17/06/2026
“ရုပ်ရှင်ဇာတ်ကားရှည် Feature Film Project အတွက် Students On-The-Job Training နောက်ကွယ်မှ ပုံရိပ်များ” 🎬🎥
====
VCA ကျောင်းသား၊ ကျောင်းသူများရဲ့ On-The-Job Training မှာ ရိုက်ကူးထားသော Behind The Scenes ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်ရှင်။ ✨
Feature Film Project တွင် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေကို စာတွေ့သင်ယူရုံတင်မကဘဲ တကယ့်လုပ်ငန်းခွင်အတွေ့အကြုံတွေကိုပါ ကိုယ်တိုင်လေ့လာခွင့်ရခဲ့ကြပါတယ်။
ရိုက်ကူးရေးတွင်ပါရှိမည့် Script Team, Production Team, Costume Team, Editing Team နဲ့ Production Design Team စတဲ့ ဌာနအသီးသီးတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ရင်း Teamwork Skill, Communication Skill နဲ့ Professional Working Environment ကို အနီးကပ်လေ့လာသင်ယူခွင့် ရခဲ့ကြပါတယ်။
Production တစ်ခု အောင်မြင်စွာပြီးမြောက်ရန် လိုအပ်သော စည်းကမ်း၊ တာဝန်ယူမှုနှင့် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကိုလည်း လက်တွေ့ကျကျ လေ့ကျင့်သင်ယူခဲ့ကြပါတယ်။
VCA တွင် ရုပ်ရှင်အနုပညာဆိုင်ရာ အရေးပါသော ပညာရပ်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ အခြေခံကနေ စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။
ရုပ်ရှင်အနုပညာရပ်တွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ချင်တယ်ဆိုရင် VCA ကိုအရောက်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
"စိတ်ကူးအိပ်မက်မှသည် လက်တွေ့ပုံဖော်ဖန်တီးရာ"✨
သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို
Page Messenger (သို့မဟုတ်)
📞 09 444080889
📞 09 978691727
သို့ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါသည်။
#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ