Phyo's Accounting Sharing

Phyo's Accounting Sharing

Share

Accounting Student 📘 ဖြစ်တဲ့ ဖြိုးက ကိုယ်သိတာလေးတွေ share တာပါ🥰

Photos from Phyo's Accounting Sharing 's post 09/12/2023

ပရော်ဖက်ရှင်နယ် စာရင်းကိုင်များအပေါ် လုပ်ငန်းရှင်များ ယုံကြည်မှု တိုးတက်လာကြောင်း သုတေသနအရ သိရသည်

source
-https://charteredaccountantsworldwide.com/edelman-intelligence-measures-trust-in-chartered-accountants/
-PQ magazine Dec 2023

08/12/2023

Does cramming actually work ? (by Lisa Nelson)

author - Lisa Nelson , Translator - Phyo
Disclaimer - အောက်ပါအကြောင်းအရာသည် ဗဟုသုတအလို့ငှာ ဖြိုး မူရင်းစာသားကို မြန်မာဘာသာပြန်ပေးခြင်း ဖြစ်သည်၊ အောက်ပါစာသားများကို ဖြိုုးရဲ့ မူရင်းအရေးသားလို့ မဆိုပါဘူး၊ ပိုင်ဆိုင်သည်ဟု မဆိုပါဘူး၊ စာအရေးအသား crd သည် စာရေးသူမှာသာ ရှိပြီး ဖြိုးမှာ ဘာသာပြန် crd သာယူပါတယ်

မေးခွန်းဟောင်းတွေ လေ့ကျင့်ခြင်းက စာမေးပွဲအတွက် အထောက်ကူပြုတယ်ဆိုတာ လူတိုင်း သဘောတူပါတယ်

ဘယ်လိုကာလမှာ လေ့ကျင့်တာတော့ အရေးကြီးတာပေါ့

စာမေးပွဲမတိုင်ခင် ရက်ပိုင်းမှာ မေးခွန်းတွေ လေ့ကျင့်မယ်ဆိုရင် စာကြိုရမှ ကောင်းပါမယ်၊ စာကြိုရမှ မေးခွန်းကျင့်လေလေ ဒီမေးခွန်း ဒီပုံစံနဲ့ ဖြေရမယ်ဆိုတာကို link ချိတ်ဆက်မိပါမယ်။

စာမေးပွဲမှာ မေးခွန်းဆင်တူတွေ့ရင် ပိုပြီး ဖြေတာ လက်မြန်မှာပေါ့။
Question တွေမှာ model answer တွေပါတယ်လေ၊ အဲဒီ အဖြေတွေကို လေ့လာခြင်းအားဖြင့် ကိုယ်မသိထားတာတွေ သိရမယ်၊ မယူမှားနေတာတွေ အမှန်ပြင်နိုင်မယ်

နောက်တစ်ချက်က repetition ပါ၊ လူဆိုတာ မေ့နိုင်ပါတယ်၊ သုတေသနအရ မှတ်ပြီး ၂၄ နာရီ အကြာမှာ စာရဲ့ ၄၀ ရာခိုင်နှုန်းလောက်က မေ့သွားတတ်ပါတယ်၊ ၄၈ နာရီ အကြာမှာ ၅၀ to ၆၀ ဝန်းကျင်လောက် မေ့သွားတတ်ပါတယ်
ဒါဟာ မှတ်နည်း မမှန်တာပါ၊ ထပ်ကာ မှတ်ခြင်းမရှိရင် စာဟာ ကျက်သလောက် မေ့သွားမှာပါ

မှတ်ဉာဏ်လည်း လိုပါတယ်၊ storage ပေါ့၊ သူကျတော့ တမျိုးလေးပဲ၊ ဘယ်လောက်မှတ်ထားတာ ကျန်ခဲ့လဲဆိုတာ အချိန်တအောင့်ကြာမှ ပြန်စစ်ဆေးပြီး သိရမှာပါ

စာတစ်ပုဒ်ကျက်ပြီးရင် နောက်တစ်ပတ် ပြန်နွေးတာပေါ့
စာမေးပွဲနီး ဆက်တိုက် သွပ်သွင်းမှတ်တာမျိုးနဲ့တော့ မတူဘူး

ကျွန်မ ပြောချင်တာက ကျောင်းသားတိုင်း နှစ်မျိုးလုံး storage ကော repetition ပါ လိုပါတယ်၊ ဘာ theory မှ မမှတ်ထားဘဲ question တွက်တာ အချိန်ကုန်သလို၊ theory ထိုင်ဖတ်ပြီး question လေ့ကျင့်မှုမရှိတာဟာ အလဟသပါပဲ

စာမေးပွဲအတွက် တစ်ပွဲထိုးစာကျက်ခြင်းဟာ ဒီစာမေးပွဲတော့ ရပါမယ်၊ နောက်စာမေးပွဲကျ မမှန်မိတော့ နောက်တစ်ပွဲထိုး ကျက်ရပြန်ရော

ရလဒ်ဟာ ကိုယ်စာကို တကယ်နားမလည်တာပဲ ဖြစ်ပါတယ်

Lisa Nelson - Director of learning, Kaplan

08/12/2023

Exams are finished
I will be back with amazing content soon 🥰

25/09/2023

ACCA LW Experience Sharing
စာမေးပွဲဖြေပြီးတော့ ဖြိုးရဲ့ experience ကို ဝေမျှချင်ပါတယ်

1 LW Global or English ?
ဖြိုးဖြေတာ Global version ပါ၊ ဒါကြောင့် တစ်ခုပဲ အတွေ့ကြုံရှိပါတယ်
LW Global မှာ မတူတဲ့ အောက်ပါအခန်းတွေပါပါတယ်
Part A Essential elements of the legal system
Part B International Business Transactions
Part C Transportation and Payment of International Business Transactions
သုံးပိုင်းလုံးဟာ ဆက်စပ်မှု အများကြီးရှိပါတယ်

Part A က definition , description ပုံစံတွေများပါတယ်
ဥပမာ criminal law ဆို ဘယ်လို process, ဘယ်လို court , ဘယ်လို judge တွေနဲ့ သွားတာလဲ

Part B က rules တွေကျက်ရတာပါ
ဥပမာ Where and when does risk pass to the buyer from the seller ?
Agreement ယူထားရင်တော့ ခေါင်းရှုပ်သက်သာတာပေါ့၊ agreement အတိုင်းပဲ၊ မယူထားရင် international custom and rules အရ ဘယ်လို ဖြစ်မလဲလေ့လာရတာပါ

Part C က procedure ကို ကျက်ရတာပါ
ဥပမာ တစ်နိုင်ငံက ဘဏ်မှ နောက်တစ်နိုင်ငံရဲ့ ဘဏ်ကို ငွေလွှဲမယ်ဆို ဘယ်လိုအဆင့်တွေနဲ့ လွှဲရလဲ မေးမှာပါ

ခုလိုအ‌‌ေကြာင်းရာ‌ေတွ လေ့လာရတာ ကြိုက်ရင် ဖြိုးကတော့ LW Global ကို recommend ပါတယ်

2 ဖြိုးရဲ့ favourite chapter
Partnership အခန်းပါ
ဖြိုးလည်း အရမ်းစိတ်ဝင်စားသလို ကျက်မှတ်ရတာလည်း လွယ်ပါတယ်

3 ဖြိုးက revision ဘယ်လိုလုပ်လဲ ?
အစဉ်လိုက်တိုင်းလုပ်ပါတယ် (Ch 1 to 19)
ဖြိုးဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က Moti အတွက်ပါ
အစဉ်တိုင်းလုပ်တော့ ကိုဘယ်နှခန်းပြီးပြီဆိုတာ အလွယ်မှန်းနိုင်တယ်လို့ ဖြိုးယူဆလို့ပါ
ဖြိုးရဲ့ recommend လိုချင်ရင်တော့ Ch 7 to 14 အရင်ကြည့်၊ Ch 1 to 3 ကြည့်၊ Ch 15 to 17 ကြည့်၊ Ch 18 to 19 ကြည့်၊ Ch 4 to 6 နောက်ဆုံးမှကြည့်

4 ဖြိုးရဲ့ study method
လွယ်ပါတယ်၊ result-based studying ပါ၊ ဖြိုးဖတ်ဖူးပြီး လက်တွေ့အသုံးချတဲ့ technique ပါ
တစ်နည်းအားဖြင့် အချိန်ထက် စာအပုဒ်ရေကို ဦးစားပေးတာပါ
ဥပမာ - ငါ LW တစ်ပတ်တစ်ခန်းကြည့်မယ်ပေါ့

5 ဖြိုးရဲ့ student mindset
ကြိုးစားကြပါ၊ LW ဟာ အောင်လွယ် အမှတ်ကောင်းလွယ်ပါတယ်
ကိုယ့်ကို တွန်းသင့်သလို လျော့လည်းပေးသင့်ပါတယ်
Plan ဆွဲပါ ( အသေးစိတ်စရာမလို၊ တစ်ပတ် ဒီတစ်ခန်း လိုပေါ့ )
Plan တိုင်းမဖြစ်ရင် plan ကို ပြောင်းပါ၊ စိတ်ဓာတ်မကျပါနဲ့၊ လူတိုင်းဟာ ကိုယ့်အခြေနေနဲ့ကိုယ်ပါ
ပျင်းတာလဲ ကိုယ့်အပြစ်အမြဲ မဟုတ်ပါ (ဖြိးတောင် စိတ်ဓာတ်ကျရင် တစ်ပတ်လုံး စာမကျက်တာတွေရှိပါတယ်)
အဓိက ကိုယ့်ကို သိဖို့ပါ (အားနည်းချက် အားသာချက်)
ကိုယ့်အခြေနေကို သိအောင်လုပ်ပြီး အကောင်းဆုံးလမ်းကို ရွေးပါ

20/09/2023

ဖြိုး စာမေးပွဲဖြေပြီးပါပြီ
အောင်ပါတယ် 🫶

Photos from Phyo's Accounting Sharing 's post 20/09/2023

Study with Phyo
ACCA LW (Global)

Chapter 6 (Transportation documents and means of payment)

02/09/2023

Ltns everyone 🫶
ဖြိုး F4 ဖြေဖို့လုပ်နေပါတယ် ၊ Wish me luck 🥹
ဒါကြောင့် page ကို update မလုပ်ဖြစ်ပါဘူး
အားလုံးကို luv u ♥️

22/08/2023

စာရင်းစစ် တာဝန်ယူမှုကန့်သတ်ချက်သဘောတူညီချက် (Auditor's Liability Limitation Agreement)
author - ACCA team, Translator - Phyo

ကုမ္ပဏီများအက်ဥပဒေ 2006 သည် စာရင်းစစ်များအား ၎င်းတို့၏ဖောက်သည်များနှင့် တိကျသောသဘောတူညီချက်များအတွင်းသို့ဝင်ရောက်ခြင်းဖြင့် ဥပဒေအရစာရင်းစစ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ၎င်းတို့၏တာဝန်ဝတ္တရားများကိုကန့်သတ်ရန် ပြဌာန်းချက်များကို မိတ်ဆက်ပေးခဲ့သည်။

ပုဒ်မ 534 မှ 538 တွင်ပါရှိသော ပြဋ္ဌာန်းချက်အသစ်များသည် ပေါ့ဆမှု၊ ပျက်ကွက်မှု၊ တာဝန်ဖောက်ဖျက်မှု သို့မဟုတ် ယုံကြည်မှုဖောက်ဖျက်မှုတို့နှင့်ပတ်သက်၍ ကုမ္ပဏီတစ်ခုအား ၎င်း၏စာရင်းစစ်မှ ပေးဆောင်ရမည့်တာဝန်ပမာဏကို ကန့်သတ်ရန် ရည်ညွှန်းသည့် တာဝန်ယူမှုကန့်သတ်ချက်သဘောတူညီချက်များကို တရားဝင်ခွင့်ပြုထားသည်။ စာရင်းစစ်သည် ကုမ္ပဏီနှင့် စပ်လျဉ်း၍ စာရင်းစစ်သည် အပြစ်ရှိနိုင်သည်။

သဘောတူညီချက်တစ်ရပ်ကို ကုမ္ပဏီ၏အစုရှယ်ယာရှင်များ၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုရမည်ဖြစ်ပြီး၊ အစီအစဉ်များသည် သီးခြားအခြေအနေများနှင့် ပတ်သက်၍ မျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိရမည်။

ထို့အပြင် သဘောတူညီချက်တစ်ခုသည် ဘဏ္ဍာရေးနှစ်တစ်ခုထက်ပို၍ အကျုံးမဝင်နိုင်သည့်အပြင် ၎င်းနှင့်သက်ဆိုင်သည့်ဘဏ္ဍာရေးနှစ်ကို အတိအလင်းဖော်ပြရမည်ဖြစ်ပါသည်။

source
https://www.accaglobal.com/gb/en/technical-activities/technical-resources-search/2008/january/auditors-limited-liability.html

Photos from Phyo's Accounting Sharing 's post 18/08/2023

Sample Partnership Agreement

source
Cornell University

13/08/2023

ဟောင်ကောင်ရဲ့ 'ငွေရင်းနှီးရန် အကောင်းဆုံးမြို့' ဆို့တဲ့ နာမည်ကို ထိန်းသိမ်းဖို့ စာရင်းစစ်တွေ နည်းနေတယ်၊ ပြည်ပမှ စာရင်းစစ်တွေ တိုးခန့်ဖို့ စဥ်းစားရအောင်။ (South China Morning Post)

author - Enoch Yiu & Julia Zhong , Translator - Phyo
Disclaimer - အောက်ပါအကြောင်းအရာသည် ဗဟုသုတအလို့ငှာ ဖြိုး မူရင်းစာသားကို မြန်မာဘာသာပြန်ပေးခြင်း ဖြစ်သည်၊ အောက်ပါစာသားများကို ဖြိုုးရဲ့ မူရင်းအရေးသားလို့ မဆိုပါဘူး၊ ပိုင်ဆိုင်သည်ဟု မဆိုပါဘူး၊ စာအရေးအသား crd သည် စာရေးသူမှာသာ ရှိပြီး ဖြိုးမှာ ဘာသာပြန် crd သာယူပါတယ်

ဟောင်ကောင် လက်မှတ်ရ ပြည်သူ့အကျိုးပြု စာရင်းစစ်များအဖွဲ့ချုပ်ဥက္ကဌ ပြောစကား "ဟောင်ကောင်ရဲ့ စာရင်းကိုင်လုပ်ငန်းပိုင်းမှာ စွမ်းဆောင်ရည်တွေ နည်းနေပါတယ်"

အဖွဲ့စည်းမှ စစ်တမ်းအရ စာရင်းစစ်လုပ်ငန်းများသည် လူငယ်သစ်များ ခန့်အပ်ဖို့ရာ ခက်ခဲနေသည်။

ဟောင်ကောင်သည် ၎င်းဧ။် စွမ်းဆောင်ရည်ကျဆင်းမှုပြဿနာကို ဖြေရှင်းဖို့ရာ ပြည်ပမှ စာရင်းစစ်များကို ပိုခန့်ဖို့ စဉ်းစားသင့်လေသည်။ မစဉ်းစားလျှင် ဟောင်ကောင်ဧ။် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအချက်ချာကျရာမြို့ ဆိုတဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လိမ့်မည်။

ဟောင်ကောင် လက်မှတ်ရ ပြည်သူ့အကျိုးပြု စာရင်းစစ်များအဖွဲ့ချုပ် (PIEAA) က ဗုဒ္ဓဟူးနေ့က ပြောသောစကား "၂၀၂၂ ခုနှစ် အောက်တိုဘာလ နှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကြားတွင် စာရင်းကိုင်လုပ်ငန်းပေါင်း ၃၁၃ခုကို ကောက်ခဲ့သော စစ်တမ်းအရ ၁/၃ သည် ဝန်ထမ်းစွမ်းဆောင်ရည် ၂၀%စာ လိုအပ်နေပြီး ၁/၂ သည် အမြဲပင် ဝန်ထမ်းအလိုရှိနေပုံရသည်။

အဖွဲ့ချုပ်ဧ။် အဖွဲ့ဝင်ပေါင်း ၁၆၀၀၀သည် ဟောင်ကောင် စတော့ရှယ်ယာဈေးကွက်ရှိ လုပ်ငန်းပေါင်း ၂၆၀၀ ကို စာရင်းစစ်ပေးရလေသည်။

PIEAA ဥက္ကဌ Clement Chan Kam-wing ကလည်း ဤအကြောင်းရာနဲ့ ပတ်သက်၍ "ဒီစစ်တမ်းသည် ကျွန်ုပ်တို့ စာရင်းကိုင်လုပ်ငန်းပိုင်းမှာ လူအင်အားလိုနေကြောင်း ထောက်ပြလိုက်ပါတယ်"
"ဤပြဿနာကိုသာ သေချာမဖြေရှင်းနိုင်ရင် လူအင်အားအရမ်းလိုတဲ့ စာရင်းစစ်အလုပ်တွေကို စာရင်းစစ်လုပ်ငန်းတွေ ဘယ်လုပ်နိုင်မလဲ။ ဒါဟာဟောင်ကောင်ရဲ့ ငွေရင်းနှီးရာမြို့ နာမည်ကို အားနည်းစေမှာပေါ့ "

PIEAA ရဲ့ စစ်တမ်းရလဒ်တွေဟာ ဂရုစိုက်ရပါမယ်။ ဟောင်ကောင်သည် ကမ္ဘာအကောင်းဆုံး IPO ဈေးကွက်နာမည်ကို လွန်ခဲ့တဲ့ ၁၄နှစ်မှာ ခုနစ်ခါရခဲ့ပြီး ဤလို စတော့ရှယ်ယာဈေးကွက် ထွန်းကားဖို့ရာ စာရင်းစစ်များစွာ လိုအပ်လေသည်။

ဥက္ကဌ Chan ဆက်ပြောလေသည် "ဟောင်ကောင်အစိုးရသည် လူအင်အားလိုအပ်ချက် ဖြည့်ဆည်းရန် ပြည်ပမှ စာရင်းစစ်များ ပိုခန့်အပ်သင့်သည်။ ပြည်ပမှ အဓိက တင်သွင်းမည့် လူအင်အားစုတွေထဲမှာ စာရင်းကိုင်ကို မထည့်ထားတာ စိတ်မကောင်းစရာပင်"

PIEAA စစ်တမ်းမှ တခြားတွေ့ရှိချက်များမှာ လူငယ်တွေသည် အလုပ်ချိန် နဲ့ မိမိလွတ်လပ်ချိန်ကို မျှတတာ လိုအပ်လေသည်ဟု ၆၁% က သဘောတူသည်။ ဤသည်ကို စာရင်းစစ်လုပ်ငန်းများကလည်း အလုပ်ခေါ်လျှင် ထည့်သွင်းစဥ်းစားရမည်။

ရာထူးတိုးမှုနှင့် အလုပ်ချိန်သင့်တင့်မှုက ဒုတိယနေရာမှာရှိပြီး လစာတိုးမှုနှင့် bonus ရမှုက လေးနေရာမှာ ရှိလေသည်။ တခြား လူငယ်တွေရဲ့ မျှော်လင့်ချက်များမှာ ဝန်ထမ်း လူမှုဖူလှုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အထက်အရာရှိများမှ ထောက်ပံ့ပေးမှု၊ အလုပ်ချိန် အတိုးအလျှော့တို့ဖြစ်သည်။

အံ့ဩစရာကောင်းသည်မှာ လူငယ်တွေရဲ့ ၂၆ % သာ သူတို့လုပ်ငန်းရှင်များ အနေနဲ့ အိမ်မှာ လုပ်နိုင်မယ့် အခွင့်ရေးများပေးသင့်တယ်လို့ တွေ့ရပါတယ်၊ ဤပမာဏဟာ တော်တော်လေးနည်းပါတယ်

ဥက္ကဌ Chan က ဆက်ပြောပါတယ် "စာရင်းကိုင်လုပ်ငန်းများသည် ၎င်းတို့ရဲ့ လစာပေးပုံပေးနည်းတွေကို ပြန်ချင့်ချိန်သင့်ပါတယ်၊ လုပ်ခါစလူငယ်တွေ တွေ့ကြုံရမယ့် အခက်ခဲ ပင်ပန်းမှုတွေကို အမှန်တိုင်း ပြောမယ်၊ အချိန်ပိုင်း ခေါ်တာမျိုးလုပ်ပေးမယ်၊ အလုပ်တစ်လုပ်စာ အဖိုးအခနဲ့ သဘောတူလုပ်မယ်၊ ဒါတွေကို စကျင့်သုံးသင့်ပြီ"

စစ်တမ်းတွေ့ရှိချက်အရ အောက်ခြေအဆင့်တွင် ယောက်ျားထက် မိန်းမပိုများလေသည်။ သို့သော် စီမံခန့်ခွဲရေးပိုင်းတွင် ယောက်ျားက မိန်းမထက်ပိုများလေသည်။ ကလေးထိန်းဖို့ရာ အမေတော်တော်များများ အလုပ်ကို စွန့်လွှတ်လိုက်တယ်လို့ တွေးနိုင်ပါတယ်"

ဒီပြဿနာကို ဖြေရှင်းဖို့ရာ စာရင်းကိုင်လုပ်ငန်းများသည် စာရင်းကိုင် အမေများအတွက် အလုပ်ချိန်များကို လိုအပ်ချက်အလိုက် အတိုးအလျော့လုပ်ပေးသင့်သည်

ရာထူးကြီးဝန်ထမ်းများရှာဖွေရေး အေဂျင်စီ Barons & Co မှ မန်းနေးဂျင်းဒါရိုက်တာ Jerry Chang ကတော့ "စာရင်းစစ်လုပ်ငန်းတစ်ခုမှာ overtime ဆင်းနိုင်တဲ့လူတွေက နှစ်ကုန်ခါနီး အလုပ်များချိန်တွင် အားကိုမနေပါဘူး၊ အချိန်တိုင်း အလုပ်ရှုပ်နေပုံရတယ်"

Jerry ဆက်ပြောသည်မှာ "စာရင်းစစ်လောကမှာ အလုပ်နဲ့ အားချိန်က ညီမျှမှုရှိဖို့ ခက်တယ်၊ ထို့အပြင် ကွင်းဆင်းစာရင်းစစ်တာကလည်း လူငယ်များကြား ပင်ပန်းတဲ့ အရာဖို့ မလုပ်ချင်ကြဘူး။
စာရင်းစစ်လောကတင်မဟုတ်ပါဘူး။ တခြားလုပ်ငန်းပိုင်းတွေမှာ အဆင်တူပြဿနာလေးတွေရှိတာပေါ့"

ဥပဒေရေးဆွဲရုံသာမက ကိုယ်ပိုင်စာရင်းအင်းလုပ်ငန်းသေးပါလုပ်နေတဲ့ Edmund Wong ကတော့ "စာရင်းကိုင်လုပ်ငန်းသေးတွေက အရင်းမြစ်နည်းတော့ အကောင်းဆုံး၊ အတော်ဆုံး ဝန်ထမ်းတွေ ဘယ်ခန့်နိုင်ပါ့မလဲ"

ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကျတော့ သူတို့လုပ်တဲ့ အလုပ်အရည်သွေးလည်း ကျတာပေါ့

အချို့သော အသေးစားနှင့် အလတ်စား စာရင်းကိုင် လုပ်ငန်းများ (တစ်နှစ်လျှင် စာရင်းဝင် ကုမ္ပဏီပေါင်း 100 ထက်နည်းသော စာရင်းစစ်မှုများသာလုပ်ဆောင်သည်) သည် "အလွယ်လမ်းလိုက်တယ်" နှင့် "အတိတ်အမှားများကို မမှတ်ဘူး" "လက်မခံနိုင်သော အမူအကျင့်တွေတွေ့ရတယ်" "စာရင်းစစ်အရည်အသွေးကို နိမ့်စေတယ်" "စိတ်ပျက်စရာ ကောင်းတာတွေ တွေ့ရတယ်" လို့ သဘောထားကို စာရင်းအင်းနှင့် ငွေကြေးဆိုင်ရာ အစီရင်ခံရေးကောင်စီမှ စစ်ဆေးရေးမှူး Janey Lai က ပြီးခဲ့သည့် သီတင်းပတ်က လုပ်ငန်း၏ နှစ်ပတ်လည် ပြန်လည်သုံးသပ်မှုအတွင်း ပြောကြားခဲ့သည်။

source
https://www.scmp.com/business/article/3228197/shortage-audit-professionals-will-affect-hong-kongs-position-fundraising-centre-industry-body-says

12/08/2023
Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon