday Celebration လေး ပြုလုပ်ပေးခဲ့ပါတယ်ရှင့် ✨
May လမွေးနေ့ရှင်လေးများအားလုံး
ကျန်းမာပျော်ရွှင်ပြီး ပညာရေးလမ်းကြောင်းမှာလည်း အောင်မြင်မှုများစွာ ရရှိပါစေလို့ RiSE Education Centre မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🎈🎁
🎉
11/05/2026
🚌 သတင်းကောင်း - ဖယ်ရီကားခများ လျှော့ချလိုက်ပါပြီ။ 🚌
ယခင်ပိုစ့်တွင် ကြေညာထားသော ကျောင်းဖယ်ရီကားခများကို ယခုအခါ လျှော့ချလိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ မကြာသေးမီက ပရီမီယံဒီဇယ်ဆီစျေးနှုန်းများ ကျဆင်းသွားသည့်အတွက် ထိုသက်သာသွားသော ကုန်ကျစရိတ်များကို မိဘများထံသို့ တိုက်ရိုက် ခံစားခွင့်ပေးလိုက်ခြင်းဖြစ်ပါသည်။ 📉
(မှတ်ချက် - ဖယ်ရီကားခများသည် နောက်ပိုင်းဖြစ်ပေါ်လာမည့် ပရီမီယံဒီဇယ်ဆီစျေးနှုန်းများအပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်ပါသည်။)
📝 မိမိတို့မြို့နယ် မပါဝင်ပါကလည်း စာရင်းပေးသွင်းနိုင်ပါသည်။ Waitlist တွင် စာရင်းပေးထားနိုင်ပြီး ကျောင်းသားဦးရေ ပြည့်မီပါက ထိုမြို့နယ်အတွက် ခရီးစဉ်ကို ဝမ်းမြောက်စွာ စီစဉ်ပေးသွားမည်ဖြစ်ပါသည်။
⚠️ နေရာအကန့်အသတ်သာ ရှိပါသည်။
📞 နေရာရယူရန် သို့မဟုတ် waitlist တွင် စာရင်းပေးသွင်းရန် ယနေ့ပဲ ဆက်သွယ်လိုက်ပါ: 09 767402276 သို့ ဖုန်းခေါ်ဆိုနိုင်ပါသည်။
📍 ကျောင်းသို့ လူကိုယ်တိုင် လာရောက်စုံစမ်းလိုပါက: အမှတ် (၁၃၄/F)၊ တပင်ရွှေထီးလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
05/05/2026
သားသားမီးမီးတို့အတွက် ဘယ်ကျောင်းထားရမလဲ စဉ်းစားနေတုန်းပဲလား? အချိန်သိပ်မကျန်တော့ဘူးနော်! ⏳
RiSE Education Centre ရဲ့ June 2026 Intake အတွက် ကျောင်းအပ်လက်ခံနေပါပြီ။ Pearson | Edexcel Approved Centre ဖြစ်တာကြောင့် သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီ။
⚠️ ဇွန်လအတွက် နေရာအနည်းငယ်သာ ကျန်ပါတော့တယ်နော်!
အောက်ပါအတန်းများအတွက် လက်ခံပေးနေပါပြီ-
🎓 Year 7 | Year 8 | Year 9 | IGCSE
လူမပြည့်ခင် အခုပဲ Page Messenger ကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ နေရာယူထားလိုက်တော့နော်!
📞 09767402276
📍 အမှတ် (၁၃၄/F)၊ တပင်ရွှေထီးလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။