Innovative Education - InnoEd

Innovative Education - InnoEd

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Innovative Education - InnoEd, School, Nawaday Street, Yawmingyi ward, Dagon, Yangon.

နိုင်ငံတကာအဆင့်မှီ ပညာရေးဝန်ဆောင်မှုများကို ပေးသွားမယ့် ကျောင်းဖြစ်ပါတယ်။ ပထမဆုံးနဲ့ တစ်ခုထဲသော ကိုယ်ပိုင် Website နဲ့ GED Practice လေ့ကျင့်ပေးသော မြန်မာနိုင်ငံမှ သင်တန်းကျောင်းဖြစ်ပါတယ်။

19/05/2026

✨GED Foundation အတွက် ညနေအတန်းရှာနေတယ်ဆိုရင် ဒီအတန်းကိုတက်ပါ။

ဒီအတန်းတွေမှာ ဦးဆောင်သင်မယ့် Lead Teachers များကတော့ -
🔹Science ကို Dr. Kant Kaw - MBBS
🔹Math ကို Tr. Mayme (GED, SAT graduate)
🔹Social Studies ကို Tr. Hana (GED, SAT graduate)
🔹RLA ကို Tr. Jane (GED, SAT graduate, TESOL level 1) တို့ဖြစ်ပါတယ်။
သင်ကြားရေးပိုင်းမှာ InnoEd အတန်းတိုင်းကို သင်ကြားရေးစံချိန်စံနှုန်းပြည့်မီအောင် Sayar Winston နဲ့ Tr Mary တို့က အမြဲတမ်း အပြည့်အဝ support ပေးသွားမှာပဲဖြစ်ပါတယ်။
ဆရာဆရာမများရဲ့ သင်ကြားမှုများကို InnoEd YouTube channel တွင်လဲ သွားရောက်လေ့လာနိုင်ပါတယ်။ InnoEd YouTube channel link များကို comment မှာလဲ တင်ပေးထားပါတယ်ရှင်။

ဒီအတန်းရဲ့ ထူးခြားချက်က -
📌 GED Preparation (၅)လတန်းကို တက်ရောက်တဲ့အခါမှာ English အပိုင်းလိုက်နိုင်ဖို့အတွက် GED အတွက်လိုအပ်တဲ့ "Grammar, Reading, Writing" တို့ကို ထည့်သွင်းသင်ကြားပေးသွားမှာမလို့ English for GED သပ်သပ်တစ်တန်းတက်စရာမလိုတော့ပါဘူး။ သေချာလိုက်လေ့ကျင့်ဖို့ပဲ လိုပါတယ်။

ယခု Foundation အတန်းကိုတက်ရောက်နိုင်သူများကတော့ -
📌စနစ်သစ် (9) တန်းအောင်မြင်ထားသူများ, စနစ်ဟောင်း ( 8 ) တန်းအောင်မြင်ထားသူများ
📌 English Pre-intermediate level (A2) နှင့် အထက်ရှိသူများ တက်ရောက်နိုင်ပါတယ်။

👉👉သင်တန်းအသေးစိတ်များကိုတော့ - ပုံထဲမှာ ရေးထားပေးပါတယ်ရှင်။

InnoEd အတန်းတွေက အခြား ဘာတွေထူးခြားသလဲ?
🔹အတန်းချိန်တိုင်းကို recording ပြန်ပေးပါတယ်။
🔹ဆရာ/ဆရာမများနဲ့ အမြဲတမ်း ဆက်သွယ်လို့ရမယ့် Telegram group များထားရှိပေးပါတယ်။
🔹ဒါ့အပြင် InnoEd က ကျောင်းသူ/သားတွေကို စာတင်မကဘဲ၊ အဖက်ဖက်မှာထူးချွန်စေချင်တာကြောင့်
- Study group နဲ့ အခြား Extracurricular activities များစွာကိုလဲ join လို့အောင် စီစဥ်ပေးထားပါတယ်။
🔹လုပ်ငန်းခွင်အတွေ့အကြုံကိုရစေဖို့ အတန်းတွေပြီးသွားရင်လဲ Internship (Protege Program) နဲ့ volunteer လုပ်လို့ရမယ့် အခွင့်အရေးများလဲ ရှိပါတယ်။
🔹အတန်းတွေက စာမေးပွဲဖြေပြီးသည်ထိ လိုအပ်တာတွေ လိုက်လုပ်ပေးတဲ့အပြင်
🔹ကျောင်းသူ/သားများကို ပိုအဆင်ပြေချင်သော စေတနာဖြင့် အတန်းတက်နေစဥ်ရော၊ အတန်းပြီးသွားရင်ရော university education consultation များ၊ scholarship coaching များကိုလဲ ဆောင်ရွက်ပေးပါတယ်။

📌အတန်းတိုင်းကို လက်ခံမယ့်လူဦးရေကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်နဲ့ အတန်းသစ်များ လက်ခံပေးနေပါပြီရှင်။✨

📩စုံစမ်းအပ်နှံရန် - ဖုန်း/ viber 09880032336 (သို့မဟုတ်) messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Much Love,💙
Tr. Mary

19/05/2026

စာသင်တဲ့နေရာမှာ

Space to think
Space to explore
Space to make mistakes
Space to learn
Space to grow

စတာတွေ ဖြစ်ဖို့ space (နေရာ) လိုပါတယ်

နေရာဆိုတာ စာသင်ဖို့ အခန်း၊ စားပွဲ လိုမျိုး physical layer တခုပဲမဟုတ်ပါဘူး။

စိတ် အမြင်ကျယ်စေဖို့ အတွက် mental layer၊ ခံစားချက်တွေကို သိရှိနားလည်စေဖို့ အတွက် emotional layer နဲ့ ကိုးကွယ်မှု၊ ယုံကြည်မှုတွေ ခိုင်မြဲစေဖို့အတွက် spiritual layer တွေပါ လိုပါတယ်။

ဒါပေမယ့် ဆရာ၊ မ ရဲ့လောင်းရိပ်အောက်မှာ ပိနေကြပြီး တခါမှ space မရဘူးတဲ့သူတွေက space ရှိမှန်းလည်းမသိကြသလို space ရဲ့တန်ဖိုးကိုသိဖို့ ပိုဝေးပါတယ်။

ဒီတော့ ကလေးတွေကို အနာဂတ်မှာ ဦးဆောင်သူတွေဖြစ်နိုင်စေဖို့ အမှတ်ကောင်းဖို့ စာသင်ရုံတင်မက space ရဲ့တန်ဖိုးကိုပါသိဖို့ သင်ပေးဖြစ်ပါတယ်။

ကိုယ်ပိုင်တဲ့ နေရာလေးတခုရှိတယ်ဆိုတာ သိသွားတဲ့ကလေးကသာ ယုံကြည်မှုရှိရှိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်သွားတာပါ။

ကိုယ့်ကိုယ်ကိုချစ်ရင် နေရာပေးပါ။
ကိုယ့်သားသမီးကိုချစ်ရင်နေရာပေးပါ။

18/05/2026

✨နိုင်ငံတကာပညာရေးအိမ်မက်ဆိုတာကို အကောင်အထည်ဖော်နိုင်ဖို့ - InnoEd ရဲ့ June လအတန်းသစ်များအကြောင်း

အတန်းအကြောင်းအသေးစိတ်တွေကတော့ -

📌GED Foundation Batch (17)
Start Date - June (1)
Days - Every Mon to Wednesday
Time - 6.00 pm to 9.15 pm
Duration - (2) months
Lead Teachers - Dr. Kant Kaw (Science), Tr. Mayme (Math), Tr. Jane (RLA), Tr. Hana (Social Studies)

📌GED Preparation Batch (19)
Start Date - June (15)
Days - Every Mon to Thursday
Time - 6.00 pm to 9.15 pm
Duration - (5) months
Lead Teachers - Tr. Khine (RLA), Dr. Kant Kaw (Science), Tr. Wint Yu (Math)

📌SAT Preparation Batch (14)
Start Date - June (11)
Days and Time - Every Tue, Thurs, Fri, Saturday - 7.00 pm to 8.30pm
Duration - (12) weeks
Lead Teachers - Founder Sayar Winston (English) and Tr. Wint Yu (Math)

📌 General (4) skills - A2 level
Start Date - June (13)
Days and Time - Every Sat, Sunday - 7.00 pm to 8.30 pm

InnoEd အတန်းတွေက အခြား ဘာတွေထူးခြားသလဲ?
🔹အတန်းချိန်တိုင်းကို recording ပြန်ပေးပါတယ်။
🔹ဆရာ/ဆရာမများနဲ့ အမြဲတမ်း ဆက်သွယ်လို့ရမယ့် Telegram group များထားရှိပေးပါတယ်။
🔹ဒါ့အပြင် InnoEd က ကျောင်းသူ/သားတွေကို စာတင်မကဘဲ၊ အဖက်ဖက်မှာထူးချွန်စေချင်တာကြောင့်
- Study group နဲ့ အခြား Extracurricular activities များစွာကိုလဲ join လို့အောင် စီစဥ်ပေးထားပါတယ်။
🔹လုပ်ငန်းခွင်အတွေ့အကြုံကိုရစေဖို့ အတန်းတွေပြီးသွားရင်လဲ Internship (Protege Program) နဲ့ volunteer လုပ်လို့ရမယ့် အခွင့်အရေးများလဲ ရှိပါတယ်။
🔹အတန်းတွေက စာမေးပွဲဖြေပြီးသည်ထိ လိုအပ်တာတွေ လိုက်လုပ်ပေးတဲ့အပြင်
🔹ကျောင်းသူ/သားများကို ပိုအဆင်ပြေချင်သော စေတနာဖြင့် အတန်းတက်နေစဥ်ရော၊ အတန်းပြီးသွားရင်ရော university education consultation များ၊ scholarship coaching များကိုလဲ ဆောင်ရွက်ပေးပါတယ်။

👉👉အတန်းအကြောင်းအသေးစိတ်နဲ့ Fees တွေကို comment မှာတင်ပေးထားပါတယ်ရှင်။

📌အတန်းတိုင်းကို လက်ခံမယ့်လူဦးရေကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်နဲ့ အတန်းသစ်များ လက်ခံပေးနေပါပြီရှင်။✨

📩စုံစမ်းအပ်နှံရန် - ဖုန်း 09880032336 (သို့မဟုတ်) messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

InnoEd - A bridge to your brighter future!
Much Love,💙
Tr. Mary

18/05/2026

Kuthobank ကို သုံးဖူးသူတွေက ဘာတွေပြောထားကြလဲ?

17/05/2026

SIIT - 25% excellence scholarship winner 👏👏

Heartfelt congratulations to you! 🎉🎉

InnoEd ရဲ့ GED Preparation နဲ့ SAT Preparation online zoom class ကို တက်ရောက်အောင်မြင်ခဲ့တဲ့ သား Wai Phyo Aung ဟာ Thai နိုင်ငံ SIIT မှ ပေးအပ်သော Excellence Scholarship (EFS) - 25% ကို ထိုက်ထိုက်တန်တန်ရရှိကာ အောင်မြင်စွာ ဝင်ခွင့်ရရှိသွားပြီပဲ ဖြစ်ပါတယ်။

သားက SAT အမှတ်အနေဖြင့် -
✨English ကို 610
✨Math ကို 780
✨Total - 1390 ရရှိခဲ့တဲ့ high achiever တစ်ယောက်လဲဖြစ်ပါတယ်။

သားခုလို ပညာဆက်လက်သင်ကြားနေရတဲ့ခရီးစဥ်မှာလဲ အစစအရာရာ အဆင်ပြေပါစေလို့ တီချယ်တို့ကဆုတောင်းပေးပါတယ်။

Wishing you all the best in your future endeavors!!
Much Love,💙
Tr. Mary

17/05/2026

“အမှတ် ၁၅၀၀ ကျော် ဘယ်သူလိုချင်လဲ၊ raise hand လုပ်ပြီး လက်ထောင်ပါ” လို့ SAT batch 13 မှာ စစချင်း မေးဖြစ်တယ်။

၁၅ ယောက်လောက် လက်ထောင်ပြီး ကျန်တဲ့ ၂ ယောက်ကတော့ မထောင်ဘူး။

“လက်ထောင်ထားတဲ့သူတွေရဲ့ နာမည်ကို screenshot ရိုက်ယူထားလိုက်မယ်နော်၊ ၁၅၀၀ ရဖို့ နောက်ကျရင် accountable ယူလို့ရအောင်”

ဆိုတော့ တချို့တွေ အပြေးအလွှား လက်ပြန်ချကြသလားပဲ။ 🤭

SAT က skill development ကို ဦးစားပေးတဲ့ ပညာရေးအမျိုးအစားဖြစ်တာကြောင့် knowledge development နဲ့ မတူဘဲ ဆရာ စာသင်သမျှ ထိုင်နားထောင်နေလို့မရဘဲ ဆရာ၊ မ တို့နဲ့ အတူတကွ လေ့ကျင့်ဖို့ collaborate လုပ်ဖို့၊ cooperate လုပ်ဖို့လိုကြောင်း - အပြန်အလှန် 1️⃣ ဆွေးနွေး၊ 2️⃣ လေ့ကျင့်၊ 3️⃣ သင်ယူ၊ 4️⃣ ကျင့်သုံး တာတွေလုပ်ဖို့ - သေချာလေးမှာဖြစ်တယ်။

Learning journey တခုကတော့ ထပ်ပြီး စပါပြီ။ အတူတူ တိုးတက်ကြဖို့ပါပဲ။

“If not you, who?
If not now, when?”

17/05/2026

ခုရက်ပိုင်း SAT အတန်းနဲ့ပက်သက်ပြီး ခဏခဏမေးနေတာလေး ပြောပြချင်ပါတယ်။

ဆရာတို့ InnoEd က SAT program က academic excellence only ရစေဖို့၊ တနည်းအားဖြင့် အမှတ်ကောင်းစေဖို့ သပ်သပ်ပဲ လေ့ကျင့်ပေးတာမဟုတ်ပါဘူး။

နိုင်ငံခြားမှာကျောင်းတက်ရင် ထူးချွန်အောင်မြင်ဖို့ လိုအပ်မယ့် စိတ်ဓာတ် (mindset)၊ ကျင့်ကြံမှု (academic practices)၊ အသိပညာပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (intellectual development)၊ နဲ့ ပညာသင်သားတယောက်ရှိရမယ့် အရည်အချင်း (scholastic aptitude) တွေကို တည်ဆောက်ပေးတဲ့ learning program ပါ။

အဲဒီလိုပြောတာနဲ့ “အမှတ်ကောင်း မရဘူးတိုင်း လျှောက်ရွှီးနေတာ” လို့လည်းမထင်စေချင်ပါဘူး။

Academic excellence အားဖြင့်ဆိုရင် ဆရာကိုယ်တိုင် Australia မှာကျောင်းတက်တုန်းက final year မှာ capstone project လုပ်ရတာကိုမှ GPA 6.5 out of 7.0 ရခဲ့လို့ Dean’s list of excellence awards လည်းရခဲ့ပါတယ်။ အဲဒီအချိန် ဝမ်းရေးအတွက် part-time job နဲ့ QUT ရဲ့ leadership program မှာလည်း volunteering လုပ်နေခဲ့ပါသေးတယ်။ ဒီလောက် commitment တွေရှိနေတာကိုမှ academic excellence ရခဲ့တာ ဘဝအတွက် အမှတ်တရပါပဲ (ပုံ မှာကြည့်ပါ)

နောက်ပြီး ဆရာက ပညာရေးစနစ် တည်ဆောက်နေတာပါ။ သင်ရိုးစာအုပ် တအုပ်ကိုပဲ ကိုင်ပြီးသင်တာမဟုတ်ဘဲ သင်ရိုးတခုထွက်လာဖို့ program တခုဖြစ်လာဖို့ စာအုပ် ၄-၅ အုပ် လောက် research လုပ်၊ academic papers တွေဖတ်၊ ကျောင်းသူကျောင်းသားတွေရဲ့လိုအပ်ချက်ကို သူတို့တွေရဲ့ reflective journals တွေကတဆင့် လေ့လာပြီးတော့မှ ဘက်စုံဖွံ့ဖြိုးဖို့ SAT program ကို တည်ဆောက်ထားတာပါ။

အဲဒီစနစ်တွေကရမယ့် ပညာသင်အတွေ့အကြုံ learning experiences ကနေ လက်ရှိအတွက် လိုအပ်တဲ့ အသုံးချနိုင်မယ့် နည်းလမ်း toolkits တွေရသွားမယ်၊ စနစ်တကျ စာလုပ်နည်း systematic learning methods တွေရသွားမယ်၊ ကိုယ်ထူကိုယ်ထ independent-learners ဖြစ်လာဖို့ ထိထိရောက်ရောက် သင်ယူနိုင်မယ့် strategic learning လုပ်နိုင်မယ့် နည်းဗျူဟာတွေရသွားမယ်၊ စာလုပ်တဲ့အခါမရှိမဖြစ်လိုအပ်တဲ့ mental capacity ဖွံ့ဖြိုးဖို့၊ neuroscience နဲ့ psychology ရဲ့ ပညာရေးမှာ အရေးပါပုံတွေ နဲ့ အနာဂတ်ပညာရေးအတွက် မရှိမဖြစ်တဲ့ ပညာရေးရလဒ်တွေကို ရစေဖို့ တည်ဆောက်ထားတာပါ။

ဒီစနစ်တွေကထိရောက်မှုရှိလားဆိုရင် ရှိပါတယ်။ ပထမ ဥပမာအနေနဲ့ပြောရရင် ဆရာတို့ ကျောင်းက GED မှာ “ကမ္ဘာ့အမှတ်အများဆုံး” လို့ဆိုရမယ့် ၇၇၉/၈၀၀ ရထားပါတယ်။ ဒါက ဆရာတို့ စနစ်မှာ ကြိုးစားရင် ကြိုးစားသလို ဘယ်လောက် ထိအောင်မြင်နိုင်လဲဆိုတဲ့ မှတ်တိုင်တခုပါ။ သူဆိုရင် ဆရာတို့ဆီမှာ Foundation + Preparation တက်ခဲ့တဲ့ကျောင်းသားပါ။

နောက် ဥပမာပြောရရင် SAT မှာလည်း ၁၅၀၀ ကျော်ရဖူးတဲ့ တယောက်ရှိပါတယ်။ သူကတော့ SAT ကို ဆရာတို့ဆီမှာတက်ခဲ့တာမဟုတ်ပါဘူး။ အဲဒီတုန်းက SAT အတန်းဖွင့်ဖို့ပြင်နေတုန်း၊ သင်ရိုးအတွက် ဆရာ စာအုပ်တွေဖတ်နေတုန်းပါ။ ဒီကျောင်းသားက InnoEd က IELTS အတန်းတွေနဲ့ General English အတန်းတွေမှာ ၁၅-၁၆ နှစ် အရွယ်ကတည်းက တက်ခဲ့တယ်။ အပေါ်မှာပြောသလိုပဲ independent-learner ဖြစ်လာစေဖို့ toolkits အစုံပေးပြီးသကာလမှာ ကိုယ်ဒူးကိုယ်ချွန်ဆက်လေ့လာသွားတာ ACT Science မှာ self-study နဲ့ အမှတ်ပြည့်ရတယ် လို့လည်းပြန်သိရပါတယ်။ ကိုယ့်ကျောင်းက မဟုတ်တော့ “ဂုဏ်ဆာ” တာမျိုး မလုပ်ဖြစ်ခဲ့ပါဘူး။

📌 ပညာသင်ရာမှာ ဆရာတို့က အုတ်မြစ်ချပေးရင် ဘဝမှာ အမြင့်ကိုရောက်ဖို့ ဆက်ပြီးတည်ဆောက်သွားရမှာက ကျောင်းသူကျောင်းသားတွေရဲ့တာဝန်ပါ။

နောက်ပြီး academic excellence တခုတည်းမသင်တာက “3 idiots” ဇာတ်ကားထဲကပြောသလို “pressure cooker” ပေါင်းအိုးထဲထည့်ပေါင်းသလို ဖိအားနဲ့ အတင်းဇွတ်လုပ်ခိုင်းတဲ့ ပညာရေးစနစ်မျိုး ဆရာကတော့ မလိုချင်ဘူး။ ကိုယ်မလိုချင်တဲ့ ပညာရေးစနစ်ကို သူများကိုလည်းလက်ဆင့်မကမ်းဘူး။ “3 idiots” ဇာတ်ကားထဲမှာပဲ “ဖိအား” တွေကြောင့် အသက်ဆက်မရှင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဇာတ်ဝင်ခန်းလည်းမှတ်မိမယ်ထင်ပါတယ်။ နောက်ပြီး ကမ္ဘာ့ပညာရေး data တွေအရ Korea မှာဆိုရင်လည်း ပညာရေး ဖိအားတွေကြောင့်၊ လူ့အသိုင်းအဝိုင်းက ဖိအားတွေကြောင့် နှစ်စဉ် 12% က အသက်ဆက်မရှင်ဖို့ ရွေးချယ်ကြသလို 33% က အဆုံးသတ်ဖို့ အတွေးတွေဝင်ခဲ့ကြဖူးတယ် ဆိုတာ အင်တာနက်မှာရှာကြည့်နိုင်ပါတယ်။

📌 ကိုယ့်ရဲ့ အဖိုးတန်သားသမီးရင်သွေးတွေဖိအားပေးတာနဲ့ တန်ရဲ့လားဆိုတာ တွေးကြည့်စေနိုင်ဖို့ပါ။ နောက်ပြီး အခုလို AI ခေတ်မှာ အမှတ်တခုတည်းကလည်း ဘဝကို အဆုံးဖြတ်မပေးတော့ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။

InnoEd က စာသင်ခန်းက ပေါင်းအိုး မဟုတ်ပါဘူး။ ကစားကွင်း ပါ။ student-centric learning တခုဖြစ်တဲ့ experiential learning အရ ကစားဖို့၊ အမှားလုပ်ဖို့၊ အမှားကနေသင်ယူဖို့ နဲ့ ရှင်သန်ဖွံ့ဖြိုးဖို့ ကို ဦးစားပေးပါတယ်။ ကစားကွင်းဖြစ်တဲ့အလျှောက် ပျော်ရတဲ့အခါလည်းရှိသလို၊ ပင်ပန်းတဲ့အခါလည်းရှိသလို၊ ကစားရင်းချော်လဲတဲ့အခါ နာတာလည်းရှိမှာပေါ့။ နော်။ 🙄

အတန်းတိုင်းမှာ ဆရာကတော့ ဆရာစားမချန် အကုန် အိတ်သွန်ဖာမှောက်သင်ပေးလိုက်တာပဲ။ ဘာကွာသွားလဲဆိုတော့ သင်ပေးတာတွေကို မနာယူတဲ့သူ၊ နာယူရုံနာယူတဲ့သူ၊ ကျင့်သုံးတဲ့သူ၊ ချိတ်ဆက် ကျင့်သုံးနိုင်စွမ်းရှိတဲ့သူ ဆိုပြီး ကျောင်းသူကျောင်းသား အမျိုးအစားပေါ်မူတည်ပြီးကွာသွားတာပါပဲ။ ဆရာက မီးပေးလိုက်ရင် အဲဒီမီးကို အလင်းရဖို့သုံးတဲ့သူ၊ နွေးထွေးဖို့သုံးတဲ့သူ၊ တပါးသူကိုပူလောင်စေဖို့ သုံးတဲ့သူ ကွာသလိုပါပဲ။

အဓိကဆိုလိုရင်းကိုပြန်ချုပ်ရရင် - ဆရာတို့ InnoEd ရဲ့ SAT အတန်းက လုံးစုံဘက်စုံဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ထူကိုယ်ထ သင်ယူတတ်သူတယောက်ဖြစ်ဖို့ လိုအပ်တာမှန်သမျှ သင်ပေး၊ လေ့ကျင့်ပေးလိုက်တဲ့သင်တန်းပါ။ ရလာတဲ့ ပညာနဲ့ ဘာလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ ဆိုတာက ကျောင်းသူကျောင်းသား သင်ယူသူနဲ့ပဲ ဆိုင်ပါတယ်။

📌 SAT က IQ skill development training ဖြစ်တဲ့အတွက် knowledge development လိုမျိုး ဆရာပြောတာ ထိုင်မှတ်နေရုံနဲ့ မရဘဲ ကိုယ်တိုင်ကျင့်ဖို့လိုပါတယ်။

ကြိုးစားလေ့ကျင့်တာက ကျောင်းသူကျောင်းသားတွေရဲ့ အလုပ်၊ လေ့ကျင့်တဲ့ သင်တန်းကာလ ၁၂ ပတ်အပြင် စာမေးပွဲမဖြေမချင်းထိ ဘေးကနေ ပံ့ပိုးကူညီပေးနေတာကဆရာတို့အလုပ်ပါပဲ။ ဒီလိုပြောလို့လဲ self-study ဆိုပြီး စာတွေထိုင်ဖတ်ပြပြီး သင်တန်းကြေးညာယူပြီး ဂျင်းတာမျိုး မလုပ်ပါဘူး။ independent-learner ဖြစ်လာဖို့ စနစ်တကျသင်ပေးပါတယ်။

📌 စနစ်တကျစာလိုက်လုပ်ရင်၊ သေချာလေး ကြိုးစားအားထုတ်မှု စိုက်ထည့်ရင် ကမ္ဘာ့အများဆုံး ဆိုတဲ့ အမှတ်တွေထိရနိုင်ပါတယ်။

နိုင်ငံတကာပညာရေးအတွက် စနစ်တကျ၊ အထာကျကျ ကူးပြောင်းနိုင်ပြီး အောင်မြင်ချင်ရင် InnoEd က SAT အတန်းမှာတက်ပါ။

လောလောဆယ် အမှတ်ကောင်းရဖို့က အဓိက၊ နောက်ပြဿနာ နောက်မှရှင်းမယ် ဆိုရင် SAT သင်နေကြတဲ့ တခြားသင်တန်းကျောင်းတွေပေါပါတယ် လို့ပဲပြောပါရစေ။

ပညာရေး စီးပွါရေးဆိုတာက ကိုယ်လိုတာ ကိုယ်ဝယ်ကြတဲ့ ဝန်ဆောင်မှု စီးပွါးရေးအမျိုးအစားပါ။ လိုချင်တာရပြီး ပညာရေးလမ်းကြောင်းမှာ အဆင်ပြေကြဖို့က အဓိကပါပဲ။

16/05/2026

GED အောင်ပြီးသားသူတွေ ဘာကြောင့် Japan ကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတာကို InnoEd ရဲ့ partner EduHub မှ ရှင်းပြထားတာကို နားထောင်ကြည့်ပါရှင်။

15/05/2026

ဒီရက်ပိုင်း 09880032336 က ဘယ်လိုဖြစ်လို့လဲမသိ၊ ဖုန်းဆက်လို့မရဘူးဖြစ်တာကြောင့် - ဖုန်းနံပါတ်အသစ်လေး ထပ်တိုးပေးထားပါတယ်ရှင်။

ဖုန်းဆက်မရဖြစ်ပြီး စိတ်အနှောက်အယှက်ဖြစ်သွားသူများအနေနဲ့လဲ စိတ်မရှိပါနဲ့ရှင်။

👉Phone - 0943055902 ကို ပြောင်းလဲဆက်သွယ်လို့ရပါတယ်ရှင်။

InnoEd က digital online school ဖြစ်တဲ့အတွက် -
GED, SAT, IELTS အတန်းအပ်နှံဖို့ ဆက်သွယ်လိုသူများအနေဖြင့် -
📱09880032336, 09430455902
🔹Viber - 0943055902
🔹Telegram - 09880032336
🔹Facebook Messenger
🔹TikTok Message box (https://www.tiktok.com/?is_from_webapp=1&sender_device=pc)တို့မှ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင်။ 💙

14/05/2026

အတန်းမနက်ဖြန်စတော့မှာမလို့ အတန်းအပ်ထားပြီး telegram group မ join ရသေးရင် join ပေးကြပါရှင်။ ✨

September/ October မှာ SAT ဖြေပြီး ကျောင်းလျှောက်ချင်သူများအတွက် - SAT preparation အတန်းသစ်ကို မနက်ဖြန်မှာ စတင်ပါတော့မယ်။ Online (zoom) နဲ့သင်မယ့်အတန်းပါ။✨

အတန်းအကြောင်းအသေးစိတ်ကို comment မှာတင်ပေးထားပါတယ်ရှင်။

ထပ်မံသိချင်တာတွေရှိရင်လဲ comment or messenger or phone/ viber 09880032336 ကို ဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်။

InnoEd - A Bridge to Your Brighter Future!
Much Love 💙
Tr. Mary

14/05/2026

September/ October မှာ SAT ဖြေပြီး ကျောင်းလျှောက်ချင်သူများအတွက် - SAT preparation အတန်းသစ်ကို မနက်ဖြန်မှာ စတင်ပါတော့မယ်။ Online (zoom) နဲ့သင်မယ့်အတန်းပါ။✨

အတန်းအကြောင်းအသေးစိတ်ကို comment မှာတင်ပေးထားပါတယ်ရှင်။

ထပ်မံသိချင်တာတွေရှိရင်လဲ comment or messenger or phone/ viber 09880032336 ကို ဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်။

InnoEd - A Bridge to Your Brighter Future!
Much Love 💙
Tr. Mary

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Nawaday Street, Yawmingyi Ward, Dagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00