Improve English

Improve English

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Improve English, Education & Learning, Yangon.

13/04/2024
31/03/2024

April Fool's day အမှတ်တရလေးတွေ ရှိရင်ပြောပြခဲ့ကြပါအုံး။

26/03/2024

Active - Passive နဲ့ ပတ်သက်ရင် ‌ခုထိ ရောထွေးနေတုန်းပဲလား။

ကဲ....ဒါဆို telegram မှာ တင်ပေးထားတဲ့ file ကို down ပြီး ဖတ်ကြည့်ကြမယ်နော်။

Exercise တွေ ပါတာမို့လို့ ဖြေကြည့်ပြီး အဖြေလေးလဲ တိုက်ကြည့်ကြအုံးနော် 😉

Join our telegram channel 👇
https://t.me/improveEnglishedu

Active passive ရှင်းလင်းချက် 👇
https://t.me/improveEnglishedu/169

Active passive ဇယား 👇
https://t.me/improveEnglishedu/170

Improve English

24/03/2024

Relative clause Part (2)

1️⃣ The bicycle is quite old.
2️⃣ I ride the bicycle to school.
✅ The bicycle that I ride to school is quite old.
( Or )
✅ The bicycle I ride to school is quite old.
ဒီစာကြောင်းမှာ ရည်ညွှန်းချင်တဲ့ the bicycle က ‌object လို အလုပ်လုပ်တဲ့အတွက်ကြောင့် which ကို ဖြုတ်ထားလို့ရပါတယ်။

✴️✴️✴️✴️✴️✴️✴️

1️⃣People live longer.
2️⃣People live in rural areas.
✅ People who live in rural areas live longer.

ဒီနေရာမှာ ရည်ညွှန်းတဲ့ who က subject လို အလုပ်လုပ်တဲ့အတွက်ကြောင့် who ကိုဖြုတ်ရေးလို့မရပါ။
People live in rural areas live longer. ❎
live ဆိုတဲ့ verb က conjunction တစ်ခုခုနဲ့မဆက်ဘဲနဲ့ ၂လုံးတောင်ပါနေတဲ့အတွက် အဲ့ဒီလိုရေးလို့မရပါဘူး။
အကယ်၍ who ကို ဖြုတ်ရေးချင်တယ်ဆိုရင် ✅People living in rural areas live longer. ဒီလိုရေးလို့ရပါတယ်။

Improve English

18/03/2024

Can, could, shall, should, will, would, may, might, must စတဲ့ Modal verbs တွေရဲ့ အသုံးတွေကိုရှင်းပြထားတဲ့ link လေးတွေကို တစ်စုတစ်စည်းထဲ စုပေါင်းတင်ပြထားတာဖြစ်ပါတယ်။
👇👇👇

Can / could

https://www.facebook.com/110984611643910/posts/119695454106159/

Shall / will

https://www.facebook.com/110984611643910/posts/121486707260367/

Should

https://www.facebook.com/110984611643910/posts/122360557172982/

Would

https://www.facebook.com/110984611643910/posts/127087473366957/

May / might

https://www.facebook.com/110984611643910/posts/127135543362150/

Must

https://www.facebook.com/110984611643910/posts/128623366546701/

🌵🌵🌵

ဒါလေးက ပုံတွေဝါးနေလို့ Pdf လေး download ဆွဲချင်ရင် telegram မှာရှိပါတယ်။
https://t.me/improveEnglishedu/63

🌵🌵🌵

ဒါလေးကတော့ exercise လေးနဲ့ အဖြေပါ။
Question👇👇
https://www.facebook.com/110984611643910/posts/128676136541424/

Answer 👇👇
https://www.facebook.com/110984611643910/posts/129116229830748/

Join our Telegram link👇👇
https://t.me/improveEnglishedu

17/03/2024

Relative clause

Relative clause ဆိုတာ adjective clause တစ်မျိုးပဲ။
ဘယ်လိုမျိုးလဲဆိုရင် အောက်ကစာကြောင်းတွေကိုကြည့်လိုက်ရအောင်။

🟣The girl is wearing glasses.
🟣Do you know the girl?

🩷မိန်းကလေးက မျက်မှန်တပ်ထားတယ်။
🩷မိန်းကလေးကို မင်းသိလား။
အဲ့ဒီစာကြောင်းနှစ်ကြောင်းကို တစ်ကြောင်းထဲပေါင်းရေးမယ်။

🔰Do you know the girl who is wearing glasses?
🔰မျက်မှန်တပ်ထားတဲ့မိန်းကလေးကို မင်းသိလား။

စာကြောင်းနှစ်ကြောင်းမှာ အဓိကပြောချင်တာက the girl (မိန်းကလေး)ကို အဓိကထားပြီးပြောချင်တာ။ ဒီနေရာမှာ မိန်းကလေးရဲ့အကြောင်းကို ပိုတိတိကျကျပြောတဲ့အတွက် the girl ဆိုတဲ့ နာမ်ကို အထူးပြုသလိုဖြစ်တဲ့အတွက် adjective clause လို့လဲ ပြောလို့ရတယ်။ အထူးပြုတဲ့ noun or noun phrase က subject နေရာကလဲ ဖြစ်နိုင်သလို၊ object နေရာကလဲ ဖြစ်နိုင်ပါတယ်။

မိန်းကလေးက personဖြစ်တဲ့အတွက် who နဲ့ရေးတယ်။ that နဲ့ရေးလဲရတယ်။
အကယ်၍ ဒီနေရာမှာ သက်မဲ့ဖြစ်ခဲ့ရင် အဲ့ဒါကို which သို့မဟုတ် that နဲ့ ရေးတယ်။
(That ဆိုတဲ့စကားလုံးကတော့ လူရော သက်မဲ့ရော ၂ခုလုံးမှာသုံးလို့ရတယ်။)

🌟 အဲ့ဒီ who/that ကို မြှုပ်ပြီးရေးလို့လဲရတယ်။ ( မြှုပ်ပြီးရေးလို့မရတဲ့စာကြောင်းတွေလဲရှိတယ်။ အဲ့ဒါကိုနောက်postတစ်ခုမှာ သပ်သပ်ရှင်းပြပါမယ်ခင်ဗျာ။ )

💭 နောက်ထပ်စာကြောင်းလေးတွေ လေ့လာကြည့်ရအောင်။
1️⃣ We live in a house that has a big garden.
2️⃣ She has a son who is a doctor.
3️⃣ We ate all the cupcakes which I baked.
4️⃣ The cupcakes, which I baked, had bue liners.
ဒီနေရာမှာဆို subject နေရာမှာရှိလို့ which စာကြောင်းကို comma , နဲ့ ရေးထားတာပါ။

Join our telegram link
👇👇👇👇
https://t.me/improveEnglishedu

Have a nice day!

Improve English

12/03/2024

Happy ဆိုတာနဲ့ ပျော်တာ တစ်မျိုးထဲသုံးနေတော့မှာလား။

🩷happy ဆိုတာ adjective
noun အနေနဲ့ ဆိုရင်တော့ happiness လို့ သုံးတယ်။
happy ကို -ly ပေါင်းထည့်လိုက်ရင် adverb ဖြစ်သွားတယ်။
ဒါတွေကတော့ လူတိုင်းသိပြီးသားပါ။

🩷ကဲ မသိသေးတာကတော့ happyကို တခြားစကားလုံးတွေနဲ့တွဲတဲ့အခါ ဘာတွေဖြစ်သွားမလဲ လေ့လာကြည့်ရအောင်။

🩷happy medium = အစွန်းမရောက်သော မျှတသော အလယ်အလတ်လမ်းစဉ်
eg. The teacher reached a happy medium between making the test too difficult and making it too easy.

🩷happy hour (noun) = တစ်နေ့တာအတွင်း အရက်ဆိုင်တစ်ဆိုင်မှ အရက်ကိုဈေးလျှော့၍ရောင်းသောအချိန်

🩷happy-go-lucky (adj) = ဘဝကို အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာမတွေးဘဲ ပျော်ရွှင်စွာနေထိုင်သော
eg. My best friend is a very happy-go-lucky guy.

Improve English

Photos from Improve English's post 13/08/2023

Super Sunday ဖြစ်သော်လည်း နက်ဖန် Monday ဆိုတာကို သတိရလိုက်သောအခါ

Improve English

Photos from Improve English's post 01/08/2023

ဒါလေးတွေနဲ့ အစားထိုးပြီးပြောရအောင်။

I'm ready လို့ သုံးမယ့်အစား

🔴 I am prepared.

🟠 I am all set.

🟡 I am good to go.

🟢 I am fully prepared.

🔵 I am eager and prepared.

🟣 I am set to start.

🟤 I am geared up.

⚫ I am in a state of readiness.

⚪ I am raring to go.

ဒီစာကြောင်းတွေသုံးပြီး ပြောရအောင်နော်။

Happy learning!

Improve English

Photos from Improve English's post 29/07/2023

ပိတ်ရက်လေးမှာ comics ဖတ်ပြီး ‌အေးဆေး အနားယူကြမယ် ❤️❤️

ဒီစာအုပ်လေးတွေကို telegram channel မှာ download ဆွဲပြီးဖတ်ရှုလို့ရပါတယ်။ 👇
https://t.me/improveEnglishedu/144?single


Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00