01/08/2025
ရန်ကုန်စီးပွားရေးတက္ကသိုလ်၊မုံရွာစီးပွားရေးတက္ကသိုလ်၊မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊မိတ္ထီလာစီးပွားရေးတက္ကသိုလ်(မန္တလေးCampus/နေပြည်တော်Campus), စစ်ကိုင်းသမဝါယမတက္ကသိုလ် စသည်တို့မှာ ဖွင့်လှစ်တဲ့
MBA, MPA, MDevS, MMM, MHTM, MBF, MAS, MI စသည့် Graduate Management program မဟာဘွဲ့များအတွက် Campus or Online Course ဝင်ခွင့် စာမေးပွဲများအားလုံးကို ရေးဖြေ၊ နှုတ်ဖြေ နှစ်ခု ကျင်းပပြီး စစ်ဆေးကြပါတယ်။
ပထမပိုင်း ရေးဖြေကဏ္ဌမှာတော့ GMAT ကိုဖြေဆိုကြရပါတယ်။ ဒီစာမေးပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ program အလိုက် အောင်မြင်စွာ တက်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ သင်္ချာပိုင်းဆိုင်ရာ၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုဆိုင်ရာ (Critical Thinking) နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving Skills) တွေကို တိုင်းတာဖို့ ဖြစ်ပါတယ်။ GMAT ရမှတ်ဟာ ကိုယ်တက်ရောက်လိုတဲ့ ပရိုဂရမ်အတွက် ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြီလဲဆိုတာကို ပြသတဲ့ ကိုယ့်ရဲ့အရည်ချင်းတစ်ခု ဖြစ်ပါတယ်။
GMAT ရေးဖြေမှာ အဓိက Section (၃) ခု ပါဝင်ပြီး၊ Section တစ်ခုစီအတွက် တစ်နာရီအချိန်ပေးထားပါတယ်။ စုစုပေါင်း သုံးနာရီ ကြာမြင့်ပါတယ်။
1.Quantitative Reasoning (သင်္ချာပိုင်းဆိုင်ရာ တွေးခေါ်မှု)
ကြာချိန် တစ်နာရီ
Problem Solving လုပ်နိုင်စွမ်းကိုစစ်တာပါ။ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းရတာမျိုး။ အခြေခံဂဏန်းတွက်ချက်မှု (Basic Arithmetic): ရာခိုင်နှုန်း (Percentages), အချိုး (Ratios), ပျမ်းမျှ (Averages), အမြတ်/အရှုံး (Profit & Loss), အတိုးနှုန်း (Interest - Simple & Compound) တွက်ချက်မှုများ။
Data Sufficiency လိုမျိုး မေးခွန်းတစ်ခုဖြေဖို့ ပေးထားတဲ့ အချက်အလက်တွေက လုံလောက်မှုရှိမရှိ ဆုံးဖြတ်ရတာမျိုး။
Table (ဇယား)တစ်ခုကို အခြေခံပြီး မေးခွန်းတွေ ဖြေဆိုရတာမျိုး။
ဂရပ်များ၊ ပုံများ၊ ပန်းချီကားများကနေ အချက်အလက်ဖတ်ရှုပြီး ဖြေဆိုရတာမျိုး။
နှစ်ပိုင်းခွဲထားတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းရတာမျိုး
2. English Verbal Reasoning
ကြာချိန် တစ်နာရီ
Reading Comprehension လိုမျိုး ရှည်လျားတဲ့ ဆောင်းပါး (passage) တွေ ဖတ်ပြီး မေးခွန်းတွေ ဖြေဆိုရတာမျိုး။
Critical Reasoning လိုမျိုး တိုတောင်းတဲ့ အကြောင်းအရာတစ်ခုကို ပေးပြီး အဲဒီထဲက အားသာချက်/အားနည်းချက်၊ ယူဆချက် (assumption) တွေနဲ့ ကောက်ချက် (conclusion) တွေကို ဝေဖန်ပိုင်းခြား ဆန်းစစ်တာမျိုး တွေ။
Grammar & Vocabulary ပိုင်းလိုမျိုး ဝါကျဖွဲ့စည်းပုံ မှန်ကန်မှု၊ စကားလုံးရွေးချယ်နိုင်မှု၊ အမှားရှာဖွေနိုင်မှု၊ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်မှု (synonyms, antonyms) တွေကို စစ်ဆေးတဲ့ မေးခွန်းမျိုးတွေ။
Essay Writing / Report Writing လိုမျိုး ပေးထားတဲ့ ခေါင်းစဉ် (များသောအားဖြင့် စီးပွားရေး၊ လူမှုရေး၊ မူဝါဒဆိုင်ရာ) တစ်ခုအပေါ်မှာ သင်ရဲ့ အမြင် (argument) ကို ရှင်းရှင်းလင်းလင်းနဲ့ အင်္ဂလိပ်လို စနစ်တကျ ရေးသားခိုင်းတာမျိုး။ စီးပွားရေးလုပ်ငန်းသုံး အစီရင်ခံစာ (Business Report) ပုံစံ ရေးခိုင်းတာမျိုး။
Summary Writing ပုံစံ ပေးထားတဲ့ စာပိုဒ်ရှည်တစ်ခုကို အနှစ်ချုပ် ရေးခိုင်းတာမျိုး တွေမေးတတ်ပါတယ်။
3.ယုတ္တိဗေဒ (Logic / Logical Reasoning) အပိုင်း
ဖြေဆိုချိန် တစ်နာရီ
ယုတ္တိဗေဒကဏ္ဍက သင်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving Skills) ကို စစ်ဆေးတာ ဖြစ်ပါတယ်။ Analytical Reasoning ပုံစံ ပေးထားတဲ့ အချက်အလက်/အခြေအနေ ကနေ ယုတ္တိရှိရှိ စဉ်းစားပြီး မေးခွန်းတွေကို ဖြေတာမျိုး။Critical Reasoning ပုံစံ တိုတောင်းတဲ့ စာပိုဒ်တစ်ခု ပေးပြီး အဲဒီထဲကနေ ကောက်ချက် (Conclusion) ချခိုင်းတာ၊ အားဖြည့်တဲ့ အချက် (Strengthen the argument)၊ အားနည်းစေတဲ့ အချက် (Weaken the argument)၊ ယူဆချက် (Assumption) တွေကို ရှာခိုင်းတာမျိုး။
Pattern Recognition (Number/Letter Series) ဂဏန်း ဒါမှမဟုတ် အက္ခရာတွေကို စနစ်တကျ စီထားတဲ့ ပုံစံ (pattern) ကို ရှာဖွေခိုင်းပြီး နောက်ထပ် ဘာလာမလဲဆိုတာ မေးတာမျိုး။စကားလုံးဆက်စပ်မှု၊ ဆင်တူယိုးမှား (Analogies) တွေကို မေးတာမျိုးလည်း ပါနိုင်ပါတယ်။
ရေးဖြေ result အောင်သွားပြီဆိုရင် Viva နှုတ်ဖြေ ဖြေဆိုရမှာဖြစ်ပါတယ်။
နှုတ်ဖြေက တော့ English လိုဖြေဆိုကြရတာဖြစ်ပါတယ်။တီချယ်ကြီးတွေကိုယ်တိုင်မေးတတ်ပြီး MBA ဆို ပါချုပ်ကိုယ်တိုင် ပါဝင်မေးတတ်ပါတယ်
ကိုယ်ဘာလို့ ဒီ Master ဘွဲ့ကို ရွေးချယ်တာလဲ၊ ဘွဲ့ရပြီးရင် ဘာတွေလုပ်ဖို့ ရည်ရွယ်တာလဲဆိုတာကို မေးတတ်ပါတယ်။ YUEco ဟာ လက်တွေ့ကျပြီး အသုံးချပညာကို ဦးစားပေးတဲ့အတွက် မိမိရဲ့ Career Path နဲ့ ဒီ Master ဘွဲ့က ဘယ်လို အထောက်အကူပြုမလဲဆိုတာကို ချိတ်ဆက်ပြောဆိုနိုင်ဖို့လိုပါတယ်။ကိုယ့်ရဲ့လက်ရှိ အလုပ်ရာထူးနဲ့ပတ်သက်တဲ့ project အကြောင်းလည်း မေးတတ်ပါတယ်။
1.6.2025
်တန်းသစ်စတင်ဖွင့်နေပါပြီ