06/12/2023
🔗🔗Linking words and phrases continued ...
ဆန့်ကျင်ဘက်သဘောကိုပဲ ဖော်ပြတဲ့ linking words အမျိုးမျိုးတွေနဲ့ ရေးထားတဲ့စာကြောင်း - linking clauses တွေကို ဆက်လက်လေ့လာကြည့်ကြရအောင်ပါ။
သူ(မ) သည် အောင်မြင်သော်လည်း ၊ ကြွားကြွားဝါဝါ မနေပါဘူး။
Although she is successful, she is so modest.
Though she is successful, she is so modest.
Even though she is successful, she is so modest.
In spite of her success, she is so modest.
In spite of being successful, she is so modest.
Despite her success, she is so modest.
Despite being successful, she is so modest.
In spite of the fact that she is successful, she is so modest.
Despite the fact that she is successful, she is so modest.
She is very successful. Nevertheless, she is so modest.
She is very successful. However, she is so modest.
She is very successful, whereas she is so modest.
She is very successful, while others are not.
Even though က although / though ထက် ပိုလေးနက်ပါတယ်။ အံ့ဖွယ် မမျှော်လင့်တဲ့ ဆန့်ကျင်ဖက် အချက်အလက်နှစ်ခုကို အဓိပ္ပာယ်ထင်ရှားစေ ၊ လေးနက်စေချင်တဲ့အခါမှာ even though ကို သုံးကြပါတယ်။
အချိန်အကြာကြီး ကြာနေတာတောင်မှ ငါ အဲ့နေ့ကို မှတ်မိနိုင်စွမ်းရှိနေတုန်းပဲ။
e.g. I can still remember that day, even though it was a long time ago.
Clauses နှစ်ခုကို ဒီလို ရှေ့နောက်ပြောင်းပြီး ရေးလို့လည်းရပါတယ်။
Even though it was a long time ago, I can still remember that day.
In spite of နဲ့ despite နောက်မှာ လိုက်လို့ရသလို ၊ ing လည်းလိုက်လို့ရပါတယ်။ အပေါ်မှာရေးထားတဲ့ နမူနာစာကြောင်းများကို လေ့လာကြည့်ကြပါ၊၊
ကျွန်မတို့ however ကို “in spite of the fact that” အနက်အဓိပ္ပာယ်ထွက်တဲ့နေရာမှာ သုံးကြပါတယ်။ nevertheless ကိုလည်း အဲ့ဒီလိုမျိုးသုံးလို့ရပေမယ့် ပိုစာဆန်တယ်လို့ ထင်ကြပါတယ်။
နင်ပြောခဲ့တာတွေကတော့ အမှန်တွေပါပဲ၊ ဒါပေမယ့် ကြင်နာမှုတော့ နည်းတယ်။
What you said was true. However, it was a little unkind.
What you said was true. Nevertheless, it was a little unkind.
“However” ကို အံ့အားသင့်ဖွယ်ကောင်းပုံပေါ်တဲ့ သတင်းအချက်အလက် ဒါမှမဟုတ် ကိုယ်ပြောပြီးခဲ့ရုံပဲဖြစ်တဲ့အရာတွေနဲ့ ဆန့်ကျင့်တဲ့အခါမှာလည်းပဲ သုံးနိုင်ပါတယ်။
e.g. This method has been accepted. However, it may not be the best one.
ဒီနည်းကိုတော့ လက်ခံပြီးပြီ။ သို့သော်ငြားလည်း အကောင်းဆုံးတစ်ခုတော့ ဖြစ်ချင်မှဖြစ်လိမ့်မယ်။
“whereas” ကို တစ်ခုက မှန်ပြီး တခြားတစ်ခုက မမှန်တဲ့ နှိုင်းယှဉ်ရာမှာပြောဆိုသောအခါမှာ သုံးကြပါတယ်ရှင်။
e.g Why are some cancers curable whereas others are not?
တစ်ချို့ကင်ဆာတွေက ဘာ့ကြောင့် ကုလို့ရပြီး တခြားဟာတွေကတော့ ကုသလို့မရတာလဲ။
“while” ကို main clause ထဲမှာ ပြောခဲ့ပြီးတာတွေနဲ့ဆန်ကျင့်တဲ့ အချက်အလက်ကို မိတ်ဆက်ဖို့ clause ရဲ့ အစမှာ သုံးကြပါတယ်။
e.g. The first car is made in Korea while the second one is manufactured in Japan.
ပထမဉီးဆုံးကား ကိုတော့ ကိုရီးယားမှာ ထုတ်ပေမဲ့ ဒုတိယကားကိုတော့ ဂျပန်မှာ ထုတ်တာ။
Aye Aye Lwin 💕