English learning

English learning Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from English learning, Education, Yangon.

30/10/2021

View and download from Yandex.Disk

Care
22/09/2021

Care

သွေးပေါင်ကျဆေး အုပ်စုကြီး (၄) ခု 🏥
--------------------------------------
သွေးပေါင်ကျဆေး ဘယ်တစ်ခု သောက်သောက် သွေးပေါင်ကျရင် ပြီးတာပဲလို့ ယူဆရင် အကြီးအကျယ်မှားပါလိမ့်မယ်။ ‼️
သွေးပေါင်ကျဆေးတွေက တံဆိပ်အစုံပဲ ဘာတွေမှန်း မသိတော့ဘူးဆိုရင် ဒီစာကို အကြမ်းဖျင်းဖတ်လိုက်ပါ။

အများဆုံး ပေးတတ်တဲ့ သွေးပေါင်ကျဆေးက A,B,C,D ဆိုပြီး အုပ်စုကြီး (၄) ခုထဲက ပေးတာများပါတယ်။
အုပ်စု (A) -
-‌သွေးထဲမှာရှိတဲ့ သွေးတိုးစေတဲ့ဓါတ်ကို သွားထိန်းပါတယ်။
- (A) အုပ်စုဝင်ဆေးများ - ACEi, ARB တွေ ဖြစ်တဲ့ Captopril, Enalapril, Lisinopril, Ramipril, Telmisartan, Losartan, Valsartan

အုပ်စု (B)
- နှလုံးခုန်နှေးစေပြီး သွေးတိုးကျစေပါတယ်။
- (B) အုပ်စုဝင်ဆေးများ - Atenolol, Metoprolol, Bisoprolol, Labetolol, Propanolol

အုပ်စု (C)
- သွေးကြောများကို ကျယ်စေ၍ သွေးပေါင်ထိန်းညှိပေးပါတယ်။
- (C) အုပ်စုဝင်ဆေးများ - Amlodipine, Nifedipine, Verapamil, Diltiazem
(အချို့ဆေးများက နှလုံးခုန်ပါနှေးစေပါတယ်)

အုပ်စု (D)
- ဆီးသွားစေ၍ သွေးပေါင်ကျစေပါတယ်။
- (D) အုပ်စုဝင်ဆေးများ - Hydrochlorothiazide, Chlorthalidone, Spironolactone, Furosemide

ဘယ် ဆေး အရင်ရွေးပေးမလဲ ဆိုတာက လူနာရဲ့ အသက်အရွယ် နဲ့ ရောဂါအခံရှိတာတွေအပေါ်မူတည်ပါတယ်။

ဥပမာ - (A) အုပ်စုဝင် ဆေးတွေက ဆီးချိုသမား တွေမှာ ကျောက်ကပ်ထိတာကို ကာကွယ်ပေးပြီး၊ နှလုံးထိထားတဲ့သူတွေမှာ အမောဖောက်တဲ့ အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။
အုပ်စုဝင် (D) တွေက တော့ လေဖြတ်ထားတဲ့လူနာတွေနဲ့ နှလုံးအားနည်းတဲ့သူတွေမှာ ပိုအသုံးဝင်ပါတယ်။

ဆိုလိုတာက အချို့ဆေးတွေက သွေးတိုးလည်းကျစေတဲ့ အပြင် အခြား အာနိသင်ပါတွဲရှိနေတာပါ။ 👍👍
အဲဒါအပြင် အုပ်စု တစ်ခုထဲမှာတောင် ဘယ်ဟာက ဘယ်ရောဂါအတွက် ပိုကောင်းတယ်ဆိုတာ ရှိပြန်ပါတယ်။

(C) အုပ်စုဝင်ဆေးတူတူပဲ ဖြစ်တဲ့ Amlodipine နဲ့ Nifedipine မှာတောင် Nifedipine က ကျောက်ကပ်သမားတွေ အတွက် ပိုကောင်းတယ် ဆိုတာမျိုးပါ။............................
သွေးတိုးကျဆေး တွေမှာ Mortality Benefit (အသက်ရှည်တဲ့အကျိုး) ဆိုတာလည်း အရေးကြီးပါတယ်။

ဆိုလိုတာက ဆေး ၂ မျိုး သွေးပေါင်ကျ‌ စေတာချင်း တူနေရင်တောင်မှ ဆေးတစ်မျိုးက ပိုအသက်ရှည်စေတာပါ။

ဆေးပေးတဲ့ ဆရာဝန်က ထွက်သမျှ သုတေသန စာတမ်းတွေကို မျက်ချည်မပြတ် ဖတ်ထားဖို့လိုပါတယ်။

သွေးပေါင်ကျရုံ ဆေးပေးတာကတော့ လမ်းထိပ်က ကွမ်းရာသည်လည်း ပေးတတ်သလို ဆေးအကြောင်းနားမလည်တဲ့ အမျိုးတွေအချင်းချင်းလည်း ညွှန်းတတ်ပါတယ်။
သွေးပေါင်ကျရုံလေးပဲဆို ဆရာဝန်မလိုပါဘူး။ 😅
(*** သွေးတိုးကုတယ်ဆိုတာ ကိန်းဂဏန်းကို ကုတာမဟုတ်ဘဲ အသက်ရှည်အောင်နဲ့ အနာရောဂါကင်းရှင်းအောင် ကုရတာပါ).............................
အခြား အုပ်စုဝင် အသေးလေးတွေမှာတော့ အခြေအနေပေါ်မူတည်ပြီး သုံးတဲ့ ဆေးတွေ ရှိပါတယ်။

Prazosin, Terazosin, Doxazosin တွေက သွေးတိုးတာနဲ့ ဆီးကျိတ်ကြီးတာတွဲရင် သုံးပါတယ်။

နောက်အုပ်စုဝင်တွေကတော့ ဆေးရုံတွေ ပေါ်မှာပဲ အရေးပေါ် သွေးတိုးကျရန် ပေးတာများပါတယ်။..............................
ဆေး တစ်ခုနဲ့ မရရင် အခြားအုပ်စုဝင်တွေနဲ့ တွဲပေးပါတယ်။ အတွဲအများဆုံးက
A+C
C+D
A+D
A+C+D တွေ ဖြစ်ပါတယ်။

အုပ်စုတစ်ခုထဲက ဆေးအတူတူ နှစ်ခု ပေးတာ အလွန်တရာမှ ရှားပါတယ်။

👍အုပ်စုပေါင်းပေးတာက တစ်ခုထဲ ပမာဏများများ သောက်တာထက် ဘေးထွက်ဆိုးကျိုးနည်းပြီး အကျိုးရလာဒ်များလို့ သွေးပေါင်ပေါ်မူတည်ပြီး သောက်သင့်ပါတယ်။

*** အချို့ တွဲမသောက်သင့်သည့် ဆေးများရှိသည့်အတွက် သွေးပေါင်ကျဆေးလည်း ဆရာဝန် နဲ့ ပုံမှန်ပြပြီး သောက်သင့်ပါတယ်။‼️‼️

(တစ်ခုချင်းဆီရဲ့ ဘေးထွက်ဆိုးကျိုး နဲ့ အသုံးကတော့ နောက်မှ အသေးစိတ်ရှင်းပါမယ်၊ စိတ်ဝင်စားရင်ပဲဖြစ်ဖြစ် ကိုယ့်မိဘ၊ ဆွေမျိုး၊ ချစ်ခင်ရသူတွေအတွက် သိထားချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် Like & Share လုပ်ထားလို့ ရပါတယ်) 🥰

Dr. Kevin
M.B.,B.S, MRCP (UK)

#သွေးတိုး
#သွေးတိုးကျဆေး
#သွေးထိန်းဆေး
#သွေးပေါင်ကျဆေး

16/01/2021

" ဆေးပညာဆိုင်ရာ Android Applicationများ "
️ ⚕️ ⚕️ ⚕️ ⚕️ ⚕️ ⚕️ ⚕️ ⚕️

(1) MoHS Myanmar ⚕️

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (Ministry of Health and Sports - MoHS) ၏ Official Appတစ်ခုဖြစ်ပါတယ်။
ဆေးပညာနယ်ပယ်မှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မဖြစ်မနေရှိထားသင့်သောAppတစ်ခုဖြစ်ပါတယ်။

https://play.google.com/store/apps/details?id=com.cpi.mohsmm

💊 💉 💊

(2) Medical Abidan (ဆေး အဘိဓာန် ) ⚕️

Medical Abidan ဆိုတာက မြန်မာဘာသာ (English to Myanmar)နဲ့ရရှိပြီး အလွန်သုံးရလွယ်ကူတဲ့ ပထမဆုံးသော ကျန်းမာရေး အဘိဓာန် App လေးဖြစ်ပါတယ်။ ဒီထဲမှာ ဆေးပညာစာလုံးပေါင်း ၇၀၀၀ ကျော်ကို ထည့်သွင်းထားပါတယ်။
ဆေးပညာနယ်ပယ်ဆိုင်ရာ အခေါ်အဝေါ်များသာမက အတိုကောက်တွေပါ ထည့်သွင်းထားပါသေးတယ်။

https://play.google.com/store/apps/details?id=com.cmkk.medicaldictionary

💊 💉 💊

(3) ဆေးဝါး အသုံးပြုနည်းလမ်းညွှန် ⚕️

ဒေါက်တာဇေယျ ရေးသားထားတဲ့ "ခေတ်ပေါ်ဆေးဝားလမ်းညွှန်"စာအုပ်ကို Appအဖြစ် ပြောင်းပေးထားတာပါ ။ အဓိကအားဖြင့် ကိုယ်သောက်နေတဲ့ ဆေးအမည်အကြောင်း ဗဟုသုတရစေပြီး အကျိုးများစွာ ရရှိစေမှာပါ ။
ဒီဆေးဟာ ဘာဆေးလဲ? ဘာအတွက်လဲ? ဘယ်သူတွေ သောက်တာလဲ? ဘယ်သူတွေကို မတိုက်ရဘူးလဲ? ဆိုတာ သိရှိသွားမှာပါ။

https://play.google.com/store/apps/details?id=com.marlainhmuu.nurse.medicine

💊 💉 💊

(4) MY OPD (လူနာကြည့်ချိန်) ⚕️

My OPD app ဆိုတာ ပြည်သူ့ဆေးရုံတွေရဲ့ပြင်ပ လူနာကြည့်တဲ့ ရက်နှင့် အချိန်တွေကို ရှာဖွေ လို့ရတဲ့ Android စနစ်သုံး မြန်မာမိုဘိုင်း Appတစ်ခုဖြစ်ပါတယ်။ ခရိုင်ဆေးရုံ၊ တိုင်းဆေးရုံ၊ပြည်သူ့ဆေးရုံကြည့်များမှာ ရှိတဲ့ အထူးပြင်ပလူနာဌာနတွေ ဘယ်နေ့ ဘယ်ရက်တွေမှာ ဖွင့်သလဲ၊ ဘယ်အချိန်တွေမှာ လူနာကြည့်လေ့ရှိလဲဆိုတာကို လေ့လာလို့ရအောင်ဖန်တီးပေးထားပါတယ်။
ဒီapp က အပြင်ဆေးခန်းမှဆရာဝန်များ၊ဆေးရုံကြီးများမှာ လူနာကြည့်သော ဆရာဝန်များအတွက်လည်းအသုံးဝင်နိုင်ပါတယ်။
လူနာကို ဆေးရုံကိုလွှဲတော့မယ်ဆိုရင် ဘယ်ဆေးရုံက ဘယ်နေ့မှာပြင်ပလူနာကြည့်လဲသိဖို့ကအရေးကြီးပါတယ်။ ကိုယ်လွှဲချင်တဲ့ဆေးရုံက ကုသရေးဌာနတစ်ခုရဲ့ လူနာကြည့်ချိန်ကို Appထဲမှာ မြန်မြန်ဆန်ဆန်ရှာလိုက်တယ်ဆိုရင်ပဲ. လူနာများအတွက် သွားပြရမယ့်အချိန်ကို တွက်ချက်လို့ရပါလိမ့်မယ်။

https://play.google.com/store/apps/details?id=com.cmkk.myhospopd

💊 💉 💊

(5) Emergency Paediatric Care Myanmar (EPCP) ⚕️

ဒါကတော့ Myanmar Paediatric Society က ထုတ်ထားတဲ့ ဆော့ဝဲလ်ပါ ။ အဓိကအားဖြင့် ဆေးပညာနယ်ပယ်က လူတွေအတွက် ထုတ်ပေးထားတာပါ ။ ကလေးတစ်ယောက် ကုသရာမှာ ဆေးနာမည် ပမာဏတွေကို ဖုန်း App နဲ့တင် တွက်ချက်နိုင်တာမို့ အရေးကြုံရင် တော်တော် ကူညီရာရောက်တဲ့ App ပါပဲ။

https://play.google.com/store/apps/details?id=co.nexlabs.rcpch

💊 💉 💊

(6) Spectrum - Localized Antimicrobial Stewardship ⚕️

ဒီ Appက မိမိတို့နေရာဒေသ အလိုက် အသုံးပြုလို့ ရနိုင်တဲ့ Antimicrobial guidelines တွေ အဲ့ဒီနေရာမှာ Resistance ဖြစ်တဲ့ data တွေ ဆေးdose တွေ ဘယ်ပိုးကောင်တွေက ဘာတွေ ကို sensitive ဖြစ်ပြီးဘာကို resistant ဖြစ်နေတယ် ဆိုတဲ့ Antibiogram တွေပါဝင်ပါတယ်။
အသေးစိတ်ကို ဒီlink 👉( https://m.facebook.com/story.php?story_fbid=2451235568258508&id=100001162675320 )မှာ ဝင်ဖတ်ပါ။
https://play.google.com/store/apps/details?id=com.spectrum

💊 💉 💊

(7) Diabetes - ဆီးချိုလမ်းညွှန် ⚕️

ဆီးချို ဖြစ်ရတဲ့ အကြောင်းရင်းတွေ ၊ လက္ခဏာရပ်တွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရေးထားပါတယ်။
ဘယ်လို နေထိုင်စားသောက်ရမယ် ဆိုတာတွေနဲ့ ကုသနည်းတွေပါ ထည့်သွင်းထားတာကြောင့် တော်တော်လေး အကျိုးများပါတယ်။

https://play.google.com/store/apps/details?id=com.visikon.diabetesguide

💊 💉 💊

(8) OBS / Pregnancy Calculator ⚕️

LMP (Last Menstruel Period) ကို ထည့်သွင်းလိုက်တာနဲ့
EDD (Expected Date of Dilevery) နဲ့
POG (Period of Gestation) ကို တွက်ပေးတဲ့ Calculator လေးပါ။

https://play.google.com/store/apps/details?id=com.majors.obscalculator

💊 💉 💊

(9) Medical Calculators ⚕️

ဒါကတော့ Score တွေ တွက်လို့ရတဲ့ Calculator ပါပဲ။ Pediatric / Cardiac /Nephrology / Endocrine /Neuro ဆိုင်ရာ score တွေ ကို formula ထည့်သွင်းရေးထားတာကြောင့် အသုံးဝင်တဲ့ Appပါပဲ။ ဒါပေမဲ့ value သတ်မှတ်ချက်တွေ ကွဲလွဲနိုင်တာကြောင့် ပြန်စစ်ဖို့တော့ လိုပါလိမ့်မယ်။

https://play.google.com/store/apps/details?id=tw.com.iobear.medicalcalculator

💊 💉 💊

(10) Myanmar First Aid ⚕️

ဖုန်းထဲ ထည့်ကိုထည့်ထားရမယ့် ဆော့ဝဲလ်လေးပါ။ ကိုယ်ရှေ့မှာ လူတစ်ယောက် ရေနစ်တယ်၊ သွေးထွက်တယ်၊ မြွေကိုက်သွားတယ် စတဲ့ အရေးပော်အခြေအနေကြုံခဲ့ရင် ကိုယ်ဘယ်လိုကူရမလဲ ဆိုတာကို ဒီ Appမှာ အကြမ်းဖျဉ်းသိနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.nckk.healthguide

#သူနာပြုမှတ်စု👩‍⚕️

⚕️

21/11/2020

Address

Yangon

Telephone

+959254023341

Website

Alerts

Be the first to know and let us send you an email when English learning posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category