Innovative Learning Academy
Innovative Learning Academy
Share
To share the practice knowledge for Account Personnel, HR Personnel and Admin Personnel
15/11/2024
🌕တန်ဆောင်မုန်းလပြည့်နေ့🌕
တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် သာမညဖလအခါတော်နေ့ဟုလည်း ခေါ်ဆိုကြပါတယ်✨
(၇)ရက်သား သမီးအပေါင်း ကျန်းမာ ချမ်းသာသုခ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်🙏🏻🙏🏻🙏🏻
10/11/2024
2024 ခုနှစ် တန်ဆောင်တိုင်ပိတ်ရက် (အများပြည်သူရုံးပိတ်ရက်)(၁၅-၁၁-၂၀၂၄) တစ်ရက်ထဲဖြစ်ပါတယ်…
Photo :credit
#တန်ဆောင်တိုင်ပိတ်ရက်
#2024
Photos from Innovative Learning Academy's post 08/11/2024
07/11/2024
𝗛𝗼𝘄 𝘁𝗼 𝗮𝗽𝗽𝗹𝘆 𝗙𝗼𝗿𝗺 𝗖❓
Form-C ဆိုသည်မှာ မြန်မာပြည်က နိုင်ငံခြားသားကုမ္ပဏီတွေမှာ စာချုပ်စာတမ်းနဲ့နှစ်ရှည်လာရောက် အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသား ဝန်ထမ်းများအတွက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ကုမ္ပဏီမှနိုင်ငံခြားသားဝန်ထမ်းများ မြန်မာပြည်သို့ရောက်ရှိပြီး ၂၄ နာရီအတွင်း ၎င်းတို့နေထိုင်သည့် သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ရုံးများတွင် အကြောင်းကြားကာ လူဝင်မှုကြီးကြပ်ရေးတွင်သတင်း ပေးပို့တိုင်ကြားရခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသားဝန်ထမ်းအနေဖြင့် ၎င်းနေထိုင်ရန် Apartment များရသေးပါက Hotel တွင် ယာယီနေထိုင်စဉ်တွင် Form-C တိုင်ကြားရန်မလိုအပ်ပါဘူး။ နေထိုင်မည့် Apartment သို့ပြောင်းရွှေ့ခြင်းမတိုင်မီတွင် ကိုတင်တိုင်ကြားဖို့လိုအပ်ပါတယ်။ Form-C သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများနေထိုင်ရန် လိုအပ်သော စာရွက်စာတမ်း အထောက်အထား (တနည်း-ဧည့်စာရင်း) ဖြစ်ပြီး၊ နိုင်ငံခြားသားဝန်ထမ်းများ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ၂၄ နာရီအတွင် လျှောက်ထားရန်လိုအပ်ပါသည်။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Form-C လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်-
📌 #လျှောက်ထားသူ၏အချက်အလက်ပြင်ဆင်ခြင်း - Form-C လျှောက်ထားခြင်းအတွက် နိုင်ငံခြားသားဝန်ထမ်း၏ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ နေထိုင်ခွင့် အထောက်အထား၊ အလုပ်ခွင့် အထောက်အထားများ (အိမ်အငှာစာချုပ်၊ ယင်းအိမ်ရှင့်၏ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ) နှင့် နေထိုင်မည့် လိပ်စာ အချက်အလက်များကို ပြင်ဆင်ထားရပါမည်။
📌 #လျှောက်လွှာတင်သွင်းခြင်း - ဦးစွာ သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်နှင့်တကွ စာရွက်စာတမ်းအပြည့်အစုံးအား မြို့နယ် Immigration and National Registration Department (ပြည်ထဲရေးဝန်ကြီးဌာန၊ ဝင်ရောက်ရေးနှင့် လူမျိုးစုမှတ်ပုံတင်ရေး ဦးစီးဌာန) သို့ သွားရောက်၍ လိုအပ်သည့် Form-C လျှောက်လွှာကို ဖြည့်စွက်ကာတင်ပြကြရမည်ဖြစ်ပါသည်။
📌 #လျှောက်လွှာမှာအွန်လိုင်းစနစ် မှတဆင့် လည်းလျှောက်ထားနိုင်ရန်အတွက် eVisa Myanmar ကိုအသုံးပြုနိုင်ပါသည်။ ၎င်းတွင် တင်သွင်းရန် လိုအပ်သော ဖိုင်များ Form-C လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကိုလည်း တင်သွင်းရပါမည်-
➡Passport First Page, Visa Page Only
➡ Photo – 3 Nos.
➡ E-Visa Approval letter
➡ Company Registration Certificate
➡ Company Extract
➡Home Contract
➡ House Owner’s Family household certificate copy
➡ House Owner’s NRC copy
➡Employment Contract
➡ Authorization Letter for submission employee
📌 #လျှောက်လွှာအတည်ပြုခြင်း - စာရွက်စာတမ်းများအား အရာရှိများမှ စစ်ဆေးပြီးနောက် အတည်ပြုမည်ဖြစ်ပါသည်။ လျှောက်ထားချိန်တွင် ပုံမှန်အားဖြင့် ၃ ရက်မှ ၇ ရက်အတွင်း အတည်ပြုချက် ရရှိနိုင်ပါသည်။
📌 #ခွင့်ပြုလက်မှတ်ရရှိခြင်း - လျှောက်ထားထားသော Form-C ခွင့်ပြုလက်မှတ်ကို အောင်မြင်စွာ လက်ခံရရှိပြီးနောက် ယင်းကို အလုပ်သမားသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်းအတွင်း ယုံကြည်စိတ်ချစွာ နေထိုင်နိုင်ပါသည်။
📌Form-C လျှောက်ထားခြင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ စည်းမျဉ်းများနှင့် ကိုက်ညီစွာ နေထိုင်အလုပ်လုပ်ရန်အတွက် မဖြစ်မနေ လိုအပ်သည့် အခွင့်ပြုချက်တစ်ခုဖြစ်ကြောင်း သတိပြုရန်လိုပါသည်။ Form-C တိုင်ကြားထားခြင်းမရှိပါက မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ Accident ဖြစ်ခြင်း၊ ဗီဇာသက်တမ်းတိုးရာတွင် အခက်အခဲ ဖြစ်ခြင်း၊ ရုတ်တရက်ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက ဖြေရှင်းရန်ခက်ခဲခြင်းတို့ကြုံတွေ့ရနိုင်ပါသည်
A 1 06/11/2024
#အခေါ်အဝေါ်ဆိုင်ရာအမှားများပါခဲ့ရင်နားလည်ပေးကြဖို့မေတ္တာရပ်ခံအပ်ပါတယ်
🙏🙏🙏
𝗚𝗼𝘃𝗲𝗿𝗻𝗺𝗲𝗻𝘁 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀 𝗳𝗼𝗿 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁
______________________________
Organization တစ်ခုအားစတင်ဖွဲ့စည်၍ လုပ်ငန်းလည်ပတ်လုပ်ဆောင်မည်ဆိုပါက ၎င်းလုပ်ငန်းနှင့်သက်ဆိုင်သည့် လိုင်စင်များ၊ လျှောက်လွှာများ၊ စာချုပ်များနှင့် ပါမစ်များအစရှိသည့် စာရွက်စာတမ်းများလိုအပ်မည်ဖြစ်ပါသည်။ ယင်းစာရွက်စာတမ်းများအား သက်ဆိုင်ရာ အစိုးရရုံးအဖွဲ့များထံတွင်သွားရောက်လျှောက်ထားကြရမည်ဖြစ်ပါသည်။ လုပ်ငန်းတစ်ခုစတင်လည်ပတ်သည့်အခါ အကြမ်းဖျင်းလိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများအား အောက်ပါအတိုင်း သတ်မှတ်သိရှိနိုင်ပါသည် -
🔷မြေနေရာ ငှားရမ်းအသုံးပြုမည်ဆိုပါက မြေငှားစာချုပ် ၎င်းအား သက်ဆိုင်ရာ အခွန်ရုံးတွင် စာချုပ်သက်တမ်းမစတင်မီ #အခွန်တံဆိပ်ခေါင်း ကပ်ခြင်းအား ဆောင်ရွက်ရမည်။
🔷မြေနေရာပေါ်တွင် အဆောင်အဦးဆောင်လုပ်အသုံးပြုမည်ဆိုပါက ဆောင်လုပ်ခွင့်ပါမစ် အား ‌Drawing Specificaitoအေတိအကျဖြင့် (စက်ရုံဖြစ်ခဲ့ပါက Waste Water Treatement ပါ ပါဝင်ရမည်) ခွင့်ပြုမိန့် လျှောက်ထား၍ ဆောင်လုပ်နိုင်ပါသည်။
🔷ယင်းဆောင်လုပ်ခွင့်အရ နေထိုင်ခွင့် (သို့) လုပ်ငန်းလည်ပတ်ခွင့်ရရှိရန် Fire Safety Intallation အားဆောင်ရွက်၍ (FSC) အားလျှောက်ထားရမည်။
🔷FSC ရရှိပြီး Construction Permit ရှိ Specification များဖြင့် ကိုက်ညီပါက (BCC) အားရရှိမည်ဖြစ်ပါသည်။
🔷မိမိ၏ကုမ္ပဏီအား ကုမ္ပဏီမှတ်ပုံတင်ခြင်း ဆောင်ရွက်လိုပါက DICA ၏ Myco System တွင်ဝင်ရောက်လျှောက်ထား၍ အားရရှိမည်ဖြစ်ပါသည်။
https://youtu.be/lUpQiWh7J_w?si=EVJEtewDj9n6Los0
🔷Company ဖွဲ့စည်းရာတွင် Share ရှင်များပါဝင်သည့် စာရင်းဆိုင်ရာ စာရွက်အား ဟုတ်ခေါ်ပါသည်။ ယင်း Company Extract အားတစ်နှစ်လျှင်တစ်ကြိမ်သက်တမ်းတိုးခြင်းအား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ (ယခင်က ၎င်းအား Form 6/26 ဟုခေါ်ဝေါ်ခဲ့ပြီး သက်တမ်းတိုးနိုင်ရန်အတွက် Form-E ကိုနှစ်စဉ်တင်ပြခြင်းအား လုပ်ဆောင်ခဲ့ ရသည်။) ၎င်းသက်တမ်းတိုးခြင်းအား Annual Return တင်ခြင်းဟုဆိုပါသည်။ အကယ်၍ ရှယ်ယာရှင်အမည်ချိန်းခြင်း၊ ရှယ်ယာပမာဏပြောင်းလဲခြင်းတို့ရှိခဲ့ပါက ယင်း တင်ချိန်တွင် တစ်ပါတည်းပြောင်းလဲနိုင်ပါသည်။
https://youtu.be/BtGU3HIt78k?si=DQNFPGUjz1xk2bDE
🔷မိမိ၏ကုမ္ပဏီတွင် လျှပ်စစ်အသုံးပြုမှုအတွက် #လိုင်စင် အား လျှောက်ထားရမည်ဖြစ်ပါသည်။
🔷မိမိ၏လုပ်ငန်းတွင် Generator အသုံးပြုပါက #အသုံးပြုခွင့်ပါမစ် အားလျှောက်ထားရမည်ဖြစ်သည်။
🔷အကယ်၍ ကိုယ်ပိုင် Transformer ရယူလိုပါက ယင်းအတွက် #အသုံးခွင့်ပြုမိန့်ပါမစ် အား လျှောက်ထားရမည်။
🔷မိမိ၏လုပ်ငန်းလည်ပတ်ခွင့်အတွက် #လုပ်ငန်းလိုင်စင် ( ) အားလျှောက်ထားရမည်ဖြစ်ပြီး မိမိ၏လုပ်ငန်း အမျိုးအစာမှာ စက်ရုံ/အလုပ်ရုံဖြစ်ပါက Health and Safety Certificate လိုအပ်ပါသည်။ မိမိကုမ္ပဏီအနေဖြင့် Export and Import လုပ်ကိုင်လိုပါက ယင်းလုပ်ငန်းလိုင်စင်များ သည်အလွန်ပင်အရေးကြီးပါသည်။
🔷မိမိလုပ်ငန်းအတွက်အသုံးပြုသော စက်ပစ္စည်းများအတွက် #စက်မှုလုပ်ငန်းလိုင်စင် ( ) အား လျှောက်ထားရမည်ဖြစ်ပါသည်။ အကယ်၍ Boiler အသုံးပြုပါက ယင်းအတွက် Boiler အသုံးပြုခွင့်ပါမစ် ထပ်မံလိုအပ် မည်ဖြစ်ပါသည်။
🔷အကယ်၍ မိမိလုပ်ငန်းအနေဖြင့် #ခွင့်ပြုမိန့် လျှောက်ထားရန်လိုအပ်ပါ (ယင်းမှာ Trading/ Export & Import/ Foreign Direct Investment ဖြစ်လျှင် မဖြစ်မနေလျှောက်ထားရမည်ဖြစ်ပါသည်။ စက်မှုဇုန်များတွင် စက်ရုံများ တည်ထား၍လုပ်ငန်းလည်ပတ်လုပ်ကိုင်လိုပါက လိုအပ်ပါသည်။) ယင်းခွင့်ပြုမိန့်လျှောက်ထားခြင်းအားဖြင့် လုပ်ငန်း စတင်လည်ပတ်ပြီး (၅)နှစ်အတွင်း Import အတွက်အခွန်ကင်းလွတ်ခွင့်ရှိမည်ဖြစ်သည့်အပြင် နိုင်ငံခြားသားခန့်ထား ရာတွင်လည်းပိုမိုအဆင်ပြေစေမည်ဖြစ်သည်။ သို့သော်နိုင်ငံခြားသာပညာရှင်များကိုသာ ခန့်ထားခွင့်ပြုခြင်းဖြစ်ပါသည်။ ယင်း MIC ၏ ညွှန်ကြားချက်များအရ မိမိလုပ်ငန်း၏ ကုန်ထုတ်စွမ်းအားပေါ်မူတည်ကာ သဘာပတ်ဝန်ကျင်ထိန်းသိမ်း နိုင်ရေးအတွက် , , တစ်ခုခုအား လျှောက်ထားကြရမည်ဖြစ်ပါသည်။
🔷မိမိ၏လုပ်ငန်းသည် Trading ပြုလုပ်မည်ဆိုပါက ဦးစွာ ဝင်မည်။ ၎င်းနောက် #ပို့ကုန်သွင်းကုန် #လိုင်စင် အားလျှောက်ထားရမည်။ Trading ပြုလုပ်နိုင်ရန် #အသင်းဝင်လည်းဖြစ်ရမည်။
🔷မိမိလုပ်ငန်းအတွက် ကုန်အမှတ်တံဆိပ်အား မှတ်ပုံတင်ခြင်းဆောင်ရွက်ရမည်ဆိုပါက အား ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
🔷မိမိလုပ်ငန်းနှင့်သက်ဆိုင်သော သက်ဆိုင်ရာ Association များတွင်လည်း ပါဝင်၍ထည့်ဝင်ကြေးများနှစ်စဉ်ပေးရမည်။
🔷မိမိ၏လုပ်ငန်းတွင် Chemical များအသုံးပြုမည်ဆိုပါကလည်း အသုံးပြုခွင့်ပါမစ်အား လျှော်ကထားကြရမည်ဖြစ်သည်။ မိမိလုပ်ငန်းနှင့်ဆက်စပ်နေသော ခွင့်ပြုမိန့်တောင်းခံရန်လိုအပ်သည့်အရာများအားလုံးအား လိုင်စင်/ပါမစ်/ခွင့်ပြုမိန့် အစရှိသည်ဖြင့်လိုအပ်သလိုလျှောက်ထားကြရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အထက်ပါလိုင်စင်/ပါမစ်/ခွင့်ပြုမိန့်များအား လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့အား Admin ဌာနအနေဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ လုပ်ငန်းလိုအပ်ချက်အရ မတူညီနိုင်ပါ။ ၎င်းတို့အပြင် မော်တော်ယာဉ်သက်တမ်းတိုးခြင်း ကိုလည်း Admin ဌာနအနေဖြင့်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ စာချုပ်များသက်တမ်းတိုးခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ အမှုအခင်းရင်ဆိုင်ဖြေရှင်းခြင်း၊ တရားစွဲဆိုခြင်းစသည်တို့ကို Admin ဌာနအနေဖြင့်လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ အကယ်၍ မိမိကုမ္ပဏီမှ အထက်အရာရှိများ နိုင်ငံခြား (ပြည်ပ) သို့သွားရောက်မည်ဆိုပါက သက်ဆိုင်ရာသံရုံးများတွင် ဗီဇာလျှောက်ထားခြင်း အားဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆိုပါ လိုင်စင်/ပါမစ်/ခွင့်ပြုမိန့်/ ဗီဇာ လျှောက်ထားပုံများမှာ ခေတ်ကာလရေစီးကြောင်းအရ ပြောင်းလဲမှုများရှိနိုင်သောကြောင့် လျှောက်ထားမှုမတိုင်မီသက်ဆိုင်ရာ အစိုးရရုံးဌာနများတွင်ဦးစွာသွားရောက်စုံစမ်း မေးမြန်းခြင်း များကိုဆောင်ရွက်ရန်လိုအပ်ပါသည်။
Organization အတွင်း နိုင်ငံခြားသားဝန်ထမ်းများခန့်ထားမည်ဆိုပါက DICA တွင်သာမှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ခဲ့ပါက DICA ၏ Website တွင် ဝန်ကြီးဌာန၏ထောက်ခံချက်ခွင့်ပြုစာဖြင့် (ပူးတွဲ) အခွန်ရှင်းတမ်းနှင့်တကွ နိုင်ငံခြားသားခန့်ထားခွင့် အတွက်နေထိုင်ခွင့်သက်တမ်းဗီဇာအား လျှောက်ထား နိုင်ပါသည်။ အကယ်၍ MIC ကုမ္ပဏီဖြစ်ခဲ့ပါ MIC Proposal တွင်ပါရှိသော နိုင်ငံခြားသားခန့်ထားခွင့်ဦးရေထက်ကျော်လွန်ကာ ခန့်ထားခွင့်မရှိပါ။ ခန့်ထားခွင့်ထက်ကျော်လွန်၍ ခန့်အပ်လိုပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် MIC ရုံးတွင်ခွင့်ပြုမိန့်ပြန်လည် တင်ပြလျှောက်ထားကြရမည်ဖြစ်ပါသည်။ နိုင်ငံခြားသားတစ်ဦး ကုမ္ပဏီတွင် လာရောက်အလုပ်လုပ်ကိုင်ပါလိုအပ်သည့် အချက် အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
-
/
(FRC)
A 1 စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာန (DICA)၏ အီလက.....
06/11/2024
သင့်ဘဝရဲ့ life career ကို ဘယ်လိုရွေးချယ်သင့်တာပါလဲ?
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
ဒီမေးခွန်းလေးရဲ့ အဖြေ.......
သင်တို့ရဲ့ ဘဝတွေမှာ အသက်မွေးဝမ်းကြောင်းပြုဖို့ ဘယ် လမ်းကြောင်းကိုရွေးခြယ်ကြမှာလဲ တွေးကြည့်ဖူးတဲ့အချိန်တွေရှိကောင်းရှိကြပါလိမ့်မယ်
သင့်ရဲ့ ဝါသနာ ပါရာ ထူးချွန်ရာ ပညာဟာ သင်ရဲ့ Talent ဖြစ်လာပါလိမ့်မယ်
အဲ့ဒီ့ Talent အတိုင်း အောင်မြင်အောင်ကြိုးစားနိုင်မှ သင့်ရဲ့ Life Career Success ဖြစ်လာပါလိမ့်မယ်
ကျမငယ်ငယ်က ၁၀တန်းအောင်တော့ အရမ်းစိတ်ဓာတ်ကျဖူးပါတယ်......
အဲ့ဒီ့ခေတ် အဲ့ဒီ့အချိန်တုန်းက ဆရာဝန် အင်ဂျင်နီယာ စစ်ဗိုလ် ဖြစ်မှ အသက်မွေးဝမ်းကြောင်းပညာကို သင်ယူခွင့်ရမယ်လို့ ကျမတွေးခဲ့မိတာပါ
ပြောချင်တာက မိမိထင်တိုင်းအမှန်မဟုတ်ပါဘူး
နောက်တက္ကသိုလ်တက်တော့လည်း မိသားစုအသိုင်းအဝိုင်းကြား ငါရိုးရိုးမေဂျာလေးပဲတက်ခွင့်ရပါလား ဆိုတဲ့ စိတ်နဲ့ အားငယ်နေခဲ့ဖူးတယ် တကယ်တော့ ပညာရပ်တိုင်းဟာ သူဖာသာ အကျိုးကျေးဇူးတွေရှိကြပြီးသားပါ အခွင့်အရေးတွေရပါရက် မကြိုးစားခဲ့လို့ Q တန်းမတက်နိုင်ခဲ့တဲ့ ကျမမှာသာအပစ်ရှိခဲ့တာပါ
မိမိအားငယ်နေတိုင်းလည်း မတိုးတက်နိုင်ပါဘူး
တခြားမဆိုင်တာတွေ အပစ်တင်ရင်း ဆုံးရှုံးသွားတဲ့ အချိန်တွေ ပြန်မရနိုင်ပါဘူး
အတတ်နိုင်ဆုံနဲ့ အကောင်းဆုံးကြိုးစားမှသာ နောင်တမရနိုင်မှာဖြစ်တယ်
အမှားတွေ ရှုံးနိမ့်မှုတွေကြုံတိုင်း သူတပါးကို အပစ်မတင်မိပါစေနဲ့
👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫
တကယ်လို့ လူငယ်တွေအနေနဲ့ Career ရွေးတော့မယ်ဆိုရင်
၁) မိမိရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှု မိမိ Talent ကို သေချာစဉ်းစားပါ (စိတ်ကူးယဉ်ဆန်သော အရာကိုတော့ ရှောင်ကြဉ်ပါ)
၂)မိမိရဲ့ တကယ်ဝါသနာပါပြီး စိတ်ဝင်စားမှုကို မသေချာသေးဘူးဆိုရင် စာ အုပ် တွေဖတ်ပြီး လေ့လာတာမျိုး ဟောပြောပွဲတွေမှာ ဆရာကြီးတွေရဲ့ အတွေ့အကြုံတွေ နားထောင်ကြည့်တာမျိုး certificate သင်တန်းတွေတက်ကြည့်တာမျိုးတွေလုပ်ပြီးစမ်းစစ်လေ့လာပါ (ဆရာမနဲ့လည်း လူချင်းတွေ့ တိုက်ရိုက် ဆွေးနွေးနိုင်ပါတယ် - ဆရာမ အားသောအခါ... ဆရာမအားရန် တော်တော်ဖမ်းရမည် 🤣🤣🤣 ဒါအပြင် ဆရာမသည် ချိန်းထားပြီးတိုင်း မေ့တတ်သောကြောင့် အကြိမ်ကြိမ် remind လုပ်ပေးရပါမည် 😜😜😜)
၃) မိမိသွားချင်တဲ့ လမ်းကြောင်းကို သေချာသိသွားပြီဆိုရင် လျောက်လှမ်းချင်သော မိမိ၏ Career အတွက်လိုအပ်တဲ့ ပညာရပ်တွေလေ့လာသင်ယူရင် သက်ဆိုင်ရာ related ဖြစ်တဲ့ လုပ်ငန်းကိုလုပ်ကိုင်ပါ experience မှာ ငွေနဲ့ ပေးဝယ်လို့မရသော ဘဝရဲ့ Certificate မျိုးဖြစ်ပါတယ် (ပိုက်ဆံထက် အလုပ်နဲ့ မိမိရဲ့ professional ဖြစ်မှုကိုသာ အလေးထားပါ ပိုက်ဆံက သူ့အလိုလို မိမိ skill ပေါ်မူတည်ပြီးရလာမှာဖြစ်တယ်)
၄) လုပ်ငန်းကျွမ်းကျင်ရုံနဲ့ perfect မဖြစ်နိုင်ပါ လိုအပ်သော update ဖြစ်သည့် technology and technical knowledge တွေကိုထပ်မံလေ့လာပါ (ဆရာဟူသည် အသက်အရွယ်အားဖြင့်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဘာချို့ယွင်းချက်ပဲရှိရှိ မစော်ကားမိပါစေနဲ့)
မိမိမှာ experience , skills, knowledge တွေပြည့်စုံစွာနဲ့ Value ရှိသောသူဖြစ်လာမှသာ
You can success your life career
💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡💡
.
06/11/2024
ဘာသာရပ်ကို ဘယ်သူတွေလေ့လာသင့်ပါသလဲ ?
------------------------------
HRM ကိုဘယ်သူတွေ လေ့လာသင့်တာလဲ ? ဘာကြောင့်လေ့လာသင်ယူသင့်တာလဲ?
ဒီမေးခွန်းအပေါ် (၂)မျိုးခွဲခြားစဉ်းစားဖို့ရာ လိုအပ်ပါတယ်
ပထမတစ်မျိုးက ဝန်ထမ်းရေးရာဌာနမှာ လုပ်ကိုင်မယ့် HR Professional များနဲ့ ဒုတိယတစ်မျိုးကတော့ လူသားတွေကို စီမံခန့်ခွဲကြမယ့် Non-HR များပဲဖြစ်ပါတယ်
***************************************************************
၁) တွေအတွက်ကို အရင်ပြောပါရစေ
- ဝန်ထမ်းရေးရာဌာနမှာ လုပ်ဆောင်မယ့်ဝန်ထမ်းတစ်ဉီးအနေနဲ့ operation အကြောင်းကောင်းစွာနားလည်ဖို့လိုအပ်တယ်
- စာတွေ့လက်တွေ့ ဘယ်လိုအသုံးချရမလဲဆိုတာကို တွေးဖို့ရာလိုအပ်ပါတယ်
- လက်တွေ့လုပ်ငန်းခွင်အတွက် အသုံးဝင်စေသော ပညာရပ်များကို တစ်ခုပြီးတစ်ခုထပ်မံလေ့လာဖို့ရာလိုအပ်ပါတယ်
- တခါတရံ Diploma ကော MBA ပါပြီးသွားပါပြီ ကျွန်တော်/ကျွန်မ Manager ဖြစ်နိုင်ပါသလားလို့ တစ်ချို့ ကျောင်းသားတွေက မေးတတ်ကြပါတယ်။ ကျမရဲ့ အဖြေကတော့ မိမိရှိသင့်သော တတ်ကျွမ်းနားလည်ရမယ့် Technical Knowledge တွေပြည့်စုံနေရင် သင့်တော်တဲ့ လုပ်သက်နဲ့ လုပ်ငန်းအတွေ့အကြုံတွေရှိနေရင် ဖြစ်နိုင်ပါတယ်။
- သိသင့်တတ်သင့်တဲ့ အရာတွေကို Perfect ဖြစ်စေဖို့ ကြိုးစားရမယ်သူဟာ မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်
- တခါတရံတွေ့ရတတ်တာက HR Professional လို့ မိမိကိုယ်ကိုယ်ကို ခေါင်းစဉ်တော့ တပ်လိုက်ပါတယ်။ သို့သော် မူဝါဒတွေရေးပါ၊ ဝန်ထမ်းရေးရာလက်စွဲစာအုပ်တွေရေးသားပါ၊ Turnover Rate တွေတွက်ချက်ပေးပါ စသဖြင့်ပြောလိုက်ရင် မလုပ်တတ်သေးတဲ့သူတွေရှိနေတတ်ပါတယ် (အားလုံးကို ဆိုလိုခြင်းမျိုးမဟုတ်ပါ)
- မိမိကိုယ်ကို HR Professional တစ်အဖြစ် ဘဝတစ်လျောက်လုံး အသက်မွေးဝမ်းကြောင်းပြုမယ်လို့ ရည်ရွယ်ထားရင် ဘွဲ့လက်မှတ်တွေကို ကိုင်ထားရုံနဲ့ ရပ်မနေဘဲ အခြားသော Technical ဆိုင်ရာ Knowledge တွေကို ထပ်မံလေ့လာသင်ယူကြရမှာဖြစ်ပါတယ်
*******************************************************************
၂) -HR တွေအတွက်ထပ်ပြောပါရစေ………… ဘာကြောင့် လေ့လာသင့်တာလဲဆိုတာပေါ့
- Non-HR ဖြစ်သော မန်နေဂျာတွေအနေနဲ့ မိမိတို့လက်အောက်မှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ဘယ်လိုပုံစံမျိုးနဲ့ စီမံခန့်ခွဲကြမလဲဆိုတာကို ပိုမိုသိရှိစေနိုင်ပါတယ်
- လက်အောက်ဝန်းထမ်းများကို Motivaiton, Retaining, Development တွေကောင်းမွန်လာစေဖို့ ဘယ်လိုနည်းလမ်းက ပိုမို ကောင်သလဲ။ ပြသနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ဖြေရှင်းပုံ နဲ့ HR ဆိုတဲ့ တန်းဖိုးရှိလှတဲ့ လူသားအရင်းအမြစ်များကို Value ပိုမိုပေါ်လွင်အောင်လုပ်ဆောင်ရာမှာ ပိုမိုထိရောက်စေမှာဖြစ်ပါတယ်
- HR Department ကို တန်ဖိုးထားစေချင်တာထက် ဝန်ထမ်းများအားလုံးကို တန်ဖိုးထားတတ်စေဖို့ ဒီဘာသာရပ်လေးကို လေ့လာသင့်တာပါ
*****************************************
လေ့လာသင်ယူမှုများဖြင့် ပိုမိုတိုးတက်ပြည့်စုံသော ဘဝအနာဂါတ်များအား ပိုင်ဆိုင်နိုင်ကြပါစေ
05/11/2024
𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗮𝗻𝗱 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁
Learning and Development (L&D) ဆိုတာ HR မှာ အရေးကြီးတဲ့ function တစ်ခုဖြစ်ပြီး အဖွဲ့အစည်းအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေကို ကျွမ်းကျင်မှု၊ အသိပညာနဲ့ အတွေ့အကြုံဆိုင်ရာ လိုအပ်တဲ့အရည်အချင်းတွေကို ပိုမိုတိုးတက်အောင် ပြုစုပျိုးထောင်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။
&D #ရဲ့ #အဓိကရည်ရွယ်ချက်က
📌ဝန်ထမ်းတွေရဲ့ ပညာရပ်ဆိုင်ရာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခြင်း ➡ ဝန်ထမ်းများ၏အလုပ်လုပ်ဆောင်နိုင်မှု၊ ကုမ္ပဏီရဲ့ ရည်မှန်းချက်နဲ့ လိုအပ်ချက်တွေကို ပြည့်မှီအောင် အသုံးချနိုင်ဖို့ လုပ်ဆောင်ပေးခြင်း
📌 L&D ရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ Training ပေးခြင်း ➡ ဝန်ထမ်းအသစ်တွေ အဖွဲ့အစည်းရဲ့ စနစ်နဲ့ လုပ်ထုံးလုပ်နည်းတွေကို သင်ကြားပေးခြင်း။
📌 Professional Development ➡ လုပ်ငန်းနယ်ပယ်အတွင်းမှာ မိမိစွမ်းဆောင်ရည်၊ အရည်အချင်း၊ ပညာနဲ့ ကျွမ်းကျင်မှုတွေကို ဆက်လက်တိုးတက်အောင် ကြိုးပမ်းဖွံ့ဖြိုးခြင်း။
📌 Skills Development ➡အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေနဲ့အညီ ဝန်ထမ်းတွေရဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ နည်းပညာအသုံးပြုနိုင်မှုတွေကို မြှင့်တင်ပေးခြင်း။
📌Leadership and Management Training ➡ ထိထိရောက်ရောက် အဖွဲ့လိုက်စွမ်းဆောင်နိုင်စွမ်းရှိအောင် ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုတွေ သင်ကြားပေးခြင်း။
📌L&D ရဲ့ အကျိုးကျေးဇူးတွေကတော့ ဝန်ထမ်းတွေ ပိုမိုကျွမ်းကျင်လာခြင်း၊ အဖွဲ့အစည်းရဲ့ အလုပ်လုပ်ဆောင်နိုင်မှုတိုးတက်ခြင်း၊ ဝန်ထမ်းစွဲဆောင်နိုင်မှု တိုးမြှင့်ခြင်း၊ အဖွဲ့အစည်းရဲ့ အောင်မြင်မှုနှုန်း မြှင့်တင်ခြင်းတို့အတွက် အထောက်အကူပြုခြင်း
📌L&D သည်ကုမ္ပဏီအတွက် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ ပြောလို့ရပြီး ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှည်လျားစွာ ပံ့ပိုးပေးဖို့ ရည်ရွယ်ပါတယ်။
📌Learning and Development လုပ်ဆောင်ရာမှာ လုပ်ဆောင်ရမယ့်အဆင့်တွေ ရှိပါတယ်
➡နှစ်စဉ် ဘတ်ဂျက်နှစ်အကုန်နောင်နှစ်အစမတိုင်မီမှာ တစ်နှစ်စာ Training Need Analysis ပြုလုပ်ဖို့လိုအပ်ပါတယ်။
➡ အဆိုပါ Training Need Analysis ပြုလုပ်၍ ရရှိလာသော Result များအရ Top Management နှင့်ပြန်လည် ညှိုနှိုင်းကာ သုံးသပ်၍ လိုအပ်သော ကျွမ်းကျင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများအား စီစဉ်ဆောင်ရွက်ပေးခြင်းအား လုပ်ဆောင်ရမှာဖြစ်ပါတယ်။
➡Training Need Analysis အရရရှိလာသော အချက်အလက်များအရ Annual Training Plan အားတစ်နှစ်စာ ရေးဆွဲ၍ ဘတ်ဂျက်ယာထားချက်တို့အား ပြန်လည်စိစစ်ကာ ခွင့်ပြုဘတ်ဂျက်အတွင်းဝင်သည့် သင်တန်းများအတွက်စီစဉ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်
➡ ယင်းသင်တန်းများလုပ်ဆောင်ရာတွင် HR ဌာနအနေဖြင့် မရှိမဖြစ်လုပ်ဆောင်ရမည့် သင်တန်းမှာ Orientation Training ဖြစ်ပါတယ်
➡Orientation Training ကိုအများက အထင်မှားနေကြတာရှိပါတယ်။ HR ဌာနအနေဖြင့်သာလုပ်ဆောင် ကြရမည်ဟုထင်နေတတ်ပါတယ်။
➡အမှန်တကယ်မှာ HR ဌာနအနေဖြင့် ဝန်ထမ်းရေးရာနဲ့စပ်လျဉ်းတဲ့ လုပ်ထုံး လုပ်နည်းမူဝါဒများနှင့် လိုက်နာဆောင်ရွက်ရန်များကို Training ပေးခြင်းမျိုးဖြစ်ပြီး၊ ဝန်ထမ်းအများနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိတဲ့ Finance & Account Department, Admin Department, Procurement Department, HSE, QMS အစရှိတဲ့ Functional Area တွေအတွက် အဆိုပါဌာနများမှ လာရောက်ကာ Orientation အားလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
➡ ယင်း Orientation Training ပြီးချိန်တွင် Evaluation လုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။ ကုမ္ပဏီရဲ့ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒနှင့် စံသတ်မှတ်ချက်များအကို ဝန်ထမ်းများအနေဖြင့် သိရှိထားမှသာလုပ်ငန်းခွင်အတွင်းပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
➡Evaluation လုပ်ဆောင်ချက်အရ သတ်မှတ်ထားသည့် အောင်မှတ်မရရှိသော ဝန်ထမ်း အသစ်များကို နောက်တစ်ကြိမ် Orientation Training မှာပြန်လည်တက်ရောက်၍ထပ်မံကာ Evaluation ပြုလုပ်ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။ ၎င်းနောက်သက်ဆိုင်ရာဌာနအနေဖြင့် Departmental ဆိုင်ရာ Orientation ထပ်မံပြုလုပ်ကြရမှာဖြစ်ပါတယ်။
➡ကုမ္ပဏီအတွင်းက လိုက်နာရန် Standard Operation Procedure များကို သိရှိနားလည်၍တိကျစွာလုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ခံမန်နေဂျာအနေဖြင့် လေ့ကျင့်သင်ကြားပေးရေးကိုဆက်လက်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် Orientation Training က ဝန်ထမ်းတစ်ဦးစတင်ဝင်ရောက်လာချိန်မှာ အလွန်ပင်အရေးကြီးပြီးလုပ်ဆောင်သင့်တဲ့ သင်တန်းမျိုး ဖြစ်ပါတယ်။
➡မိမိလုပ်ကိုင်တဲ့ လုပ်ငန်းအမျိုးအစားအလိုက် သင်တန်းစီစဉ်ဆောင်ရွက်ပေးမှုမှာတူညီမည်မဟုတ်ပါ။
➡စက်ရုံ/အလုပ်ရုံများမှာ အလုပ်လုပ်ကိုင်ရမည်ဆိုပါက မဖြစ်မနေပေးရမယ့်သင်တန်းက Fire Fighting Training, First Aid Training, Safety Awareness Training, HSE Training တို့ဖြစ်ပါတယ်
➡ အကယ်၍ Construction လိုနေရာမျိုးဆိုရင် Training ကပိုမိုအရေးကြီးလာပါကြီး Hot Work, Height အစရှိသော Safety ဆိုင်ရာ Training များကို ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းကာ HR အနေဖြင့် Organize လုပ်ဆောင်ပေးကြရမှာဖြစ်ပါတယ်။
➡Training Plan များက လုပ်ငန်းအမျိုးအစာပေါ်မူတည်ပြီး မတူညီနိုင်တဲ့အတွက် HR ဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ငန်းခွင်၏သဘောတရားနှင့် Operational the whole process ကိုလေ့လာဖို့လိုအပ်ပြီး ၎င်းလေ့လာချက်များအရ လိုအပ်သည့် သင်တန်းများအားစီစဉ်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။
04/11/2024
🅼🅸🅲🆁🅾🅴🅲🅾🅼🅾🅼🅸🅲 🅰🅽🅳 🅼🅰🅲🆁🅾🅴🅲🅾🅽🅾🅼🅸🅲
ဆိုတာ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုတွေကို ရောင်းဝယ်မှု၊ သုံးစွဲမှုနှင့်ပတ်သက်ပြီး အသေးစိတ်လေ့လာချက်ဖြစ်ပါတယ်။ အဓိကအားဖြင့် တစ်ဦးချင်း လူတစ်ယောက်ချင်းစီ၏ စီးပွားရေးဆိုင်ရာ အသုဲးပြုမှုနှင့် ကုမ္ပဏီတစ်ခုစီဟာ ဘယ်လိုဆုံးဖြတ်ချက်များကို ချမှတ်ကြလဲဆိုတာကို လေ့လာသိရှိစေပါတယ်။
Microeconomics ဟာ စျေးကွက်သဘောတရားတွေကို နားလည်ရန် အထောက်အကူပြုတယ်။ ယင်းမှာ စျေးနှုန်း၊ ပမာဏနှင့်ပတ်သက်သော ရွေးချယ်ချက်တွေ၊ စျေးကွက်ကို ထိန်းချုပ်တဲ့ ပမာဏနှင့်အချိန်အလိုက် ပြောင်းလဲမှုတွေကို မူတည်ကာ ဆုံးဖြတ်ချက်များကို လေ့လာပါတယ်။
Microeconomics ၏ အခြေခံအကြောင်းအရာများမှာ -
▶Demand (ဝယ်လိုအား): ကုန်ပစ္စည်းတစ်ခု၏ လိုအပ်ချက်နှင့်ဝယ်ယူလိုမှု။
▶Supply (ရောင်းလိုအား): ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ခြင်းနှင့် စျေးကွက်တွင် ရရှိနိုင်စေခြင်း။
▶Market Equilibrium (စျေးကွက်ညီမျှမှု): ဝယ်လိုအားနှင့် ရောင်းလိုအား ပေါင်းစည်းရာမှ စျေးနှုန်းညီမျှမှု ရရှိလာသော အခြေအနေ။
▶Elasticity (ပြောင်းလဲနိုင်မှု): စျေးနှုန်းပြောင်းလဲမှုကြောင့် လိုအပ်ချက်နှင့်ဖြည့်ဆည်းမှု ပြောင်းလဲမှု အထိရောက်မှု။
▶Consumer and Producer Behavior (သုံးစွဲသူနှင့် ထုတ်လုပ်သူ လုပ်ဆောင်ချက်): သုံးစွဲသူတွေ၊ ထုတ်လုပ်သူတွေက ဘယ်လိုစျေးနှုန်းမှာ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ။
▶Microeconomics ဟာ အကြီးမားတဲ့ Macro ကိုကျော်ပြီး အမြင်ကျယ်တဲ့ စီးပွားရေးဆိုင်ရာပညာရေးနယ်ပယ်တစ်ခုဖြစ်တဲ့အတွက် အရေးပါသော စီးပွားရေး လှုပ်ရှားမှုတွေနဲ့သက်ဆိုင်ပါတယ်
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
သည် စီးပွားရေးနယ်ပယ်တွင် ကြီးမားစွာဖြစ်ပေါ်နေသော နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလက်ရှိအခြေအနေနှင့် အနာဂတ်ခန့်မှန်းခြေများကို လေ့လာသုံးသပ်သော သုတေသနဖြစ်သည်။ ၎င်းမှာ နိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေး၊ ငွေကြေးပမာဏ၊ အလုပ်အကိုင်နှုန်း၊ အလုပ်လက်မဲ့မှုနှုန်း၊ စီးပွားရေးတိုးတက်မှုနှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ရောင်းဝယ်ကုန်စည်များစွာအပေါ် အကျိုးသက်ရောက်မှုတို့ကို သုံးသပ်ပါသည်။
Macroeconomics အတွက် အဓိကအချက်များမှာ
▶Gross Domestic Product (GDP) - နိုင်ငံတစ်နိုင်ငံတွင် တစ်နှစ်အတွင်း ထုတ်လုပ်ပေးနိုင်ခဲ့သော ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ စုစုပေါင်းတန်ဖိုးကို ဖော်ပြပါသည်။
▶Inflation (ငွေကြေးဖောင်းပွမှု) - ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပြီး၊ ဈေးနှုန်းတက်ခြင်းနှင့်အတူ ငွေတန်ဖိုးကျဆင်းခြင်းကိုလည်း အဓိကဖြစ်စေသည်။
▶Unemployment Rate (အလုပ်လက်မဲ့နှုန်း) - အလုပ်ရှာနေသူများ၏ အားလုံးအတွက် အလုပ်အကိုင်ရရှိမှုနှုန်းကို ဖော်ပြသည်။
▶Monetary Policy (ငွေကြေးမူဝါဒ) - ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ မူဝါဒများဖြင့် အထွေထွေစီးပွားရေးကို ထိန်းချုပ်သည်။
▶Fiscal Policy (ဘဏ္ဍာရေးမူဝါဒ) - အစိုးရအနေဖြင့် စရိတ်၊ အခွန် စသော နည်းလမ်းများဖြင့် စီးပွားရေးကို ထိန်းချုပ်သည့် မူဝါဒဖြစ်သည်။
▶Macroeconomics သည် စီးပွားရေးကဏ္ဍတစ်ခုရဲ့ အချိုးအစားကို ထိန်းချုပ်သည့် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊ အ​Risk များနှင့် လုပ်ဆောင်ချက်များကို Prevent and Protect ပြုလုပ်ခြင်းတို့ပါဝင်သည်
💠💠💠💠💠💠💠💠💠💠💠💠💠💠💠💠
Microeconomics ဟာ ဈေးကွက်သဘောတရားတွေကို နားလည်ရန် အထောက်အကူပြုတယ်။ ယင်းမှာ ဈေးနှုန်း၊ ပမာဏနှင့်ပတ်သက်သော ရွေးချယ်ချက်တွေ၊ ဈေးကွက်ကို ထိန်းချုပ်တဲ့ ပမာဏနှင့်အချိန်အလိုက် ပြောင်းလဲမှုတွေကို မူတည်ကာ ဆုံးဖြတ်ချက်များကို လေ့လာပါတယ်။
Supply (ရောင်းလိုအား): ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်ခြင်းနှင့် ဈေးကွက်တွင် ရရှိနိုင်စေခြင်း။
Market Equilibrium (ဈေးကွက်ညီမျှမှု): ဝယ်လိုအားနှင့် ရောင်းလိုအား ပေါင်းစည်းရာမှ ဈေးနှုန်းညီမျှမှု ရရှိလာသော အခြေအနေ။
Elasticity (ပြောင်းလဲနိုင်မှု): ဈေးနှုန်းပြောင်းလဲမှုကြောင့် လိုအပ်ချက်နှင့်ဖြည့်ဆည်းမှု ပြောင်းလဲမှု အထိရောက်မှု။
Consumer and Producer Behavior (သုံးစွဲသူနှင့် ထုတ်လုပ်သူ လုပ်ဆောင်ချက်): သုံးစွဲသူတွေ၊ ထုတ်လုပ်သူတွေက ဘယ်လိုဈေးနှုန်းမှာ ဘယ်လိုဆုံးဖြတ်ချက်ချကြမလဲ။
04/11/2024
Photos from Innovative Learning Academy's post 03/11/2024
လေးတွေလေ့လာကြမယ်နော်
အချိန် နေရာ နဲ့ ကျန်တဲ့ English Sentences တွေမှာ ဘယ်လိုသုံးကြမလဲဆိုတာ
👇👇👇👇👇👇👇👇👇👇👇
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Location
Category
Website
Address
Thazin Street
Yangon
11051
Opening Hours
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00