M School

M School 𝐖𝐡𝐞𝐫𝐞 𝐅𝐚𝐦𝐢𝐥𝐢𝐞𝐬 𝐆𝐫𝐨𝐰 𝐒𝐭𝐫𝐨𝐧𝐠𝐞𝐫, 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫! မိသားစု အားလုံးအတွက် M School အနာဂတ်ကောင်း ပုံဖော်ဖို့ ဘဝစွမ်းရည် သင်ယူစို့

22/06/2026

ဒီကနေ့ခေတ်မှာ Social Emotional Learning ကို ဘာကြောင့်သင်ကြားပေးဖို့လိုအပ်တာလဲ❓

လူတစ်ယောက်မှာ အရေးကြီးတဲ့ Social Emotional Learning ဆိုတာက…
✅ကလေးတစ်ယောက်မှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ခွဲခြားသိအောင်၊
✅ကိုယ့်ရဲ့ အချိန်တွေ၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းရှိအောင်၊
✅ပတ်ဝန်းကျင်အခြေအနေတွေကို နားလည်သိရှိအကဲခတ်တတ်လာအောင်၊
✅လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်တိုးတက်လာအောင်၊
✅မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ကိုယ်တိုင်ချမှတ်နိုင်အောင်ကို သင်ကြားပေးတာပဲဖြစ်ပါတယ်။

M School မှာဆိုရင် ဒီလိုမျိုး ဘဝအတွက် အရေးကြီးတဲ့ Social Emotional Learning ကို ဘယ်လိုနည်းလမ်းလေးတွေနဲ့ အဆင့်ဆင့်သင်ကြားပေးနေလဲဆိုတာကို ဒီ Video လေးထဲမှာ Coach Su က အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ အခုပဲ Click လုပ်ပြီး ကြည့်ရှုလိုက်ပါဦးနော် 📹

ဒီ video လေးကို အဆုံးထိကြည့်ရှုပြီး မိမိတို့ရဲ့ ရင်သွေးငယ်တွေကို “Learn, Lead, and Master Life” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးချင်တယ်ဆိုရင် အခုပဲ Comment မှာ “Yes” လို့ မန့်ခဲ့ပေးပါနော်✅

🏫𝐌 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐩𝐮𝐬 များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ဆက်သွယ်ရန် ရုံးဖုန်း
09267494650, 09-978197640

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚


#လူချွန်လူမွန်Summer Camp

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 💚ဖေဖေဟာ သားသမီးတွေအတွက်တော့ ဘဝကို လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ လူသားတစ်ဦးပါ..ကလေးဘဝကစလို့ အခုအချိန်အ...
21/06/2026

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫'𝐬 𝐃𝐚𝐲 💚

ဖေဖေဟာ သားသမီးတွေအတွက်တော့ ဘဝကို လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့ လူသားတစ်ဦးပါ..

ကလေးဘဝကစလို့ အခုအချိန်အထိ ဖေဖေနဲ့ အမှတ်တရတွေကတော့ ဘဝတစ်လျှောက်လုံးမှာ မမေ့နိုင်စရာတွေပါပဲ✨

ကျွန်မတို့ ဘဝခရီးလမ်းမှာ လမ်းပျောက်နေတဲ့အခါ အားငယ်နေတဲ့အခါတိုင်းမှာ မီးပြတိုက်တစ်ခုလို လမ်းပြပေးခဲ့တာ ဖေဖေ့ရဲ့ ဆုံးမစကားတွေပါ။

ဘဝမှာ အခက်အခဲကြုံတိုင်း လက်တွဲခေါ်ပေးခဲ့သလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်လည်း အားပေးခဲ့တယ်။

အောင်မြင်ချိန်မှာ အောက်ခြေမလွတ်ဖို့နဲ့ ကျရှုံးချိန်မှာ စိတ်ဓာတ်မကျဖို့လည်း အဖေက ခွန်အားပေးခဲ့တယ်။

ဒါပေမဲ့ ကျွန်မတို့ကတော့ ဖေဖေ့ကို ချစ်တယ်လို့ ခဏခဏ မပြောဖြစ်ခဲ့ကြပါဘူး။

ဒါကြောင့် ဒီနေ့လေးမှာတော့ ဖေဖေ့ကို မပြောပြဖြစ်တဲ့ ချစ်တဲ့အကြောင်းတွေ၊ မှတ်ဉာဏ်မှာ စွဲထင်ကျန်နေတဲ့ အမှတ်တရဖြစ်ရပ်လေးတွေကို Comment မှာ ရင်ဖွင့်ပြောပြခဲ့ကြရအောင်နော်💚

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚

’sday #အဖေများနေ့

20/06/2026

မိဘတို့ရေ smart ဖြစ်တဲ့ ခေတ်မိဘတွေဖြစ်ပြီလားဆိုတာသိနိုင်ဖို့ အခုမေးမဲ့ မေးခွန်းလေးတွေကို ဖြေကြည့်ပါ။

ကလေးကို ဂိမ်းမဆော့ဖို့တားတဲ့အခါ ကလေးကလက်မခံဘဲ အော်ဟစ်ငိုယိုနေရင် မိဘတို့အနေနဲ့ ဘယ်လိုမျိုးတုံ့ပြန်ဖြစ်လဲ?

(A) ကလေးထက် အသံပိုကျယ်အောင် အော်ဟစ်ပြီး "ငါက မင်းမိဘပဲ၊ ငါခိုင်းတာ လုပ်ရမယ်" လို့ ပြောမယ်။
(B) ကလေးရဲ့ အနားကို အေးအေးဆေးဆေးသွားပြီး "ဂိမ်းဆော့ရတာ ပျော်ဖို့ကောင်းတာကို နားလည်တယ်၊ ဒါပေမဲ့ မေမေတို့ သဘောတူထားတဲ့ အချိန်က ပြည့်သွားပြီနော်” လို့ အေးအေးဆေးဆေး ရှင်းပြမယ်။
(C) ကလေးက ပြန်အော်လို့ စိတ်မကောင်းဖြစ်ပြီး ဘာမှမပြောတော့ဘဲ လွှတ်ထားလိုက်မယ်။
(D)ကလေးကို နောက်တစ်ပတ်လုံး ဂိမ်းလုံးဝမဆော့ရဘူးလို့ ချက်ချင်း အပြစ်ပေးလိုက်မယ်။

ခေတ်မိဘတို့ရေ…
ဒီအချက်တွေထဲက ဘယ်နည်းလမ်းကို
ရွေးချယ်မိကြလဲဆိုတဲ့
Comment မှာ ကိုယ့်ရဲ့အမြင် နဲ့
ရွေးလိုက်တဲ့နံပါတ်လေးကိုရေးခဲ့နော်။

🏫𝐌 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐩𝐮𝐬 များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ဆက်သွယ်ရန် ရုံးဖုန်း
09267494650, 09-978197640

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚



&A

ကလေးကို ဆူလိုက်ရုံနဲ့ ပြဿနာက တကယ်ပြေလည်သွားမှာလား❓တစ်ခါတလေ ကလေးတွေ ဖုန်းအကြာကြီးကြည့်ရင် မိဘတွေက စိတ်ပူပြီး လေသံမာမာနဲ့ ...
19/06/2026

ကလေးကို ဆူလိုက်ရုံနဲ့ ပြဿနာက တကယ်ပြေလည်သွားမှာလား❓

တစ်ခါတလေ ကလေးတွေ ဖုန်းအကြာကြီးကြည့်ရင် မိဘတွေက စိတ်ပူပြီး လေသံမာမာနဲ့ အော်မိတတ်ကြပါတယ်။

အဲဒီအခါ ကလေးကလည်း “ငါ့ကိုပဲ အမြဲအပြစ်ပြောနေတယ်” ဆိုပြီး စိတ်ဆိုး၊ စိတ်ပျက်သွားတတ်ပါတယ်။

ဒီလိုနဲ့ပဲ မိဘနဲ့ သားသမီးကြားမှာ ဆက်ဆံရေးတွေ တဖြည်းဖြည်း ဝေးကွာလာနိုင်ပါတယ်။

ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?

ကလေးကို “နားထောင်ရဲတဲ့သတ္တိ” နဲ့ မိဘကို “ရင်ဖွင့်ပြောရဲတဲ့သတ္တိ” ဆိုတဲ့ ဘဝစွမ်းရည်ကိုသာ သင်ပေးထားမယ်ဆိုရင် အိမ်ထဲက ရန်ပွဲတွေကနေ နွေးထွေးတဲ့ နားလည်မှုတွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

နားထောင်ရဲတဲ့ သတ္တိဆိုတာက..
တစ်ဖက်လူရဲ့ ပြောစကားကို သေသေချာချာနားလည်အောင် ပထမဆုံးနားထောင်တတ်ဖို့ လေ့ကျင့်ပေးရပါမယ်။

ပြောရဲတဲ့ သတ္တိဆိုတာကတော့..
မိမိရဲ့ ခံစားချက်နဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို သူတစ်ပါးနားလည်အောင် တည်တည်ငြိမ်ငြိမ် ထုတ်ဖော်ပြောဆိုတတ်ဖို့ပဲ ဖြစ်ပါတယ်။

မိဘတို့အနေနဲ့ ကလေးနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့အတွက် ဒီ (၃) ချက်ကို သုံးကြည့်ပါ။
(၁) အမိန့်ပေးမဲ့အစား ခံစားချက်ကိုပြောပါ။
ဖုန်းချတော့" လို့ အော်မဲ့အစား "သမီး ဖုန်းအကြာကြီးကြည့်တော့ မေမေက မျက်စိထိခိုက်မှာ စိတ်ပူလို့ပါ" လို့ ရှင်းပြပေးပါ။

(၂) ကလေးရဲ့ စကားကို နားထောင်ပေးပါ။
ကလေးက သူ့ခံစားချက်ကို ပြောပြလာတဲ့အခါအသိအမှတ်ပြုပေးပါ။

(၃) သဘောတူညီချက်ယူပါ။
မိဘနဲ့သားသမီး နှစ်ဦးနှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အဖြေတစ်ခုရလောင် ညှိနှိုင်းဆွေးနွေးပါ။

📌ဖေဖေ၊ မေမေတို့ရေ... ဒီလို အလေ့အကျင့်ကောင်းလေးတွေကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးထားမယ်ဆိုရင် ခိုင်မာတဲ့ မိသားစုဆက်ဆံရေးကို တည်ဆောက်နိုင်မဲ့အပြင် ကလေးကိုယ်တိုင်လည်း တခြားသူတွေနဲ့ပါ ညှိုနှိုင်းအဖြေရှာတတ်တဲ့ Problem Solving Skill တွေ တိုးတက်လာပါလိမ့်မယ်။

ကိုယ့်ရဲ့ရင်သွေးငယ်တွေကို ဒီလိုအဖိုးတန်တဲ့ ဘဝစွမ်းရည်တွေ သင်ပေးဖို့ Ready ပဲဆိုရင် Comment မှာ "Yes" လို့ မန့်ခဲ့ပါနော် ဖေဖေ၊ မေမေတို့ရေ….💚

🏫𝐌 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐩𝐮𝐬 များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ဆက်သွယ်ရန် ရုံးဖုန်း
09267494650, 09-978197640

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚

18/06/2026

မိဘတို့ရေ… ကိုယ့်ရဲ့ ဆုံးမစကားကို ကလေးက နားမထောင်ဘဲ ပြန်အော်တာ၊ ဂျစ်တိုက်တာမျိုး ကြုံရတဲ့အခါ ဘယ်လိုမျိုး တုံ့ပြန်ဖြစ်ကြလဲ❓

ဒီလိုအချိန်မှာ ကလေးနဲ့အတူ အပြန်အလှန် အော်ဟစ်ရန်ဖြစ်လိုက်မယ်ဆိုရင် ပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် မိဘနဲ့ ကလေးကြား နားလည်မှုပိုလွဲသွားစေနိုင်သလို ကလေးရဲ့ စိတ်ထဲမှာလည်း “ငါ့ကို ဘယ်သူကမှ နားမလည်ကြဘူး” ဆိုတဲ့ အတွေးမျိုးတွေ ဝင်ရောက်သွားနိုင်ပါတယ်။

ကလေးတွေရဲ့ ဦးနှောက်ဟာ ခံစားချက်ကို ထိန်းချုပ်တဲ့နေရာမှာ အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် စိတ်ပျက်တာ၊ ပင်ပန်းတာ၊ ဝမ်းနည်းတာတွေကို စကားလုံးနဲ့ အေးအေးဆေးဆေး မဖော်ပြတတ်တဲ့အခါ "အော်ဟစ်ငိုယိုခြင်းနဲ့ပဲ ဖော်ပြတတ်ကြပါတယ်။

ဒါကို မိဘတွေက "ငါ့ကို ရိုသေမှုမရှိတာ၊ စကားမနားထောင်တာ" လို့ အထင်မှားပြီး ပြန်အော်မိတဲ့အခါ မိဘနဲ့သားသမီးကြား ပိုပြီး နားလည်မှုလွဲနိုင်ပါတယ်။

📌ဒါကြောင့် "အော်ဟစ်ခြင်း" နဲ့ ဆုံးမတာထက် "နားလည်ပေးခြင်း" နဲ့ လမ်းပြတာက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုမိုကျန်းမာသန်စွမ်းစေပြီး မိဘနဲ့ ကလေးကြား သံယောဇဉ်ကို ပိုမိုခိုင်မြဲစေနိုင်ပါတယ်နော်။

ဖေဖေ၊ မေမေတို့ရေ …ဒီနေ့ကစပြီး ကိုယ့်ရဲ့ကလေးနဲ့ ဆက်ဆံရေး ပိုမိုနွေးထွေးစေဖို့ နားလည်မှုအပြည့်နဲ့ မေတ္တာတရားကို ပြသဖို့အဆင်သင့်ပဲဆိုရင် Comment မှာ Yes လို့ မန့်ခဲ့ပါဦး။

ဒီ Post လေးက မိဘတို့အတွက် အကျိုးရှိခဲ့တယ်ဆိုရင် တခြားမိဘတွေလည်းသိရအောင် ပြန် Share ပေးခဲ့ဖို့လည်း မမေ့နဲ့နော်✅

🏫𝐌 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐩𝐮𝐬 များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ဆက်သွယ်ရန် ရုံးဖုန်း
09267494650, 09-978197640

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚


(၂)လအတွင်း မှတ်ဉာဏ်စွမ်းရည်တိုးတက်ပြီးလေ့လာသင်ယူမှုမှာပျော်ရွှင်တဲ့ကလေးဖြစ်လာအောင် ဘယ်လိုမျိုး ပံ့ပိုးပေးနိုင်မလဲ❓⚠️ကလေး...
17/06/2026

(၂)လအတွင်း မှတ်ဉာဏ်စွမ်းရည်တိုးတက်ပြီးလေ့လာသင်ယူမှုမှာပျော်ရွှင်တဲ့ကလေးဖြစ်လာအောင် ဘယ်လိုမျိုး ပံ့ပိုးပေးနိုင်မလဲ❓

⚠️ကလေးက screen time များပြီး ကျောင်းသင်ခန်းစာတွေကို စိတ်ဝင်စားမှုအားနည်းလာတယ်။
⚠️မှတ်ဉာဏ်စွမ်းရည်တွေ အားနည်းလာတယ်။
⚠️အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာတယ်။
⚠️နေ့စဉ်တာဝန်တွေကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်စွမ်း မရှိဘူး။
⚠️အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းလည်း အားနည်းတယ်။

ဒါ့အပြင်
မိဘတွေကလည်း
ကလေးအသက်အရွယ်အလိုက်
သိထားသင့်တဲ့ S*x Education ကို
မသင်ပေးမိလို့
ဘဝမှာ အမှားတွေနဲ့ ကြုံတွေ့ရမှာကို
စိုးရိမ်နေကြရပါတယ်။

ဒါကြောင့် အချိန် (၂)လ ပေးပြီးတာနဲ့
ကလေးရဲ့ အနာဂတ်အတွက်
အရေးကြီးတဲ့ ဘဝစွမ်းရည်တွေကို
အုတ်မြစ်ချသင်ကြားပေးနိုင်ဖို့
အမျှော်အမြင်ရှိတဲ့ ခေတ်မိဘတိုင်း
တောင်းဆိုနေကြတဲ့
လူချွန်လူမွန် 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐚𝐦𝐩 𝐁𝐚𝐭𝐜𝐡 (𝟑) ကို
ထပ်မံဖွင့်လှစ်ပေးလိုက်ပါပြီ။

M School ရဲ့ လူချွန်လူမွန် 𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐚𝐦𝐩 ဆိုတာ
(၁) မိမိကိုယ်ကို စီမံခန့်ခွဲနိုင်မှု
တာဝန်ယူမှုမှာ ပိုင်နိုင်တဲ့
နေ့စဉ်အလေ့အကျင့်ကောင်းတွေ။
(၂) ဘဝအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့
မှန်ကန်တဲ့ စိတ်နေစိတ်ထားနဲ့ စိတ်ခွန်အားတွေ။
(၃) ဘယ်ပြဿနာပဲလာလာ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွေ။
(၄) ၂၁ ရာစုမှာ အလိုအပ်ဆုံးဖြစ်တဲ့ Public Speaking Skillတွေ။
(၅) မိမိရဲ့ ကိုယ်ခန္တာအကြောင်းကို သဘောပေါက်ပြီး အန္တရာယ်တွေကိုကာကွယ်နိုင်မဲ့ အသိဉာဏ်ကိုပေးမဲ့ S*x Education
(၆) စူးစမ်းလေ့လာလိုစိတ်နဲ့
တီထွင်ဖန်တီးမှုစွမ်းရည်ကိုမြှင့်တင်ပေးမဲ့အပြင်
(၇) ကျောင်းစာတွေကိုလည်း အချိန်တိုအတွင်းမှတ်မိစေမဲ့ မှတ်ဉာဏ်စွမ်းရည်တွေကို
စနစ်တကျလေ့ကျင့်ပေးမဲ့
ကလေးတိုင်းအတွက် အသင့်တော်ဆုံး
လူချွန်လူမွန် Summer Camp ပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းပိတ်ရက်တွေမှာ
ဘဝတစ်ခုလုံးစာအတွက် အကျိုးရှိစေမဲ့
စာဖတ်တဲ့အလေ့အကျင့်ကို
ပျိုးထောင်ပေးမဲ့ Book Club တွေလည်းပါဝင်တာမို့
တန်ဖိုးအရှိဆုံး အလေ့အကျင့်တွေနဲ့ပြည့်ဝတဲ့
လူချွန်လူမွန်တို့ဆုံစည်းရာ
Summer Camp လို့ဆိုနိုင်ပါတယ်။

သတင်းကောင်းတစ်ခုကတော့
Summer Camp Batch (1)နဲ့ Batch (2) ကို
မမီလိုက်သူတွေအတွက်
နောက်ထပ်အခွင့်အရေးတစ်ခုအနေနဲ့
June လ မှာ ထပ်မံဖွင့်လှစ်ပေးလိုက်တဲ့
လူချွန်လူမွန်𝐒𝐮𝐦𝐦𝐞𝐫 𝐂𝐚𝐦𝐩 𝐁𝐚𝐭𝐜𝐡 (𝟑) ကို
အခုကတည်းက အမြန်ဆုံးအပ်နှံထားမယ်ဆိုရင်
𝐂𝐚𝐬𝐡 𝐁𝐚𝐜𝐤 (၂)သိန်းကျပ် ရရှိဦးမှာဖြစ်ပါတယ်။

ဖေဖေ၊ မေမေတို့ရေ…
ကျောင်းသားဦးရေ
အကန့်အသတ်ရှိတာမို့
သားသား၊ မီးမီးတွေကို
ကျောင်းစာမေးပွဲတွေမှာတင်မကဘဲ၊
ကလေးကြီးပြင်းလာတဲ့အခါ
ရင်ဆိုင်ရမဲ့ တကယ့်လက်တွေ့ဘဝမှာ
အမြဲတမ်း အသုံးဝင်နေမဲ့
တန်ဖိုးရှိတဲ့ ဘဝစွမ်းရည်တွေကိုသင်ကြားရင်း
ကျောင်းပိတ်ရက်တွေကို အကျိုးရှိရှိကုန်ဆုံးနိုင်ဖို့
အခုပဲ Comment မှာ “လူချွန်လူမွန်” လို့မန့်ပြီး
အမြန်ဆုံး စာရင်းသွင်းခဲ့လိုက်တော့နော်
________________________
“လူချွန်လူမွန်” Summer Camp ကာလ
(၂)လ၊ နာရီပေါင်း (၂၆)နာရီ
________________________
Campတွင် တက်ရောက်နိုင်သော ကလေးအသက်အရွယ်
အသက် (၅) နှစ် မှ အသက် (၁၄) နှစ်အထိ
________________________
တက်ရောက်နိုင်သော Campus များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ ဆက်သွယ်ရန် ရုံးဖုန်း
09267494650, 09-978197640
________________________
အသေးစိတ်ဆက်သွယ်စုံစမ်းချင်ရင်တော့
https://tinyurl.com/MSchoolMessenger
မှာ မိမိကလေး အမည်/အသက်/ဖုန်းနံပါတ် တို့ကိုပေးပို့ပြီးမေးမြန်းနိုင်ပါတယ်။

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့💚


#လူချွန်လူမွန်SummerCamp

16/06/2026

M School ဆိုတာ ဘယ်လိုကျောင်းမျိုးလဲ❓

M School မှာ ဘာတွေ သင်ကြားပေးနေတာလဲ❓

ဒါတွေကတော့ မိဘတွေ အမေးများဆုံး မေးခွန်းလေးတွေပါပဲ။

ဒီနေ့ခေတ် ကလေးငယ်တွေဟာ နည်းပညာတွေ၊ လူမှုကွန်ရက်တွေကြားမှာ ကြီးပြင်းလာရတဲ့အတွက် အရင်ခေတ်တွေနဲ့မတူတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပါတယ်။

💢စာမေးပွဲအမှတ်တွေအပေါ်မှာပဲ အဓိကအာရုံစိုက်နေရလို့ တကယ့်ဝါသနာကို ပျောက်ဆုံးနေတာ။
💢Phone, laptop နဲ့ IPad တွေနဲ့ Screen Time များပြီး လူမှုဆက်ဆံရေးပိုင်းမှာ အားနည်းတာ။
💢သူငယ်ချင်းတွေကြား အငြင်းပွားမှုတွေ ကြုံလာရရင် ဘယ်လိုဖြေရှင်းရမှန်းမသိတာ။
💢အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ရမယ့်နေရာတွေမှာ အသားမကျတာ။
💢အချိန်ကို စနစ်တကျ မစီမံခန့်ခွဲတတ်တာ။

ဒီလို စိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့အတွက် M Schoolမှာ အသက်အရွယ်အလိုက် သိသင့်သိထိုက်တဲ့ Life Skills တွေကို သင်ကြားပေးနေတဲ့အကြောင်းကို ဒီ Video လေးထဲမှာ Coach Thivi က အသေးစိတ်ပြောပြပေးထားပါတယ်။

ဒါကြောင့် ဒီ video လေးကို အဆုံးထိကြည့်ရှုပြီး မိမိတို့ရဲ့ ရင်သွေးငယ်တွေကို “Learn, Lead, and Master Life” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးချင်တယ်ဆိုရင် အခုပဲ Comment မှာ “Yes” လို့ မန့်ခဲ့ပေးပါနော်✅

🏫𝐌 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐩𝐮𝐬 များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ဆက်သွယ်ရန် ရုံးဖုန်း
09267494650, 09-978197640

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚


#လူချွန်လူမွန်SummerCamp

15/06/2026

စာဖတ်တဲ့အလေ့အကျင့်ဆိုတာ
ငယ်စဉ်ကတည်း စနစ်တကျပျိုးထောင်ပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်✨

M School ရဲ့ လူချွန်လူမွန် Summer Camp မှာပါဝင်တဲ့ Summer Book Club မှာဆိုရင် Smart Kids လေးတွေက နေ့စဉ်စာဖတ်အလေ့အကျင့်ကောင်းတွေနဲ့ သုတ၊ရသ ဗဟုသုတတွေ ပြည့်ဝနေကြပါပြီ။

ငယ်စဉ်ကတည်းက
စာဖတ်တဲ့အလေ့အထရှိတဲ့ ကလေးဟာ
စိတ်ကူးစိတ်သန်း၊ ကိုယ်ချင်းစာတရားနဲ့
ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်းတွေမှာအထူးကောင်းမွန်နေတတ်ပါတယ်။

M school Coach တွေရဲ့
Coaching နည်းစနစ်တွေကနေတစ်ဆင့်
တက်ကြွတဲ့ Energy တွေ၊
လက်တွေ့ကျတဲ့ အလေ့အကျင့်ကောင်းတွေကိုတည်ဆောက်ပြီး
အနာဂတ်အတွက်
အကောင်းဆုံး ပြင်ဆင်နေတဲ့
Smart Kids လေးတွေကို
ဖေဖေ၊မေမေတို့အားလုံးကနေ
ဂုဏ်ပြုပေးကြရအောင်နော်💚

M School ဆိုတာ
အသက် ၅နှစ်မှ ၁၇နှစ်အရွယ်
သားသားမီးမီးလေးတွေရဲ့ အနာဂတ်ကောင်းကို
ပုံဖော်ပေးနိုင်ဖို့ ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ ဘဝစွမ်းရည်တွေကို စာတွေ့သာသင်ကြားခြင်းမဟုတ်ဘဲ
Coaching Technique နဲ့အညီ
Professional Certified Coach တွေကိုယ်တိုင် သွန်သင်လမ်းပြပေးလျက်ရှိပါတယ်။

ခေတ်မိဘတို့ရေ…
(၂)လအတွင်း ကလေးရဲ့
စာဖတ်ဝါသနာကို
ပျိုးထောင်ပေးရင်း
ထူးချွန်အောင်မြင်တဲ့ Smart Kid ဖြစ်အောင်ပံ့ပိုးချင်ရင်တော့
အခုပဲ “Yes” လို့မန့်ခဲ့ပါနော်✅

🏫𝐌 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐩𝐮𝐬 များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ဆက်သွယ်ရန် ရုံးဖုန်း 09267494650, 09-978197640

~အနာဂတ်ကောင်းပုံဖော်ဖို့ ဘဝစွမ်းရည်သင်ယူစို့ 💚


#လူချွန်လူမွန်SummerCamp

14/06/2026

M School မှာ တက်ရောက်ပြီးနောက်ပိုင်း ဘယ်လိုတွေ တိုးတက်ပြောင်းလဲလာသလဲ❓

သမီးလေး ယမင်းသူကတော့ သွက်လက်ထက်မြက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး လေ့လာသင်ယူမှုမှာ ပျော်ရွှင်တဲ့ ကလေးတစ်ယောက် ဖြစ်လို့နေပါပြီ။

ဒီအရည်အချင်းတွေက သမီးလေးကို အနာဂတ်မှာ ထူးချွန်ထက်မြက်ပျော်ရွှင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာစေမှာ သေချာပါတယ်။

အခုလိုမျိုး ဘဝစွမ်းရည်တွေပြည့်ဝတဲ့ ကလေးတစ်ယောက်ဖြစ်အောင် M School နဲ့အတူတူ ပျိုးထောင်ပေးတဲ့ သမီးလေးရဲ့ ဖေဖေနဲ့ မေမေကိုလည်း M School မှ အထူးဂုဏ်ယူမိပါတယ်။

M School ဆိုတာ ဘဝစွမ်းရည်တွေကို စာတွေ့သာသင်ကြားခြင်းမဟုတ်ဘဲ ကလေးတွေရဲ့အတွေးတစ်ခုချင်းစီတိုင်းကို ပြောင်းလဲပြုပြင်ပေးနိုင်ဖို့
Coaching Technique နဲ့အညီ
Professional Certified Coach တွေကိုယ်တိုင် သွန်သင်လမ်းပြပေးလျက်ရှိပါတယ်။

ခေတ်မိဘတို့ရေ….
(၂)လအတွင်း သင့်ရဲ့ကလေးကို
ထူးချွန်အောင်မြင်တဲ့ Smart Kid ဖြစ်အောင်ပံ့ပိုးချင်တယ်ဆိုရင်
အခုပဲ Comment မှာ“Yes” လို့မန့်ခဲ့ပါနော်။

အသေးစိတ်ဆက်သွယ်စုံစမ်းချင်ရင်တော့
https://tinyurl.com/MSchoolMessenger
မှာ မိမိကလေး အမည်/အသက်/ဖုန်းနံပါတ် တို့ကိုပေးပို့ပြီးမေးမြန်းနိုင်ပါတယ်။

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚


13/06/2026

❝ကလေးရဲ့ အပြောင်းအလဲကောင်းတစ်ခုက မိဘအတွက်တော့ အကြီးမားဆုံး ဆုလာဘ်ပါပဲ❞

အခုဆိုရင်
လူချွန်လူမွန် Summer Camp ကြောင့် ကျောင်းပိတ်ရက် (၃) လတာကာလအတွင်းမှာ သားသားမီးမီးတွေရဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့ တကယ်ကို အံ့ဩလောက်စရာပါ။

မိဘကို ကူညီတတ်လာတာ၊
ကိုယ့်ကိုယ်ကိုယ်တာဝန်ယူတတ်လာတာ၊ ပိုပြီး ယုံကြည်မှုရှိရှိနဲ့
Teamwork ကောင်းကောင်း လုပ်ဆောင်တတ်လာတာတွေက
လူချွန်လူမွန် Summer Camp ရဲ့ အောင်မြင်မှု အသီးအပွင့်တွေပါပဲ🎉

ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ
အသုံးချနိုင်ခဲ့တဲ့ Smart Kid လေးတွေရဲ့တိုးတက်ပြောင်းလဲမှုကို ကြည့်ပြီး
ပီတိဖြစ်နေရတဲ့ မိဘတို့ရဲ့
စကားသံတွေကို
အောက်က video လေးထဲမှာ
အတူတူ နားဆင်ကြည့်လိုက်ရအောင်နော်။ 👇

ဖေဖေ၊ မေမေတို့ရေ..
ကိုယ့်ရဲ့ သားသား၊ မီးမီးလေးတွေကိုလည်း အပြုအမူကောင်း၊
အလေ့အကျင့်ကောင်းလေးတွေရရှိအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့
အဆင်သင့်ပဲဆိုရင်
Comment မှာ Yes လို့ မန့်ခဲ့ပေးနော်✅

🏫𝐌 𝐒𝐜𝐡𝐨𝐨𝐥 𝐂𝐚𝐦𝐩𝐮𝐬 များ
📌ရန်ကုန် Campus လိပ်စာ
အမှတ် ၁၁၂၊ အောင်ဇေယျလမ်းမ၊ ရန်ကင်းမြို့နယ်၊ ရွှေမိုးကောင်းကွန်ဒို
📌မြန်မာတစ်နိုင်ငံလုံးမှ သားသား၊ မီးမီးတို့အတွက်
Online Campus Zoom

☎️ဆက်သွယ်ရန် ရုံးဖုန်း 09267494650, 09-978197640

~အနာဂတ်ကောင်းပုံဖော်ဖို့ဘဝစွမ်းရည်သင်ယူစို့ 💚

#လူချွန်လူမွန်summercamp

Address

Corner Of Aung Zeya Road And, Moe Kaung Rd
Yangon
11081

Telephone

+959267494650

Website

Alerts

Be the first to know and let us send you an email when M School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to M School:

Shortcuts

Share

Category